Monday, 5 October 2020

သင့်ရင်သွေးကို ဘယ်လိုပုံသွင်းမလဲ?

၁။ သရော်လှောင်ပြောင်မှုများကို ခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူရဲဘောနည်းသူ သတ္တိကြောင်သူမျိုးဖြစ်လာတတ်ပါသည်။

၂။ အမြဲတစေပြစ်တင် ဝေဖန်မှု့ကိုခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူတစ်ပါးကို အပြစ်တင်တတ်သူ ရှုံ့ချတတ်သူဖြစ်လာသည်။

၃။ အရာရာမယုံ မသင်္ကာမှုများကြားတွင် ကြီးပြင်းလာရသော ကလေးသူငယ်သည် ကောက်ကျစ်စဉ်းလဲသူ ဖြစ်လာနိုင်လေသည်။

၄။ မိမိပြုသမျှဆန့်ကျင်ဘက်ပြုခြင်းကိုသာ ခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် ရန်လိုတတ်သူ ဖြစ်လာတတ်ပေသည်။

၅။ ကြင်နာယုယမှုကို ခံယူ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူတစ်ပါးအပေါ်တွင် မေတ္တာထားတတ်သူဖြစ်လာနိုင်သည်။

၆။ အားပေးထောက်ခံမှုများဖြင့် ခံစားပြီး ကြီးပြင်းလာရသော ကလေးသူငယ်များသည် မိမိကိုယ် မိမိယုံကြည်အားကိုး စိတ်ရှိသူဖြစ်လာနိုင်သည်။

၇။ သမ္မာတရားဖြင့်ခြံရံ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် အမှန်တရားကို မြတ်နိုးဆောင်ရွက်တတ် သူဖြစ်လာနိုင်ပေသည်။

၈။ ချီးမွမ်းမှု့များကို ခံယူ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည်အရာရာတွင်နားလည်စာနာတတ်သူ ဖြစ်လာလေ့ရှိပါသည်။

၉။ စာပေဗဟုသုတတို့ဖြင့် စာသံပေသံကြားတွင် ကြီးပြင်းလာရသော ကလေးသူငယ်သည် ဉာဏ်ပညာ အမြော်အမြင်ဖြင့် ပြည့်စုံတတ်ပေသည်။

၁၀။ တန်းတူညီမျှ ခွဲဝေခံစားခြင်းတို့ဖြင့် ကြီးပြင်းလာရသော ကလေးသူငယ်သည် လူများအပေါ်ခွင့်လွတ် စာနာတတ်သူဖြစ်လာနိုင်ပါသည်။

၁၁။ ကိုယ်၊ နှုတ်၊ နှလုံးကို စောင့်ထိန်းတတ်သော ပတ်ဝန်းကျင်၌နေထိုင်ခွင့်ရလာသော ကလေးသူငယ်သည် သည်းခံစိတ်ရှည်လေ့ရှိပါသည်။

၁၂။ စိတ်နှလုံးပျော်ရွှင် ချမ်းမြေ့မှု ဝန်းရံ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် မေတ္တာတရားနှင့် ချစ်ခင် နှစ်လိုဖွယ်ရာအလှအပ တရားကိုခံယူတတ်သူ အနုပညာဖြင့်သိမ့်မွေ့နူးညံ့သူဖြစ်လာ တတ်ပေသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....