“မွေးနေ့ရှင်၏နာမတော်”

        ဤလောက၌လူတယောက်မွေးလာပြီဆိုလျှင်၊နေ့နာမ်ကိုအမှီပြုပြီး၊ခင်ပွန်းတပ်လေ့ရှိသည်။အမည် နာမ မရှိသောလူသားဟူ၍မရှိ။ တချို့နာမည်များမှာ အချိန်ရာ...

        ဤလောက၌လူတယောက်မွေးလာပြီဆိုလျှင်၊နေ့နာမ်ကိုအမှီပြုပြီး၊ခင်ပွန်းတပ်လေ့ရှိသည်။အမည် နာမ မရှိသောလူသားဟူ၍မရှိ။ တချို့နာမည်များမှာ အချိန်ရာသီများကိုကြည့်ပြီးမှည့်ကြသည်။ကျွန်ုပ်တူတစ်ယောက်မုန်တိုင်းကျနေသောကာလမှာမွေး၍“ ခိုမိူ” (မုန်တိုင်းတေ့ွသူ)ဟုမှည့်ထားသည်။ တချို့ကရာသီပန်းများကိုအမှီပြုပြီးမှည့်ကြသည်။ မလီလီ၊ မနှင်းဆီ၊မချယ်ရီ စသဖြင့်မှည့်ခေါ်ကြသည်။တချို့မှာ၊ ဇာတိသွေး၊ဇာတိမာန်၊မျိုးချစ်စိတ်များကိုထင်ပေါ်အောင် နာမည်ပေးကြပြန်သည်။အာဇာနည်၊ရဲကျော်သူ၊သူရမြင့်မောင်၊မောင်မျိုးချစ် စသဖြင့်မိမိဂုဏ်ရာထူးများကိုထုတ်ဖော်ပြီး မှည့်ခေါ်ကြသည်။

            သို့သော် အရှင်ယေရှု မှာမူ မွေးဖွါးပြီးမှ၊နာမည်များမှည့်ခေါ်သည်မဟုတ်ပါ။ မမွေးဖွါးမှီနှစ်ပေါင်းများစွာကတည်းကပင်၊ဘယ်မှာမွေးမည်၊ဘယ်လိုမွေးမည်၊နာမည်ဘယ်လိုမှည့်မည်ကိုကြိုတင် ဟောကိန်းထုတ်ထားခဲ့လေသည်။အရှင်ယေရှု၏နာမများသည် သူ၏ဂုဏ်တော်များကိုဖေါ်ညွှန်းလျက်ရှိသည် (၇၄၀-၆၈၀ B .C.)အတွင်းပရောဖက်ဟေရှာယ ကကယ်တင်ရှင်ယေရှုမွေးလာမည့်အကြောင်းကြိုတင်မရောဖက်ပြုခဲ့သည်။

             ပဌမ နာမတော် သည် “အံ့သြဘွယ်” ဖြစ်သည်။ အံ့သြဘွယ်၏ဆိုလိုရင်း အဓိပ္ပါယ်မှာ“Supernatural” (တရားသူကြီး ၁၃း၁၈)။ သဘဝထက်လွန်ကဲသောဟူ၍ဖြစ်သည်။အရှင်ယေရှုလုပ်ဆောင်ချက်များကိုကြည့်လျှင် လေမုန်တိုင်းကိုငြိမ်းစေခြင်း(မာကု၄း၃၉)ရေပေါ်မှာလမ်းလျှောက်ခြင်း(မဿဲ၁၄း၂၆)၊နတ်ဆိုးများကိုနုင်ထုတ်ခြင်း(၅း၁-၁၀)၊ကန်းသောသူကိုမြင်စေခြင်း(ယော၉း၁-၇) သေသောသူကိုရှင်စေခြင်း (ယော၁၁း၄၃-၄၄)မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ဖြင့်လူထုငါးထောင်ကျော်ကိုကျွေးမွေးနိုင်ခြင်း(မဿဲ၁၄း၁၉-၂၁)တို့သည်(Supernalural  power) သဘာဝထက်လွန်ကဲသောတန်ခိုးများသာဖြစ်လေသည်။

