Tuesday, 6 October 2020

လောကီပျော်ရွှင်မူ-ဆိုင်ရာမေးခွန်းများ

၃၁၇။ ခရစ်ယာန်များသည် လောကီပျော်ရွှင်မူများ၌ ပါဝင်သင့်သည်ဟု သင်ထင်မြင်ယူဆပါသလား။

            

ဘုရားသခင်၏နှုတ်ကပတ်တော်က “အရာခပ်သိမ်းတို့သည် ပြုသင့်သော်လည်း အရာခပ်သိမ်းတို့သည် တည်ဆောက်ခြင်းမပေးပါ”။ “အရာခပ်သိမ်းတို့သည်ပြုသင့်သော်လည်း အရာခပ်သိမ်းတို့သည် မသင့်တော်”ဟုပြောပါသည်။ ကျွနု်ပ်တို့ခရစ်ယာန်များနှင့် လောကကြီး အပေါ်၌ တာဝန်ရှိပါသည်။ လူတစ်ယောက်သည်မိမိ၏လုပ်ဆောင်ချက်အပေါ်သြတပ္ပစိတ်ကြည်လင်သော် လည်းအခြားသောညီအကို အတွက် ထိမိ၍လဲစရာဖြစ်ပါကအပြစ်ဖြစ်လာသည်။၁ကော(၈)ကိုသေချာစွာဖတ်ပါက အဖြေကိုသင်တွေ့မည်ဟု ကျွနု်ပ်ထင်ပါသည်။ ညီအကိုအတွက်ထိခိုက်စရာဖြစ်စေသောအရာကိုပြုလုပ်ခြင်းသည် အပြစ်ဖြစ်သည်ဟု ရှင်ပေါလုပြောပါသည်။ ကျွနု်ပ်တို့၌လွှတ်လပ် မူရှိ သော်လည်းပြုလုပ်ခွင့်မရှိပါ။ ပျော်ရွှင်မူများသည် အပြစ်ဖြစ်သည်ဟုသင်ယူဆပါက အဖြေမှာ မလုပ်ရန်ဖြစ်ပါသည်။ ထိုအရာများကို ခရစ်ယာန်များရှောင်ကြဉ်သင့်ပါသည်။

၃၁၈။ ဖဲကစားခြင်းသည်မှားသည်ဟုသင်ထင်ပါသလား။ကျွနု်ပ်တို့သည်လောင်းကစားခြင်းမဟုတ်ဘဲ အပန်းဖြေခြင်းအဖြစ်သာ ကစားကြပါသည်။

            အမှားမဟုတ်ဟု ကျွနု်ပ်တို့ယူဆရသည့်များစွာသောအရာတို့သည် အားနည်းသောခရစ်ယာန်အချို့အတွက်ထိမိ၍လဲစရာ ဖြစ်တတ်ပါသည်။ ကျွနု်ပ်တို့လိုက်နာရန် စည်းကမ်းများကို ရှင်ပေါလုက ၁ကော၊၈း၁၃  တွင် ပေးပါသည်။ခရစ်ယာန်အများစု၏စိတ်ထဲတွင် ဖဲကစားခြင်းသည် လောင်းကစားမူနှင့်လောကီအရာနှင့် တွဲဘက်ဖြစ်သည်ဟု ယူဆကြသည်။ ထိုနေရာသို့ သင့်ကိုမပို့ဆောင်သော်လည်း ၁သက်၊၅း၂၂ တွင် “မကောင်းသောအမူအမျိုးမျိုးရှိသမျှကိုရှောင်ကြဉ်ကြလော့” ဟုဆို၏။ ဤကိစ္စအတွက် သင်ဆုတောင်းပါကမည် သို့ပြု ရမည်ကို ဘုရားသခင် ဖွင့်ပြမည်ဟု ကျွနု်ပ်စိတ်ချပါသည်။

၃၁၉။ ခရစ်ယာန်များသည် အားကစားပွဲများကို ကြည့်ရှုခြင်း သို့မဟုတ် ကစားခြင်းပြုလုပ်သင့်သည်ဟု သင်ထင်ပါသလား။

ခရစ်ယာန်တစ်ယောက်၌ပျော်ရွှင်ခြင်း၊အပန်းဖြေခြင်းရှိသင့်သည်ဟုကျွနု်ပ်ယုံကြည်ပါသည်။ လူတစ်ယောက်စီသည် ဘုရားသခင် ၏ဘုန်းတော်အတွက်ဖြစ်ပါသလား။ သူ့ကိုဖန်ဆင်းသောအရှင်၏ ချီးမွမ်းစရာဖြစ်ပါသလား ဟူ၍သူ့ကိုယ်သူစီရင်သင့်သည်။ “လူတိုင်း မိမိ သဘောကျသည့်အတိုင်းဖြစ်ပါစေ” ဟု ရှင်ပေါလုကပြောပါသည်။

၃၂၀။ လောင်းကစားရာ၌ ခရစ်ယာန်များပါဝင်သင့်ပါသလား။

လောင်းကစားခြင်းသည် သမ္မာကျမ်း၏သွန်သင်ချက်နှင့်လုံးဝဆန့်ကျင်ဖက် ပြုပါသည်။အနန္တတန်ခိုးရှင်ထာဝရဘုရား၏ အကြံ အစည်တော်အတိုင်းမဟုတ်ဘဲ အခွင့်အရေးနှင့်ကံကြမ္မာအပေါ်၌ အမှီပြုသောကြောင့်ဖြစ်သည်။ဘုရားသခင်သည် သူ့ကိုယုံကြည်အားကိုးပြီး သမာအာဇီဝရှိစွာကျင့်ကြံလုပ်ကိုင်နေထိုင်စေလိုပါသည်။ထို့အပြင် နိုင်ငံတော်အစိုးရ၏ဥပဒေပြဌာန်းချက်အရ လောင်းကစားခြင်းကို ကန့်ကွက် တားမြစ်ကြောင်း ထင်ရှားစွာတွေ့ရှိရပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....