Thursday, 9 February 2012

ပထမဆုံးမှားယွင်းသောဘာသာတရား

က ၄း၅-၂၄

“ကာဣန၏နည်းလမ်း”-ဤနည်းလမ်းသည်ဘုရားသခင်၏နည်းလမ်းနှင့်ဆန့်ကျင်ဘက်ဖြစ်ကြောင်း
သမ္မာကျမ်း စာကမှတ်တမ်းတင်ထားသည်။ ၎င်းသည်“လူထင်သည်အတိုင်းမှန်သောလက္ခဏာရှိသော်လည်း အဆုံး၌သေခြင်းသို့ပို့တတ်သောလမ်း”(သု ၁၄း၁၂)ဖြစ်သည်။ ကာဣနသည်ကမ္ဘာ၌ပထမဆုံးသောမှားယွင်း
သည့် ဘာသာတရားကိုတည်ထောင်ခဲ့သည်။ ဤကမ္ဘာ၌ပေါ်ပေါက်လာသောမှား ယွင်းသည့်ဘာသာတရား၏ အခြေခံအချက်များအပေါ်အခြေပြု၍သက်ဝင်ရပ်တည်ကြသည်။ ၎င်းသည်အထင်သေး၍မရသောယဉ်ကျေးမှု တစ်ခုဖြစ်ပေါ်စေခဲ့သော်လည်းထာဝရအမှောင်ထဲသို့ဦးတည်သွားသောလမ်းကိုခင်းပေးလိုက်ခြင်းသာဖြစ်သည်။ 
၎င်းသည် - 
၁။ စာတန်၏လုပ်ဆောင်မှုအားဖြင့်ဖြစ်လာသည်(၄း၅)။
၂။ “ကျင့်ကြံလုပ်ဆောင်မှု”အပေါ်အခြေပြုသည်(၄း၃)။
၃။ အကြမ်းဖက်မှုကို ထပ်ဆင့်ဖြစ်ပွားစေသည်(၄း၈)။
၄။ လူသားမျိုးနွယ်အတွက်သေခြင်းဖြစ်သည်(၄း၁၆-၂၄)

မှတ်ချက် - လူုသားတို့၏ဘာသာတရားများအပေါ်ကြီးမားစွာလွှမ်းမိုးသူများထဲမှပုဂ္ဂိုလ်တစ်ဦးကမှားယွင်းသော ဘာသာတရားအားလုံးသည်လူ၏ကောင်းမှုကုသိုလ်ကိုကယ်တင်ခြင်း၏အခြေခံအဖြစ်အလေးထားကြသည်ဟု ထောက်ပြခဲ့သည်။ သူသည်ဤကောက်ချက်မချမီအရှေ့တိုင်းဘာသာရေးစာပိုင်း၊ကိုရမ်ကျမ်း၊ပိဍ္ဍိကတ်သုံးပုံစ သည့်ကျမ်းဂန်များကိုကောင်းစွာလေ့လာခဲ့သည်။ခရစ်ယာန်လောကတွင်လည်းအလားတူမှားယွင်းသောအတွေး အခေါ်များကမှားယွင်းသောသွန်သင်မှုများကိုဖြစ်စေသည်။သမ္မကျမ်းစာတစ်ခုတည်းတွင်ပင်ပီပီပြင်ပြင်၊ရှင်းရှင်း လင်းလင်း“ကိုယ်ကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍အဘယ်သူမျှဝါကြွားစ ရာအခွင့်မရှိ”ဟုပြောထားသည်။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....