ခရစ္စမတ်အဓိပ္ပါယ်နှင့်အနှစ်သာရ

စာဖတ်သူမိတ်ဆွေ-- ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မေတ္တာပို့သလိုက်ပါသည်။ အေးမြသာယာ (SWEET DECEMBER) ခရစ္စမတ်ချိန်ခါ သမယတွင် မိတ...

စာဖတ်သူမိတ်ဆွေ-- ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မေတ္တာပို့သလိုက်ပါသည်။
အေးမြသာယာ (SWEET DECEMBER) ခရစ္စမတ်ချိန်ခါ သမယတွင် မိတ်ဆွေအား ထာဝရမေတ္တာဖြင့် ချစ်တော်မူသော ပုဂ္ဂိုလ်တစ်ဦးနှင့် မိတ်ဆွေပေးလိုပါသည်။ ထိုပုဂ္ဂိုလ်သည် မိတ်ဆွေ၏ထိုင်ခြင်းထခြင်း အရာရာတို့ကို သိတော်မူ၏။ မိတ်ဆွေ၏ အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။ မိတ်ဆွေ၏ သွားရာလမ်းကို၎င်း၊ 
အိပ်ယာကိုလည်း၎င်း၊ စစ်ဆေး၍ မိတ်ဆွေ၏ ကျင့်သော အကျင့်အလုံးစုံတို့ကို ထိုပုဂ္ဂိုလ်သည် အကြွင်းမဲ့သိတော်မူ၏။ ထို့ကြောင့် မိတ်ဆွေ၏ အားနည်းချက်၊ ဒုက္ခပြဿနာများကို ဖြေရှင်းပေးရန် ဤလောကသို့ ကြွလာခဲ့ခြင်းဖြစ်သည်။
သို့သော် ကျွန်ုပ်တို့၏ လောဘ၊ ဒေါသ၊ မောဟတည်း ဟူသော ဒုစရိုက်အမှောက် ထုဖြင့်ဖုံးလွှမ်းနေသောကြောင့် ထိုပုဂ္ဂိုလ်နှင့် ကျွန်ုပ်တို့ မတွေ့နိုင်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၌ အပြစ်တရားရှိနေသောကြောင့်ဖြစ်သည်။ 

အပြစ်တရား
“အနာသိလျှင် ဆေးရှိသည်” ဟူသော မြန်မာဆိုရိုးစကားရှိခဲ့သည်။ သို့ရာတွင် အနာသိသော်လည်း ဆေးမရှိသော (AIDS) ရောဂါအကြောင်းကို မိတ်ဆွေလည်း သိပြီးဖြစ်ပါလိမ့်မည်။ ယနေ့ကမ္ဘာပေါ်တွင်ကြောက်စရာ အကောင်းဆုံးသော ရောဂါသည် (AIDS) ရောဂါပင်ဖြစ်သည်။ ၎င်းရောဂါပိုး၏ ကူးစက်ပြန့်ပွားခြင်းကို၎င်း၊ လူသားတို့သည် တွေ့ရှိကြသော်လည်း ကုစရာဆေးမရှိ၊ မျှော်လင့်ချက်မရှိ၊ ထိုရောဂါ ဝေဒနာရှင်များအတွက် ဧကန်အမှန်သေ၇မည်ဟုသာ သိရှိရလေသည်။ (AIDS) ရောဂါ ဝေဒနာရှင်၏ ကိုယ်မှ ထွက်သော အရည်များ၊ မျက်ရည်များ၊ နို့ရည်များမှ ၎င်းသွေးသွန်းခြင်း၊ ကိုယ်ဝန်ဆောင်မိခင် မှတဆင့်အပြစ်မဲ့သော ရင်သွေးငယ် သို့၎င်း၊ အခြားသောသူများထံသို့ ကူးစက်နိုင်သည်ဟု သိ၇ပါသည်။ 

