အထွေထွေမေးခွန်းများ

၂၃၉။အသက်စာစောင်ဆိုသည်မှာ အဘယ်နည်း။              အသက်စာစောင်၏အနက်နှင့်ပတ်သက်၍ ထူးဆန်းသောဘာသာပြန်ချက်များစွာပေါ်လာသည်။ သီအိုလော်ဂျီပညာရှင်များ...

၂၃၉။အသက်စာစောင်ဆိုသည်မှာ အဘယ်နည်း။

             အသက်စာစောင်၏အနက်နှင့်ပတ်သက်၍ ထူးဆန်းသောဘာသာပြန်ချက်များစွာပေါ်လာသည်။ သီအိုလော်ဂျီပညာရှင်များက သဘောမတူကြပါ။ မွေးဖွါးသောသူများသည် အသက်စာစောင်၌ နာမည်စာရင်းဝင်ကြပြီး ယေရှုကိုငြင်းပယ်ကြသောအခါသူတို့၏ နာမည်ကိုဖျက်သိမ်းခြင်းခံရသည်ဟု ယေဘုယျအားဖြင့် သွန်သင်ကြသည်။အခြားသောသူများက လူတစ်ယောက်က ခရစ်တော်ကို ကိုယ်ပိုင် ကယ်တင်ရှင်အဖြစ် လက်ခံသောအချိန်တွင် သူ၏နာမည်အားအသက်စာစောင်ထဲ၌ မှတ်ထားသည်ဟု သွန်သင်ကြသည်။မည်သည့် အရာမှန်သည်ဟု ပုံသေမပြောနိုင်ပါ။ကောင်းကင်ဘုံသို့ ကလေးအားလုံးသွားသည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်နှင့်အညီ သူတို့၏နာမည်ကို အသက်စာစောင်ထဲ၌ရေးသားထားခြင်းမှာ ယုတ္တိကျသယောင်ရှိသော်လည်း ဤအရာသည် ဘုရားသခင်၏ကြိုတင်သိသော ဉာဏ် အပါ်၌အမှီပြုသည်။

၂၄၀။ သခင်ဘုရားသည် ဥပမာပုံဆောင်ခြင်းနှင့်အဘယ့်ကြောင့် စကားပြောပါသနည်း။ ကုန်သည်နှင့်ပုလဲ၏အဓိပ္ပါယ်သည်အဘယ်နည်း။

             သခင်ယေရှုသည်ဥပမာစကားများနှင့်ပြောရသည့်အကြောင်းရင်းကို မဿဲ၊၁၃း၁၃-၁၅ တွင်တွေ့ရသည်။“ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ ထို့ကြောင့်သူတို့သည် မြင်လျက်မမြင်၊ကြားလျက်မကြား။အနက်ကိုလည်းနားမလည်သောကြောင့် ဥပမာကိုဆောင် ၍ငါဟောပြော၏။ ဟေရှာယဟောဘူးသော အနာဂတိစကားဟူမူကား၊ သင်တို့သည်ကြားလျက်ပင်အနက်ကိုနားမလည်ဘဲကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်။ အကြောင်းမူကားဤလူမျိုးသည် မျက်စိမမြင်၊နားမကြား၊စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင် အောင် သူတို့စိတ်နှလုံးသည်မိုက်လျက် နားသည်ထိုင်းလျက် ကိုယ်မျက်စိကို ပိတ်လျက်ရှိကြ၏ဟူသောစကားသည်ဤလူတို့၌ပြည့်စုံခြင်းသို့ ရောက်သတည်း”။ ဤရှင်မဿဲအခန်း ၁၃ရှိ ကုန်သည်နှင့်ပုလဲ ဥပမာသည်သခင် ယေရှုကိုကုန်သည်အဖြစ်၎င်း၊ ပုလဲသည် လူမျိုးများထဲ၌ ဝှက်ထားသော စစ်မှန်သည်အသင်းတော်ကို၎င်း ကိုယ်စားပြုသည်။

၂၄၁။ ၁ကော၊ ၁၅ တွင် ဖော်ပြထားသည့် မတူညီသော ဘုန်းအသရေသည် ဘာကိုဆိုလိုပါသနည်း။

             နေ၊လနှင့်ကြယ်စသော မတူညီသည့် ဘုန်းအသရေသည် ဤလောက၌ရှိစဉ် သူတို့ပြုလုပ်သည့်အလုပ်အပေါ်၌အခြေပြု၍ အနှစ်တစ်ထောင်ကာလတွင်ရရှိမည့် အဆင့်အတန်းများကို ရည်ညွှန်းပါသည်။ ဤ ၁ကော၊၁၅ သည်ရှင်ပြန်ထမြောက်ခြင်းနောက်ပိုင်း ကျွနု်ပ်တို့၏အခြေအနေအဆင့်အတန်းကိုရှင်းလင်းစွာဖော်ပြပါသည်။

၂၄၂။ အခြားသောသူများ၏အသက်တာကို ကျွနု်ပ်တို့ စီရင်နိုင်ပါသလား။

             လူများ၏စိတ်နှလုံးကို ဘုရားသခင်သာ မြင်သောကြောင့် ကျွနု်ပ်တို့မစီရင်နိုင်ပါ။ မည်သို့ပင်ဖြစ်စေ ယေရှုက “အသီးအားဖြင့် သူတို့ကိုသိနိုင်သည်”ဟု ဆိုသောကြောင့် လူများ၏အကျင့်ကို ကျွနု်ပ်တို့ စီရင်နိုင်ပါသည်။လူတစ်ယောက်သည် ခရစ်ယာန်တစ်ယောက်ကဲ့သို့ အသက်မရှင်ပါက သူ့ကိုအပြစ်သားတစ်ယောက်ဖြစ် သတ်မှတ်ရန်နှင့် သူ့အားလမ်းပြရန် ကျွနု်ပ်တို့၌ အခွင့်အရေးရှိသည်။

၂၄၃။ ကုလားအုပ်နှင့်အပ်နဖါးဥပမာကိုအနက်ပြန်ရာတွင် အပ်နဖါးသည် ဂျေရုရှလင်မြို့၏ပို၍ကြီးမားသော တံခါးပေါက်၌ရှိသော တံခါးသေး လေးဖြစ်သည်ဟု ကျွန်တော်ကြားပါသည်။ မဿဲ၊၁၉း ၂၄၌ရေးသားထားသည့် ဤဥပမာကိုပို၍နားလည် ရန် ပြုလုပ်ပေးနိုင်ပါသလား။

