Monday, 5 October 2020

ဘုရားသဘောတော်နှင့် တုန့်ပြန်ရှင်သန်ခြင်း

(၁၅-၂-၉၈)နေ့
Dr.တင်မောင်ထွန်း-တရားဒေသနာ

ဘုရားရှင်၏ စကားတော်ကိုကြားနာဖို့ ရန်လွယ်ကူသော်လည်း စကားတော်၏အနက်အဓိပ္ပါယ်ကိုဆင်ခြင်ပါက နားလည် ရန်ခက်ခဲပါသည်။ နှုတ်ကပတ်တော်ကိုနားလည်ဖို့ရန် လူ၌ရှိသည့်ဓမ္မတရားအားခံစားနာလည်နိုင်သည့် ဓမ္မအာ±ုံကြည်လင်ပါမှ ရှင်းလင်းစွာသဘောပေါက်နားလည်နိုင်မည်ဖြစ်သည်။ ထို့ပြင်နှုတ်ကပတ်တော်ကိုကြားနာရ၍ တရားသဘောအရဆင်ခြင်သိမြင် သော်လည်း ဘုရားရှင်၏သဘောတော်ကို နားမလည်ပါကအသက်တာ၌ အလိုတော်နှင့်အညီစွာအသက်ရှင်နိုင်မည်မဟုတ်ပေ။

(၂ တိ၊၄း၃-၄)၌ နောင်ကာလ၌လူတို့သည် စင်ကြယ်သောသြဝါဒစကားကိုနားမခံနိုင်ဘဲ သမ္မာတရား ကိုကြားနာရမည့် အစား ဒဏ္ဍာရီစကားကိုနားထောင်လျက် သမ္မာတရားလမ်းမှလွဲသွားကြမည်ဟူသည့် ကြိုတင်သတိပေးချက် သည်ယနေ့အချိန် တွင် ပြည့်စုံလာပြီဖြစ်၏။ သမ္မာတရားကို အလေးမထားသူများ၊ သမ္မာတရား၏ သဘောအတိုင်းအသကိ မရှင်သူများအတွက် ခဲယဉ်းသောကာလဟု ဆိုသော်မမှားချေ။

စိတ်မပူနှင့်

(ဆာ၊ ၃ရး၁)၌လည်း လူဆိုးတို့အကြောင်းကြောင့် စိတ်မပူဖို့၊ မတရားသဖြင့်ပြုသောသူတို့ကိုမငြူစူနှင့်ဟု သတိပေးသွန် သင်ထားပါသည်။ ထိုနှုတ်ကပတ်တော်ကိုတရားသဘောအရဆင်ခြင်ပါက ခန္တီစတရားထား၍ ချုပ်တည်းရမည်ဟု ယူဆကာ သည်းခံဖို့ပြင်ဆင်ပေလိမ့်မည်။ ဤသည်ကားတရားသဘောဖြစ်၏။ ဘုရးသဘောကား ထိုသို့မဟုတ်ပေ။ သည်းခံ၍စိတ်ကိုချုပ်တည်း ဖို့ရန်မဟုတ်ဘဲ ထိုသူများ၏မတရားမှုကိုဘုရားရှင်သိမြင်တော်မူ၍ ゞင်းတို့သည်မကြာမမြင့်မီ မြက်ပင်ကဲ့သို့ရိတ်ခြင်းခံရ၍ စိမ်းသော ပျိုးပင်ညိ‡ုးနွမ်းသကဲ့သို့ ညိ‡ုးနွမ်းရန် ဘုရားစီရင်မည်ဟူသော စကားတော်ကို ယုံကြည်ခြင်းဖြင့် စိတ်ပူစရာမရှိကြောင်းသွန်သင်ခြင်း ဖြစ်သည်။

