Monday, 5 October 2020

ဆုတောင်းခြင်း ဆိုင်ရာမေးခွန်းများ

၂၇၀။ ပဋ္ဌာနတော်သည် မည်သည့်ခေတ်ကာလနှင့် ကိုက်ညီပါသလဲ။

          နိုင်ငံတော်ခေတ်ကာလ၏ဖွဲ့စည်းပုံဖြစ်ာသော ပဋ္ဌာနာတော်ကိုကောင်ပေါ်ဒေသနာ၌ တွေ့ရပါသည်။ပဋ္ဌာတော်သည် ကျေးဇူး တော်အပေါ်၌ အခြေမပြုပညတ်တရားအပေါ်၌အခြေပြုပါသည်။ ဥပမာ ဤခေတ်ကာလတွင်ကျွန်ုပ်တို့သည် အခြားသောသူများ၏အပြစ်ကို လွှတ်သကဲ့သို့ ကျွန်ုပ်တို့အပြစ်မလွှတ်စေလိုကြဘဲ၊ ကျွန်ုပ်တို့ကိုအပြစ်လွှတ်ပြီဖြစ်သောကြောင့်အချင်းချင်းအပြစ်လွှတ်ကြခြင်း ဖြစ်သည်။ ဤဆုတောင်းချက်သည် နိုင်ငံတော်ခေတ်ကာလအထူးသဖြင့်ဘေးဒဏ်ကြီးကာလနှင့်ကိုက်ညီမည်။

၂၇၁။ မိသားစု အစာမစားမီ ပဋ္ဌာနာတော်ရွတ်ခြင်းနှင့်ပတ်သက်၍ သင်၏အမြင်မည်သို့ရှိပါသနည်း။

            ပုံစံတစ်ခုအဖြစ်သော်၎င်း၊ဝတ်ပြုခြင်းအစီစဉ်၏အစိတ်အပိုင်းတစ်ခုအဖြစ်၎င်း အသုံးပြုသော်လည်း ပြသနာမရှိပါ။ ပဋ္ဌာနာတော်သည် အနက်အားဖြင့်နိုင်ငံတော်ဆုတောင်းချက်ဖြစ်ပြီး ဝမ်းနည်းစရာကောင်းသည်မှာ ၎င်းကို ခရစ်ယာန်အများစုက စွဲစွဲလန်းလန်း အသုံးပြုကြ ခြင်းဖြစ်ပါသည်။

၂၇၂။ ကျွန်တော်ချစ်သောသူများ ကယ်တင်ခြင်းရရန် နှစ်ပေါင်းများစွာကပင် ဆုတောင်းခဲ့သော်လည်း အဖြေမရသေးပါ။သူတို့အတွက် ဆက်လက်ဆုတောင်းသင့်သည်ဟု သင်ထင်ပါသလား။ သူတို့သည် ယခင်ထက် သခင်ဘုရားနှင့်ပို၍  ဝေးကြဟန်တူပါသည်။

