Monday, 6 February 2012

အသင်းတော်ခုနှစ်ပါး - အခန်း (၂၂)

(THE SEVEN CHURCHES)

သမ္မာကျမ်းစာ၌နောက်ဆုံးကျမ်းဖြစ်သော ဗျာဒိတ်ကျမ်းကို တမန်တော်ရှင်ယောဟန်က အေဒီ ခုနှစ်
ဆယ်၌ ပတ်မုကျွန်းတွင်ရေးသားခဲ့လေသည်။ ရှင်ယောဟန်က ပတ်မုကျွန်း၌ ဘုရားသခင်၏သားတော်ကိုယ်
တိုင်ထင်ရှားဖေါ်ပြချက်များ၊ မိန့်မှာချက်များနှင့် ပရောဖက်ပြုချက်များအားလုံးကို ဤကျမ်း၌ရေးသားထားလေ
သည်။ ထို့ကြောင့် ဗျာဒိတ်ကျမ်းတွင် ရှင်ယောဟန်ကိုယ်တိုင်မိန့်မှာချက်များမပါဝင်ချေ။ သခင်ယေရှုမိန့်မှာချက်
နှင့် ရူပါရုံများသာဖြစ်သည်။ (ဗျာ ၁း၁) ထို့ကြောင့် ဤကျမ်းမှ ပရောဖက်ပြုချက်များသည် ဤနောက်ဆုံးသော
ကာလ၌ ဖြစ်ပျက်မှုများထဲတွင် ရောနှောနေလေသည်။ ဗျာဒိတ်ကျမ်းသည် အနာဂတ်ဖြစ်ပျက်မည့် အကြောင်း
များကိုတစ်ခုပြီးတစ်ခုထင်ရှားစွာရေးသားထားလေသည်။

အနာဂတ်ဖြစ်ပျက်မည့်အရာများ

ဗျာဒိတ်ကျမ်းသည် နောက်ဆုံးကျမ်းဖြစ်ပြီး၊ သွန်သင်ချက်များသည်လည်းနောက်ဆုံးသွန်သက်ချက်
နှင့်မိန့်မှာချက်များဖြစ်သည်။ တစ်ကျမ်းလုံးတွင် အသက်ရှင်လျက်အစဉ်နိုးကြားနေကြောင်းတွေ့ရသည်။ ကောင်း
ကင်နှင့်မြေကြီးသည် တဖြေးဖြေးလွင့်ပျောက်ကုန်ပြီး၊ တိမ်လွှာများလည်းပျောက်ကွယ်ကာ၊ ပလ္လင်တော်များ၊ သက်ကြီးသူများနှင့် ကောင်းကင်တမန်များကို မျက်ဝါးထင်ထင်တွေ့ရလိမ့်မည်။ လူမျက်စိစက္ခုအာရုံဖြင့် တွေ့
မြင်ရလိမ့်မည်။ ၎င်းအပြင်တူရိယာအသံ၊ တံပိုးမှုတ်သံ ၊ နှင့် ချီးမွမ်းသံများကိုလည်း ကြားကြရလိမ့်မည်။ ကောင်း
ကင်မြေကြီးသည် ပြောင်းလဲပြီး၊ ကောင်းမကောင်းသည့်အရာနှစ်ခုသည် ဆန့်ကျင်တိုက်ခိုက်လိမ့်မည်။ ကမ္ဘာဦး
ကပင်ဤအရာနှစ်ခုစခဲ့ပြီး ဗျာဒိတ်ကျမ်း၌ပြင်ထန်စွာ ပေါက်ကွဲ၍ အဆုံးသတ်သွားရလိမ့်မည်။ သို့သော်လည်း
နောက်ဆုံးသောအချိန်တွင် မကောင်းမှုအပေါ်မှာ ကောင်းသောအရာအားဖြင့် အောင်ပွဲဆင်သွားမည်ဖြစ်သည်။
ဗျာဒိတ်ကျမ်းတွင် အာရှမိုင်းနားရှိအသင်းတော်ခုနှစ်ပါးကိုပေးသည့် စာလည်းပါဝင်သည်။ အာရှဒေသ
အားလုံးကိုရေးပို့ပေးသည့်စာမဟုတ်ချေ။ အာရှဒေသ၏အနောက်ပိုင်းရှိအသင်းတော်ခုနှစ်ပါး၏ အမည်နာမကို
သာ ရည်ညွန်းထားကြောင်းတွေ့ရသည်။ ထိုဒေသ၌ အသင်းတော်သုံးပါးကျန်ရှိသေးကြောင်းလည်းတွေ့ရလေ
သည်။ ကောလောသဲ (ကော ၁း၂)၊ ဟေရပေါလိ (ကော ၄း၁၃)နှင့် တရော (တ ၂၀း၆-၇)တို့ဖြစ်သည်။ သို့
သော်လည်း ဤအသင်းတော်ခုနှစ်ပါးသည် အသင်းတော်အားလုံးအတွက် ရွေးကောက်ထားသော အသင်း
တော်များဖြစ်သဖြင့် အေဒီ ၁၀၀ မှစ၍ ခရစ်တော်ဒုတိယအကြိမ်ကြွလာသည့်အထိ အချိန်ကာလအတွက်ဖြစ်
သည်။ ရှင်ယောဟန်သည်ပတ်မုကျွန်း၌ အကျဉ်းကျထားခြင်းခံရသောအခါတွင် ဤရူပါရုံကိုတွေ့မြင်ရသည်။
သူရှိရာအနောက်ဘက်တွင်တံပိုးမှုတ်သံကဲ့သို့ကြားရပြီး လှည့်ကြည့်သောအခါ လူသား၏လက်တွင်ကြယ်ခုနှစ်
လုံးကိုကိုင်ထားလျက်၊ ရွှေမီးခွက်ခုနှစ်လုံးကြား၌ သူ့ကိုတွေ့ရသည်။ ကြယ်ခုနှစ်လုံးသည်အသင်းတော်ခုနှစ်ပါး
မှတမန်များကို ပုံဆောင်ထားသည်ဟုဆိုသည်။ ရွှေမီးခွက်ခုနှစ်လုံးသည်လည်း မီးများဖြင့်လင်းထိန်နေသည်။
အသင်းတော်များသည်လည်း မီးကဲ့သို့လင်းထိန်နေရမည်။ ညအချိန်တွင် ကြယ်များအလင်းဖြင့် ထွန်းလင်းနိုင်
မည်။ ဤအချိန်သည် မှောင်မိုက်ဖုံးလွှမ်းသော အချိန်ဖြစ်သည်။ 
ဗျာဒိတ်ကျမ်းကို အဓိကအားဖြင့် သုံးပိုင်းပိုင်းခြား၍ လေ့လာနိုင်လေသည်။ 
၁။ လွန်ခဲ့သောအရာများ (သင်မြင်တွေ့သော အရာ)
ဤရူပါရုံသည် သခင်ယေရှုဘုရားရွှေမီးခွက်အလယ်၌ ရပ်နေသည်ကိုမြင်သော ရူပါရုံဖြစ်ပေသည်။ 
၂။ ယခုလက်ရှိအရာများ (ယခုရှိသော အရာ)
ဤအရာသည် ရှင်ယောဟန်အချိန်၌ ရှိနေသော အသင်းတော်ခုနှစ်ပါးကိုဆိုလိုလေသည်။ (ဗျာ
၂-၃) ထိုအချိန်၌ရှင်ယောဟန်သည် အသက်တစ်ရာခန့်ရှိလေပြီ။ သူသည် တမန်တော်တို့အာလုံးထဲ၌ အသက်အရှည်ဆုံးနေထိုင်ခဲ့သူဖြစ်သည်။ ဂျူးလူမျိုးများကမ္ဘာအရပ်ရပ်သို့ ကွဲပြားပြန်နှံ့သွားပြီးနောက်
နှစ်ပေါင်း ၂၆ နှစ်ကြာသောအခါ သန့်ရှင်းသော ဗိမ္မာန်တော်နှင့် မြို့တော်လည်းလုံးဝဖျက်ဆီးခြင်းခံရ
လေသည်။

