Wednesday, 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၁၇ ။
၁၇။ ထာဝရဘုရားသည် အနန ္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျက်ဘာကြောင့် လူ့ဘဝကိုကြမ်းတမ်းစေသနည်း (မအို၊ မနာ၊ မသေသောကောင်းကင်နိုင်ငံတော်သို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခခံစားစေသနည်း)။ အနန ္တ မေတ္တာ၊ ဂရုဏာရှင်ဆိုသောစကားနှင့်ကိုက်ညီအောင် သုံးနှူန်းဖြေကြားပေးပါ။

မေးခွန်းနံပါတ် (၁၇) အဖြေ။
မေးခွန်းရှင်အနေဖြင့် မေးခွန်းနံပါတ် ( ၈၊ ၉၊ ၁၀၊ ၁၃၊ ၁၄)တို့တွင် “ဒုက္ခ” ကိုအကြောင်းပြု၍ မေးခွန်းပုံစံ အမျိုး မျိုးဖြင့် မေးခဲ့ပြီးဖြစ်ရာ၊ တစ်ဘက်မှာလည်း ဖြေဆိုရာတွင် သမ္မာကျမ်းစာဖက်ရှူဒေါင့်များထဲက ထုတ်ဆောင်၍ ဖြေကြား ခဲ့ပြီးဖြစ်သည်။ ယခုမေးခွန်းနံပါတ် (၁၇)၌ တစ်ဖန်ထပ်မံ၍ “ဒုက္ခ” ကိုအကြောင်းပြုပြီး မေးခွန်းထုတ်လာပြန်ပါသည်။
ဤကဲ့သို့သော အတွေးအခေါ်မျိုးကို ထောက်ရှူသည် ရှိသော်၊ မေးခွန်းရှင်အနေဖြင့် လူ့ဘဝတစ်ခုလုံး၏ ဖြစ်စဉ်အလုံးစုံတို့သည် “ဒုက္ခ” ချည်းဘဲဟူ၍ “အဆိုးမြင်ဝါဒ” မျိုးဖြင့် ရှူမြင်သိမှတ်လျက်ရှိသည်ဟု ကောက်ချက်ချရမှာဖြစ် ပါသည်။ လူ့ဘဝ၏ဖြစ်စဉ်အလုံးစုံတို့သည် အဆိုးချည်းဘဲတော့မဟုတ်ပါ။ သု့ချိန်နဲ့သူရှိကြောင်းနှင့် ဘုရားသခင်ထံတော်မှ ကယ်တင်စောင်မနိုင်တော်မူကြောင်းကို သမ္မာကျမ်းစာထဲမှ ဓမ္မဒေသနာဆရာ၏ သက်သေခံချက်များဖြင့်လည်း ထည့်သွင်း ဆင်ခြင်သင့်လှပေသည်။
“ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ …….ဘွားချိန်နှင့်သေချိန်၊ …..ဖြိုဖျက်ရသောအချိန်နှင့်တည် ဆောက်ရသောအချိန်………ငိုရသောအချိန်နှင့်ရယ်ရသောအချိန်……ညည်းတွားရသောအချိန်နှင့်ကခုန်ရသောချိန်……… ချစ်ရသောအချိန်နှင့်မုန်းရသောအချိန်……စစ်တိုက်ရသောအချိန်နှင့် စစ်ငြိမ်းရသောအချိန်ရှိ၏ (ဒေ၊၃း၁-၈)။
ဓမ္မဒေသနာဆရာသည် ဘဝ၏အခက်အခဲပြဿနာရပ်များထဲတွင် နစ်မွန်းနေခြင်းဖြင့် ကျေနပ်မနေပါ။ အဖြေရရန် လုံ့လစိုက်ထုတ်ရှာဖွေစူးစမ်းခဲ့သည်။ ဤကဲ့သို့စူးစမ်းရှာဖွေသောအခါ….ငါမြင်ပြီ….ဆင်ခြင်၏…..စုံစမ်းပြီ…… ငါတွေ့သော အရာ……စစ်ဆေးချင့်တွက်သောအခါဟူ၍ ဘော်ပြခဲ့ပါသည်။ သူသည်ဘဝ၏အဓိပ္ပါယ်ကိုတွေ့ရှိသည်အထိရှာဖွေခဲ့ပါသည်။ အကယ်၍ ကျွန်ုပ်တို့၏အသက်တာများသည်လည်း အဓိပ္ပါယ်မရှိသကဲ့သို့ဖြစ်ခဲ့လျှင်၊ ကျွနု်ပ်တို့သည်လည်း ဘုရားသခင်၏နုတ်ကပတ်တော်အလင်းအားဖြင့် ဖြေရသည်အထိဆက်လက်ရှာဖွေသင့်သည်။
ဓမ္မဒေသနာဆရာသည် မိမိ၏ဒေသနာကျမ်းဆုံး၌ အသက်တာရည်မှန်းချက်၏အဖြေကို ရှာတွေ့ခဲ့သည်။ သူက အသက်တာဟူသည် ဘုရားသခင်ပေးသောဆုကျေးဇူးဖြစ်၍ ထာဝရဘုရား၏ နှုတ်ကပတ်တော်နှုင့် အမိန့်တော်လမ်း ပြုမှုအတိုင်း အသက်ရှင်မှသာ၊ ပျော်ရွှင်ဝမ်းမြောက်မှုရှိနိုင်သည်ကို တွေ့မြင်ခဲ့၏။ မိမိအသက်အရွယ်အိုမင်းပြီး၊ အသက်တာ ၏ အဆုံးပိုင်းသို့ရောက်နေသောစာရေးသူက၊ မိမိကဲ့သို့ အဓိပ္ပါယ်မဲ့စူးစမ်းရှာဖွေမှုမျိုး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထပ်မံမပြုလုပ်စေလိုသောကြောင့် “ယခုသက်ပျိုစဉ်အခါ၊ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့လော့” ဟုရေး သားခဲ့သည်။ ဤအချက်သည် ဒေသနာကျမ်းကဘော်ပြသည့်ရေရှည်တည်မြဲသောသိတင်းစကားဖြစ်ပါသည်။ 
