Friday, 24 March 2017

ကျမ်းစာထဲက သရဖူ (၅)မျိုး

       ကျွန်တော်သည် ဒီရက်ပိုင်းအတွင် စာဖတ်
 online စာဖတ်ပရိသတ်နှင့် အနည်းငယ် ကင်း
ကွာခဲ့ရပါသည်။ ဒီရက်ပိုင်းအတွင် ကျွန်တော်ထံ
 သတိရစွာဖြင့် Email ပို့ပြီး မေးမြန်းကြသော 
မိတ်ဆွေအသီးသီးကို အထူးကျေးဇူးတင်ပါ
သည်။ မြန်မာနိုင်ငံမှ internet connection 
အခြေအနေကြောင့် post များ မတင် နိုင်ခဲ့ပါ။
 connection ရသည်နှင့် မည်သည့် အကြောင်း
အရာ စတင်ရေးသားရမလဲ ဆိုသော အချက်
ကို စဉ်းစားနေစဉ် တစ်စုံတစ်ယောက်က Email 
ပို့ မေးမြန်းလာသော သရဖူ (၅)မျိုးအကြောင်းအ
ကျယ်တ၀င့် သိလိုပါသည် ဟူသော စာကြောင့် ဒီ

post ကို ရေးသားရန် စိတ်ကူးရလာခြင်း ဖြစ်ပါသည်။ သို့သော် အကျယ်တ၀င့်တော့ မဟုတ်ပါ။ နောက်နောင် အချိန်ရ အားလပ်သည့် အခါ တရားဟောချက် တစ်ပုဒ် အဖြစ် ရေးသားတင်ဆက်ပေးပါမည်။ ယခုတော့ ဤအကျဉ်းချူပ် ရေးသားချက် အားဖြင့်သာ ကျေနပ် ပေးပါရန် တောင်းပန်အပ်ပါသည်။


ကျမ်းစာကို လေ့လာကြည့်သောအခါ ယုံကြည်သူများအတွက် ပြင်ဆင်ထားသော သရဖူ (၅)မျိုးကို ဖေါ်ပြထားသည်။ ဤနေရာတွင် သရဖူ ဆိုရာ၌ ကျွန်တော်တို့ ပြောဆိုနေကြသော ကယ်တင်ခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ ကယ်တင်ခြင်းရရန် တစ်စုံတစ်ရာ ကြိုးစားအားထုပ်ရန် မလိုအပ်ပါ။ သို့သော် သရဖူ ရရန်အတွက် အသက်တာထဲတွင် တစ်စုံတစ်ရာ ကြိုးစား အားထုပ်ရသည်။ အဖိုးအခပေးရမည်။ သရဖူ တစ်မျိုး စီတွင် ယုံကြည်သူများ၏ အကျင့် (သို့) လုပ်ဆောင်မှုများကို အခြေခံ၍ ခရစ်တော်၏ တရားပလ္လင်တွင် ထိုအရာများကို ပေးအပ်မည်ဖြစ်သည်။ ထိုတရားပလ္လင်ကို ဘီးမား တရားပလ္လင် (Bema Seat) ဟူ၍လည်း ခေါ်ဆိုပါသည်။
အကြောင်းမူကား ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာကျင့်သော အကျင့် ကောင်းမကောင်း ရှိ သည့်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ ခရစ်တော်၏တရားပလ္လင်ရှေ့တွင် ပေါ်လာရမည်။ (၂ကော ၅း၁၀)
အသက်သရဖူ
ဤအမျိုးအစားသည် ခရစ်တော်အတွက် အသက်ပင် ပေးဆပ်ရန် ၀န်မလေးသောသူများ အတွက် ဖြစ်သည်။ မာတုရများနှင့် မာတုရများကဲ့သို့ပင် ခရစ်တော်အတွက် အသက်ပေးထားသူများသာ ရရှိနိုင်သော သရဖူဖြစ်သည်။ အတွက်ဖြစ်ပြီး ကျမ်းစာထဲ တွင် (၂)ကြိမ်တိုင်တိုင် ဖေါ်ပြပါသည်။
စုံစမ်းနှောင့်ယှက်ခြင်းကို သီးခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြော စုံစမ်းခြင်းကို ခံပြီးမှ ဘုရားသခင် ချစ်သောသူတို့အား ကတိထားတော်မူသော အသက် သရဖူကို ရလိမ့်မည်။ (ယာကုတ် ၁း၁၂)
အထက်ပါ ကျမ်းပိုဒ်တွင် ဖေါ်ပြထားသော စုံစမ်းနှောင့်ယှက်ခြင်း ဆိုသော စကားလုံးသည် အလွန်ကျယ်ပြန့်ပါ သည်။ တခါတစ်ရံ အလွန် ဆိုးညစ်သော စကားလုံးများကို ကိုယ်စားပြုသည်။ လူ့အသတ်သတ်ရန် စုံစမ်း သွေးဆောင်ခံရသည်။ သူ့မယားကို ပြစ်မှားရန် စုံစမ်းနှောင့်ယှက်ခြင်း ခံရသည်။ တစ်ခါတစ်ရံတွင် ထိုစကားလုံးသည် ဘုရားသခင်၏ စစ်ဆေးစုံစမ်းခြင်းကိုလည်း ရည်ညွှန်းတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ ယုံကြည်ခြင်းကြီးသူ (ဘုရားသခင်ကို ကိုးစားရာတွင် အမြင့်ဆုံး အနေအထားတွင် ရှိနေသူ) များအတွက်တော့ ထိုစုံစမ်းနှောင့်ယှက်ခြင်းဆိုသည်ကို အပြစ်မြင် ကြောက်ရွံ့လေ့ မရှိပါ။

သင်သီးခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကို ခံရမည့်အကြောင်း မာန်နတ် သည် သင်တို့တွင်အချို့ကို ထောင်ထဲ၌လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲ ဒုက္ခ ခံကြရမည်။ သေသည့် တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက်သရဖူကို ငါပေးမည်။ (ဗျာဒိတ် ၂း၁၀)
ဤနေရာတွင် မြန်မာဘာသာသို့ ပြန်ဆိုရာတွင် သေသည့်တိုင်အောင် (until death) ဟူ၍ ဘာသာပြန် ဆိုထားပါသည်။ မူရင်းတွင် သေခြင်းသို့ ဦးတည်သည်တိုင် (unto death) ဖြစ်ပါသည်။ မိမိပြောသည့် စကားကို ပြန်လည် ရုတ်သိမ်းမှုမပြု။ မာတုရ အဖြစ်အသေခံရမည့် အခြေအနေကြုံသည့်တိုင် သစ္စာရှိနေ ခြင်း ဖြစ်ပါသည်။ သူတို့ပြောပြီးစကားကို ပြန်လည် ရုတ်သိမ်းခဲ့ပါလျှင် ထိုသရဖူကို ဆုံးရှုံးမည်သာ ဖြစ် သည်။ ဤကျမ်းပိုဒ်၏ အဓိက ပြောချင်သော သူများမှာ "ဘေးဒါဏ်ကြီး ကာလ"တွင် ကြုံှုတွေ့ရမည့် သူများ ကို ရည်ရွယ်၍ ဖော်ပြပါသည်။
အထက်ပါ ကျမ်းပိုဒ် နှစ်ပိုဒ်စလုံးသည် ခရစ်တော်ကို မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ ကိုးစားခြင်း တို့ကို အခြေခံပြီး မှ ရရှိခံစားနိုင်သည့် သရဖူအမျိုးအစားဖြစ်သည်။ မည်မျှပင် စုံစမ်းနှောင့်ယှက်ခြင်းတို့နှင့် တွေ့လာစေကာမူ၊ နောက်ဆုံး အသက်အန္တရာယ် သေဆုံးနိုင်သည့် အန္တရာယ်နှင့် တွေ့ကြုံသည့်တိုင် ခရစ်တော်အပေါ်တွင် စိတ်ထားလုံး၀ ပြောင်းလဲမှု မရှိသော သူများ အတွက်ဖြစ်သည်။
ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူတို့သည် တရားစီရင်ရသော အ ခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် နှုတ်ခပတ်တော်တို့ကြောင့် လည် ပင်းကို ဖြတ်ခြင်း ခံရသော ၀ိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ နှစ်တစ် ထောင်ပတ်လုံး ခရစ်တော်နှင့် အတူ စိုးစံရကြ၏။ (ဗျာဒိတ် ၂၀း၄)
ဘုန်းကြီးသော ပန်းဦးရစ်သရဖူ