၃။ ယခုမှစ၍ ဖြစ်ပျက်မည့် အရာများ (နောင်ဖြစ်လတ္တံ့သောအရာ)
ဤအပိုင်းသည် အခန်းကြီးလေးမှစ၍ အဆုံးထိအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ (ဗျာ ၄း၁)။ အသင်း
တော်ခုနှစ်ပါးမှ တမန်များကို ရေးပို့သည့်အပိုင်းသည် ရူပါရုံနှစ်ခုကြား၌ ရေးသားထားခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့
သတိချပ်အပ်ပေသည်။ ထိုရူပါရုံများမှာ သတ္တဝါပေါးအပါအဝင် အသက်ကြီးသူနှစ်ဆယ်လေးပါးကိုမြင်သည့် ရူပါရုံတို့ဖြစ်သည်။ (ဗျာ ၄) အခန်းကြီးလေးအထိသည် အသင်းတော်သည် ဘုန်းတော်ထင်ရှားလျက် ကောင်း
ကင်သို့ချီဆောင်သည်အထိ ဖြစ်ပျက်သည့် ရူပါရုံဖြစ်သည်။ (၁သက် ၄း၁၃-၁၇) ထို့ကြောင့်အထက်နံပါတ်(၂)၌ 
ယခုတည်ရှိနေဆဲအရာ (ဗျာ ၂-၃) သည် ပစ္စုပ္ပန်၌ဆက်လက်ရှိနေသော အမှုဖြစ်လေသည်။
သို့သော်လည်း ရှင်ယောဟန် ဗျာဒိတ်ကျမ်းကိုရေးသည့်အချိန် အေဒီ ၉၆မှစ၍အသင်းတော်ချီဆောင်
သည့်အချိန်ထိ အသင်းတော်သမိုင်းသည် ဤအခန်းနှစ်ခန်းအတွင်း၌သာ တည်ရှိနေသည်ကိုကျွန်ုပ်တို့သိနား
လည်ထားရလိမ့်မည်။ ဗျာဒိတ်ကျမ်း၌ အသင်းတော်အခန်းသုံးတွင် နောက်ဆုံးအသင်းတော်နာမည်ကိုခေါ်တွင်
ပြီးနော် အခန်းတစ်ဆယ်ကိုးခန်းရောက်မှ အသင်းတော်နာမည်ကို တဖန်ပြန်တွေ့ရှိရသည်။ အသင်းတော်များ
သို့ ရေးပို့သည့် စာထဲ၌ အနက်ဖွင့်ခြင်းမရှိလျှင် အသင်းတော်ထဲ၌ပြဿနာမည်သို့ရှိ၍ မည်သို့ဖြေရှင်းရသည်ကို
သိနိုင်သည့် အထောက်အထားမတွေ့နိုင်ချေ။ ရှေးအသင်းတော်ခုနှစ်ပါးကိုရည်ညွန်းပြီး ခရစ်တော်ဒုတိယအကြိမ်
ကြွလာခြင်းကို မသွန်သင်ခဲ့သော် ယနေ့ယုံကြည်သူများအစဉ်နိုးကြားပြီး ခရစ်တော်ကိုစောင့်မျှော်တတ်သော
နှလုံးသားရှိလိမ့်မည်မဟုတ်ချေ။ 
အသင်းတော်ခုနှစ်ပါး၌ ရှိသောအမှုအကျင့်သည် အသင်းတော်သမိုင်း၌ ခေတ်(၇)ခေတ်ကို ပုံဆောင်
ထားလေသည်။ အသင်းတော်ခုနှစ်ပါးသည် တမန်တော်ရှင်ယောဟန်အချိန်အေဒီ (၁၀၀)ပတ်ဝန်းကျင်၌ ဖြစ်
ပျက်သကဲ့သို့ ယနေ့တွင်လည်းဖြစ်ပျက်နေသဖြင့် တနည်းအားဖြင့် စာတန်သည် ဤကိုးကွယ်ယုံကြည်မှုထဲသို့
ဝင်ရောက်နှောက်ယှက်ချယ်လှယ်နေကြောင်း ကျွန်ုပ်တို့သိနားလည်ရသည်။ အသင်းတော်ခုနှစ်ပါးသည် အသင်းတော်သမိုင်းတစ်ခေတ်ကိုကိုယ်စားပြုပြီး၊ ပုံဆောင်ထားကြောင်းသိရသည်။ သတိထားရမည့်အချက်
တစ်ချက်မှာ အသင်းတော်တစ်ပါး(အသင်းတော် ၇ပါး)၌ရှိသောပြဿနာသည် အနာဂတ်ကာလ၌ တစ်ခေတ်
ခေတ်တွင် အသင်းတော်တစ်ပါး၌ မည်သို့ဖြစ်ပျက်မည် (သို့) ပြဿနာမည်သို့ဖြစ်မည်ကိုကြိုတင်ဖေါ်ပြသော
ရှေ့ပြေးပုံရိပ်ဖြစ်ပေသည်။ သူတို့၏အကျင့်စရိုက်ဆိုးများသည် မည်သည့်ခေတ်ကာလမှ လုံးဝပျောက်ကွယ်သွား
ခြင်းမရှိပေ။ တစ်ခေတ်ပြီး တစ်ခေတ်ဆက်လက်တည်ရှိနေသောကြောင့် နောက်ဆုံးကာလအထိဆက်လက်
တည်ရှိနေလိမ့်မည်။ ဇာတိသဘောဆန်သော အသင်းတော်တွင် မသန့်ရှင်း၊ မစင်ကြယ်သော အမှုများ နေ့စဉ်
နှင့်အမျှကြီးထွားလာပြီး မှန်ကန်သော သမ္မာတရားကို မျက်ဝါးထင်ထင်ဆန့်ကျင်တိုက်ခိုက်လာလိမ့်မည်။ အသင်းတော်ခုနှစ်ပါးအကြောင်းကို တစ်ပါးပြီးတစ်ပါး ဆက်လက်လေ့လာကြပါစို့။

၁။ ဧဖက်အသင်းတော်တမန်ထံသို့ ရေးပို့သောစာ (ဗျာ ၂း၁-၇)

