ဘုရားကိုကြောက်သောဖခင်

မုဆိုးမတယောက် ဖခင်တာဝန်။မိခင်တာဝန်ယူသောဖခင်ကိုဂုဏ်ပြုသည့်အနေနှင့် သမီးတယောက်စတင်ခဲ့သည်၊ အမျိုးသမီးတယောက် မြေးနှင့်သမီးအိမ်ရောက်လာ။ မြေးလူမမာ...

မုဆိုးမတယောက် ဖခင်တာဝန်။မိခင်တာဝန်ယူသောဖခင်ကိုဂုဏ်ပြုသည့်အနေနှင့် သမီးတယောက်စတင်ခဲ့သည်၊ အမျိုးသမီးတယောက် မြေးနှင့်သမီးအိမ်ရောက်လာ။ မြေးလူမမာ ဦးနှောက်အမှေးရောင်ရောဂါရှိသူအတွက် ငွေရေး ကြေးရေး အကူအညီတောင်း။ အဖိုးဆီကအကူညီမရသောကြောင့် မရှက်မကြောက် အကူအညီတောင်းရသည့် အခြေအနေရောက်ရသည်၊

၁၂ဂ း ၃ ဆာလံကိုအခြေပြု ဟောကြားပါသည်၊ ထာဝရဘုရားကိုကြောက်ရွံ။ လမ်းအတိုင်းသွားသူ မင်္ဂလာရှိသည်၊ ဘုရားသခင်တောင်းဆိုမှု ၂ချက်မှာ ဘုရားကိုကြောက်ပြီး။ ဘုရားလမ်ပြရာလျှောက်သောသူဖြစ်ရန်၊ ရိုသေလေးစားမှူမှ နာခံမှူရစေပါသည်၊ 

ပထမ
ကြောက်ရွံခြင်း
ဇာတိနှင့်မွေးလာသူ။ ထာဝရဘုရားကိုမကြောက်ရွံ။ ကြောက်ရွံစေရန် သွန်သင်မည်။ ဆာလံ ၃၄း ၁၁
မတရားသော သူတို့သည် ဘုရားသခင်ကိုမကြောက် (ဆလံ၃၁)

ကြောက်မကြောက်စမ်းသပ်ရန်၊ တခြားအရာများကို ကြောက်နေသလား။ လူကြောက်။ အဖြစ်အပျက်များကို ကြောက်နေလျှင် ဘုရားကို မကြောက်သေးဟု ယူဆရမည်ဖြစ်သည်၊

ပေတရု. နမည်အဓိပါယ်မှာ ကျောက် ဟုဆိုလိုပါသည်၊ သို့သော်သူသည် ပထမ လူတွေကိုကြောက်ရွံသူဖြစ်ခဲ့ပါသည်၊ ဘုရားသခင်ကိုကြောက်သူ လူများကိုမကြောက်၊ ဟေဗြဲ ၁၃ း ၆ 

ငါသည်အဘယ်သူကိုကြောက်အံ့နည်း၊ ဆာလံ ၂၇ း ၁-၃ သိုးကျောင်းသာ ဒါဝိပ်သည် ဂေါလိယကိုမကြောက်ပါ၊ ရှင်ဘုရင်။စစ်သူကြီးများကအစ အားလုံး ဂေါလိယကိုကြောက် ကြသည်၊နောက်ဆုံးဒါဝိပ် အောင်မြင်ခဲ့ပါသည်၊

ဘုရားသည်အဖဖြစ်သောကြောင့် မကြောက်ချင်ကြပါ။ သိုသော် ဘုရားသည် အလွန်ကြောက်စရာကောင်းပါသည်၊ 

၁၈ ရာစုတွင် အမေရိကန် ရီဘိုင်း Revival  ဖြစ်ခဲ့သည်၊ ဂျော်နသန်  Jonathan Edward  တရားဟောခဲ့သည်၊ Siners of tha hand of angry GOD ဟု Medison Square တွင်စတင်ပြီး ဟောကြားကာ အမေရိကန်များဘုရားကိုကြောက်ကာ ပြောင်းလဲမှုကြိးဖြစ်ခဲ့ကြောင်း အသင်းတော်သမိုင်းတွင် တွေ့နိုင်ပါသည်၊