ဤအမျိုးအစားမှာ သိုးထိန်းအကြီး ပေါ်ထွန်တော်မူသော ကာလ၌ သင်းအုပ်ဆရာများ၊ (Pastor and Elder) ကို ပေးမည့် သရဖူအမျိုးအစားဖြစ်သည်။ သို့သော် ငွေအတွက် အစေခံသောသူ (သို့) ဘုရား သခင်ပေးသော အမွေထက် ပိုမိုပြီး အခြားအရာများကို တပ်မက်သောသူများ မပါ၀င်ပါ။
Dr. Joe Temple ဆိုသော သင်းအုပ်ဆရာကြီး တစ်ဦက သင်းအုပ်များအတွက် သရဖူ ဟူ၍ မခေါ်စေချင် ကြောင်း ပြောခဲ့ပြီး ကျမ်းစာ ဖေါ်ပြချက်အရ သိုးထိန်းအကြီးထံမှ သရဖူ ဟူ၍သာ ခေါ်ဆိုလိုကြောင်း ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ သင်အုပ်ဆရာများအတွက် သီးသန့်သာမဟုတ်။ အချို့မှာ သင်းအုပ်ဆရာ ဟု တရား၀င်ခန့်ထားခြင်း မရှိသော်လည်း သင်းအုပ်ဆရာ လုပ်ဆောင်သော အလုပ်များ ကို ကြိုးစားဆောင်ရွက်သောသူ အများရှိကြသည်။ တနည်းအားဖြင့် ဘုရားသခင်၏ သိုးစုကို ၀န်တာရှိရှိ ထိန်းသိမ်းစောင့်ရှောက်သော သူတိုင်း ထိုသရဖူကို ရှိနိုင်သည်။
သင်တို့နှင့် အတူရှိသော ဘုရားသခင်၏ သိုးစုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသော ကြောင့် မဟုတ်။ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်း ကြလော့။ အသီးအသီး အုပ်သော အသင်းတော်တို့ကို အာဏာထား၍ ပြုသည်မဟုတ်ဘဲ သိုးတော်စု ရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြ လော့။ သို့ဖြစ်လျှင် သိုးထိန်းအကြီး ပေါ်ထွန်တော်မူသောအခါ သင်တို့သည် မညိုးနွမ်း တတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရလိမ့်မည်။ (၁ပေ ၅း၂-၄)
ဤလောကတွင် အသက်ရှင်စဉ်အခါ သင်းအုပ်ဆရာများသည် အကြိမ်ပေါင်းမြောက်များစွာ ကဲ့ရဲ့ခြင်းများ၊ အပြစ်တင်ခြင်းများနှင့် လစ်လျူရှုခြင်းများကို ခံရသည်။ သို့သော် ညီအကိုတော် လုပ်ဖော်ဆောင်ဖက် သင်း အုပ်ဆရာများကို အားပေးချင်ပါသည်။ ကျွန်တော်တို့သည် အိမ်တော်သို့ မရောက်ကြသေးပါ။ အိမ်တော်သို့ ရောက်သော အခါ ခရစ်တော်က အပြုံးမျက်နှာနှင့် "သာဓုသစ္စာရှိသော ငယ်သားကောင်း" ဟူ၍ ၀မ်းမြောက်၀မ်းသာ ဆီးကြိုနေမည်ကို မျှော်လင့်ရင်း အမှုတော်ထဲမှာ ဆက်လက် ချီတက် လျှောက်လှမ်းရန် အားပေး တိုက်တွန်းလိုပါသည်။

၀မ်းမြောက်ခြင်း သရဖူ
ဤသရဖူသည် ဧဝံဂေလိ (ကယ်တင်ခြင်း သတင်းကောင်း)ကို ဟောပြောသူများအတွက် ဖြစ်သည်။ ဧဝံဂေလိ ဟောပြောသူဆိုရာတွင် သင်းအုပ်ဆရာများကိုသာ ရည်ညွှန်းပြောဆိုခြင်းမဟုတ်ပါ။ အမှုတော် ဆောင်များတင်သာမဟုတ်ပါ။ အယုတ်၊ အလတ်၊ အမြတ်မရွှေး၊ ကလေး၊ လူကြီးမရွှေး ဟောပြောသူတိုင်း ရနိုင်သော အခွင့်အရေးရှိပါသည်။ ဘုရားသခင်သည် လောက လူသားများ၏ အသက်၀ိညာဉ်ကို ဤစင်္ကြာ၀ဠာကြီးထက် ပိုမိုတန်ဘိုး ထားပါသည်။ ထို၀ိညာဉ်များကို ခရစ်တော်ထံ ပို့ဆောင်ပေး ခြင်းအားဖြင့် ခရစ်တော် ဒုတိယအကြိမ် ပြန်လည် ကြွချီလာသောအခါ ထိုအရာတို့သည် ကျွန်တော်တို့၏ ၀မ်းမြောက်ခြင်း ဖြစ်လိမ့်မည်။
ငါတို့ မျှော်လင့်ခြင်း အကြောင်း၊ ၀မ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူ ကား၊ အဘယ်သို့ သော အကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူ သောအခါ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာဖြစ်ကြသည် မဟုတ် လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ငါတို့ ၏ ၀မ်းမြောက်ခြင်း အကြောင်း ဖြစ်ကြသတည်း။ (၁သက် ၂း၁၉-၂၀)
ထို့ကြောင့် ငါ၀မ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူ တည်းဟူသော ငါချစ်၍ အလွန် လွမ်းသော ညီအ ကိုတို့၊ ငါဆိုခဲ့ပြီးသည့်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။ (ဖိလ္လိပိ ၄း၁)
ဓမ္မဟောင်းကျမ်းတွင် ဒံယေလက ထိုအကြောင်းကို တင်စားပြောဆိုခဲ့သော ကျမ်းပိုဒ်တခု ရှိပါသည်။ ထို ကျမ်းပိုဒ်က
ပညာရှိသောသူတို့သည်လည်း ကောင်းကင်အရောင်မျက်နှာကျက်၏ အရောင်အဝါကဲ့သို့ လည်းကောင်း၊ လူများတို့ကို ဖြောင့်မက်ခြင်း တရားလမ်းထဲသို့ သွင်းသောလူတို့သည် လည်း ကြယ်များကဲ့သို့ လည်း ကောင်း အစဉ်ထွန်းလင်ကြလိမ့်မည်။ (ဒံယေလ ၁၂း၃)
ကျွန်တော်တို့သည် ပျောက်ဆုံး၀ိညာဉ်များကို ခရစ်တော်ထံ များများပို့ဆောင်နိုင်လေလေ ကျွန်တော်တို့၏ သရဖူတွင် ကျောက်မြတ်ကြယ်ကလေးများ ပိုမိုများလေလေ ဖြစ်ပါမည်။ ထို့ကြောင့် ခရစ်တော် တန်ဘိုး ထားသော ၀ိညာဉ်များကို ခရစ်တော်ထံ ပို့ဆောင်နိုင်ရန် ကြိုးစားအားထုပ်ဘို့ တိုက်တွန်းနိုးဆော် လိုပါ သည်။

