ယေရှုခရစ်၏ လောကကို အောင်နည်း အပိုင်း(၁)

        ခရစ်တော်ယေရှုနှင့် တပည့်တော်တို့ကို ကြည့် လျှင် သူတို့၌ ထူးခြားစွာ တက်ြွကလျက်ရှိကြောင်း တွေ့ရမည်။ သူတို့ဟောပြောချက်များသည်လည်း ရိုးသ...

        ခရစ်တော်ယေရှုနှင့် တပည့်တော်တို့ကို ကြည့် လျှင် သူတို့၌ ထူးခြားစွာ
တက်ြွကလျက်ရှိကြောင်း တွေ့ရမည်။ သူတို့ဟောပြောချက်များသည်လည်း
ရိုးသားပွင့်လင်စွာ ဟောပြောကြသည်။ ဆင်းရဲဒုက္ခနှင့် ပတ်သက်၍ စကားတန်ဆာဆင်၍
လှည့်ပတ်ရှောင် ရှားလျက် ဟောပြောခြင်းမရှိ၊ ဧဝံဂေလိတရားကို
အတည့်အလင်းဟောပြောကြသည်။ ဒုက္ခဆင်းရဲခြင်း မရွိဟု မျက်စိမှိတ်၍
ရှောင်ရှားခြင်းမပြု၊ ကျွနု်ပ်တို့သည် ဘုရားသခင်နှင့်
သဘာဝတစ်ခုတည်းဖြစ်ကြောင့် ဆင်းရဲဒုက္ခရောဂါဝေဒနာမရှိနိုင်ဟူသော အယူဝါဒ
ကဲ့သို့ ဝါြွကားမောက်မော်ခြင်းမရှိ၊ ဖြစ်သမျှသည် ဘုရားအလိုတော်ဖြစ်၍
ခေါင်းငုံ့၍သာခံမည်ဟူ၍ လည်း မသွန်သင်။ ငါ မဟုတ်ဟူသော အနတ္တသက် သက်
အယူအဆကြောင့် ဘဝကို ပယ်ဖြတ်ရမည်ဟု မေဟာ။ ဉာဏစက္ခုကြည်လင်စွာဖြင့်
ဘဝကိုရဲရဲကြီး မျက်နှာမူလျက် ဘဝ၏ ဆင်းရဲဒုက္ခကိုပင် ဆုတ်ကိုင် လျက်
အောင်မြင်ခြင်းရောက်သည်တိုင်အောင် အသုံး ချရမည်ဟု သင်ကြားလေသည်။
        ဤေနရာ၌ အောင်မြင်သော အသက္တာ၊ အောင်မြင်သော ခွန်အားနှင့် မထင်ရှားသော
ဘာသာ ဝါဒဟူသမွ်မွာ ပျောက်ကွယ်သွားကြလိမ့်မည်။ အ ကြောင်းမူကား
အသိမ်ဖျင်းဆုံး၊ အယုတ်ညံ့ဆုံး၊ အ သေးငယ်ဆုံးသော ပိုးမွှားတိရစၦာန်မှစ၍
အမြင့်မြတ် ဆုံးသော သူတော်စင် ပုဂ္ဂိုလ်များအထိ သက်ရှိ သတ္တဝါ
အပေါင်းတို့မှာသာ၍ ပြည့်စုံြွကယ်ဝသော အသက် ချမ်းသာကို
ကြိုးပမ်းရှာဖွေလျက်ရှိသောကြောင့်တည်း။
        ဤသို့ တစ်နေ့တစ်ခြားမြင့်ရာသို့ တိုးတက်ခြင်း တရားကိုယ်ပယ်၍
ဆိုးယုတ်ပျက်စီးခြင်းကို၄င်း၊ ဘေး ရန္ကို ရင်မဆိုင်၊ မတိုက်ဘဲ၊ ဘဝ၏
ဆင်းရဲကို ရှောင် ခွာခြင်းကို၄င်း၊ အစရှိသည့် အယူဝါဒဟူသမွ်မွာ
