Monday, 5 October 2020

အနှစ်တစ်ထောင်ကာလ

၂၃၀။ အနှစ်တစ်ထောင်ကာလတွင် မြေကြီးပေါ်၌ မွေးဖွါးသော ကလေးများရှိမည် ဟု ကျွန်တော်ကြားဘူးပါသည်။ ဤအရာများကိုပို၍ ရှင်းပြနိုင်မည်လား။

         ဟေရှာယ၊၁၁း၈ နှင့်ဇာခရိ ၊၈း၅ နှစ်ခုစလုံးသည် အနှစ်တစ်ထောင်ကာလကို ပြောကြပြီး ၎င်းတို့နှင့်အတူ ဟေရှာယ၊၆၅း၁၀ သည်လည်း သင်ပြောလိုသောအရာကို ရှင်းပြပါလိမ့်မည်။ ဤအခန်းတို့သည် အနှစ်တစ်ထောင်နိုင်ငံတော်အကြောင်း ရှင်းပြခြင်းသာဖြစ် သောကြောင့် ဤခေတ်ကာလနှင့်များပြားစွာသောကလေးများမွေးခြင်း ရှိမည်ဖြစ်ကြောင်းရှင်းပြသည်။

၂၃၁။ သန့်ရှင်းသူများသည် မြေကြီးပေါ်၌ခရစ်တော်နှင့်အတူ စိုးစံရမည် အနှစ်တစ်ထောင်ကာလအတွင်းတွင် သူတို့၏  ခန္ဓာကိုယ် အားဖြင့်တွေ့မြင်ရမည်လား။

             အနှစ်တစ်ထောင်ကာလ၌ မျက်မြင်ရမည့် မေးခွန်းနှင့်ပတ်သက်၍ ခရစ်တော်သည်လည်း မျက်မြင်ရမည်ဟူသောအသိပေးခြင်း နှင့်အတည်ပြုလိုပါသည်။ကိုယ်တော်ကောင်းကင်သို့တက်ကြွသောအခါ သူ၏တပည့်တော်များသည်သူ၏ရှင်ပြန်ထမြောက်သော ခန္ဓာကိုယ်သည် ဝိညာဉ်သွားဖြစ်သော်လည်း ၎င်းသည် ထိတွေ့နိုင်ပြီး မျက်မြင်၍ရသည်။

၂၃၂။ အနှစ်တစ်ထောင်ကာလအတွင်း၌နေထိုင်သောလူများနှင့်ပတ်သက်၍ ကျမ်းညွှန်းချက်ကို ကျေးဇူးပြု၍ပြောပြပါ။

             အနှစ်တစ်ထောင်၌ အသက်ရှင်သောလူများနှင့်ပတ်သက်၍ဟေရှာယ၊၆၅း၂၀-၂၂ ၌အနှစ်တစ်ထောင်ခေတ်၏ပုံစံကိုရည်ညွှန်း လိုပါသည်။အထူးသဖြင့်အခန်းငယ်၂၀ကိုမှတ်ထားပါ။ အနှစ်တစ်ထောင်ကာလအဆုံး၌ရှိသောသူများသည် ခရစ်တော်ကိုလက်ခံရန် စိတ်မရှိသောသူများကို မီးအိုင်ထဲသို့ပစ်ချမည်။ယုံကြည်သောသူများသည် မြေကြီးပေါ်ရှိကယ်တင်ခြင်းရသောသူများအဖြစ် ထာဝရကာလ သို့ဝင်စားကြမည်။ဗျာဒိတ်၊၂၀း၃၄ သည်လည်းဤလူမျိုးများ၏အကြောင်း ပြောပြပါသည်။

၂၃၃။အနှစ်တစ်ထောင်ကာလ၌ အနာရောဂါနှင့်သေခြင်းရှိမည်လား။

             အနှစ်တစ်ထောင်ကာလအတွင်း၌ဖျားနာခြင်းမရှိသော်လည်း သေခြင်းရှိမည်။ သမ္မာကျမ်းအရ အနှစ်တစ်ထောင်အတွင်း၌ နေထိုင်သောသူများသည်“ငါဖျားသည်”ဟုဆိုကြမည်ဖြစ်သည်။ သေခြင်းသည် ခရစ်တော်၏အုပ်စိုးခြင်းကိုပုန်ကန်ခြင်း၏ရလဒ်ဖြစ်သည်။ အနှစ်တစ်ရာမပြည့်မီ တစ်ယောက်မျှသေမည်မဟုတ် အသက်ရှည်ကြမည်ဖြစ်ပြီး သူငယ်နို့စို့အရွယ်သည်အနှစ်တစ်ရာရှိမည်ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ဟေရှာယ၊၅၃ နှင့်၅၆ ကို သေချာစွာဖတ်ပါ။

၂၃၄။ ယေရုဆလင်မြို့သစ်ထဲ၌ မည်သူတို့နေထိုင်ကြပြီး ၎င်းသည်မည်သည့်နေရာ၌ရှိမည်နည်း။

             ယေရုဆလင်မြို့သစ်သည်  ကယ်တင်ခြင်းရသော သန့်ရှင်းသူများနေထိုင်ရာဖြစ်ကြောင်း သေချာပြီး ၎င်းသည် မြေကြီးအထက်ရှိ အာကာသ၌ တည်ရှိမည်။ အနှစ်တစ်ထောင်ကာလအတွင်း သန့်ရှင်းသူများသည် ခရစ်တော်နှင့်အတူမြေကြီးအပေါ်၌ စိုးစံကြမည်။ ထာဝရ ကာလ၌ ယေရုဆလင်မြို့သစ်ကို ဗဟိုထားပြီးကာလအစဉ် အဆက် မြေကြီးပေါ်တွင် စိုးစံကြမည်။အနှစ်တစ်ထောင်ကာလတွင်ပါလက်စတိုင်း နိုင်ငံရှိ တကယ့်ယေရုရှလင်မြို့မှနေ၍ စိုးစံကြမည် (ဗျာ၊၂၀၊၂၁ ကိုကြည့်ပါ။)

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....