လူ့သဘာဝ±ုပ်စိတ်အရ မတရားသောအမှုကိုမြင်ပါက ငြူစူမိပေမည်။ လူဆိုးတို့၏တုန့်ပြန်မှုကြောင့် စိတ်ပူမိသည်မှာ ဓမ္မာတာဖြစ်ပေသည်။ သို့သော် ထိုသူများအပေါ်မိမိတို့ဘာမျှ တုန့်ပြန်စရာမလိုပါ။ ဘုရားရှင်ကိုယ်တော်တိုင်ထိုသူတို့၏ အသက်ရှင်မှုအပေါ် တုန့်ပြန်စီရင်မည်ဟူသည့်စကားတော်ကိုကြားရသည့်အတိုင်း ယုံကြည်မျှော်လင့်မည်ဆိုပါက ထိုသူများအပေါ်တွင် မငြူစူဘဲစိတ်အေးနိုင်ပေမည်။ ဤသည်ကား တရားသဘောကိုကျော်လွန်၍ ဘုရားသဘောတော်နှင့် တုန့်ပြန်ရှင်သန်ခြင်း ပေတည်း။

ယုံကြည်ခြင်းဟူသည်

ယနေ့အချို့သောယုံကြည်သူများသည် ယုံကြည်ခြင်းနှင့်ပတ်သက်၍ အလွဲယူဆကြသည်။ အချို့သော အမှုတော်ဆောင် များကလည်း ထိုသို့လွဲမှားစွာယုံကြည်အောင်သွန်သင်ကြသည်။ မိမိကိုယ်ကိုမိမိယုံကြည်ဖို့၊ အမှုကိစ္စ တစ်ခုခု၌ မိမိယုံကြည်သည့် အတိုင်းတစ်ထစ်ချဖြစ်မည်ဟု စိတ်ချပါက ထိုအတိုင်းဖြစ်လာမည်ဟု သွန်သင်ကြသည်။ ဤသည်မှာစစ်မှန်သောယုံကြည်ခြင်း မဟုတ်ပါ။ ကျွနု်ပ်တို့သည် ကိုယ့်ကိုယ်ကိုစိတ်တင်း၍ ယုံကြည်ခြင်းထားသည့် အတိုင်းဖြစ် မည်ဟု ခံယူရမည်မဟုတ်ချေ။

ကျွနု်ပ်တို့ကြုံတွေ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ဘုရားရှင်၏စကားတော်က အဘယ်သို့မိန့်တော်မူသနည်း။ ဘုရားသခင်၏ အလိုတော်ကားအဘယ်အရာနည်းဟု ဆင်ခြင်နှလုံးသွင်း၍ ဘုရားရှင်သည် ကတိတော်မူသည့်အတိုင်း တညစေတော်မူသော အရှ၍်ဖြစ်ကြောင်းစိတ်ချလျက် ဘုရားရှင်၏ စကားတော်အပေါ် ယုံကြည်ရပ်တည်ဖို့ဖြစ်သည်။ ဤသည်သာလျှင်စစ်မှန်သော ယုံကြည်ခြင်းဖြစပေသည်။

ဗတ္တိဇံအသက်တာ

ယုံကြည်သူမြောက်များစွာတို့သည် ဗတ္တိဇံခံပြီးကြသော်လည်း ဗတ္တိဇံအသက်တာကို နားမလည်ပဲရှိနေကြ၏။ ထိုသို့နားမ လည်၍ ဗတ္တိဇံအသက်တာ၌မရှင်နိုင်ကြသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။ နှုတ်ကပတ်တော်က သင့်ပါးတစ်ဖက်ကို±ိုကလျှင် ကျန်ပါးတစ်ဖက်ကိုလှည့်ပေးဖို့၊ အနိုင်ပြု၍ ခရစ်တစ်တိုင်သွားစေလျှင် ထိုသူနှင့်အတူ ခရီးနှစ်တိုင်သွားဖို့ သွန်သင်ထားပါသည်။ သို့ဖြစ်ငြားလည်း လူ့သဘာဝစိတ်အရထိုသို့မပြုနိုင်ပါ။ မိမိအပေါ်မတရားပြုသူအား ပြန်၍တုန့်ပြန်မိမည်သာဖြစ်သည်။

