မိခင်များနေ့

ယနေ့မျက်မှောက်ခောတ်တွင် ကမ်ဘာနှင့်အ၀ှမ်း  တစ်လေးတစ်စားဖြင့် ကျင်းပပြုလုပ်လေ့ရှိသော  မိခင်များနေ့သည် ဘာသာရေးသမိုင်းကြောင်း တွင်၄င်း ဘာသာရေးသွ...

ယနေ့မျက်မှောက်ခောတ်တွင် ကမ်ဘာနှင့်အ၀ှမ်း
 တစ်လေးတစ်စားဖြင့် ကျင်းပပြုလုပ်လေ့ရှိသော
 မိခင်များနေ့သည် ဘာသာရေးသမိုင်းကြောင်း
တွင်၄င်း ဘာသာရေးသွန်သင်ချက်များတွင်၄င်း
အခြေပြုအစတည်ခဲ့ခြင်းမဟုတ်ကြပါ။ မိခင်များ
အား လေးစားသမှုပြုလျှက် ဂုဏ်ပြုရန် သားသ
မီးတို့ စိတ်အတွင်း၀ယ် နက်ရှိုင်းစွာအမြစ်တွယ်
နေသော်လည်း အကောင်အထည်အနေဖြင့်
သမိုင်းတွင်မရှိခဲ့ပါ။ သို့သော်လည်း မိခင်အတွက်ဘ၀ကို
နှစ်မြှပ် ပုံအောနှစ်မြှပ်ပြီး၊ မိခင်အားအလေးပေးသည့် သမီးလိမ္မာတစ်ဦးသည် မိခင်မရှိတော့သည့် နောက်တွင် မိခင်အားလေးစား ချစ်မြတ်နိုးကြောင်း သက်သေ ပြုရန် အာသီသပြင်းပြသောစိတ်မှ ကမ်ဘာသုံးပြက္ခဒိန်တွင် နေရာတစ်ခုအခြေအမြစ်တည်ရန် အစပျိုးခဲ့ခြင်းဖြစ်သည်။

မိခင်များနေ့သမိုင်းကြောင်း
ကနဦးအသင်းတော်တွင် ဘာသာရေးတွင်စတင်ပြီး မိခင်များကို အမှတ်ရဂုဏ်ပြုခြင်းများ ရှိခဲ့သည်ဟု ဆိုကြသော်လည်း အများစုမှ အမေရိကန် ကျောင်းဆရာမ တစ်ဦးဖြစ်သည့် အန္နဂျာဗစ်မှ မေလဒုတိယအပါတ်တွင် မိခင်များနေ့ကို တရား၀င်အသိအမှတ်ပြုရန် စေ့ဆော်အစပြုခဲ့သည်ဟု လက်ခံ ယုံကြည်ထားကြသည်။

လူတိုင်း၏ဘ၀တွင် လုံး၀မမေ့နိုင်သောရက်များရှိကြပါသည်။ အချို့က ကြည်နူးစရာများဖြင့်ပြည့်နှက်နေသည့် နေ့တစ်နေ့ဖြစ်ကောင်း ဖြစ်မည်။ အချို့က အတိဒုက္ခဖြင့် ပြည့်နှက်နေသည့် နေ့တစ်နေ့ဖြစ်ကောင်းဖြစ်မည် စသည်ဖြင့့်သာ ကွာခြားနေပါလိမ့်မည်။ ထိုနေ့ရက်တို့သည် မေတ္တာတရားနှင့် ကျေးဇူးတရားကို အရင်းခံဖြစ်တည်လာပြီး စံပြုထိုက်သောသူများထဲမှ မိခင်တို့သည် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲအတားအဆီးများကြားထဲမှ မိခင်၏ ၀တ္တရားနှင့်အညီ သားသမီးများအပေါ် ကြီးမားသောမေတ္တာစိတ်ဖြင့် ပေးဆပ်ခဲ့ကြသည်။