ထာဝရဘုရားကို ကြောက်ရွံသော သူသည် ဒုစရိုက်ကို ရွံမုန်းသည် သုတ္တံ ၈ း ၁၃။ အသက်စမ်းရေတွင်းဖြစ်သည် (၁၄ း ၁၆) အသက်ရှင်။ အလိုဆန္ဒပြည့်။ ဘေးဥပါတ်ကင်း။ စည်းစိမ်ရှိ။ ဂုဏ်သရေရှိ။ ဆင်းရဲခြင်းမရှိ၊

ဖခင်များ ကိုယ်ကိုမေးပါ။ မိသားစုစားဝတ်နေရေးအတွက်ကြောက်နေသလား။ မကျန်းမာဆေးကုသစရိတ်များ ကြောက် နေသလား။ ကလေးများ ပညာသင်စရိတ်အတွက် ကြောက်နေသလား။ လူတွေကိုကြောက်နေသလား။ ဘုရားကိုတကယ် ကြောက်ရင် ဘာကိုမှမကြောက်ဘဲ ရဲရဲရင့်ရင့်ရင်ဆိုင်နိုင်မည်ြစေ်ပါသည်၊

ဒုတိယ
လမ်းခရီးတော်သို့လိုက်သူ မင်္ဂလာရှိသည်၊ ကိုယ့်လမ်းကိုယ်လျှောက်တာဘာဖြစ်သလဲ ယူဆသူများ ဆင်ခြင်ရန်ဖြစ်သည်၊ ဖခင်သည် လမ်းပြောက်မနေရန်ဖြစ်သည်၊ လမ်းမှန်ကိုလျှောက်သောဖခင်ဖြစ်ရန်လိုသည်၊ ယောရှုအား ဘုရားက လက်ဝဲလက်ယာမတိမ်းဘဲ လူမျိုးတော်အားဦးဆောင်ရန်။ ယောရှု ၁ း ၇

ဓမျွသီချင်း၂၄၉ လမ်းပြမူပါ။ အင်္ဂလိပ်လိုတော့ ကွန်ဖိဒင့် Confidence သံသရမရှိဘဲ လျှောက်ရန်၊ ကျွန်ုပ်လမ်းကိုပြပါ ဟုပါသည်၊ ထာဝရဘုရားသည် လမ်းညွန်သူမဟုတ်ပါ၊ သင်နှင့်အတူလိုက်သော လမ်းပြသူဖြစ်သည်၊ လမ်းညွန်သူနှင့် လမ်းပြသူ မတူပါ၊

လမ်းကျဉ်းနှင့် လမ်းကျယ် ၂ခုရှိပါသည်၊ မသဲ ၇ း ၁၃-၁၄ 
လမ်းကျယ်သည် လျောက်သူများ။ အဆုံးမှာ ပျက်စီးခြင်းရောက်သည်၊ လမ်းကျဉ်းသည် လျှောက်ရသည်မှာခက်သည်။ အဖေများသည် ပျော်ပါးချင်သည်။ သိုဏ္ဍသော် အောင်မြင်ခြင်းကိုရပါမည်၊ လေးမင်း Layman များအတွက် လမ်းကျယ်မှာ လျှောက်ရသည်မှာ လွယ်ပါသည်၊ ခြေမချော်ရန် မစပါ။ ဆာ ၁၇ း ၅


ကျွန်ုတော်၏ တရားဟောချက်တခုရှိသည်၊ (ခေါင်းစဉ် - ခေါင်းလွှဲ)
ဇနီးသည်ဆွေမျိုးတွင် နှစ်ခြင်းမှ ခွဲထွက်ပြီး တခြားခရစ်ယန်အဖွဲဏ္ဍပြောင်းသွားပြီး ခရစ်တော်ဒုတိယအကြိမ်လာေတော့မည်  ဆိုကာ ကလေးများပညာသင်ရင်မလို။ ကျောင်းမနေတော့။ ယခုတော့ ထိုအသင်းတော်က ထောက်ပံ့သော်လည်း မလောက်။ ဒုကွရောက်လေသည်၊ ယုံကြည်မှု လွဲမှားလျှင်။ရွေးချယ်မှူမှားလျှင်လည်း မလွယ်ပါ၊ 