             “တဖန် ငါဆိုသည်ကား၊ကုလားအုပ်သည် အပ်နဖါးကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏” (မဿဲ၊၁၉း၂၄)။ အပ်နဖါးနှင့်ကုလားအုပ်ကိုအနက်ဖွင့်ခြင်းနှင့်ပတ်သက်၍ ကျွနု်ပ်သဘော တူမည်မဟုတ်သောကြောင့် ဝမ်းနည်းပါသည်။၎င်းကို ဂျေရုရှလင်မြို့၏ကျယ်သောတံခါး၌ရှိသော ပို၍ငယ်သောတံခါးအဖြစ် အနက်ပြန်ကြ သည်ကိုကျွနု်ပ်သိပါသည်။အထဲဝင်ရန် ကုလားအုပ်သည်ဒူးထောက်ပြီးဝန်စည်စလယ်များကိုဖြုတ်ကာ တံခါး၌တွန့်လိမ်ပြီးဝင်ရောက်ရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ဤနည်းအားဖြင့် ကုလားအုပ်သည်အပ်နဖါးထဲသို့ဝင်ရန်ဖြစ်နိုင်သည်ဟုအဓိပ္ပါယ်ရှိသော်လည်း ဤအခန်းတွင်ပင် သခင်ယေရှုကိုယ်တိုင်က မဖြစ်နိုင်ကြောင်း မိန့်တော်မူပါသည်။ယေရှုအနေနှင့် အမှန်တကယ်ပြောလိုသည်မှာ ချမ်းသာကြွယ်ဝသောသူ ကယ်တင်ခြင်းရရန်ထက် ကုလားအုပ်သည် အပ်နဖါးထဲသို့ဝင်ရန် ပို၍လွယ်ကူပါသည်ဟုရိုးရိုးရှင်းရှင်းဆိုလိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝခြင်းက လူများကို ဘုရားသခင်ထံတော်ပါးမှထွက်ခွါစေသော်လည်း မကုန်နိုင်သောကျေးဇူးတော်၌ ချမ်းသာကြွယ်ဝသောသူများစွာတို့သည် ကယ်တင်ခြင်းရရှိကြပါသည်။

၂၄၄။ “တဆေး”၏အဓပ္ပါယ်မှာအဘယ်နည်း။တဆေးပါသော မုန့်၏အဓိပ္ပါယ်ကားအဘယ်နည်း။

             သမ္မာကျမ်းထဲတွင်တဆေးသည်အပြစ်နှင့်မကောင်းမူကိုဆိုလိုခြင်းဖြစ်ပါသည်။တဆေးမဲ့စားသောက်ပွဲသည် ပဿခါပွဲအပြီးနှင့် အဦးသီးသောအသီးမတိုင်မီအချိန်၌ ကျရောက်သောကြောင့် ကျွနု်ပ်တို့၏အပြစ်များကို သခင်ယေရှုခရစ်တော်ဆောင်ယူသွားခြင်း ကိုရည် ညွှန်းခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းသည် လက်ဝါးကပ်တိုင်နှင့်ရှင်ပြန်ထမြောက်ခြင်းကိုရည်ညွှန်းခြင်းထက်အခြားပုံဆောင်ချက် မရှိပါ။ ခရစ်တော်အားပူဇော်သက္ကာအပြစ်ပြုခြင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းရပြီးနောက် အပြစ်နှင့်ဒုစရိုက်တို့မှသီးခြားခွဲနေရန်သွန် သင်ခြင်းဖြစ်သည်။

၂၄၅။ယုံကြည်သူအားမီးသဂြိုလ်ခြင်းသည် ကျမ်းစာနှင့်ညီပါသလား။သို့မဟုတ်နှုတ်ကပတ်တော်က တားမြစ်ထားပါသလား။

             မီးသင်္ဂြိုလ်ခြင်းမှာ ဘုရားမဲ့၊တရားမဲ့ဝါဒကျင့်သုံးခြင်းတစ်ခုဖြစ်ပြီးနှုတ်ကပတ်တော်ထဲ၌ ခွင့်မပြုပါ။ မီးသင်္ဂြိုလ်ခြင်းအားဖြင့် ကျွနု်ပ်တို့အားဘုရားသခင်က ပြန်လည်အသက်သွင်းရာတွင် (ရှင်ပြန်ထမြောက်စေရာတွင်) အတားအဆီးဖြစ်သည်ဟု ယူဆချက်မွေးဖွါး လာသည်။ သမ္မာကျမ်းထဲရှိ ဥပမာ စံနမူနာတိုင်းတွင် သင်္ဂြိုလ်ခြင်းသည် မှန်ကန်သောနည်းဖြစ်ပြီးသမ္မာကျမ်းက“ မြေမှုန့်သည် မြေမှုန့် သို့ပြန်သွားရမည်” (ကမ္ဘာ၊၃း၁၉) ဟုဆိုပြီး သင်္ဂြိုလ်ရာတွင်ဆရာများအသုံးပြုသည့်“ ပြာသည် ပြာသို့ပြန်သွားရမည်”ဟူသောအဆိုမှာ ဘုရားမဲ့၊တရားမဲ့ဝါဒ၏အယူသည်းခြင်းမှလာသည်ဟုသိသင့်ပါသည်။

၂၄၆။တမန်တော်များနှင့်တပည့်တော်များ၏ခြားနားချက်မှာ အဘယ်နည်း။

             တပည့်တော်ဆိုသည်မှာ အထူးသံတမန်အဖြစ် ခရစ်တော်နောက်သို့လိုက်သောသူဖြစ်သည်။ သူတို့သညခရစ်တော်၏ ကိုယ်စားလှယ်များဖြစ်ကြသည်။ “တပည့်တော်” ဟူသော “စကားလုံးသည်” ကျောင်းသားတစ်ယောက် သို့မဟုတ် “လေ့လာဆည်းပူးသူ” ဟု အဓိပ္ပါယ်ရသည်။တမန်တော်ဟူသော စကားလုံးသည် “ သွားသောသူ” ဖြစ်ပြီးဂရိစကားလုံး၏အနက်ရင်းမှာ “စေလွှတ်ခြင်းကိုခံသောသူ” ဟုဆိုလိုသည်။ ထို့ကြောင့် တပည့်တော်များသည် ရာထူးအားဖြင့်ပို၍ငယ်သောသူများဖြစ်သည်။ ခရစ်တော်နောက်သို့ လမ်းတစ်လျှောက် လိုက်ရန် ဆန္ဒရှိကြမည်ဆိုပါက တပည့်တော်ဖြစ်နိုင်ကြပါသည်။ သို့သော် တမန်တော်မဖြစ်နိုင်ပါ။ အကြောင်းမှာ သူတို့သည်  ကိုယ်တော်၏နိုင်ငံတော်သတင်းကို ဟောပြောရန်အထူးခန့်အပ်ခြင်းခံသောသူများဖြစ်ကြသည်။