ပျက်စီးပပျောက်ရန်သာ ရှိလေသည်။ မပပျောက်သေး လျှင် တိမ်ကောမည်ဆဲဆဲ
မေ့ဆေးသဖွယ် ခေတ္တခဏ သက်သာစေသော ဆေးသာဖြစ်လေသည်။
        သို့ရာတွင် သခင်ယေရှုပေးတော်မူသော ဩဝါ ဒကို ဘာသာတရား၌ ထား၍မရ။
အဘယ့်ကြောင့် ဆိုသော ခရစ်တော်၏ တရားသည် တရားသက်သက် မဟုတ် တရားထဲ၌
အသက်ပါသတည်း။ ထို့ကြောင့် ခရစ်တော်၏ တရားသည် ချုပ်ခြင်း၊
ကင်းငြိမ်းခြင်းသ ဘောနှင့် ကွာခြားလှ၏။ ဘဝ၏ စွဲလန်းသော ဆန္ဒကို
ပယ်ဖျောက်ရန် ကိုယ်တော်မိန့်တော်မူသည်မဟုတ်။ ကိုယ်တော်၏ အလိုတော်ကား ဘဝ၏
အမြင့်မြတ်ဆုံး သော အခြေ၌ အသက်ရှင်ကြရန်ဖြစ်သည်။
        ဘဝကို ရွံ့ရှာစပ်ဆုပ်သည့် ဘာသာတရားမျိုး ကား မည်သည်နှင့်တူသည်ကို
ဥပမာကြည့်ကြကုန်အံ့။ တစ်ခါက အလုပ်သမားတစ်ယောက်သည် အြွေကး တင်နေသောကြောင့်
စိတ်ညစ်ရ၏။ စိတ်ညစ်ပြေ အောင် အရက်ကိုသောက်၏။ သို့သော် အမူးပြေသော အခါ
အြွေကးမကြေ။ သာ၍ အြွေကးတင်ဘို့သာရှိ၏။ ဤနည်းအားဖြင့် ဒုက္ခပြဿနာကို
ဖြေရှင်းခြင်းသည် အိပ်မွေ့ချဆေးနှင့်တူလေ၏။ ထိုသို့သော ဘာသာ တရားမ်ား
ရှိနေသောကြောင့် ဘာသာတရားဆိုသည် မွာ တိုင်းသူပြည်သားတို့၏
အိပ်မွေ့ချဆေးဖြစ်သည်ဟု ရုရှားပြည်သားများဆိုလေ့ရှိ၏။
        ခရစ်ယာန်ဘာသာကို သည်းခံခြင်း စာရင်း၌ မသွတ်သွင်းနိုင်။
အဘယ့်ကြောင့်ဆိုသော် ခရစ်တော် ၏ တရားသည် ဘဝကို အသစ်တဖန်ပြုပြင်ပြောင်းလဲ
စေနိုင်သော တန်ခိုးရှိလေ၏။ ထို့ကြောင့် ခရစ်ယာန် ဘာသာကို အောင်မြင်သော
အသက် ဟူသော အမည်မှ တစ်ပါးအခြားခေါ်ဝေါ်နိုင်ဘွယ်မရှိ။ ဤခရစ် တော်၏
တရားအားဖြင့် မည်သူမဆို အဆိုး၊ အ ကောင်း၊ တရားနှင့် မတရား၊ ဒုက္ခ၊ သုခ
ရှိသမျှတို့ကို ယူ၍ ရောြွပမ်း ချေဖျက်ပြီးလျှင် အသက်၏ အဟာရ ဖြစ်အောင်
သုံးစွဲနိုင်လေသည်။ လူ၊ တိရစၦာန်၊ သစ်ပင် တို့သည် တူညီသော ဓါတ္သဘာဝမွ
အဟာရကို ရယူ နိုင်ကြသည်။
        သို့ရာတွင် ခရစ်ယာန်များမှာမူ ထိုသို့ သဘာဝ ချင်းတူညီခြင်းသာမက၊
သဘာဝကွဲလွဲသည့် အဆီး အတား၊ အနွံအတာ၊ အဖိအစီးအစရှိသော ကားတိုင် မှလည်း