ခရစ်တော်ကဤအသင်းတော်ကိုအပြစ်တင်သည့်အရာမှာ မူလချစ်ခြင်းမေတ္တာမှ သွေဖီသွားသော
ကြောင့် ဆိုဆုံးမခြင်းဖြစ်သည်။ “ဧဖက်”ဆိုသည်မှာ ပျက်စီးသွားသော၊ ကျဆင်းသွားသောစသည်မူရင်းအဓိပ္ပါယ်
ရသည်။ ဤအသင်းတော်သည်နောက်ဆုတ်သွားသော အသင်းတော်ဖြစ်သည်။ ရှင်ပေါလုကစတင်တည်ထောင်
ခဲ့သောအသင်းတော်ဖြစ်ပြီး သူက ဤသို့ခွန်အားပေးထားလေသည်။ သူက -
“အကြောင်းမူကား- ငါမရှိသည့်နောက်ကြမ်းတမ်းသော တောခွေးများသည် သိုးတို့ကိုမသနားဘဲ သင်
တို့အထဲသို့ဝင်မည်ကို၎င်း၊ တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သော
သူတို့သည် သင်တို့အထဲ၌ပေါ်လာမည်ကို ငါသိ၏” ဟုရေးသားထားလေသည် (တ ၂၀း၂၉-၃၀)။
ဗျာ ၂း၆၌ ဧဖက်အသင်းတော်သည် ရှင်ပေါလု၏သွန်သင်ချက်ကို နာခံသော အသင်းတော်ဖြစ်ကြောင်း
တွေ့ရသည်။ “သင်မုန်းသော နိကောလအမျိုးကို ငါလည်းမုန်း၏”ဟုဆိုသည်။ ဤအမျိုးကိုရှင်ပေါလုက မြေခွေး
ဟုဆိုထားလေသည်။ ဤအဖွဲ့သည် ယုံကြည်သူတစ်ခြားမဟုတ်ချေ။ အသင်းတော်ထဲကတစ်ချို့ဖြစ်ပြီး သမ္မာ
ကျမ်း၌ယဇ်ပုရောဟိတ်ကျင်စဉ်ကို လိုက်လျှောက်လိုသူများဖြစ်သည်။ သူတို့သည် ပရိသတ်နှင့် သန့်ရှင်းရာအမှု
ဆောင်ကိုသီးသန့်ခွဲခြားထားပြီး၊ သန့်ရှင်းသောအမှုတော်ဆောင်များတဆင့်၊ ၎င်းမှ ဆရာကြီးများတဆင့်၊ အား
လုံးအပေါ်၌ အုပ်ချုပ်ရန်ဆရာကြီးများတဆင့်၊ ဝတ်ရုံနီရသောဆရာကြီးများတဆင့်၊ အသင်းတော်အုပ်အဖြစ်
ဘုရင်တဆင့်၊ စသည့်အဆင့်အတန်းခွဲခြားထားလိုက်သည်။ သန့်ရှင်းသောအမှုဆောင်သည် ပရိတ်သတ်အား
လုံးအားဦးဆောင်ဦးရွက်ပြုပြီးသွန်သင်သည့်အခွင့်ထူးနှင့် စီမံခန့်ခွဲသည့်အခွင့်ထူးခံရသူများဖြစ်သည်။ ဤသို့
လုပ်ဆောင်ခြင်းသည် ခရစ်တော်၏သမ္မာသစ်သွန်သင်ချက်နှင့် ဆန့်ကျင်နေသောကြောင့် ဘုရားသခင်မုန်းတီး
ရခြင်းဖြစ်သည်။ သို့သော်လည်းဧဖက်အသင်းတော်သည် ဤအဖွဲ့ကဲ့သို့ လုပ်ဆောင်ခြင်းကို မလိုက်လျှောက်၊ နာမခံခဲ့ပေ။ သူတို့ကိုရှင်ပေါလုက မမှန်သောတမန်တော်လှည့်ဖြားသောစကားပြောတတ်သောသူများဖြစ်သည်
ဟုသတိပေးချက်ကို အမြဲသတိထားသောကြောင့် တည်မြဲနေလေ့ရှိသည်။ ဧဖက်အသင်းတော်ရှိ အကျင့်ဓလေ့
သည် အေဒီ ၇၀-၁၇၀ အတွင်းရှိ အသင်းတော်များ၌ ဖြစ်ပျက်သည့်အရာကို ရည်ညွန်းထားလေသည်။

၂။ ဆမုရနအသင်းတော်သို့ရေးပို့သည့်စာစောင် (ဗျာ ၂း၈-၁၁)

ဆမုရနအသင်းတော်သည် ရှေးဦးစွာသောမေတ္တာမှ ယုတ်လျော့သည့်အတွက် ဘုရားရှင်သွန်သင်ဆုံးမ
ထားကြောင်းတွေ့ရသည်။ အသင်းတော်နာမည်သည်လည်း ဒုက္ခဆင်းရဲခြင်းဟူ၍ အဓိပ္ပါယ်ရသည်။ တနည်း
အားဖြင့် ခါးသီးခြင်းဟူသော အဓိပ္ပါယ်နှင့် မုရန်တည်းဟူသော သေခြင်းနှင့် ပတ်သက်သောစကားနှင့်နီးစပ်ပြီး
ဆက်စပ်မှုရှိသည်။ ထို့ကြောင့် ဆမုရနအသင်းတော်သည် ညှင်းပန်းနှိပ်စက်ခြင်းနှင့် သေခြင်းကိုတွေ့ကြုံရလေ
သည်။ “ထို့ကြောင့် သင်သည် ခံရမည့်အရာတစ်စုံတစ်ခုမျှမကြောက်နှင့်။ သင်တို့သည်စုံစမ်းခြင်းကိုခံရမည့်အ
ကြောင်း၊ မာရ်နတ်သည်သင်တို့တွင် အချိုု့ကိုထောင်ထဲ၌လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံးဆင်း
ရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည့်တိုင်အောင်သစ္စာစောင့်လော့။ သို့ပြုလျှင်အသက်သရဖူကိုငါပေးမည်”ဟု
မိန့်မှာထားသည်။ ဤနေရာ၌ ခရစ်တော်ပြန်လာသည့်အထိ ယုံကြည်ခြင်းရှိပါဟုမဆိုထားပေ။ သေသည့်တိုင်
အောင် သစ္စာရှိပါဟူ၍သာဆိုထားလေသည်။ ယုံကြည်သူများအား သတ်မည့်ဓါးနှင့် လက်နက်များလည်ပင်းနှင့်
ဦးခေါင်းထိချိန်ရွယ်သည့်တိုင်အောင် ယုံကြည်ခြင်းမယိုင်မလဲဘဲ တည်မြဲရမည်ဟုဆိုလိုသည်။ ထိုအခါ အသက်
သရဖူရမည်ဟုဆိုထားသည်။ ဤသရဖူသည် သီးခံခြင်းဖြင့် အောင်မြင်သူတွေအတွက်ဖြစ်ပေသည်။ ဒီအချိန်
ဆမုရနအသင်းတော်အားညှင်းဆဲခြင်းသည် စာတန်အားဖြင့် ဖြစ်၍ ဆယ်ရက်သာကြာညောင်းလိမ့်မည်။
အသင်းတော်သမိုင်းကို ကြည့်လျှင်အသင်းတော်သည် နှိပ်စက်သည့် အကြိမ်ဆယ်ကြိမ်ရှိခဲ့ကြောင်း
သိရသည်။ ထိုညှင်းပန်းနှိပ်စက်သည့်အချိန်ကာလသည် သမိုင်း၌ အေဒီ ၁၇၀-၃၀၂၌ ဖြစ်ခဲ့လေသည်။

၃။ ပေရဂံအသင်းတော်တမန်သို့ပေးစာ (ဗျာ ၂း၁၂-၁၇)

