ဧဝံဂေလိဟောပြောခြင်းနှင့် ဆုတောင်းပေးခြင်း

သေလွန်ပြီးသောသူများနှင့်ပတ်သက်၍ သမ္မာ  ကျမ်းမြတ်ကမည်သို့သွန်သင်ပါသနည်း။ သေ လွန်ပြီးသူများအတွက် အသက်ရှင်လျက်ရှိသော  ကျွနု်ပ်တို့ကမည်သည့် အမှု...

သေလွန်ပြီးသောသူများနှင့်ပတ်သက်၍ သမ္မာ
 ကျမ်းမြတ်ကမည်သို့သွန်သင်ပါသနည်း။ သေ
လွန်ပြီးသူများအတွက် အသက်ရှင်လျက်ရှိသော
 ကျွနု်ပ်တို့ကမည်သည့် အမှုပြုပေးနိုင်ပါသနည်း။
 (ဟေ၊၉း၂၇)တွင် လူသည်တစ်ခါတည်းသေ၍
ထိုနောက်မှ တရားစီ၇င်တော်မူခြင်းကိုခံရကြောင်း
 သွန်သင်ထားသည်ဖြစ်၍ သေလွန်ပြီးသူများအ
တွက်ဆုတောင်းခြင်းအမှုကို အကြောင်းပြု၍ အ
သက်ရှင်လျက်ရှိသူများအနေဖြင့် တမလွန်အတွက်သတိပြုဆင်ခြင်ပြီး အသက်တာကို
ဘုရားသခင်၏ အလိုတော်နှင့်အညီ ပြင်ဆင်နိုင်ဖို့သာ ကျွနု်ပ်တို့ပြုနိုင်ပါသည်။

ယုံကြည်ခြင်းအားဖြင့်သေလွန်သူ
အသက်ရှင်ထင်ရှားရှိစဉ် သခင်ယေရှုကိုမိမိ၏ကယ်တင်ရှင်အဖြစ်ယုံကြည်သူတိုင်းသည် ထာဝရဘုရားကိုရရှိသည် ဖြစ်၍ သေလွန်သွားသောအခါ အပါယ်ငရဲ၌အပြစ်စီရင်ခြင်းမခံရတော့ပါ။ သခင်ယေရှုသည်ကား တိုင်၌ ကျွနု်ပ်တို့ ကိုယ်စားအပြစ်တရား၏ အခကိုဆပ်ပေးပြီးဖြစ်သောကြောင့်မက ဘုရားသခင်၏သားသမီးဖြစ်ခွင့်ရရှိပြီးသူများဖြစ်ကြသည်။ သို့ဖြစ်ပါ၍ သူတို့သေလွန်သွား သည့်အခါ သူတို့၏ဝိညာဉ်များသည်သံသရာလည်စရာအကြောင်းမရှိတော့ပါ။

ခရစ်တော်ကိုယုံကြည်ပြီး သေလွန်သွားသူများအား ခရစ်တော်၌အိပ်ပျော်သည်ဟု ကျွနု်ပ်တို့ဆိုလေ့ရှိကြသည်။ အကြောင်းမှာ အိပ်ပျော်သောသူသည် တဖန်နိုးထလာဦးမည်ဖြစ်သကဲ့သို့ ခရစ်တော်၌အိပ်ပျော်ပြီးသူများသည်လည်း ထိုသခင် တစ်ဖန်ပြန်ကြွလာသောအခါ သေခြင်းမှတစ်ဖန်ထမြောက်လာကြဦးမည်ဖြစ်ကြောင်း မျှော်လင့်လျက်ကျေးဇူးတော်ကိုချီးမွမ်းပြီး ဝမ်းမြောက်နေကြဖို့ရန်သာဖြစ်ပါသည်။