ဒုတိယ နာမတော် မှာ “တိုင်ပင်ဘက်” ဖြစ်သည်။တိုင်ပင်ဘက်။ အဓိပ္ပါယ်မှာ(adviser)အကြံအဉာဏ်ပေးနိုင်သူဖြစ်သည်။ တန်းခိုးတော်၊ဉာဏ်တော်နှင့်ပြည့်စုံ၍ မှားသောနှင့်  မှားစေသောသူတို့ကိုပိုင်တော်မူ၏။တိုင်ပင်မှုုး မတ် တို့ကိုဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကိုရူးးသွပ်စေတော်မူ၏။ တိုင်းနိုင်ငံတို့ကိုချီးမြောက်၍တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကိုကျယ်စေခြင်းငှာ၎င်း၊ပြုတော်မူ၏(ယောဘ ၁၂း၁၆-၁၇,၂၃)။ ထာဝရဘုရားသည်၊ငါတို့၏တရားသူကြီးဖြစ်တော်မူ၏။ ထာဝရဘုရားသည်ငါတို့ပညတ်တရားရှင်ဖြစ်တော်မူ၏ (တရားသူကြီး ၃၃း၂၂)။အရှင်ယေရှု၏နာမသည် တိုင်ပင်ဖက်ဖြစ်သည်ဟုဆိုရာ၌၊ထိုနာမပိုင်ရှင်ပုဂ္ဂိုလ်သည်၊ ယနေ့၊မနေ့နောင်ကာလအသက်ရှင်လျက်ရှိသောကြောင့်၊ အဘယ်သို့သောအမှု့ကိစ္စမျိုးမဆိုတိုင်ပင်ဆွေးနွေး၍ရသည်။အဖြေမှန်ရရန်၊ အောင်မြင်အောင်လုပ်နိုင်သောတန်ခိုးနှင့်နည်း လမ်းများကိုလည်းပေးပိုင်သောအရှင်ဖြစ်သည်။ ထို့ကြောင့်ဒါဝိဒ်မင်းကြီးသည် စစ်မတိုက်မှီ၊စစ်တိုက်လျှင်အောင်မည် ရှုံးမည်ကိုဘုရားရှင်အားတိုင်ပင်လေ့ရှိပါသည်။(၁ရာ ၂၉း၈)။ထိုအတူယုဒဘုရင်ယေရုဖတ်သည်လည်းစစ်မူအတွက် ဘုရားသခင်ကိုတိုင်ပင်ခဲ့သည်။(၃ရာ ၂၂း၁၅-၂၈)။

            ချစ်သောဓမ္မမိတ်ဆွေ…သင်သည်၊အမူကစ္စအ၀၀အတွက် ဆုံးဖြတ်ချက်မချမှီ၊ဘုရားသခင်ကို ယေရှုနာမဖြင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ဘုရားသခင်ထံမှတိကျသောအဖြေရမှသာလုပ်ဆောင်ပါ။

            တတိယ နာမတော် “တန်ခိုးကြီးသောဘုရားသခင်” ။ အဓိပ္ပါယ်မှာ တုနိုင်းလို့မရသောဘုရားသခင်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးသောဘုရား၊တန်ခိုးနှင့်ပြည့်စုံ၍ကြောက်မက်ဘွယ်သောဘုရား၊ လူမျက်နှာကိုမထောက်၊တံစိုးကိုမစားဘဲ၊မိဘမရှိသောသူငယ်မုတ်ဆိုးမဘက်၌တရားစီရင်၍၊ဧည့်သည်အာဂန္တုတို့ကိုစုံမက်သဖြင့်၊အဝတ်အစားတို့ကိုပေးသနားသောဘုရားဖြစ်တော်မူ၏(တရား ၁၀း၁၇-၁၈)။အရာခပ်သိမ်းကိုတတ်နိုင်တော်မူသောဘုရားဖြစ်ကြောင်းကိုဖေါ်ပြထားပါသည်။ ထို့ကြောင့်မိတ်ဆွေအနေဖြင့်လက်ရှိကြုံတွေ့နေသော၊ပြသနာအခက်ခဲများအတွက် ယေရှုနာမဖြင့်ဆုတောင်းပါက၊ဧကန်မုချ အဖြေရပေလိမ့်မည်။

            စတုတ္ထနာမတော် “ထာဝရအဘ” ၊ဆိုလိုရင်းအဓိပ္ပါယ်မှာ၊ မပြောင်းမလဲတည်ရှိတော်မူသော၊ထာဝရအဘဟုအဓိပ္ပါယ်ရှိသည်။ တဖန်ကျမ်းစာလာသည်ကား၊အိုထာဝရဘုရားကိုယ်တော်သည် ရှေးဦးစွာ၌မြေကြီးကိုတည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း၊လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။ထိုအရာတို့သည်ပျက်စီးခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည်အမြဲတည်တော်မူ၏(ဟေဗြဲ ၁း၁၀-၁၂)။ ခပ်သိမ်းသောငါတို့၏အဘဖြစ်တော်မူသော ဘုရားသခင်တဆူတည်းရှိတော်မူ၏(ဧဖက် ၄း၆)။ အိုထာဝရဘုရား၊ကိုယ်တော်သည် ကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏ရှေ့ကာလမှစ၍ ကျွန်ုပ်တို့ကိုရွေးနှုတ်သောဘုရားဖြစ်တော်မူ၏(ဟေရှာယ ၆၃း၁၆)။ ထို့ကြောင့် ယေရှုနာမတော်သည် ထာဝရအဘဖြစ်သောကြောင့် ကောင်းကင်သတ္တဝါ၊မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသောတသတ္တဝါ၊တည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည်၊ ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍၊ယေရှုခရစ်သည်၊သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေတော်ကိုထင်ရှားစေကြမည် အကြောင်းတည်း(ဖိလိပ္ပိ ၂း ၁၀-၁၁)။သို့ဖြစ်၍အရာခပ်သိမ်းအပေါ်မှာ၊ အခွင့်အာဏာ၊ အုပ်စိုးခြင်းတန်ခိုးရှိတော်မူသော၊ယေရှုခရစ်ကို၊ကိုးကွယ်ကြကုန်အံ့။