ချစ်သောမိတ်ဆွေ (AIDS) ရောဂါထက်ကြောက်မက်ဘွယ်ကောင်းသော ရောဂါသည် မိတ်ဆွေ၏ အထဲ၌ ရှိနေကြောင်း သိပါသလား (AIDS) ရောဂါသည် လူ၏ ခန္ဓာကိုသာ ဖျက်ဆီးနိုင်သည်။ ကျွန်ုပ်တို့၏ နာမ်ဝိညာဉ်မူကား မဖျက်ဆီးနိုင်၊ သို့သော် မိတ်ဆွေ အထဲရှိနေသော ထိုရောဂါသည် မိတ်ဆွေ၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံးကို ထာဝရ ငရဲမီး၌ ဖျက်ဆီးနိုင်သည်။ ထိုရောဂါမှာ မွေးကတည်းက ပါလာသော အပြစ်တရားပင်ဖြစ်သည်။ ကျမ်းစာလာသည်မှာ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိပါ၏ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်တွင် အပြစ် စွဲပါ၏။ (ဆာလံ ၅၁း၅)။ ထိုအပြစ်သည် ကာယကံ၊ ဝစီကံ၊ မနောကံ၊ စသည့် ကံသုံးပါးအားဖြင့် ကျူးလွန်သော ဒုစရိုက်မဟုတ်ပဲ၊ မိဘ၊ ဘိုးဘွား၊ ဘီဘင်မှ ဆင်းသက်ပါလာသော မွေးရာပါ အပြစ်ဖြစ်ပါသည်။ (AIDS) ရောဂါပိုးများပါလာသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘာအပြစ်မျှ မကျူးလွန်ပဲ၊ မိဘများ၏ အပြစ်ကြောင့် အပြစ်သားများဖြစ်လာရပါသည်။ ဤသို့ဖြစ်လာရခြင်း အကြောင်းမှာ “ငခုံးမတကောင်ကြောင့် တလှေလုံးပုပ်သည်” ဟူသော စကားပုံနှင့် အညီ အပြစ်တရားသည် တယောက်သောသူအာဒံအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့် အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတို့ ရောက်ရကြ၏ (ရောမ ၅း၁၂)။ 

ချစ်သောမိတ်ဆွေ မြန်မာ စကားပုံ၌ သစ်ပင်မှန်လျှင် အမြစ်ရှိ၏၊ လူမှန်လျှင် အချစ်ရှိ၏ ဟူသော စကားကိုကြားဘူးပေလိမ့်မည်။ ထိုစကားကို ကျွန်ုပ်တို့ထပ်ဖြည့်လို သည်မှာ “လူမှန်လျှင် အပြစ်ရှိ၏” ဟူ၍ ဖြစ်ပါသည်။ ဥပမာ- ကြက်ဖသည် တွန်သော ကြောင့် ကြက်ဖဖြစ်၇ခြင်းမဟုတ်ပဲ၊ ကြက်ဖဖြစ်နေသောကြောင့်တွန်နေခြင်းသာ ဖြစ်သည်။ 
ထို့အတူလူသည် အပြစ်လုပ်သောကြောင့် အပြစ်သားဖြစ်ရခြင်းမဟုတ် အပြစ်သားဖြစ်သောကြောင့် အပြစ်လုပ်နေခြင်းဖြစ်သည်။ ကြက်ဖတွန်သည်ဖြစ်စေ၊ မတွန်သည်ဖြစ်စေ၊ ကြက်ဖသာဖြစ်သည်။ ထို့အတူလူသည်အပြစ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ အပြစ်သားသာ ဖြစ်သည်။ ကျမ်းစာလာသည်ကား လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။ (ရောမ ၅း၁၂)။ ထို့ကြောင့် လူတို့သည် ကိုယ့်အပြစ်ကို မဖုံးနိုင်ရာ (ရောမ ၁း၂၀)။ အပြစ်တရား၏ အခကားသေခြင်းပေတည်း (ရောမ ၆း၂၃) ဟူသောကျမ်းချက်နှင့် အညီအပြစ်ရှိသော ကျွန်ုပ်တို့၏ လမ်းဆုံးသည် အိုနာသေသောအခါ ခန္ဓာကိုယ်သည် မြေမှုန့်မှလာသော ကြောင့်မြေမှုန့်သို့ ပြန်သွားရသော်လည်း အပြစ်ရှိသော နာမ်ဝိညာဉ်မူကား အပါယ် ငရဲ သို့ ဧကန်အမှန် လားရမည် ဖြစ်သည်။ ထို့ကြောင့် အပြစ်ရောဂါ သည် ယခုဘဝသာမက နောင်ဘဝကိုပါ ဖျက်ဆီးနိုင်သောကြောင့် (AIDS) ရောဂါ ထက်သာ၍ ကြောက်စရာကောင်း ပေသည်။ ဤအပြစ်တရားမှ အဘယ်သူသည် ကယ်လွတ်နိုင်မည်နည်း။

