အသင်းတော်နှင့် ဘာသာတရားများ

ကာသိုလိပ် ဟူသော စကား လုံးသည် မည်သည့် အ ဓိပ္ပါယ်ရှိ ပါသနည်း။              ကာသိုလိပ် Catholic ဟူသောစကားသည် တကမ္ဘာလုံးနှင့် ဆိုင်သောဟူ၍ အဓိ...

ကာသိုလိပ် ဟူသော စကား လုံးသည် မည်သည့် အ ဓိပ္ပါယ်ရှိ ပါသနည်း။
             ကာသိုလိပ် Catholic ဟူသောစကားသည် တကမ္ဘာလုံးနှင့် ဆိုင်သောဟူ၍ အဓိပ္ပါယ်ရပြီး ကျွန်ုပ်တို့မြင်ရ သကဲ့သို့ ရိုမင်ကာ သိုလိပ်ဘာသာ အတွက်အမှန် စင်စစ် အသုံးပြုခြင်း မဟုတ်ပါ။ ထိုနာမည်ကို တစ်ဦးတည်းမူပိုင် သဖွယ် ကာသိုလိပ် ဟု အသုံးပြုခြင်း ထက်တကမ္ဘာလုံးဆိုင်ရာ ဟုပို၍ အသုံးပြုသင့်ပါသည်။
 
 သမ္မာတရားကို တိကျစွာလိုက်လျှောက်သော အသင်းတော်သည် ခရစ်ယာန်တို့၏ အခြေခံယုံကြည်ချက်များမှ သွေဖည်သွားသော အသင်းတော်များနှင့်လက်တွဲသင့်ပါသလား။
             အချို့သော အသင်းတော်တို့သည် 
ခရစ်ယာန်များ၏ အခြေခံများဖြစ်သောအပျို ကညာမှမွေးဖွါးခြင်း ခရစ်တော်၏ဘုရားဖြစ်ခြင်း အ သွေးတော်နှင့်ကြေအေးခြင်း ဘုရားသခင် ဒုတိယအကြိမ် ကြွလာခြင်းတို့ကို ငြင်းပယ်သောအဖွဲ့အစည်းများ၌ပါ၀င်ကြောင်းတွေ့ရပါသည်။ သူတို့နှင့်အတူလက်တွဲခြင်းသည်မှန်သောအစီအစဉ်တစ်ခုကိုသဘောတူခြင်းဖြစ်သော်လညး်ဒုတိယမွေးခြင်းခံသောခရစ်ယာန်များမပါ၀င်သင့်ပါ။
 
 ကျွန်ုပ်တို့သည်နေရာအသစ်သို့ပြောင်းရွေ့ရမည်ဖြစ်သောကြောင့် မည်သည်အသင်းတော်သို့ ကျွနု်ပ်တို့သွားသင့်သည်ကိုမသိပါ။ ကျွန်ုပ်တို့က်ို ကူညီနိုင်မည်လား။
             ဒေသန္တာရအသင်းတော်သည် သင်းအုပ်ဆရာအပေါ်၌များစွာ တည်သောကြောင့် ဂိုဏ်းဂဏတစ်ခုတည်းကို လမ်းညွှန်ထောက်ခံရန် မဖြစ်နိုင်ပါ။ သခင်ယေရှု ၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ဒုတိယအကြိမ်ကြွလာခြင်းကို ရှင်းလင်းစွာ သွန်သင်သည့် အသင်းတော်တစ်ပါးသို့ပါ၀င်ရန်အကြံပေးလိုပါသည်။ ယနေ့တွင် မှာယွင်းသောခံယူချက်များစွာတို့ကိုသွန်သင်နေရာ၀ိညာဉ်အစာအတွက် မည်သည့်နေရာသွားရမည်ကို အလွန်အမင်းသတိထားရမည်။
 