            သင်ချစ်သောသူများအတွက် ကျွနု်ပ်တို့ဆုတောင်းပါက ကယ်တင်ခြင်းရကြမည်ဟု သမ္မာကျမ်းထဲ၌ ဂတိတော်များစွာရှိပါသည်။ တစ်ယောက်မျှ ပျက်စီးခြင်းငှာ ဘုရားသခင်အလိုတော်မရှိ၊လူတိုင်းနောင်တရရန် ဘုရားသခင်အလိုတော်ရှိကြောင်း သမ္မာကျမ်းကပြော ပါသည်။ဘုရားသခင်၏အလိုတော်၌ ကျွနု်ပ်တို့ဆုတောင်းပါက နားထောင်မည်ဟု သခင်ယေရှုခရစ်က ပြောပါသည်။ထို့ကြောင့် ကျွန်ုပ် တို့ချစ်သူများ ကယ်တင်ခြင်းရရန် ဆုတောင်းသောအခါ အလိုတော်ထဲ၌ ဆုတောင်းကြပြီး ကတိတော်ကိုတောင်းဆိုရန်ကျွန်ုပ် တို့၌အ ခွင့်ရှိသည်။ ကိုယ်တော်က ကျွနု်ပ်တို့မျှော်လင့်သောအချိန်၌ အဖြေပေးမည်မဟုတ်ပါ။ကျွန်ုပ်တို့မျှော်လင့်ထားသည့်ပုံစံအတိုင်းအမြဲ တမ်းဖြစ်နိုင်ချင်မှဖြစ်မည်။ သို့သော်ကျွန်ုပ်တို့က ယုံကြည်ခြင်းဖြင့် သစ္စာရှိစွာခိုင်ခံ့စွာ သံသယကင်းစွာ ဆက်လက်ဆုတောင်းကြပါက ကိုယ်တော်နားညောင်းအဖြေပေးမည်ဟု ယုံကြည်ရသောအခွင့်ရှိကြသည်။

၂၇၃။ လိုက်နာရန်ဆုတောင်းခြင်းပုံစံ ရှိပါသလား။

            ဘုရားသခင် လက်ခံနိုင်စရာဖြစ်သည့် ကျွနု်ပ်တို့၏ကိုယ်ပိုင်ဆုတောင်းချက်ကိုသခင်ဘုရားသွန်သင်သည်ဟု ကျွနု်ပ်ယုံကြည်ပါသည်။ သို့သော် ပဋ္ဌာနာတော် ပုံစံရှိပါသည်။၎င်း၌အချက်အလက် ပြည့်စုံပြီးအတိုချုံးထားပါသည်။ ဆုတောင်းရာ၌ ကျွနု်ပ်တို့၏လိုအပ်ချက်များစုံ လင် ရန် ထပ်ခါတလဲလဲရွတ်ဆိုရန် မလိုပါ။ အလိုတော်နှင့်အညီ ဆုတောင်းတတ်ရန် ခွန်အားကို သခင်ဘုရားထံမှကျွန်ုပ်တို့တောင်းလျှောက် သင့်ပါသည်။

၂၇၄။ ကျွန်မယောကျ်ားကွယ်လွန်ခဲ့ပါပြီ။သူ့အတွက် ဆက်လက်ဆုတောင်းပေးလျှင် မှန်ကန်ပါမည်လား။

            သင်၏ယောကျ်ားသည် အိမ်တော်၌ ဘုရားသခင်နှင့်အတူရှိနေပြီဖြစ်သောကြောင့် သူ့အတွက်ဆုတောင်းပေးရန်မလိုပါ။ သူသည် သခင်ယေရှုခရစ်တော်၏ တိုက်ရိုက်ညွှန်းကြားခြင်း ကြီးကြပ်ခြင်းအောက်၌ရှိနေပါသည်။ သူနှင့်တဖန်ပြန်လည်တွေ့ဆုံရမည့်နေ့ရက်ကိုသာ မျှော်လင့်ပါ။ ဤမျှော်လင့်ခြင်းမှာယုံကြည်သူများ အတွက် ခရစ်တော်ယေရှု၌ မင်္ဂလာရှိသော မျှော်လင့်ချက်ဖြစ်သည်။

၂၇၅။ “ယေရုရှလင်မြို့ ငြိမ်းချမ်းရန် ဆာလံ၊၁၂၂း၆ ၌ တွေ့ရသည့်အတိုင်းအဘယ်ကြောင့်ဆုတောင်းရမည်နည်း။

