Sunday, 18 March 2012

လမ်းကြောင်းရှာတွေ့သူ

ဒေးဗစ်လစ်ဗင်းစတုန်း (David Livingstone)(၁၈၁၃ - ၁၈၇၃)
          “အမေ ဒါကျွန်တော်တစ်ပါတ်အတွင်းရှာနိုင်ခဲ့တဲ့အရာပဲ” ဟုဒေးဗစ်သည်သူ့မိခင်ပေါင်ပေါ်ငွေအနည်း တင်လျက်စိတ်ထက်သန်စွာပြောခဲ့၏။ မိသားစုဆင်းရဲမှုဒဏ်မှလွတ်ရန်သွေအချို့ကိုသူလုပ်ကိုင်ရှာဖွေနိုင်ခဲ့သည့် အတွက်စိတ်တက်ကြွလျှက်ရှိ၏။ ကြင်နာသောမိခင်က “ဒါနဲ့သားဘာလုပ်ချင်သလဲ”ဟုမေးလိုက်၏။သူက“အမေ ခွင့်ပြုမယ်ဆိုရင်လက်တင်သဒ္ဒါစာအုပ်တစ်အုပ်ကျွန်တော်ဝယ်ချင်ပါတယ်” ဟုမဝံ့မရဲပြန်ပြောခဲ့၏။ ဆင်းရဲမှု ကြောင့်ကျောင်းမနေနိုင်သော်လည်းပညာရှာရန်သူစိတ်အားထက်သန်ခဲ့၏။

ငယ်စဉ်ဘဝ
          ဒေးဗစ်လစ်ဗင်းစတုန်းကို ၁၈၁၃ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့တွင်စကော့တလန်ပြည်၌မွေးဖွားခဲ့၏။ သူ့မိဘများမှာစိတ်အားထက်သန်သောခရစ်ယာန်များဖြစ်ကြ၏။ သူငယ်စဉ်ကပင်မိဘများထံမှခရစ်ယာန်အ သက်ရှင်မှုသင်ခန်းစာများကိုရရှိခဲ့၏။ သူသည်ကျမ်းစာကိုစိတ်ထက်သန်စွာလေ့လာပြီးအသက်(၉)နှစ်အရွယ်၌ ဆာလံကျမ်းအခန်းကြီး(၁၁၉)တစ်ခန်းလုံးကိုအလွတ်ရွတ်ဆိုနိုင်ခဲ့၏။ကျွန်ုပ်တို့သိခဲ့ပြီးဖြစ်တဲ့အတိုင်းဆင်းရဲလွန်း ၍သူကျောင်းမတက်နိုင်ခဲ့ချေ။ အသက်(၁၀)နှစ်အရွယ်တွင်ချည်စက်တစ်ခု၌အလုပ်လုပ်ရန်သွားခဲ့၏။မနက်(၆) နာရီမှ ည(၈)နာရီအထိအလုပ်လုပ်ခဲ့ရ၏။ သူအလုပ်လုပ်စဉ်လက်တင်စာအုပ်ကိုသူ့အနီး၌ဖွင့်ထားပြီးလေ့လာခဲ့ ၏။ ထို့်နောက်အိမ်ပြန်ရောက်၍ပင်ပန်းသော်လည်း ညသန်းခေါင်တိုင်စာကိုလေ့လာခဲ့၏။
          သူ၏ကြိုးစားမှုကြောင့်လက်တင်ဘာသာစကားကောင်းစွာတတ်ကျွမ်းခဲ့ပြီး သိပ္ပံပညာကိုစတင်လေ့လာ ခဲ့၏။ အလုပ်ကိုကောင်းမွန်စွာလုပ်ကာအရည်အချင်းပြည့်ဝသောကြောင့်စက်ရုံ၌ရာထူးတိုးမြှင့်ခံရပြီးလစာလည်း များများရခဲ့၏။ ဤသို့ဖြင့်နွေရာသီ၌အလုပ်လုပ်ပြီး၊ ဆောင်းရာသီ၌ဂရိဘာသာစကားနှင့်ဆေးပညာကိုလေ့လာ နိုင်ခဲ့၏။  နွေရာသီ၌အလုပ်လုပ်လျက်သီသြလော်ဂျီပညာကိုလေ့လာခဲ့၏။ သူ့ပညာရေးအတွက်မည်သူတစ်ဦး တစ်ယောက်ထံမျှအကူအညီမရခဲ့ချေ။ ဤပင်ပန်းခက်ခဲသောအချိန်များကလာမည့်သူပအသက်တာအတွက် ပြင်ဆင်လေ့ကျင့်ပေးခဲ့၏။
          သူ့၌ကစားချိန်မရှိခဲ့ပဲ၊ သူ့အိမ်အနီး၌စီးဆင်းနေသောမြစ်အနီးတွင်လမ်းလျှောက်ရခြင်းကိုသူနှစ်သက်ခဲ့ ၏။ငှက်ကလေးများ၊ ပန်းပွင့်များနှင့်ကျောက်တုံးများစသည့်သဘာဝပတ်ဝန်းကျင်ကိုအနီးကပ်လေ့လာကြည့်ရှု သူတစ်ဦးဖြစ်၏။ခရီးသွားမှတ်တမ်းစာအုပ်များကိုဖတ်ရှုရန်သူနှစ်သက်မြတ်နိုးခဲ့၏။ သို့ရာတွင်သမ္မာကျမ်းစာကို အလွန်ဖတ်ရှုခဲ့၏။ သမ္မာကျမ်းစာကိုချစ်မြတ်နိုးခြင်းစိတ်ကနောင်တွင်သမ္မာကျမ်းစာသာလျှင်သူ့အဖော်မွန်ဖြစ်၍ အသက်တာကိုများစွာအထောက်အကူဖြစ်စေခဲ့၏။
         