ပညတ်တရား။ 
ပညတ်တရားဆိုသည်မှာ ပညတ်ကိုချပေးသော ဘုရားသခင်၏ အလေ့အလာအမူအကျင့်သာ ဖြစ်သည်။ ဥပမာ- ကျွန်ုပ်တို့လူသားများ အနေဖြင့် မွေးရာပါသဘောဝအကျင့်များရှိကြသည်။ အသက်ရှုခြင်း၊ မျက်စိမှိတ်ခြင်းတို့သည် မွေးရာပါ အကျင့်အကြံ များသာ ဖြစ်သည်။ ထို့ကြောင့်ကြိုးစား၍ အသက်ရှုရန်မလို၊ အားထုတ်၍၊ မျက်စိမှိတ်ရန်မလို၊ ထိုအရာတို့သည် ကျွန်ုပ်တို့၏ အကျင့်များကို ပညတ်ကြသည် မဟုတ်၊ ဥပမာ- ထမင်းစာဖို့မမေ့နှင့်၊ ညအိပ်သောအခါ မျက်စိမှိတ်ပါ ဟူသော ပညတ်များမရှိ။ 
ထို့ကြောင့် ပညတ်ဆိုသည်မှာ သန့်ရှင်းမြှင့်မြတ် လှသော ဘုရားသခင်၏ အကျင့်ဖြစ်သောကြောင့် အပြစ်ရှိသော လူသား များအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ တစ်ကောင်နှင့် တစ်ကောင် ဝိုင်းဝန်းကူညီခြင်း များ ရှိကြ၏။ သို့သော်ကျွန်ုပ်တို့လူသားများမူကား စည်းလုံးညီညွတ်ခြင်း၊ တယောက်ဝိုင်းဝန်းကူညီခြင်းများ အစဉ်မရှိကြ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့ထက် အဆင့်နိမ့်သော တိရိစ္ဆာန်၏ အကျင့် ကို တောင်တူအောင်မကျင့်နိုင်သော ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထက်သာ၍ မြှင့်မားသော ဘုရားသခင်၏ အကျင့်ကို အဘယ်သို့ ကျင့်နိုင်မည်နည်း။ ကျမ်းစာလာသည်ကား သင်တို့၏ အကျင့်နှင့် မတူ၊ မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏ အကျင့်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း သာ၍မြင့်၏ (ဟေရှာယ ၅၅း၈-၉) ဟူ၍သာ ထာဝရဘုရား မိန့်တော်မူသည်။ 