မညိုးနွမ်းတတ်သော ပန်းဦးရစ် 
ဤသရဖူသည် အောင်မြင်သောသူတို့၏ ရရှိမည့် ဦးရစ်ဖြစ်သည်။ မိမိကိုယ်ခန္ဓာကို ထိန်းသိမ်းနိုင်သူများ၊ အထူးသဖြင့် တပ်မက်မှုများကို ရှောင်လွှဲနိုင်သောသူများအတွက် ဖြစ်သည်။ မိမိကိုယ်ကို မိမိ လောက၏ ပျော်ရွှင်မှု၊ တတ်မက်မှုတို့ ခံစားချင်သော မိမိကိုယ်ခန္ဓာ၏ တောင်းဆိုမှုတို့ကို ပယ်ရှားကာ အသက်ရှင် သော သူများအတွက်ဖြစ်သည်။ု မည်သူမဆို လွတ်လပ်စွာ ဆုံးဖြတ်လုပ်ဆောင်နိုင်ကြသည်။ သို့သော် မိမိကိုယ်ခန္ဓာ၏ စိတ်အလိုသို့ မလိုက်ဘဲ အရာရာတွင် ဇာတိကို ချုပ်တည်း အသက်ရှင်သော သူများအတွက် ထိုသရဖူကို ရရှိနိုင်သည်။
မြေတလင်း၌ ပြိုင်၍ ပြေးကြသော သူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း တစ် ယောက်တည်းသာလျှင် ဆုကိုရ သည်ဟု သင်တို့မသိကြသလော။ ဆုကို ရမည့်အကြောင်း ပြေးကြလော့။ ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သောသူမည်သည်ကား အရာရာ၌ တပ်မက် ခြင်းကို ချူပ်တည်းတတ်၏။ ထိုသူတို့သည် ညိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်း အလို့ငှါ ပြုကြ၏။ ငါတို့မူကား မညိုးနွမ်းမပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်း အလိုငှါ ပြုကြ၏။ ထို့ကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ ပြေးသည်မဟုတ်။ လက်ပွေ့သတ် သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။ သူတစ်ပါးကို ဆုံးမ ပြီးမှ ကိုယ်တိုင်ရှုံးသူ မဖြစ်ရမည့်အကြောင်း ကိုယ်ကို ထိုး၍ နှိပ်စက်လေ့ရှိ၏။ (၁ကော ၉း၂၄-၂၇)
ကျွန်တော်တို့သည် ခရစ်တော်ပြန်ကြွလာသောအခါ ရှက်ရသောသူ မဖြစ်မည့်အကြောင်း ကျွန်တော်တို့၏ ခန္ဓာကို ထိန်းသိမ်းစောင့်ရှောက်ကာ ခရစ်တော်ပေးမည့် မညိုးနွမး်တတ်သော ပန်းဦးရစ်ကို ရရှိသောသူ များအဖြစ် အသက်ရှင် သင့်သည်။ တမန်တော်ကြီး ရှင်ယောဟန်ကလည်း သူရေးသော သြဝါဒစာထဲတွင် အောက်ပါကျမ်းပိုဒ်ကို ထပ်မံရေး သား ထားပြန် ပါသည်။
ချစ်သားတို့ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် အထံတော်သို့ ရောက်လျှင် ရဲရင့်သော အခွင့်ရှိ၍ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သား တော်၌ တည်နေကြလော့။ (၁ယော ၂း၂၈)
ဓမ္မ သရဖူ (သို့) ဖြောင့်မက်ခြင်း သရဖူ
ဤသရဖူ အမျိုးအစားသည် ခရစ်တော်၏ ပေါ်ထွန်းခြင်းကို မျှော်လင့်တောင့်တသူတိုင်း ရရှိနို်င်သည့် သရဖူ ဖြစ်သည်။ ထိုနေ့ရက်တွင် ပေးတော်မူမည် ဖြစ်သည်။ သရဖူ (၅)မျိုးထဲတွင် အလွယ်ကူဆုံး ရရှိနိုင်သော သရဖူအမျိုးအစားဖြစ်သည်။ မည်သူမဆို ရရှိနိုင်သော အခွင့်အရေးရှိနေသည်။
ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ငါပြေး ပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထား လျှက် ရှိပြီ၊ ထိုနေ့ရက်၌ တရားသဖြင့် စီရင်တော်မူသောသူ တည်းဟူသော သခင်ဘုရား သည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူပြီ၊ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တ သော သူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။ (၂တိ ၄း၆-၈)
အထက်ပါ ကျမ်းပိုဒ်တွင် တမန်တော် ရှင်ပေါလုက ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ" ဟုဆိုရာတွင် သူအသက်တာတွင် ဇာတိ၏ တောင်းဆိုချက်များကို ခက်ခဲစွာ တော်လှန်ခဲ့ရသည်။ "တိုက်လှန်ခြင်းကို ငါပြုပြီ"ဟု ပြောဆိုရာတွင် ထိုအသုံး အနှုံးမှာ စစ်သားတစ်ယောက်က တိုက်ပွဲတွင် ပြောဆိုသော စကားနှင့်တူသည်။ နောက်တစ်ခုမှာ "ပြေးရသော လမ်းကို အဆုံးတိုင်အောင် ငါပြေးပြီ" ဆိုရာတွင် အပြေးသမားတစ်ယောက် ပြောဆိုသည့် ပုံစံမျိုးဖြစ်သည်။ ခရစ်ယာန်တစ်ဦးအတွက် နေ့စဉ်အသက်တာအတွက် မာရ သွန်ပြိုင်ပွဲ ဖြစ်ကြောင်း ယခင်က ရေးသားခဲ့ပြီးသော Post တွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ယုံကြည်ခြင်း တရားကို ငါစောင့်ရှောြက်ပီ ဆိုရာတွင် စောင့်ရှောက် (kept)ဆိုသော စကားလုံးသည် လုံခြုံရေးသမားများ အသုံးပြုသော စကားလုံး ဖြစ်ပြီး သူစောင့်ရှောက်ရသော ပစ္စည်များကို ဂရုစိုက်ရမည် ဖြစ်သည်။ အထက်က ပြောဆိုခဲ့သော စကားလုံးများကို ခြုံငုံလေ့လာ ကြည့်သော် ရှင်ပေါလု ဘ၀အသက်တာတွင် သူလုပ်ဆောင်ရမည့် အငန်းအတာ တာ၀န်များကို ပြီးဆုံးပြီ ဖြစ်သည်။ ထိုကြောင့် ခရစ်တော် ပြန်လာသော နေ့ရက်တွင် ရရှိမည့် ဆုသရဖူကို သေချာပေါက် ရရှိခံစားမည်ကို သိရှိပြီး ဖြစ်သည်။ သူအတွက် ထိုနေ့ကိုသာ မျှော်လင့်နေတော့သည်။ မည်သည့် အခြေအနေကိုမျှ စဉ်းစားစရာမလို။ အသက်တာတွင် မည်သည့်အရာများကို ကျော်ဖြတ်ရသည်ဖြစ်စေ သူအတွက် ဆုသရဖူ အတွက် မျှော်လင့်ပြီး၊ ရရှိပြီး၊ ခံစားပြီး ဖြစ်သောကြောင့် ခရစ်တော်ပြန်လာမည့် နေ့ရက်ကို မျှော်လင့် တောင့်တနေသည်။

ပတ်မုကျွန်းတွင် တမန်တော် ရှင်ယောဟန်က ဆုတောင်းခဲ့သည်။ ထိုဆုတောင်းချက်တွင် 
သခင်ယေရှု ကြွလာတော်မူပါ။ (ဗျာဒိတ် ၂၂း၂၁)
နာမတော်မြတ်၌
ဆရာမင်းလွင် (သင်းအုပ်ဆရာ) 
ကိုးမိုင်ခရစ်ယာန်အသင်းတော်

Wednesday, 15 March 2017

အိပ်မက်ထဲ၌ ရပ်နေခြင်း (Standing in Your Dream)

အကယ်၌ ဘုရားသခင်က သင့်အား အိပ်မက်
တစ်ခုပေးထားပြီး၊ ၎င်းအိပ်မက်က တစ်စုံတစ်
ခုအား ကြီးမားစွာ လုပ်ဆောင်ဖို့ ဖြစ်သည်။
သို့သော် သင်၏လက်ရှိအခြေအနေက သင့်
အိပ်မက်အား အကောင်းအထည်ဖော်ဖို့ရန်
မဖြစ်နိုင်ဟု ထင်မှတ်ရသည်ဆိုပါက ဤ
ဆောင်းပါးသည် သင့်အတွက်
ဖြစ်ပါသည်။

ကျွန်မ ဤဆောင်းပါးကို ရေးသားရခြင်းမှာ သင့်အိပ်မက်ကို သင်ဆက်လက်ဆုပ်ကိုင်ထားဖို့၊ သင့်မှာ ဘယ်လောက်ပဲ သိမ်ငယ်စိတ်ခံစား နေရပါစေ၊ သင်၏အိပ်မက်က အမှန်တကယ်ဖြစ်လာဖို့ရန်အတွက် သိပ်ကြီးမားလွန်းနေပါစေ၊ ဘုရားသခင်သည် ထိုအိပ်မက်အား သင့်အသက်တာ၌ ဖြတ်သန်းသွားဖို့ရန် အတွက် တတ်နိုင်တော်မူသောဘုရား ဖြစ်ကြောင်း သတိပေးဖို့ ဖြစ်ပါသည်။