အာဖရိကတိုက်သို့ခေါ်တော်မူခြင်း          အသက်(၂၀)တွင်ခရစ်တော်ကိုသူ၏ကယ်တင်ရှင်အဖြစ်လက်ခံပြီးအခြားတိုင်းနိုင်ငံများ၌သာသနာပြု တစ်ဦးဖြစ်လာရန်ဆက်ကပ်အပ်နှံခဲ့၏။ ဂျာမန်သာသနာပြုတစ်ဦးကတရုတ်ပြည်၌ဆေးကုသပေးကာသာသနာ ပြုမည့်သူများလိုအပ်ကြောင်းသူ့ထံစာရေးသားခဲ့သောကြောင့်ဆေးပညာရပ်များလေ့လာခဲ့ပြီးတရုတ်ပြည်သို့ သွားရောက်အမှုတော်ဆောင်ရန်လစ်ဗင်းစတုန်းဆုံးဖြတ်ခဲ့သည်။ ဆေးပညာရပ်များကို(၂)ျနှစ်မျှလေ့လာပြီး တရုတ်ပြည်သို့သွားရန်စီစဉ်ခဲ့သည်။ သို့ရာတွင်ဘုရားသခင်၌သူ့အတွက်အခြားသောအကြံအစည်တော်များရှိခဲ့ ၏။ဘုရားသခင်လက်တော်ထဲသို့အပ်နှံသောမိမိတို့၏အကြံအစည်များကလောကီအရာများအတွက်မဟုတ်လျှင် ဘုရားသခင်၏အလိုတော်ပြည့်စုံလာပေမည်။ တရုတ်ပြည်၌စစ်ဖြစ်ခြင်းကြောင့်လစ်ဗင်းစတုန်းသည် တရုတ်ပြည် သို့မသွားရောက်နိုင်ခဲ့ချေ။
          ဘုရားသခင်၏လမ်းပြပဲ့ပြင်မှုကိုစောင့်စားနေစဉ်အာဖရိကတိုက်၌သာသနာပြုနေသောသူရောဘတ်မို ဖက်သည်အင်္ဂလန်ပြည်သို့ရောက်လာပြီးအာဖရိကတိုက်၏လိုအပ်ချက်များကိုပြောခဲ့၏။လစ်ဗင်းစတုန်းသည်သူ နှင့်စကားပြောခဲ့၏။ မိုဖက်က“လောက၌မျှော်လင့်ချက်မရှိသူ၊ ဘုရားသခင်ကိုမသိသူ၊ ခရစ်တော်ကိုမရရှိသူများ ၏ရွာပေါင်းတစ်ထောင်ကျော်ကိုကျွနု်ပ်မြင်ပ်သည်။” ဟူသောအချက်ကလစ်ဗင်းစတုန်းကိုအာဖရိကတိုက်သို့ သွားရန်ဆုံးဖြတ်စေခဲ့ပါသည်။ ကြယ်များကိုလေ့လာကြည့်ရှုခြင်းအားဖြင့်ခရီးလမ်းကြောင်းကိုရှာဖွေရကြောင်းသူ လေ့လာခဲ့၏။ ဤအရာကနောင်တွင်အလွန်မဲမှောင်သည့်တောအုပ်ကြီးအတွင်းခရီးလမ်းကြောင်းများရှာဖွေရန်အ သုံးဝင်ခဲ့သည်။

မဲမှောင်သောအာဖရိကတိုက်ကြီးပေါ်၌          ကိတ်တောင်းအရပ်မှရောဘတ်မိုဖက်အမှုတော်ဆောင်သည့်ကုဂုမန်အရပ်သို့ရောက်ရန်နွားလှည်းဖြင့် မိုင်(၇၀၀)ခန့်ခရီးပြုခဲ့ရ၏။သူ့အားဘုရားသခင်လုပ်ဆောင်စေလိုသောကြီးမားသည့်အမှုတော်ကိုသူနားလည်သ ဘောပေါက်လာခဲ့၏။ ဧဝံဂေလိတရားအတွက်တံခါးဖွင့်ရန်မည်သူမျှမသွားရောက်ခဲ့ဖူးသည့်အာဖရိကတိုက်အ လယ်ဗဟိုသို့သွားရောက်ရန်သူဆန္ဒရှိခဲ့၏။အခြားမည်သူမျှမလုပ်ဖူးသောအလုပ်ကိုသူ့အားဘုရားသခင်ခိုင်းစေ ကြောင်းယုံကြည်ခဲ့၏။ အာဖရိကတိုက်တောနက်ကြီးအတွင်းပိုင်း၌နေထိုင်ပြီးဧဝံဂေလိတရားမကြားသိရသေး သူများစွာရှိသည့်အတွက်လုပ်ဆောင်ရမည်ဖြစ်သည်။