သမ္မာကျမ်းစာ၌ ပညတ်စုစုပေါင်း (၆၁၃) ခုရှိသည်။ ဘုရားသခင်၏ အနေဖြင့် ထိုပညတ်များကို ဘုရားသခင်နည်းတူစုံလင်စွာ ကျင့်နိုင်ရန်လုံး၀ မဖြစ်နိုင်။ ကျမ်းစာ၌ မိမိညိအစ်ကို ကိုမုန်းသောသူမည်သည်ကား လူ့အသတ်ကို သတ်သောသူဖြစ်၏ (၁ယော ၃း၁၅) လူအသက်ကို ကာယကံမြောက် မသတ်သော်လည်း မနောကံအားဖြင့် သူတပါးကို မုန်းလျှင် ဘုရားသခင်ရှေ့တော်၌လူ့အသက်သတ်ခြင်းပင်ဖြစ်သည်။ သူမယားကို ကိုယ်ထိလက်ရောက်မပြစ်မှာသော်လည်း ကိလေသာစိတ်နှင့် သူ့မယားကို ကြည့် ရှုသောသူသည် စိတ်နှလုံးထဲ၌ မိန်းမနှင့် ပြစ်မှားပြီး (မဿဲ ၅း၂၇-၂၈)။ ထိုကြောင့် မိတ်ဆွေအနေဖြင့် ဤမျှလောက်ခက်ခဲသော ပညတ်များကို စုံလင်စွာ ကျင့်နိုင်ပါမည်လော။ ကျမ်းစာတချက်၌လာသည်ကား ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။ (ယာကုပ် ၂း၁၀)။ ဥပမာ-ဆယ်တန်းဖြေဆိုရာ၌ ခြောက်ဘာသာရှိသည့်အနက် (၅) ဘာသာဂုဏ်ထူးထွက်သော်လည်း တစ်ဘာသာ၌ကျလျှင် ထိုသူသည် စာမေးပွဲကျမည်သာ ဖြစ်သည်။ ထိုနည်းတူစွာမိတ်ဆွေသည် ပညတ်တရားအလုံးစုံကို ကျင့်ကြံ အားထုတ်နေသော်လည်း တစုံတခု၌ မှားမိလျှင် အပါယ်ငရဲသို့ သာလားရပေမည်။ 

တချို့က “ကောင်းတာလုပ်ရင်ကောင်းရာရောက်မည်၊ မကောင်းတာလုပ်ရင် မကောင်းသည့် နေရာရောက်မည်” ဟူ၍ ပြောတတ်ကြသည်။ မိတ်ဆွေအနေဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံ၊ ကံသုံးပါးအားဖြင့်နေ့စဉ်ကျူးလွန်နေသော ကောင်းတာနှင့် မကောင်းတာ၊ ကုသိုလ်နှင့် အကုသိုလ်ဘယ်အရာကများမည်နည်း။ မြန်မာစကားပုံ၌ ကုသိုလ်ကပဲ ငရဲတပိဿာဟူသော စကားကိုမိတ်ဆွေ မမေ့သင့်ပါ။ မိတ်ဆွေအနေဖြင့် ဤလောကမှထွက်ခွာသော တနေ့တွင်အတိတ်ကပြုလုပ်ခဲ့သော ကုသိုလ်နှင့် အကုသိုလ်၊ကုသိုလ်တပဲလောက်ပြုလုပ်နေချိန်တွင် အကုသိုလ်က တပိဿာလောက်ရှိနေပါမူ မိတ်ဆွေသေသောအခါ ဘယ်နေရာသို့ရောက်မည်နည်း။ ကောင်းတာလုပ်ရင်ကောင်းရာရောက်မည်၊ မကောင်းတာလုပ်ရင် မကောင်းသည့်နေရာရောက်မည်ဟူသော စကားအတိုင်းမှန်ခဲ့လျှင် မကောင်းသော အရာကုသိုလ်များနေသော ကျွန်ုပ်တို့လူသားများသည် အပါယ်ငရဲတို့ ဧကန်အမှန်လား၇မည်မဟုတ်ပါလော။

တနည်းအားဖြင့် ပညတ်တရားဆိုသည်မှာ ဓာတ်မှန်နှင့် တူပေသည်။ ဓာတ်မှန်သည် ရောဂါကို ဖော်ပြနိုင်သော်လည်း ရောဂါကို ကုသမပေးနိုင်ပါ။ ထိုအတူ ပညတ်တရားသည် အပြစ်ရှိကြောင်းကို ဖော်ပြနိုင်သော်လည်း အပြစ်ရောဂါကို မကုသပေးနိုင်ပါ။ ဓာတ်မှန်အားဖြင့် ရောဂါရှိကြောင်းကို သိလျှင်ဆရာဝန်ထံသို့သွားရောကိကုသတကဲ့သို့ အပြင်ရောဂါရှိကြောင်းကို ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ပညတ်တရားသည်ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။ (ဂလာတိ ၃း၂၄)။ ထိုအရှင်သည် မိတ်ဆွေ၏ အပြစ်ကို မည်ကဲ့သို့ ကုသပေးခဲ့ပြီဖြစ်ကြောင်းဆက်လက်တင်ပြလိုပါသည်။ 