အဟာရထုတ်နှုတ်၍ သန်စွမ်းကြီးပွားနိုင် သည်။ ခရစ်ယာန်တို့၏ အသက်သည်
အခြားသော အသက်မျိုးနှင့်မတူ။ မည်သည့်လောကဓံနှင့် နှိမ်နင်း ဖ်က္ဆီး၍
မရေသာ အသက်မျိုးဖြစ်၏။ နူးညံ့ပျော့ခွေ သော စိတ်မျိုးမဟုတ်။
        ရှင်ယာကုပ်မိန့်ဆိုသည်အတိုင်း တည်ကြည်၊ ခိုင်ခံ့သော စိတ်မျိုးဖြစ်သည်။
ဘဝကို ကားတိုင်၌တင် ၍ ဒုက္ခကို မျက်နှာမူတတ်သော လူမျိုးဖြစ်သည်ဟု
ဆိုရသော်လည်း ကားတိုင်ကို ရှင်ပြန်ထမြောက်ခြင်း၌ တင်၍ ကြည့်တတ်သောကြောင့်
သုခချမ်းသာကို မျက်နှာမူလျက် ရွှင်လန်းသော လူမျိုးဖြစ်လေသည်။ အမှန်မှာ
ခရစ်ယာန်ဆိုသည်မှာ ကြုံတွေ့သမျှသော ကားတိုင်တို့ကို
ထမြောက်ပွဲ ချည်းဖြစ်စေသည်။
        ဤသို့ အောင်မြင်သော အသက်တာမျိုးကို လူ မျိုးမရွေး၊ ဒေသမရွေး၊ ကာလမရွေး၊
လိုက်နာနိုင်သည့် ပမာဏအလျှောက် နေရာအနှံ့တွေ့မြင်နိုင်လေသည်။
        ဤေနရာ၌ တရုတ်ပြည်၌ ဒုက္ခိတ ကေလးမ တစ်ယောက်အကြောင်း တင်ပြလိုက်ပါသည်။
ထိုဒုက္ခိ တ အမျိုးသမီးသည် ငယ်စဉ်အခါ ကေလးဘဝက ချီပိုး သူများဂရုမစိုက်၍
လက်ပေါ်မှကျသဖြင့် ခါးရိုးကျိုး သွားသူဖြစ်ကြောင်းသိရ၏။ နှစ်ပေါင်းမျာ
စိတ္တို၊ စိတ်ကောက် ၊နှုတ်ကြမ်း၊ ဗွေဆိုး ဖြစ်ခဲ့၏။သူတစ်ပါး
အပြစ်ကြောင့်မိမိမှာ တစ်သက်လုံး လူစဉ်မမှီ ရုပ်ဆင်း ပျက်စီးရသဖြင့်
စိတ်တိုလျှင်လည်း အပြစ်တင်ဘွယ်မ ရှိ။ သို့သော် တစ်နေ့သ၌ မိမိခက်ထန်သော
နှလုံးထဲသို့ ခရစ်တော် ကိန်းအောင်းလာသော အခါမူကား အရာ ခပ်သိမ်း
ပြောင်းလဲ၍ ဘဝသစ်ဖြစ်လာရလေသည်။ ထိုအချိန်မှစ၍ ရွာတစ်ရွာ၌ သာသနာပြု
ဆရာမဖြစ်လာရလေသည်။ ဘုရားသခင်သည် ထိုခြေ မစွမ်းသော ဒုက္ခိတကလေးကို
ခေါ်ယူတော်မူ၍ အောင်မြင်သောတန်ခိုးတော်၏ လက်နက်သဖွယ် အသုံးပြုချေပြီ။ သူမ၏
နောက်ဆုံးအခြေအနေမှာ ဝါး
နှင့် လုပ်သောခွေးခြေကလေးကို တွန်းကာ တွန်းကာ
နှင့် သွားလာရ၏။ထိုခွေးခြေကလေးသည် သူ့ထိုင်ခုံ၊ သူတောင်ဝှေးလည်းဖြစ်၏။
တစ်နေပြီးတစ်နေ့ ခရစ် တော်၏ အသက္သရဖူကို ဆောင်းလျက်၊ တပါးကို
