Monday, 5 October 2020

ဆေးဘက်ဆိုင်ရာမေးခွန်းများ

၂၁၄။ ဘုရားသခင်၏အနာရောဂါငြိမ်းစေခြင်းကို သင်ယုံကြည်ပါသလား။

             ခရစ်တော်၏အနာရောဂါငြိမ်းစေခြင်းကို ကျွန်ုပ် ယုံကြည်ပါသည်။ အနာရောဂါငြိမ်းစေခြင်း၌ ကျမ်းစာနှင့်မညီသော အခွင့်အရေး ယူခြင်းနှင့်မဖြောင့်မတ်ခြင်းများစွာရှိသည်။ဤခေတ်သည် ကျေးဇူးတော်နှင့် ယုံကြည်ခြင်းကာလဖြစ်သည်။“ယုဒလူတို့သည် နိမိတ်လက္ခဏကို တောင်းတတ်ကြ၏။ဟေလသလူတို့သည် ပညာကိုရှာတတ်ကြ၏။ ငါတို့မူကား။လက်ဝါးကပ်တိုင်မှာအသေခံတော်မူသော ခရစ်တော်၏ အကြောင်း အရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ မိုက်မဲခြင်းဖြစ်၏” (၁ကော၊၁း၂၂-၂၃)။ ယနေ့၌အနာရောဂါငြိမ်းခြင်း ဆုကျေးဇူးများရှိသည်ဟုပြောသူသည် လိမ်ညာသောသူဖြစ်သည်။ တမန်တော်၏ဆုကျေးဇူးများသည် ဤခေတ်ကာလအတွက်မတုတ်ပါ။

၂၁၅။ လူတစ်ယောက်ဖျားသောအခါ ဆရာဝန်ကို ကျွန်ုပ်တို့ခေါ်သင့်ပါသလား။

             သခင်ဘုရားသည် အခြားသောအချိန်ကဲ့သို့ပင် ယနေ့လည်း အနာရောဂါငြိမ်းစေနိုင်ကြောင်း ကျွန်ုပ်တို့ယုံကြည်သော်လည်း ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်ရမည်။ မဿဲ၊၉း၁၂ ၌“ယေရှုသည် ကြားတော်မူလျှင်၊ကျမ်းမာသူတို့သည်ဆေးသမား ကို အလိုမရှိကြ။နာသောသူတို့သာလျှင်အလိုရှိကြ၏” ဟုဆို၏။ ထို့ကြောင့်ဖျားနာခြင်းကိစ္စအတွက် ဆရာဝန်ကိုကျွန်ုပ်တို့ခေါ်သင့်သည်။ သင်၏လက်ချောင်းကို ထိရှမိသော သင်၏လက်ချောင်းကို သခင်ဘုရားက သွေးတိတ်စေပြီး အနာကိုပျောက်စေမည်ဟု သင့်မမျှော် လင့်ပါနှင့်။အခြားရောဂါများအတွက် ကျွနု်ပ်တို့အသုံးချရမည်။ဘုရားသခင်သည်အနာရောဂါငြိမ်းစေသည်ဟု ယုံကြည်သော်လည်း သူပေးခဲ့သည့်နည်းကို ကျွန်ုပ်တို့အသုံးပြုရန်လိုသည်။

၂၁၆။ ကျွန်ုပ်သည် ဆီးချိုရောဂါကို ခံစားနေပါသည်။ ကျွန်မ၏ဆရာဝန်သည်ကလေးမယူရန်အကြံပေးပါသည်။ပဋီသန္ဓေတားဆီးခြင်း နှင့်ပတ်သက်၍ သမ္မာကျမ်းက မည်သို့ပြောပါသနည်း။

             ပဋီန္ဓေတားဆီးခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းက ခွင့်မပြုဟု ကျွန်ုပ်ယုံကြည်၏။သင်၌ဆီးချိုရောဂါရှိပါက  ဆရာဝန်၏အကြံပေး ချက်ကိုလိုက်လျောပြီး ပြုစုကုသသင့်ပါသည်။