ဧနောက်သည်ဘုရားသခင်နှင့်အတူသွာလာပါသည်၊ ကမ္ဘာဦး ၅အမေရိကတွင် ဖခင်တယောက် အလုပ်မသွားခင်ပင် ဓါတ်ဆီဆိုင်ဝင် အရက်သောက်သူ၊ သားငယ်လေးက နှင်းတောမှ ဖခင်ခြေရားများကိုနင်းပြီး ဖခင်နောက်သို့ လိုက်နေသည်ကိုတွေ့ကာ။ နောင်တရလေသည်၊ သားသမီးများလည်း ဖခင်ခြေရာကိုလိုက်လေ့ရှိသည်၊ ဖခင်ဖြေချော်ပြီးမလဲရန်အရေးကြီးလှပါသည်၊

မြန်မာစကားပုံ အရင်လို လမ်းအိုလိုက်။ 
ရောမစစ်ဗိုလ် ကောနေလိ သည် ဘုရားသခင်ကိုကြောက်ရွံသောကြောင့် ကယ်တင်ခြင်းရပါသည်၊ တမန်တော် ၁ဝ း ၂

ဥပမာ ပုံသက်သေ
အသက်ရွယ်ကြီးသောအဖေတယောက် မြေးပင်ရနေသည်၊ အိမ်ထောင်ရေး ဖေါက်ပြန်မှူဖြစ်ကာ။ ဇနီးသည် ဝမ်းနည်းကြေကွဲပြီး။ သားသမီးများအင်မတန်မကြေနပ်ဖြစ်သည်၊ နောက်ပိုင်း ဖခင်ကြီး အမှားကိုဝန်ခံပြီးပြက်သွားပြီး။သူ့သားက ဖိတ်ခေါ်သောကြောင့် ထိုအိမ်ထောင်သို့သွားရာ မိခင်ကြီးကပြောလေသည်မှာ ကျွန်မယောက်ျားသည် အလွန်တာဝန်ကျေသောဖခင်။ အလွန်တာဝန် ကျေသောအဖိုး။ လိုလေသေး မရှိအောင် ထားပေးနိုင်သူ ဖြစ်ပါတယ်၊ သို့သော် သူအပေါ်တွင် မေတ္တာနှင့်သစ္စာတရားပျက်တယ် ဟုဆိုလေသည်၊ 
ကျွန်တော်တို့ပြန်စဉ်းစားရန်၊ တာဝန်ကျေသော ဖခင်ဖြစ်ပြီလား၊ သူ့ဇနီး။သားသမီးများအပေါ် တာဝန်ကျေပြွန်ရုံမက။ မေတ္တာ။သစ္စာ ပေးနိုင်သူဖခင်ဖြစ်ပြီလား၊

အဆုံးသတ်တွင် ဘုရားသခင်ကိုကြောက်ရွံသော။ ဘုရားလမ်းပြရာလိုက်လျှောက်သော ဖခင်များဖြစ်ကြစေဘို့ ဆင်ချင်ဆက်ကပ် သုံးသပ်ကြရန်နှင့်။ ဇနီး သားသမီးများသည်လည်း ဖခင်ကိုပံ့ပိုး ကူညီအားပေးသော မိသားစုများစြစ်စေရန်  တိုက်တွန်းပြောကြားပါသည်၊

ဘုရားသခင်အားလုံးကို ကောင်းကြီးပေးပါစေ၊
Rev. Myo Maw

COMMENTS

BLOGGER: 1
ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....

Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: ဘုရားကိုကြောက်သောဖခင်
ဘုရားကိုကြောက်သောဖခင်
Shwe Canaan TV
https://www.shwecanaan.com/2020/10/blog-post_22.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2020/10/blog-post_22.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content