Thursday, 9 February 2012

လူ၏ကျရှုံးခြင်း

က ၃း၁-၈
စာတန်သည်ကျွန်ုပ်တို့၏ပထမမိဘများကိုတိုက်ခိုက်စဉ်ကဘုရားသခင်၏နှုတ်ကပတ်တော်ထွက်စကားကိုတိုက်ခိုက်ခြင်းဖြင့်အစ ပြုခဲ့သည်။ အပြစ်ကင်း၍ချစ်စရာကောင်းသောဟန်ဖြင့်ဧဒင်ဥယျာဉ်ထဲသို့ဝင်လာသည့် ပါးနပ်လှသောရန်သူအပေါ်ဧဝ၏တစ်ခုတည်းသောအကာအကွယ်မှာဘုရားသခင်၏နှုတ်ကပတ်တော်ပင်ဖြစ် သည်။ စာတန်၏ပါးနပ်၍ကလိန်ကကျစ်ကျမှုကို“ထာဝရဘုရားအမိန့်တော်ရှိသည်”ဟုတစ်ခွန်းတည်းပြောရန်သာ ဖြစ်သည်။ ထိုအခါစာတန်၏တပတ်ရိုက်မြှောက်လုံးကိုပုတ်ထုတ်ပစ်နိုင်ခဲ့ပေလိမ့်မည်။နောက်ဆုံးသုံးသပ်ချက်
အရစုံစမ်း သွေးဆောင်ခြင်းသည် ယုံကြည်ခြင်းအပေါ်မူတည်သည်။ ဧဝသည်ထာဝရဘုရားကိုယုံကြည်မည် လော။

၁။ စာတန်၏တိုက်ခိုက်မှု
က။ သံသယ (၃း၁-၃)
ခ။ ငြင်းပယ်ခြင်း (၃း၄)
ဂ။ လှည့်စားခြင်း (၃း၅)

၂။ စာတန်၏အောင်မြင်မှု၇ယူမှု (၃း၆-၈)
က။ ဧဝခံရသောလိမ်လည်လှည့်ဖြားမှု
ခ။ အာဒံ၏မနာခံမှု

မှတ်ချက် - ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ်စာတန်၏တိုက်ခိုက်မှုအပိုင်းသုံးပိုင်းခွဲခြားနိုင်သည်။ ဘုရား နှုတ်ကပတ်တော်၏အခွင့်အာဏာကိုသူတိုက်ခိုက်ခဲ့သည်။ “ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလော” ဘုရားနှုတ်ကပတ်တော်၏မှန်ကန်မှုကိုသူတိုက်ခိုက်ခဲ့သည်။ “သင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်၏အသီး မစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော်မူသလော”(ဒါဟာ ဘုရားသခင်ပြောတဲ့အရာဖြစ်တယ်လို့ခင်ဗျား ဘယ်လိုလို့တိတိကျကျသိနိုင်တာလဲ”- စာတန်သည်ဧဝအားထိုနှုတ်ကပတ်တော်ကိုငြင်းပယ်ခြင်းဖြင့်ရလာမည့် အကျိုးပြုရလာဒ်ကိုမြင်စေခြင်းအားဖြင့်ဘုရားနှုတ်ကပတ်တော်၏လက်ခံနိုင်ဘွယ်ဖြစ်မှုကိုတိုက်ခိုက်ခဲ့သည် (စားဘွယ်ကောင်းခြင်း၊… စသည်ဖြင့်)။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....