ခရစ်တော်၏မေတ္တာအားဝေငှရာပလ္လင်လည်းဖြစ်၏။
        ချစ်သောမိတ်ဆွေ ဤသို့သော ဒုက္ခိတဘဝ တွင် အောင်မြင်နေသူများ၊ နိုင်ငံတကာ၌
ရှိသကဲ့သို့ လူမျိုးတကာထဲမှာလည်း ရှိကြ၏။ ယနေ့မြန်မာပြည်ရှိ
အမှုတော်ဆောင်များတွင်လည်း အောင်မြင်လျက်ရှိ သော မျက်မမြင်ဆရာ
ဦးသိန်းလွင်၊ ဘုရားရှင်အမှု တော်ဆောင်နေစဉ်တွင် လက်တဖက်ပူဇော်ရသော
ဆရာနောဧတို့ကို ကြည့်လိုက်ပါ။ မျက်စိမြင်သော သူများထက်၄င်း၊
ကိုယ်လက်အင်္ဂါစုံလင်သောသူများ ထက်၄င်း၊ သာ၍ ဝမ်းမြောက်ရွှင်လန်းနိုင်ခြင်း၊
အောင် မြင်နေခြင်းများကို ကြည့်လျှင် သူတို့အထဲ၌ရှိသော ခရစ်တော်၏
တန်ခိုးတော်ကို တွေ့မြင်နိုင်လေသည်။ ဤသို့ဖြစ်ရခြင်းသည် သူတို့၏
ကြိုးစားခြင်းအားဖြင့် မဟုတ်။ ခရစ်တော်ဘုရားကို ကိုးစားခြင်းအားဖြင့်
ဖြစ် ၏။ ထို့ကြောင့် ခရစ်ယာန်တို့၏ အောင်မြင်ခြင်း လျှို့ ဝှက်ချက်မှာ
သူတို့အထဲ၌ ကိန်းဝပ်လျက်ရှိသော ခရစ် တော်ပေတည်း။
        တစ်ချိန်က တရုတ်ပြည်၌ နိုင်ငံခြားသားများကို နှိပ်ကွပ်သည့်အချိန်တွင်
သာသနာပြုဆရာတစ်ဦး၏ အိမ်ထောင်တစ်ခုတွင် မိခင်၊ ဖခင်နှင့်သားသမီးသုံး
ယောက်ကို သတ်ဖြတ်လိုက်ကြလေသည်။ သားလေး ယောက်တို့မှာ မိမိတို့မျက်မှောက်၌
အမိ၊ အဖ၊ ညီ အစ္ကို တစ္စု အသတ်ခံရသည်ကို မြင်ကြ၍ ကိုယ် လွတ်ရုန်း
ထွက်ပြေးသောကြောင့် အသက်ချမ်း သာရာ ရကြလေသည်။
        ထို့နောက် ညီအစ်ကိုလေးယောက် ဆုံစည်း သောအခါ မိမိတို့နစ်နာမှုများအတွက်
မည်သို့တုံ့ပြန် ချေပရမည်နည်းဟု ညီညြတ္စြာ ဆုံးဖြတ်ကြလေသည်။
ထိုသူလေးဦးတို့သည် အမေရိကန်ပြည်သို့ပြန်၍ ပညာ တတ်အောင် သင်ကြားပြီးလျှင်
မိမိတို့မိသားစုကို သတ် ဖြတ်ခဲ့သော တရုတ်လူမျိုးများအတွက် သေသည့်တိုင်
အောင် အမှုဆောင်ရန် ပြဋ္ဌာန်းကြလေသည်။ စိတ် ပြဋ္ဌာန်းသည့်အတိုင်း
ပညာများစုံလင်စွာ ဆည်းပူးပြီး သောအခါ လေးဦးစလုံး တရုတ်ပြည်သို့ ပြန်လာ၍