ကျေးဇူးတရား။
ကျေးဇူးတရာဆိုသည်မှာ လုပ်၍ရသော အခမဟုတ်၊ ပုဂ္ဂိုလ်တဦး တယောက်၏ အဖိုးအခပေး၍လုပ်ပေးလိုက်သောမေတ္တာလက်ဆောင် ဖြစ်သည်။ ကျေးဇူးတရား၌ မိမိ၏ကုသိုလ်ကောင်းမှု ကိုယ်ကျင့်တရားများလုံးဝမပါ။ တချို့က ကိုယ်ကျင့်မှကိုယ်ရ သည် ဟု ပြောတတ်ကြသည်။ မှန်ပါသည်၊ ကိုယ်ကျင့်မှကိုယ်ရသော အရာသည် ကျေးဇူးတရားမဟုတ်၊ ကိုယ်ကျင့်တရားသာဖြစ်သည်။ တချို့က ကိုယ်လုပ်မှ ကိုယ်စားရသည်ဟု ဆိုတတ်ကြသည်။ မှန်ပါသည်၊ ကိုယ်လုပ်မှ ကိုယ်စားရသည်လည်းရှိသည်။ သို့သော် ထိုအရာသည် ကျေးဇူးတရားမဟုတ်၊ မိမိလုပ်အားခသာ ဖြစ်သည်။ ဤလောကမှာ လုပ်မှစားရသောအခါ ရှိသကဲ့သို့ ဘာမျှမလုပ်ပဲ စားရစောအခါလည်း ရှိကြောင်း မိတ်ဆွေသတိရပါ။ (ဥပမာ) မိတ်ဆွေ ငယ်စဉ် ကလေးဘဝအရွယ်မှာ ဘာမျှမလုပ်နိုင်သော်လည်း စားရသည်မဟုတ်ပါလော။ ထိုအရာသည် မိဘ၏ ကျေးဇူးတရားပင်ဖြစ် သည်။ မိတ်ဆွေ ဖျားနာ၍ တုံးလုံးနေသောအခါ ဘာမျှမလုပ်နိုင်သော်လည်း စားရသည်မဟုတ်ပါလော။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် မိဘဆွေမျိုးများ၏ ကျေးဇူးတရားပင် ဖြစ်သည်။ 
ထိုနည်းတူစွာ ကုသိုလ်အားဖြင့်၎င်း၊ ကိုယ်ကျင့်တရားအားဖြင့်၎င်း၊ အပါယ်ငရဲမှ မလွှတ်နိုင်သော အပြစ်သားများအား ကျေးဇူးပြုသော ဘုရားသင်တစ်ဆူရှိသည်။ 

“လှေမျှောလျှင် လှေနှင့်လိုက် ငွေမျှောလျှင်ငွေနှင့် လိုက်” ဟူသော ဆိုရှိးစကားနှင့် အညီ အပါယ်ငရဲသို့ မျှောနေသော အပြစ်သားတို့ကို ချစ်တော်မူသောကျေးဇူးရှင် ဘုရားသခင်သည် သားတော် ယေရှုခရစ်ကို ဤလောကသို့ စေလွှတ်လျှက် လိုက်လာကယ်တင်စေခဲ့သည်။ မှန်ပေသည်၊ ထိုအရှင် ယေရှုသည် ဤလောကသို့ အမှန်တကယ်ကြံလာခဲ့သည်မှာ ယခုဆိုလျှင် ၂၀၁၀ ခုနှစ်၊ ရှိနေပြီ ဖြစ်သည်။ ထိုသက္ကရာဇ်ကို ခရစ်သက္ကရာဇ် (AD) ဟူ၍ ကျွန်ုပ်တို့ခေါ်ဆိုသည်။ 