၂၁၇။ ခန္ဓာကိုယ်အနာငြိမ်းခြင်းသည် ကြေအေးခြင်းဖြစ်ပါသလား။

             ဘုရားသခင် အလိုတော်ရှိပါက အနာငြိမ်းစေနိုင်သည်ဟု ကျွန်ုပ်ယုံကြည်သော်လည်း အပြစ်လွှတ်စေသကဲ့သို့ အနာရောဂါငြိမ်းခြင်း သည်ကြေအေးခြင်းနှင့်ထပ်တူထပ်မျှ မဖြစ်နိုင်ဟု ကျွန်ုပ်ယုံကြည်သည်။ ခန္ဓာကိုယ်အနာရောဂါငြိမ်းခြင်းသည်ကြေအေးခြင်းရှိသည်မှာ သေချာပါသည်။ဟေရှာယ၊၅၃း၅ တွင် ပရောဖက်ကြီးက ခန္ဓာကိုယ်အနာရောဂါငြိမ်းခြင်းကိုပြောသည်မဟုတ်ဘဲ အပြစ်အနာအဆာ ငြိမ်းခြင်းကို ဆိုလိုသည်။ ဤအရာကိုတမန်တော်ရှင်ပေတရုက ရှင်းလင်းစေပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က အကောင်းဆုံးရှင်းလင်းပြပါသည်။ ၁ပေ၊၂း၂၄ ကိုဖတ်ပါက“ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်ကြောင်း ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ၊ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏”ဟူ၍တွေ့ရပါသည်။ ပေတရုက အပြစ်များကို ငြိမ်းစေကြောင်းပြောပြခြင်းဖြစ်ပါသည်။ ဤနေရာ၌ခန္ဓာကိုယ် အနာငြိမ်းခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။သူဖြေရှင်းရသေသာအရာမှာ အပြစ်ရောဂါဖြစ်သည်။ နားလည်လွှဲရန် ကျွနု်ပ်မလိုလားပါ။

ဘုရားသခင်အလိုတော်ရှိပါက မည်သည့်နည်းမျှမပါဘဲ ကုသနိုင်သည်။ ရိုးသားသောခရစ်ယာန်တစ်ယောက်သည် ဤအချက်ကို သံသယအရှိသင့်ပါ။ သို့သော်လည်း ဘုရားသခင်အား အနာရောဂါငြိမ်းစေရမည်ဟုဆိုခြင်းမှာ သူ့အားအမိန့်ပေးခြင်းဖြစ်ပြီး သမ္မာကျမ်းနှင့်လုံး၀ ဆန့်ကျင်ပါသည်။

၂၁၈။ ခရစ်ယာန်များသည် သားသမီးရနိုင်သလောက် များများယူရမည်လား။

             သင်၏အမေးမှာ အနည်းငယ် မတိကျသလိုရှိပါသည်။ အခြေအနေက အာမခံပြီး ကျန်းမာရေးခွင့်ပြုပါကဘုရားသခင်မိန့်မှာ ချက်ဖြစ်သော“ ပွါးများကြလော့”ကို လိုက်နာရန် မျှော်လင့်သည်။ ဤအခြေအနေ မရှိသောနေရာတွင်ကျမ်းစာ၏တားမြစ်ခြင်းစနစ်ကို လိုက်နာရန်ဖြစ်သည်။ကျမ်းစာအရ ပဋီန္ဓေတားဆီးခြင်းမှာ ကိုယ့်ကိုကိုယ် ထိန်းသိမ်းခြင်းပင်ဖြစ်ကြောင်း သတိရပါ။