၂၄၇။အကယ်၍က္ကသရေလသည် ယေရှုကို မေရှိယကယ်တင်ရှင်အဖြစ် လက်ခံခဲ့ပါက သခင်ဘုရားသည် လက်ဝါးကပ်တိုင်သို့သွားပြီး သူတို့အတွက် အသွေးတော်သွန်းရန် လိုအပ်ပါမည်လား။

             သင်၏မေးခွန်းမှာအမေးထူသည့်မေးခွန်းဖြစ်သော်လည်း ဘုရားသခင်သည်သဗ္ဗညှတဉာဏ်တော်ရှင်ဖြစ်ပြီး က္ကသရေလသည် သူ၏မေရှိယကိုငြင်ပယ်မည်ဟု ရှေးမဆွက သိထားသည်ဟု သင်သတိရမည်ဆိုပါက သင်၏မေးခွန်းသည်အမှန်စင်စစ်မခက်ခဲပါ။ ထို့ကြောင့် ဘုရားသခင်၏အကြေံတော်ဖြစ်သော သခင်ယေရှုခရစ်တော်အား လက်ဝါးကပ်တိုင်၌ အသေခံစေခြင်းကိုပြုလုပ်နိုင်သည်။ ဘုရားသခင်သည် အနန ္တတန်းခိုးရှင်ဖြစ်သည်နှင့်အညီ အကယ်၍ဂျူးလူမျိုးတို့က ဘုရားသခင်ကို လက်ခံကြမည်ဆိုပါက ဘုရားသခင်၌ အခြားအစီအစဉ်တော် တစ်ခုရှိပြီးသားဖြစ်ပါလိမ့်မည်။ ဤအရာတို့သည် ဘုရားသခင်၏လျှိုဝှက်အကြံတော်နှင့် သက်ဆိုင်ပြီး ကျွန်ုပ်တို့နားမလည်နိုင်သော အရာများစွာရှိပါသည်။

၂၄၈။ကျွန်ုပ်၏အသက်တာ၌ ဖြစ်ပျက်ခဲ့သောအရာများနှင့် ပတ်သက်၍ ကျွန်ုပ်ဝမ်းနည်းမိပါသည်။ကျွန်ုပ်၏အသက်တာအတွက် ဘုရားသခင်၏အလိုတော်ကိုမည်သို့သိနိုင်မည်နည်း။

             ဘုရားသခင်၏အလိုတော်သိခြင်းနှင့်ပတ်သက်၍ ဖြေဆိုရန်လွယ်ကူသောအရာတစ်ခုမဟုတ်ပါ။ ကျွန်ုပ်တို့အပေါ်တွင် ဘုရားသခင် မည်သို့ပြုလုပ်မည်ကိုတိကျစွာမသိနိုင်သော်လည်း သူ့ကိုမျှော်လင့်စောင့်ဆိုင်းရန် တစ်ခါတစ်ရံ ကျွန်ုပ်တို့အားသည်းခံ ခြင်းကိုသင်ကြား ပေးသည်။ ထိုသို့သောကိစ္စမျိုးတွင် ဘုရားသခင်အားစောင့်ဆိုင်းမျှော်လင့်ခြင်းကိုသာ သင်တတ်နိုင်ပြီး အချိန်ကာလ ရှည်ကြာသော်လည်း အဆုံးတွင် ကိုယ်တော်ကလမ်းတော်ကို ရှင်းလင်းပေးကြောင်း ကျွနု်ပ်စိတ်ချပါသည်။ သခင်ဘုရားဦးဆောင်သောအခါ၌ ကျွနု်ပ်တို့ပြု လုပ်ရမည့်အရာမရှိတော့ပါ။စဉ်ဆက်မပြတ်ဆုတောင်းနေရန်ကျွနု်ပ်အကြံပေးလိုပါသည်။ ဘုရားသခင် ဖော်ပြသောအခါ သင့်စိတ်ထဲတွင် သံသယရှိမည်မဟုတ်ပါ။ နှုတ်ကပတ်တော်ကိုနားမလည်ပါက ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့မသိနိုင်ပါ။ ထို့ကြောင့် ကျမ်းစာကို ကြိုးစားလေ့လာဖတ်ရှုပြီး ဆက်လက်ဆုတောင်းပါ။နှုတ်ကပတ်တော်အားဖြင့် သင့်အသက်တာအတွက် အလိုတော်ကိုတွေ့ပါလိမ့်မည်။

၂၄၉။ ကယ်တင်ခြင်းရသောသူတစ်ယောက် သူ့ကိုယ်သူ သတ်မည်ဟုထင်ပါသလား။

             မိမိကိုယ်ကို သတ်သေသောသူတို့သည်စိတ်မမှန်သူုဖြစ်လိမ့်မည်။ မိမိအသက်တာကို ရန်ရှာခြင်းမှာစိတ်မမှန်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူတု့ိ၌ တာဝန်မရှိ။ ထိုသို့သောသူများသည် ကယ်တင်ခြင်းမရဟု ပြောရန်အကြောင်းပြချက်မရှိပါ။များစွာသောသူတို့သည် သူတို့၏အသိဉာဏ် မပျောက်မီပြတ်သားသော သက်သေရှိကြသည်။ ၎င်းအရာနှင့်ပတ်သက်၍ ကျွနု်ပ်တို့စိုးရိမ်ရန်မရှိပါ။ ဘုရားသခင်က သူ၏သားသမီးများအား အဘယ့်ကြောင့်ထိုသို့ခွင့်ပြုသည်ကို ကျွနု်ပ်တို့နားမလည်ပါ။ထိုအရာထက် ကျွနု်ပ်တို့၏ပတ်ဝန်းကျင်၌ရှိသော အခြားအရာများစွာနှင့် စစ်တိုက်ခြင်းအကြောင်းကိုကျွန်ုပ်တို့နားလည်နိုင်သည်။

၂၅၀။ ရှင်ပေါလုသည် ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းရပါက ဥပုဒ်နေ့ကိုဂျူးများနှင့်အတူ အဘယ့်ကြောင့် စောင့်ရှောက်ရပါသနည်း(တမန်၊ ၁၈း၄)။

             ပေါလုသည်လူများကယ်တင်ခြင်းရရန် စွမ်းစွမ်းတမံ ကြိုးစားကြောင်းသတိရပါ။ဂျူးလူမျိုးတို့သည် ဥပုဒ်နေ့၌တရားစရပ်တွင် စည်းဝေးကြရာ သူတို့ထံသို့ လက်လှမ်းမီရန် ထိုနေရာ၌ သူတို့နှင့်တွေ့ဆုံရသော်လည်းတစ်ချိန်တည်းမှာပင် တပည့်တော်များနှင့်မုန့်ဖဲ့ခြင်း၌ သခင်ဘုရား၏နေ့ရက်ကိုစောင့်ရှောက်ပါသည်။