(AD) ၏အရှည် ကောက်မှာ လက်တင်ဘာသာလို (AnnoDomini) ဖြစ်၍ အဓိပ္ပါယ်မှာ အင်္ဂလိပ်လို (The Year of Our Lord) ဖြစ်ပြီး၊ မြန်မာလို ကျွန်ုပ်တို့၏ အရှင်ဘုရားသခင်၏ နှစ်ဟုဆိုလိုသည်။ ထိုအရှင်သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ခန့်က ဘုရားသခင်စင်စစ်မှ လူ့ဇာတိခံလျှက် အပျို ကညာ “မာရိ” ဝမ်းထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ပဋိသန္ဓေစွဲယူ၍ ဖွားမြင်ခဲ့သည်။ ကျမ်းစာ၌ လာသည်ကား ကြည့်ရှုလော သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောင်္ကျားကို ဖွားမြင်လတံ့၊ ထိုသားကို ဧမာနွေလ အမည်ဖြင့်မှည့်ရကြလတ္တံ့ ဟုလာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့် အတူရှိတော်မူသော ဘုရားသခင်ဟုဆိုလိုသတည်း။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ဖြစ်၏ သားယောင်္ကျားကို ဖွားမြင်လိမ့်မည်၊ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည်ဖြစ်သောကြောင့် ယေရှုဟုသော အမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆိုတော်မူ၏။ (မဿဲ ၁း၂၁-၂၃)။ ကျမ်းစာအချက်၌လာသည်ကား ယေရှုခရစ်သည် အပြစ်ရှိသော သူတို့ကို ကယ်တင်ခြင်း ငှာ ဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည် ဥစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သော စကားလည်း ဖြစ်၍ (၁တိ ၁း၁၅)။ ထိုအရှင်ယေရှုသည် ဤလောကသို့ကြွလာသည်သာ လောကီသားအပေါင်းတို့၏ အပြစ်အခတည်းဟူသော သေခြင်းကို လက်ဝါးကားတိုင်အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏ (ရောမ ၅း၈)။ တဖန် ကျမ်းစာ၌ လာသည်မှာ ဘုရားသခင်၏ သားတော်ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။ (၁ယော ၁း၇)။ 

ကျွန်ုပ်တို့သည် အထက်က ဘုရားသခင်၏ ရန်သူဖြစ်ကြ၏။ ယခုမှာ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ ရန်ငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာရဖွဲ့စေတော်မူ၏ (၂ကော ၅း၁၈) CHRISTMAS ဆိုသည်မှာ CHRIST ခရစ်တော်ဘုရားဖြစ်ပြီး MAS ဆိုသည်မှာ ပြန်လည်ပေါင်းစည်း ခြင်းဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ခရစ်တော်ဘုရားသည် အထက်ကရန်သူဖြစ်ခဲ့သော ဘုရားသခင်နှင့် အပြစ်သားများကို ပြန်လည်ပေါင်းစည်းပေးခြင်းဖြစ်သည်။ 

ယေရှုသည် ငါတို့အပြစ်ကြောင့်အသေခံသည်သာမက သေပြီးသုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့သည်။ အဘယ်သူမျှမအောင်နိုင်သော သေခြင်းမစ္စုမာန်ကို အောင်မြင်ခဲ့သည်။ ကျမ်းစာ၌လာသည်ကား ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သဂြိုဟ်ပြီးမှ ကျမ်းစာလာသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏ (၁ကော ၁၅း၃-၄)။ ထိုအရှင်သည် ယနေ့အသက်ရှင်လျှက် မိတ်ဆွေ၏ ဘာသာတရားအား ဖြင့်ကျင့်ကြံအားထုတ်၍ မလွှတ်ကင်းနိုင်သော သံသရာဝဋ်ဆင်းရဲ့ခြင်းမှ လွှတ်ပေးပိုင်သော ဘုရားသခင်၏သားတော်ဖြစ်သည်။ ထိုကြောင့် မိတ်ဆွေသည် တိုအရှင်ယေရှုကို မိမိကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံပါက ယနေ့ပင်လျှင် အပါယ်ငရဲမှ ဧကန်အမှန်လွတ်ခြင်းရလိမ့်မည်။ ငါတို့၏ အပြစ်ရောဂါကိုကုသပေးနိုင်သော အရှင်သည် တိုအရှင်ယေရှုခရစ်ပင်ဖြစ်ပေသည်။ မြန်မာစကားပုံ၌ ဘုရားတောင်မှအမှီ မရှိလျှင်မပွင့်နိုင်ဟူသော စကားရှိသည်။ ဤစကားမှန်ခဲ့လျှင် ကျွန်ုပ်တို့အပြစ်သားများအနေဖြင့် ကောင်းရာသုခသို့ ရောက်နိုင်ရန်အမှီသဟဲ တကယ်လိုအပ်ပါသည်။ အရှင်ယေရှုက ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏။ ငါကိုအမှီမပြုလျှင် အဘယ်သူမျှ ကောင်းရာသို့ မရောက်ရ (ယော ၁၄း၆)။

