Monday, 5 October 2020

ဧဝံဂေလိတရား၏သစ္စာနှင့်တန်ခိုးတော်

(၃-၁-၉၉)နေ့
Dr.တင်မောင်ထွန်း-တရားဒေသနာ

လောကကြီးထဲတွင် နေ့စဉ်ဆိုသလိုသဟင်းစကားအမျိုးမျိုးကိုကျွနု်ပ်တို့ကြားကြရသည်။ ထိုသတင်းများထဲတွင် အချို့က သတင်းကောင်းဖြစ်သော်လည်း အချို့သောသတင်းများကမူ သတင်းဆိုးဖြစ်လေသည်။ သတင်းကောင်း ဟုဆိုရာ၌လည်း အချို့သော သတင်းသည်လူတစ်ချို့အတွက်နှင့် လူမျိုးတစ်မျိုးအတွက်သာဖြစ်ပြီး လူတိုင်းအတွက်မဟုတ်ပါ။ သို့သော်ဧဝံဂေလိသတင်းစကားများမူ ကမ္ဘာလောကကြီးထဲတွင်ရှိသောလူသားတိုင်းနှင့်သက်ဆိုင်သည့် ဝမ်းမြောက်ဖွယ် သတင်းကောင်းဖြစ်ပါသည်။

ရှင်ပြန်ထမြောက်ခြင်းသတင်း

(ယော၊၁)တွင် နှုတ်ကပတ်တော်တည်းဟူသော ဖန်ဆင်းရှင်ဘုရားသည် လူ့ဇာတိကိုခံယူ၍ လောကသို့ကြွလာ ခဲ့ကြောင်း ဖေါ်ပြပါသည်။ ဘုရားစင်စစ်ဖြစ်သော်လည်း လူသားများဘုရားကိုသိမြင်ထိတွေ့နိုင်ရေးအတွက် လူ့ဇာတိ အသွေးအသားကိုခံယူ ခဲ့ပါသည်။ လောက၌အသက်ရှင်စဉ် ကိုယ်တော်သည် လေနှင့်ပင်လယ်ကိုငြိမ်းစေခြင်းအားဖြင့် သဘာဝတရားကိုအစိုးရသော အရှင်ဖြစ်ကြောင်းသိစေခဲ့သလို မျက်စိကန်းသူကိုမြင်စေခဲ့ပါသည်။ နောက်ဆုံးတွင်အပြစ်ကြောင့် သေခြင်းတရားကိုကြောက်နေကြရသောသူများအားထိုအခြေအနေဆိုးမှလွတ်မြောက်စေရန် ကားတိုင်ထက်တွင် အသေခံ ခဲ့ပါသည်။ သို့သော်သေခြင်းတရား၌ လမ်းဆုံးကာပျောက်ကွယ်သွားခဲ့သောအရှင်မဟုတ်ပါ။ ထိုအရှင်သည် ယနေ့ အသက်ရှင်လျက် တစ်ချိန်ကသူပြုခဲ့သော အံ့သြဖွယ် အသက်သေအမျိုးမျိုးကိုခံစားတွေ့မြင်လို၍ မြည်းစမ်းသောသူတိုင်းအား သက်သေထူလျက်ရှိပါသည်။

ဧဝံဂေလိသတင်းကောင်း

သခင်ယေရှုသည် မိမိအသေခံရမည့်အကြောင်းနှင့်ပြန်၍ ရှင်ပြန်ထမြောက်မည့်အကြောင်းကို ကြိုတင်မိန့်တော် မူခဲ့သည့် အတိုင်း သေပြီးသည့်နောက်သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့ပါသည်။ (ယော၊ ၂ဝး၁၆)တွင် ရှင်ပြန်ထမြောက်ပြီး သည့်နောက်၌ မာရိသည်ကိုယ်တော်အား ပထမဦးဆုံးတွေ့မြင်ကြောင်း တပည့်တော်များ ထံသွားရောက်ပြောကြားစေပါသည်။ မာရိထံမှ ဝမ်းမြောက်ဖွယ်သတင်းစကားကိုကြားရကြသော်လည်း တပည့်တော်တို့သည် မယုံကြည်နိုင်ဘဲရှိကြသည်။