၂၁၉။ ခရစ်ယာန်များသည် မူးယစ်ဆေးဝါးနှင့်ဆေးဝါးများကို သုံးသင့်သည်ဟုထင်ပါသလား။

             မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဘုရားသခင်ကသုံးစွဲခွင့်ပြုကြောင်း ကျွန်ုပ်မတွေ့ရပါ။ ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းနှစ်ခု စလုံးတွင် ဆေးဝါးသုံးစွဲခြင်းကို ခွင့်မပြုပါ။

၂၂၀။လဘက်ရည်နှင့်ကော်ဖီသောက်ခြင်းအပေါ် သင်၏ထင်မြင်ချက်မှာ အဘယ်နည်း။

လဘက်ရည်နှင့်ကော်ဖီသောက်ခြင်း၌ တစ်ဦးချင်း၏သြတပ္ပစိတ် ကိစ္စရပ်ဖြစ်သည်။လူတစ်ယောက်သည် မှားယွင်းသည်ဟုထင်ပါက မှားယွင်းပါသည်။ သြတပ္ပစိတ် မကြည်စရာမရှိပါက မည်သူမျှစိရင်၍မရပါ။ သင်၏မေးခွန်းကို ၁ကော၊၈း ကဖြေပေးမည်ဟု ကျွနု်ပ်စိတ် ချပါသည်။ ယေဘုယျအားဖြင့် ဤအရာသည်သင့်တင့်လျောက်ပတ်စွာ သုံးစွဲခြင်းကိုပြောလိုခြင်းဖြစ်ပါသည်။ ရောမ၊၁၄း၁၃ ကိုလည်းဖတ်ပါ။

၂၂၁။ သင်သည်ဆရာဝန်၊ တရားဟောဆရာတစ်ယောက်ဖြစ်သည် နှင့်အညီဝီစကီအရက်ကို ဆေးဝါးအဖြစ် သုံးစွဲခြင်းနှင့်        ပတ်သက်၍ သင်၏အမြင်ကိုသိလိုပါသည်။

             ဆေးဝါးအတွက် ဝီစကီအရက်အနည်းငယ်ကိုသုံးစွဲခြင်းသည် ပြသနာမရှိပါ။ အမှန်စင်စစ် ထိုအရည်ဖြင့် ချောင်းဆိုးပျောက် ဆေးရည်မှစ၍ အခြားဆေးရည်များ၏ အနိသင်ကိုထိန်းသိမ်းရန် အသုံးပြုသည်။ အရက်နှင့်ပြုလုပ်သောဆေးဝါးများကို ဆေးရည်များအဖြစ် ကျယ်ပြန့်စွာ အသုံးပြုပြီး အရသာရှိခြင်းထက်အကျိုးဖြစ်ထွန်းစေသည်။

၂၂၂။ ကျွန်တော်၏လက်သည် မသန်မစွမ်းဖြစ်နေပါသည်။ ခွဲစိတ်ကုသရမည်ဟု ဆရာဝန်ကပြောပါသည်။ သူ၏အကြံကိုလက်ခံရမည်လား သို့မဟုတ် ကျွန်တော်၏အနာကို ငြိမ်းစေရန်အတွက် ဘုရားသခင်ကိုသာ ယုံကြည်ရမည်လား။

