Tuesday, 6 October 2020

သန့်ရှင်းသော ဝိညာဉ်တော်

သန့်ရှင်းသော ဝိညာဉ်တော်အကြောင်းနှင့် ပတ်သက်၍ မှားယွင်းသော ခံယူချက်များစွာ ရှိသည်။ သန့်ရှင်း သော ဝိညာဉ်တော်အကြောင်းကို နားလည်ရန် အလွန်ခက်ခဲသည်ဟု တချို့သော သူတို့က မြင်တွေ့ကြသည်။ တချို့သော သူတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်က ခရစ်တော်၏ နောက်လိုက်သော သူများအတွက် ပြင်ဆင်ပေး ထားသော လူပုဂ္ဂိုလ်မဟုတ်၊ တန်ခိုးကြီးသောသူ ဖြစ်သည်ဟု သိရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်အကြောင်း နှင့် ပတ်သက်၍ သမ္မကျမ်းစာက မည်သို့ဖော်ပြထားသနည်း။ သမ္မကျမ်းစာက သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ဖြစ် သည်ဟု ပြောထားပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒတွေ ရှိ ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။

ကျမ်းပိုဒ်များစွာတို့နှင့် အတူ တမန်တော်၊ ၅း၃-၄ ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် ဖြစ် ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။ ဤကျမ်းပိုဒ်တွင် ပေတရုက အာနနိ အား သူသည် အဘယ့်ကြောင့် ဘုရား သခင်ကို လိမ်ညာခဲ့ကြောင်း၊ သူ၏ အပြစ်ကို ဖော်ပြ၍ “လူတွေကို လိမ်ညာခြင်းမဟုတ်ပဲ ဘုရားသခင်ကို လိမ်ညာခြင်းဖြစ် ကြောင်း” ပေတရု က သူ့အား ပြောထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို လိမ်ညာခြင်းသည် ဘုရားသခင်ကို လိမ်ညာ ခြင်းဖြစ်ကြောင်း သေချာသော ဖော်ပြချက်ဖြစ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် ပိုင်ဆိုင်သော အရည်အချင်းများ (သို့) ဝိသေသတို့ကို ပိုင်ဆိုင်ထားသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်ဟု ကျွနု်ပ်တို့ သိရှိနိုင်သည်။ ဥပမာအားဖြင့်၊ ဆာ၊ ၁၃၉၊ ၇-၈ ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် နေရာတိုင်း၌ ရှိကြောင်းကို တွေ့ရ သည်။ “ဝိညာဉ်တော်နှင့် လွတ်စေခြင်းငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော် နှင့် လွတ်စေခြင်းငှါ အဘယ့် အရပ်သို့ ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌လည်း အိပ်ရာကို ခင်းလျှင် ကိုယ်တော်ရှိတော်မူ၏”။ ထို့နောက် ၁ကော၊ ၂း၁၀ တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ သမ္ဗညုတ္တဉာဏ်တော်နှင့် ပြည့်စုံသော ဝိသေသကို တွေ့နိုင်ပါသည်။ “ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ပြတော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကို စစ်တော်မူ၏။ လူ၏ နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ်ဝိညာဉ်မှ တစ်ပါး အဘယ်သူသိသနည်း။

ထိုနည်းတူ ဘုရားသခင်၏ နက်နဲသော အရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တပါး အဘယ်သူမျှ မသိ။” သန့်ရှင်းသော ဝိညာဉ်တော်သည် စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒရှိသဖြင့် လူပုဂ္ဂိုလ်ဖြစ်သည်ဟု ကျွနု်ပ်တို့ပြောနိုင်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် တွေးတော၍ သိရှိသည် (၁ကော၊ ၂း၁၀)။ သန့်ရှင်းသော ဝိညာဉ်တော်က နာကျည်းမှုကို ခံစားနိုင်သည် (ဧ၊ ၄း၃၀)။ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးနေသည် (ရော၊ ၈း၂၆-၂၇)။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ ဆန္ဒအတိုင်း ဆုံးဖြတ်ချက် ချသည် (၁ကော၊ ၁၂း၇-၁၁)။

သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်၍ သုံးပါးတစ်ဆူထဲတွင် “တတိယမြောက် ပုဂ္ဂိုလ်” ဖြစ်သည်။ ဘုရားသခင်ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သခင်ယေရှု ကတိပေးခဲ့သည့်အတိုင်း နှစ်သိမ့်သူ၊ တိုင်ပင်ဖက်အဖြစ် ကူညီလုပ်ဆောင်နိုင်ပါသည် (ယောဟန်၊ ၁၄း၁၆၊ ၂၆၊ ၁၅း၂၆)။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....