အန္နဂျာဗစ်သည် ၁၈၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ မွေးချင်းညီအစ်မနှစ်ယောက်တွင် သမီးဦးလည်းဖြစ်သည်။ သမီးများအပေါ်တွင် လျှစ်လျူရှု တတ်သော ဖခင်ကြီးကြောင့် သူမသည်မိခင်နှင့်သာ၍ ရင်းနှီးခွင့်ရခဲ့သည်။ ခက်ခဲသည့်အခြေအနေတွင်မိခင်နှင့် အိမ်ကိုပစ်၍ အေ၀းသို့ထွက်မသွား နိုင်အောင် သူ့အတွက် မိခင်အပေါ်တွင် စာနာသနားမိသည်။ သို့သော် ထိုသို့သော အခြေအနေတွင် သူ့အပူမီးကို မိခင်ဖြစ်သူမသိရှိစေဘဲနှင့် ကြိတ်မှိတ်ခံစားကာ အတန်းပညာကို လေ့လာဆည်းပူးခြင်းဖြင့် အဆုံးတွင် ဆရာဖြစ်သင်တန်း ကို အောင်မြင်ခဲ့သည်။ ဆရာဖြစ်သင်တန်း အာင်မြင်ပြီးနောက် နေရပ်ဌာနေသို့ပြန်လာ၍ ဌာနေတွင် ကျောင်းဆရာမအဖြစ် လုပ်ကိုင်ခဲ့သည်။

အန္နဂျာဗစ်အကြောင်းကို အသေးစိပ်ကျွန်ုပ်တို့ မသိနိုင်သော်လည်း၊ သူမဘ၀တွင် ရုန်းကန်နေရခြင်း၊ မိခင်အပေါ်ထားရှိသည့် စာနာစိတ်ကြောင့် အိမ်ထောင်ရေးကိုပင် ဦးစားပေးခြင်းငှါ တွေးတောရန် အချိန်မပေးနိုင်ခဲ့သူဖြစ်ကြောင်း အစဉ်အလာများအရ သိရသည်။ ထိုမျှမက သူ့ဘ၀တွင် အိမ်ထောင်ပြုခြင်းမရှိဘဲ နောက်ဆုံးထွက်သက်အထိ အပျိုကြီးဘ၀ဖြင့် အရိုးထုတ်တော့မည်ဟု ခိုင်မာသည့် သန္နိဌာန်ကိုလည်း ချမှတ်ခဲ့သည်။

အသက် ၃၈ နှစ်သို့ ရောက်သောအခါတွင် သူ့ဖခင်ဆုံးပါးသွားခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် ဖခင်ဆုံးပါးသွားပြီးနောက် အန္နဂျာဗစ်တို့သည် အရပ် တစ်ပါးသို့ပြောင်းရွှေ့ခဲ့ကြရပြီး၊ မေလ၊ ၉ရက်၊ ၁၉၀၅ ခုနှစ်တွင် မိခင်ကြီးဆုံးပါးသွားခဲ့သည့်အတွက် သူ့အတွက် သောကပူဆွေးခြင်းများနှင့်အတူ ဖြေမ ဆည်နိုင်ဖြစ်ခဲ့သည်။ မိခင်ကြီးအတွက် အကောင်းဆုံးကျေွးမွေး၊ ထောက်မကာ သမီး၀တ္တရားကျေပွန်ခဲ့သော်လည်း ဆန္ဒရှိသလောက် မိခင်အပေါ်တွင် ကောင်းစွာ တာ၀န်ကျေပွန်ခဲ့သော သမီးမဟုတ်ခဲ့ခြင်းများအတွက် ယူကျူံးမရဖြစ်ခဲ့သည်။

အန္နဂျာဗစ်သည် ရက်သတ္တပါတ်ပေါင်းများစွာ မိခင်ဆုံးပါးမှုအတွက် ယူကျူံးမရ တစ်ကိုယ်တည်းနေထိုင်ခဲ့သည်။ မိမိကိုယ်ကိုမိမိလည်း မဖြေသိမ့် နိုင်၊ အပြစ်တင်ခံစားမှုများနှင့်အတူ အထီးကျန်စွာနေထိုင်ခဲ့သည်။ ပြန်ဖြစ်မလာနိုင်တော့သော်လည်း မိခင်ကြီးနှင့်အတူ ကုန်ဆုံးခဲ့သော နေ့ရက်များကို ပြန်လည်အမှတ်ရ အောက်မေ့နေခဲ့သည်။