ကျမ်းစာက ဤသမ္မာတရားကို ထပ်ခါတလဲလဲ ဖွင့်ပြထားပါသည်။ အသက် (၁၀၀)ခန့်ရှိသော အာဗြဲဟံ၊ သူ့မှာ သားတစ်ယောက်မှမရှိ၊ မိန်းမကလည်းအိုမင်းနေပြီး သားမဖွားသောအမြုံမ ဖြစ်နေ သည်။ ထိုကဲ့သို့သော အခြေအနေမှာပင် ဘုရားသခင်က သူ့အားသားတစ်ယောက် ပေးမည့် အကြောင်း အိပ်မက် မက်ရဲခဲ့သည်။ ဘုရားသခင်က သူ့အားလူမျိုးများစွာတို့၏ ဖခင်ဟု မိမိကိုယ်ကို ခေါ်ဆိုရန် မိန့်ဆိုသည့်အချိန်တွင် သူ့ဘေးပတ်ဝန်းကျင်ရှိလူများက သူ့အား ဝိုင်းရယ်ခဲ့ကြမည်။ သို့သော် အာဗြဟံက ဘုရားသခင်၏ ကတိတော်ကိုသာ ယုံကြည်စွဲလန်းနေခဲ့ပြီး နောက်ဆုံးမှာတော့ သူ့အိပ်မက်ထဲမှာ သူကိုယ်တိုင်ရပ်နေပြီ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

သမ္မာကျမ်းစာတစ်ခုလုံးက ဖြစ်နိုင်ဖွယ်မရှိသော အိပ်မက်တွေပိုင်ဆိုင်ထားသည့် လူတွေအကြောင်းနှင့် ပြည့်နေပါသည်။ ဘုရားသခင်က ကျွနု်ပ်တို့အား ထိုအကြောင်းအရာတွေကို ဖတ်ရှုရုံမျှမက ကျွနု်ပ်တို့ အထဲ၌ ထိုသမ္မာတရား ရှင်သန်နိုးကြွလာဖို့ ရည်ရွယ်ပါသည်။ သို့သော် ကျွန်မတို့က သူတို့အကြောင်း ဖတ်တိုင်း သူတို့ဟာ ကျွန်မတို့လို သာမာန် လူမျိုးမဟတ်ဘဲ အလွန်ထူးခြားသော ပုဂ္ဂိုလ်များဟာ ရှုမြင် မိကြပါသည်။

သူတို့တွေလည်း ကျွန်မတို့ကဲ့သို့ အသက်တာမှာ အမှားတွေ၊ ကျရှုံးမှုတွေ၊ အားနည်း ချက်တွေ၊ အရည်အချင်းမပြည့်ဝမှုတွေ ရှိတယ်ဆိုတာ ကျွန်မတို့မေ့နေတတ်ပါသည် (ယာကုပ် ၅း ၁ရ) ကို ကြည့်ပါ။ ဤကဲ့သို့ ထင်မြင်မှု၏ ရလဒ်မှာ ဘုရားသခင် ကျွန်မတို့အားပေးမည့် ကြီးမားသော အိပ်မက်တွေကို လက်ခံဖို့ ရှက်ရွံ့စွာနှင့် ပြေးထွက်မိခြင်းဖြစ်သည်။ ဟိုးရှေးရှေးတုံးက ယုံကြည်ခြင်း သူရဲကောင်းတွေအားဖြင့် ဘုရားသခင် အံ့သြဖွယ် အုပ်လုပ်ခဲ့သလို၊ ဒီကနေ့လည်း ကျွနု်ပ်တို့အားဖြင့် အလုပ်လုပ်ကောင်း လုပ်မှာပဲဆိုတဲ့ အတွေးနဲ့သာ ဒယီးဒယိုင်လျှောက်မိပေသည်။ သည့်အတွက် ကြောင့် ယနေ့သင့်ကို ကျွန်မ သက်သေပြချင်ပါသည်။ ကျမ်းစာထဲက အဖြစ်အပျက်သက်သက်မဟုတ် ကျွန်မရဲ့ အသက်တာထဲက အတွေ့အကြုံကိုလည်း ဝေငှချင်ပါသည်။

ဘုရားသခင်ကို သင်အမှန်အကယ် ယုံကြည်မည်ဆိုပါက ကိုယ်တော်သည် သင့်အားဖြင့် မဖြစ်နိုင် သည့် အမှုများကို ပြုမည်ဖြစ်ပါသည်။ ဤအချက်တကယ်ပဲ မှန်ကန်ကြောင်း ကျွန်မ ပြောရဲသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ကျွန်မနှင့် ကျွန်မခင်ပွန်း ကဲနက်သ်တို့ ကျွန်တို့၏ အိပ်မက်ထဲ၌ ရပ်နေကြပြီ ဖြစ်သောကြောင့်တည်း။ ကျွန်မတို့၏ နှလုံးသားထဲ၌ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဘုရားသခင်ထားရှိခဲ့သောအရာတွေ၊ ဒီကနေ့ လက်တွေ့ဖြစ်နေသည်ကို ကျွန်မမြင်နေရပါသည်။

ကျွန်မ လေးလေးနက်နက် ပြောလိုသည်မှာ ကျွန်မနှင့် ကဲနက်သ်ဟာ လူထူးလူဆန်း ပုဂ္ဂိုလ်တွေ မဟုတ်ဘူးဆိုတာပဲ ဖြစ်သည်။ ကျွန်မတို့သည် ဘုရားသခင်၏ အမှုတော်မြတ်အတွက် အထူး (Special) ရွေးကောက်ခံရသူတွေ မဟုတ်ပါ။ ဆန့်ကျင်ဘက်ပြောရလျှင် ယခုလို အသက်တာ မရောက်ခင်၌ ကျွန်မတို့သည် အရှုပ်ထွေးနှင့် ကသောင်းကနင်း ဖြစ်နေသော ဘဝဖြင့်သာ အသက်ရှင် ခဲ့သူများ ဖြစ်ပါသည်။

ကြီးမားသော အကြွေးများနှင့် ညံ့ဖျင်းသော ဆုံးဖြတ်ချက်များ (Big Debts and Bad Decision)
တကယ်တော့ ကျွန်မနဲ့ ကဲနက်သ်က အမြဲတမ်း တရားဟောဆရာတွေ ဖြစ်ခဲ့တာမဟုတ်ပါ။ ကျွန်မ ကဲနက်သ်ခုပ်လန်းကို ပထမဆုံး တွေ့သည့်အချိန်၌ တရားဟောဆရာတစ်ယောက်ဖြစ်ဖို့ ဝေးစွ၊ သူက လေယာဉ်မောင်းတစ်ယောက်၊ ပြီးတော့ Night-club မှာ သီချင်းဆိုသည်။

ပထမဆုံးသော စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ ကျွန်မတို့ နှစ်ယောက် အပြင်ထွက်ကြသည့်အခါ၊ သူက ကျွန်မကို လက်ထပ်ဖို့ တောင်းဆိုလာသည်။ ကျွန်မက သူ့အား ‘ဟုတ်ကဲ့’ လို့ အဖြေပေးလိုက်မိ သည်ကို ကျွန်မကိုယ်ကျွန်မအံ့သြမိခဲ့သည်။ ကျွန်မကိုယ်ကျွန်မ မယုံကြည်နိုင် ဖြစ်ရသည်။ ဟုတ်ပါသည်၊ အဲဒီတုန်းက ကျွန်မအသက်က (၁၉)နှစ်ပဲ ရှိသေးသည်ဆိုတော့ ကောင်းကောင်း မစဉ်းစားမိတတ်၊ ငါဘာလုပ်လိုက်မိပြီလဲ? ကျွန်မ သူ့အကြောင်း ကောင်းကောင်းမသိ၊ (သူက လူချော တစ်ယောက်တော့ ဖြစ်သည်။ ယခုလို ကျွန်မမျက်စိကို စေ့စေ့ကြည့်ပြီး ချစ်ရေးဆိုသူ တစ်ဦး တစ်ယောက်မှ ကျွန်မဘဝမျာ ယထင်က မရှိခဲ့ဘူးပါ) ကျွန်မကိုယ်ကျွန်မ ‘ငါ ဒီအထဲကနေ မကြာခင် ရုန်းထွက်နိုင်မှာပါ’ လို့ ကိုယ့်ကိုယ်ကို အားတင်းမိသည်။

သို့သော် ကံမကောင်းအကြောင်းမလှစွာနှင့်ပင် ကျွန်မ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ ကဲနက်သ် ခုပ်လန်းနှင့် ကျွန်မ လက်ထပ်လိုက်မိသည်။ တကယ်တော့ ကဲနက်သ် ခုပ်လန်းနဲ့ သူ၏အကြွေး စာရင်း တွေကို ကျွန်မလက်ထပ်လိုက်ခြင်း ဖြစ်သည်။ ကျွန်မတို့၏ စွန့်စားမှုက အကြွေးတွေနှင့် တာထွက် ခဲ့သည်။ အကြွေးက သူ့ဘဝလမ်းခရီးတစ်ခုလို ဖြစ်နေခဲ့သည်ပဲ။