ဤအသင်းတော်ကိုစာတန် ရာဇပလ္လင်ရှိသောနေရာဟူ၍ရေးသားသမုတ်ထားလေသည်။ စာတန်၏ရာဇ
ပလ္လင်ဆိုသည်မှာ ခါလဒဲဘုရင်သည် ပါးရှားဘုရင်အားစစ်ရှုံးသောအခါ ပေရဂံနေရာသို့ လာရောက်အခြေချနေ
ထိုင်လာပြီး၊ ယုံကြည်သူများအား မာတုရအဖြစ်သတ်ဖြတ်သောဘုရင်များဖြစ်လာသည်။ အန္တိပ (Antipas)ဆိုသူ
သည် ပေရဂံအသင်းတော်၌ သစ္စာရှိသောယုံကြည်သူအသင်းလူကြီးတစ်ဦးဖြစ်သောကြောင့် အသတ်ခံရလေ
သည်။ သို့သော်လည်း များမကြာမှီ ဘုရင် ကွန်စတာတင်း (Constantine)လက်ထက်တွင် ခရစ်ယာန်ဘာသာ
ကို နှစ်ခြိုက်၍ ချီးမြင့်ပြီး၊ နိုင်ငံအုပ်ချုပ်ရေးနှင့် ရောနှောအုပ်ချုပ်ကာ များစွာသောသူတို့သည် ခရစ်ယာန်ဘာသာ
သို့ဝင်လာခဲ့ကြသည်။ ကွန်စတာတင်းဘုရင်က ဤကဲ့သို့လုပ်ဆောင်ခြင်းသည် ပြည်သူတို့၏ဆန္ဒကို လိုက်လျော
လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းကြောင့် အသင်းတော်သည် ဝါဒနှစ်ခြမ်းကွဲပြားသွားခဲ့ရသည်။ တစ်ဖွဲ့မှာ ဗာလမ်အယူဝါဒခံယူသူများနှင့် နိကောလအယူဝါဒခံယူသူများအဖွဲ့ဟူ၍ ဖြစ်သည်။ နိကောလ၏မု
သာဝါဒအကြောင်းကို ဧဖက်အသင်းတော်၌လည်း ပါရှိပြီးဖြစ်သည်။ ထို့နောက်အေဒီ ၃၂၅ ၌နာဇီးယား(Nicaea)
အထွေထွေညီလာခံကြီးကျင်းပ၍ ကိုယ်စားလှယ်တစ်ထောင်ငါးဆယ်တက်ရောက်ပြီးငါးပုံတစ်ပုံမှာ အသင်း
တော်ခေါင်းဆောင်များဖြစ်သည်။ ဤညီလာခံသည် နိုင်ငံရေးအုပ်ချုပ်မှုစနစ်သာအဓိကရည်ရွယ်ရင်းဖြစ်၍ နိကောလ အယူဝါဒစွဲလန်းသူများလွှမ်းမိုးထားသောညီလာခံဖြစ်သည်။ 
ဗာလမ်အယူဝါဒသည် တောလည်ရာကျမ်း ၂၂မှ ၂၅အတွင်း တွေ့ရှိရသည်။ ဣသရေလလူမျိုးများခါနန်
ပြည်သို့အသွား မောဘပြည်သို့ဖြတ်သွားသောအခါ မောဘဘုရင်က ဣသရေလလူမျိုးအား ကျိန်စေရန်ပရော
ဖက်ဗာလမ်ကိုခေါ်ယူခဲ့သည်။ သို့သော်လည်း ဘုရားသခင်က ခွင့်မပြုခဲ့ပေ။ ကျိန်သည့်အမှုမအောင်မြင်သော
အခါ ဗာလမ်ကဘုရင်အားမကောင်းသောအကြံအစည်ပေးခဲ့သည်။ ဣသရေလလူမျိုးများအား ဘာသာရေးပွဲ
လမ်းသဘင်ပူဇော်ပွဲသို့ခေါ်ဖိတ်၍၎င်းပွဲတွင် မောဘအမျိုးသမီးများဖြင့် ဖြားယောင်းသွေးဆောင်စေပြီး ညစ်ညမ်း
သွားစေရန် အကြံပေးခဲ့လေသည်။ ဘုရင်က ဤအတိုင်းပြုသည့်အခါ ဣသရေလလူမျိုးများတကယ်ပင်တစ်ပါး
အမျိုးသမီးများ၏ ကျော့ကွင်းထဲရောက်ရှိသွားသည်သာမက ရုပ်တုဆင်းတုများကိုလည်း ကိုးကွယ်လာခဲ့ရ
သည်။ ထိုအခါထာဝရဘုရားသခင်သည် စိတ်ဆိုးတော်မူသဖြင့် အမျက်ဒေါသသဖြင့် ဣသရေလလူမျိုးနှစ်
သောင်းလေးထောင်ယောက် အဆုံးစီရင်သတ်ဖြတ်လိုက်သည်။ ထို့ကြောင့် ပေရဂံအသင်းတော်သည် ဗာလမ်
ကဲ့သို့သော ဝါဒကို ကိုင်စွဲထားသဖြင့် အပြစ်ရှိသည်ဟု သတ်မှတ်ထားသည်။ 
ဘုရင်ကွန်စတာတင်းသည် နိုင်ငံရေး၊ အုပ်ချုပ်မှုကို ဘာသာရေးစည်းမျဉ်းဘောင်အတွင်းသို့ယူဆောင်
ရောနှောလိုက်သဖြင့် ဗာလမ်ဝါဒပြန်လည်ထွန်းကားပေါ်ပေါက်လာခဲ့ရသည်။ အသင်းတော်ခေါင်းဆောင်များကို
လည်းဘုရင်နည်းတူ အခွင့်ထူးခံလူတန်းစားအဖြစ်မြှင့်တင်ပြီး ကြီးကျယ်ခန်းနားသည့် အဆောက်အဦးထဲ၌နေ
ထိုင်ခွင့်ပေးခဲ့သည်။ ဘုရင်များကဲ့သို့ လစာနှုံးများပေးထားပြီး ထယ်ဝါလှသည့် ဝတ်စုံများကိုလည်းဆင်မြန်းစေ
သည်။ အုပ်ချုုပ်သူလူတန်းစားကဲ့သို့ ရာထူးရာခံကြီးမားစွာပေးထားပြီး မြင့်သောနေရာ၌ နေထိုင်စေသည်။ ၎င်း
အပြင် အသင်းတော်အပြင်ရှိ တစ်ပါးအမျိုးသားများကိုလည်း ဘာသာရေးပွဲသဘင်များကျင်းပကာ ခေါ်ဖိတ်ပြီး အသင်းတော်ထဲသို့ ဥပုသ်နေ့၌ ဝတ်ပြုကိုးကွယ်စေသည်။ ဒီဇင်ဘာ ၂၁ရက်သည် တစ်နေ့တာအတိုဆုံးနေ့ဖြစ်
ပြီး ၂၅ ရက်သည် နေ့တာစတင်ရှည်သည့်နေ့ဖြစ်သဖြင့် ရောမကာသိုလိပ်အသင်းတော်သည်နေဘုရားမွေးဖွား
သည့်နေ့အဖြစ်ရောမမြို့၌ကျင်းပစေပြီး မြင့်မြတ်သောပွဲအဖြစ် သတ်မှတ်ပေးသည်။ ထို့ကြောင့် ခရစ်တော်သည်
လည်း“ “ဖြောင့်မတ်သောနေ့” ” ဖြစ်သဖြင့် မွေးနေ့ကိုလည်းဧပြီလမှ ဒီဇင်ဘာလ ၂၅ရက်နေ့သို့ပြောင်းရွှေ့ကျင်း
ပခြင်းသည်ပို၍သင့်လျော်ပေသည်ဟု ထင်မြင်ခဲ့ဟန်တူသည်။ 
ထို့ကြောင့် အနှစ်တစ်ထောင်မိလေနစ်ကာလလွန်မှ ခရစ်တော်ကြွလာမည်ဟု အယူဝါဒ (Post-Millennial Views) သည် ဤနေရာမှာအခြေခံထားသည်။ အသင်းတော်ထဲ၌လည်းချမ်းသာသူပေါများလာပြီး
အာဏာရှိသူလည်း ပေါ်လာသည်။ နိုင်ငံရေးအာဏာနှင့် အသင်းတော်အခွင့်အရေးတို့ကိုရောနှောပြီး အတူတ
ကွကြီးထွားလာစေလျက် မိလေနစ်ကာလသည် ခရစ်တော်မပါဘဲ လျင်မြန်စွာပေါ်ထွန်းလာမည်ဟုယူဆကာ 
ခရစ်တော်ကို သတိနှင့်စောင့်မျှော်ဘို့ပြင်ဆင်ရန်စိတ်ဆန္ဒလျော့နည်းစေလေသည်။ သူတို့သည် ထာဝရဘုရား
သခင်က ယုဒလူမျိုးကို ထာဝစဉ်စွန့်ပယ်ပြီဟု ခံယူပြီး၊ ဣသရေလလူမျိုးကိုရည်ရွယ်ပြီး ပရောဖက်ပြုချက်သည်
အသင်းတော်အတွက်ဖြစ်သည်ဟုခံယူထားသည်။ ဤအဖြစ်အပျက်သည် အေဒီ ၃၂၁ခုနှစ် ဘုရင်ကွန်စတာ
တင်းလက်ထက်မှစပြီး အေဒီ ၆၁၆ခုနှစ်အထိ ဗော့နင်းဖီၤးစ် (Boniface the Third)အား ကမ္ဘာညလုံးဆိုင်ရာ 
ပုပ်ရဟန်းအဖြစ် သရဖူဆောင်းသည့် အချိန်ထိဖြစ်သည်။

၄။ သွာတိရအသင်းတော်အားပေးသည့်စာ (ဗျာ ၂း၁၈-၂၉)