             သင်၏မသန်မစွမ်းသော လက်နှင့်ပတ်သက်သောဓါတ်မှန်၏အဖြေကိုမသိလျှင် တိကျသောအကြံပေးရန် အလွန်ခက်ခဲပါသည်။ မည်သို့ပင်ဖြစ်စေ သခင်ဘုရားက အနာရောဂါငြိမ်းစေရန်တတ်နိုင်သောလည်း ဆရာဝန်များ၊ခွဲစိတ်ပါရဂှုများအားဖြင့်လည်း အသုံးပြုပါသည်။ ထိုသူတို့သည် ဘုရားသခင်၏ဆုကျေးဇူးများဖြစ်ကြသည်။ ယေရှုက “ကျန်းမာသောသူတို့သည် ဆေးသမားအလိုမရှိ ဖျားနာသောသူများသည် အလိုရှိကြ၏” ဟုဆို၏။ ထို့ကြောင့် ဓါတ်မှန်၌တွေ့ရသောအဖြေကိုသိသည့်ဆရာဝန်၏အကြံပေးတိုင်း ခွဲစိတ်ရန်လိုအပ်ပါက လုံးဝမကန့် ကွက်ပါ။ ကုသမူနည်းလမ်းမပါဘဲ ဘုရားသခင်ကအနာရောဂါ ငြိမ်းစေနိုင်သည်ဟု ယုံကြည်သော်လည်း အလိုတော်ဖြစ်ချင်မှဖြစ်ပေမည်။ ကျွနု်ပ်တို့သည် အစာမစားဘဲ အသက်ရှင်ရန် သခင်ဘုရားက ဖန်တီးပေးနိုင်သော်လည်း ကျွန်ုပ်တို့အသက်တာ ဆက်လက်ရှင်သန်ရန် အစာစားရန် စီမံပေးထားသောကြောင့်နားလည်ရမည်။ ဘုရားသခင်က သင့်အားပို့ဆောင်ပြီး အနာလုံးဝငြိမ်းခြင်းရရန် ကျွန်ုပ်တို့ ဆုတောင်းပေးပါမည်။ ခွဲစိတ်ဆရာဝန်က သင့်ကိုကူညီနိုင်မည်ဆိုပါကသခင်ဘုရားအားဝမ်းနည်းစေမည်မဟုတ်ပါ။

၂၂၃။ ကင်ဆာရောဂါ Dr. Koch ၏ ဆေးကုသခြင်းနှင့် ပတ်သက်၍ အတော်အတန်ဖတ်ခဲ့ကြားခဲ့ပါသည်။ ဆရာဝန်ဖြစ်သော သင့်က Dr. Koch နှင့်ပတ်သက်၍ အကြံပေးစေလိုပါသည်။

             Dr. Koch နှင့်ပတ်သက်သောအသေးစိတ်ကို၁၉၅၀၊ဧပြီလထုတ ်Readers Digest စာအုပ်တွင်ပါသည့်“သမားတော်အတုကို သတိထားပါ” ဆောင်းပါးခေါင်းစဉ် ကိုကြည့်ပါ။စာမျက်နှာ ၆၈ မှ အစပြုပြီး အမေရိကန်ဆေးဘက်ဆိုင်ရာ အဖွဲ့ချုပ်မှ ထိုဆောင်းပါးဖြင့် သင့်အားအထူးသဖြင့်ဆေးကုသမူနှင့်ပတ်သက်၍ သိကောင်းစရာများကိုဖော်ပြမည် ဖြစ်သည်။

၂၂၄။ အကယ့်၍ကွျှန်ုပ်တို့သည်ဆရာဝန်တစ်ယောက်၏ကုသမူအောက်၌ရှိပါက ကျွန်ုပ်တို့၏အနာရောဂါငြိမ်းရန် လူကိုကြည့်နေကြသောကြောင့် သခင်ဘုရားအပေါ်၌ မည်သို့ယုံကြည်ခြင်းရှိနိုင်မည်နည်။

             ဆရာဝန်တစ်ယောက်နှင့်ဘုရားသခင်ကိုတစ်ချိန်တည်းအားကိုးခြင်းနှင့်ပတ်သက်၍ အနာရောဂါအားလုံးကို ဘုရားသခင်က ပျောက်ကင်းခြင်းစေမည်ဖြစ်သော်လည်း ဆရာဝန်ကနည်းလမ်းများပေးသည်။ နည်းလမ်းကိုအသုံးပြုရန်အတွက် လူများကို ဘုရားသခင်က ဉာဏ်ပညာပေးသည်။ ကျွနု်ပ်တို့ဖျားနာသောအခါ ဆေးသမားကိုခေါ်ရမည်ဟု သခင်ယေရှုက ပြောပါသည် (မဿဲ၊၉း၁၂)နေ့စဉ် ကျွနု်ုပ်တို့အတွက် သခင်ဘုရားတစ်ပါးတည်းကသာ ဉာဏ်ပညာနှင့်နည်းလမ်းကို ကောင်းချီးပေးနိုင်ကြောင်းသိရပါသည်။ ဘုရားသခင်က နည်းလမ်းမပါဘဲ အနာရောဂါကို တိုက်ရိုက်ငြိမ်းစေနိုင်သော်လည်း ဆရာဝန်ကိုလည်းအသုံးပြုပါသည်။