ခြင်္သေ့များလိုက်ဖမ်းခြင်း
          လစ်ဗင်းစတုန်းသည် လှပသောမက်ဘေ့ာဆာချိုင့်ဝှမ်းအရပ်ကိုတွေ့ပြီးထိုအရပ်၌(၃)နှစ်မျှနေထိုင်ရန် ရွေးချယ်ခဲ့၏။ ရောဘတ်မိုဖက်၏သမီးဖြစ်သူမေရီမိုဖက်နှင့်လက်ထပ်ခဲ့၏။ မက်ဘော့ဆာအရပ်၌လူနှင့်ကျွဲနွား များကိုကိုက်သတ်ကာဒုက္ခပေးနေသော ခြင်္သေ့များစွာရှိသည်။ ခြင်္သေ့များကိုဖယ်ရှားရန်လာရောက်အကူအညီ တောင်းကြသည်။ခြင်္သေ့တစ်ကောင်သတ်နိုင်လျှင်အခြားခြင်္သေ့များလည်းထွက်ပြေးကြမည်ကိုသူသိသော ကြောင့်အာဖရိကလူအချို့ကိုခေါ်ပြီးခြင်္သေ့ဖမ်း(အမဲလိုက်)ထွက်ခဲ့သြ၏။ သူပစ်လိုက်၍ထိသွားသောခြင်္သေ့ကသူ့ အပေါ်ခုန်အုပ်ကာသူ့ပခုံးကိုကုတ်ဖြဲတော့၏။ သူနှင့်အတူပါလာသောသူများကထိုခြင်္သေ့ကိုသေအောင်သတ်ပစ် လိုက်ကြ၏။ ခြင်္သေ့ကုတ်ဖဲ့သည့်ဒဏ်ရာပြင်းထန်ပြီးအနာပျောက်ရန်အချိန်အတော်ကြာခဲ့၏။ သူပလက်မောင်းမ စွမ်းမသန်ဖြစ်ရပြီး အမာရွတ်များမှာသေရာပါခဲ့၏။ သို့ရာတွင်ထိုအမာရွတ်များက နောင်အခါသူ၏ကိုယ်ခန္ဓာဖြစ် ကြောင်းမှတ်မိစေမည့်အမှတ်အသားဖြစ်ခဲ့၏။ ထိုအရပ်မှအာဖရိကလူမျိုးများစွာခရစ်တော်ကိုယုံကြည်လက်ခံခဲ့ ပြီးလစ်ဗင်းစတုန်းလည်းထိုအရပ်၌ကောင်းစွာနေထိုင်နိုင်ခဲ့၏။

မြောက်ပိုင်းသို့ရွှေ့ပြောင်းခြင်း
          ရေရှားပါးသောကြောင့်ထိုအရပ်၌အစာရေစာခေါင်းပါးခြင်းကပ်ကျရောက်ခဲ့၏။
အခြားလူများကဲ့သို့လစ်ဗင်းစတုန်းလည်းတစ်ခါတစ်ရံနှံကောင်နှင့် ဖားများကိုစားသောက်ခဲ့ရ၏။ မြောက်ပိုင်းအ ရပ်ဒေသတစ်ခုသို့ရွှေ့ပြောင်းရန်သူရှာဖွေလျက်ရှိ၏။ ယခင်ကမဖြတ်ကျော်ဖူးသောကြီးမားကျယ်ပြန့်သောသဲ ကန္တာရကိုဖြတ်ကျော်ရန်ရှိကြောင်းသူကြားခဲ့ရ၏။ ကန္တာရသည်မိုင်(၃၀၀)ခန့်ရှိသည်။ ထိုသဲကန္တာရကိုကျော်ဖြတ် ရန်ခရီးအစပြုခဲ့ပြီး မကြာခဏရေဆာငတ်၏။ တစ်ကြိမ်၌ထိုအရပ်နေသည့်“ခြုံထူသောအရပ်သား”ဟုခေါ်သော လူတစ်ဦးကရေးလာပေးခဲ့၏။ ထိုရေသည် ငှက်ကုလားအုပ်ဥထဲ၌သိုထားပြီးသဲထဲ၌နှစ်မြုပ်ကာသိမ်းဆည်းထား သောရေဖြစ်၏။ နောက်ဆုံးငမ်မီရေအိုင်ကြီးရှိရာသို့သူရောက်ခဲ့၏။ ထိုအိုင်ကြီးမှာပထဝီဝင်သဘောအရဥရောပ တိုက်သားများထဲ့မှသူပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။