ဤအသင်းတော်ကို ခရစ်တော်ကချီးမွမ်းစရာအနဲငယ်ရှိသည်ဟုဆိုသည်။ ၎င်းမှာ သူတို့သည် ကောင်း
သောအမှုကိုဆောင်ရွက်သောကြောင့်ဖြစ်သည်။ သူတို့ကိုမပြစ်တင်စရာရှိသည်မှာ၊ မိမိကိုယ်တိုင် ပရောဖက်မ
အဖြစ်သတ်မှတ်သည့် ယေဇဗေလကိုမတားမြစ်ဘဲ အခွင့်အရေးပေးသည့်အတွက် ဘုရားသခင်၏ ကျွန်များ
သည် လှည့်ဖြားခြင်းခံရ၍ ညစ်ညမ်းစေပြီးနောက် ရုပ်တုဆင်းတုရှေ့မှ ပူဇော်ထားသော အသားများကိုလည်း
စားစေခြင်းကြောင့် အပြစ်တင်စရာရှိလေသည်။ 
ဤအမျိုးသမီးသည် မည်သူနည်း။ ဤအမျိုးသမီးသည် ဟန်ဆောင်ကောင်းသောသူဖြစ်၍ သူ့ကိုယ်သူ
ပရောဖက်မဟုသမုတ်သည်။ သူသည်ယေဇဗေလဟုတ်မဟုတ် မပြောနိုင်ပေ။ ပြည်တန်ဆာမဖြစ်သော ထိုသူ
သည် သမ္မာဟောင်း၌ ဘုရင်အာဟဒ် (Ahad)မင်း၏ခင်ပွန်းယေဇဗေလ (Jezebel) နှင့် တပုံစံတည်းဖြစ်သည်။ သူမ၏ဖခင်သည် ဘုရင်နှင့် ယဇ်ပုရောဟိတ်ဖြစ်သည်။ ဘုရင်အာဟဒ်မင်းသည် ယေဇဗေလအားထိမ်းမြားယူ
ခြင်းသည် သူနေရာမြဲစေရန်ရည်ရွယ်ရင်းဖြစ်သည်။ ဘုရင်အာဟဒ်မင်းသည် သန့်ရှင်းသောယဇ်ပုရောဟိတ်အ
များကိုသတ်ဖြတ်ပြီး ဣသရေလလူမျိုးကို ရုပ်တုဆင်းတုကိုးကွယ်ခိုင်းလေသည်။ ယေဇဗေလလက်ထက်၌ သာမက သူ၏မောင်နှစ်ဦးလက်ထက်၌လည်း ထိုနည်းတူပြုမူကျင့်လေသည်။ ၎င်းနောက် သူ၏သမီးကိုဘုရင်
အားပေး၍ ယုဒလူမျိုးကိုရုပ်တုဆင်းတုကိုးကွယ်စေသည်သာမက ဗာလဘုရားကိုယဇ်ပူဇော်ရန်ပလ္လင်ကိုလည်း
တည်ဆောက်စေသည်။ ထို့ကြောင့်နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက်ကဲ့သို့ ဣသရေလလူမျိုး များလည်းအပြစ်ပြုလေသည်။ (၃ရာ ၁၆း၂၉-၃၄)
ဗျာဒိတ်ကျမ်း၌ ယေဇဗေလသည် ပုဂ္ဂိုလ်ကိုမဆိုလိုချေ။ (၃ရာ ၁၆း၂၉-၃၄) ကြည့်သောအခါ ၎င်းယေဇ
ဗေလသည် ပုပ်ရဟန်းမင်းကြီၤး၏အသင်းတော်ကို အုပ်ချုပ်သည့်စနစ်တရပ်ဖြစ်သည်။ ဤအယူဝါဒအားဖြင့်
အသင်းတော်ထဲသို့သွတ်သွင်းပြီးလူလက်ဖြင့် လုပ်သော ရုပ်တုနှင့် ရုပ်ပုံများကိုကိုးကွယ်ခိုင်းလေသည်။ ထို့
ကြောင့် ရုပ်တုဆင်းတုကိုကိုးကွယ်သူများဖြစ်လာရသည်။ အသင်းတော်ထဲ၌ သွန်သင်ဟောကြားသည့် တရား
သည်လည်း နှုတ်ကပတ်တော်ထက်လွန်ကဲ့စွာဟောပြောလာသည်။ ၎င်းသည် ပရောဖက်မဖြစ်သော ယေဇ
ဗေလ၏ အဓိကလုပ်ရပ်ဖြစ်ကြောင်းထင်ရှားလေသည်။ အေဒီ ၆၀၆ မှစ၍ ၁၅၂၀ခုနှစ်ထိ အသင်းတော်သမိုင်း
ကိုကြည့်သောအခါ အသင်းတော်၌ ယေဇဗေလအယူဝါဒ လွှမ်းမိုးလာသဖြင့် တော်လှန်ရေးပေါ်ပေါက်လာရ
သည်။ 
ဤအချိန်ကာလတွင် ယေဇဗေလဝါဒ ထွန်းကားပြီး အသင်းတော်၌ ညှင်းပန်းနှိပ်စက်သည့်အချိန်အခါ
ဖြစ်၍လက်ဝါးကပ်တိုင်တပ်ဖွဲ့များပေါ်ပေါက်လာကာ အသင်းတော်ကွဲပြားမှုပြင်းထန်လာခဲ့သည်။ထို့ကြောင့် ယေ
ဇဗေလသည် ထိုခေတ်အသင်းတော်သို့ တံဆေးမှုန့်ထဲ့သည့် သူဖြစ်သည်။ တဆေးမှုန့်သည် ဧဝံဂေလိတရားထဲ
သို့ ရောနှောသွားလေသည်။ ဤကဲ့သို့ဖြစ်ပျက်သည့်ခေတ်ကာလသည် အေဒီ ၆၀၆ မှ ၁၅၂၀ခုနှစ်ထိအသင်း
တော်၌ အသစ်တဖန်ပြန်လည်ပြုပြင်သည့် အချိန်အထိဖြစ်သည်။

၅။ သာဒိအသင်းတော်အားပေးသည့်စာ (ဗျာ ၃း၁-၆)

သာဒိအသင်းတော်သည် နာမည်သာရှိပြီး အသင်းတော်မရှိတော့ချေ။ အပေါ်ယံနာမည်သာရှိပြီး အ
တွင်း၌အသင်းတော်အစစ်အမှန်မရှိပေ။ အချည်းအနှီးသက်သက်သာဖြစ်သည်။ သာဒိဆိုသည်မှာလည်း ထွက်
ပြေးခြင်း၊ ပျောက်ဆုံးသောသူဟူ၍ အဓိပ္ပါယ်ပေါက်သည်။ ဤအချိန်ကာလသည် အသင်းတော်အားမာတင်လူ
သာ (Martin Luther) ဦးဆောင်၍ပုန်ကန်တော်လှန်ပြီး၊ အသစ်ပြုပြင်သည့်ကာလဖြစ်သည်။ အေဒီ ၁၅၀၀ပတ်
ဝန်းကျင်တွင်ရောမ ကစ်သလစ်အသင်းတော်၏ ညှင်းပန်းနှိပ်စက်ခြင်းကိုမခံရပ်နိုင်သည့်အဆုံး အေဒီ ၁၅၇၁၊ 
ဒီဇင်ဘာလ ၁ရက်နေ့တွင် မာတင်လူသာဦးဆောင်၍ ဂျာမနီနိုင်ငံ ဝီသာပတ်ဂ် (Wittenberg) အသင်းတော်၌ 
တောင်းဆိုချက်(၁၀)ချက်တင်ပြတောင်းဆိုရာမှ တော်လှန်ရေးစတင်ပေါ်ပေါက်လာခဲ့သည်။ တချို့မှာ နိုင်ငံရေး
ကိုတော်လှန်သူလည်းပါဝင်သည်။ ဘာသာရေးကိုဘဲပြုပြင်သည့် တော်လှန်ရေးမဟုတ်ချေ။
သမ္မာကျမ်းစာဖတ်ရှုခြင်းကို အသင်းတော်ထဲမှာ ပိတ်ပင်သည့် အမှုကို ထိုနေ့မှစ၍ ပရိတ်သတ်ရှေ့မှာ ဆွေးနွေးပြောဆိုခွင့်ရရှိလေသည်။ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်းနှင့် ဝတ်ပြုကိုး
ကွယ်မှု၌သန့်ရှင်းဖြူစင်ခြင်းသည် ထိုနေ့ရက်မှစတင်ကျင့်သုံးလာခဲ့သည်။ သို့သော်လည်း ထိုအချိန်မှစ၍ ဂိုဏ်း
ဂနများစွာပေါ်ထွက်လာပြီး တော်လှန်ရေးအဖွဲ့များစွာဖြစ်ပေါ်လာသည်။ ထို့ကြောင့်အသင်းတော်၌ အထူးသဖြင့် 
ဝိညာဉ်ရေးရာ၌ အနှောက်အယှက်တားဆီးမှုများစွာဖြစ်ပေါ်ခဲ့လေသည်။ သခင်ယေရှုပြောသည့်အတိုင်း “သင်
သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကိုငါသိ၏”မိန့်မှာချက်နှင့် အတူတူဖြစ်ပျက်ခဲ့သည်။
အသင်းတော်ပြုပြင်ရေးသမားများသည် မိစ္ဆာအယူဝါဒကိုဖျက်သိမ်းဖယ်ရှားခဲ့သော်လည်း ခရစ်တော်
ဒုတိယအကြိမ်ကြွလာခြင်းနှင့်ဆိုင်သော ကတိစကားများကို မထိန်းသိမ်းနိုင်ချေ။ အသင်းတော်၌ ရုပ်တုကိုးကွယ်
သည့်ဓလေ့ကိုပြောင်းလဲနိုင်ခဲ့သော်လည်း ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းကတိတော်သည် အစစ်အမှန်
တကယ်ဖြစ်မည်ကို မယုံကြည်နိုင်ချေ။ သာဒိအသင်းတော်အချိန်ကာလသည် အေဒီ ၁၅၂၀ မှ ၁၇၅၀ ခုနှစ်အ
တွင်း၌ ဖြစ်သည်။