 မည်သည့်အသင်းတော်သည် အကောင်းဆုံးဖြစ်သည်ဟု သင်ယူဆပါသနည်း။                 
မည်သည့်အသင်းတော်သည် အကောင်းဆုံးဖြစ်သည်ကို အကြံပေးရန်မဖြစ်နိုင်ပါ။ ကျွန်ုပ်သည်နှစ်ခြင်းအသင်းသား တစ်ယောက်ဖြစ်ပါသည်။အကြောင်းမှာ ၄င်းသည်ကျမ်းစာကိုသွန်သင်ချက်နှင့် အနီးဆုံးဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သောကြောင့်ဖြစ်ပါသည်။ လူမျိုးမတူခြင်းနှင့် စိတ်သဘောမတူခြင်းသည် ၀တ်ပြုခြင်းတို့ကို ခြားနားစေပါသည်။အဲပီးစ်ကိုပယ်လ် အသင်းတော်သည်ပွဲလမ်းသဘင်ဘက်၌ အစွန်းထွက် သကဲ့သို့ ညီအကိုများအသင်းတော်သည် ရ်ိုးရိုးစင်းစင်း ပုံစံတွင်တဘက်စွန်းသည်။ လူတစ်ယောက်သည်ခရစ်တော်၏ဧဝံဂေလိ အစစ်အမှန်ဟောပြောသောနေရာ၌ မိတ်သဟာယဖွဲ့ပြီး ၀တ်ပြုကိုးကွယ်ရန်ကောင်းသည်။သင်သိသည့်အတိုင်း ဂိုဏ်းဂဏများသည် လူလုပ်ခြင်းဖြစ်ပြီး ဂိုဏ်းဂဏတိုင်း၌ဘုရားသခင်၏လူရှိ ကြ ပါ သည်။ပြီးနောက် ခရစတော်၏ခန္ဓာကိုယ်ဖြစ်သည့်စစ်မှန်သော အသင်းတော် တစ်ပါးရှိရာ မည်သည့်ဂိုဏ်းဂဏနှင့်မျှမဆိုင်ဘဲဒုတိယမွေးခြင်းခံသော ယုံကြည်သူအားလုံးပါ၀င်သည်။ အရေးကြီး ဆုံးသောမေးခွန်းမှာ ငါသည်ခရစ်တော်၏ကိုယ်ခန္ဓာ၌ အသင်းသားတစ်ယောက်ဖြစ်ပါသလားဖြစ်သည်။

ကျွန်တော်အသင်း၀င်သည့် အသင်းတော်သည် ခေတ်ဆန်လာသည်။ ကျွန်တော်ဘာ လုပ်သင့်သည်ကို စိတ်ပူလာပါသည်။ ဤပြသနာကို သင်ကူညီနိုင်မည်လား။
              ဤပြသနာနှင့်ပတ်သက်၍ သင်၏ရပ်တည်ချက်ကို ကျွန်ုပ်လေးနက်စွာဂုဏ်ယူပါသည်။ သတိပြုရန်အချက်တစ်ခုမှာ အသင်းတော်တစ်ပါး၌ နှစ်ပေါင်းများစွာ ပေါင်းသင်းလာခဲ့သည့်သူများနှင့် အဆက်အသွယ်ပြတ်မိတ်သဟာယပျက်ရန်မလွယ်ပါ။ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ မပြုလုပ်ရန် ကျွန်ုပ်အကြံပေးလိုပါသည်။သို့သော်လည်း ဘုရားသခင်၏အလိုတော်ကိုရှာပါ။ အကယ်၍ ဆုတောင်းပြီးအလိုတော်ကို သင်ရှာပါက ဘုရားသခင်က သင့်အားလမ်းဖွင့်ပေးမည်ဟု ယုံကြည်ပါသည်။ ခေတ်ဆန်သောဝါဒနှင့် လက်တွဲသော အသင်းတော်များစွာရှိပါသည်။ သင်၏မြို့အတွင်း၌အခြေအနေ မည်သို့ရှိသည်ကိုကျွန်ုပ်မသိပါ။သို့သော် စုံစမ်းပြီး၊ ဘေးပတ်လည် ကိုကြည့်ပါက သင့်သြတပ္ပစိတ်ကို မဖျက်ဆီးသည့် မိတ္သဟာယကို သင်တွေ့နိုင်ပါသည်။

မော်မွန်တို့သည် Mormons မည်သူဖြစ်ပြီး သူတို့သည် မည်သည့်အရာကို သွန်သင်ကြပါသနည်း။
             မော်မွန် သို့မဟုတ် Latter Day Saints တု့ိသည် Joseph Smith ၏ဘာသာ၀င် သူများဖြစ်ကြပြီး လွန်ခဲ့သောရာစုနှစ်အတွင်းက ပေါ်ပေါက်လာပြီးသမ္မာကျမ်းအပေါ် အခြေမပြုသော မိစာၦဝါဒဖြစ်သည်။ Joseph Smith သည် အရှေ့ပိုင်း၌ နှစ်ပေါင်း များစွာကတွေ့ ထား သော ရွှေပြားများအပေါ်တွင် ဘုရားသခင်၏ ဗျာဒိတ်ပါရှိသည်ဟုပြောပါသည်။
 