          တောင်အာဖရှကတိုက်တွင်အခြေစိုက်နေထိုင်ကာကျွန်ကုန်ကူးလျက်ရှိသည့်ဒတ်ချ်လူမျိုးများနှင့် အယူ သည်းသည့်ဒေသခ့လူမျိုးများ၏အန္တရာယ်အသွယ်သွယ်ကြားမှခရီးပြုရွှေ့ပြောင်းခဲ့၏။ဒတ်ချ်ကျွန်ကုန်ကူးခြင်းကို တားဆီးသဖြင့်သူအားမုန်းတီးနေသောဒတ်ချ်လူမျိုးများသူ၏ အဝတ်အစားများ၊ အိမ်ထောင်ပရိဘောဂများကို လုယက်သယ်ဆောင်သွားပြီး စာအုပ်များနှင့်ဆေးများကိုဖျက်ဆီးပစ်ခဲ့ကြသည်။ သို့ရာတွင်ဆက်လက်ခရီးပြုခဲ့ ရာအာဖရိကတိုက်အလယ်ဗဟိုရှိဇမ်ဘက်ဇီမြစ်ကိုတွေ့ရှိခဲ့သည်။ ထိုနေရာ၌အသက်အန္တရာယ်ထိခိုက်စေသော ငှက်ဖျားရောဂါဖြစ်ပွားလျက်ရှိသဖြင့် အခြေချနေထိုင်အလုပ်လုပ်ရန်မတတ်စွမ်းနိုင်ခဲ့ချေ။

တစ်ဦးတည်းခရီးပြုခြင်း
          ဆက်လက်၍ခရီးထွက်လျှင်ဇနီးနှင့်သားသမီးများအတွက်အလွန်အန္တရာယ်ရှိသောကြောင့်သူတို့ကို အင်္ဂလန်ပြည်သို့ပြန်ပို့ပြီး တစ်ဦးတည်းခရီးဆက်ခဲ့၏။ ခရစ်တော်နှင့်အတူကိုယ်တော်အတွက်သာအစေခံဆက် ကပ်လိုသည့်နှိုးဆော်မှုကြောင့်အာဖရိကတိုက်တောနက်ကြီးများထဲသို့သူတစ်ဦးတည်းဆက်လက်တိုးဝင်ခရီးပြု ခဲ့၏။ အာဖရိကတိုက်အလယ်ဗဟိုကိုဖြတ်ကျော်လျက်အရှေ့မှအနောက်ဘက်သို့ခရီးပြုရန်(၁၈၅၅)ခုနှစ်မှ (၁၈၅၆)အတွင်းနယ်မြေရှာဖွေမှုခရီးစဉ်ပြုလုပ်ခဲ့၏။သူ့ခရီးစဉ်အတွင်းလူဖြူတစ်ဦးကိုတစ်ခါမျှမမြင်ဖူးသေးသော အာဖရိကလူမျိုးများစွာကိုတွေ့ဆုံခဲ့ရ၏။ သူ၌ချစ်ခြင်းမေတ္တာနှင့်သနားခြင်းကရုဏာစိတ်သဘောရှိသောကြောင့် အာဖရိကတိုင်းရင်းသားများ ၏ရင်းနှီးချစ်ခင်မှုကိုရရှိခဲ့၏။ သူတို့အကြား၌နေထိုင်စဉ်ကာလ၌ဟောပြောသက် သေခံကာဆေးဝါးကုသအကူအညီပေးခဲ့၏။
          အချို့သောလူမျိုးစုများက သူ့အားရိုင်းပျစွာဆက်ဆံခဲ့ပြီးတစ်ခါတစ်ရံ အသက်အန္တရာယ်ပင်ကြုံတွေ့ခဲ့ ရ၏။

ကျွန်ကုန်ကူးခြင်း         ဤခရီးစဉ်၌ကျွန်ကုန်ကုူးခြင်း၏ကြောက်မက်ဖွယ်ဆိုးကျိုးများကိုလစ်ဗင်းစတုန်းမမျှော်လင့်ပြတွေ့ခဲ့ရ၏။ ရွာများကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်ပြီးရွာသားများကိုနှိမ်နှင်းကာယောင်္ကျား၊မိန်းမ၊ခလေးသူငယ်များကို ကျွန်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ ရွာကိုမီးရှို့ခဲ့ပြီးသူတို့၏လယ်ပင်း၌ကြီးမားသည့်သစ်တုံးများဖြင့်ချည် နှောင်ကာတောနက်ကြီးများအတိုင်းလမ်းလျှောက်စေ၏။ လမ်းခရီး၌ဒဏ်ရာရသူ၊ ဖျားနာသူများကိုသေဆုံးစေ ရန်ထားပစ်ခဲ့၏။ တောတွင်းလူ့အရိုးချောင်းများပြန့်ကြဲနေသည်ကိုမကြာခဏတွေ့မြင်ရ၏။စည်ပင်ကြွယ်ဝသော ရွာသူကြီးများလည်းကျူးကျော်တိုက်ခိုက်ခံရပြီးနောက်ပိုင်းခြောက်ခြောက်သွေ့သွေ့ဖြစ်ခဲ့ရ၏။ ဤအချက်ကလစ် ဗင်းစတုန်း၏စိတ်နှလုံးကိုထိခိုက်စေခဲ့၏။ ဤအရာကို“အာဖရိက၏ဟင်းလင်းပြင်အနာ”ဟုခေါ်ခဲ့ပြီးအမြစ်မှုနှုတ် ပစ်ရန်သံဓိဠာန်ချခဲ့၏။ ဆုံးဖြတ်ချက်အောင်မြင်ရန်နှင့်အာဖရိကတောနက်အတွင်းပိုင်းအရပ်များ၌“လမ်းကို ရှာတွေ့သူ”အဖြစ်သူခံယူ၏။တစ်ခါတစ်ရံဒေသခံတိုင်းရင်းသားများကသူ့အားကျွန်ကုန်ကူးသူဟုထင်မှတ်ကာ အန္တရာယ်ပြုရန်ပင်ကြိုးစားခဲ့သေး၏။

