Monday, 5 October 2020

လူတိုင်းအတွက် ခရစ္စမတ်

(၂၁-၁၂-၉၉)နေ့
Dr.တင်မောင်ထွန်း-တရားဒေသနာ

သခင်ခရစ်တော်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲတမ်းတည်ရှိနေသကဲ့သို့ ယနေ့အသက်ရှင်လျက်ရှိ နေတော်မူသောအရှင်ဖြစ်ပါသည်။ ဤအကြောင်းကို စကားသက်သက်အဖြစ်ကြားသိကြသူများရှိသလို ထိုအရှင်သည်ယနေ့ အသက်ရှင်နေကြောင်းသက်သေကို အသက်တာ၌လက်တွေ့ခံစားပြီးမှ သိကြသူများလည်းရှိပါသည်။ စကားကိုကြား၍ အကြောင်းတရားကိုသာသိသောသူနှင့် လက်တွေ့သက်သေခံစားပြီးသိကြသူများအကြားတွင် ခြားနားမှုများစွာရှိမည်မှာ အမှန်ပင်ဖြစ်ပါသည်။

ခရစ္စမတ်ဟူသည် သခင်ခရစ်တော်ကို အကြောင်းပြု၍စုဝေးကြသောသူတို့၏ပွဲဖြစ်ပါသည်။ ခရစ္စမတ်ကာလသည် စီးပွားရေးသမားမြောက်များစွာတို့အတွက် အကျိုးတိုးပွားသော ကာလဟုဆိုလျှင် မှားမည်မထင်ပါ။ ကိတ်မုန့်မှစ၍ မုန့်မျိုးစုံလုပ် ကြသူများ၊ ခရစ္စမတ်အလှတန်ဆာဆင်သည့် ပစ္စည်းထုပ်လုပ်သူများဆိုလျှင် မအားလပ်အောင် အလုပ် တန်ဆာဆင်သည့် ပစ္စည်းများ စွာရရှိကြပါသည်။ ဤသည်မှာ ခရစ္စမတ်ကိုအကြောင်းပြု၍ လောကီကဏ္ဍ၌ မင်္ဂလာခံစားရခြင်းဖြစ်ပေသည်။

ပွဲသက်သက်မဖြစ်သင့်

သခင်ခရစ်တော်သည် လူသားများကိုချစ်တော်မူ၍ လူ့အသွေးအသားဇာတိသဘာဝကိုခံယူပြီး လူ့လောက အလယ်သို့ ကြွဆင်းလာခဲ့ပါသည်။ ထိုသို့ကြွလာခြင်းသည် ဘုရားသခင်အားမျက်မြင်ထင်ရှားတွေ့မြင် နိုင်ရန်ဖြစ်ပါသည်။ လွန်ခဲ့နှစ်ပေါင်း နှစ်ထောင်ခန့်က လောကသို့ကြွလာ၍ သက်သေထူခဲ့သောအရှင်သည် ယနေ့တိုင်ပြောင်း လဲခြင်းမရှိချေ။ ယနေ့သက်တော်ထင်ရှား ရှိရုံမက မိမိအားမြည်းစမ်း၍သက်သေရလိုသူတိုင်း၏ တောင့်တမှုကိုတည်းသိမှတ်ပြီး မစသက်သေထူလျက်ရှိပါသည်။ ကိုယ်တွေ့ သက်သေကိုမခံစားရသေးပါက ခရစ္စမတ်သည်ကျွန်ုပ်တို့အတွက် ပွဲသက်သက်ပင် ဖြစ်သည်။

ကျွနု်ပ်တို့သည် ခရစ္စမတ်ကို ပွဲသက်သက်အနေနှင့်သာကျင်းပပြုလုပ်နေကြသောသူမာျးမဖြစ်သင့်ပါ။ ခရစ်တော်၏မွေးဖွား ခြင်းအကြောင်းခရစ်တော်ပြုခဲ့သော အံ့သြဖွယ်သက်သေအမျိုးမျိုးအကြောင်းကိုသာကြားဖူး သည့်အခြေ၌ ကျေနပ်မနေသင့်ဘဲ ကိုယ်တော်သည်အတိတ်ကသက်တော်ထင်ရှား၍ အံ့သြဖွယ်သက်သေအမျိုးမျိုးပြုခဲ့သလို ယနေ့ကျွနု်ပ်တို့ အား သက်သေပြပါမည့် အကြောင်းနာမတော်ကိုအမှီပြု၍ မြည်းစမ်းတောင်းလျှောက်ကြည့်မည်ဆိုပါက ကိုယ်တွေ့သက်သေကို ကျွနု်ပ်တို့ခံစားရမည်ဖြစ် သည်။ ထိုသို့သက်သေကိုခံစားရမည်ဆိုပါက ခရစ္စမတ်သည် ကျွနု်ပ်တို့အတွက် ပွဲသက်သက်မျှသာ မဟုတ်တော့ဘဲ ကိုယ်တော်၏ ရှင်သန်မှုကို နှလုံးသားနှင့်သိရှိခံစားသောမွေးနေ့တော်အဖြစ် အဓိပ္ပါယ်ရှိရှိ ကျင်းပနိုင်မည် ဖြစ်ပေသည်။

