ကောင်းသောဘဏ္႑ာစိုး တစ်ဦးဖြစ်ရန်အတွက် အကြံပြုချက် (၇)ချက်

7 Tips to becoming a good Steward ခေါင်းဆောင်မှုဆိုင်ရာ ေ၀ငှချက်ဆောင်းပါး  သည်ကနေ့ ယုံကြည်သူ၊ အမှုတော်ဆောင် နှင့် ခေါင်းဆောင်များအတွက် အရေးအ...

7 Tips to becoming a good Steward
ခေါင်းဆောင်မှုဆိုင်ရာ ေ၀ငှချက်ဆောင်းပါး
 သည်ကနေ့ ယုံကြည်သူ၊ အမှုတော်ဆောင်
နှင့် ခေါင်းဆောင်များအတွက် အရေးအကြီး
ဆုံး မေးခွန်းတစ်ခုမှာ - “ကောင်သောဘဏ္႑ာ
စိုး တစ်ဦးဖြစ်ရန် မည်ကဲ့သို့ ပြုမူဆောင်ရွက်ရ
မည်နည်း” ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
ဟုတ်ကဲ့၊ သည်အရာနဲ့ပတ်သက်ပြီး နှုတ်က
ပတ်တော်ကို အခြေပြုထားသော အကြံပြုချက်
(၇)ချက်ကို ကျွန်တော်ေ၀ငှသွားပါမည်။

၁။ သင်သည် ပိုင်ရှင်မဟုတ်၊ ထိန်းသိမ်းစောင့်ရှောက်သူသာဖြစ်ကြောင်း သိမှတ်ပါ
    Know that you are not an original owner, just a custodian 
    “ထိုအခါ ထာ၀ရအရှင် ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူ၏” (ကမ်ဘာ၊ ၂း၁၅)။

    ဧဒင်ဥယျာဉ်၏ မူရင်းပိုင်ရှင် အစစ်အမှန်သည် ဘုရားသခင်သာဖြစ်ပြီး လူအာဒံသည် ထိန်းသိမ်းစောင့်ရှောက်သူသာဖြစ်ကြောင်း တွေ့ ရမည်။ သင်သည် အိမ်ထောင်ရှင်တစ်ဦး (သို့) ဘော်ဒါ ကျောင်းအုပ်၊ ကုမ္ပဏီမန်နေဂျာ၊ အစိုးရ ၀န်ထမ်း၊ စီးပွားရေးလုပ်ငန်းရှင်၊ ဓမ္မအမှုတော်ဆောင်တစ်ဦး စသည်ဖြင့် တစ်မျိုးမျိုးဖြစ်မည်။ မည်သည့်အလုပ်တာ၀န်ကို ထမ်းဆောင်ရသူ ဖြစ်ပါစေ၊ တစ်နေ့ ဘုရားသခင်ရှေ့ တွင် သင်လုပ်ဆောင်ခဲ့သည့် အရာအားလုံးအတွက် အစီရင်ခံရမည်ဖြစ်ကြောင်း သတိပြုပါ (၂ကော၊ ၂း၁၀)။ သင်၌ရှိသော သက်ရှိသက်မဲ့၊ မည်သည့်အရာကိုမျှ သင် မပိုင်ပါ။

 ၄င်းအရာအားလုံး၏ မူရင်းပိုင်ရှင်သည် သင်မဟုတ်၊ ဘုရားသခင်သာဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုအရာတစ်ခုစီအားဖြင့် ဘု၇ားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်အတွက် သင့်ကို ထိန်းသိမ်း စောင့်ရှောက်စေခြင်း (ဝါ) စီမံခန့်ခွဲစေခြင်းသာဖြစ်ကြောင်း ဆင်ခြင်သိမှတ်ပါ။

၂။ သမ္မာကျမ်းစာ၏ အခြေခံစည်းမျဉ်းများကို သင်ယူပြီး လိုက်နာကျင့်သုံးပါ။ 
    Learn and practice Biblical principles
    “ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်၊ ငါ့ပညတ်တို့ကို သင်၏နှလုံး စောင့်ရှောက်ပါစေ” (သုတ္တံ ၃း၁)။

    သင်သည် မိသားစုတစ်စု (သို့) လုပ်ငန်းတစ်ခု၊ အသင်းအဖွဲ့ တစ်ခုကို ဦးဆောင်ရသည့်အခါ သမ္မာကျမ်းစာနှင့် မကိုက်ညီသော နည်းစနစ်များ (သို့) လောကီစံသတ်မှတ်ချက်များအတိုင်း လုပ် ဆောင်ခြင်း မပြုမိဖို့ရန် သတိပြုရမည်။ သင်ဦးဆောင်ရသော ကဏ္႑တစ်ခုစီတိုင်းအတွက် သမ္မာ ကျမ်းစာ၏ အခြေခံစသည်းမျဉ်းများကို ရှာဖွေပါ။ မှတ်သားပါ။ ၄င်းတို့ကို လက်တွေ့ ကျင့်သုံးပါ။ လောကတွင် လူကြိုက်များနေသော နည်းစံနစ်များကို သမ္မာကျမ်းစာနှင့် တိုက်ဆိုင်စစ်ဆေးခြင်း မပြုဘဲ ပုံတူကူးချခြင်းမျိုး မပြုလုပ်ပါနှင့်။