နှစ်ပေါင်းများစွာ အနွံအတာခံလျက် အမှုတော်ကို ဆောင်ရွက်ကြလေသည်။
        ထိုလေးယောက်အနက် တစ်ယောက်သောသူ အားဖြင့် တရုတ်လူမျိုး 
သည် ခရစ်တော်၏ တပြည့် စစ်ဖြစ်လာလေသည်။ ထို ဒေါက်တာဂျိမ်း(စ်)ရင်၏
လံုံ့လဖြင့် တရုတ်ပြည်ကြီး၌ ပြည်လုံးကျွတ်ပညာသင်ကြားရေးကို
ဖြစ်မြောက်အောင် မြင်အောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် သန်းပေါင်း မ်ား
စွာသော လူတို့သည် စာတတ်ခဲ့ကြလေပြီ။
        အထက်ပါ ညီအစ်ကိုလေးဦးသည် မိမိတို့၏ ဒုက္ခကို သုခဖြစ်အောင် အသုံးချလျက်၊
နစ်နာခြင်းမှ အောင်မြင်လျက် အမြတ်ထုတ်ကြလေသည်။ ဤနည်း သည် ခရစ်တော်၏
အောင်မြင်သော နည်းလမ်းဖြစ် လေသည်။ အထက်ပါဖော်ပြသည့် အသတ္ခံရေသာ
သားအဖငါးယောက်တို့၏ အုတ်ဂူနှင့်ဆက်စပ်လျက် အုတ်ဂူနှစ်ခု ရှိသေး၏။
င်းတို့မှာ ထိုသူငါးဦးတို့နှင့် တစ်ပါတည်း အသတ္ခံရေသာ သာသနာပြု ဆရာမ
ကြီးနှစ်ဦး၏ အုတ်ဂူဖြစ်၏။
        သူတို့၏ မိခင်ကား ဩစတြေးလျတိုက်၌ နေ ထိုင်သော မုဆိုးမဖြစ်လေသည်။
ထိုမုဆိုးမသည် သမီး နှစ်ယောက် အသတ္ခံရေသာ သတင်းကိုကြား ရေသာ အခါ
သာသနာပြုဆရာအဖြစ် စေလွှတ်ချင်သော ဆန္ဒရှိသော်လည်း နောက်ထပ်စေလွှတ်စရာ အ ခြား
သားသမီးမ်ားမရွိ။ ထို့ကြောင့် တရုတ်ပြည်သို့ ကိုယ် တိုင်သွား၍
အမှုတော်ဆောင်ရန်သာရှိသည်ဟု ဆို ကာ ဥစ္စာရှိသမျှ ရောင်းချလျက်
သမီးတို့အသတ်ခံရာ ဒေသသို့ ထွက်သွားလေ၏။ ထိုဒေသ၌ ကျောင်းတစ် ကျောင်းဖွင့်၍
ကလေးတို့ကို ပညာသင်ပေးလေ၏။ တရုတ်ပြည်သို့ သွားသောအခါ အသက်(၆၂)နှစ်ရှိ
ချေပြီ။ အနှစ် နှစ်ဆယ်တိုင်တိုင် အမှုတော်ဆောင်၍ အသက်(၈၂) နှစ်တွင်
ကွယ်လွန် သွားရှာလေသည်။
        ဤအထက်ပါ ကျန်ရစ်သူငါးဦးတို့သည် မိမိတို့ ခံရေသာ နစ်နာမှု၊ ရက်စက်မှု၊
ကြမ်းကြုတ်မှုများ အတွက် အံကြိတ်ပြီး တတွေးတွေး၊ တဆွေးဆွေး မေန ကြ။
ဆင်းရဲခြင်းကို လက်နက်သဖွယ်ဆုပ်ကိုင် အသုံး ပြုလျက်
အကျိုးဆောင်အရာရောက်အောင် အသုံးပြု ကြလေပြီ။ သက်ရောက်လာသည့်အဖြစ်အပျက်၊ အ