၆။ ဖိလဒေလဖိအသင်းတော်ကိုပေးသည့်စာ (ဗျာ ၃း၇-၁၃)

ဖိလဒေလဖိဟူုသည်မှာ ညီအစ်ကိုချင်းကဲ့သို့ချစ်ခင်ခြင်းဟု အဓိပ္ပါယ်ရသည်။ ၎င်းနောက်ကရုဏာနှင့်
ညီအစ်ကိုအချင်းချင်းမိတ်သဟာရဖွဲ့ခြင်းကို ထင်ထင်ရှားရှားဖေါ်ပြ၍ မုန်းတီၤးခြင်းကိုဖယ်ရှားရလိမ့်မည်။ သာဒိ
အသင်းတော်အချိန်ကာလဲပြီးနောက်နှစ်ပေါင်းငါးဆယ်ရောက်မှ ဘုရားသခင်၏ကယ်တင်ခြင်းနှုတ်ကပတ်တော်
စတင်ဟောပြောစပြုသည်။ ထို့ကြောင့် ဖိလဒေလဖိ အသင်းတော်နှင့် ပတ်သက်၍ မှတ်တမ်းဘို့ရန်သုံးချက်ရှိ
သည်။
(၁) ကိုယ်ခန္ဓာသည် သေလုမျောပါးနာ၍ နာလန်ထသကဲ့သို့ဖြစ်သောကြောင့် ခွန်အားနည်းလေသည်။ ဤ
အချင်းအရာသည် သာဒိအသင်းတော်သည် အားနည်းသော်လည်း ဖိလဒေလဖိအသင်းတော်သည် ခွန်
အားရရှိခြင်းကို ပုံဆောင်လေသည်။ ခွန်အားကြီးလာသော ဘုရားသခင်၏ကျွန်များဖြစ်သော ဂျော့ဂျ်
ဝိုက်ဖီးလ်ဒ် (George White Field)၊ ဂျွန်ဝက်စလေ (John Wesley)၊ ချလ်စ်ဂျီဖင်းနစ်စ် (Charles
G. Finneys) နှင့် (D.L Moody) ဒီအယ်လ်မူဒီတို့ဖြစ်သည်။ ၁၇၃၉ မှစတင်၍ နိုးထမှုများစတင်ဆောင်
ရွက်ခဲ့လေသည်။
(၂) သူ့ရှေ့မှာ အဘယ်သူမှမပိတ်နိုင်သောတံခါးတစ်ပေါက်ဖွင့်ထားသည်။ ဤကတိများကို ဒါဝိဒ်မင်း၏ တံ
ခါးသော့ကို ကိုင်သူကပေးထားသည်။ အဘယ်သူမျှမပိတ်နိုင်အောင်ဖွင့်၍ မဖွင့်နိုင်အောင်ပိတ်သောသူ
ကသော့ပေးထားသည်။ အေဒီ ၁၇၉၃တွင် ဝီလီရာဂရေး(William Garey)သည် သင်္ဘောရွက်လွှင့်၍
အိန္ဒိယသို့သာသနာပြုရန်ဆန္ဒပြင်းပြခဲ့သည်။ သူသည်ဖွင့်ထားသောတံခါးပေါက်တစ်ပေါက်ကို ရှာဖွေ
တွေ့ရှိခဲ့ပြီး၊ ထိုမှတဆင့် ဘုရားသခင်သည် တရုတ်ပြည်၊ ဂျပန်ပြည်၊ ကိုးရီးယားပြည်နှင့် အရှေ့အိန္ဒိယ၊
၎င်းအပြင် ကျွန်းနိုင်ငံအများ တံခါးဖွင့်ထားခဲ့သည်။ ယခုပစ္စုပ္ပန်အချိန်တွင် သာသနာပြုဆရာမရောက်
သည့် ဒေသအလွန်နည်းလေသည်။
(၃) ဘုရားသခင်သည် သူ၏သားသမီးများအားကောင်းကင်အောက်၌ တွေ့ကြုံရမည့်ဘေးဒဏ်ကြီးကို မ
တွေ့စေရန် အလိုတော်ရှိသည်။ ဤအသင်းတော်သည် ယနေ့အထိ တည်ရှိနေသည်။ တခြားအသင်း
တော်ထက်သက်တမ်းပို၍ရှည်သည်။ ဆမုရန အသင်းတော်ကဲ့သို့ဘေးဒဏ်(၁၀)မျိုးတွေ့ကြုံရမည်မ
ဟုတ်ဟုဆိုသည်။ ဒုက္ခဆင်းရဲခြင်းသည် တစ်ကမ္ဘာလုံး၌ဖြစ်ပျက်မည်ဆိုခြင်းသည် ခရစ်တော်ဒုတိယ
အကြိမ်ကြွလာချိန်ဘေးဒဏ်ကြီးကာလ၌ ဒုက္ခဆင်းရဲညင်းပန်းနှိပ်စက်ခြင်းကိုဆိုလိုပေသည်။ ထို့
ကြောင့် ဖိလဒေလဖိအသင်းတော်သည် ခရစ်တော်မကြွလာမှီ ချီဆောင်ခြင်းကို ပုံဆောင်ထားခြင်း
ဖြစ်သည်။ 
ဖိလဒေလဖိ အသင်းတော်သည် အေဒီ ၁၇၅၀ မှ ၁၉၀၀ ခုနှစ်အထိ တည်ရှိခဲ့သော အသင်းတော်ဖြစ်
သည်။ ကျွန်ုပ်တို့သတိထားရမည်မှာ၊ ဤအသင်းတော်၏လုပ်ငန်းတာဝန်သည် နောက်ဆုံးကာလအထိ ဆက်
လက်လုပ်ဆောင်သွားလိမ့်မည်။ ဤအသင်းတော်၏ဟောပြောသက်သေခံခြင်းသည် တဖြေးဖြေးအားနည်း
လာသည်။ ထို့နောက် လူများသည် နည်းပညာစက်မှုကိုအားကိုးလွန်းသဖြင့် ဝိညာဉ်ရေးရာ၌ ခွန်အားနည်းလာ
ခြင်းသည် ခရစ်တော်ဒုတိယအကြိမ်ကြွလာသည့်အထိ ဆက်လက်ဖြစ်ပေါ်လေ့ရှိနေလိမ့်မည်။

၄။ လောဒိကိအသင်းတော်ကိုပေးသည့်စာ (ဗျာ ၃း၁၄-၂၂)