ခက်ခဲမှုများ 
လစ်ဗင်းစတုန်းအားဖြင့်ခရစ်တော်ကိုပထမဆုံးယုံကြည်လက်ခံပြောင်းလဲလာသည့်အာဖရိကအကြီးအကဲတစ်ဦးကသူ့အားဤသို့မေးဖူးခဲ့၏။ “ဒီအကြောင်းတွေကိုသင့်တိုင်းပြည်မှလူတွေကအရင်ဘာဖြစ်လို့လာမ ပြောတာလဲ။ ကျွန်တော်တို့ဘိုးဘေးတွေလည်းခင်ဗျားပြောပြတာတွေကိုတစ်ယောက်မျှမကြားခဲ့ရပဲသေဆုံးကုန် ခဲ့ပြီ၊ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။”ဤမေးခွန်းကသူ့အသက်တာအားများစွာလွှမ်းမိုးသက်ရောက်ခဲ့ပြီး အာဖရိက တောနက်ပိုင်းရှိရာပေါင်းများစွာသောလူမျိုးစုများဧဝံဂေလိတရားများကြားရမည့်လမ်းကြောင်းပေါ်သို့သူ့အားအမြဲ တစေတွန်းပို့လျက်ရှိ၏။ သို့ရာတွင်ဤကိစ္စသည်မလွယ်ကူချေ။ သူ့အဝတ်အစားများစုတ်ပြတ်သတ်ကာသူ့ခြေ ထောက်များလည်း(အရည်ကြည်ဖုများ) ဖြင့်ဖူးရောင်နေတော့၏။သူ့ခန္ဒာကိုယ်ရှိအနာများကြောင့်နာကျင်စွာေ၀ ဒနာခံစားရ၏။ တစ်ခါတစ်ရံဒေသခံတိုင်းရင်းသားများကသူ့အားအစားအစာမရောင်း၍အစာငတ်ခဲ့ရသောအချိန် များလည်းရှိခဲ့၏။ တချို့အချိန်များ၌သစ်ပင်အမြစ်များနှင့်ငှက်စားသောအစေ့လေးများကိုစားသောက်ခဲ့ရပြီး မြေ ကြီးပေါ်အိပ်စက်ခဲ့ရ၏။ (၃၁)ကြိမ်ဖျားနာခဲ့ပြီး အရိုးပေါ်အရေတင်အခြေအနေထိဖြစ်ခဲ့၏။ အဖျားကြီးသောအချိန် များ၌သူ့မိတ်ဆွေများ၏အမည်များနှင့်နေ့ရက်များကိုပင်မမှတ်မိနိုင်ဖြစ်ခဲ့၏။သို့ရာတွင်သူ့အားမည်သည့်အရာကမျှစိတ်ဓါတ်ကျရန်မလုပ်ဆောင်နိုင်ခဲ့ချေ။ခွန်အားရရန်သမ္မာကျမ်းကိုမကြာခဏဖတ်ရှုခဲ့ပြီးသူ၏ကိုယ်ရေးမှတ် တမ်း၌“သခင်ဘုရား၌ကျွနု်ပ်ကိုကျွနု်ပ်ပြန်အားပေးရ၏။”ဟုရေးသားခဲ့၏။(၁ ရာ ၃၀း၆) ရှေ့ဆက်ရန်ပြင်ဆင်ထား သောမည်သည့်နေရာမဆိုသွားဖို့ဆန္ဒရှိသညဟြုသူပြောခဲ့ဖူးသည်။ “ကျွန်ကုန်ကူးသူများအရောက်သွားနိုင်သော နေရာသို့သာသနာပြုများကိုခရစ်တေ်ာ၏မေတ္တာတော်ကခေါ်ဆောင်မသွားနိုင်ဘဲနေမလား”ဟုစိတ်ချစွာမျှော် လင့်သည်။