ပဉ္စမနာမတော် “ငြိမ်သက်ခြင်းအရှင်” ဆိုသည်မှာ၊ယေရှုခရစ်တော်ကိုယ်တိုင်က၊ ငြိမ်သက်ခြင်းကိုပေးပိုင်သောအရှင်ဖြစ်သည်ဟုဆိုလိုသည်။ လူနှင့်ဘုရားသခင်သည်၊အာဒံ၏ကျူးလွန်ခြင်းကြောင့် ရန်သူဖြစ်ခဲ့ပြီး(ရောမ ၅း၁၀)။ သန့်ရှင်းသောဘုရားနှင့်သင့်မြတ်အောင်လူသည်မတတ်နိုင်(ဂလာတိ၃း၁၃)။ သို့သော်ဘုရားသခင်သည် ယေရှုခရစ်အားဖြင့်ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့်မိဿဟယဖွဲ့စေတော်မူ၏(၂ကော၅း၁၈)။ ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းရှိ၍ဖြောင့်မတ်ရာသို့ရောက်လျှင်ငါတို့သခင်ယေရှုခရစ်အားဖြင့်ဘုရားသခင်ရှေ့ တော်၌ငြိမ်သက်ခြင်းကိုခံစားကြ၏(ရောမ ၅း၁)။

            ဤငြိမ်သက်ခြင်းသည်၊လောကီသားတို့ပေးသောငြိမ်သက်ခြင်းမျိုးမဟုတ်ခရစ်တော်ပေးသောငြိမ်သက်ခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်ရောက်သွားသည်တိုင်အောင်၊ကြောက်ရွံ့တုန်လှုပ်စရာမလို။ စိတ်နှလုံးပုူပန်စရာမရှိ။ အပြစ်စီရင်ခြင်းနှင့်လုံးဝကင်းလွတ်မည့်ငြိမ်သက်ခြင်းမျိုး၊ဘယ်အချိန်ဘဲသေသေ၊ငရဲမကျရတော့ဘူးဟူသောအတွင်းငြိမ်သက်ခြင်းမျိုးဖြစ်လေသည်။ထို့အပြင်၊ခရစ်တော်ပေးသောငြိမ်သက်ခြင်းကိုရသောသူသည်၊နောင်ဘဝအတွက်စိုးရိမ်စရာမရှိသည်သာမက ယခုဘ၊စားဝတ်နေရေးအတွက်လည်းပူပန်စရာမလို။ လိုအပ်သောအချိန်မှာ၊လိုအပ်သောအရာကို၊ဘုရားသခင်က မစ မည်ကိုစိတ်ချနိုင်သောငြိမ်သက်ခြင်းမျိုးဖြစ်ပါသည်(ယော ၁၄း၂၇)။

            အဌမ နာမတော် “ဧမာနွေလ”။ ဆိုလိုသည်မှာ၊ငါတို့နှင့်အတူရှိတော်မူသောဘုရားဖြစ်ပေသည်။ ယေရှုခရစ်သည်၊နေရာ၊အပိုင်းအခြားတစ်ခုထဲမှာနေသောဘုရားမဟုတ်။နေရာတိုင်းမှာ၊ငါတို့နှင့်အတူရှိတော်မူသောဘုရားဖြစ်သည်။ထို့ကြောင့်ဘယ်ဒေသ၊ဘယ်နေရာမှာ၊နေထိုင်သည်ဖြစ်စေ၊မိတ်ဆွေနှင့်အတူရှိသောဘုရားဖြစ်သည်။ ဘုရားကျောင်း၌သာရှိသောဘုရားမဟုတ်၊မိတ်ဆွေ၏အလုပ်ခွင်မှာ၊မိတ်ဆွေ၏ သွားလေရာရာမှာရှိသောဘုရား၊ ထောင်ထဲမှာရောက်သည်ဖြစ်စေ၊ဆေးရုံမှာနေသည်ဖြစ်စေ၊ လူဆိုးတို့၏လက်ထဲမှာရောက်သည်ဖြစ်စေ၊ မိတ်ဆွေနှင့်အတူရှိသောဘုရားဖြစ်ပေသည်။ထို့ကြောင့်အရှင်ယေရှု၏နာမတော်၊အာနိသင်ကိုသိပြီဆိုလျှင်၊သစ္စာနှင့်ပဌနာပြုကြည့်ပါ။ ထာဝရဘုရားသည်၊ပဌနာပြုသောသူအပေါင်း၊သစ္စာနှင့်တကွပဌနာပြုသောသူအပေါင်းတို့၏အနီးအပါး၌ရှိတော်မူ၏(ဆာလံ ၁၄၅း၁၈)။

