ဘုရားသခင်၏သားသမီးစစ်

(၂၆-၁၀-၉၇)နေ့ Dr.တင်မောင်ထွန်း-တရားဒေသနာ (ယော၊ ၁၄း၂)တွင် သခင်ယေ±ှုက “ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏” ဟုအသိပေးဖေါ်ပြထားပါသည်။ ကောင်းကင်ဘု...

(၂၆-၁၀-၉၇)နေ့
Dr.တင်မောင်ထွန်း-တရားဒေသနာ

(ယော၊ ၁၄း၂)တွင် သခင်ယေ±ှုက “ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏” ဟုအသိပေးဖေါ်ပြထားပါသည်။ ကောင်းကင်ဘုံရှင်အဘနှင့်သားသမီးတော်စပ်သူများသည် ထိုအခန်းများတွင်နေခွင့်ရကြမည်ဖြစ်သည်။ ထိုအခွင့်ထူးကိုခံစား နိုင်ဖို့ရန် ကျွနု်ပ်တို့အနေဖြင့် ကောင်းကင်ဘုံရှင်အဘဘုရားရှင်၏ သားသမီးများဖြစ်ဖို့လိုအပ်ပါသည်။ ဤတော်စပ်မှုမရှိပါက ကောင်းကင် ဘုံရှိအခန်းများတွင် ကျွနု်ပ်တို့နေခွင့်ရကြမည်မဟုတ်ပေ။ ဤသတိပေးစကားသည် ကောင်းကင်၊ မြေကြီးနှင့် လူသတ္တဝါများကို ဖန်ဆင်းတော်မူရှင်ကိုယ်တော်တိုင်က နှုတ်မှဖွင့်ဟပြောဆိုသောကတိစကားဖြစ်ပါသည်။ သို့ဖြစ်၍ ကျွနု်ပ်တို့ အသီးသီးသည် မိမိကိုမိမိဘုရားသခင်၏သားဖြစ်သည်မဖြစ်သည်ကို ပြန်၍သတိပြုဆန်းစစ်သင့်ပါသည်။

(တ၊၂၆း၂၈)တွင် တမန်တော်ပေါလု၏ သက်သေခံချက်ကို ကြားနာရပြီးသည့်နောက် အဂြိပ္ပမင်းကြီးက “သင်ဖြားယောင်း သွေးဆောင်သောအားဖြင့် ကျွနု်ပ်သည် ခရစ်ယာန်ဖြစ်လုပြီ” ဟု ပေါလုအားဆိုခဲ့သည်။ ယနေ့အဂြိပ္ပ မင်းကြီးကဲ့သို့ ခရစ်တော်၏ အကြောင်းကိုသိပြီး ခရစ်ယာန်ဖြစ်လုသောသူများစွာရှိနေပါသည်။ ကျွနု်ပ်တို့လည်း ခရစ်တော်ကို အသက်တာ၌ ပိုင်ပိုင်နိုင်နိုင် လက်ခံမရရှိသေးဘဲ ခရစ်ယာန်ဖြစ်လုသောအခြေအနေ၌သာရှိနေပါက အကျိုးများစွာ ±ှုံးပေလိမ့်မည်။ ခရစ်ယာန်ဘာသာဝင်တစ်ဉီး အနေဖြင့်နှစ်ပေါင်းများစွာအသက်ရှင်ခဲ့စေကာမူ ခရစ်ယာန်ကိုနှလုံးသားထဲ၌ မရရှိထားပါက ထိုသူသည် ခရစ်ယာန်ဖြစ်လုလု အခြေအနေ၌သာရှိသေးသူဖြစ်သည်။ ယုံကြည်ခံယူချက်နှစ်ခုကြားတွင် ကျွနု်ပ်တို့ဗျာများမနေသင့်ပါ။ ယုံကြည်ခံယူချက်တစ်ခုခုကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချ၍ခံယူကာ အသက်ရှင် သင့်ပါသည်။