၂၅၁။ ခရစ်တော်သည် ဂျူးလူမျိုးအတွက်သာ ကြွလာပါသလား။

             သခင်ယေရှုခရစ်တော်က “ငါသည်က္ကသရေလလူမျိုးများအတွက်ကြွလာသည်” ဟူသောစကားကို မဿဲအခန်း ၁၀ တစ်ခုလုံးတွင် ဖတ်ရပါသည်။ လောကသို့ခရစ်တော်ကြွလာသောအခါ က္ကသရေလများအတွက်  နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းနှင့်ကြွလာသည်။ ဤသတင်းကို က္ကသရေလတို့ငြင်းပယ်လိုက်သောအခါ တပါးအမျိုးသားများထံသို့ လှည့်သွားပါသည်။ က္ကသရေလသည်သူတို့လက်ဝါး ကပ်တိုင်ပေါ်သို့တင်ပြီး အသေသတ်ကာ ဤခေတ်ကာလအတွင်း၌က္ကသရေလကို ဘေးဖယ်ထားပြီးအသင်းတော်ဖြစ်သောခရစ်တော်၏ သတိုးသမီးသည် သူနှင့်အတူ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းခံရပြီးနောက် သခင်ဘုရားသည်က္ကသရေလလူမျိုးများနှင့်တဖန် ဆက်ဆံကာသူတို့ကို ပါလက်စတိုင်းပြည်၌ ပြန်လည်စုစည်းစေပြီး ဓမ္မဟောင်းကာလတစ်လျှောက်လုံး၌ ပရောဖက်ပြုခဲ့ သည့် ကတိတော် နိုင်ငံတည်ထောင်မည်။

၂၅၂။ ကရာနီမတိုင်မီ ခရစ်တော်သည်ပညတ်တော်များကို စောင့်ရှောက်ပါက မဿဲ။၁၂း၁ ၌ရေးသားထားသည့်အတိုင်းဥပုဒ်နေ့တွင် ဂျုံစပါးခူးခြင်းအားဖြင့်ပညတ်ကို ချိုးဖေါက်ပါသလား။

             “ထိုကာလအခါ ယေရှုသည် ဥပုဒ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင် တပည့်တော်တို့သည် ဆာမွတ် သောကြောင့်စပါးအသီးအနှံကို ဆွတ်၍စားကြ၏”(မဿဲ၊၁၂း၁)။ပညတ်တရားနှင့်ပညတ်တရား၏အစဉ်အလာကို မခွဲခြားသော သတ္တမ ဥပုဒ်နေ့များနှင့် တူညီသောအမှားကို သင်ပြုလုပ်နေပါသည်။ ဂျုံစပါးကိုခူးခြင်းအားဖြင့် သင်ပြောသကဲ့သို့ ခရစ်တော်သည် ဥပုဒ်နေ့ကိုချိုး ဖေါက်ခြင်းမှာဖါရိရှဲနှင့်ကျမ်းတတ်တို့၏အစဉ်အလာကို ချိုးဖေါက်ခြင်းဖြစ်သည်။ယေရှုကိုယ်တိုင်ဥပုဒ်နေ့၌ ကောင်းမူကုသိုလ်ပြုခြင်းဟူသော ကောင်းသည့်မူကိုချပေးပါသည်။ယေရှုချိုးဖေါက်သောအရာသည် ဘုရားသခင်ပညတ်တော်မဟုတ်ဘဲအစဉ်အလာတစ်ခုသာဖြစ်ကြောင်း သင်သိပါက သင်၏ပြသနာအဖြေပေါ်ပြီဟု ကျွန်ုပ်ယုံကြည်သည်။

၂၅၃။ ယဇ်ပရောဟိတ်၏ဝတ်လုံရှိ သလဲသီး၏အနက်အဓိပ္ပါယ်မှာအဘယ်နည်း။

             သလဲသီးသည်ပါလက်စတိုင်းပြည်၌သီးတစ်မျိုးဖြစ်၍ ၎င်းသည် အသီးအနှံပေါကြွယ်ဝခြင်းကိုပုံဆောင်သည်။သလဲသီး၏နီ သောအစေ့ သည် ကြေအေးစေသောအသွေးတော်မကိုညွှန်ပြသည်ဟု ကျမ်းစာလေ့လာသူများကမှတ်ယူလေ့ရှိကြသည်။ များစွာသော အစေ့တို့မှာပေါကြွယ်ဝခြင်းကိုဆိုလိုပါသည်။ ဤအကြောင်းကြောင့် ယဇ်ပရောဟိတ်မင်းသည်သာသနာမြေအတွင်း၌ အမူတော်ဆောင်ရန် ဝင်ရောက်သောအခါ သူ၏ဝတ်လုံအစွန်း၌ သလဲသီးပုံကိုယူဆောင်သွားခြင်းဖြစ်သည်။ဤအရာအားလုံးသည်ဝိညာဉ်ရေးရာ ၌အနက်အဓိပ္ပါယ် ရှိပြီး ကျွန်ုပ်တို့ ဘုန်းဝင်စားသောအခါ ပြည့်စုံစွာ နားလည်ကြမည်။

၂၅၄။ နံပတ်(၄၀)သည်ကျမ်းစာထဲ၌မည်သည့်အဓိပ္ပါယ်ရှိပါသနည်း။

             သမ္မာကျမ်းထဲရှိ နံပတ်တို့သည် ဝိညာဉ်ရေးရာအနက်ဖွင့်ဆိုချက်ရှိကြသည်မှာ ထင်ရှားပါသည်။ ထပ်ခါထပ်ခါ အသုံးပြုသည့် သမ္မာကျမ်းထဲ၌ရှိသောနံပတ်တို့၌ အနက်အဓိပ္ပါယ်ရှိသည်။နံပတ်(၄၀)သည်ကြိုတင်ပြင်ဆင်ခြင်းနံပတ်ဟုဓမ္မကျောင်းသားများက ယုံကြည် ကြသည်။နံပတ်(၄၀)သည်ပညတ်တော်ပေးခြင်း ယောန၏သတိပေးခြင်းစသော အရေးကြီးသည့်အဖြစ်အပျက်များအတွက် ကြိုတင်ပြင် ဆင်သည်ဟု ယူဆရသည်။ လူမျိုးများသို့မဟုတ်လူများအား တရားစီရင်ခြင်းမပြုမှီ ဘုရားသခင် သတိပေးသောအချိန် ကာလ ကိုဆို လိုပါသည်။