ထို့အတူ ယနေ့ဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်းစကားကို ကြားရလျက်နှင့် မယုံကြည်ကြသူများစွာရှိပါသည်။ ကိုယ်တော်သည် သူရှင်ပြန်ထမြောက်ကြောင်းတပည့်တော်များယုံကြည်နိုင်စေရန် ကိုယ်ထင်ရှားပြတေည်မူပါသည်။ ထိုအခါမှ တပည့် တော်တို့က ကိုယ်တော့်အားယုံကြည်ကြလေသည်။ ယနေ့လည်းဧဝံဂေလိသတင်းစကားကိုကြားရလျက်နင့် သက်သေ မတွေ့ရ သေး၍ယုံဖို့ခက်နေသူများအား ကိုယ်တော်က ကတိပေးထားသည်မှာ ‘ငါ့ကိုခေါ်လော့၊ ငါထူးမည်’ဟူ၍ဖြစ်ပါသည်။ သို့သော် သောမဟူသည့် တပည့်တော်တစ်ယောက်သည် အခြားတပည့်တော်များပြောသည့်စကားကို ကြားရသော်လည်း မိမိကိုယ်တိုင် ကိုယ်တော်၏နံဘေးတော်နှင့် လက်တွင်ရှိသည့် သံချက်ရာများကို မတွေ့ရလျှင်မယုံဟုဆိုသဖြင့် ကိုယ်တော်က ကိုယ်ထင်ရှားပြ ကာကျေးဇူးပြုခဲ့ပါသည်။ ထို့အတူကိုယ်တော်ကိုယုံကြည်နိုင်ဖို့ရန် သက်သေရလိုသူတိုင်း၏ ခေါ်သံကို ကိုယ်တော်ကကြား၍ သက်သေထူမည်ဖြစ်ပါသည်။

အလင်းရှင်ယေရှု

လောကတွင် ကာယမျက်စိကန်းနေသူများစွာရှိသလို ဝိညာဉ်မျက်စိကန်းနေသူလည်းများစွာရှိပါသည်။ ကာယမျက်စိကန်း သူသည်လောကနှင့် ဆိုင်သောအရာများကိုမမြင်တွေ့နိုင်သလို၊ ဝိညာဉ်မျက်စိကန်းနေသူသည် နာဝိညာဉ် ဘုရားရှင်နှင့် ဆိုင်သော အံ့သြဖွယ်အရာတို့ကိုမတွေ့မြင်နိုင်၊ နားမလည်နိုင်ပါ။ (တမန်၊ ၇)တွင် ဝိညာဉ်အလင်းရ သူတစ်ဦးကိုတွေ့ရသည်။ ထိုသူမှာသတေဖန်ဖြစ်သည်။ သူသည်အသက်တာပြောင်းလဲပြီးနောက် ခံစားရသည့်အသက်တာ သစ်နှင့်စပ်ဆိုင်း၍ ကိုယ်တော့်အကြောင်းကို သက်သေခံပါသည်။ သူ့သက်သေခံချက်ကြားရသောလူထုပရိတ်သတ်ကြီးမှာ အံသွားခဲကြိတ်၍ ပြင်းစွာအမျက်ထွက်ကြလေသည်။