ကျွန်မထင်သည်။ တစ်ခါတစ်ရံ သူ၏ သုံးဘီးတပ်စက်ဘီးကိုပင် ပေါင်ထားပြီး ငွေချေးခဲ့သည်။ နောက်ပြီးတော့ကော ဘာဖြစ်သေးလဲ? ချက်ခြင်းပဲ ကျွန်မတို့ညံ့ဖျင်းသော ဆုံးဖြတ်ချက်တွေ ချမိခဲ့ သည်။ (သင့်ကိုယ်သင် ထင်ကောင်း ထင်မိမည်။ ‘ငါ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး မိုက်မဲတဲ့ အရာတွေ လုပ်မိခဲ့တယ်’ ကျွန်မကို ယုံပါ။ ကျွန်မတို့အားလုံး ဒီလိုလုပ်မိသူတွေချည်းပါပဲ)။

ကျွန်မတို့ လက်ထပ်ပြီးပြီးချင်း၊ ကဲနက်သ်က ဖွင့်ကာစ အလုပ်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ် သည်။ ကျွန်မတို့ ကျိန်းသေပေါက် ချမ်းသာလာမယ်လို့ တွက်ဆထားခဲ့ပြီး ကျွန်မပင်လျှင် လက်ရှိ အလုပ်ကို စွန့်၍ အဲဒီ ကုမ္ပဏီကြီးမှာ အလုပ်ပြောင်းလုပ်ခဲ့သည်။ ကျွန်မက ကုမ္ပဏီမှာ အတွင်းရေးမှုး ရာထူူးကို ရခဲ့သည်။ သို့သော် မကြာပါ။ နှစ်ပတ်ကြာပြီးနောက် ကုမ္ပဏီက လုပ်ငန်းမလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းသွားခဲ့သည်။

အဲသည်လောက် အခြေအနေဆိုးနှင့် ကြုံတွေ့ခဲ့သောနေ့တွေကို ကျွန်မဘယ်တော့မှာ မေ့နိုင်မည် မဟုတ်ပါ။ ကဲနက်သ်က နောက်အလုပ်သစ် တစ်ခုရှာနေချိန်တွင် ကျွန်မက ငှားထားသည့် အိပ်ခန်း သုံးခန်းပါ နေအိမ်လေး၌ ထိုင်နေပြီး၊ ကျွန်မတို့ဘဝမှာ ဖြစ်လာသည့်အရာတွေအတွက် အဲ့သြတွေေ၀ နေမိသည်။ ကျွန်မမှာ ဘယ်မှသွားစရာမရှိ၊ ပိုက်ဆံလည်းမရှိ၊ အလုပ်လည်းမရှိ။

ဘုရားသခင်က စာငှက်တွေကိုပင် ဂရုစိုက်သည်ဆိုလျှင်…  (If God cares about the Birds)
အဆိုးဆုံးက ကျွန်မမှာ ဘာမျှော်လင့်ခြင်းမှမရှိ။ ဘုရားသခင်ကို ကိုးစားရမှန်းလည်း မသိခဲ့။ ‘ဘုရားသခင်က ဘာတစ်ခုမှ အသစ်မလုပ်တော့ဘူး’ ဟု သွန်သင်သည့် ဂိုဏ်းဂနထဲမှာပဲ ကျွန်မ ကြီးပြင်းခဲသည်။ တစ်နေ့တော့ ကဲနက်သ်အတွက် သူ့အမေက မွေးနေ့လက်ဆောင် အဖြစ်ပေးထား သော ကျမ်းစာအုပ်ကို ကောက်ယူမိသည်။ စာအုပ်ရဲ့ ရှေ့ဆုံးမှာ သူမလက်ရေးနဲ့ ‘သားကဲနက်သ် .. ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့’ (မ၊ ၆း ၃၃) လို့ ရေးထားတာကို ဖတ်မိသည်။

 ကျွန်မ သိပ်များများ စားစား မသိခဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်မပိုပြီး သိသင့်တဲ့အရာတွေရှိမယ် လို့ ယူဆပြီး၊ အဲသည် ကျမ်းစာကို ဖွင့်လိုက်သည့်အခါ ဘုရားသခင်က စာငှက်တွေကို ကျွေးမွေးပြီး တောနှင့်ပန်း တွေကိုလည်း အလှဆင်ပေးကြောင်း ဖတ်မိသည်။  ‘ဘုရားသခင်က စာငှက်တွေကို ကျွေးမေါ်ပြီး တော်နှင်းပင်တွေကိုလည်း အဝတ်နဲ့ဖုံးလွှမ်းပေးတယ်ဆိုရင် ကျွန်မကိုလည်း သူဂရုစိုက်မှာပဲ’ လို့ တွေးမိသည်။

အဲသည်နေ့မှာ ကျွန်မဆုတောင်းပြီး သခင်ယေရှုကိုလည်း ‘ကိုယ်တော် ကျွန်မအသက်တာထဲမှာ ကိုယ်တော်တစ်စုံတစ်ခု လုပ်နိုင်တယ်ဆိုရင်၊ အဲဒီအရာကို ကိုယ်တော်ပဲယူတော်မူပါ’ လို့ ပြောခဲ့ပါ သည်။ ပြီးနောက် ကျွန်မ ဘုရားသခင်အကြောင်း ပိုမိုသိချင်လာသည်။ ဘုရားကျောင်းလည်း တက်ချင် လာသည်။

နှစ်ပတ်အတွင်း ကဲနက်သ်လည်း အလုပ်သစသစ်တစ်ခုရလာသည်။ ကျွန်မတို့ အိမ်ခန်းအသစ် တစ်ခု ဆီသို့ ပြောင်းရွေ့ခဲ့သည်။ ကားကောင်းတစ်စီးလည်း ဝယ်လိုက်သည်။ အဲဒါတွေအပြင် ထူးထူး ဆန်းဆန်း နောက်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင်က ကဲနက်သ်ကို ပြောသည်။ ‘အခုချိန်က စပြီး ဒီမိသားစုကို ငါနဲ့မှန်ကန်စွာ ထိတွေ့ဆက်ဆံနိုင်ဖို့ လုပ်ဆောင်ပါ’ ကဲနက်သ်က သူ့ဘဝတစ်လျှောက် လုံး ဘုရားသခင်ဆီက ပြေးထွက်နေခဲ့သည်။ သို့သော် ယခုအချိန်မှာတော့ ဘုရားသခင်က လေးနက်စွာနှင့် အခိုင်အမာ ပြောဆိုနေသောကြောင့် သူ လျစ်လျူရှုမနေနိုင်တော့။ နှစ်ပေါင်းမျးစွာ ကြာခဲ့ပြီဖြစ်သော သူ၏ လူငယ်ဘဝမှာ Sunday School ဆရာမ Mrs. Taggert ရဲ့ ညွှန်ကြားချက် အတိုင်း သူလိုက်နာခဲ့သည်။ သူ၏ခေါင်းကို င့ုံ၍ သခင်ယေရှုအား သူ့စိတ်နှလုံးထဲ ဝင်ရောက်အုပ်စိုးဖို့ ဆုတောင်းခဲ့သည်။

အိမ်ခန်းသစ်သို့ ပြောင်းရွေ့သည့်နေ့မှာပဲ ကဲနက်သ်က ကျွန်မကို ပြောလာသည်။ ‘ငါအခုက စပြီး ဘုရားသခင်အကြောင်း တရားဟောတော့မယ်ဆိုရင် မင်းဘယ်လိုသဘောရလဲ’ လို့ မေးသည်။ ကျွန်မ စဉ်းစားမိခဲ့တာ သတိရသေးသည်။ ‘ဘာ… ရှင် တရားဟောတော့မယ်၊ ကျွန်မ ရှင့်ကို ဘုရားကျောင်း သွားဖို့တော် မစွမ်းဆောင်နိုင်ဘူး’။

အဲသည်နောက် မကြာခင်မှာဘဲ ကဲနက်သ်၏ မိဘများနှင့်အတူ အစည်းအဝေး တစ်ခုသို့ သွားခဲ့ပါ သည်။ ထိုအစည်းအဝေးမှာ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းကို ခံယူခြင်းနှင့် အခြားသောဘာသာ စကားပြောခြင်းအကြောင်း သိခဲ့ရပါသည်။ ဒီလိုသွန်သင်တာ ကျွန်မတစ်ခါမှ မကြားဖူးခဲ့သလို ဒီအရာ တွေဟာ ဘုရားသခင်ဆီကလာတာ ဟုတ်မဟုတ်၊ ကျွန်မသေသေချာချာ မခွဲခြားတတ်ပါ။ ဒါနဲ့ပဲ ကျွန်မအပြင်ထွက်ပြီး စီးကရက် တစ်လိပ်ဖွာရင်းနဲ့ စဉ်းစားနေမိသည်။