သို့သော် ဗတ္တိဇံအသက်တာကိုနားလည်အသက်ရှင်သူမှာ ထိုသို့မတုန့်ပြန်ဘဲ မတရားပြုသူကိုခွင့်လွှတ်၍ အနိုင်ပြုသူနှင့် ခရီးအတူဆက်သွားမည်သာဖြစ်သည်။ အကြောင်းမှာ မတရားအနိုင်ပြုသူအပေါ်ဘုရားရှင်စီရင်မည်ဖြစ်သလို မိမိအပေါ်၌လည်း စကားတော်နာခံခြင်းဖြစ်ကြောင်း စိတ်ချ၍ဖြစ်သည်။ ဗတ္တိဇံအသက်တာဟူသည် နှုတ်ကပတ်တော် စကားအောက်၌ အသက်တာကို နှစ်မြ‡ုပ်၍ နာခံအသက်ရှင်ခြင်းပေတည်း။ ထိုကြောင့် (ဆာ၊၃ရး၅)၌ “ကိုယ့်အမှုအရာကို ကိုယ်တော်၌အပ်လော့၊ ကိုယ်တော်ကို ကိုးစားလော့ သို့ဖြစ်လျှင်ကိုယ်တော်စီရင်မည်”ဟု မိန့်တော်မူပါသည်။ ကျွနု်ပ်တို့ ဤပေါ်မတရားပြုသူများအပေါ် ဇာတိသဘောနှင့် မတုန့်ပြန်ဘဲ သူ့အားပြောပြဖို့စကားတော်အတိုင်း မေတ္တာနှင့်တုန့်ပြန်နိုင် ဖို့ရန် ခွန်အားပေးဖို့တောင်းခံခြငးကိုကိုယ်တော်အလို တော်ရှိပါသည်။

ဘုရားသခင်ကိုယုံကြည်ပါ

မတရားသောသူအား မတရားသောအမှုကို လွန်ကဲစွာပြုဖို့ ကိုယ်တော်အခွင့်မပေးပါ။ ထို့သူ၏အသကသည် ကိုယ်တော့် လကတွင်ရှိပါသည်။ ထိုသို့သောသူများသည် မတရားပြုခြင်း၏အကျိုးကြောင့် အသက်ရှည်သော်လည်း ဘုန်းမကြီး၊ ဘုန်းကြီးသော် လည်းအသက်မရှည်တတ်ပါ။ ကိုယ်တော်၏စကားကိုယုံကြည်၍ အသက်ရှင်သောသူများအပေါ်မမူ စိတ်နှလုံးအလိုပြည့်စုံသော အခွင့်ကို ကိုယ်တော်ပေးမည်ဖြစ်သည်။ (၁ရာ၊ ၂၄)ကို ကျွနု်ပ်တို့ဆင်ခြင်ပါက ဒါဝိဒသည် ဘုရးသခင်၏ ဘိသိက်တော်ကိုခံရ သော်လည်း ရှောလုမင်း၏ လိုက်လံသတ်ဖြတ်မှုကြောင့် တောထဲ၌ထွက်ပြေး နေရကာဒုက္ခဆင်းရဲရောက်နေချိန်ဖြစ်သည်။ တစ်ကြိမ် တွင်ရှောလုမင်းအားပြန်၍သတ်နိုင်သောအခွင့်ကိုရသော်လည်းမသတ်ပဲ ရှောလုသည် ထာဝရဘုရား၏ ဘိသိက်ခံရသောသူဖြစ် သည်ဟုဆိုကာ မိမိရန်သူအားခွင့်လွှတ်၍ အင်္ကျီအောက်ပိုင်းကိုသာ လှီးဖြတ်ယူခဲ့ပါသည်။ ထာဝရဘုရားကိုကြောက်ရွံ့၍ သဘော တော်ကိုသိသောသူ၏အသက်တာသည် ထိုကဲ့သို့ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွနု်ပ်တို့၏အသက်တာ၌ ဘုရားသခင်အခွင့်ပေးမှု ကြောင့်လောကဓံတရား၏ သဘောတော်ကိုဆင်ခြင်၍ သည်းခံခွင့်လွှတ်ကာ အသက်ရှင်မည်ဆိုပါက အဆုံးတွင်အောင်မြင်မှုကို အမှန်ပင်ခံစားရပေမည်။