ခြေအနေ၊ စက်ရထားကြီး၏ ဆွဲငင်ရာသို့ မလိုက် မ သြားဘဲ၊ င်းရထားပေါ်သို့
တက်ပြီးလျှင် လိုရာစခန်း သို့ရောက်အောင် မောင်းနှင်ကြကုန်၏။ လိုရာစခန်း
သို့ ရောက်လာသောအခါ အဘယ်မျှလောက် ဘုန်း က်က္သေရ ရရှိပေမည်နည်း။
        ချစ်သောမိတ်ဆွေ သင်၌ မမျှော်လင့်ဘဲ ဆင်း ရဲဒုက္ခကျရောက်လာပါက မည်သို့
တုန့်ပြန်မည်နည်း။ အကျိုးမဲ့၊ အကြောင်းမဲ့ဒုက္ခပြဿနာမိမိအပေါ် (ဝါ)
မိမိချစ်သူများအပေါ် (ဝါ) မိမိဥစ္စာအပေါ် ကျရောက် သောအခါ ကျွနု်ပ်တို့သည်
ဝမ်းနည်းကြေကွဲ တတ်ကြ ၏။
        အခါတပါး၌ မျက်နှာဖြူဆရာဝန်တစ်ဦးသည် နှစ်ပေါင်းများစွာ ဒုက္ခခံ၍
ဆေးရုံတစ်ခုကို တည် ထောင်လေ၏။ တရုတ်ပြည်ရှိ ကွန်မြူနစ်ဂိုဏ်းသား မ်ား
ချီတက်လာရာလမ်း၌ ထိုဆေးရုံကို တွေ့သဖြင့် ဖျက်ဆီးကြရာ နောက်ဆုံးတွင်
နံရံသာကျန်ခဲ့လေ သည်။ ဤသို့သောနစ်နာမှုအတွက် စိတ်ကြေအေးငြိမ်း ချမ်းရန်
ခဲယဉ်းပေလိမ့်မည်။ သို့ဖြစ်လျက်နှင့် ထိုခရစ် ယာန်ဆရာဝန်ကြီးသည်
စိတ်ဓါတ်မကျ။ သူ့ဆေးရုံကို ဖျက်ဆီးသော တပ်နောက်သို့ လိုက္သြား၍ ဖ်ားနာ
သော စစ္သားမ်ား၊ ဒဏ်ရာရသော စစ်သည်များကို ကုသပေးလေ၏။
        ဤအချင်းအရာကို စစ်ဗိုလ်ချုပ်ကြီး ချန်ကေ ရှိတ် မြင်သော် မိမိမယားအား
ဤလူမျိုးခြားဆရာဝန် ဟာ သူ့ဆေးရုံကို ဖျက်ဆီးတဲ့လူတွေကို ကြည့်ရှုပြုစု
နေသည်မှာ ဘယ်လိုသဘောမျိုးလဲဟူ၍ ဤသို့မေး၏။ မိမိဇနီးသည်က
ခရစ်ယာန်သဘောပေါ့ဟု ပြန်ပြော လျှင် စစ်ဗိုလ်ကြီးက ဒီလိုဆိုလျှင် ငါလည်း
ခရစ်ယာန် ဖြစ်ရလိမ့်မည်ဟု ဆိုလေ၏။ တရုတ်ပြည်ကြီး အနှံ့အ ပြား
ခရစ်ယာန်များကို မုန်းတီးလျက် နှိပ်ကွပ်လျက် နေသည့် ခေတ်ကြီးတွင်
တရုတ်ပြည်၏ သမ္မတမင်းဖြစ် သော စစ်ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ခရစ်ယာန်
ဖြစ်လာရ ခြင်းသည် ဆရာဝန်ကြီးအထဲမှ ဖြတ်စီးလာသော ခရစ် တော်၏
မေတ္တာတန်ခိုးကြောင့်ပင် မဟုတ်ပါလော။
        ကြမ်းကြုတ်ရက်စက်သော စစ်သားတစ်စုတို့ သည် ဆရာဝန်၏ လုပ်ငန်းတစ်ခုလုံးကို