ဂုဏ်ပြုခံရခြင်း          အာဖရိကတိုက်ရှိမြစ်များ၊အိုင်များကိုလစ်ဗင်းစတုန်းရှာဖွေတွေ့ရှိသဖြင့်သူ့အားလူသိများလာခဲ့၏။ ဒေသခံတိုင်းရင်းသားများက“အသံမြည်သောမီးခိုး”ဟုခေါ်ပြီးသူတို့မချဉ်းကပ်ရဲသည့်ဗစ်တိုးရီးယားရေတံခွန် ကိုသူရှာဖွေတွေ့ရှိခဲ့သည်။ သူသည်အာဖရိကတိုက်၌(၁၆)နှစ်ကြာပြီးခရီးမိုင်(၉၀၀၀)ခန့်ကိုအများအားဖြင့်ခြေ လျင်(သို့မဟုတ်)လှေဖြင့်သွားခဲ့ရ၏။ သူ၏ရှာဖွေတေ့ရှိမှုများကိုအသိအမှတ်ပြုသောအနေဖြင့်ရွှေတံဆိပ်များနှင့် ဂုဏ်ထုူးဆောင်ဘွဲ့များကိုသူ့အားပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့၏။ သူဆစာပြောဝေငှချက်များကိုနားထောင်ရန်နှင့်သူ့ အားတွေ့ဆုံရန်လူပရိတ်သတ်များစွာလာရောက်ကြသည်။ သူကိုယ်တိုင်လည်းသူ့ခရီးမာျးအကြောင်းစာအုပ်တစ် အုပ်ရေးသားခဲ့၏။
အာဖရိကတိုက်သို့နောက်တစ်ကြိမ်
          အစိုးရအရာရှိတစ်ဦးအနေဖြင့်အာဖရိကတိုက်သို့လစ်ဗင်းစတုန်းပြန်သွားခဲ့၏။ သို့သော် သာသနာပြုအ လုပ်နှင့်နယ်မြေသစ်ရှာဖွေေးအလုပ်တို့ကိုလွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိ၏။ ယခုအချိန်တွင်သူ့အားကူညီမည့်သူများ စွာရှိခဲ့သည်။ သို့သော်လည်းထိုသူများမှာတစ်ယောက်ပြီးတစ်ယောက်ဖျားနာပြီးသူ့ထံမှခွဲခွာသွားခဲ့၏။ ဤနေရာ သစ်၌(၃)လမျှနေပြီးနောက်သူ့ဇနီးသည်လည်းဖျားနာဝေဒနာဖြင့်အသက်ဆုံးပါးခဲ့၏။ သူမအားသစ်ပင်တစ်ပင် အောက်၌သင်္ဂြိုလ်ခဲ့၏။ ခရီးစဉ်အစပိုင်း၌ပင်အာဖရိကတိုက်၌သူ၏သမီးငယ်လေးတစ်ဦးအားသူကိုယ်တိုင် သင်္ဂြိုလ်ပေးခဲ့ရ၏။ဤအချိန်သည်သူ့အတွက်အလွန်ကြီးမားသည့်ဝန်သဖွယ်ဖြစ်ခဲ့၏။ “ဤလေးလံသောရိုက်ခတ် ချက်ကကျွန်ုပ်ကိုစိတ်ပျက်စေပြီး အရှုံးခံရန်လုပ်ဆောင်နိုင်မည်မဟုတ်၊ ဘုရားသခင်၌ကျွနု်ပ်ကိုယ်ကျွနု်ပ်အား ပေးပြီးရှေ့သို့ဆက်သွားမည်”ဟူ၍ဖြစ်၏။
          သူ့အသက်တာအတွက်အန္တရာယ်များလည်းရှိခဲ့၏။တစ်ကြိမ်တွင်ကြံ့တစ်ကောင်အရှိန်ဖြင့်ပြေးလာပြီး သူ့အနားရောက်သောအခါရုတ်တရက်ရပ်တန့်သွား၏။ ဤအရာကားဘုရားသခင်ကာကွယ်ပေးခြင်းပေတည်း။ နောက်တစ်ကြိမ်တွင် အာဖရိကလူမျိုးတစ်ဦးက (၁၀)ကိုက်ခန့်အကွာမှလှံဖြင့်ပစ်ပေါက်လိုက်ရာသူ့လည်ပင်းနား မှဖြတ်ကာသစ်ပင်တစ်ပင်၌စိုက်သွား၏။ဘုရားသခင်သည်သူနှင့်အတူတစ်ချိန်လုံးရှိတော်မူ၏။ သူပြောသကဲ့သို့ ပင်အလုပ်ပြီးသည့်တိုင်အောင်သူ့အသက်တာသည်အံ့သြဖွယ်ဖြစ်ခဲ့၏။
       သူ့အားအရာရှိအဖြစ်ခန့်အပ်စေလွှတ်ခဲ့သောဗြိတိသျှအစိုးရသည်ကျွန်ကုန်သည်များ၏လွှမ်းမိုးမှုခံရကာ သူ့အားလစာရပ်ဆိုင်းခဲ့၏။သူသည်အင်္ဂလန်ပြည်ပြန်ရန်ရှိခဲ့၏။ သို့သော်မကြာမီပင်ဘုရားသခင်သည်သူ့မိတ်ဆွေ များ၏ထောက်ပံ့ခြင်းအားဖြင့်အခြားလမ်းကြောင်းဖွင့်ပေးလိုက်ခြင်းကြောင့် လစ်ဗစ်စတုန်းအင်္ဂလန်ပြည်သို့ဘယ် တော့မှပြန်မသွားခဲ့တော့ချေ။
နောက်ဆုံးခရီးထွက်ခြင်း