ဥပုဒ်နေ့ကို စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ သတ္တမနေ့အသင်း၏ သွန်သင်ချက်များကြောင့် ကျွန်တော်နားရှုပ်လာပါသည်။ ကူညီနိုင်မည်လား။
             သတ္တမနေ့ဥပုဒ် အသင်း၏သွန်သင်ချက်ကြောင့် သင်နားရှုပ်သည်မှာ ကျွန်ုပ် အလွန်၀မ်းနည်းမိပါသည်။ ဥပုဒ်ခေတ် မပြောင်းလဲသည်မှာ အမှန်ဖြစ်သော်လည်း ခရစ်ယာန် တစ်ယောက်သည် ပညတ္တရား လက်အောက်၌မရှိ၊ ကျေးဇူးတော်အောက်၌ရှိကြောင်း ရှေးဦးစွာ နားလည်ရန် အရေးကြီးသည်။ ပညတ်တရားအောက်၌မရှိပါက ဥပုဒ္စာ ကျွန်ုပ်တို့အတွက်မဟုတ်ပါ။ သတ္တမနေ့ဖြစ်သော စနေနေ့သည် ဂျူးများ၏ ဥပုဒ်နေ့ဖြစ်နေသေးသော် လည်း သင်သည် ဂျူးတစ်ယောက်မဟုတ်ပါက ထိုနေ့ကိုစိတ်၀င်စားရန်မလိုပါ။ တစ်ပတ်၏ပထမနေ့ဖြစ်သော ဘုရားသခင်နေ့သည် မိတ်သဟာယဖွဲ့ရန်၊ အမူဆောင်ရန်၊ ခရစ်ယာန်များ ၏နေ့ဖြစ်သည်။ အရာခပ်သိမ်း၌ သင်သည် ပညတ် တရားအောက်ရှိသလော သို့မဟုတ် ကျေးဇူးတော်အောက်၌ ရွိသေလာဟူ သည့်အချက် အပေါ်မူတည်သည်။ သင်သည် ပညတ်တရားအောက်၌ရှိပါက ကယ်တင်ခြင်းရပါ။ သင်သည်ကျေး ဇူးတော်အောက်ရှိပါက(ဧ၊၂း၈)အရ ကယ်တင်ခြင်းရ၏။ ဥပုဒ်သည်ပညတ် တရား၏အစိတ် အပိုင်း တစ်ခုဖြစ်သည်။ သခင်ယေရှုခရစ်တော်ကို ယုံကြည်ပါက ကျေးဇူးတော်အောက် ၌ရှိသောကြောင့် ဥပုဒ်နေ့ကို စောင့်ရန်မလိုပါ။
 
 မည်သည့်အသင်းတော်သည် စစ်မှန်သောအသင်းတော်ဖြစ်ပါသနည်။
             စစ်မှန်သော အသင်းတော်တစ်ပါးနှင့်ပတ်သက်၍ ကျမ်းစာ၏ဖော်ပြချက်ရှင်းပါ၏ ဧဖက်၊ ၂း၉ တွင်အသင်းတော်ကို သန့်ရှင်းသူ များနှင့်ဖွဲ့စည်းထားကြောင့်တွေ့ရသည်။ဧဖက် ၄တွင် ခန္ဓာကိုယ်တစ်ကိုယ်တည်းရှိပြီး ဧဖက် ၃ တွင် ဤခန္ဓာကိုယ်ထဲ၌ ယုဒလူ၊ေဟလသ လူများပါ၀င်ကြောင်းပြောပြပါသည်။ မဿဲ၊၁၆ တွင် ပေတရုက ယေရှုကို ဘုရားသခင်၏သားတော်ဟု၀န်ခံသည့်အပေါ်၌ ခရစ်တော်သည် စစ်မှန်သော အသင်းတော်တစ်ပါးတည်ဆောက်ပြီး မဿဲ၊ ၁၈း၁၅-၂၀ တွင် ဤအသင်းတော်အတွင်း လုပ်ဆောင်ချက်ကိုဖော်ပြသည်။ လူဖြူ လူမဲ၊ ကာသိုလိပ်၊ပရိုတက်စတင့်၊ယုဒလူ၊ဟေလသလူပါ၀င်သော ခရစ်တော်၏ပြီးစီးခဲ့သည့်အလုပ်ကို ယုံကြည်သော အသင်းသားများဖြင့် ဖွဲ့စည်းသည့် ခရစ်တော်၏ခန္ဓာကိုယ်အသင်းတော် တစ်ပါးသာရှိပါသည်။
 