ကြီးလေးသော တာဝန်
ခရစ်တော်ကိုယုံကြည်သောသူတို့သည် သေလွန်ပြီးနောက်တမလွန်တွင် ခံစားရမည့်အချက်နှင့် ဘုန်းစည်းစိမ်သည် မည်မျှ ကြီးကြောင်း ကျွနု်ပ်တို့ယုံကြည်သူများသိနားလည်ကြပါသည်။ ထို့နည်းတူ ခရစ်တော်ကိုမယုံကြည်ရသေး သူများ၏တမလွန်ဘဝ ရေးမှာစိတ်လေးစရာဖြစ်သကဲ့သို့ အပြစ်တရာကြောင့် ‚င်းတို့ခံစားရမည့်ကံကြမ္မာဆိုးကို ကျွနု်ပ်တို့သိကြသည်ဖြစ်၍ ထိုသူများ အတွက် ကျွနု်ပ်တို့မည်မျှဆုတောင်းပေးသင့်ကြောင်း သတိပြုဆင်ခြင်သင့်ပေသည်။ ကျွနု်ပ်တို့၏ ချစ်လှစွာသောခင်ပွန်း၊ ဇနီးနှင့် သားသမီးများအပြင် ဆွေမျိုးမိတ်သင်္ဂဟအားလုံး အတွက်ဆုတောင်းပေးရန်မှာ ကျွနု်ပ်တို့၏ တာဝန်ပင်ဖြစ်ပေသည်။ ထိုမျှမက ကျွနု်ပ်တို့၏ ရန်သူပင်ဖြစ်လင့်ကစား ခရစ်တော်ကိုမရရှိဘဲသေလွန်သွားပါက ၄င်းတို့ခံစားရမည့်ကံကြမ္မာဆိုးကို စဉ်းစားမိလေလေ ထိုသူတို့အတွက် မေတ္တာစိတ်နှင့် ဆုတောင်းပေးဖို့ မည်မျှအရေးကြီးကြောင့် ကျွနု်ပ်တို့သတိပြုမိလေလေဖြစ်ကြပေလိမ့်မည်။

ယုံကြည်သူတို့၏သက်သေ
စစ်မှန်သောယုံကြည်သူတစ်ဦးသည် အသက်တာ၌ကိုယ်တော်အသက်ရှင်ကြောင်း အတွေ့အကြုံအားဖြင့် ခံစားသိရှိ ထားသူဖြစ်သည်။ ဤအတွေ့အကြုံနှင့်သက်သေသည် လွန်စွာအရေးကြီးပါသည်။ မိတ်ဆွေ၏၏၏ သင်သည်ခရစ်ယာန် တစ်ဦးအနေဖြင့် ကြာမြင့်စွာအသက်ရှင်ခဲ့ပြီးသော်လည်း၊ ထိုသက်သေနှင့်အတွေ့အကြုံကို မခံစားမသိရှိရသေးပါက ကိုယ်တော့်ထံမှ သက်သေပေး ပါမည့်အကြောင်း နာမတော်၌ဆုတောင်းနိုင်ပါသည်။

သို့ပြုပါက ကိုယ်တော်အသက်ရှင် ကြောင်းကို နှုတ်ကပတ်တော်ပြောပြချက် အရသာလျှင်မဟုတ်၊ မိမိတောင်းသည့်ဆုအဖြေရခြင်းကိုယ်တွေ့သက်သေရကာ အတွင်းစိတ်ချမှုကိုခံစားရပေမည်။ ကိုယ်တော်ကို ကျွနု်ပ်တို့ယုံကြည်စိတ်ချနိုင်ခြင်းသည် ကိုယ်တော်အလင်းပေးဖွင့်ပြ၍ နားလည်စေခြင်းကြောင့်ဖြစ်သည်။ တမန်တော်ကြီးရှင်ပေတရု က ယုံကြည်သူ၌ထာဝရမျိုးစေ့တည်ကြောင်းပြောပါသည်။ ထိုမျိုးစေ့အားဖြင့် ဖြစ်ပွားသောသူသည် သဘာဝသစ်ကိုရရှိသူဖြစ်ရုံမက အသက်တာသက်သေနှင့် ရှင်သန်နေသူလည်း ဖြစ်ပေသည်။ (၁ပေ၊ ၁း၂၂-၂၃)