၃။ စေတနာစိတ်ဖြင့် အကောင်းဆုံး လုပ်ဆောင်ပါ
     Do Your best with all your heart
    “လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက် သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော” (ကောလောသဲ ၃း၂၃)။

    အလုပ်တာ၀န်ကို ပုံမှန်လုပ်ဆောင်နေသော်လည်း စိတ်စေတနာမပါတာမျိုး ဖြစ်တတ်ပါသည်။ သည်အချက်နဲ့ပတ်သက်ပြီး ကျွန်တော် အမြဲခွန်အားရသည့် ပုဂ္ဂိုလ်ကတော့ ဓမ္မဟောင်းကျမ်းစာထဲက “ယောသပ်” ဖြစ်သည်။ သူသည် မည်သည့်နေရာ၊ မည်သည့်အလုပ်ကို လုပ်ရသည်ဖြစ်စေ၊ အကောင်း ဆုံး စေတနာဖြင့် လုပ်ပေးခဲ့ကြောင်း တွေ့ ရပါသည်။ ကျွန်တော်တို့လုပ်ရသည့် အလုပ်သည် မည်မျှပင် သေးငယ်ပါစေ၊ စိတ်စေတနာ (နှလုံးသား)ပါလျက် လုပ်ဆောင်ဖို့ လိုပါသည်။ ရှင်ပေါလု တိုက်တွန်း သကဲ့သို့ စိတ်စေတနာဖြင့် အကောင်းဆုံး၊ အပြောင်မြောက်ဆုံး လုပ်ဆောင်လိုက်ပါ။

၄။ သင် တာ၀န်ယူရသည့် လုပ်ငန်းကို ကြီးထွားတိုးတက်လာစေရန် စွမ်းဆောင်ပါ
Attempt to grow your ministry
    “ထိုသို့မရှိသော်လည်း သင်တို့အပေါ်သို့ သန့်ရှင်းသော ၀ိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့ မှစသော ယုဒပြည်၊ ရှမာရိပြည်နှင့် မြေကြီးစွန်း တိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏” (တမန်တော် ၁း၈)။

    သင်၌ အပ်ထားသော အရာအားလုံး ကြီးထွားတိုးတက်လာစေရန်အတွက် ဘုရားသခင် အလိုရှိပါသည်။ ယေရုရှလင်မြို့ ၌ စတင်ခဲသော သခင်ဘုရား၏ သာသနာသည် နှစ်အနည်းငယ် အတွင်းမှာပင် ယုဒပြည်၊ ရှမာရိပြည်နှင့် မြေကြီးစွန်းတိုင်အောင် ရောက်ရှိပျံ့ န့ှံခဲ့ပါသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားက မစကူညိပေးခဲ့ခြင်း ဖြစ်ပေသည်။ တိုးပွားများပြားသည်ဟု ဆိုရာ၀ယ် အရည်အသွေး (Quatity) ပိုင်းသာမက၊ အရေအတွက် (Quantity) ပိုင်းပါ ပါ၀င်ပေသည်။ ရှုပါရုံ ရှိိရုံဖြင့် မလုံလောက်ပါ။ ရှုပါရုံကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုသည့်အရာ (နည်းဗျူဟာ)ကို ရှာဖွေဖော်ထုတ်ရမည်။

၅။ သင်၌ ရှိသော အခွင့် အာဏာကို လုပ်ဖော်ဆောင်ဘက်များအား ခွဲေ၀ပေးအပ်ပါ
     Divide Your authority & Share it to co-workers
    “သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ ကြားရပြီးသော အရာတို့ကို သစ္စာနှင့်ပြည့်စုံ၍ သူတစ်ပါး တို့ကို သွန်သင်ခြင်းငှာ တတ်စွမ်းနိုင်သောသူတို့၌ အပ်ပေးလော့” (၂တိ၊ ၂း၂)။

    အရာအားလုံးကို လုပ်ဆောင်နိုင်သော Super Leader များဖြစ်ဖို့ ကျွန်တော်တို့ကို ရွေးကောက် ထားခြင်းမဟုတ်ပါ။ အရာခပ်သိမ်းကို တတ်သိကျွမ်းကျင်ဖို့ရန်လည်း မလိုအပ်ပါ။ မိမိစွမ်းဆောင်နိုင် သော ကဏ္႑ကိုသာ အကောင်းဆုံး လုပ်ဆောင်ပြီး အခြားကဏ္႑၊ တာ၀န်များကို တတ်စွမ်းနိုင်သော သူတို့အား ခွဲေ၀ပေးရမည်။ ကျွနု်ပ်တို့သာ ဘဏ္႑ာစိုးမဟုတ်ဘဲ ကျွနု်ပ်တို့၏ လုပ်ဖော်ဆောင်ဘက် များသည်လည်း ဘုရားသခင်၏ ဘဏ္႑ာစိုးဖြစ်သည်ကို သိမှတ်လျက် အခွင့်အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားခြင်း မပြုဘဲ ယုံကြည်စိတ်ချစွာ ခွဲေ၀အပ်နှင်းဖို့ရန်လည်း လိုအပ်ပါသည်။