၂၅၅။ ကျွန်ုပ်တို့ကို စိတ်ဝိညာဉ်က ဦးဆောင်ပါက မည်သို့သိရမည်နည်း။

             နှုတ်ကပတ်တော်၌ပေးထားသောဘုရားသခင်၏အလိုတော်နှင့်မကိုက်ညီသည့်အရာဟူသမျှ ၌ ဘုရားသခင်သည် ကျွနု်ပ်တို့ကို ဦးဆောင်ခြင်းမရှိကြောင်းသတိပြုရန်လိုပါသည်။ ကျွနု်ပ်တို့၏စိတ်ထဲ၌ သံသယတစ်ခုခုရှိသောအခါ ဘုရားသခင်၏ဦးဆောင် မူသို့လိုက် လျှောက်ရန် သတိပေးသည်။တိကျပြတ်သားသောလက္ခဏာတစ်ခုခု မရမခြင်းစောင့်နေခြင်းဖြစ်သည်။ ယုံကြည်ခြင်းကို စစ်ဆေးရန်တစ်ခါ တစ်ရံ အဖြေကို ဘုရားသခင်က ချက်ချင်းမဖော်ပြပါ။သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြခြင်းကို ပို၍သိလာရန် ဘုရားသခင်၏နှုတ်က ပတ်တော်နှင့်ရင်းနှီးကျွမ်းဝင်လာခြင်းထက် ပို၍ကောင်းသောလမ်းမရှိဟု ကျွန်ုပ်ထင်သည်။ နှုတ်ကပတ်တော်ကို ပို၍သိလာလေလေ အလိုတော်ကိုပို၍နားလည်လာလေဖြစ်ပြီး ဘုရားသခင်၏လမ်းပြပို့ဆောင်သော နေရာကိုသိရန်လွယ်ကူလာလေဖြစ်သည်။

၂၅၆။ သမ္မာကျမ်းထဲရှိ “လည်ပတ်သောလေ”သည် မည်သည့်အဓိပ္ပါယ်ရှိပါသနည်း။

             ယောဘ၊ ယေဇကျေလ။နာဟုံနှင့်အခြားသောကျမ်းပိုဒ်တို့၌ အသုံးပြုသည့်အတိုင်း “လည်သောလေ”၏ အဓိပ္ပါယ်ကို ကျမ်းစာ အနက်ဖွင့်သူများက ဘုရားသခင်၏စီရင်မူ ထင်ရှားခြင်းဟု ထင်မြင်ယူဆကြသည်။ ကိုယ်တော်ကလူမျိုးတော်ကိုယ်စား ဘုရားသခင် ၏ကြားဝင်ခြင်း၊သန့်ရှင်းသူများ၏ရန်သူအပေါ်တရားစီရင်ခြင်းနှင့်တွဲလေ့ရှိသည်။ ယောဘ၊၃၈ ကိုနားလည်နိုင်ရန် ယောဘ၊၃ရး ၉ ကို လေ့လာသင့်သည်။ထိုနေရာ၌ ယောဘ၏သူငယ်ချင်းတစ်ယောက်က ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့်တွဲ၍ လည်သောလေ ကိုပြောပြပါသည်။ ယောဘ ၃၈ ၏ အကောင်းဆုံး ဘာသာပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်ဟု ကျွှနု်ပ်ယုံကြည်ပါသည်။ “ထိုနောက် ထာဝရဘုရားသခင်သည် လည်သောလေအထဲမှ ယောဘအတွက် အဖြေပေးကာ ပညာမရှိဘဲ စကားပြောကာမျှနှင့်ငါအကြံကို မိုက်စေသော ဤသူကားအဘယ်နည်း။” ဤစကားများသည် ယောဘကို ပြောခြင်း မဟုတ်ကြောင်းထင်ရှားသည်။ အခန်း ၃၇ ၌ အံ့သြဖွယ်ရာတရားချသော ဧလိယကို ပြောခြင်းဖြစ်သည်။ ဤအခြေအနေ၌ ဘုရားသခင်ကယောဘ ဆုတောင်းသံကိုအဖြေမပေးဘဲ ယောဘ ကိုအပြစ်တင်သောသူအား အဖြေပေးသည်ဟု ခံယူပါက အဓိပ္ပါယ်ပို၍ရှင်းလင်းမည်။ သင်ပြောသည့်အခြားကျမ်းပိုဒ်များနှင့်လည်းကိုက်ညီပါသည်။ လည်သောလေ လေဗွေ မှာရန်သူများပေါ်စေလွှတ်သည့် ဘုရားသခင်၏တရားစီရင်ခြင်းမျှတကြောင်းဖော်ပြပါသည်။

၂၅၇။ ယောရှုမှတ်စာကိုလေ့လာဖတ်ရှုရာတွင် အပြစ်မဲ့သောလူအပေါင်းများစွာကိုသတ်ဖြတ်ရန် ဘုရားသခင်        အဘယ်ကြောင့်အခွင့်ပေးပါသနည်း။      

             လူမျိုးများအားဖျက်ဆီးရန် က္ကသရေလများကို ဘုရားသခင် အဘယ့်ကြောင့်မိန်တော်မူသည်ကို ရောမ ၁နှင့် ၂ ကို မဖတ်မချင်း နားလည်မည်မဟုတ်ပါ။ အပြစ်သည်လူ၏သဘာဝကို ယိုယွင်းစေသောကြောင့်ဘုရားသခင်က တရားစီရင်ခြင်းကို စေလွှတ်ခြင်းဖြစ်ကြောင်း ထိုနေရာ၌တွေ့ရပါသည်။ ဘုရားသခင်ကလူမျိုးတို့ကို ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးပြီးဧနောကိုသာ ကယ်တင်ခဲ့သည်။ ဘုရားသခင် သည်ချစ်ခြင်းမေတ္တာရှင်ဖြစ်ပြီး သန့်ရှင်းပြီးဖြောင့်မတ်ကာ၊တရားမျှတ၍ မှန်ကန်ပြီးသနားကြင်နာသော်လည်းမကောင်းသောသူ ကိုအပြစ်ဒဏ်ခတ်မည်။ ကောင်းကင်ဘုံသို့ရောက်သောအခါ ဤအကြောင်းအလုံးစုံတို့သည် ကျွနု်ပ်တို့စိတ်ထဲတွင် သံသယရှိတော့ မည်မဟုတ်ပါ။ ဘုရားသခင်သည် ကောင်းသောသူကိုဆက်လက်၍အသက်ရှင်ခွင့်ပြုမည်ဆိုပါက ဘုရားသခင်သိကျွမ်းခြင်းသည်မြေကြီး  ပေါ်မှ မကြာမီအချိန်တွင် ကွယ်ပျောက်သွားမည်။

၂၅၈။ သေဒဏ်ပေးခြင်းသည် ကျမ်းစာနှင့်ညီပါသလား။

             ဤကိစ္စနှင့်ပတ်သက်၍ ကျမ်းစာကျောင်းသားများ၌ ယူဆချက်များစွာရှိကြပါသည်။ ရေလွှမ်းမိုးခြင်းအပြီး၌ ဘုရားသခင်သည် “လူ၏အသွေးကိုသွန်းသောသူသည် လူအားဖြင့် အသွေးသွန်းခြင်းကိုခံရမည်” (က၊၉း၆)ဟု မိန့်တော်မူသည့်အချိန်မှစ၍ တည်ရှိခဲ့ ဟန်တူသည်။ သေဒဏ်ပေးခြင်းနှင့်ပတ်သက်၍အများက ဤကျမ်းပိုဒ်ပေါ်တွင် အမှၤီပြုကြပါသည်။ ဤရှင်းလင်းချကိုလက်မခံသူများစွာရှိပြီး သေဒဏ်ပေးသော ပုံစံအမျိုးမျိုးတို့ကို ပြင်းထန်စွာကန့်ကွက်ကြသည်။ဤအရာသည် တစ်ဦးခြင်းနှင့်သက်ဆိုင်ပြီးလူတိုင်း  ၏စိတ်သဘော ကျအတိုင်းဖြစ်ပါစေ။လူများ၏ယုံကြည်ခြင်းကို ကျွနု်ပ်မစီရင်လိုပါ။သေဒဏ်ပေးသင့်၊မပေးသင့်ဟူသောယူဆများတွင် ရိုးသားသော ခရစ် ယာန်များ ပါဝင်သည်ဟု ကျွနု်ပ်ယုံကြည်ပါသည်။သခင်ဘုရားကို မျက်နှာချင်းဆိုင် မတွေ့မချင်းမိမိဆန္ဒ အတိုင်းဆုံးဖြတ်ရန် မဖြစ်နိုင်ပါ။ ကြံစည်မူနှင့်လူသတ်မူအတွက်သေဒဏ်ပေးခြင်းမှာ ကျမ်းစာနှင့်ညီသည် ဟုကျွှနု်ပ်မြင်ပါသည်။

၂၅၉။ခရစ်တော်သည် ပေတရုအား“ကြက်မတွန်မီ” ဟု ပြောသောအခါ နေ့တစ်နေ့၏တစ်ချိန်ချိန်ကိုပြောလိုခြင်းလား သို့မဟုတ် တကယ့်ကြက်တွန်ခြင်းကိုပြောလိုပါသလား။

             ကြက်တွန်ခြင်းကိုမနက်ပိုင်းဖြစ်ကြောင်း ရှေးခေတ်လူများအသုံးပြုကြပါသည်။ မိုးမလင်းမီ မနက်ပိုင်းတွင် “ကြက်ဖတွန်သည်”ဟု ပြောခြင်းမှာမနက်ပိုင်း အချိန်နာရီကို ပြောလိုခြင်းဖြစ်သည်။ “ကြက်ဖတွန်ချိန်ု”ဟူသောအရာကပေတရုသည်သူ၏သခင် ကိုငြင်းပယ် သောအချိန်တွင် တွန်သောတကယ့်ကြက်ဖဖြစ်ကြောင်း ထင်ရှားပါသည်။ ကြက်မတွန်မီနှင့် “ကြက်ဖနှစ်ကြိမ်တွန်သည်” ဟူသော ခရစ်ဝင် ကျမ်း၌ပြောသောအချက်သည်အကန့်အသတ်မရှိပါ။အဘယ့်ကြောင့်ဆိုသော် သခင်ဘုရားက“ကြက်တစ်ခါမတွန်မီ”ဟု မပြောဘဲ “ကြက်မတွန်မီ”ဟု ပြောသောကြောင့်ဖြစ်သည်။ ရှင်မာကုကျမ်း၌“ကြက်နှစ်ခါမတွန်မီ”ဟုဆို၏။ ထို့ကြောင့် တစ်ခုသည်အခြားတစ်ခုကို ဖြည့်စွက်ပေးပါသည်။

၂၆၀။အပျိုကညာဆယ်ယောက်နှင့်ပတ်သက်၍ ရှင်းပြစေလိုပါသည်။

             ဓမ္မဆရာများနှင့်ကျမ်းတတ် ပါရဂှုများအကြားတွင် ကျယ်ပြန့်လှသောခြားနားချက်ရှိပါသည်။ ဤသူအားလုံးတို့သည် ဘေးဒဏ်ကြီး ကာလနှင့်ဆိုင်ပြီးက္ကသရေလလူမျိုးများကိုဆိုလိုသည်ဟု တစ်ချို့ကယုံကြည်ကြပါသည်။ပညာရှိသောအပျိုကညာငါးယောက်တို့သည် ဗျာဒိတ် ကျမ်းအခန်း(၇)နှင့်(၁၄)၌ ရှင်းပြထားသည့်အတိုင်း ဘေးဒဏ်ကြီးကာလ၌ ကယ်တင်ခြင်းရမည့်သစ္စာရှိသောဂျူးလူမျုးိ ၁၄၄၀၀၀ တို့ဖြစ်သည်။ ဤအနက်ခြင်းအရဆိုပါက မိုက်သောအပျိုကညာတို့မှာ ဘေးဒဏ်ကြီးကာလ၌ ပျက်စီးမည့်ကယ်တင်ခြင်းမရသောက္ကသရေလ လူများဖြစ် ကြသည်။အသင်းတော်ကို ပြောလိုကြောင်း အနက်ပြန်ခြင်းတစ်မျိုးရှိပါသည်။ ၎င်းမှာ ပညာရှိသောအပျိုပညာ ငါးယောက်တို့သည် အမှန်တ ကယ် ဒုတိယမွေးခြင်းခံသောသူများ ကယ်တင်ခြင်းရသောသူများ နိုင်ငံတော်သို့ဝင်စားမည့်သူများဖြစ်ကြသော်လည်း ခရစ်တော်ကိုလက်ခံ ကြသောကြောင့် ပျက်စီးကြမည်ဖြစ်သည်။

၂၆၁။ ဓမ္မဟောင်းပူဇော်သက္ကာပြုရာ၌ ကြီးသော တိရစ္ဆာန်များကဲ့သို့ ခိုနှင့်ချိုးများကို အဘယ့်ကြောင့်မခွဲစိတ်ပါသနည်း။(ကမ္ဘာ၊၁၅)

             ဓမ္မဟောင်းပညတ်တော်၌ ကြီးမားသောအကောင်တို့ခွဲစိတ်ခံရခြင်းမှာ ခရစ်တော်၏ချိုးဖဲ့ခံရသော ခံရသောခန္ဓာကိုယ်နှင့် အသွေး သွန်းခြင်းကိုဆိုလိုပြီးခိုနှင့်ချိုးတို့သည် ဖြောင့်မတ်ခြင်းနှင့်မဆိုင်ဘဲ သန့်ရှင်းခြင်း၊ ဆေးကြောခြင်းနှင့်ဆိုင်သောကြောင့်ဖြစ်သည်။ နွားထီးနှင့် နွားမတန်း။ဆိတ်ထီးနှင့် သိုးတို့သည် လက်ဝါးကပ်တိုင်ပေါ်၌ ခရစ်တော်ပြုခဲ့သောအရာကိုညွှန်ပြပြီး ခွဲစိတ်ရသော်လည်း ခိုနှင့်ချိုးတို့သည် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်ခြင်းဖြစ်သောကြောင့် မခွဲစိတ်ပါ။