ကိုယ်နှင့်စပ်ဆိုင်သောသူ
အထက်တွင် ဖေါ်ပြခဲ့သည့်အသက်တာသစ်ကိုခံစားရရှိပြီးသောသူတိုင်းတို့သည် မိမိတို့ခံစား ရသောအာမခံချက်ကို အခြားသူများခံစားစေဖို့ရန်အတွက် ဝေငှပြောပြလိုသောဆန္ဒရှိကြသည်။ ဘုရားသခင်ကလည်း ထိုသို့အလိုတော်ရှိသည်ဖြစ်၍ ဝမ်းမြောက်ဖွယ်ဧဝံဂေလိ သတင်းစကားကိုမြေတပြင်းလုံး အနှံ့ဟောပြောရန်မိန့်တော်မူခဲ့ပါသည်။ ထိုသို့ဟောပြောရာတွင် မိမိတို့အိမ်သူအိမ်သားများကို ဦးစားထားအစပြုရမည်ဖြစ်သည်။ ထိုမှထပ်ဆင့်၍ မိမိအိမ်နီးချင်း၊ မိမိလူမျိုးနှင့်၊ နောက်ဆုံးတွင် မြေတပြင်လုံးအနံ့ှ ဧဝံဂေလိတရားကိုယူဆောင်သွားရမည်ဖြစ်သည် (မဿဲ၊၁ဝး၅-၇)(မာ၊၁၆းဿ-၁၆)။

အချို့သောသူများသည် မိမိ၏ဇနီး၊ ခင်ပွန်းနှင့် အိမ်သူအိမ်သားများကိုလစ်လျူရှုထား၍ အဝေးသို့သွားရောက် သာသနာ ပြုကြသည်။ ဘုရားသခင်၏ အလိုတော်မှာ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ဖို့”ဖြစ်သည့်အတိုင်း ကျွနု်ပ်တို့နှင့် စပ်ဆိုင်သည့်အနီးဆုံးသောသူသည် ကျွနု်ပ်တို့၏အိမ်သူအိမ်သားများပင်ဖြစ်သည်။ ထိုပြင် ဧဝံဂေလိတရားဟောပြောရာတွင် ထိုသူများအတွက် ခရစ်တော်ကိုမရရှိပါက တမလွန်၌ခံစားရမည့်ကံကြမ္မာဆိုးအားမြင်၍ မေတ္တာစိတ်နှင့်ပြောပြဖို့လိုပါသည်။ မေတ္တာမပါဘဲ တာဝန်အရသာဟောပြောဝေငှမှုသည် ထိရောက်အောင်မြင်မှုရှိ နိုင်မည် မဟုတ်ပေ။

အလင်း၏သားကဲ့သို့
ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သလို လောကတစ်ခုလုံးသည် ဒုစရိုက်အမှောင်ဖုံးနေသောအချိန်လည်း ဖြစ်သည်။ လောကသားများသည် မှောင်မိုက်၏အကျင့်တည်းဟူသော ယစ်မျိုးသောက်ကျူးခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးမေတ္တာတရား၊ အကြင်နာတရား ကင်းမဲ့ကာအသက်ရှင် နေကြသောအချိန်ဖြစ်သည်။

 ဘုရားသခင်သည် အလင်းဖြစ်တေ်ာမူသကဲ့သို့ ကျွနု်ပ်တို့အသီးသီး သည်လည်း အလင်း၏သားများ ပီပီ မေတ္တာတရား၏ရှေ့ထားကာမှောင်မိုက်၏အကျင့်တို့ကိုပယ်၍ ဖြောင့်မတ်ခြင်း သစ္စာစောင့်ခြင်းနှင့်တကွ အသက်ရှင်ကြမည်ဆို ပါက ဒုစရိုက်အမှောင်ဖုံးလျက်ရှိသောလောကကြီးထဲတွင် ဘုရားရှင၏ ဘုန်းတော်ထင်ရှားကာ မှောင်မိုက်၌ကျင်လည်နေကြသော လောကီသားများသည် အလင်းတရား၏အကျိုးကို ကျွနု်ပ်တို့ အားဖြင့် သိမြငလာကာ အလင်းရှင်ထံတော်သို့ပြောင်း လဲလာမည် ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက် ရပါသည်။

 Dr.တင်မောင်ထွန်း-တရားဒေသနာ

COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: ဧဝံဂေလိဟောပြောခြင်းနှင့် ဆုတောင်းပေးခြင်း
ဧဝံဂေလိဟောပြောခြင်းနှင့် ဆုတောင်းပေးခြင်း
Shwe Canaan TV
https://www.shwecanaan.com/2016/04/blog-post_18.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2016/04/blog-post_18.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content