သီလနှင့်ကုသိုလ်

ကောင်းသောသီလကိုဆောက်တည်၍ ကုသိုလ်တရားပွားများဖို့ရန် ဘာသာတရားတိုင်းကသွန်သင်ပါသည်။ ဤအမှု တို့မှာ လူကကြိုက်နှစ်သက်သလို ဘုရားရှင်နှစ်သက်သောအမှုများဖြစ်သည်။ လူမှန်လျှင် အပြစ်နှင့်ကင်းသူမရှိပါ။ အနည်းနှင့်အများ မှားတတ်ကြသည်မှာ ပုထုဇဉ်လူသားတို့၏ သဘာဝဓမ္မာတာပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းသောသီလကိုမဆောက် တည်၍ ကုသိုလ်တရားပွားများသူဖြစ်စေ၊ ကောင်းသောသီလကို မဆောက်တည်နိုင်၍ ကုသိုလ်တရားနည်းပါးသည်ဖြစ်စေ၊ ပုထုဇဉ် လူသားမှန်လျှင်ခွဲခြားမှုမရှိဘဲ ကိုယ်တော်ထံလာနိုင်ပါသည်။ ကိုယ်တော်သည် ကျွနု်ပ်တို့၏သီလနှင့်ကုသိုလ်ကိုမပယ်ပါ။ သို့သော် ကောင်းကင်ဘုံရှင်အဘ၏ သားသမီးဖြစ်နိုင်ရေးမှာ ကျွနု်ပ်တို့၏ သီလ၊ ကုသိုလ်တို့ဖြင့်မရနိုင်ပါ။

သက်သေနှစ်မျိုး

ဘုရားသခင်သည် လူကို±ုပ်နှင့်နာမ်တွဲကာ သဘာဝနှစ်မျိုးဖြင့်ဖန်ဆင်းတော်မူပါသည်။ ထို့ကြောင့်လူ၏±ုပ်ပိုင်းနှင့်နာမ် ပိုင်းတွင် သက်သေနှစ်မျိုးခံစားနိုင်ပါသည်။ ±ုပ်ကဏ္ဍက လောကီသဘာသနှင့်တွဲဘက်ကာသက်သေခံစားပါသည်။ ဉပမာ-ဆာလောင်မွတ်သိပ်သည်ဆိုပါစို့။ ဟင်းအနံ့ရ±ုံဖြင့် မွတ်သိပ်မှုမပြေပါ။ အမှန်စားသုံး၍ ဝမ်းဝပြီးမှသာ မွက်သိပ်မှုပြေပါသည်။ ထိုနည်းတူ နာမ်သဘာသကလည်း အသက်ရှင်တော်မူသောဘုရားနှင့်မထိတွေ့မချင်း အတွင်းဝိညာဉ်၏ မွတ်သိပ်မှု မပြေပါ။

ထို့ကြောင့် အချို့သောသူများမှာ ထိုမွတ်သိပ်မှုမပြေသောကြောင့် အားကိုးရာမဲ့ဖြစ်၍ ဘုရားရှင်ကိုကိုးစား ရမည့်အစား လူလူချင်းကိုအားကိုး ကြသည်။ အချို့ကဗေဒင်လက္ခဏာမေးကြသည်။ အချို့ကချဲထိုးကြသည်။ ထိုအမှုများသည် ဘုရားရှင်မနှစ်သက်သောအမှုများဖြစ်ကြသည်။ ဘုရားရှင် ၏အလိုတော်မှာတွေ့ကြုံရသောအခက်အခဲပြဿနာများအတွက် ကိုယ်တော်ကိုကိုးစား၍နာမတောမြတ်အား အမှီပြုကာခေါ်ဖို့ရန်ဖြစ်သည်။ ကိုယ်တော်ကိုးစား၍ ခေါ်ကြသောသူတိုင်းအား ကိုယ်တော်သည်ပစ်၍မထားဘဲဆုတောင်းသံကိုနားညောင်း၍ အဖြေပေးကာသက်သေထူပါသည်။