ကျွန်မ အပြင်ထွက်ထိုင်နေရင်း ဘုရားသခင်အား ‘ဘုရားသခင် ဒီအရာတွေဟာ ကိုယ်တော့်ထံမှ ဖြစ်တယ်ဆိုရင် ကျွန်မလည်း အဲဒီအရာကို လိုချင်တယ်’ ကျွန်မ ကောင်းကင်ကို ရီကျဲကျဲနဲ့ ကြည့်ရင်း စီးကရက်ကို ဖွာရိုက်ရင်းနဲ့ ဘုရားသခင်ထံမှ မဟုတ်သည့်အရာကို လက်ခံရယူဖို့ စိုးရိမ်နေမိပါသည်။

အိမ်ကလေးထဲမှ ကြီးမားသော အိပ်မက် (A Big Dream in a Little House)
ကျွန်မ ယခုလိုပြောလိမ့်မယ်လို့ သင်မျှော့်လင့်ကောင်း မျှော်လင့်နေမည်။ ‘ကျွန်မတို့ ဝိညာဉ်တော်၌ နှစ်ခြင်းရပြီးတဲ့အခါ ဘုရားသခင်ရဲ့ ခေါ်သံကြားရပြီး ကမ္ဘာကြီးကို ယေရှုအတွက် မှောက်လှန်ဖို့ စတင်ခဲ့ပါတယ်’ မဟုတ်ပါ။ အဲသည်လို မဟုတ်ခဲ့ပါ။ 
ကျွန်မတို့ ဝိညာဉ်ရေးရာမှာ နည်းနည်းလေးကြီးထွားလာခဲ့သည်။ သို့သော် အချိန်တော်တော်များများ၌ ရှေ့တိုးနောက်ဆုတ်လုပ်ရင်းနဲ့သာ အချိန်ကုန်ခဲ့သည်။ ကျွန်မတို့ အကြွေးတွေနဲ့ ငွေကြေးပြသနာကို ဆက်လက်ရင်ဆိုင်နေခဲ့ရသည်။ ဆုံးရှုံးမှု၊ ကျရှုံးမှု တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရသည်။

အခြေအနေအမျိုးမျိုးနဲ့ ကြုံတွေ့အပြီးမှာ ကဲနက်သ်က Okalahoma, ပြည်နယ် Tulsa, မှာရှိသည့် အော်ရယ်ရောဘတ် တက္ကသိုလ် (Oral Roberts University) မှာ ကျောင်းတက်ဖို့ ဘုရားသငခင် နှိုးဆော်တယ်လို့ ဆိုလာ ပါသည်။ ကဲနက်သ်အတွက် အသက် ၃၀ အရွယ်မှာ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ခြင်းက သဘာဝမကျသော၊ မိုက်မဲသော လုပ်ရပ်တစ်ခုလို ဖြစ်နေပေသည်။ ‘Tulsa မှာ ငါ့အတွက် ဘာအလုပ် မှ မရှိမရှိဘူး’ သူကဆက်ပြောသည်။ ‘တို့တွေ ငတ်ဖို့ပဲရှိတယ်’ … ‘ငါတို့ အဲဒါကိုပဲ ရွေးချယ်ဖို့ အဆင်သင့် ဖြစ်နေပြီပဲ’ ကျွန်မက ဖြေလိုက်သည်။ ‘တို့ဒီမှာ ဘုရားသခင်ရဲ့ အလိုတော် အပြင်ဘက်မှာ နေပြီး ငတ်နေတာထက် ဘုရားသခင်ရဲ့ အလိုတော်ထဲမှာ ရှိပြီး Tulsa မှာ ငတ်နေတာ က ပိုကောင်း သေးတယ်’။

ကဲနက်သ်က သဘောတူသည်။ ဒါနဲ့ပဲ ကျွန်မတို့မှာရှိသည့် ပစ္စည်းလေးတွေ ထုတ်ပိုးပြီး ကားပေါ်တင်၊ ပြီး ကလေး နှစ်ယောက်နဲ့ အိမ်မှ ထွက်ခွါခဲ့ကြပါသည်။ သဘာဝအတိုင်း ပြောရလျှင် အရာခပ်သိမ်း သည် ပိုပြီးဆိုးဝါးလာသလို ထင်ရသည်။ ကျွန်မတို့ အိမ်သေးသေးကလေးထဲမှာ စုတ်ပြတ်နုံချာစွာနဲ့ နေခဲ့ရသည်။ အိမ်ကကျဉ်းလွန်းသောကြောင့် ရက်သတ္တပတ်အတော်ကြာသည့်တိုင် ကျွန်မ အထုတ် အပိုးတွေ မဖြည်နိုင်ခဲ့ပါ။

သို့သော်လည်း ဘုရားသခင်က ကျွနု်မတို့ကို ကူညီခဲ့ပါသည်။ ကဲနက်သ် O. R. U ဝင်းထဲရောက်သည့် နေ့မှာပဲ အော်ရယ်ရောဘတ်ရဲ့ လေယာဉ်မောင်းအကူအဖြစ် အလုပ်ရသည်။ သူ၏လစာ တစ်လ ဒေါ်လာ (၁၀၀) ဖြစ်ပါသည်။ ငွေကြေးအခြေအနေတွေ ခက်ခဲနေငြားလည်း ကျွန်မတို့ ယခင်ကထက် ပိုပြီး ပျော်ရွှင်ကြပါသည်။ နောက်ဆုံးတော့ ကျွန်မတို့ ဘုရားသခင်၏ အလိုတော်ထဲသို့ ရောက်ရှိခဲ့ ပါသည်။

ပထမလအနည်းငယ်အတွင်းမှာ ကဲနက်သ်က သင်ခန်းစာတွေ သင်ယူရင်းနဲ့ အော်ရယ်ရောဘတ်အား အစည်းအဝေးတွေဆီ သွားဖို့ လေယာဉ်မောင်းပေးရပါသည်။ ဒါတင်မက လိုအပ်သည့် အလုပ်တွေကို လည်း လုပ်ရပါသည်။ ကဲနက်သ်က အဲဒါကို ကြိုက်နှစ်သက်သည်။ ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲ။ Bro-ရောဘတ်ရဲ့ လုပ်ဆောင်မှုတွေကို လက်တွေ့မျက်မြင် သင်ယူရခြင်းက သူ့အတွက် ကောင်းချီးမင်္ဂလာ ဖြစ်ခဲ့ပါသည်။

တစ်နေ့တော့် ကဲနက်သ်က ဘုရားသခင် သူ့ကို ဘာလုပ်စေချင်သလဲဆိုတာ တိတိကျကျ သိချင်တာနဲ့ ကျွန်မတို့ အိမ်အနီးမှာရှိသည့် မြစ်ကမ်းနဘေးကို သွားခဲ့သည်။ အဲဒါက ၁၉၆ရ-ခု မေလမှာ ဖြစ်ပါ သည်။ ထိုအချိန်က စပြီး ဘုရားသခင်က ကဲနက်သ်အား ကမ္ဘာလုံးဆိုင်ရာ အမှုတော်လုပ်ငန်း အကြောင်း စတင်ပြောခဲ့ခြင်းဖြစ်သည်။ ‘မင်း တရားဟောပါ၊ သီးချင်းဆိုပါ၊ ဆုတောင်းပါ၊ ငါ့ရ့ တန်ခိုးတော်နဲ့ ငါ့ရဲ့ လူတွေကို အစေခံပါ၊ လူမျိုးတကာဟာ ငါ့ဆီလာကြလိမ့်မယ်’ ဟု ကဲနက်သ်အား  လူသန်းပေါင်းများစွာအတွက် အမှုတော်ဆောင်ခြင်း အိပ်မက်ကို ပေးအပ်ခဲ့ပါသည်။

ဟုတ်ပါသည်။ အသံတော်က အလွန်ပင် ကြီးကျယ်ခန်းနားလှပြီး၊ သူလည်း စိတ်လှုပ်ရှားခဲ့ပါသည်။ ဒါပေမယ့် သင် နားလည်သဘောပေါက်ဖို့က ဘုရားသခင် ထံမှ သူဒီလိုကြီးမြတ်တဲ့စကားတော်ကို ကြားရပြီးနောက် ကျွန်မတို့ နေထိုင်သည့် နုံချာသည့် အိမ်ကလေးကိုပဲ သူပြန်လာခဲ့ရတ် ဆိုတာ ဖြစ်သည်။ သူကမ္ဘာတစ်ဝှမ်းလုံးကို တရားဟောဖို့ ဆိုသည့် အိပ်မက်ကို ရထားလင့်ကစား အမှန်တကယ်တော့ သူ့မိဘရှိရာ Fort Worth သို့ သွားရောက်လည်ပတ်ဖို့ လိုအပ်သော ငွေရဖို့ကပင် သူ့အတွက် စိန်ခေါ်မှုကြီးတစ်ခုလို ဖြစ်နေပါသည်။

