Tuesday, 6 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၃။
၃။ မွေးဖွားလာစကပင် တစ်ဦးနှင့်တစ်ဦး မတူမညီဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။

နံပါတ်(၃) အဖြေ။
ပိဋကတ်ကျမ်းအဆိုအမိန့်ထဲတွင် လူတစ်ဦးနှင့်တစ်ဦး၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အယုတ်၊ အမြတ်ဟူ၍ခွဲခြားသတ်မှတ်ထားလျက်ရှိ၏။ အထူးသဖြင့် ကရင်နှင့်ချင်းလူမျိုးများကိုယုတ်ညံ့သောလူသားများအဖြစ် ရှူမြင်သုံးသပ်ပုံကို ပိဋကတ်ကျမ်းလာရင်းအတိုင်းပြဆိုပေအံ့။
ဒုစရိုက်ဆယ်ပါးအကုသိုလ်တရားတို့ကို လိုက်စားပြုလုပ်အားထုတ်ကျင့်ကြံသောသူတို့သည် သေသည့်အခြားမဲ့၌ ငရဲအစရှိသောအပါယ်လေးပါးသို့ သွားရောက်ခံစားရပါသည်။ ငရဲအစရှိသောအပါယ်လေးပါးမှ လွတ်၍ လူပြန်ဖြစ်လာပါက ကံဟောင်းနေ့က ဖန်တီးပုံအရကြောင့် ဝိပါကအကျိုးပေးလျက်ရှိ၏။အဆိုပါဒုစရိုက်ဆယ်ပါးအကုသိုလ်တရားတို့၏ ဝိပါကအကျိုးပေးသည်မှာ ပါဏတိပါတကံကြောင့် အနာရောဂါများ၍ အသက်တိုရခြင်း၊ အဒိန္နာဒါနကံကြောင့် စည်းစိမ်းဥစ္စာမတည်ကြည်၍ ဆင်းရဲနွမ်းပါးလူမွဲဖြစ်ရခြင်း၊ ကာမေသုမိစ္တာစာရကံကြောင်း ယောကျာ်းကောင်း၊ မိန်မကောင်းမဖြစ်၊ နပုံးပဏ္ဍုပ်အစရှိသောယုတ်ယုတ်မာမာသောအမျိုး၌ဖြစ်ရခြင်း၊ မုသာဝါဒကံကြောင့် အစွပ်အစွဲခံရခြင်း၊ ခံတွင်းပုပ်ခြင်း၊ ကိုယ်ပြောသောစကားကိုသူတစ်ပါးမယုံကြည်ခြင်း၊ ပိသုဏဝါစာကံကြောင့်ချစ်ခင်သောသူတို့နှင့် ရှင်ကွဲသေခွာ၊ ခွဲခွာရခြင်း၊ ဖရုသာဝါစာကံကြောင့် မိမိအသံသည် ကျီးအာသကဲ့သို့ သူတစ်ပါးနား၌ မခံသာအောင်ရှိခြင်း၊ ဆွံအရခြင်း၊ သမ္ဗပ္ပလာပကံကြောင့် နိဗ္ဗာန်နှင့်စပ်သောစကားကိုပြောဆိုသော်လည်း ဖွဲပြာသည် လေမှာလွင့်သကဲ့သို့ မနာစဖွယ်ရှိခြင်း၊ အဘိစ္ဆာကံကြောင့် မိမိစည်းစိမ်ကို မင်း၊ ရေ၊ မီး၊ ခိုးသူ မချစ်မနှစ်သက်တဲ့ ရန်သူမျိုး နှင့်တွေ့၍ ရွေ့ လျောပျက်စီးရခြင်း၊ ဗျာပါဒကံကြောင့်၊ ထွီဖန်ဟာဟေး၊ တံတွေးထွေး၍ ဟန်ရေးမသာရွံရှာစက်ဆုပ်ဘွယ်သောမမျိုး၌ဖြစ်ရခြင်း၊ မိစ္ဆာဒိဌိကံကြောင့် ရတနာသုံးအင်၊ နှလုံးမယှဉ်တဲ့ ကရင်၊ ချင်းရိုင်း၊ ထိုင်းမှိူင်းပူတူ၊ မိလက္ခူအမျိုး၌ဖြစ်ရခြင်း၊ ဤသို့သောအပြစ်များကို ကာလရှည်များအောင်ခံစားရပါသည်။ (ဂီဟီဝိနယငါးစောင်တွဲကျမ်း နှာ၊ ၈)