            ယေရုရှလင်မြို့ ငြိမ်းချမ်းရန် ပရောဖက်ပြုခြင်းနှင့်ဆိုင်သောဆုတောင်းချက်ဖြစ်ကြောင်းသင်သတိရရန်လိုသည်။ ဘုရားသ ခင်၏ အစီအစဉ် ၌က္ကသရေလလူမျိုးများတိုင်းပြည်သို့ပြန်မလာမချင်းငြိမ်းချမ်းရေးရမည်မဟုတ်ပါ။ ထို့ကြောင့် ယေရုရှလင်မြို့ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့ဆုတောင်းသောအခါ မေရှိယကြွလာရန်နှင့်နိုင်ငံတော်တည်ထောင်ရန်ဆုတောင်းနေခြင်းသာဖြစ်ပါသည်။ ထိုအခါမြှငိမ်းချမ်းလာ မည်ဖြစ်သည်။ ၎င်းသည် “ နိုင်ငံတော်တည်ထောင်ပါစေသော်အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့မြေကြီးပေါ်၌ လည်းပြည့်စုံ ပါစေသော်” ဟု ဆုတောင်းခြင်းနှင့်အတူတူပင်ဖြစ်သည်။

၂၇၆။ ကလေးများဆုတောင်းသံကို ဘုရားသခင်အဖြေပေးပါသလား။

            အပြစ်သားများ၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းကြောင်း ကျွနု်ပ်တို့ယုံကြည်သော်လည်း ကလေးများ၏ဆုတောင်းသံကို ဘုရားသခင်နားမညောင်း အဖြေပေးမည ်မဟုတ်ဟုလည်း မယုံကြည်ပါ။ ကလေးများသည် အပြစ်သိသော သူများမဟုတ်သေးပါ။ သူတို့၏ဆုတောင်းသံကို သခင်ယေရှုနားမညောင်းပါဟု ကျွနု်ပ် မယုံကြည်ပါ။ လူငယ်အရွယ်က အမေသင်ပေးသောဆုတောင်းချက်ကို ပြန်လည်သတိရပြီးထိုဆုတောင်းချက်က ကျွနု်ပ်ပြောင်းလဲစေရန် လမ်းစဖြစ်လာကြောင်း သိတတ်သော်သောအရွယ်ရောက်သောအခါ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံကြရန်ကလေးများကို ကျွနု်ပ်တို့တိုက်တွန်းအားပေးသင့်သည်။

၂၇၇။ လူများစွာ ကယ်တင်ခြင်းရရန် လိုအပ်သေးသော်လည်း သခင်ဘုရားကြွလာရန် ဆုတောင်းသင့်ပါသလား။

            ကယ်တင်ခြင်းမရသောသောသူများစွာရှိပါသည်။သခင်ဘုရားဒုတိယအကြိမ်ပြန်ကြွရန် ခေတ္တအချိန်ဆိုင်းငံ့ခြင်းအားဖြင့် ဤလော က၌ ထောင်ပေါင်းများစွာသောလူမွေးဖွါးကြသည်။ ထိုသူတို့ ပျက်စီးဆုံးရှုံးကြမည်ကို သင်သတိပြုရန်လိုသည် ။ထို့ကြောင့် သခင်ဘုရား စောစီးစွာကြွလာပါကပျက်စီးသောသူပို၍နည်းပါးမည်။

၂၇၈။ ကျွနု်ပ်တို့သည် ယေရုရှလင်မြို့ဖက်သို့ လှည့်ပြီးဆုတောင်းရမည်ဟု ဆရာသမားအချို့က သွန်သင်ခဲ့ကြပါသည်။ ဤသို့ကျင့်သုံးခြင်း နှင့်ပတ်သက်၍သင်၏ထင်မြင်ချက်ကိုသိလိုပါသည်။