လူ၌ရှိသောအသက်ဝိညာဉ်သည် တန်ဖိုးအားဖြင့်စကြာဝဠာထက်မက အဖိုးထိုက်လှပေ၏။ ၎င်းအသက်ဝိညာဉ် သည် အာဒံနှင့်ဧတို့ ပြစ်မှားခဲ့စဉ်ကပင် သေမိန့်ကျခံခဲ့ရပြီး ဖြစ်သည်။ (နံပါတ် ၈၊ ၉၊ ၁၀ အဖြေလွှာကိုကြည့်ပါလေ)။ တစ်ဖန်၊ ဗျာဒိတ်၊ ၃း၁ တွင် “သင်သည်အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကို ငါသိ၏” ဟုသာဒိအသင်း တော်ကိုမိန့်တော်မူ၏။ ထို့ကြောင့် လူသည်ဘုရားသခင်ရှေ့တော်၌လူသေကဲ့သို့ဖြစ်လျက်ရှိ၏ ။ ရုပ်ခန္ဓာအားဖြင့် အသက် ရှင်နေသော်လည်း၊ ဝိညာဉ်ပိုင်း၌သေနေသောသူဖြစ်ကြ၏။ တစ်နည်းဆိုသော်၊ လူသည်မိမိကိုယ်ကိုမိမိ မကယ်တင်နိုင်ပေ။ ဤသို့ဝိညာဉ်ပိုင်း၌သေနေသောသူတို့သည် နောက်ဆုံး၌ထာဝရသေခြင်းတွင် အဆုံးသတ်ရမည်ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ ထာဝရပြစ်ဒဏ်ခတ်ခြင်းကိုလည်း ခံရဦးမည်ဖြစ်သည်။ ဤသို့သောသေခြင်းကို ဒုတိယသေခြင်းဟုခေ ါ် သည်။ 
ဤတွင်၊ တမန်တာ်ကြီးရှင်ပေါလုကိုယ်တိုင်ထောက်ခံထားသည်မှာ၊ “ငါ့အထဲမှာ ငါ၏ဇာတိပကတိ၌ကောင်းသော အရာတစုံတခုမျှမတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည်ကျင့်ချင်သောစိတ်ရှိသော်လည်း ကောင်းစွာကျင့်တတ် သောအခွင့်ကိုရှာ၍မတွေ့နိုင်၊ ငါသည်ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏ (ရော၊ ရး၁၈-၁၉၊၂၄) ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်းမှ ငါ့ကိုအဘယ်သူကယ်လွှတ် မည်နည်း” ဟူသောမေးခွန်းမျိုးနှင့် သဘောသွားချင်းတူသောမေးခွန်းကို ခရစ်တော်၏ တပည့်တော်တို့ကမေးခဲ့ဘူးသည် တွင်၊ “သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တာ်မူခြင်းတို့ရောက်နိုင်မည်နည်းဟုပြောဆိုကြ၏။ ယေရှူသည်လည်း၊ သူတို့ကိုကြည့်ရှူ၍ ဤအမှုကိုလူမတတ်နိုင်၊ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော် မူသည်ဟုမိန့်တော်မူ၏” (မ၊၁၉း၂၅-၂၆)။
တမန်တော်ဝတ္ထု၊ ၄း၁၁ ဆုံး -၁၂ တွင် “ထိုသခင်မှတပါး၊ အဘယ်သူမျှ ကယ်တင်ခြင်းအမှုကိုမတတ်နိုင်။ ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သောနာမတစုံတခုမျှကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွတ်ဆို၏” ။
“ထို့ကြောင့် အကြင်သူသည် ယေရှူအားဖြင့်ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်ကာလစဉ် အသက်ရှင်သောကြောင့် သူတို့ကိုအစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏” (ဟေဗြဲ၊ ရး၂၅)။
သို့ဖြစ်၍ “ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသောသူတို့သည် ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းနည်းမည့်အ ကြောင်း၊ (၁သက်၊ ၄း၁၃) …….(း၁၅) သခင်ဘုရားကြွလာတော်မူသောအခါ………..(း၁၇) ငါတို့သည် အာကာသကောင်း ကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ….မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့် အတူအစဉ်မပြတ်နေရကြလိမ့်မည်” ။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....