၂၂၅။ ခရစ်တော်ဘုရားအသက်ထင်ရှားရှိနေစဉ်က ပြုလုပ်ခဲ့သောအံ့သြဖွယ်နမိတ်လက္ခဏာများကိုယနေ့ပြုလုပ်ပါသလား။

             ဘုရားသခင်အတွက် အံ့သြဖွယ်လက္ခဏာမရှိပါ။ လူများအတွက်သာအံ့ဖွယ်လက္ခဏာရှိသည်။ ဘုရားသခင်က အနာရောဂါများကို ငြိမ်းစေရာ၌ သဘာဝကျသော နည်းများမသုံးဘဲ သဘာဝထက်လွန်၍ ပြုလုပ်သောကြောင့်အံ့ဖွယ် လက္ခဏာဖြစ်လာသည်။ ရှင်ယောဟန် ခရစ်ဝင်ကျမ်းအခန်း ၂ တွင်လက္ခဏာမဟုတ်ပါ။စပျစ်နွယ်ပင်သည် ရေကိုမြေကြီးမှစုပ်ယူသောအခါ တိုင်းနေရောင်ခြည် နှင့်ပင်စည် တို့၏ အကူအညီဖြင့် စပျစ်သီးထဲ၌ရှိသော အပင်သည်အဆုံး၌ဝိုင်ဖြစ်လာခြင်းဖြစ်သည်။ ဤသဘာဝတရားသည် ငါးလလောက်အချိန်ယူရသည်။ ဖန်ဆင်းသောအရှင်ယေရှုသည် ငါးလအချိန်ယူရမည့်အစားချက်ချင်းဖြစ်စေသည်။စပျစ်သီးများစပျစ်နွယ်ပင်အပေါ်၌ သီးလားခြင်းထက်ပို ၍အံ့သြဖွယ်ကောင်းသောအရာမရှိပါ။ သို့သော် ရေမှစပျစ်ဝိုင်ဖြစ်ခြင်းသည်ဖြစ်လေ့ဖြစ်ထရှိသောကြောင့် ၎င်းကိုကျွန်ုပ်တို့အံ့ဖွယ်လက္ခဏာဟု ခေါ်ရခြင်းဖြစ်ပါသည်။

၂၂၆။ ကလေးများ ဆေးထိုးခြင်းကို သင်ထောက်ခံပါသလား။

             ဆရာဝန်တစ်ယောက်အနေနှင့်ဆုံဆို့နာ။ကြက်ညှာချောင်းဆိုးနှင့်ကျောက်ရောဂါအတွက် ကာကွယ်ဆေးထိုးခြင်းသည်အလွန် အောင်မြင်ပြီးအန္တရာယ်မရှိပါ။ ပထမဆုံးစမ်းသပ်ဆေးကုသသည့် လွန်ခဲ့သောနှစ်ပေါင်းများစွာက အသက်ပေါင်းများစွာ ဆုံးရှုံးကြသော်လည်း ယခု မကြားရတော့ပါ။  ကလေးများ ကာကွယ်ဆေးထိုးခြင်းကို ကျွနု်ပ် ထောက်ခံပါသည်။ မေးခိုင်အတွက် ကြိုတင်ကာကွယ်ဆေးထိုးခြင်း သည် ဆုံဆို့နာ၊ကြက်ညှာချောင်းဆိုးရောဂါများကဲ့သို့ပင်ကလေးများအတွက် အရေးကြီးပါသည်။