နေ့ကိုရက်စား၊ ရက်ကိုလစားဖြစ်လာသည့်တိုင်၊ သူ့အနေဖြင့် ခံစားနေမြဲဖြစ်သည်။ မိခင်ကြီးဆုံးပါးသွားသည့်နောက် နှစ်နှစ်မြောက်သော အခါတွင် အန္နဂျာဗစ်စိတ်တွင် အတွေးတစ်ခုရရှိလာခဲ့သည်။ ၁၉၀၇ ခုနှစ်၊ မေ၊ ဒုတိယပါတ်သည် မိခင်ကြီးဆုံးပါးခြင်းအတွက် နှစ်နှစ်ပြည့်ဖြစ်နေသည်။ ထို့အတွက် အပေါင်းအသင်းများကို သူ့စိတ်ကူးကို မျှေ၀ခြင်းဖြင့် ' မိခင်များနေ့ ' ကိုအစပြုရာမှ နှစ်စဉ် တစ်ကမ်ဘာလုံး မိခင်များကိုဂုဏ်ပြုရာနေ့ စတင်ခဲ့ သည်။

 အပေါင်းအသင်းများကလည်း သူ့ဆန္ဒကို သဘောတူလက်ခံကြပြီး၊ အတူအကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော်ကြရန် ဆုံးဖြတ် သဘောတူခဲ့ကြသည်။ ထိုစိတ်ကူးအား ဖခင်များနှင့် ကလေး၊ လူကြီးများပါမကျန် နှစ်ထောင်းအားရ ၀မ်းမြောက်ခဲ့ကြရသည်။

ထို့နောက်အန္နဂျာဗစ်သည် ငွေကြေးအားဖြင့် ကူညီပေးမည်ဟု ဆိုခဲ့သော မိတ်ဆွေကုန်သည် ဂျွန်၀ဏ္ဏမိက္ကာအား သွားရောက်ကာတွေ့ဆုံ ခဲ့သည်။ ထိုနှစ်တွင် မိခင်ဖြစ်သူ အနှစ်နှစ်ဆယ်လုံးလုံး သင်ကြားပေးခဲ့သော မက်သဒစ် အသင်းတော်ရှိ ကလေးဥပုဒ်စာဖြေဌာနသို့ သူ့စိတ်ကူးအား ရေးသားပေးပို့ခဲ့သည်။ ' မိခင်ဖြစ်သူအား ဂုဏ်ပြုခြင်း သက်သက်သာမဟုတ်၊ မိခင်များအား ဂုဏ်ပြုရာလည်းမည်ပါသည် ' ဟူသောစကားချပ်ကိုလည်း ထည့်သွင်းပေးပို့ခဲ့သည်။

ပထမဦးဆုံးမိခင်များနေ့ကျင်းပခြင်း
ပေးစာအားဖြင့် ဥပုဒ်စာဖြေဌာနမှလည်း လွန်စွာနှစ်ထောင်းအားရဖြစ်ကာ လက်ခံခဲ့ပြီး၊ ၁၉၀၈ ခုနှစ်၊ မေ၊ ဒုတိယအပါတ်တွင် မိခင်များနေ့အဖြစ် ကလေးပေါင်း ၄၀၀ ဖြင့်မိခင်များအား အောင်မြင်စွာဂုဏ်ပြုခဲ့ကြသည်။ ထိုနေ့၌ သင်းအုပ်ဆရာမှလည်း ရှင်ယောဟန်၊ ၁၉း ၂၆-၂၇ ကိုအခြေပြုကာ မိခင် များအကြောင်းကို ဟောပြောခဲ့သည်။ ၀တ်ပြုကိုးကွယ်ခြင်းပြီးဆုံးသော အခါတွင် အန္နသည် အသင်းတော်ရှိမိခင်များအား လက်ဆောင်များကို ကလေး များနှင့် အတူပေးကာ သူ့မိခင်နှစ်သက်သော ဇော်မွှားပန်းကိုပေးခဲ့သည်။ ထိုဓလေ့သည် ယနေ့တိုင်အောင် မိခင်များနေ့တွင် ဇော်မွှားပန်းက သက်သေပြု နေပါသည်။

ဇော်မွှားပန်းသည် ညိုးနွမ်းသွားသည့်တိုင် ပုံမပျက်လှပနေခြင်းက အရွယ်မည်သို့ပင်ပြောင်းပြောင်း သားသမီးများအတွက် တည်ကြည်တည်မြဲခြင်း ရှိနေသော မိခင်မေတ္တာကို ကိုယ်စားပြုခြင်းအသွင်ကို ဖော်ကျူးခဲ့သည်။