၂၆၂။ မဿဲ၊၈း၄ မာ၊၈း၂၆၊၃၀။ ၉း၃၀ စသောကျမ်းပိုဒ်တို့တွင် တွေ့ရသည့်“ အဘယ်သူအားမျှမပြောနှင့် ” ဟူသော စကား၏ဆိုလိုချက်မှာ အဘယ်နည်း။

             သခင်ယေရှုက တပည့်တော်များအားသတင်းမပြန့်နှံ့စေရန် ပြောရသည့်အကြောင်းမှာ က္ကသရေလလူမျိုးများထံသို့သာပြောရမည့် သတင်းဖြစ်၍လက်ဝါးကပ်တိုင်ကို ငြင်းပယ်သောအခါ၌ ဖွင့်ပြရမည့်“ နက်နဲသောအရာ”ဖြစ်သည်။ရောမ၊၁၁း၂၅ က တပါးအမျိုးသားများ ၏ပြည့်စုံခြင်းမရောက်မီကာလပတ်လုံး က္ကသရေလလူများအပေါ်သို့ မျက်စိကန်းခြင်းကျရောက်မည်ဟူ၍ရှင်းလင်းစွာ ပြောပါသည်။အနာရော ဂါငြိမ်းခြင်းသည် နိုင်ငံတော်ခေတ်ကာလနှင့်ဆိုင်ပြီး ယေရှုကမိမိအားငြင်းပယ်မည်ကိုကြိုတင်သိသောကြောင့် ဤသတင်းမပြန့်နှံ့စေရန် သူတို့ကိုတားမြစ်ခြင်းဖြစ်ပါသည်။

၂၆၃။ ဖန်ဆင်းခြင်းတစ်ခုစီသည် ၂၄နာရီကာလအတွင်းဖြစ်ပြီးလောကကြီးသည်နှစ်ပေါင်းခြောက်ထောင်သာရှိပါက သမိုင်းမတိုင်မီ သိပ္ပံပညာရှင်များတွေ့ရသည့် ဒိုင်နိုဆော့စသည်တို့နှင့် ကျမ်းစာကမှတ်တမ်းတင်သော ဖန်ဆင်းခြင်းသည် မည်သို့ကိုက်မည်နည်း။

             သင်ပြောလိုသည့်ဖန်ဆင်းခြင်းကာလခြောက်ရက်နှင့်ပတ်သက်၍ကမ္ဘာဦးကျမ်း၌ရေးသားထားသည့်အလင်း၊အသီး၊အနှံ၊တိရစ္ဆာန် များ၊လူစသည်တို့ကိုဖန်ဆင်းသည် ပထမအခန်းတစ်ချို့၌ဖော်ပြသကဲ့သို့ နေ့ရက်တို့သည်၂၄ နာရီရှိသော တစ်ကယ့်နေ့ရက်ဖြစ်သည်ဟု ကျွနု်ပ်သဘောတူပါသည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာသည်မည်သည့်အရာမျှမရှိသောအထဲကခေါ်ထုတ်သောမူလမြေကြီးကို ဖန်ဆင်းခြင်း သည်ခြားနားသောကိစ္စရပ်တစ်ခုဖြစ်ကာ မရေတွက်နိုင်သောနေ့ရက်ကာလဖြစ်ပါသည်။ ကမ္ဘာ၊၁း၁ ၌ တွေ့ရသောမူလဖန်ဆင်းခြင်း ကိုအ လွန်ရှည်လျားသောကာလ သို့မဟုတ် ခေတ်ကာလအဖြစ်ယူဆနိုင်သည်။ ကမ္ဘာ၊၁း၁ နှင့် ကမ္ဘာ၊၁း၂ အကြားတွင် ခန့်မှန်းမရနိုင်သော အချိန်ကာလရှိသည်။

၂၆၄။ အကယ်၍ဘုရားသခင်သည် အနှစ်တစ်ထောင်ကာလ၌ လူတစ်ယောက်စီကိုဆက်ဆံပါက ကျွန်ုပ်တို့သည် ပထမနှစ်ခြောက်ထောင် ဆုံးခါနီးသို့ ချည်းကပ်လာပြီဖြစ်၍ သခင်ဘုရားပြန်ကြွလာမည့်နေ့ရက်ကို ခန့်မှန်း၍မရဘူးလား။

            ဆာလံ၊၉၁နှင့် ၂ပေ၊၃ အရ ဘုရားသခင်သည် ခုနှစ်ရက်တပတ်အချိန်ကာလအားဖြင့် လူကိုဆက်ဆံပါသည်။ ဘုရားသခင်၌ တစ်ရက်တာကာလသည်အနှစ်တစ်ထောင်နှင့်ညီမျှသည်။ ဘုရားသခင်အလုပ်လုပ်သောခြောက်ရက်နေ့တို့သည် အဆုံးရောက်ခါနီးပါပြီ။ ယခုကာလသည် အနှစ်ခြောက်ထောင်ကုန်ဆုံးခါနီ အချိန်ဖြစ်ပြီး အနှစ်တစ်ထောင်ကာလ(သတ္တမနေ့)ဖြစ်ပါသည်။ ပြက္ခဒိန်တို့သည် ရှုပ်ထွေးလှ ပါသည်။လူကိုဖန်ဆင်းသောအချိန်မှစပြီး တိကျသောရာဇဝင်ကိုသိရန် ဘုရားသခင်အခွင့်မပေးပါ။ ခွင့်ပေးခဲ့ပါက သခင်ဘုရား ကြွလာမည့်နေ့ရက်ကို အတိအကျ သတ်မှတ်နိုင်သောအခွင့်ပေးမည်ဖြစ်သည်။အနည်းဆုံးလေးနှစ်တွင်မညီသော နှစ်တစ်နှစ်ရှိပြီး ယခုတွင် မည်မျှရှိသည်ကို ကျွနု်ပ်တို့မသိပါ။ အချိန်ကာလနီးနေပြီဟုသာ ကျွနု်ပ်တို့သိနိုင်သည်။ သခင်ယေရှုင “ထိုအမူအရာတို့သည် ဖြစ်စရှိသော  အခါ၊သင်တို့ကိုရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့် မျော်ကြည့်၍ခေါင်းကိုကြွကြလော့ဟုမိန့်တော်မူ၏” (လုကာ၊၂၁း၂၈)