၂၂၇။ အဘယ့်ကြောင့် ရှစ်ရက်နေ့မတိုင်မီ အရေဖျားမလှီးရန် သခင်ဘုရားမိန့်မှာတော်မူပါသနည်း။

             အရေဖျားလှီးခြင်းနှင့်စပ်လျဉ်း၍အကယ်၍ကလေးများအား ရှစ်ရက်နေ့မတိုင်မီ အရေဖျားလှီးခြင်းခံပါက သွေးကိုခဲစေသည့်အရာ မရှိသောကြောင့် သွေးယိုစီးသည့် အန ္တရာယ်ရှိသည်။ အကယ်၍ရှစ်ရက်နေ့ကျော်လွန်ပြီးရက်ပေါင်းများစွာမှ အရေဖျားလှီးပါက မွေးစတွင် မိခင်ထံမှရရှိသောပိုးမွှားကာကွယ်သောအရာများ တဖြည်းဖြည်းပျက်စီးသွားကာ ကလေး၌ခုခံအားမရှိတော့ပဲ ရောဂါကူးစက်မည့် အန ္တရာယ် ရှိပါသည်။၎င်းသည် ရှစ်ရက်မြောက်သောနေ့ ပွဲပြုလုပ်ရန်ဘုရားသခင် မိန့်မှာတော်မူရသည့်အကြောင်းဖြစ်ပါသည်။ ရှစ်ရက်နေ့မတိုင်မီ အရေဖျားလှီးခြင်းခံသောသူသည် သွေးမယိုမစီးဘဲ မနေရဟု ဆိုလိုခြင်းမဟုတ်၊ရှစ်ရက်နေ့ ကျော်လွန်ပြီးမှ အရေဖျားလှီးခြင်းခံသောသူသည် ရောဂါကူးစက်သည်ဟုဆိုလိုခြင်းလည်းမဟုတ်ပါ။အန ္တရာယ်နှင့်ဖြစ်နိုင်ချေကို ပြောခြင်းသာဖြစ်ပါသည်။

၂၂၈။ ကျွနု်ပ်ကို စိုးရိမ်းစေသည့်အရာတစ်ခုရှိပါသည်။လူကိုမူးမေ့စေပြီး အိပ်ပျော်စေသည့်ဆေးများကို   ဆရာဝန်များကပေးကြသည်။ ထိုဆေးသောက်ပြီး သတိမရကြပါ။ ပြင်းထန်သောအရက်သောက်ခြင်းဖြင့် လူတစ်ယောက်ကို သတိလက်လွတ်ဖြစ်စေသည်ဟုလည်း ကျွနု်ပ်ကြားပါသည်။ ဤနှစ်ခု၌ခြားနားချက်ရှိပါသလား။ကလေးမွေးရာတွင် ဝေဒနာမခံစားရအောင် ထုံဆေးမှီဝဲခြင်းသည် မှားပါသလား သို့မဟုတ် ထိုဝေဒနာကို အရှိအတိုင်းခံနေရမှာလား။

             သင်၏ပြသနာနှင့်ပတ်သက်၍ ကမ္ဘာဦးကျမ်း ၂း ၂၁ တွင် ကမ္ဘာ့သမိုင်း၌ပထမဦးဆုံး ခွဲစိတ်ခြင်းမှတ်တမ်းတစ်ခုရှိပါသည်။ ဘုရားသခင်က အာဒံအပေါ်၌ ကြီးစွာသောအိပ်ခြင်းဖြစ်စေပြီးအိပ်ပျော်နေသောအချိန်တွင် ဘုရားသခင်က နံရိုးတစ်ချောင်းထုတ်ကာ အသားနှင့်ပြန်လည်စေ့စပ်စေသည်။ ဤသို့အိပ်ပျော်ရန်မည်သည့်အရာကို ဘုရားသခင်အသုံးပြုကြောင်း ကျမ်းစာက မပြောပါ။ မည်သည့်အရာဖြစ်စေ ယနေ့ဆရာဝန်များ ခွဲစိတ်ကုသသောအခါ အသုံးပြုသောအရာနှင့်ရည်ရွယ်ချက်အတူတူပင်ဖြစ်ပါသည်။ သင်စိုးရိမ်ပူပန်နေသည့်အရာက သင့်အားအထောက်အကူပြုလိမ့်မည်ဟု ကျွနု်ပ်ယုံကြည်ပါသည်။