   ယေဟောဝါသက်သေခံများသည် မည်သူဖြစ်ကြပြီး သူတို့၏သွန်သင်ချက်များမှာ သမ္မာကျမ်းအရ ဖြစ်ပါသလား။
             ဤဂိုဏ်းသည် သူတို့၏နာမည်ကို အကြိမ်ပေါင်းများစွာ ပြောင်းကြသောကြောင့် ခြေရာခံရန် ခက်ခဲသည်။ ပထမဦးဆုံး သူတို့သည် Pastor Russel ၏သြဝါဒဖြင့် အစပြုကြသည်။ သူတို့အား တစ်ခါကRussellties များဟုခေါ်သည်။ထို့နောက် အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများကInternational Bible students ဖြစ်လာကြသည်။နောက်ပိုင်း၌ သူတို့၏နာမည်ကိုအနှစ်တစ်ထောင် အာရုံတက်သူများ Millenial Dawnists ဟုမည့်ထားပါသည်။ လက်ရှိနာမည်မှာ ယေဟောဝါသက်သေခံများ Jehovahs Witnesses ဖြစ်သည်။သူတို့သည်သူတို့၏သီးသန့်အမြင်အပေါ်၌ အားကြီးကြသော်လည်း သခင်ယေရှု၏ထာ၀ရ စိုးစံခြင်းအသွေးတော် နှင့်ကြေအေးခြင်းတို့ကိုငြင်းပယ်ကြသောကြောင့် ဤနောက်ဆုံးသောကာလ၏ ဆိုးယုတ်ညစ်ညူးမူများမှတစ်ခုပါ၀င်သည်။ မိစာၦဆရာများ မလှည့်ဖြားစေရန် ဘုရားသခင် သတိပေးသောသူများထဲတွင် ဤအဖွဲ့ပါ၀င်သည်ဟု ကျွန်ုပ်ခံစားပါသည်။ ယေဟောဝါ သက်သေ အဖွဲ့၀င်များစွာတို့သည် ရိုးသားကြပြီး သူတို့၏ယုံကြည်ခြင်း၌စိတ်အားထက်သန်ကြသောလည်း ဘုရားသခင် ၏နှုတ်ကပတ်တော် နှင့်ပတ်သက်၍ လွှဲမှားကြသည်။ သဘောကွဲသော သူများအပေါ်မေတ္တာရှိနိုင်ရန် ကျွန်ုပ်တို့များစွာ ဆုတောင်းသင့်သည်။တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သိသည့်အရာသည် ဤခေတ်ကာလအဆုံး၏မှားယွင်းသော လက္ခဏာမှ ကာကွယ်ရန်များစွာ ဆုတောင်းသင့်သည်။
 
 ခရစ်ယာန်တစ်ယောက်ဖြစ်ရန် အသင်းတော်တစ်ပါးထဲသို့ အသင်း၀င်ရမည်လား။
             တစ်စုံတစ်ဦးသည် ယုံကြည်သူများဖြစ်လာပါက ကျွန်ုပ်တို့ ပတ်၀န်းကျင်၌ရှိသော ခရစ်ယာန်များနှင့် မိတ်သဟာယဖွဲ့ရန် ရှာကြံကြရမည်။ သင်၏ပတ်၀န်းကျင်တွင် ခရစ်တော်၏သတင်းကောင်းကို ဟောကြားပြီး သမ္မာတရားအတိုင်း ကျင့်သုံးလိုက်လျှောက်သော အသင်းတော်ရှိပါက ထိုအသင်းတော်သို့အသင်း၀င်ရန်နှင့် အသင်းတော်၏ လုပ်ဆောင်မူများ ထဲ၌ပါ၀င်ရန်သင်၏ တာ၀န်ဖြစ် သည်။ မြေကြီးပေါ် တွင် ပြည့်စုံသော ဒေသန္တာရအသင်းတော် ဟူ၍မရှိသောကြောင့် ကျွန်ုပ်တို့ကိုယ်တိုင်လည်းမစုံလင်သော သူများဖြစ် ကြောင်း သဘောပေါက်ပြီးလူများနှင့်ခေါင်းဆောင်သူများ၏မစုံလင်မူကို ခွင့်လွှတ်ရန်ဖြစ်သည်။ သင်၏အတိုင်းအ၀ိုင်း အခြေအနေ ကိုကျွန်ုပ်မသိပါ။ ထို့ကြောင့်ဘုရားသခင်၏လူများသည် နှုတ်ကပတ်တော်နှင့်မှန်နေသရွေ့ သူတို့နှင့်မိတ်သဟာယဖွဲ့ရန် အကြံပေးလိုပါသည်။ မဖြစ်နိုင်ပါက ရေဒီယ်ိုအစီအစဉ်ကိုနားထောင်ခြင်းနှင့် ခရစ်ယာန်မိတ်ဆွေများကို တတ်နိုင်သရွေ့ရှာဖွေခြင်းကသင့်အတွက် ပိုကောင်းပါသည်။
 
