မင်္ဂလာဆောင်ခြင်း၊ကွာရှင်းပြတ်စဲခြင်းနှင့်ပြန်လည် ပေါင်းသင်းခြင်းး

၂၀၇။ တရားဟော ၂၄း၁-၂ အရ ဘုရားသခင်သည် လင်မယားကွာရှင်းပြတ်စဲခြင်းကို ခွင့်ပြုဟန်တူပါသည်။ လင်မယားကွာရှင်းခြင်းအပေါ် ဓမ္မသစ်ကျမ်း၏သွန်သင်ခြင်းနှင...

၂၀၇။ တရားဟော ၂၄း၁-၂ အရ ဘုရားသခင်သည် လင်မယားကွာရှင်းပြတ်စဲခြင်းကို ခွင့်ပြုဟန်တူပါသည်။ လင်မယားကွာရှင်းခြင်းအပေါ် ဓမ္မသစ်ကျမ်း၏သွန်သင်ခြင်းနှင့်ဤကျမ်းပိုဒ်ကို နားလည်ရန်ကူညီနိုင်ပါသလား။

             မဿဲ၊ ၁၉း၄ ၌ “ကိုယ်တော်က၊အစအဦးဖန်ဆင်းတော်မူသောသူသည် ယောင်္ကျားနှင့်မိန်းမနှစ်ဦးတည်းကို ဖန်ဆင်းတော်မူ၏” ကိုဖတ်ရလျှင်ရှင်းသွားပါလိမ့်မည်။တရားဟောရာကျမ်း၌တွေ့ရသောအချက်မှာ က္ကသရေလလူမျိုးတို့၏ဆိုးယုတ်သောအကျင့်များကြောင့် မောရှေက ထိုသို့လျော့လျော့ပေါ့ပေါ့ပြုလုပ်ပေးသော်လည်း ၎င်းသည်မမှန်ပါ။လင်မယားကွာရှင်းပြတ်စဲခြင်းသည် အမြဲတမ်းမှားယွင်းပြီး နှစ်ယောက်စလုံးအသက်ရှင်နေသရွေ့ နောက်တဖန် လက်ထပ်ခွင့်မရှိကြောင်း ခရစ်တော်ကပြတ်သားစွာ သွန်သင်ခြင်းသည်။

၂၀၈။ နီးစပ်သောဆွေမျိုးများနှင့်အချင်းချင်း လက်ထပ်ခြင်းနှင့်မတ်သက်၍ ဆေးပညာ နှင့်ကျမ်းစာရှုထောင့်မှနေ၍ သင်မည်သို့ယုံကြည်ပါသနည်း။

             သွေးနီးစပ်သောသူများ လက်ထပ်ထိမ်းမြားခြင်းသည် သားစဉ်မြေးဆက်ဆုတ်ယုတ်ညံ့ဖျင်းရှိကြောင်း ယေဘုယျအားဖြင့် နားလည်ကြပြီးအာဏာပိုင်တို့က ထိုသို့မပြုကြရန် ပြင်းထန်စွာအကြံပေးကြပါသည်။ နီးစပ်သောဆွေမျိုးအချင်းချင်းလက်ထပ်ခြင်းကို သမ္မာကျမ်းက အထူးတားမြစ်ထားပါသည်။ဤအကြောင်းအရာနှင့်ပတ်သက်၍ ဝတ်၊၁၈း၆။ ၂၀း၁၉။ ၂၅း၄၉ တို့သည် အထောက် အကူပြုပါလိမ့်မည်။ သမ္မာကျမ်း၏တားမြစ်ချက်အပြင် ဆေးပညာရှင်များဇီဝဗေဒပညာရှင်များ၏ ထင်မြင်ယူဆချက်မှာ တစ်ဝမ်းကွဲတော်စပ်လောက်အောင် နီးစပ်သောသူများ၌ သူတို့၏သားစဉ်မြေးဆက် ကျန်းမာရေးထိခိုက်စေသောကြောင့် အားမပေးတားမြစ်သည်။ ဝမ်းကွဲတော်သောသူများ လက်မထပ်သင့်သည်။

၂၀၉။ ၁ကော၊ရး၃၂ အရ အိမ်ထောင်မပြုသောသူများ၌ ဝိညာဉ်သဘောပို၍ရှိသည်ဟုရှင်ပေါလုထင်ပါသလား။ဤသ်ို့ဆိုရာ၌ သူဘာကိုဆိုလိုပါသနည်း။