၂၂၉။ ပဋီသန္ဓေတားဆီးခြင်းနှင့် ပတ်သက်၍ ဝတ်ပြုရာကျမ်း ၁၅ ၌ ဖော်ပြထားသည့်အတိုင်း ကျွနု်ပ်တို့လိုက်နာကျင့်သုံးမည်ဆိုပါက  ပညတ်တရားအောက်၌ပြန်သွားခြင်းမဟုတ်ပေဘူးလား။

             သမ္မာကျမ်းသွန်သင်သည့်တစ်ခု တည်းသော ပဋီသန္ဓေတားခြင်းမှာ ဝတ်ပြုရာကျမ်း၌တွေ့ရသော အရာပင်ဖြစ်သည်။ ဤအရာသည် ကလေးမွေးဖွါးရန်ကြိုတင်ကာကွယ်ခြင်းမဟုတ်ဘဲ ကလေးမရရန် ချုပ်ထိန်းခြင်းဖြစ်သည်။ဤနည်းကိုအသုံးပြုပါက ကလေးဝေးရန် အထောက်အကူပေးမည်။ ဤအစီအစဉ်ကို မလိုက်နာပါက ရရှိမည့်ကလေးအရေအတွက်နှင့် ကလေးဝေးခြင်း၊နီးခြင်းကိစ္စတို့ကို ကိုယ်တိုင်ပြဋ္ဌာန်းခြင်းဖြစ်၍ ကျမ်းစာနှင့်မကိုက်ညီပါ။ ကလေးမည်မျှရရှိမည် ကလေးမည်ရွေ့မည်မျှဝေးရမည်ဟူသော ဘုရားသခင် ၏ဆုံးဖြတ်ချက်က ပို၍ကောင်းးမွန်ကြောင်း ကျွနု်ပ်စိတ်ချပါသည်။ဝတ်ပြုရာကျမ်းရှိ ဤဥပဒေသည် ယနေ့အထိ အကျိုးသက်ရောက် မူရှိသည်ဟု ကျွန်ုပ်ခံစားမိသည်။

ကလေးမရရန်ကြိုတင်ကာကွယ်ခြင်း၌ သမ္မာကျမ်းနည်းတစ်ခုသာရှိသည်။ ၎င်းမှာရှောင်ကြဉ်ခြင်းဖြစ်ပါသည်။ကလေးမရရန် ချုပ်ထိန်းခြင်းနှင့်ပတ်သက်၍ တစ်ခုတည်းသော ကျမ်းစာနည်းမှာ ကိုယ်ကိုကိုယ် ထိန်းချုပ်ထားခြင်းပင်ဖြစ်သည်။ဆေးဝါးအသုံးပြုခြင်း သို့မဟုတ် ဓါတုပစီည်းများကို အသုံးပြုပြီးကြိုတင်ကာကွယ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ဆန့်ကျင်ဖက်ဖြစ်စေပြီး “အချင်းတို့များပြားစွာမွေးဖွါးကြလော့။ မြေတပြင်လုံးကို ပြည့်စေကြလော့” ဟူသောမိန့်တော်မူချက်ကို ချိုးဖေါက်ခြင်းဖြစ်သည်ဟု ကျွနု်ပ်ယုံကြည်ပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....