 ခရစ်ယာန်သိပ္ပံ Christian Science အပေါ် သင်၏အမြင်မှာ အဘယ်နည်း။
             ခရစ်ယာန်သိပ္ပံသည် လိမ္မာပါးနပ်စွာ လည့်စားခြင်းဖြစ်ပြီး ခ၇စ်ယာန်လည်းမဟုတ် သိပ္ပံဆိုင်ရာ လည်းမဟုတ်ပေ။ ခရစ်ယာန် သိပ္ပံသည် သခင်ယေရှုခရစ်တော်၏ အသွေးတော်၊ အသစ်မွေးဖွါးခြင်း တို့ကိုငြင်းပြီးမစ္စအက် Mrs.Eddy ဟူသောအမျိုးသမီးတစ်ယောက်၏ သွန်သင်ချက်သြဝါဒများကို လက်ခံကျင့်သုံးသည်။၄င်းသည် နှုတ်ကပတ်တော်၏သွန်သင်ချက်မဟုတ်ပါ။
 
 Spiritsm သည်ခရစ်ယာန်ဘာသာတစ်ခုဖြစ်ပါသလား။
            ၁တိ၊ ၄း၁ နှင့် ၁ယော၊၄ း၁-၃ အရ နောက်ဆုံးသောကာလ၌ နတ္ဆိုး၏ လုပ်ဆောင် မူမ်ား နှံ့ပြားပြီးလမ်းလွဲခြင်း၏ လက္ခဏာ တစ်ရပ်ဖြစ်သည်။များစွာသော သူတို့လှည့်ဖြားခြင်းခံကြရမည်။ Spirtism သည် ခရစ်ယာန်ယုံကြည်ချက်၏ အခြေခံသြဝါဒကိုငြင်းပယ်သည်။
 
 E.Stanley Jones ရေးသားသော စာကိုဖတ်ရန် ထောက်ခံပါသလား။
             E.Stanley Jones ကိုမော်ဒန်နီးစ် သီအိုလိုဂျီဘက်တွင် ခိုင်မာစွာယိမ်းနေသည်ဟုမြင်ကြသည်။
 
 Bullengerism ၏သွန်သင်ချက်နှင့် ပတ်သက်၍ပြောပြနိုင်ပါမည်လား။
             Bullengerism ၏သြဝါဒနှင့်စပ်လျည်း၍ နောက်ဆုံးသောနေ့ရက် များ၌နိုးထလာခြင်းနှင့် ပတ်သက်၍ ၄င်းကိုထောင့်စုံမှ ကျွန်ုပ်လေ့လာပါသည်။ ၄င်းတွင်အဖွဲ့သုံးဖွဲ့ရှိသည်။ ပထမအုပ္စု သည်ဗတ္တိဇံခံခြင်းကိုမယုံကြည်သော်လည်း ပွဲတော်စား သူများရှိသည်။ ဒုတိယအုပ်စုသည် ဗတိ္တဇံခံခြင်းနှင့်ပွဲတော်စားခြင်းနှစ်ခုစလုံးကို ပယ်ကြသည်။ တစ်ခုပယ်ပါကနှစ်ခုစလုံး ပယ်ခြင်း ဖြစ်သည်။ တတိယအုပ်စုသည် မင်္ဂလာ၀တ်များကိုငြင်းရုံသာမဟုတ် ထာ၀ရကာလပတ်လုံးအပြစ် ဒါဏ်ခံခြင်းကို ငြင်းပယ်ကာ နောက်ဆုံးပြန်လည် စုစည်းခြင်းနှင့်၀ိညာဉ်အိပ်ပျော်ခြင်းကို သွန်သင်ကြသည်။ ဤတဘက်စွန်းသော ခေတ်ကာလဝါဒသည် လည့်စားခြင်းနှင့်သမ္မာတရားကို ငြင်းပယ်ခြင်းဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်သည်။

COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: အသင်းတော်နှင့် ဘာသာတရားများ
အသင်းတော်နှင့် ဘာသာတရားများ
Shwe Canaan TV
https://www.shwecanaan.com/2013/10/blog-post_542.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2013/10/blog-post_542.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content