             ညှင်းပန်းနှိပ်စက်ခြင်းကြီးမားသောအချိန် ခရစ်ယာန်များ ဆက်လက်မရှင်သန်ခြင်းရန် ဖိနှိပ်နေချိန်တွင် ဤစာကိုပေါလု ရေးသားခြင်းဖြစ်ကြောင်း သတိပြုရန် လိုအပ်သည်။ လက်ထပ်ဆောင်နှင်းခြင်းကို ဂုဏ်ပြုရမည်ဟုလည်းပေါလုပြောပါသည်။ အသက်ငယ်သော အမျိုးသမီးများအိမ်ထောင်ပြု၍ သားသမီးမွေးဖွားရမည်ဟု တိမောတေကို တိုက်တွန်းသေးသည်။ ဤကျမ်းပိုဒ်များကိုရေးသားသောအချိန်၏ အခြေအနေကို နားလည်ပြီးအဓိပ္ပါယ်ကောက်ယူရမည်။

၂၁၀။ ကျွန်ုပ်၏ဝိညာဉ်ရေးရာကျဆင်းချိန်တွင် ဇနီးနှင့်ကွာရှင်းထားသောယောင်္ကျားကို လက်ထပ်မိပါသည်။ 

ယခုနောင်တနှင့်သခင် ဘုရားထံ သို့ကျွန်မလာပ်ပြီ။အပြစ်အတွက် ခွင့်လွှတ်ခြင်းရရန် ကျွန်မစိုးရိမ်ပါသည်။  ကျွန်မယောင်္ကျား၏ပထမဇနီး အသက်ရှင်သေးသောကြောင်း ခင်ပွန်းကိုထားခဲ့သင့်ပါသလား။

          ခရစ်ယာန်တစ်ယောက်ဖြစ်ပြီး သင်အမှားပြုလုပ်ခဲ့သောကြောင့်ဘုရားသခင်ကခွင့်လွှတ်သည်ဟု ယုံကြည်သော်လည်းတစ်ချိန်က အပြစ်အတွက်အဖိုးအခပေးရန် အလိုဆန္ဓရှိရပါမည်။အပြစ်၏အဘိုးအခဖြစ်သော သင်၏သြတပ္ပစိတ်က သင့်အားအပြစ်တင်ခြင်းကို အသက်တာတစ်လျှောက်လုံး ခံရမည်။ ယခုမည်သို့ပြုလုပ်ရမည်ကို ပြောပြရန် ခက်ခဲပါသည်။ ထိုကိစ္စရပ်အတွက် ဆက်လက်ဆုတောင်း    ရန်နှင့် ပြုလုပ်ခဲ့သည့်အမှားအပြင် ထပ်ဆင့်ပြီးအမှားတစ်ခုဆက်မလုပ်ရန် အကြံပေးလိုပါသည်။ ဤခက်ခဲသောပြသနာ၌ဘုရားသခင် ဉာဏ်ပညာနှင့်နားလည်သိတတ်ခြင်းပေးပြီး ဝိညာဉ်တော်က သင်ကိုလမ်းပြကာ ကိုယ်တော်၏ကောင်းချီးမင်္ဂလာသင့်အပေါ်ကျရောက်ပါစေ။

၂၁၁။ ကျွန်ုပ်သည် လင်မယားကွာရှင်းပြီးပြန်လည်အိမ်ထောင်ပြုသောသူတစ်ယောက်ဖြစ်ပါသည်။ကျွန်ုပ်၏အသင်းတော်တွင်တနင်္ဂနွေနေ့တိုင်း ကလေးများအား သွန်သင်ရာတွင် အသင်းတော်ထဲ၌ ဤအခွင့်အရေးအတွက် မေးမြန်းခြင်းခံရပါသည်။ဘုရားသခင်၏အလိုတော် အတိုင်းဖြစ်လိုပါသည်။