ဤအသင်းတော်ကို ခရစ်တော်ဘုရားက ချီးမွမ်းသည့်အချက်တစ်ချက်မှမတွေ့ရချေ။ အပြစ်တင်ထား
သည့်အချက်သာတွေ့ရသည်။ သူက -
“သင်၏အကျင့်ကိုငါသိ၏။ သင်သည် အအေးမဟုတ်။ အပူမဟုတ်သည်ကို ငါသိ၏။ အေးခြင်းဖြစ်စေ၊
ပူခြင်းဖြစ်စေ၊ တစ်ခုခုကိုငါအလိုရှိ၏။ ထိုသို့အအေးမဟုတ်၊ နွေးရုံမျှသာရှိသောကြောင့် ငါ၏ခံတွင်းသည်သင့်ကို
ထွေးလုပြီ”ဟုမိန့်မှာထားလေသည်။ (ဗျာ ၃း၁၅-၁၆)
ခရစ်တော်သည် နွေးရုံမျှသာရှိသော အသင်းတော်ကို မုန်းလေသည်။ သူအလိုရှိသည့် အရာမှာ ရေခဲကဲ့
သို့အေးမြခြင်း (သို့) ပူခြင်းတစ်ခုခုကို အလိုရှိသည်။ မပူမအေးဖြစ်ခြင်းကို မလိုချင်ပေ။ အင်္ဂလန်နိုင်ငံ၌ အေး
လည်းမအေး၊ ပူလည်းမပူသောအသင်းတော်တစ်ပါးရှိသည်။ နွေးရုံသာရှိသောအသင်းတော်တစ်ပါးဖြစ်သည်။
ထိုအခါ ဂျွန်ဝက်စလေ(John Wesley)သည် လဟာပြင်၌ လူထုတရားဟောပွဲကြီးကျင်းပခဲ့သည်။ ထိုအခါ ၎င်း
အဖွဲ့သည်လည်းထိုကဲ့သို့အပူ(ဝါ) အအေးဖြစ်သည့် အသင်းသားများဖြစ်သဖြင့် ဝီလီရာမ်ဘွဒ်(William Booth)
ကဤလောကကိုကယ်တင်သည့် ဧဝံဂေလိတပ်ဖွဲ့(ကယ်တင်ခြင်းတပ်)ကိုတည်ထောင်ခဲ့လေသည်။ 
ယခုပစ္စုပ္ပန်အချိန်တွင် အသင်းတော်အားလုံးသည် နွေးရုံသာရှိသည့်အထဲ၌မအသက်ရှင်နေထိုင်လေ
သည်။ အသင်းတော်၌ အဖွဲ့အစည်းများစွာရှိသော်လည်း ဝိညာဉ်ရေးရာ၌ နိုးထမှုအားနည်းသည်။ နိုးထမှုစည်း
ဝေးများလုပ်သော်လည်း အပေါ်ယံသက်သက်သာလုပ်ဆောင်ပြီး သီချင်း၊ သည်အဖွဲ့များငါှးရမ်းကာ မျက်စိနှင့်
နားကြားကောင်း၊ ကြည့်ကောင်းရုံမျှသာလုပ်ဆောင်၍ သခင်ယေရှုထံမှရရှိသည့်ဝိညာဉ်ခွန်အားရယူခြင်းမရှိပေ။
မည်သို့ခွန်အားရရှိမည့်နည်းလမ်းလည်းမသိချေ။ တစ်ချို့ဆရာများသည် နိုးထမှုစည်းဝေးလုပ်ဆောင်သော်
လည်းရံပုံငွေရှာဖွေသည့် လုပ်ငန်းသာလုပ်ဆောင်သည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းသည် လောဒိကိအသင်း
တော်၏နွေးရုံမျှသာရှိသောအမှုအကျင့်ကဲ့သို့ဖြစ်သည်။ မိမိကိုယ်ကိုလှည့်စားခြင်းတစ်မျိုးတည်းဖြစ်သည်။
“သင်ကလည်း၊ ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုလည်းဆည်းပူးပြီး၊ တစ်စုံတစ်ခုမျှမလိုဟုပြောဆို
၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းအစည်းရှိ
ခြင်းဖြစ်သည်ကို မသိပါတကား”ဟူ၍မိန့်မှာထားလေသည်။
သူတို့ကိုယ်တိုင်သည် ဥစ္စာပြည့်စုံပြီ၊ ကြွယ်ဝပြီဟုထင်သော်လည်း သခင်ယေရှုက သူတို့သည်ဆင်းရဲ
ဒုက္ခရောက်သည်ဟုဆိုသည်။ ယနေ့အသင်းတော်တိုင်းသည် ဤကဲ့သို့ဖြစ်နေလေသည်။ သူတို့သည်ကြီးကျယ်
ခမ်းနားပြီး အဖိုးတန်သော ဗိမ္မာန်တော်ကို ဆောက်ကာ၊ နာမည်ကျော်အပြောအဟောကောင်းသည့် ဆရာများ
ကိုခေါ်ဖိတ်ပြီး နာမည်ကျော်သည့် အဆိုကျော်အဖွဲ့ကိုလည်းငှားရမ်းကာ သိုက်မြိုက်စွာစည်းဝေးကျင်းပသည်။ 
သို့သော်လည်းအသင်းတော်အများစုသည် လောကီပုံသဏ္ဍာန်ဆောင်၍ လောင်းကစားခြင်း၊ ကခုန်ပျော်မြူးခြင်း၊
မကောင်းသောလောကီဆိုင်ရာရုပ်များပြသခြင်း စသည်တို့လည်းရောနှောပါဝင်နေသည်။ ဤကဲ့သို့သောအသင်း
တော်(သို့)အသင်းသားသည် မိမိကိုယ်ကိုပြည့်စုံပြီ၊ ဘာတစ်ခုမျှမလိုရာဟုဆိုသော်လည်း ပင်ပန်းခြင်း၊ သနား
ဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်းဖြစ်နေသည်ကိုမသိပါတကားဟု ဆိုရ
လိမ့်မည်။ ဝိညာဉ်ရေးရာလူသည် ဒုက္ခဆင်းရဲမည်မျှတွေ့ရသော်လည်း လောကီဆိုင်ရာ ပျော်ရွှင်မှုကို မခံစား
တတ်ချေ။ ပျော်စရာကောင်းသည်ဟုမယူဆပေ။
သင်သည် အသင်းတော်တစ်ခုသို့လေ့လာရေးသွားကြည့်လျှင် အသင်းတော်၌မျက်မြင်ရသောကြွယ်ဝ
ခြင်း၊ တတ်နိုင်ခြင်းစသည့် အကောင်အထည်အောင်မြင်သည်ကိုသာတွေ့ရလိမ့်မည်။ အရေအတွက်တိုးတက်
ကြီးထွားလာသည်ကိုသာ လေ့လာတွေ့ရှိလိမ့်မည်။ လုပ်ငန်းဆိုင်ရာနည်းစနစ်တိတိကျကျလုပ်ဆောင်နေသည်
ကိုတွေ့ရပြီး၊ ဝိညာဉ်ရေးရာ၌ နိုးထမှုစည်းဝေးတစ်ရပ်ကျင်းပပြုလုပ်ရအောင်ဟုဆိုလျှင်၊ ချင်ချင်းခေါင်းခါပြီး၊ ဒီ
လိုစည်းဝေးမျိုးဤအသင်းတော်၌မလိုအပ်ကြောင်း၊ အားလုံးပြည့်စုံပြီဖြစ်ကြောင်းပြန်ပြောလိမ့်မည်။ လောဒိကိ
အသင်းတော်၌အသင်းသားများသည် ဆင်းရဲသူများကိုမိတ်သဟာရမဖွဲ့ဘဲ ချမ်းသာကြွယ်ဝသူများကိုသာ မိတ်
သဟာရဖွဲ့သူဖြစ်သည်။
လောဒိကိအသင်းတော်သည် ငွေကြေးအရာမှာ ပြည့်စုံသူများဖြစ်သည်။ သို့သော်လည်း သူတို့ငွေကို