ထိုအခါသတေဖန်သည်ကောင်းကင်ဖွင့်လှစ်၍ ဘုရားသခင်၏လကျ်ာဘက်တွင် သခင်ယေရှုရပ်နေတော်မူသည်ကို မြင်တွေ့ရသည်။ လူထုပရိတ်သတ်ကြီးကသူအား မြို့ပြင်သို့ဆွဲထုတ်ကာ ကျောက်ခဲနှစ်ပစ်သတ်ကြသည်။ သတေဖန်သည်သူတို့ အားအပြစ်မတင်သည့်အပြင်သူတို့၏ အပြစ်ကိုမှတ်တော်မမူရန် ဘုရားရှင်အားဆုတောင်းပေးကြောင်းတွေ့ရသည်။ ဘုရားရှင်ထံ မျဝိညာဉ်အလင်းဖွင့်ပြမှုကိုခံစားရ၍ အသက်တာသစ်ရှိသူသည် တစ်ခဏခံစားရမည့်လောကဓံဒုက္ခများကို ပမာဏမပြုတော့ပေ။ မိမိအပေါ်မကောင်းကြံစည်သူ၊ ဝေဖန်ကဲ့ရဲ့သူများကို အပြစ်မတင်တော့ဘဲ ဘုရားရှင်ကိုသာချီးမွမ်း သောအခါ အပြစ်ခွင့်လွှတ် သည်းခံနိုင်သောခွန်အားလည်းရှိလာပါသည်။ ဤသည်ကား ဧဝံဂေလိတရား၏သစ္စာနှင့် တန်ခိုးတော်ကြောင့်ဖြစ်ပေသည်။

နာမ်ဝိညာဉ်၏တောင့်တမှု

တစ်ချို့သောအချိန်များတွင် ကျွနု်ပ်တို့၏နာမ်ဝိညာဉ်တောင့်တမှုကတစ်မျိုး၊ အပြင်ပန်းသဏ္ဍာန်အသက်ရှင်မှုကတစ်ဖုံ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပေသည်။ ဘုရားရှင်သည် သဗ္ဗေညုတဉာဏ်တော်ရှင်ဖြစ်တော်မူသည့်အတိုင်း နှလုံးသားဖြူစင်၍ ရိုးသားစွာလမ်းမှားနေသူများအား လမ်းမှန်သို့ရောက်ရန် လမ်းပြတော်မူပါသည်။ (တမန်၊၉)တွင် ရှောလုအမည်ရှိသူတစ်ဦးက တရားူကိုသိပြီးဘုရားရှင်ကြိုက်မည်အထင်နှင့် ခရစ်တော်ကို ယုံကြည်သောသူတို့အား နှိပ်စက်ညှဉ်းပန်းသည်ကိုတွေ့ရသည်။ ကိုယ်တော်သည်သူ၏နှလုံးသားကိုသိမြင်သောကြောင့် လွဲမှားသောအသက်တာအား တည့်မတ်ပေးဖို့ ဒမာသက်မြို့သို့သွား သော လမ်းတွင် သူ့အားအတွေ့ခံခဲ့ပါသည်။ ရှောလုသည် ကိုယ်တော်ကိုတွေ့ပြီးသည့်နောက်၌ အသက်တာလုံးဝပြောင်းလဲ သွားခဲ့ပါသည်။ ထို့အတူ ဧဝံဂေလိတရား၏တန်ခိုးကိုခံစားရ၍ အသက်တာတာသစ်ရရှိသူတိုင်းသည် ပြောင်းလဲသွားပါသည်။
ချစ်သောမိတ်ဆွေ၏၏၏၊ တရားသည်ကျွနု်ပ်တို့အား အခြေအနေမှန်ကိုအသိပေးပါသည်။ ဝိညာဉ်တော်ဘုရားကမူ၊ ကံကြွေး မိ၍ မချိအောင်ခံစားနေရပြီး တမလွန်အရေးအတွက် စိတ်လေးနေသောသူများကို ကယ်တင်ခြင်းပေး၍ ပြောင်းလဲစေပါ သည်။ ကိုယ်တော်က “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့၊ ငါသည်ချမ်းသာပေးမည်”ဟု မိန့်တော်မူထားသည် ဖြစ်၍ မည်သို့သောဝန်လေးပင်ပန်းမှုမျိုးကိုခံစားနေရပါစေ၊ ကိုယ်တော်ထံသို့ နှလုံးသားမှကိုးစားမှုနှင့် တိုးဝင်မည်ဆိုပါက ဝန်လေးပင်ပန်းမှုအမျိုးမျိုးမှလွတ်မြောက်ကာ အသက်တာသစ်၌ ကိုယ်တော်နှင့်အတူ ဝမ်းမြောက်စွာ အသက်ရှင်နိုင်မည်ဖြစ်ကြောင်း ဧဝံဂေလိသတင်းကောင်းအား မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....