မေလ၊ ဒုတိယအပတ်ကို မိခင်များနေ့အဖြစ် ဂုဏ်ပြုခြင်းတွင် အောင်မြင်စွာ ပြုလုပ်ခဲ့သည့်တိုင်၊ အန္နသည် ထိုမျှနှင့် မကျေနပ်နိုင်ခဲ့၊ မိခင်များနေ့ ကို အသင်းတော်တွင်သာမက တကမ်ဘာလုံးတွင် ရှိနေစေချင်သည်။ ပြုလုပ်ကျင်းပစေချင်သည်။ ထို့အတွက်ကြောင့်လည်း မိခင်များနေ့ကို တစ်ကမ်ဘာလုံး အတိုင်းအတာဖြင့် ပြုလုပ်နိုင်ရန် ပေးစာပေါင်း ၁၀၀၀၀ တိတိကို အမေရိကန်တစ်နှံတစ်လျား ရေးသားပေးပို့ခဲ့သည်။

အန္နသည် အစိုးရမင်းများ၊ လွှတ်တော်အမတ်များ၊ သတင်းနှင့် စာနယ်ဇင်းမှ အယ်ဒီတာများ၊ အရပ်ဖက်များ၊ လုပ်ငန်းရှင်များ၊ အမှုတော်ဆောင် များစသည်ဖြင့် အတတ်နို်င်ဆုံး လက်လှမ်းမှီသမျှ မိခင်များနေ့ ဖြစ်မြောက်ရေးကို ရင်ဖွင့်တိုင်ပင် ပြောဆိုလေ့ရှိသည်။ ထိုသို့ပြုခဲ့ခြင်းတို့သည် အချည်းနှီး မဖြစ်ခဲ့။ ထို့အတွက်ကြောင့်လည်း လူတိုင်းနှလုံးသားတွင် အမြစ်စွဲသွားပြီး ဖြစ်သည့်အတွက် သတင်း၊ ဂျာနယ်၊ မဂ္ဂဇင်း၊ တရားပလ္လင်၊ ဟောပြောပွဲ၊ စင်မြင့်တို့တွင် သူ့ကိုယ်စား မိခင်များနေ့ကို ရေးသားဟောပြော ဖေါ်ပြလာခဲ့ကြသည်။

မိခင်များနေ့သည် တရား၀င်မဟုတ်သည့်တိုင်အောင် မြု့ိရွာ၊ ဇနပုဒ်၊ " လှည်းနေလှေအောင် မြင်းစောင်းမကျန် " ကျင်းပခဲ့ကြသည်။ အန္နဂျာဗစ်၏ ကြိုးစားအားထုတ်မှုအရ နောက်ဆုံးတွင် အမေရိကန်ဆီးနိတ်လွှတ်တော်မှ မေလ၊ ဒုတိယအပါတ်ကို မိခင်များနေ့အဖြစ် သမ္မတကြီး ၀ုဒ်ရိုး၀ီလ်ဆန်မှ ၁၉၁၄ ခုနှစ်၊ မေလ ၈ရက်နေ့တွင် မေလ၊ ဒုတိယပါတ်ကို မိခင်များနေ့အဖြစ် ကျင်းပကြရန် လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့သည်။ အမေရိကန် သမ္မတ၏ အတည်ပြုချက်ရပြီးနောက် နိုင်ငံတိုင်းအားလုံးနီးပါးက မိခင်များနေ့ကို ကျင်းပခဲ့ကြသည်။

လက်ရှိအချိန်တွင် အမေရိကန်၌ မိခင်များနေ့အတွက် သန်းပေါင်းများစွာသော ဇော်မွှားပန်းများ၀ယ်ယူခြင်း၊ မိခင်များနေ့ကဒ်များကို ၀ယ်ယူခြင်း သည်အခြားသော ပွဲလမ်းသဘင်များထက် အမြင့်ဆုံးသောစံချိန်တွင် ရှိနေပါသည်။ မိခင်များနေ့ကို သမိုင်းစာမျက်နှာတွင် တင့်တယ်စွာတင်ပေးခဲ့သော အန္နသည် မိခင်များအတွက် လှပစွာရေးချယ်ခဲ့သော်လည်း သူ့ဘ၀နေ၀င်ရီအချိန်ကား မလှပခဲ့ပါ။