၂၆၅။ကျွနု်ပ်၌ထူးဆန်းသောအိမ်မက်တစ်ချို့မက်ပါသည်။ ၎င်းတို့ကို နားလည်ရန် ကူညီနိုင်မည်လား။

            အိမ်မက်များ၊ရှုပါရုံများနှင့်ကိုယ်ထင်ရှားခြင်းတို့သည် ယခုခေတ်ကာလအတွက် မဟုတ်ပါ။ ယခုခေတ်ကာလအတွက် ဘုရားသခင် ပေးသည့်တစ်ခုတည်းသောဖွင့်ပြခြင်းမှာသမ္မာကျမ်းဖြစ်ပြီး သင်ရေးထားသည့်အတိုင်း အိမ်မက်များနှင့်အခြားထင်ရှားမူများကို ကျွန်ုပ်တို့ ဂရုမစိုက်နိုင်ပါ။ သင့်အားအကြံပေးလိုသည်မှာအိမ်မက်အားလုံးကို မေ့လျော့ပြီးဘုရားသခင်ထင်ရှားလိုသော နှုတ်ကပတ်တော်နှင့်အ ချိန် ယူရန်ဖြစ်သည်။ရူပါရုံ၊အိမ်မက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ထံ စာရေးသောသူများစွာရှိပါသည်။ သို့သော်လည်း ၎င်းတို့သည် ဘာမှ အဓိပ္ပါယ်မရှိပါ။

၂၆၆။ နေနှင့်လ မရှိပါက နေ့ နှင့်ည မည်သို့ဖြစ်နိုင်မည်နည်း။ စတုတ္ထနေ့ကိုမထားမီသုံးရက်အလိုတွင် သမ္မာကျမ်းက“ညဦးအချိန်နှင့်နံနက်” ဟုဆိုသည်။

            စတုတ္ထနေ့တွင် အလင်းကိုဆောင်သောအရာများအဖြစ် နေ့နှင့်လကိုဖန်ဆင်းကြောင်း ကျွန်ုပ်တို့သတိရရန်လိုပါသည်။ယခုတွင် ထိုနေရာ၌ ရှိသောအလင်းသည်ပြန့်နှံထွန်းလင်းရန် ဖြစ်သော်လည်း ဤကိုယ်ထည်၌အလင်းရှိပြီး လသို့ရောင်ပြန်ဟပ်သည်ဟူသော သဘောမဟုတ်ပါ။ ယနေ့တွင် နေ၊လနှင့်ကြယ်တို့တွင် ကိုယ်ပိုင် အလင်းရှိကြောင်း ကျွန်ုပ်တို့သိကြသည်။ ၎င်းကို တစ်ခါတစ်ရံရေဒီယို အလင်းဟုခေါ်ပြီး တစ်ခါတစ်ရံ စကြာဝဠာအလင်းဟုခေါ်သည်။ အလင်းနှင့်အမှောင်ရှိနိုင်ရန် နေနှင့်လရှိရန်လိုသည်။

၂၆၇။ က္ကသရေလတို့သည် ထွက်မြောက်ရာထဲ၌ရှိ ဖာရောဘုရင်လက်အောက်တွင်ပိရမစ်များကို တည်ဆောက်ကြပါသလား။

            က္ကသရေလများပိရမစ်တည်ဆောက်ကြောင်း မှတ်တမ်းမတွေ့ရပါ။ ၎င်းမှာလူတစ်ချို့၏ထင်မြင်ချက်ဖြစ်သော်လည်း သမ္မကျမ်းအထောက်အထားများမတွေ့ရပေ။

၂၆၈။ ကျမ်းစာလေ့လာရန် အနက်ဖွင့်ကျမ်းကောင်းကောင်းတစ်ခုကို ထောက်ခံရန်ရှိပါသလား။

            အတွဲတစ်တွဲတည်းကိုသာ အကြေံပေးရန်ခက်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေMathew Henryအနက်ဖွင့်ကျမ်းသည် အခြေခံ ယုံကြည်ခြင်း၌ မှန်ကန်သည်။ ဒုတိယအကြိမ် ကြွလာခြင်းကို ရှင်းလင်းစွာဖော်ပြခြင်းရှိသော်လည်း စံထားရမည့်စာအုပ်ဖြစ်ပါသည်။ တန်ဖိုးထားရမည့် စာအုပ်တစ်အုပ်လည်းဖြစ်သည်။ အောက်ပါပုဂ္ဂိုလ်တို့၏စာအုပ်များကိုအကြံပေးလိုပါသည်။ Dr. H.A Ironside Wamen W Wisebe နှင့်Dr.Lewis Sperry Chafer တို့ရေးသားသော စာအုပ်များအလွန်ကောင်းပါသည်။ ၎င်းစာအုပ်များကိုရရှိရန် ကြိုးစားဖို့ အကြံပေးလိုပါသည်။ (မှတ်ချက်)။ စာတည်းသူမှ အကြံပေးလိုသည်မှာ  CLC ခရစ်ယာန်စာပေမှထုတ်ဝေလျက်ရှိသော ဓမ္မဟောင်း (၁၉၉၉) ဓမ္မသစ်(၁၉၉၇)အနက်ဖွင့်ကျမ်းတို့ကို မြန်မာဘာသာဖြင့် ဖတ်ရှုလေ့လာရန် တိုက်တွန်းနိုးဆော်ရင်း သတင်းကောင်းပါးအပ်ပါသည်။)

၂၆၉။ သဖန်းရွက်များသည် မည်သည့်အရာကို ရည်ညွှန်းပါသနည်း။

သဖန်းရွက်မှာအသက်မရှိဘဲနာမည်ခံသက်သက်ကို ရည်ညွှန်းကြောင်းသင်သတိရပါက ထိုဥပမာသည် က္ကသရေလများကို ပြော လိုကြောင်းသင်သိပါလိမ့်မည်။ ကမ္ဘာဦးကျမ်းထဲ၌ပထမဆုံးဖော်ပြပြီး ကိုယ်တုံးလုံးဖြစ်ခြင်းကိုဖုံးထားရန် လူလက်ဖြင့်ကြိုးစားပြုလုပ်ခြင်းကို ပုံဆောင်သည်။သဖန်းရွက်သည်ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို ကိုယ်စားပြုပါသည်(မဿဲ၊၂၁း၁၉။ မာ၊၁၁း၁၃ နှင့် ရော ၊၁၀း၃ ကိုကြည့်ပါ။)

COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: အထွေထွေမေးခွန်းများ
အထွေထွေမေးခွန်းများ
Shwe Canaan TV
https://www.shwecanaan.com/2020/10/blog-post_79.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2020/10/blog-post_79.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content