မြန်မာစကားပုံ၌ “လှံထမ်းတာကို မြင်နိုင်သည်၊ ကံထမ်းတာကို မမြင်နိုင်” ဟုသောစကားရှိခဲ့သည် ဆိုလိုသည်မှာ လံှသည် ရုပ်ပိုင်းဖြစ်သောကြောင့် မြင်နိုင်သည်။ လူ့မျက်စီဖြင့် မြင်နိုင်သောဏ္ဍအတွက် လူသည် အချင်းချင်းဖေးမကူညီနိုင်သည်။ (ဥပမာ) မိမိမနိုင်သော ဝန်ထုတ် တခုကို မိမိထက်အားကြီး သော သူက၊ ကူညီ၍ ထမ်းပေးနိုင်သည်။ သို့သော်မမြင်နိုင်သော အကုသိုလ်ကံကိုမူ ပုထုဇဉ်လူသားအချင်းချင်း ကူညီဖေးမပေး၍ မရ၊ ဤအကုသိုလ်ကံနှင့် ပတ်သက်၍ အရှင်ယေရှုက လူသားချင်း တစ်ဦးနှင့်တစ်ဦး လမ်းပြလျှင် နှစ်ဦးတို့သည် တွင်းထဲသို့ ကျကြလိမ့်မည်ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၁၅း၁၄) အဓိပ္ပါယ်မှာ အကုသိုလ်ရှိသော အပြစ်သားအချင်းချင်းကောင်းရာသို့ ပို့ပေး၍ မရ။ လမ်းပြခဲ့လျှင် နှစ်ဦး စလုံးသည် အပါယ်ငရဲသို့အတူအကွကျလိမ့်မည်ဟု ဆိုလိုသတည်း။ သို့သော် အရှင်ယေရှု၌ အကုသိုလ်ကံမရှိ၊ ထိုကြောင့်အုထုဇဉ်လူသားများထမ်း၍ မ၇သော အကုသိုလ်ကံကို အရှင်ယေရှုသည် ထမ်းပေး၍ရသည်။ ကျမ်းစာ၌ဖော်ပြထားသည်မှာ ကိုယ်တော် (အရှင်ယေရှု) သည် ငါတို့၏ အပြစ်များကို ဆောင်သွားခြင်းငှာ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်(အရှင်ယေရှု) ၌လည်း အပြစ်မရှိ (၁ယော ၃း၅)။