            ကျွနု်ပ်တို့ဆုတောင်းသောအခါ၌ ကောင်းကင်ဘုံ၌ရှိသောတော်မူသောခမည်းတော်ဘုရားထံတော်သို့ သခင်ယေရှုခရစ်တော်၏ နာမတော်၌ဆုတောင်းခြင်းဖြစ်ပါသည်။ဆုတောင်းရာ၌မျက်နှာကိုယေရုရှလင်မြို့ဘက်သို့လှည့်ခြင်းသည်ခြားနားချက်တစ်ဖြစ်စေမည်ဟု ကျွနု်ပ်မယုံကြည်ပါ။ သင်၏သဘောထားသည်ယေရုရှလင်မြို့ဖက်သို့လှည့်ရန် ဝိညာဉ်တော်နှိုးဆော်ပါကသခင်ဘုရားဦးဆောင်သည့် အတိုင်းပြုလုပ်ပါ.။ အခြားလူများမည်သို့ထင်မြင်ယူဆမည်ကို ဂရုမစိုက်ပါနှင့်။ထို့အပြင် “သူတပါးပိုင်သောလူကိုစစ်ကြောစီရင်သော သင် သည်အဘယ်သူနည်း”။ သူသည် မိမိသခင် စီရင်သောအားဖြင့်သာအပြစ်လွှတ်ခြင်းအပြစ်ခံခြင်းသို့ရောက်ရသည်။ သူသည် အပြစ်လွှတ် ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူ၏အပြစ်ကို လွှတ်ခြင်းငှာတတ်နိုင်တော်မူ၏” (ရောမ၊၁၄း၄)။ ယေရုရှ လင်ဘက်သို့မျက်နှာမူခြင်းသည် ကျွနု်ပ်တို့အတွက် မဟုတ်ဘဲ ဂျူးများအတွက်ဖြစ်သည်။

၂၇၉။  “အပြစ်သွေးဆောင်ခြင်းသို့မလိုက်မပါစေနှင့် ”ဟူသော ပဋ္ဌာနာတော်အဆိုတွင် သင်၏အကူအညီလိုချင်ပါသည်။

            “အပြစ်သွေးဆောင်ရာသို့ အလိုက်ပါစေနှင့်” ဟူသောဆုတောင်းချက်နှင့်စပ်လျဉ်း၍ ၎င်းသည် နိုင်ငံတော်နှင့်ဆိုင်သောဆုတောင်း ချက်ဖြစ်သည်။ရည်ရွယ်ချက်မှာ စုံစမ်းခြင်းခံရသောအခါ အောင်မြင်ခြင်းရရန် သခင်ဘုရားထံခွန်အားတောင်းခြင်းဖြစ်ဟန်တူသည်။မိမိတို့၌ လိုအပ်သောခွန်အားကိုသခင်ဘုရားပေးရန်နှင့် ကိုယ်တော်၏မစခြင်းကိုတွေ့နိုင်ရန် ကျွနု်ပ်တို့အတွက်အဆက်မပြတ်သော ဆုတောင်းချက်ဖြစ်သင့်သည်။

၂၈၀။ ကျွနု်ပ်တို့သည် အာဏာပိုင်များအတွက် အဘယ့်ကြောင့် ဆုတောင်းရမည်နည်း။

            အာဏာပိုင်များအတွက် ဆုတောင်းပေးရန်သမ္မာကျမ်းက ထင်ရှားစွာသွန်သင်ပါသည်။(၁တိ၊ ၂း၁-၂)။ဘုရားသခင်၌အကြံအစည် တော်တစ်ခုရှိကြောင်းနှင့် ဤအကြံအစည်နှင့်ဆန့်ကျင်သော ဆုတောင်းချက်ကို ဘုရားသခင်နားညောင်းမည်မဟုတ်ပါ။ဘုရားသခင် ၏နှုတ် ကပတ်တော်မှ ပရောဖက်ပြုချက်များမပျက်စီးနိုင်။ ထို့ကြောင့်ဘုရားသခင်၏အလိုတော်ကိုရှာပြီး ဆုတောင်းရန်နှင့် ဘုရားသခင်၏အလို တော်အတိုင်း ဆုတောင်းရန်လိုအပ်သည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....