စီးပွားရေးလုပ်ငန်းရှင်များက မိခင်များနေ့ကို အကြောင်းပြုပြီး အမြတ်ထုတ်မှုကို တရားရင်ဆိုင်ကြရာ တရာရုံးတွင်ရံှုးနိမ့်ခဲ့ပြီး၊ အိမ်ယာပင်လက် လွတ်ခဲ့ရသည်။ ထိုမျှမက ညီမဖြစ်သူ အယ်စီနိုသည် ကျန်းမာရေးမကောင်းရာမှ၊ အမြင်ကွယ်ခဲ့ရသဖြင့် မိခင်ကြီးမရှိသည့်နောက်ပိုင်းတွင် မိခင်ကြီးကိုယ် စား ညီမငယ်ကို ကြည့်ရှုပြုစုခြင်းဖြင့် သူ့နောက်ဆုံးဘ၀ကို ပေးဆပ်ခြင်းဖြင့် အသက်ရှင်နေထိုင်ခဲ့သည်။

ညီမဆုံးသွားသည့်နောက်တွင် အန္နသည် လွန်စွာအခက်တွေ့ပြီး၊ အထီးကျန်ဆန်ခဲ့သည်။ မိမိဘ၀တွင် တစ်ပါးသူကိုအပူမပေးလိုသော်လည်း အန္န ၏ နောက်ဆုံးကျန်ရှိခဲ့သော လေးနှစ်တာကာလသည် လူထု၏ စောင့်မကြည့်ရှုမှုကို လက်ခံနေထိုင်ခဲ့ရသည်။

အန္နအဖြစ်ကို သိရှိသွားကြသော သူငယ်ချင်းမိတ်ဆွေများက သနားကရုဏာသက်ကာ သူ့နောက်ဆုံးအချိန်ကာလတွင် လိုလေသေးမရှိအောင် အစစရာရာ ထောက်မကူညီပေးခဲ့ကြသည်။ ကျန်းမာရေးလည်း သိသိသာသာ ဆိုးဝါးလာရာမှ အကြားအာရုံကင်းမဲ့လာပြီး၊ အမြင်အာရုံလည်း မြင်သည်ဆိုရုံမျှသာ ဖြစ်လာခဲ့သည်။ လောကတွင် ကျေးဇူးရှင်ဖြစ်သော မိခင်ကို တစ်ကမ်ဘာလုံး အတူတကွ ကြည်နူးစွာဖြင့် ဂုဏ်ပြုကြရန်၊ မိခင်မေတ္တာ တရားကို ဖေါ်ကျူးနိုင်ရန် အပျော်များကို ယူဆောင်လာပေးခဲ့သော အန္နသည် ကိုယ်ကျိုးမငဲ့ရှာဘဲ အသက်ရှင်နေထိုင်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် အသက် ၈၄နှစ်မျှ အသက်ရှင်ခဲ့ရသည်။

ကျွနု်ပ်တို့ဖြစ်စေချင်သည့်အတိုင်း အန္နသည် ဘ၀နိဂုံးအဆုံးသတ် မလှခဲ့နိုင်ရှာသော်လည်း မိခင်အတွက် ဘ၀ကိုအနစ်နာခံခဲ့သူ၊ တစ်ကမ်ဘာလုံးရှိ မိခင်များကို ဂုဏ်ပြုရန် လမ်းဖွင့်စွမ်းဆောင်ပေးခဲ့သော အန္နအား ကျေးဇူးတင်ရပေမည်။ ထို့ကြောင့် မိခင်ကိုပေးသော ဘုရားသခင်နှင့် မိခင်များနေ့ကို ဖြစ်ပေါ်စေရန် စွမ်းဆောင်ခဲ့သော အန္နအား အမှန်တကယ် ကျေးဇူးတင်ပါက မိခင်၏ ကျေးဇူးတရားကို စိတ်တွင်သာမဟုတ် လက်တွေ့ ကျေးဇူးတင် ကြောင်းပြသရန် တကမ်ဘာလုံးက အညီအညွတ် ထောက်ခံနေပါသည်။

COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: မိခင်များနေ့
မိခင်များနေ့
Shwe Canaan TV
https://www.shwecanaan.com/2016/05/blog-post.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2016/05/blog-post.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content