အမျိုးသမီးများဆိုင်ရာမေးခွန်းများ

၃၀၉။ ခရစ်ယာန်အမျိုးသမီးများသည် မော်ဒယ်အဝတ်အစားအတိုင်းဆင်ယင်အလှပြင်ရမည်လော။ ခရစ်ယာန်များသည် လောကိပုံစံ၊ဝတ်စားဆင်ယင်မူတို့ကိုမလိုက်နာရန်သမ္မာက...

၃၀၉။ ခရစ်ယာန်အမျိုးသမီးများသည် မော်ဒယ်အဝတ်အစားအတိုင်းဆင်ယင်အလှပြင်ရမည်လော။

ခရစ်ယာန်များသည် လောကိပုံစံ၊ဝတ်စားဆင်ယင်မူတို့ကိုမလိုက်နာရန်သမ္မာကျမ်းက ရှင်းရှင်းလင်းလင်းပြောပြပါသည်။ ကျွနု်ပ်တို့၏ ခန္ဓာကိုယ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ခန္ဓာကိုယ်ဖြစ်၍ မှန်ကန်၊ပီပြင်စွာဝတ်ဆင်ရန်အခွင့်ရှိ၏။ ကျွန်ုပ်ကိုယ်တိုင် လက်သည်းဆိုး ခြင်း၊ နှုတ်ခမ်းဆိုးဆေးမျက်ရစ်ဆွဲခြင်းတို့ကို မုန်းသော်လည်း မျက်နှာ၌မိတ်ကပ်ပါးပါးလေးအလှခြယ်ခြင်းသည် ကောင်းာည်ဟု မြင်သည်။

၃၁၀။ ဘုရားသခင်သည် ဓမ္မဟောင်းထဲ၌မိန်းမများများယူခြင်းကိုခွင့်ပြုပါသလား။ အာဗြဟံ၊ဒါဝိဒ်နှင့်ရှောလမုန်တို့သည် မိန်းမတစ်ယောက် ထက်ပို၍ယူကြသည်။ဤအရာကို ဘုရားသခင်ခွင့်ပြုဟန်တူပါသည်။

            ထိုအရာများကို ဘုရားသခင်ခွင့်ပြုသော်လည်း ဘုရားသခင်ထောက်ခံသည် သို့မဟုတ်အားပေးသည် သို့မဟုတ်ကောင်းချီးပေး သည်ဟူသော ကျမ်းပိုဒ်တစ်ပိုဒ်မျှမရှိပါ။ သူ၏နဂိုမူလ ဖန်ဆင်းခြင်းသည် ယောကျ်ားတစ်ယောက်၊မိန်းမတစ်ယောက်ဖြစ်သည်။ သမ္မာကျမ်း ၌တွေ့ရသည့်အတိုင်း မိန်းမများများယူခြင်း၏ဝမ်းနည်းစရာနောက်ဆက်တွဲတို့က မိန်းမများများယူခြင်း၏မကောင်းမူ အပေါ်ဘုရား သခင် ၏စီရင်ချက်ဖြစ်သည်။ ၃ရာ။၁၁ ကိုသေချာစွာဖတ်ပါ။

၃၁၁။ ရှည်သောဆံပင်များသည် မည်သို့အနက်အဓိပ္ပါယ်ရှိပြီး အမျိုးသမီးများဆံပင်ဖြတ်ရန်အဘယ့်ကြောင့်တားမြစ်ခြင်းခံကြရပါသနည်း။

            လင်မယားတော်စပ်မူပုံစံမှာ အသင်းတော်သည် ခရစ်တော်၏သတိုးသမီးအနေနှင့် ဆက်ဆံခြင်းပုံစံဖြစ်သည်(ဧဖက်။၅)။ အသင်း တော်၏ဦးခေါင်းဖြစ်သောသခင်ယေရှုခရစ်တော်၏အုပ်စိုးခြင်းကို ဝန်ခံခြင်းအနေဖြင့် မိန်းမသည်သူ၏ယောကျ်ားကိုနာခံရမည်။ ဆံပင် သည် အမျိုးသမီး၏ဘုန်းအသရေဖြစ်သည်နှင့်အညီ(၁ကော၊၁၁၁၅) ရှည်သောဆံပင်မှာသခင်ယေရှုခရစ်တော်အပေါ်  နာခံကြောင်း သက် သေဖြစ်သည်။