တစ်ဖန် ။ ။ ရှင်ဂေါတမအလောင်း နိယတဗျာဒိတ်ခံ သည်ကိုပြခြင်းအကြောင်း။
ရှင်ဂေါတမအလောင်းသည် ယခုဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သော်၊ တသိန်းကမ္ဘာအလွန်ရှိသော လေးသင်္ချေထက်၌ပွင့်သော ဒီပင်္ကရာဘုရားလက်ထက်တွင် သုမေဓာရသေအဖြစ်နှင့် ရာမာဝတီပြည်မှာ ကိုယ်ကိုတံတားခင်းပြီးလျှင် နိယတဗျာဒိတ်ကိုခံယူသည်ဟု ပိဋကတ်တွင်ပြဆို၏။ ၎င်းနိယတဗျာဒိတ်ကို ခံယူပြီးသည်နောက် ဘုရားလောင်းတို့မဖြစ်အပ်သောအရပ် တဆယ့်ရှစ်ပါးကိုပြသည်မှာ ပဋိသန္ဓေအားဖြင့် ရူးသွပ်သောသူ၌လည်းမဖြစ်၊ ဆွံ့အသောသူ၌လည်းမဖြစ်၊ ချင်း၊ ကရင်၊ တောင်သူမိလက္ခူအမျိုးတို့၌လည်းမဖြစ်၊ မိစ္ဆာဒိဌိအယူကိုယူသောအမျိုး၌လည်းမဖြစ်၊ လိင်ပြန်သောသူ၌လည်းမဖြစ်၊ အနန ္တရိယကံငါးပါးကို ပြုသောသူ၌လည်းမဖြစ်၊ နူနာစွဲသောသူ၌လည်းမဖြစ်၊ တိရိစ္ဆာန်အမျိုးတွင်လည်း ငုံးငှက်အောက်ငယ်သောတိရိစ္ဆာန်အမျိုး၌လည်းမဖြစ်၊ ဆင်ထက်ကြီးသော တိရိစ္ဆာန်အမျိုး၌လည်းမဖြစ်၊ ပြိတ္တာအမျိုးတွင်လည်း ခုပ္ပသိကပြိတ္တာ၊ နိဇ္ဇာမတဏှိကပြိတ္တာ၊ ကာလကိဥွိကပြိတ္တာမမျိုးတို့၌လည်းမဖြစ်၊ သုဒ္ဓါဝါသငါးဘုံ၊ အသညတ်ဘုံ အရူပလေးဘုံတို့၌လည်းမဖြစ်၊ အဝီစိငရဲကြီး၌မဖြစ်၊ မာန်နတ်လည်းမဖြစ်၊ဤစကြာဝဠမှတပါးအဖြားစကြာဝဠာ၌လည်းမဖြစ်ဟူ၍နိယတဗျာဒိတ်ကိုခံယူပြီးသောဘုရားလောင်းမဖြစ်သောအရပ်တဆယ့်ရှစ်ပါးကို ပိဋကတ်တွင် တချက်ပြဆိုသည်။ ၎င်းနိယတဗျာဒိတ်ကိုခံယူပြီးမှ ရှင်ဂေါတမအလောင်းသည် ငုံးငှက်တိရိစ္ဆာန်အဖြစ်ဘဝမှစ၍ ဆဒ္ဒန်ဆင်တိုင်အောင် ဇာတ်နုငါးရာငါးဆယ်၊ ဇာတ်ရင့်ဆယ်ဘွဲ့တွင် ဝေဿန ္တရာဇာတ်ကိုအဆုံးထား၍ သုတ္တံနိပါတ်၊ အဌကထာ၊ ဗုဒ္ဓဝင်အပါဒါန်ကျမ်းတို့တွင်ပြသည်။ ထို့ကြောင့် ၎င်းပြဆိုခဲ့သော အကြောင်းအရာတို့တွင် ချင်း၊ ကရင်၊ တောင်သူလူမျိုးတို့သည် မိမိတို့ကိုယ်ကို စဉ်းစားဆင်ခြင်လျှင် ရှင်ဂေါတမကို အလွန်စိတ်နာစရာကောင်းပေသည်။ အဘယ်ကြောင့်ဆိုသော် ရှင်ဂေါတမအလောင်းသည် ငုံးငှက်အောက်ငယ်သောတိရိစ္ဆာန်နှင့် ဆင်ထက်ကြီးသော တိရိစ္ဆာန်တို့အမျိုးသာ၌လျှင်မဖြစ်သည်။ ၎င်းငှက်ငုံးနှင့် ဆင်၏အကြားမှာရှိသော တိရိစ္ဆာန်အမျိုးတမျိုးမျိုးမှာဖြစ်နိုင်သည်။ ချင်း၊ ကရင်၊ တောင်သူမျိုး၌ အလျင်းမဖြစ်နိုင်ဆိုောကြောင့် ဗုဒ္ဓဘာသာပိဋကတ်ကျမ်းဆိုအလိုအားဖြင့် ချင်း၊ ကရင်၊ တောင်သူတို့သည် တိရိစ္ဆာန်ထက်ယုတ်ညံ့ရာဖြစ်တော့သည်။ ဤကဲ့သို့ ဗုဒ္ဓဘာသာပိဋကတ်က၊ ချင်း၊ ကရင်၊ တောင်သူတို့ကို တိရိစ္ဆာန်ထက် ယုတ်ညံ့သည်ဟုဆိုသော်လည်း စဉ်းစားဆင်ခြင်၍ အမြော်အမြင်ရှိသော ချင်း၊ ကရင်၊ တောင်သူလူမျိုးတို့မှသာလျှင် ရှက်ကြောက်နာကျင်ခြင်းရှိမည်။ နတ်မိစ္ဆာနှင့်ခေါင်ရည်ကို မစွန့်ပစ်လိုသည့် ချင်း၊ ကရင်၊ တောင်သူတို့မှာ ရှက်ကြောက်နာကျင်ရမှန်းသိမည်မဟုတ်ချေ။ သို့သော်လည်း ဗုဒ္ဓဘာသာပိဋကတ်က ချင်း၊ ကရင်၊ တောင်သူတို့သည် တိရိစ္ဆာန်ထက် ယုတ်ညံ့သည်ဆိုသော်လည်း တိရိစ္ဆာန်ထက် ချင်း၊ ကရင်၊ တောင်သူတို့သည် အလျင်းမယုတ်ညံ့ကြောင်းကို ယခုမျက်မြင်ထင်ရှားရှိသောကြောင့် သိအပ်ကြပါ၏။
(တိပိဋကတ်ဝိနိစ ္ဆယကျမ်း၊ ပဌမတွဲ၊ မောင်ပန်းရည်၊ နှာ။ ၃၆)။
တဖန် ။ ။ သမ္မာကျမ်းစာဘက်သို့ ပြန်လှည့်ကြည့်ကြပါစို့။
သမ္မာကျမ်းစာက “ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့အား ကျေးဇူးပြုချင်ေသောသဘောရှိ၍ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက်တော်မူ၏” (ဆာလံ၊ ၁၄၅း၉)။
“ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူအပေါင်းတို့ကိုအစိုးရသောအရှင်တစ်ပါးတည်းရှိ၍ ကိုယ်တာ်ကိုပဌာနာပြု သောသူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရာယးကိုပဌာနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့” (ရော၊ ၁၀း၁၂-၁၃)။
ယေရှူက၊ ‘ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုဃ်းကိုရွာစေတော်မူ၏’ (မ၊ ၅း၄၅။ ယော၃း၁၆။ ဗျာ၊ ၂၂း၁၇။ ၁ယော၊ ၄း၈) တို့ကိုကြည့်လေ။
လူအချို့တို့တွင် ကိုယ်လက်အင်္ဂါချို့ယွင်းသည့်ဘဝ၌သော်၎င်း၊ တချို့၌ဆွံ၊ အ၊ နားမကြား၊ မျက်မမြင်အစရှိသောချိုးတဲ့သည့်ဘဝ၌သော်၌သော်၎င်း၊ အသက်ရှင်နေရလျက်ရှိ၏။ ဤကဲ့သို့မလိုလားအပ်သောလူ့ဘဝဖြစ်လေသမျှတို့သည် ဘဦး မိဦးဖြစ်တဲ့အာဒံနှင့်ဧဝတို့၏ ဘုရားစကားနားမထောင်ခြင်းမှအစပြုခဲ့ရာ၊ မင်္ဂလာအပေါင်းခညောင်းသည့် ဧဒင်ဥယျာဉ်မှ သူတို့ကိုနှင်ထုတ်လိုက်ခြင်းခံရသောနေ့မှစ၍ ကျိန်ခြင်းခံရသောဤမြေ ကမ္ဘာသို့ချင်းနင်းဝင်ရောက်လာခဲ့ရသည် နှင့်အမျှ အာဒံနှင့်ဝတို့၏ ဘဝသည် လူလုံးမလှ ယူကြုံးမရဖြစ်ခဲ့ရလေတော့သည်။ အာဒံနှင့်ဧဝမှဆင်းသက်လာသောလူမျိုးနွယ်အပေါင်းတို့သည်လည်း လူ့ဘဝ၏ဆိုးမွေများဖြစ်သော မျိုးရိုးဗီဇဖောက်ပြန်ချို့ယွင်းမှ ု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရောဂါဘယ ဖိစီး နှိပ်စက်မှ ု၊ ပတ်ဝန်းကျင်ဆိုင်ရာဘေးအန ္တရာယ်ကျရောက်မှ ု၊ လူလူချင်းခေါင်းပုံဖြတ်မှ ု၊ မတရားအာဏာအလွှဲသုံး စားဖြင်းခံရမှ ုမှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှ ုရေး၊ အုပ်ချုပ်ရေးအစရှိသည်တို့လည်း မတည်မငြိမ်ဖြစ်လာကာ မေတ္တာတရားခေါင်းပါးသောဤကမ္ဘာလောကကြီးထဲ၌ ကျင်လည်ခဲ့ရလေတော့သည်။
ထို့ကြောင့် ခရစ်တော်သည် သူ၌ရှိသောဘုရားသခင်၏သဏ္ဍာန်တော်ကို ကျွနု်ပ်တို့ပြန်လည်ရရှိစေရန် ကြွလာတော်မူခြင်းဖြစ်ပြီး၊ ကျွနု်ပ်တို့အား အသိပညာ၊ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ဖြင့် အသစ်တစ်ဖန်ပြု ပြင်ရန်အလိုရှိတော်မူသည်။ ကိုယ်တော်သည် တစ်နေ့သောအခါ ကျွနု်ပ်တို့အား သူ၏သဏ္ဍာန်တော်အတိုင်း ပြန်လည်အသစ်ပြုပြင်မည်ဟု ဂတိထားရှိတော်မူသည်။
ဤလောက၌ခံရသောဒုက္ခဆင်းရဲခြင်းများတို့သည် ခဏမျှသာဖြစ်ပြီး ကိုယ်တော်ပေးမည့်ထာဝရ အသက်ကိုသာမျှော်လင့်စရာအကြောင်းရှိပေသည်။ အကြောင်းမူကား၊ ကိုယ်တော်သည် ဤလောက၌လူ့ ဇာတိကိုခံယူစဉ်၊ အနာရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည် (မ၊ ၄း၂၃) သာမကသေသောသူကိုပင် ရှင်ပြန်ထမြောက်စေနိုင်တော်မူသောဘူရားဖြစ်တော်မူ၏။ ကျွနု်ပ်တို့လူသားအားလုံးအတွက် အပြစ်စီရင် ခြင်းမှလွတ်ငြိမ်းချမ်းသာခွင့်ရရှိဖို့ရန် ကိုယ်တော်သည် ကားတိုင်ပေါ်မှာအသေသတ်ခြင်းကို ခံတော်မူ၏။ သဂြိုလ်ပြီးသုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏ (၁ကော၊ ၁၅း၃-၄)။ သေခြင်းမစ္စူမာရ်ကို အောင်တော်မူသောဘူရားဖြစ်သည်။ ကိုယ်တော်က “ငါသည်သွား၍နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍ ငါရှိရာအရပ်၌သင်တို့ရှိစေခြင်းငှာ သင်တို့ကိုငါ့ထံသို့သိမ်းဆည်းမည် ( ယော၊ ၁၄း၃)ဟု ဂတိထားတော်မူခဲ့လေသည်။ ကိုယ်တော်တဖန်ပြန်လာ၍ ကျွနု်ပ်တို့ယုံကြည်သူအပေါင်းတို့ကို အိုခြင်း၊ နာခြင်း၊ ဝိညာဉ်သေခြင်းကင်းသော ကောင်းကင်ရွှေပြည်ဘုရားးသခင့်မြို့တော်ဆီသို့ သိမ်းဆည်းသွားမည်ဖြစ်သည်။ “ထိုမြို့၌” “ငါနာသည်” ဟု မဆိုရ၊ ထိုမြို့၌နေသာ သူတို့သည် အပြစ်ဖြေရှင်းခြင်းသို့ရောက်ရကြလိမ့်မည် (ဟေရှာ၊ ၃၃း၂၄)။ ကိုယ်လက်အင်္ဂါချို့တဲ့သောမရှိတော့ပြီ။ “ထိုအခါမျက်စိကန်းသောသူတို့ သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်သောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့ သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။……….. ထာဝရ ဝမ်းမြောက်ခြင်းသရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကိုရကြ ၍၊ ဝမ်းနည်းခြင်းနှင့်ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။ (ဟေရှာ၊ ၂၅း ၅-၁၀)။ (ဤသည်အကျဉ်းမျှသာ)။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး (၉) တွင်၊ “လမ်း၌ (ယေရှူ)သွားတော်မူစဉ်၊ တပည့်တော်တို့က၊ အရှင်ဘုရားဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့်ကန်းသလော၊ မိဘအပြစ်ကြောင့်ကန်းသလောဟု မေးလျှောက်ကြ၏။ ယေရှူကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ၊် မိဘအပြစ်ကြောင့်လည်းမဟုတ်၊ ဘုရားသခင်၏ အမူတော်ကိုသူ၌ထင်ရှားမည်အကြောင့်တည်း။……….. ငါသည် ဤလောက၌ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီး လျှင် မြေပေါ်မှာထွေး၍ တံတွေးနှင့်ရွံ့လုပ်ပြီးမှ ကန်းသောသူ၏မျက်စိကိုရွံ့နှင့်လူး၍ “သင်သွားလော့၊ ရှိလောင်ရေကန်၌မျက်စိကိုဆေးလော့ဟုမိန့်တော်မူ၏”……။ ထိုသူသည် သွား၍ဆေးပြီးမှ မျက်စိမြင်လျက်ပြန်လေ၏။ (ယော၊ ၉း ၁-၇)။
ယခင်ကဆရာဝန်နှင့်ဆေးသိပ္ပံပညာရှင်များမှ သက်ဆိုင်ရာရောဂါဖြစ်ပွားလာရခြင်း၏ ဇစ်မြစ်အမှန်ကို မဖော်ထုတ်ပေးနိုင်သည့်ခေတ်ကာလ၌ စုန်းလား၊ နတ်လား၊ ကဝေလားအစရှိသည့် “လား” ပေါင်းများစွာဖြင့် ရော်ရမ်းမှန်းဆကာထင်ကြေးပေးခဲ့ကြသည်။ သို့သော်လည်းယခုခေတ် ဆေးသိပ္ပံပညာ လျင်မြန် စွာ တိုးတက်လာငည်နှင့်အမျှ ရောဂါဖြစ်ပွားရခြင်း၏ ဇစ်မြစ်အမှန်ကို ဆက်တိုက် ဖော်ထုတ် ပေးနိုင်ပြီးဖြစ်သည်။ တစ်ချိန်က အနူရောဂါကို ကံနာ၊ ဝဋ်နာဟူ၍အသိအမှတ်ပြုကြသည်။ ယနေ့ဆေးသိပ္ပံပညာ၏တွေ့ရှိချက်အရ၊ အနူရောဂါသည် အနူရောဂါကိုဖြစ်ပွားစေသည့် မိုင်ကိုဘက် တီးရီးယားလက်ပရေးပ ိုး တစ်မျိုး ကြောင့် ဖြစ်ကြောင်း၊ ယနေ့ကျွနု်ပ်တို့မြန်မာနိုင်ငံတွင် အနာကြီး (အနူ) ရောဂါ လုံးဝပပျောက် ရေး စီမံချက်ဖြင့် ကျန်းမာရေးဌာနကဆောင်ရွက်ရာတွင် အောင်မြင်လျက်ရှိကြောင်း၊ ယခုလက်ရှိဆေးဝါးများဖြင့် လူနာကို နှစ်နှစ်အတွင်းရောဂါလုံးဝပျောက်ကင်းနိုင်ပြီဖြစ်ကြောင်းနှင့် ကူးစက်မှ ုနှူန်းသည်လည်း သိသိသာသာ ကျဆင်းလာပြီဖြစ်သည့်အတွက် အနူဆိုတာချိုနဲကလားကွယ်ဆိုတဲ့ ခေတ်ရောက်လာပါလိမ့်မည်။ ပိုလီယိုအကြောသေရောဂါသည်လည်း ကာကွယ်ဆေးကိုတိုက်ကျွေးခြင်းဖြင့် ရောဂါ လုံးဝပပျောက်ရေးအဆင့်သို့တက်လှမ်းနေပြီဖြစ်သည်။ အကယ်၍များ၊ ယခုလက်ရှိဇစ်မြစ်မဖော်ထုတ်နိုင်သေး သည့်ရောဂါရှိနေစေကကာမူ၊ တစ်နေ့နေ့တစ်ချိန်ချိန်တါင် ဆေးသိပ္ပံပညာရှင်များကဖော်ထုတ်၊ ကာကွယ်၊ ကုသပေးနိုင်မည်ဆိုသည်မှာ မြေကြီးလက်ခက်မလွဲပေ။
အထက်ဖော်ပြပါ ယေရှူခရစ်ဘုရားနှင့် ဝမ်းတွင်းပါမျက်စိကန်းသောသူ၏ အကြောင်းကို ဆင်ခြင်သည်ရှိသော်၊ ဘုရားနှင့်လူသည် အလွန်တစ်ရာမှကွာခြားလျက်ရှိကြောင်းကို တွေ့ ရမှာဖြစ်သည်။ လူသည်မွေးရာပါမျက်စိကန်းသောသူကိုပြန်မြင်အောင် လုံးဝလုပ်မပေးနိုင်ချေ။ ၎င်းမျက်စိကန်းသောသူကို အပြစ်ရှာကြံပြောခြင်းမှအပ တစ်ခြားဘာမျှမတတ်နိုင်တော့ပေ။ လူမတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင်တော်မူ၏ (လု၊ ၁း၃၇။ မ၊ ၁၉း၂၆)။ ဘုရားဟူသည် လူတစ်ဦးတစ်ယောက် အတွက်သော်၎င်း၊ တစ်လောကလုံးအတွက်ကိုသော်၎င်း၊ စီရင်ပိုင်တော်မူသောအခွင့်အာဏာစက်ရှိတော်မူ၏။ ထို့ကြောင့် ယေရှူခရစ်တော်ဘုရားက “ငါသည်ဤလောက၏အလင်းဖြစ်၏” ဟုအတိအလင်းမိန့်တော်မူပြီး၊ လက်တွေ့အားဖြင့် ဝမ်းတွင်းပါမျက်စိကန်းသောသူကို အမှောင်ခွင်း၍ အလင်းပေးသနားတော်မူလိုက်ခြင်းဖြစ် သည်။ ဤတွင်ပရောဖက်ဟေရှာယက၊ “သေမင်း၏ နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက် ရှိမည်” ဟူသော အနာဂတ္တိစကားသည် ယေရှူခရစ်တော်အားဖြင့်ပြည့်စုံခဲ့လေပြီ။
--ဆက်လက်ဖော်ပြပါမည်…………..

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....