နာခံတတ်ပါ

ယနေ့ကျွနု်ပ်တို့သည် ဘုရားရှင်၏အကြံအစည်တော်ထဲတွင် ပါဝင်အသုံးခရသူများဖြစ်ရန် နှလုံးသားဖြူစင်၍ သိက္ခာရှိရုံဖြင့် မပြီးပါ။ နာတတ်သူများဖြစ်ကြဖို့ လိုပါသေးသည်။ နာခံခြင်းသည် ဘုရားသခင်၏ရှေ့တော်တွင် အလွန်အရေးကြီးပါသည်။ ယနေ့ယုံကြည်သူများကို ကြည့်လျှင်နှလုံးသားဖြူစင်သူ၊ သိက္ခာသမာဓိရှိသူ၊ အများအပြားရှိကြပါ သည်။ သို့သော်ဘုရားရှင်က မိမိအကြံအစည်တော်နှင့်အညီ လုပ်ဆောင်ဖို့ခေါ်သည့်အခါ နာခံတတ်ကြသူများမှာ နည်းပါးလှပါသည်။ (လု၊၁း၃ဝ-၃၈)တွင် မာရိထံသို့ကောင်းကင်တမန်ရောက်လာ၍ ဘုရားရှင်၏တန်ခိုးတော်ကြောင့် ပဋိသန္ဗေစွဲယူ၍ သားယောက်ျားကိုဖွားမြင်မည့် အကြောင်းပြောသည့်အချိန်တွင် မာရိသည်ယောသပ်နှင့် ထိမ်းမြား ဆောင်နှင်းပြီးခါစ၊ မင်္ဂလာခန်းမဝင်မီ အချိန်ဖြစ်ပါသည်။ သူမသည်အပျိုကညာစင်စစ်ဖြစ်ပါလျက်နှင့် ဘုရားရှင်၏အကြံအစည် တော်ကြောင့် ပဋိသန္ဗေရှိကြောင်းကို သူမ၏ခင်ပွန်းအပါအဝင် အခြားသူစိမ်းများသိလျှင် နားမလည်ဘဲသူမအားကဲ့ရဲ့ ပြစ်တင်ကြပါက၊ လူရှေ့တွင် အသရေပျက်စရာရှိသော်လည်း ကိုယ်တော်၏ အကြံအစည်တော်ကိုပြည့်စုံစေရန် နာခံသောစိတ်သဘောဖြင့် ကိုယ်တော်၏စကားအတိုင်း အကျွနု်ပ်၌ဖြစ်ပါစေသောဟု အလိုတော်ကိုဝန်ခံကြောင်းတွေ့ရသည်။

ခင်ပွန်းဖြစ်သော ယောသပ်ကိုဆင်ခြင်ပြန်လျှင် ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်ကျင့်တရားကောင်းသူသည် ဓမ္မာရုံ ကြည်လင်၍ ဘုရားကိုဖူးတွေ့ရသောအခွင့်ရကြပါသည်။ ထိုမှတဆင့်သားဖြစ်ရခြင်းအခွင့်နှင့်အတူ ထာဝရအာမခံချက်ကိုခံစား ကြရသည်။ သို့သော်ကိုယ်ကျင့်တရားမြဲခြင်းသည် အတ္တနှင့် တွဲဖက်ပြီးငါသဘောဆောင်၍ “ငါတော်သည် ငါတတ်သည်” ဟုမာနထောင်လွှားလာပါက ဘုရားရှင်ရှေ့တော်တွင် နှစ်သက်ဖွယ်မဖြစ်သောကြောင့် ဘုရားသခင်ကိုဖူးခွင့်မရကြသော်လည်း ရှိပါသည်။ ယောသပ်သည် မာရိနှင့်လက်ထပ်ထိမ်းမြားပြီးမှ ခန်းမဝင်မီ မိမိဇနီးမာရိ၌ကိုယ်ဝန်ရှိကြောင်းသိသည့်အခါ၊ အဘယ်ကြောင့်ဇနီးသည်၏အသရေကိုမပျက်စေဘဲ တိတ်တဆိတ်စွန့်ပယ်မည်ဟုကြံစည်နေချိန်တွင် ကောင်းကင်တမန်က မာရိ၏ကိုယ်ဝန်သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ဖြစ်ကြောင်း၊ မာရိအားသိမ်းပိုက်မည့်အမှုကို စိုးရိမ်ဖို့မလိုကြောင်း အိပ်မက်ရူပါရုံဖြင့် အသိပေးပြောကြားသည့်အခါ ယောသပ်သည် အလိုတော်ကိုဝန်ခံလျက် ဇနီးသည်အားမစွန့်ဘဲ သိမ်းပိုက်၍ မေတ္တာနှင့်စောင့်ထိန်းခဲ့ကြောင်းတွေ့ရသည်။