၃၁၂။ အမျိုးသမီးတစ်ယောက်သည် ဘုရားကျောင်းထဲ၌ ဦးထုပ်ကိုဆောင်းသင့်ပါသလား။

            ၁ကော၊၁၁ ရှိဦးခေါင်းအုပ်ခြင်းနှင့်ပတ်သက်၍ ဦးထုပ်မဟုတ်ဘဲအမျိုးသမီး၏ဘုန်းအသရေဖြစ်သော ဆံပင်နှင့်ဆိုင်သည်ဟု ခိုင်လုံစွာ ကျွန်ုပ်သဘောပေါက်ပါသည်။ ထို့အပြင် ကောရိန ္တုသြဝါဒစာထဲရှိ ထိုကျမ်းပိုဒ်မှာသခင်ဘုရား၏စားပွဲကို ပြောခြင်းဖြစ်၍ ၎င်းကိုလည်း စဉ်း စားရမည်။

၃၁၃။အသင်းတော်၌အမျိုးသမီးတစ်ယောက်၏နေရာသည် အဘယ်နည်း။

            အသင်တော်သည်သမ္မာကျမ်းနည်းအတိုင်း စုဝေးကြသောအခါ အမျိုးသမီးတစ်ယောက်၏နေရာမှာ တိတ်ဆိတ်ခြင်းပင်ဖြစ်သည်။ အမျိုးသမီးများကို အရာသုံးခုတားမြစ်ထားပါသည်။ပထမအရာမှာမေးခွန်းများမေးမြန်းခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ၏အလုပ် လုပ်ခြင်းကို မနှောင့်ယှက်ရန် ဖြစ်သည်(၁ကော၊၁၄း၂၃-၃၅)။ဒုတိယအနေနှင့်သွန်သင်သြဝါဒပေးခြင်းတို့၌ အမျိုးသမီးတစ်ယောက်သည် တမန်တော်တပါးကဲ့သို့သြဝါဒပေးဆုံးမခြင်းကိုမပြုရ။ တတိယအနေနှင့်အမျိုးသမီးတစ်ယောက်ကို အသင်းတော်ထဲတွင်အာဏာ ရှိသော နေရာ၌မထားရ။ အာဏာရှိသောနေရာသည် အမျိုးသားများကိုပေးသည်။ ဤအရာသည် အမျိုးသမီးအပေါ်၌ အထင်အမြင် သေးခြင်း မဟုတ်ပါ။မှန်ကန်သောနေရာကို အသိအမှတ်ပြုခြင်းသာဖြစ်သည်။ ပို၍မြင့်မြတ်သည်ပို၍နိမ့်ကျသည်ဟူ၍ မဆိုလိုပါ။ သူ့နေရာနှင့်သူ ဖြစ်သည်။ အထက်ပါတားမြစ်ချက်မှာတနင်္ဂနွေနေ့ ကျမ်းစာသင်တန်း၌ အမျိုးသမီးတစ်ယောက်သွန်သင်ခြင်းနှင့်စပ်လျဉ်း၍ မသက် ဆိုင်ပါ။အကြောင်းမှာထိုအတန်းသည်အသင်းတော်၏ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မဟုတ်သောကြောင့်ပင်ဖြစ်သည်။

၃၁၄။ အသင်းတော်ထဲ၌အမျိုးသမီးများ စကားပြောသင့်ပါသလား။

            အသင်းတော်ထဲ၌အမျိုးသမီးများစကားပြောခြင်းနှင့်ပတ်သက်၍မလိုလားအပ်သောနားလည်းလွဲမူများစွာဖြစ်လာမည်ကို ကျွန်ုပ်စိုးရိမ်ပါသည်။အမျိုးသမီးများသည်အသင်းတော်ထဲ၌တိတ်ဆိတ်စွာနေရမည်ဟူသောရှင်ပေါလု၏တားမြစ်ထားချက်မှာအမျိုး

သားများအပေါ်သြဝါဒပေးခြင်းမပြုရန်တားမြစ်ချက်နှင့်ဆက်စပ်ပါသည်။ ဘုရားသခင်ဆိုလိုသောအရာမှာအမျိုးသမီးတစ်ယောက်သည် အမျိုးသားအပေါ်၌ အုပ်စိုး ခြင်းမပြုရ။ အခွင့်အာဏာမရှိရ။အကြောင်းမှာ ခရစ်တော်သည်အသင်းတော်၏ဦးခေါင်းဖြစ်သကဲ့သို့ ယောကျ်ားသည်မိန်းမ ၏ဦးခေါင်းဖြစ် သည်။ သွန်သင်ခြင်းဆုကျေးဇူးရရှိသော အမျိုးသမီးက သူ၏ဆုကျေးဇူးအစွမ်းသတ္တိကိုအသင်းတော်ရှိ အမျုးိသမီးများကို သွန်သင်ခြင်းသည် မမှားဟု ကျွန်ုပ်ယုံကြည်သည်။ လူထုရှေ့၌ ဆုတောင်းခြင်း၊သက်သေခံခြင်းခွင့်ပြုသော်လည်း လင်ယောကျ်ား၏ဦးဆောင်ညွှန်းကြားမူကို အမြဲတမ်းနာခံရမည်ဟု ကျေးဇူးပြု၍မှတ်သားထားပါ။