အောင်မြင်သူ

တမန်တော်ရှင်ပေါလုက(ဂလာ၊ ၂း၂၀)တွင် သူသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌အသေခံကြောင်း၊ ယနေ့သူရှင် သန်သောအသက်တာသည် ကိုယ်တော်ကိုယုံကြည်ခြင်းအားဖြင့် ခရစ်တော်နှင့်အတူရှင်သန် နေခြင်းဖြစ်ကြောင်း ပြောပါသည်။ ဆိုလိုရင်းမှာ သူ၏ဇာတိသဘောသည်ကားတိုင်၌ ခရစ်တော်နှင့်အတူသေခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ရှင်သန် နေသောအသက် တာမှာ ကိုယ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဝိညာဉ်သဘောနှင့် ရှင်သန်နေခြင်းဖြစ်သည်။ သို့ဖြစ်၍ တမန်တော်ကြီးရှင်ပေါလုသည် လောကဓံတရား၏ဖိစီးမှုအမျိုးမျိုးကို ခံစားရသော်လည်း ဇာတိသဘောဖြင့် မတုန့်ပြန်ဘဲ ဝိညာဉ်သဘောနှင့် တုန့်ပြန်အသက်ရှင်မှု ကြောင့် အောင်မြင်မှုအမျိုးမျိုးကို တွေ့ကြုံခံစားရပါသည်။ အောင်မြင်သော အသက်တာကိုကောင်းကင်ရောက်မှ ကျွနု်ပ်တို့ခံစားရ မည်မဟုတ်ပါ။ တမန်တော်ကြီးနည်းတူ ကိုယ်တော်ကိုယုံကြည်ခြင်းဖြင့် အသက်ရှင်ပါက ကျွနု်ပ်တို့၏ အသက်တာတွင် လောကဓံ တရား၏ ဖိစီးမှုအမျိုးမျိုးကိုတွေ့ကြုံရပါစေ။ မတရားသောသူများ၊ လူဆိုးများကြားတွင်အသက်ရှင်ပါစေ။ ကိုယ်တော်အားဖြင့် အောင်မြင်စွာအသက်ရှင်နိုင်မည်ဖြစ်ကြောင်း မေတ္တာနှင့်သတိပေး ဝေငှလိုက်ရပါသည်။

1 comment:

  1. ဆရာကြီးရဲ.တရားဟောချက်ကိုေ၇ဒီယိုဖြင့်အမြဲနားထောင်ပါတယ်...on lineမှာလည်းဖတ်ပါတယ်...အသက်တာမှာနောင်တရလျှက်,လူသစ်ဖြစ်လျှက်,
    အတွင်းသက်သေရလျှက်,စိတ်နှလုံးယိုဖတ်လျှက်.....ကိုတော်ရှင်ရဲ.သဘော်တော်စီးဝင်လျှက်ရှိပါတယ်....ဆရာကြီးREV DOCTOR.TIN MAUNG TUN ကိုလည်းဘုရားရှင်ရူပါယုံသာ၍ပေးပါစေ....

    ခရစ်တော်၍အစဉ်ရိုသေလေးစားလျှက်....
    စောသာထူး.......sawthahtoo38@gmail.com

    ReplyDelete

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....