ဤကဲ့သို့ ဘုရားရှင်၏အသိပေးဖွယ်ပြမှုကို ရနိုင်သောအချိန်သည် အတိတ်ကအချိန်၌သာရှိခဲ့သည်မဟုတ်ပါ။ သခင်ခရစ် တော်သည် မနေ့၊ ယနေ့၊ နောင်ကာလ၊ မပြောင်းမလဲအသက်ရှင်တော်မူသောကြောင့်၊ မိမိအပေါ်၌ အခြားသူကနားလည်မှုလွဲ နေသည့်အချိန်ဖြစ်စေ၊ ကျွနု်ပ်တို့ကနားလည်လွဲနေသူကိုနားလည်မှုရလို၍ဖြစ်စေ၊ ဘုရားရှင်ထံ၌ တောင်းခံပါက အပြန်အလှန် နားလည်မှုကို ခရစ္စမတ်လက်ဆောင်အဖြစ်ကျွနု်ပ်တို့ရယူနိုင်ကြပါလိမ့်မည်။

မုန်တိုင်းတိုက်ခတ်ဒဏ်

(မာကု၊ ၄း၃၅-၄ဝ)၌ သခင်ခရစ်တော်သည် ညအချိန်တွင် တပည့်တော်တို့နှင့်အတူ ကမ်းတဖက်သို့လှေနှင့်ကူးတော် မူသည်ကိုတွေ့ရသည်။ ထိုသို့သွားစဉ်တွင် မိုးသက်မုန်တိုင်းပြင်းထန်၍ လှိုင်းတံပိုးခတ်ပြီး လှေသည်ရေနှင့်ပြည့်လာပါသည်။ ဤိသို့နှင့်တပည့်တော်တို့သည် ကြောက်ရွံ့ထိတ်လန့်၍ ကိုယ်တော့်ကိုခေါ်သည့်အခါ ကိုယ်တော်သည်ထ၍ လေနှင့်ပင်လယ်ကို ငြိမ်စေရန်ဆုံးမသည်ရှိသော်၊ လေသည်ငြိမ်၍ အလွန်သာယာကြောင့်တွေ့ရသည်။ ထိုအခါ တပည့်တော်တို့သည် အလွန်ကြောက်ရွံ့ ၍ ဤသူသည်အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည်သူ၏စကားကိုနားထောင် ပါတကားဟုဆိုကြ ပါသည်။ ခရစ်တော်နှင့် လက်ပွန်းတတီးနီးကပ်စွာသွားလာနေသော တပည့်တော်များပင်လျှင် ကိုယ်တော်ကိုမည်သူမည်ဝါဟု ကွဲကွဲပြားပြားမသိကြသလို ယနေ့ကျွနု်ပ်တို့ခရစ်ယာန်မြောက်မြားစွာတို့လည်း မိမိကိုယ်ကိုခရစ်ယာန်တစ်ဦးအဖြစ်ခံယူပြီး အသက်ရှင်နေကြသော်လည်း ကိုယ်တော်ကို မသိကြသလို၊ သက်သေကို မခံစားရကြသူများစွာပါသည်။
ယနေ့လောကတွင် အသက်ရှင်စဉ်အတိတ်ကာလမှကံပိ၍ လောကဓံဒုက္ခမုန်တိုင်းတိုက်ခတ်မှု ခံစားနေရသောသူများ အနေဖြင့် ကိုယ်တော့်ကို တမ်းတ၍ခေါ်ကြည့်မည်ဆိုလျှင် ထိုဘေးဒုက္ခခံနေရသည့်အခြေမှကယ်လွှတ်ခြင်းသက်သေကို အမှန်ပင်ခံ စားရမည်ဖြစ်ပါသည်။ ခရစ္စမတ်ပွဲသည် ခရစ်ယာန်များနှင့် သာသက်ဆိုင်သောပွဲမဟုတ်ပါ။ လောကသားတိုင်းနှင့် သက်ဆိုင်သော ပွဲဖြစ်ပါသည်။ လောကကြီးတွင်ဘာသာအယူဝါဒနှင့်ကိုးကွယ်ဝတ်ပြုမှုသည် လူ့အမြင်အရခြားနားသော်လည်း ဘုရားရှေ့တော်တွင် လူလူချင်းခြားနားမှုမရှိပါ။ ဘုရားရှင်ကိုမြည်းစမ်းသိမှတ်၍ သက်သေရပြီးနောက်နှလုံးသားဆန္ဒကိုဖွင့်ပြီး ခရစ်တော်ကိုလက်ခံကြောင်း ထာဝရအာမခံချက်ခံစားရသည့်အခါ ခံစားရသည့်ထိုကျေးဇူးပြုမှုကို အခြားသူများလည်း ခံစားစေအံ့သောငှါ ထပ်ဆင့်ဝေငှ၍ မေတ္တာမျှကြရန်အသိပေးဝေငှလိုက်ရပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....