       အာဖရိကတိုက်အလယ်ပိုင်းသို့လစ်ဗင်းစတုန်းထပ်မံသွားရောက်ခဲ့၏။ယခုသူသည်အသက်(၆၀)အရွယ် ရှိပြီ။သူ၏တောတွင်းခရီးပြုခဲ့သည့်နှစ်များကိုကြည့်လျှင်သူ့အစေခံကျွန်များ၏သစ္စာမရှိမှုများဖြင့်ပြည့်လျက်နေ၏။ သူ့ကိုပို့ပေးသောအရာများနှင့်စာများလည်းအခိုးခံရ၏။သူပိုင်စ္စည်းအချို့ကိုအာရပ်ကုန်သည်တစ်ဦးထံအပ်နှံခဲ့ပြီး လစ်ဗင်းစတုန်းသတင်းဘာမျှမကြား၇သောအခါ ထိုသူကအားလုံးကိုရောင်းစားလိုက်၏။ ရင်းနှီးမှုမရှိသောအာဖ ရိကလူမျိုးများအကြားစားစရာနှင့်အဝတ်မရှိဘဲသူတောင်းစားတစ်ယောက်ကဲ့သို့လစ်ဗင်းစတုန်းနေထိုင်ခဲ့ရ၏။ သူရေးသောစာအားလုံးလည်းရိုင်းစိုင်းသောကျွန်ကုန်သည်များ၏ခိုးယူဖျက်ဆီးခြင်းခံခဲ့ရ၏။
          သူ့ဆေးသေတ္တာလေးပင်မကျန်တော့ချေ။ ထို့ကြောင့်သူ့ကိုယ်သူပြန်၍ဆေးမကုနိုင်တော့ချေ။အဆက် သွယ်များအားလုံးပြတ်တောက်ကုန်၏။ သူသေပြီဟုထင်မှတ်ခဲ့ကြ၏။ သို့ရာတွင်ဘုရားသခင်သည်ဒေးဗစ်လစ် ဗင်းစတုန်းကိုမမေ့ခဲ့ချေ။
          နယူးရော့်ခ်စေတမန်စာစောင်၏အယ်ဒီတာအမေရိကန်သတင်းစာတည်းဖြတ်သူက လစ်ဗင်းစတုန်း သတင်းစုံစမ်းရန်ဟင်နရီစတန်လီအားစေလွှတ်ခဲ့၏။ လပေါင်းများစွာခရီးနှင်ခဲ့ပြီးနောက်စတန်လီသည် လစ်ဗင်း စတုန်းကိုယူဂျီဂျီအရပ်၌တွေ့ခဲ့၏။သူယူခဲ့သောအစားအစာနှင့်ဆေးဝါးများကလစ်ဗင်းစတုန်းကိုပြန်လည်ကျန်းမာ သန်စွမ်းစေခဲ့၏။ စတန်လီသည် လစ်ဗင်းစတုန်းနှင့်အတူလပေါင်းများစွာနေထိုင်ခဲ့၏။ ထိုလများအတွင်းခရစ် တော်နှင့်တူသောလစ်ဗင်းစတုန်း၏ အသက်တာကသူ့အတွက်စိန်ခေါ်ချက်တစ်ရပ်ဖြစ်ခဲ့၏။
          သူပြန်လာသောအခါ ဘုရားမဲ့တစ်ဦးအဖြစ်မှယုံကြည်သူတစ်ဦးဖြစ်လာခဲ့၏။ မိမိတိုင်းပြည်သို့ပြန်၍ ကျော်ကြားမှုနှင့်စည်းစိမ်ခံစားမှုရရှိရန်အတွက် လစ်ဗင်းစတုန်းကိုဖြောင့်ဖြသွေးဆောင်ရန် စတန်လီကြိုးစားခဲ့ သေး၏။ သို့ရာတွင်လစ်ဗင်းစတုန်းကအလုပ်မပြီးသေးသောကြောင့် ပြန်ရန်ငြင်းပယ်ခဲ့၏။
          တစ်နှစ်ခန့်လစ်ဗင်းစတုန်းထပ်၍ခရီးပြုခဲ့၏။ သူသည်ပို၍အားနည်းလာခဲ့၏။ သူ၌သစ္စာရှိသောအာဖရိက လူမျိုးမိတ်ဆွေအချို့ရှိပြီးသူတို့ကထမ်းစင်ဖြင့်သယ်ဆောင်ပေး၏။ မိုးကြီးစွာရွာသွန်းခဲ့ပြီး သူ့အဖျားရောဂါလည်း တိုးပွားခဲ့၏။
          သူကိုယ်ရေးရာဇဝင်မှတ်တမ်းကိုပင်ခဲယဉ်းစွာရေးခဲ့ရ၏။ အာဖရိကလူငယ်များက သူ့ကိုချစ်ခင်လျက် စောင့်ရှောက်ခဲ့ကြ၏။ သူ့အသက်နှင့်ခွန်အားလည်းတဖြည်းဖြည်းဒီရေကဲ့သို့ကျဆင်းခဲ့၏။ တဲအိမ်တစ်ခုအတွင်း ၌ထားပေးပြီးကြည့်ရှုစောင့်ရှောက်ခဲ့ကြ၏။