မမှန်ကန်သော နေရာ၌သုံးဖြုန်းသည်။ ထို့ကြောင့် ခရစ်တော်ယေရှုကမီးနှင့် ချွတ်ပြီးသောရွှေကိုငါထံမှဝယ်
လော့ဟုဆိုထားလေသည်။ ထိုရွှေသည် မှန်ကန်စွာလုပ်၍ရသော၊ ဘာမှမရောနှောသည့်လုပ်အားခကိုဆိုလို
သည်။ (ယာ ၅း၁-၄) ဤအကြောင်းအရာသည် လောဒိကိအသင်းတော်ကို ဆုံးမသွန်သင်သည့် အခန်းဖြစ်
သည်။ သူတို့သည် ဒုက္ခဆင်းရဲရောက်သည်သာမက မျက်စိကန်းသူလည်းဖြစ်သည်။ သူတို့သည် မျက်စိမှုန်
သဖြင့် ရပ်ဝေးကိုမမြင်ဘဲ အနီးအနားကိုသာမြင်တတ်သည်။ သူတို့နှင့်နီးစပ်သည့်လောကီရေးရာကိုသည် မြင်
နိုင်သည်။ ကောင်းကင်ဘုံနှင့် ပတ်သက်သောဝိညာဉ်ရေးရာအကြောင်းတရားများကို၎င်း၊ ဝိညာဉ်တော်၏လုပ်
ဆောင်မှုများကို၎င်းမမြင်နိုင်ချေ။ ထို့ကြောင့် ခရစ်တော်ကသင်၏မျက်စိမြင်စေခြင်းငှာ၊ မျက်စိ၌မျက်စဉ်းခတ်
လော့ဟုမိန့်မှာထားလေသည်။ ငါ့ထံမှာ ဝယ်လော့ဟုဆိုသည်။ သူတို့သည်ကိုယ်ခန္ဓာအတွက်တန်ဘိုးကြီး
သောဆေးမျိူးစုံရောင်းဝယ်ဖောက်ကားနေကြသော်လညး ဝိညာဉ်မျက်စိနားကိုကုသရန် ဆေးသူတို့၌မရှိချေ။
ဤအသင်းတော်သည် ဒုက္ခဆင်းရဲခြင်း၊ မျက်စိကန်းသည်သာမက အဝတ်အချည်းစည်းရှိသည်ဟု
ဆိုထားသည်။ သူတို့ခန္ဓာကိုယ်သည် အလွန်လှပ၍ အဖိုးတန်သောအဝတ်များဖြင့် ဝတ်ဆင်ထားလိမ့်မည်။ သို့
သော်လည်း ဝိညာဉ်ခန္ဓာကိုယ်၌အဝတ်မဝတ်ဘဲအချည်းနှီးရှိနေလေသည်။ ထို့ကြောင့် ခရစ်တော်က အဝတ်ဖြူ
ကိုငါ့ထံမှာဝယ်လော့ဟုဆိုလေသည်။ လောဒိကိအသင်းတော်သည် သိုးမွေးချည်ထည်ဖြင့်ရက်သည့် ပိတ်ချော
ဝတ်ရုံသည် ဂုဏ်ကျက်သရေအရှိဆုံးဖြစ်သည်ဟုခံယူထားလေသည်။ ထို့ကြောင့်ခရစ်တော်သည် နောက်ဆုံး
အနေနဲ့အလွန်တန်ဖိုးရှိသောစကားကိုမိန့်ဆိုခဲ့သည်။ ငါသည်တံခါးရှေ့မှာရပ်၍ခေါက်လျက်နေ၏။ အကြင်သူ
သည်ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့။ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူစာသောက်မည်။ သူလည်းငါနှင့်
အတူစားသောက်ရလိမ့်မည်။ အောင်မြင်သောသူကိုငါ၏ပလ္လင်ပေါ်မှာငါနှင့်အတူထိုင်ရသောအခွင့်ကိုငါပေးမည်
ဟုမိန့်ဆိုထားလေသည်။ ဤစကားတော်ကိုဆင်ခြင်သောအခါ အသင်းတော်ကိုပြောရင်းနှင့် အပြစ်ရှိသူအားလုံး
ကိုလည်းရည်ရွယ်ပြောဆိုထားကြောင်းသိရသည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်သည် အသင်းတော်၌
ယခင်ကပင်နေရာရှိပြီးဖြစ်သည်။ သို့သော်ယခုအချိန်တွင် ခရစ်တော်ကိုတံခါးအပြင်သို့ မောင်းထုတ်ထားသဖြင့်
ယခုလိုပြောဆိုနေရခြင်းဖြစ်သည်။ အသင်းတော်သည် အပေါ်ယံအားဖြင့် ခွန်အားရှိသော်လည်း အတွင်း၌
ခရစ်တော်မကျိန်းဝပ်ချေ။ ထို့ကြောင့် ဤအသင်းတော်သည် နွေးရုံသာရှိသောအသင်းတော်ဖြစ်လာခဲ့ရသည်။
အမှန်စင်စစ်၊ ခရစ်တော်ကို တံခါးအပြင်သို့မောင်းထုတ်ခြင်းသည် ယုဒလူမျိုးမျာက မြို့ပြင်သို့မောင်းထုတ်ပြီး 
ခရစ်တော်ကို အသေသတ်ခြင်းကို ဆိုလိုလေသည်။ တံခါးအပြင်မှာရပ်ပြီး ခေါက်သော်လည်း မဖွင့်ပေးခဲ့ပေ။
ခရစ်တော်ကို အသင်းတော်၏အပြင်ဘက်မည်ကဲ့သို့မောင်းထုတ်ထားပါသနည်း။ နဂိုအချိန်၌ ခရစ်
တော်သည် သူတို့အထဲသို့ မဝင်ခဲ့လျှင် အသင်းတော်ဟူ၍မဖြစ်လာခဲ့ပေ။ လောဒိကိအသင်းတော်ကို ဤ
အကြောင်းအရာနှင့်ပတ်သက်ပြီး ပြောရလျှင် ခရစ်တော်ကို အပြင်သို့မောင်းထုတ်ထားခြင်းမဟုတ်ပေ။ သူတို့
အသက်တာထဲ၌ ခရစ်တော်ပျောက်နေသည်ကို သူတို့သတိမထားမိချေ။ သူတို့သည်သူ့ကို ချီးမွမ်းခန်းထုတ်ပြီး
ကိုးကွယ်ဝတ်ပြုလျက်သူ့အတွက် သန့်ရှင်းမြင့်မြတ်သောအမှုတော်ကို ဆောင်ရွက်နေသည်။ ထိုသို့လုပ်ဆောင်
နေသော်လည်း ခရစ်တော်အပြင်သို့ အဘယ့်ကြောင့် ရောက်သွားပါသနည်း မေးစရာရှိပါသည်။ ဤကဲ့သို့ဖြစ်ရ
ခြင်းသည် အမှုဆောင်နေသော်လည်း ဇာတိသဘော၊ လောကီပုံသဏ္ဍာန်ဆောင်၍လောကီရေးရာကိုအဓိက
ထား၍ ပိုမိုကြိုးစားအားထုတ်လာခြင်းမှဖြစ်ရခြင်းဖြစ်သည်။
ခရစ်တော်ကို အသင်းတော်ထဲသို့ မည်ကဲ့သို့ပြန်ရောက်ရှိစေရမည်နည်း။ အသင်းတော်စုပေါင်း၍သူ့
အားပြန်ခေါ်ရမည်လော့။ သူ့ကိုခေါ်စရာမလိုချေ။ ခရစ်တော်ကိုယ်တိုင်ကကျွန်ုပ်တို့အား၊ ငါသည် တံခါးရှေ့မှာ
ရပ်၍ခေါက်လျက်နေ၏။ ငါ့အသံကြား၍ တခါးဖွင့်လျှင် ငါဝင်၍ သူနှင့်အတူစားသောက်မည်ဟုမိန့်ဆိုထားသည်။
ထိုအချိန်တွင် နွေးရုံမျှရှိသော အသင်းတော်သည် ခွန်အားရှိလာမည်ဖြစ်သည်။ ကျွန်ုပ်တို့နှလုံးတံခါးဖွင့်၍ ခရစ်တော်အား ဝင်ခွင့်ပြုကြပါစို့။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....