အတွေ့ခံသောဘုရား

နှုတ်ကပတ်တော်တွင် ဘုရားရှင်က “ရှာကြလော့၊ ရှာလျှင်တွေ့မည်၊ ငါ၏နာမကိုအမှီပြု၍ တောင်းကြလော့၊ တောင်းလျှင်ရမည်” ဟုမိန့်တော်မူပါသည်။ စိတ်နှလုံးအºကွင်းမဲ့နှင့်ဘုရားကိုတွေ့လိုသော သဘောဖြင့်ရှာပါက ကိုယ်တော် သည်အတွေ့ခံပါသည်။ တမန်တော်ရှင်ပေါလုသည် အစပထမ၌ သခင်ခရစ်တော်ကိုမသိရှိဘဲ ဘာသာတရားဘက်၌ စိတ်အားကြီးကာ အသင်းတော်ကိုည‡င်းဆဲသောသူဖြစ်ပါသည်။ ဘုရားရှင်ကိုစိတ်နှလုံးကချစ်သော်လည်း လုပ်ဆောင်မှုက မှားနေပါသည်။ ထိုကြောင့် ဒမာသက်မြို့သို့သွားသောလမ်းတွင် သခင်ခရစ်တော်က သူ့ကိုအတွေ့ခံပါသည်။ သခင်ခရစ်တော် ကိုတွေ့ထိသိရှိပြီးနောက် ပေါလု၏အသက်တာသည်ပြောင်းလဲသွားကာ သူဆန့်ကျင်ဘက်ပြုခဲ့သောခရစ်တော်၏ အကြောင်း ကိုရဲဝံ့စွာဟောပြောသက်သေခံသော အမှုတော်ဆောင်တစ်ပါးဖြစ်လာခဲ့ပါသည်။ ဘုရားရှင်၏သားသမီးစစ်ဖြစ်ပါက အတွင်း၌ ကိုယ်တွေ့သက်သေရှိပါသည်။ ခရစ်တော်ကိုနှလုံးသားအတွင်း၌မရရှိသေးပါက သင့်အတွက်များစွာအကျိုး±ှုံးပေလိမ့်မည်။

နောင်တရပါ

ချစ်သောမိတ်ဆွေသင်သည်ခရစ်တော်ကိုမရရှိသေးပါက ယခုပင်နောင်တရ၍ အသကတာကုပြင်ဆင်သင့်ပါသည်။ မိမိကိုမိမိမလှည့်စားသင့်ပါ။ ခရစ်တော်ကိုအမှန်တကယ်မရရှိသေးပါသင်၌ အတွင်းငြိမ်သက်မှုသက်မေရှိသေးပါ။ သေပြီးသည့် နောက်ဘယ်ဘဝရောက်မည်ကိုမသိသေးခြင်း၊ တမလွန်အတွက်စိတ်ချမှုမရှိသေးခြင်းသည် ခရစ်တော်ကိုမရရှိသေးခြငး၏ သက်သေပင်ဖြစ်သည်။ ထိုသူ၏ စိတ်နှလုံး၌ဘုရားရှင်သည် အမှန်တည်ရှိ၍ အသက်ရှင်သောပုဂ္ဂိုလ်တော်မြတ်ဖြစ်ကြောင်း ဒွိဟသံသယစိတ်ရှိပေမည်။ ထိုသို့ သံသယစိတ်ရှိနေပါက ကိုယ်တော်၏နာမကိုခေါ်ကြည့်ပါ။ ကိုယ်တော်ပြန်ထူးကြောင်း သက်သေရပါက ကိုယ်တော်ကိုယုံကြည်ပြီးနှလုံးသားအတွင်းခေါ်ဖိတ်၍ နေရာပေးပါ။ အံ့သြဖွယ်ကေင်းသည့်အတွင်း သက်သေကို သင်လက်တွေ့ခံ စားရပေမည်။ ထို့ကြောင့်ခရစ်တော်၏အကြောငးကိုများစွာသိပြီး ခရစ်ယာနဖြစ်လုသော အသက်တာမှပြောင်းလဲ၍ ခရစ်တော်ကို အသက်တာ၌ အမှန်တကယ်ရရှိပြီး တမလွန်အရေးစိတ်အေးမှုကိုခံစားနိုင်ရန် အသက်တာကိုဘုရားရှင်အလိုတော်နှင့်အညီ ပြင်ဆင်ပါမညအကြောင်းမေတ္တာဖြင့်သတိပေးဝေငှလိုက်ရပါသည်။

COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: ဘုရားသခင်၏သားသမီးစစ်
ဘုရားသခင်၏သားသမီးစစ်
Shwe Canaan TV
https://www.shwecanaan.com/2020/10/blog-post_74.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2020/10/blog-post_74.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content