၆။ သင်၏ ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ်၍ လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ပါ
     Avoid manipulation for your personal gain
    “ထိုမှတစ်ပါး ဘဏ္႑ာစိုးမည်သည်ကား သစ္စာရှိရမည်” (၁ကော၊ ၄း၂)

    သင်ရရှိထားသော နေရာ၊ သင်၌ရှိသော အခွင့်အာဏာသည် ဘုရားဘုန်းတော် ထင်ရှားရန်နှင့် သူတစ်ပါးအတွက် အကျိုးပြုရန် ပထမထားပြီး သင်နှင့် သင့်မိသားစု ကောင်ချီးခံစားရန်ကိုမူ နောက်၌ ထားရမည်။ သင်နှင့် သင့်မိသားစု ကောင်းစားရေးအတွက် အသင်းပိုင်၊ အဖွဲ့ ပိုင်ငွေများ၊ ပစ္စည်းဥစ္စာ များနှင့် ရာထူးများနှင့် မရိုးသားသောနည်းဖြင့် ကြိုးကိုင် ချယ်လှယ်ခြင်းမပြုလုပ်မိစေရန် သတိပြုရမည်။ မိမိပိုင် ငွေကြေးနှင့် အသင်းအဖွဲ့ ပိုင်ငွေကြေးကို သီးခြားသတ်မှတ်ထားရှိရမည်။ သင်လုပ်ဆောင်လေ သမျှတို့၌ သစ္စာရှိမှု၊ ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုတို့ ရှိရမည်။ တစ်ခါအလွဲသုံးစားမူကြောင့် တစ်သက် လုံးရရှိခဲ့သော နာမည်ကောင်းကို မဖျက်ဆီးစေရန် သတိဉာဏ်ပညာဖြင့် ပြုမူဆောင်ရွက်ရမည်။

၇။ နှိမ့်ချခြင်း တန်ဆာကို အမြဲဆင်ပါ
     Always clothe yourself with humility
“…အချင်းချင်း တစ်ယောက်အောက် တစ်ယောက် နှိမ့်ချလျှက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြ လော့။ အကြောင်းမူကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့် ချသောသူတို့အား ကျေးဇူးပြုတော်မူ၏” (၁ပေ၊ ၅း၅)။

    လူသည် အောင်မြင်လာသည့်အခါ မာနထောင်လွှားတတ်သော သဘောရှိ၏။ အမှန်စင်စစ် သင်သည် ဘုရားသခင်၏ အစေခံကျွန်တစ်ဦးသာဖြစ်ပြီး ယခုသင်ရှိနေသောနေရာ၊ သင့်လက်၌ရှိသော အခွင့်အာဏာ၊ သင်ပိုင်ဆိုင်သမျှအရာအားလုံး၊ သင်၏ အောင်မြင်မှုဂုဏ်သတင်း၊ သည်အရာတွေ အားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်ကြောင်း အစဉ်အောက်မေ့ပြီး ဘုရားကို ကျေးဇူးတင် ချီးမွမ်းဖို့သာ ဖြစ်သည်။ သင်၏ လုပ်ဖော်ဆောင်ဘကများအပေါ် မောက်မာစွာ ဆက်ဆံခြင်း၊ သင်သည် ၄င်းတို့ထက် သာလွန်မြင့်မြတ်ကြောင်း ပြောဆိုခြင်း၊ ပြုမူခြင်းကို ရှောင် ကြဉ်ပါ။

    ဖော်ပြခဲ့သည့် အချက်(၇)ချက်ကို သန့်ရှင်းသော ၀ိညာဉ်တော် ဘုရား၏ မစမှုဖြင့် သင်လိုက်နာ ဆောင်ရွက်နေသည်ဟု ဆိုလျှင် သင်သည် “ဘရားသခင်ဟ ဘဏ္႑ာစိုးကောင်းတစ်ဦး” အဖြစ် ဘုန်းတော်၊ နာမတော်ကို ထင်ရှားစေသူဖြစ်သည်ဟု ကျွန်တော် အသေအချာ ပြောနိုင်ပါသည်။




COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: ကောင်းသောဘဏ္႑ာစိုး တစ်ဦးဖြစ်ရန်အတွက် အကြံပြုချက် (၇)ချက်
ကောင်းသောဘဏ္႑ာစိုး တစ်ဦးဖြစ်ရန်အတွက် အကြံပြုချက် (၇)ချက်
Shwe Canaan TV
https://www.shwecanaan.com/2016/05/blog-post_29.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2016/05/blog-post_29.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content