ကျွန်မတို့၏ ယုံကြည်ခြင်း ပထမခြေလှမ်းများ (Our First Steps of Faith)
သို့သော် ဘုရားသခင်ကို ချီးမွမ်းပါသည်။ ကျွန်မတို့ ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သင်ယူနေခဲ့ပါသည်။ ကျွန်မတို့ ကဲနက်ဟေဂင်၏ အစည်းအဝေးပွဲများသို့ သွား ရောက်ခဲ့ပြီး နှုတ်ကပတ်တော်၏ စစ်မှန်မှု၊ သမာဓိရှိမှုကို သင်ယူခဲ့ပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဆရာဝန်တစ်ဦး (သို့) ယုံကြည်အားကိုးရသော မိတ်ဆွေတစ်ဦး ၏ အကြံပေးညွှန်းကြားချက်ကို လိုက်နာသကဲ့သို့ ကျွန်မတို့ပြုကျင့်ခဲ့ပါသည်။ ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်းဆိုင်ရာ အခြေခံအချက်များသည် ကျွန်မတို့၏ နှလုံးသားနှင့် နှုတ်ပါစပ်၌ နေရာယူလွှမ်း မိုးခဲ့ပါသည်။

ဗရမ်းဗတာဖြစ်နေသော ဘဝထဲမှ ထွက်၍ ဘုရားသခင်၏ အကြံအစည်တော်သို့ ဝင်ရောက်ရန် အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ဝန်ခံခြင်းအား ဖြင့်သာ ဖြစ်ကြောင်း ကျွန်မတို့ နားလည် သဘောပေါက်ခဲ့ပါသည်။ ကျွန်မတို့ ထိုအရာကိုပဲ အာရုံစိုက် ခဲ့ကြသည်။ တစ်နှစ်ခန့် သွန်သင်ချက်၊ တရားဟောတိပ်ခွေများကို နားထောင်၍ လေ့လာခြင်းမှတစ်ပါး အရာရာကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရသည်။

ခဏအကြာမှာတော့ ကဲနက်သ်က အပြင်မှာ တရားထွက်ဟောနေပြီး ကျွန်မက ကလေးတွေနဲ့အတူ အိမ်မှာ ရှိနေခဲ့ပါသည်။ ကျွန်မတို့၏ အိပ်မက်ဆီသို့ ယုံကြည်ခြင်းဖြင့် စတင်ခြေလှမ်းခြင်းကို ကျွန်မ ပြောနေခြင်းဖြစ်သည်။ ကျွန်မ ယခုလို ပြောသည့်အခါ ကျွန်မတို့ထွက်ပြီးသည်နှင့် ရေဒီယိုအသံလွှင့် အစီအစဉ်ကို စတင်ခဲ့ခြင်းမစဟုတ်ပါ။ ကျွန်မတို့ ရှိနေသည့်နေရာကပဲ စရမှာဖြစ်သည်။ ကျွန်မတို့မှာ ကားတစ်စီးရှိရမည်။ နေဖို့ တစ်နေရာ ရှိကိုရှိရမည်။ တစ်နည်းအားဖြင့် ကျွန်မတို့မှာ မရှိမဖြစ်လို နေသော အရာတွေရရှိဖို့အတွက် ယုံကြည်ခြင်းကို စတင်ရမှာ ဖြစ်သည်။

ပထမဆုံး ကျွန်မတို့ စားပွဲပေါ်မှာ စားစရာရှိလာဖို့အတွက် ယုံကြည်ခြင်းရှိရသည်။ တစ်ချို့နေ့တွေမှာ စားသုံးကုန်ဆိုင်ကို ပေးစရာရှိတဲ့ ငွေတွေကို အလုံအလောက် ပေးနိုင်ပြီ ဆိုသည့် ယုံကြည်ခြင်းကို လေ့ကျင့်ရသည်။ အခြားသောဘာသာ စကားနဲ့လည်း ဆုတောင်းခဲ့ပါသည်။ ဒီလိုယုံကြည်ခြင်းက သင့်အတွက် ထူးထူးဆန်းဆန်း ဖြစ်ကောင်းဖြစ်နေမည်။

သို့သော် နှစ်အတော်ကြာရောက်သည်အခါ ကဲနက်သ်နဲ့ ကျွန်မတို့ ကုန်စုံဆိုင် ယုံကြည်ခြင်းမျိုးနှင့်ပင် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် TV အစီအစဉ် လွှင့်ထုတ်ရေးအတွက် ယုံကြည်ခြင်းကိုလည်း အသုံးပြုနိုင်ခဲ့ပါသည်။ 
ကျွန်မ အခုအချိန် နောက်ကြောင်းပြန်ကြည့်သည့်အခါ ဘုရားသခင်က ကျွန်မတို့အသက်တာ၌ အုတ်မြစ်ကို ချထားပေးခဲ့ခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်မိသည်။ ယနေ့ကျွန်မတို့ လုပ် ဆောင်နေသော အမှုတော်မြတ်လုပ်ငန်းအတွက် လိုအပ်သော သင်ခန်းစာကို ကိုယ်တော်က သူ၏ နှုတ်ကပတ်တော်ထဲမှ သင်ကြားပေးခဲ့ခြင်း ဖြစ်ပါသည်။

အဲသည်တုံးက ဆယ်ဖို့တစ်ဖို့ ပေးခြင်းနှင့်ပတ်၍လည်း ကျွန်မတို့ သင်ယူခဲ့သည်။ အစပထမမှာတော့ ဆယ်ဖို့တစ်ဖို့ ပေးနေရာမှ ရပ်ဆိုင်းခဲ့သေးသည်။ ဘာကြောင့်လဲဆိုတော့် ဘုရားသခင်ပေးတာထက် ကျွန်မတို့ ငွေကို ပိုလိုတယ်လို့ ယူဆခဲ့သောကြောင့် ဖြစ်သည်။ သို့သော် နှုတ်ကပတ်တော်ကို လေ့လာ မိသည့်အခါ ဘယ်လိုအခြေအနေမျိုးမှာဘဲမဆို ဆယ်ဖို့တစ်ဖို့ကို သစ္စာရှိစွာ ပေးလှူရန် ဆုံးဖြတ်ခဲ့ သည်။ အကယ်၍ ငတ်ရမည်ဆိုလျှင်လည်း ဆယ်ဖို့တစ်ဖို့ကို ပထမဆုံး ပေးဖို့ ဆုံးဖြတ်ခဲ့ပါသည်။

၎င်းအရာသည် ကျွန်မတို့၏ ငွေရေးကြေးရေး ကဏ္ဍ၌ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။ ယနေ့ထိတိုင် ကျွန်မတို့ ထိုသင်ခန်းစာ၏ အကျိုးကို ဆက်လက်၍ ခံစားနေရဆဲဖြစ်သည်။ အပြန်အလှန်အားဖြင့် ဘုရားသခင်က သူ့ကတိတော်အတိုင်း သစ္စာရှိစွာ ကျွန်မတို့အပေါ်၌ မိုးကောင်းကင် တံခါးတို့ကို ဖွင့်၍ ကောင်းချီးမင်္ဂလာကို သွန်းလောင်းလျှက်ရှိပါသည် (မာလခိ ၃း ၁၀)။ ယနေ့ ကျွန်မတို့သည် ဘုရား သခင်၏ ကောင်းချီးမင်္ဂလာ သွန်းလောင်းမှုအောက်မှာပင် ရှိနေပါသည်။ 

အဲသည်တုန်းက (ရော၊ ၁၃း ၈) မှာ ပါသည့် ‘အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်အကြွေးမျှ မတင်စေနှင့်’ ကျမ်းပိုဒ်ကို တွေ့ရှိခဲ့သည်။ ဝန်ခံရမည်ဆိုလျှင် ကျွန်မတို့သည် ချေးယူထားသော အကြွေးများနှင့်သာ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပါသည်။ ကျွန်မတို့ စဉ်းစားခဲ့ကြသည်မှာ ‘ငါတို့ ကားတစ်စီး ဘယ်လိုပိုင်ဆိုင်နိုင်မလဲ’ ‘အိမ်တစ်လုံးကော ဘယ်လိုပိုင်ဆိုင်နိုင်မလဲ’ ‘ကျွန်မတို့ နှလုံးသား၌ ဘုရားသခင်ထားရှိသော ကြီးမားလှသည့် အမှုတော်မြတ်လုပ်ငန်းကို ဘယ်လိုတည် ဆောက်နိုင်မလဲ’။ 