အခြေအမြစ် ဖြစ်လေသည်။ အဓမ္မဖျက်ဆီးပစ်ကြသော ကာလ၌ ထိုဆရာဝန်သည်
ဘုရားကိုလည်း အပြစ်မတင်၊ လူကို လည်း အပြစ်မတင်၊ ဆင်းရဲဒုက္ခကို
ခေါင်းငုံ့ခံ၍ မေန ထိုဒုက္ခဆင်းရဲကို လက်နက်သဖွယ် အသုံးချတတ်သော ကြောင့်
ကမ်ဘာတွင် တစ်ခါမျှမပေါ်စဖူး ထူးခြားလှသည် ဧဝံဂေလိတရားဟောခွင့် တံခါးကြီးကို
တရုတ်ပြည်၌ လမ်းဖွင့်နိုင်ခဲ့လေပြီ။ ယခုအခါ ထိုဆေးရုံကို အသစ်ပြု
ပြင်လျှက် ဆရာဝန်ကြီးလည်း မိမိလုပ်ငန်းကို မအား မလပ်ဆောင်ရွက်လျက်
ရှိလေပြီ။
        သို့သော် အကျိုးဖြစ်ထွန်းနှုန်းကို တွက်ဆသော် တသက်ပတ်လုံး
အေးအေးချမ်းချမ်းဆောင်ရွက်ခြင်း အကျိုးထက်၊ ဆင်းရဲဒုက္ခကြုံတွေ့ပြီးမှ
ဖြစ်ပေါ်လာ သော အကျိုးကား အဆပေါင်းများစွာ ကြီးမားလေ သည်။
ငြိမ်းငြိမ်းချမ်းချမ်း အမှုတော်ဆောင်နေခြင်း ထက် ခေတ္တခဏဆင်းရဲဒုက္ခပြဿနာ
ကြုံပြီးမှ စီးထွက် လာသော ဝိညာဉ်အရှိန်တန်ခိုးသည်သာ၍ အကျိုးဖြစ်
ထွန်းကားပေသည်။
        ထို့ကြောင့် ချစ်သောမိတ်ဆွေ၊ မိတ်ဆွေ အသက္တာ၌ မည်သို့သော
အခက်ခဲမျိုးနှင့် ရင်ဆိုင် နေရပါသနည်း။ ရောဂါဝေဒနာလား။ ငွေရေးကြေးရေး
လား။ ချစ်သူဆွေမျိုးများသေခြင်းလား၊ သို့မဟုတ် ဥစ္စာ ဆုံးရံှုးခြင်းလား၊
အပေါင်းအသင်းများ၏ စွန့်ပစ်ခြင်း လား၊ ထိုဒုက္ခပြဿနာအလုံးစုံကို
အခွင့်ကောင်းသဖွယ် အသုံးချလျက် ဘုရားသခင်မေတ္တာဖြင့် တုန့်ပြန်ပါက
မိတ်ဆွေသည် ဤေလာကကို အောင်မြင်သူဖြစ်ပေ လိမ့်မည်။
လောကကိုအောင်နိုင်ကြပါစေ။
        နာမတော်မြတ်၌ (ဇေန)


COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: ယေရှုခရစ်၏ လောကကို အောင်နည်း အပိုင်း(၁)
ယေရှုခရစ်၏ လောကကို အောင်နည်း အပိုင်း(၁)
Shwe Canaan TV
https://www.shwecanaan.com/2015/06/blog-post_29.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2015/06/blog-post_29.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content