          (၁၈၇၃)ခုနှစ်၊ မေလ၏တစ်ခုသောနံနက်ခင်း၌သူ၏တဲထဲသို့ဝင်ကြည့်လိုက်သောအခါ အိပ်ယာကုတင် နံဘေး၌ဒူးထောက်လျက်ခေါင်းအုံးပေါ်တွင်လက်ထောက်ကာဆုတောင်းသည့်အနေအထားဖြင့်အသက်ဆုံး လျက်ရှိကြောင်းတွေ့မြင်ခဲ့ရကြရသည်။ ဤဆုတောင်းသည့်အနေအထာဖြင့်သူ့ကိုတွေ့ရသည်မှာ သံသယဖြစ်စ ရာမလိုပေ။သေသည့်တိုင်အောင်အာဖရိကတိုက်ရှိပျောက်ဆုံးဝိညာဉ်မျာအတွက်သူဆုတောင်းနေခဲ့ပေလိမ့်မည်။
          သစ္စာရှိသောအာဖရိကလူမျိုးများက သူ့နှလုံးကိုအာဖရိကတိုက်၌မြှုပ်နှံပြီးအလောင်းကိုမိုင်(၉၀၀)ခန့် ဝေးသောကမ်းခြေသို့သယ်ဆောင်ခဲ့ကြ၏။ အမွှေးရနံ့များလိမ်းကျံပြီးနောက်အင်္ဂလန်ပြည်သို့သယ်ယူခဲ့ကြ၏။ ခြင်္သေ့ကုတ်ဖဲ့သောကြောင့်ရခဲ့သည့်အမာရွတ်အားဖြင့် သူ့အားလစ်ဗင်းစတုန်းဖြစ်ကြောင်းထင်ရှားသိသာစေ ခဲ့၏။အင်္ဂလန်ပြည်ရှိကျော်ကြားသူမျာနှင့်လူဂုဏ်တန်များကိုသင်္ဂြိုသောဝက်မင်စတာဘုရားရှိခိုးကျောင်းဝင်း၌ လစ်ဗင်းစတုန်းကိုသင်္ဂြိုလ်ခဲ့၏။ ထောင်ပေါင်းများစွာသောလူပရိတ်သတ်တို့သည်သူ့ကိုလေးစားသောအားဖြင့် ဘုရားရှိခိုးကျောင်းသို့လာရောက်ခဲ့ကြ၏။
          ပရိတ်သတ်ထဲ့မှဆင်းရဲနွမ်းပါးသာအဝတ်အစားဝတ်ထားသည့်အသက်ကြီးသောအဖိုးအိုတစ်ဦးက ယူကျုံးမရအောင်ငိုကျွေးနေ၏။ အဘယ့်ကြောင့်ငိုနေကြောင်းမေးသောအခါ၊“ဒေးဗစ်နဲ့ငါတရွာထဲသားတွေဖြစ် တယ်၊တနင်္ဂနွေဓမ္မပညာကျောင်းမှာအတူတူကြီးပြင်းခဲ့တယ်။ စက်ရုံတစ်ရုံအတူအလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့သူ ကဘုရားသခင်လမ်းကိုရွေးချယ်ခဲ့ပြီး ငါကကိုယ့်လမ်းကိုယ်ရွေးချယ်ပြီးအသက်ရှင်ခဲ့တယ်၊ အခုတော့လစ်လျ ရှုခံရပြီးလူမသိတဲ့လူဖြစ်တယ်။ ဂုဏ်ပြုခြင်းမခံရတဲ့သူဖြစ်တယ်။ငါ့ရှေ့ဆက်ဘာမှရှာစရာမရှိဘူး၊ အရက်သမား ရဲ့လမ်းဆုံးက သချိုၤင်းပဲရှိတော့တယ်။”ဟုပြန်ပြောခဲ့၏။
          ဘုရားသခင်က “င့ါကိုချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်၊ င့ါ ကိုမထီမဲ့မြင်ပြုသောသူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်”ဖြစ်၏။ (၁ ရာ ၂း၃၀)။
          လစ်ဗင်းစတုန်းသည်ဘုရားသခင်ကိုချီးမြောက်ခဲ့ပြီး ဘုရားသခင်ကလည်းသူ့ကိုချီးမြှောက်ခဲ့၏။ ယနေ့အချိန်တွင်အာဖရိကတိုက်၌ရာပေါင်းများစွာသောသာသနာပြုများအမှုတော်ဆောင်လျက်ရှိကြပြီး အာဖရိကတိုက်၏အလယ်ပိုင်းသို့တိုင်ဧဝံဂေလိတရားရောက်ရှိပြန့်နှံ့နေပြီဖြစ်၏။ ကျွန်ကုန်ကူးခြင်းတို့ကိုလည်း အမြစ်မှဆွဲနှုတ်ပစ်လိုက်ကြ၏။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....