ကျမ်းစာတချက်၍ အရှင်ယေရှုက ဝန်လေး၍ ပင်ပန်းသော သူအပေါင်းသို့ ငါထံသို့လော့၊ ငါသည်ချမ်းသာပေးမည်ဟု ဖိတ်ခေါ်လျှက်ရှိပါသည်။ (မဿဲ ၁၁း၂၈)။ ထိုကြောင့် သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ် တော်အသံကို ကြားလျှက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့် ဟု ကျမ်းစာ၌ သတိပေးထားပါသည်။ (ဟေဗြဲ ၃း၇)။
ထို့ကြောင့် မိတ်ဆွေ၏ အပြစ်ကို လွှတ်ပေးပိုင်သော သခင်သည် အရှင်ယေရှုတပါးတည်းသာဖြစ်ကြောင်း မိတ်ဆက်ပေးလိုပါသည်။ ထိုသခင်ယေရှု၏နာမမှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှကောင်းကင်အောက် လူတို့တွင်မပေါ်မရှိ။ 
ထို့ကြောင့်ချစ်သော မိတ်ဆွေယခုတွင်ဆုံးဖြတ်ပါ။ နက်ဖန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက်အတွင်းတွင် မဘယ်သို့ဖြစ်လိမ့်မည်ကို မသိနိုင် (သုတ္တံ ၂ရး၁)။ ငါတို့အသက်သည် အဘယ်သို့သော အရာဖြစ်သနည်း။ ခဏတင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အငွေ့ဖြစ်၏ (ယာကုပ် ၄း၁၄)။ သို့ဖြစ်၍ ဆိုးသောကာလမရောက်မှီ ယခုပင် ကယ်တင်ရှင် ယေရှုဘုရားကို မိမိကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံပါ။ ဗျာဒိတ်တော်အချက်ဟူမူကား နှစ်သက်ဘွယ်သော အချိန်၌ သင့်ကို ငါမစပြီဟု လာသည်နှင့် အညီ၊ ယခုပင်နှစ်သက်ဘွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလရှိ၏ (၂ကော ၆း၂)။

နက်ဖန်သည် မိတ်ဆွေအတွက် နောက်ကျပေလိမ့်မည်။ အရှင်ယေရှုက ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့် အတူစားသောက်မည်။ သူသည်လည်း ငါနှင့် အတူစားသောက်ရလိမ့်မည် (ဗျာဒိတ် ၃းး၂၀) ဆိုလိုသည်မှာ သခင်ယေရှုသည် မိတ်ဆွေ၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ရန် မိတ်ဆွေ၏ ဆန္ဒကိုတောင်းခံလျက်ရှိပါသည်။ 
နောင်ရေးအတွက် ထာဝရအသက်၎င်း၊ ယခုဘဝအတွက် အောင်မြင်သော အသက်တာကို၎င်း၊ ပေးလိုပါသည်။ သခင်ယေရှုသည် မိတ်ဆွေကို ချစ်တော်မူသောကြောင့်မိတ်ဆွေနှင့် ထာဝစဉ်အတူ မိတ်သဟာရဖွဲ့လိုပါသည်။ ထို့ကြောင့်အောက်ပါဆုတောင်းချက်အားဖြင့် အရှင်ယေရှုကို မိမိအသက်တာ၌ လက်ခံရန် မေတ္တာဖြင့်တိုက်တွန်းပါသည်။ 

“ အရှင်ယေရှုဘုရားကိုယ်တော်ကို ကျွန်ုပ်လိုပါ၏။
ကျွန်ုပ်စိတ်နှလုံးတံခါးကို ဖွင့်ပါပြီ။ ကျွန်ုပ်စိတ်နှလုံးထဲသို့ဝင်ရောက်ကိန်းဝပ်တော်မူပါ။
ကိုယ်တော်ကို မိမိကယ်တင်ရှင်အဖြစ်လက်ခံပါပြီ။
ယေရှုနာမ၌ ခေါ်ဖိတ်လက်ခံပါ၏” ( အာမင်)

ယေရှုခရစ်သည် အပြစ်ရှိသော သူတို့သည် ကယ်တင်ခြင်းငှာ၊ဤလောကသို့ကြွလာတော်မူသည် ဟူသောစကားသည် သစ္စာစကားဖြစ်၏။ (၁ တိ ၁း၁၅)။
Rev.J.Saw Kay

COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: ခရစ္စမတ်အဓိပ္ပါယ်နှင့်အနှစ်သာရ
ခရစ္စမတ်အဓိပ္ပါယ်နှင့်အနှစ်သာရ
http://3.bp.blogspot.com/-lhra4uypVus/UKqSpMLjcBI/AAAAAAAAAk8/WguuaTH2gCI/s1600/imagesg.jpg
http://3.bp.blogspot.com/-lhra4uypVus/UKqSpMLjcBI/AAAAAAAAAk8/WguuaTH2gCI/s72-c/imagesg.jpg
Shwe Canaan TV
https://www.shwecanaan.com/2012/11/blog-post_6018.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2012/11/blog-post_6018.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content