            ချစ်စွာသောဓမ္မမိတ်ဆွေ….ယခုနှစ် ခရစ်တော်၏မွေးနေ့၊ ဒီဇင်ဘာ(Christmas)မှာ မွေးနေ့ရှင်၏နာမများကို သိခွင့်ရလို့ကျေးဇူးတော်ကြီးလှပါ၏။ ဤအချိန်ခါသမယမှာပျော်ပွဲရွှင်ပွဲ အသောက်အစားဖြင့်အချည်းနှီးအချိန်မကုန်စေဘဲ၊ပျောက်ဆုံး ဝိညာဉ်ကယ်တင်ရေးအတွက် အသုံးပြုပါ။ မွေးနေ့ရှင်၏အမည်နာမ၊အာနိသင်၊ အကျိုးကျေးဇူးများကိုဖော်ပြခဲ့ပြီ။

         လူသည်၊ကိုယ့်အားကိုကိုးစားသောသတ္တဝါဖြစ်၏။သူတပါးအကူအညီကိုရယူဘို့၊ သိက္ခာကျသည်ဟုထင်တတ်သော လူစားမျိုးဖြစ်သည်“ရသလား”ဟုမေးလျှင် မရ- ဒါလည်း ရတယ်-ရတယ်”ဟူ၍ဟန်ဆောင်တတ်သောသတ္တဝါဖြစ်သည်။ အမှန်မှာလူ၏တတ်စွမ်းနိုင်ခြင်းသည်အကန့်အသတ်ရှိ၏။(ဥပမာ)ဆယ်ပေခုန်နိုင်သူရှိသော်လည်းပေ၁၀၀၀ခုန်နိုင်မည့်သူမရှိပါ။ထို့ကြောင့်လူသည်၊မတတ်နိုင်သောအရာမှာ၊မစမည့်သူ၊ကူမမည့်သူ၊ကယ်တင်မည့်သူကိုရှာရပေလိမ့်မည်။

            ချစ်သောဓမ္မမိတ်ဆွေ၊နောင်ရေးအတွက်စိတ်ပူနေပါသလား?။ ဒါမှမဟုတ် မိမိကုသိုလ်၊ အကျင့်သီလအားဖြင့်ကောင်းရာရောက်ဘို့မသေချာ၊မရေရာဖြစ်နေပါသလား။ မိတ်ဆွေအတွက် သတင်းကောင်းတခုပါးချင်ပါသည်။ ထိုသခင် (ယေရှု)၏နာမတော်မှတပါး၊ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက်လူတို့တွင်မပေါ်မရှိဟုကျမ်းစာကဆို၏(တ ၄း၁၂)။ သခင်ယေရှု၏နာမသည် အပါယ်ငရဲမှကယ်တင်နိုင်သော“တခုတည်းသော နာမတော်”ဖြစ်ပါ၏။

       လူအပေါင်းတို့ကိုအစိုးရသော အရှင်တပါးတည်းရှိ၍၊ကိုယ်တော်ကိုဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်မူခြင်းသို့ရောက်ရကြလတံ့(ရောမ ၁၀း၁၂-၁၃)။

ချစ်သောဓမ္မမိတ်ဆွေ….အရှင်ယေရှု၏နာမကို သိရုံနှင့်မပြီးပါ။ကိုယ်တိုင်ယုံကြည်ခြင်းနှင့်အသုံးချပါ။သစ္စာဖြင့်ပဌနာပြုကြည့်ပါ။ ဧကန်အမှန်အကျိုုးတစုံတခုရရှိပေလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည်သင်တို့အပေါင်း၌ရှိစေသတည်း။(အာမင်)…

                                                Rev.Dr.Paul Khay Kyaing.

                                                        

COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: “မွေးနေ့ရှင်၏နာမတော်”
“မွေးနေ့ရှင်၏နာမတော်”
Shwe Canaan TV
https://www.shwecanaan.com/2020/10/blog-post_86.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2020/10/blog-post_86.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content