          သင်၏ကိစ္စရပ်ကို ကျွန်ုပ်မစီရင်နိုင်ပါ။ သို့သော်လည်း ခရစ်ယာန်များ၌လင်မယားကွာရှင်းခြင်းမဖြစ်သင့်ပါ။ ထိုသို့ဖြစ်သောအခါတွင် အပြစ်ဒဏ်ခံလိုသောဆန္ဒရှိရမည်။ လင်မယားကွာရှင်းခြင်းသည် ဘုရားသခင် အလိုတော်မဟုတ်ကြောင်း သင်သိသည်ဟု ကျွန်ုပ်ယုံကြည် ပါသည်။ သို့သော်လည်း သခင်ဘုရား၏အမူတော်လုပ်ငန်း၌ မပါဝင်သင့်ဟု ကျွန်ုပ်မမြင်ပါ။

၂၁၂။ကျွန်တော်သည် ခရစ်ယာန်ဖြစ်သည်။ လင်မယားကွဲပြီး ပြန်လည်လက်ထပ်ပါသည်။နှုတ်ကပတ်တော်ကိုလေ့လာခြင်း ဖြင့် လင်မယား ကွာရှင်းခြင်း၊ပြန်လည်လက်ထပ်ခြင်း၏အပြစ်ကို သဘောပေါက်လာပြီး ဤအမူကိစ္စနှင့်ကျွန်ုပ်၏အသက်တာအပေါ်ထိခိုက်မည်ကို စိုးရိမ်လာပါသည်။

             ကယ်တင်ခြင်းမရမီ လင်မယားကွာရှင်းခြင်းနှင့်ပြန်လည်လက်ထပ်ခြင်းကျူးလွန်ပါက အခြားသော အပြစ်များကဲ့သို့ ဘုရားသခင်က အသွေးတော်နှင့်သွန်းလောင်းပြီးကြောင်း ကျွန်ုပ်ယုံကြည်ထားပါသည်။ ထို့ကြောင့် ၎င်းအဖြစ်အပျက်ကိုသင်မေ့ပျောက်ပြီးသခင်ဘုရား၏ အစေကိုခံရာ၌ အကောင်းဆုံးဖြစ်ရန်ကြိုးစားသင့်သည်ဟု ကျွန်ုပ်ယုံကြည်သည်။

၂၁၃။ကာသိုလိပ်များနှင့်ပရိုတပ်စတင့်များအကြေား လက်ထပ်ခြင်းကို သင်မည်သို့မြင်ပါသနည်း။

             ပရိုတက်စတင့်များနှင့်ကာသိုလိပ်များ လက်ထပ်ထိမ်းမြားခြင်းကို အားပေးသင့်သည်ဟု ကျွန်ုပ်မယုံကြည်ပါ။ကာသိုလိပ် သို့မဟုတ် ပရိုတက်စတင့်လူတစ်ယောက်ယောက်သည် ဒုတိယမွေးခြင်းကို အမှန်တကယ် မခံမချင်းခရစ်ယာန်တစ်ယောက်အဖြစ် ယုံကြည်ရန် အခွင့်မရှိပါ။ သမ္မာတရားတစ်ချို့ကိုယုံကြည်ခြင်း သို့မဟုတ် ဘုရားကျောင်းတက်ခြင်းက လူတစ်ယောက်ကိုခရစ်ယာန်မဖြစ်စေပါ။ လူတစ်ယောက်သည်  ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံပြီးကိုယ်တိုင် ကယ်တင်ခြင်း အတွေ့အကြုံရှိရမည်။ ပရိုတက်စတင့် ခရစ်ယာန်အနေနှင့် ကာသိုလိပ် လူတစ်ယောက်အား ပေါင်းသင်းခြင်းဖြင့် ဘုရားသခင်၏ကောင်းချီးမင်္ဂလာခံစားရမည်ဟု ကျွန်ုပ်မယုံပါ။ နှစ်ပေါင်းများစွာအတွေ့အကြုံအရ သူတို့သည် အဆုံး၌ ဘေးအန္တရာယ်ဖြစ်စေပြီး အဆိုးဆုံးသောဝမ်းနည်းမူကို ဖြစ်စေသည်ဟု သွန်သင်ခဲ့ပါသည်။

COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: မင်္ဂလာဆောင်ခြင်း၊ကွာရှင်းပြတ်စဲခြင်းနှင့်ပြန်လည် ပေါင်းသင်းခြင်းး
မင်္ဂလာဆောင်ခြင်း၊ကွာရှင်းပြတ်စဲခြင်းနှင့်ပြန်လည် ပေါင်းသင်းခြင်းး
Shwe Canaan TV
https://www.shwecanaan.com/2020/10/blog-post_18.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2020/10/blog-post_18.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content