၃၁၅။ မင်္ဂလာလက်စွပ်နှင့်အခြားရွှေ၊ငွေရတနာဆင်ယင်ခြင်းကို သမ္မာကျမ်းကတားမြစ်ပါသလား။

            လက်စွပ်ဝတ်ဆင်ခြင်း တားမြစ်သည့်အရာကို သမ္မာကျမ်း၌ ကျွနု်ပ်မတွေ့ပါ။ဖခင်ကသူ၏ပျောက်သောသားပြန်လာသောအခါ လက် စွပ်စွပ်ပေးသည်။တဖက်စွန်းရောက်ပြီး လွန်ကဲသောဝတ်စားဆင်ယင်ခြင်းမျိုးကိုမပြုရန် သမ္မာကျမ်းကသွန်သင်သည်ဟု ကျွနု်ပ်ယုံကြည် ပါ သည်။ ၁ပေ၊၃း၃ ကရွှေ၊ငွေ၊ရတနာဝတ်ဆင်ခြင်းကိုရည်ညွှန်းသည်ဟု ယူဆရပါမည်။ ပေတရုသည် ရွှေတန်ဆာကိုဆင်ယင်ခြင်းအားသတိ ပေးပြီးတစ်ချိန်တည်းတွင်ပင်အဝတ်အစားအမျုးိမျိုးဝတ်ဆင်ခြင်းကိုလည်းသတိပေးသည်။ အဝတ်အစားများမဝတ်ရန်ဆိုလိုခြင်း မဟုတ်ဘဲ သူတို့၏စိတ်နှလုံးသည်ဝတ်စားဆင်ယင်မူထဲသို့သာမရောက်ဘဲ တဖက်စွန်းမရောက်ရန် ပြောလိုခြင်းဖြစ်ပါသည်။

၃၁၆။ ခရစ်ယာန်အမျိုးသမီးတစ်ယောက်သည် မယုံကြည်သော လင်ယောကျ်ား၏စကားကို နာခံရမည်လား။

         သင်မေးသောမေးခွန်းသည်ယေဘုယျအားဖြင့်ဖြေရန်ခက်ခဲသောအရာတစ်ခုဖြစ်ပါသည်။တစ်ဦးချင်း၏အမူကိစ္စသည်တစ်ဦးချင်းနှင့်ဆိုင်ပါသည်။ ဘုရားသခင်က ခရစ်ယာန်များအားမယုံကြည်သူများနှင့်အိမ်ထောင်မပြုရန်ကြပ်တည်းစွာတားမြစ်ထားသောကြောင့် မယုံကြည် သောသူနှင့်အိမ်ထောင်မပြုသင့်ပါ။ သို့သော်လည်း အများသောသူတို့က မယုံကြည်သူနှင့်စုဖက်သောကြောင့် ၁ကော၊၇ အရ ခရစ်ယာန်အ မျိုးသမီးသည် မယုံကြည်သော လင်ယောကျ်ားနှင့်ပေါင်းသင်းဆက်ဆံပြီးဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်းခင်ပွန်း၏စကား ကိုနား ထောင်ပြီးနောက်ဆုံး၌ထိုသူက သခင်ယေရှုကိုယုံကြည်လက်ခံစေရန် ပုံသက်သေပြရမည်။ဘုရားသခင်၏စကားနားထောင်ခြင်းကို မင်းအာ ဏာစက်ယောကျ်ား၊မိန်းမတို့၏စကားနားထောင်ခြင်း ထက်ဦးစွာအရင်လာရမည်။ “ကျွန်ုပ်တို့သည် လူ၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကိုနားထောင်သင့်သည်။”မည်သို့ပင်ဖြစ်စေ လင်ယောကျ်ား၏စကားကိုမိန်းမကနားထောင်ရမည်မှာ နှုတ်ကပတ်တော် သွန် သင်ချက်ဖြစ်၍ ရှုပ်ထွေးခြင်းမရှိ။သူမ၏ပုံသက်သေအားဖြင့် လင်ယောကျ်ားအား သခင်ယေရှုထံပို့ဆောင်ရန် ကိုယ်တော်၏စကားကို ကြိုးစားနာခံရမည်။

COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: အမျိုးသမီးများဆိုင်ရာမေးခွန်းများ
အမျိုးသမီးများဆိုင်ရာမေးခွန်းများ
Shwe Canaan TV
https://www.shwecanaan.com/2020/10/blog-post_8.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2020/10/blog-post_8.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content