ဒီမေးခွန်းအတွက် အဖြေကို ကျွန်မတို့ မသိရှိခဲ့ပါ။ သို့သော် ဘယ်လိုအခြေအနေမျိုးမှာမဆို ဘုရား သခင်၏ နှုတ်ကပတ်တော်ကို နာခံဖို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ပါသည်။ ကျွန်မတို့ အကြွေးယူခြင်းကို လုံးဝရပ်တန့်ခဲ့သည်။ (၁၁)လကြာပြီးသည့်နောက်မှာတော့ ကျွန်မတို့ အကြွေးထဲက လုံးဝထွက်နိုင်ခဲ့ သည်။  ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ ဒီနေ့ထိ ကျွန်မတို့ တိတိကျကျ မသိပါ။ ကျွန်မသိသည်က ဘုရား သခင်သည် ကျွန်မတို့၏ နှလုံးသား၌ အုတ်မြစ်ကို ချထားပေးခဲ့ပြီး သမ္မာကျမ်းစာ၏ စဉ်းမျဉ်းများနှင့် အညီ အသက်ရှင်ရန် သွန်သင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုဝိညာဉ်ရေးရာ နိယာမများက ကျွန်မတို့အား လောက၏ ငွေကြေးစနစ်အပေါ် မှီခိုမှုမပြုဘဲ ရပ်တည်၍ ကမ္ဘာလုံးဆိုင်ရာ ကြီးမားသောအမှုတော်မြတ် လုပ်ငန်းကို လုပ်ဆောင်နိုင်ဖို့ စွမ်းဆောင်ခဲ့ပါသည်။ 

သမိုင်းမှာ အရှည်ကြာဆုံးည (The Longest Night in History)
ပထမဦးစွာ ဘုရားသခင်က ကျွန်မတို့ အိမ်ထောင်ကို သူ၏နုတ်ကပတ်တော်နှင့်အညီ ဖြစ်ဖို့ သွန်သင် ပါသည်။ အိမ်ထောင်တွင်း၌ သဘောတူညီမှုသည် အရေးကြီးဆုံါ်ဖြစ်ကြောင်း ကျွန်မတို့ နားလည် လာသည် (မ၊ ၁၈း ၁၉)။ သမ္မာကျမ်းစာထဲ၌ ကျွန်မတို့ တွေ့ရှိရသည်မှာ ‘အကြောင်းမူကား၊ ဂုဏ် ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင် မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုခြင်းအမျိုးမျိုးရှိတတ်၏’ (ယာ၊ ၃း ၁၆)။

 ထို့ကြောင့်ပင် ချစ်ခြင်းမေတ္တာနှင့် လျှောက်လှမ်းရန် ဆုံးဖြတ်ချက်ချပြီး ရုန်းရင်းခတ်မှု မှန်သမျှ ကို ကျွန်မတို့၏ အိမ်ထောင်မှ လုံးဝဖယ်ထုတ်ရန် သန္ဓိဌာန် ချမှတ်ခဲ့ပါသည်။ ကျွန်မတို့ သံသယမရှိ ပြောနိုင်သည်မှာ အကယ်၍ ထိုသင်ခန်းစာကို ကျွန်မတို့ အသုံးမပြုခဲ့ပါက နတ်ဆိုးက ကျွန်မတို့ အိမ် ထောင်၌ ရုန်းရင်းခတ်မှုဖြစ်အောင်း ဖန်တီးပြီး ကျွန်မတို့၏ အမှုတော်ဆောင်ဖြင်း၌ တည်ရှိသော ဘုရားသခင်၏ တန်ခိုးတော်ကို ရပ်တန့်စေမည် ဖြစ်ပါသည်။

ဘုရားသခင်က ကျွန်မတို့ကို သွန်သင်သောအရာ၊ ကျွန်မတို့အတွက် ပြုလုပ်ပေးသောအရာတို့ အားဖြင့်သာ ကျွန်မ ဆက်လက်ခရီးဆက်နိုင်ခြင်း ဖြစ်ပါသည်။ လူများ၊ ဒေါ်လာ သန်းပေါင်းများစွာ ကျွန်မတို့နဲ့ အလှမ်းကွာဝေးနေတဲ့အချိန်မှာပင် ကမ္ဘာလုံးဆိုင်ရာ (Worldwide Ministry) အိပ်မက်ကို ကျွန်မတို့ ဘယ်လို ဆုပ်ကိုင်ခဲ့သလဲ ဆိုတာ ကျွန်မ သင့်ကို ပြောပြနိုင်ပါသည်။

ပထမဆုံး ကဲနက်သ်က လက်ချိုးရေတွက်၍ရသော လူအရေအတွက်ရှိသည့် အစည်းအဝေးများ၌ စတင်တရားဟောပါသည်။ နောက်ပိုင်းမှာတော့ လူ (၃၀၀) လောက်ရှိသည့် လူထုအစည်းအဝေး တွေမှာ ဟောကြားပါသည်။ (လူ ၃၀၀ရှိသည့် အစည်းအဝေးမှာ တရားဟောရဖို့ နှစ်တော်ကြာ အချိန်ယူခဲ့သည်)။ ဒါပေမယ့် ဘယ်လောက်ပဲ လူနည်းနည်း ကိစ္စမရှိ၊ ကဲနက်သ်က လူထောင်ပေါင်း များစွာကို သူတရားဟောနေသကဲ့သို့ သဘောထားခဲ့သည်။  ဘာကြောင့်လဲဆိုတော့ သူ့နှလုံးသားမှာ ဘုရားသခင်ပေးထားသော အိပ်မက်ကို သူ ယုံကြည်စွဲလန်နေသောကြောင့် ဖြစ်သည်။ 
တစ်ခါက လူတစ်ယောက်က ကဲနက်သ်ကို ပြောဖူးပါသည်။ ‘ခင်ဗျားရဲ့ Ministry က အခုဆိုရင် ညအချိန်ကို ကျော်လွန်ခဲ့ပြီပဲ’ လို့ ပြောတဲ့အခါ၊ သူက ‘ခင်ဗျားစကားအရဆိုရင် အဲဒီညဟာ သမိုင်းမှာ အရှည်ကြာဆုံးပဲ’ လို့ ပြန်ဖြေခဲ့သည်။

မိတ်ဆွေ - စာတန်က သင့်ဆီကိုလာပြီး လက်ညှိုးထိုးလျက် ‘ဒီမှာ မင်းရဲ့တိုးတက်မှုတွေက သိပ် နှေးကွေးလွန်းတယ်’ လို့ သင် စိတ်ပျက်အောင်း လာပြောလိမ့်မည်။ သင်၏ ကျရှုံးမှုများ၊ အားနည်း ချက်များနှင့် သင်၏ လမ်းခရီး၌ ရှိနေသော အတားအဆီးများကို ပြပြီး၊ ‘ကြည့်၊ မင်းလုပ်လဲ ဖြစ်မှာမဟုတ်ဘူး၊ ဒီလောက်ကြီးကြီးမားမား မင်းလုပ်နိုင်မှာ မဟုတ်ဘူး’ ဟု သင့်အား မခံချိမခံသာ ဖြစ်အောင် ရွဲ့စောင်း ထေ့ငေါ့ပြောလိမ့်မည်။ သတိပြုပါ။ သင်၏ အိပ်မက်ကို နတ်ဆိုးအား ဘယ်တော့ မှ ခိုးယူခွင့် မပြုပါနှင့်။

နတ်ဆိုးအား ဤသို့ပြောပါ။ ‘ငါစွမ်းဆောင်နိုင်တယ်၊ ငါ့မှာ ယေရှုရှိတယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်ရှိတယ်။ ငါလိုအပ်တာအားလုံးက အဲဒါပဲ’။
ဤအရာတွေဟာ တကယ့်သမ္မာတရားဖြစ်တယ်ဆိုတာ ယနေ့တော့ ကဲနက်သ် နှင့် ကျွန်မတို့က ကျွန်မတို့ရဲ့ အတွေ့အကြုံထဲက သင့်ကို ပြောပြနိုင်ပါသည်။ ဘုရားသခင် ကျွန်မတို့ အသက်တာကို ဆွဲကိုင်သည့်အချိန်သည့် အချိန်တုန်းက ကျွန်မတို့ဟာ လုံးဝကျရှုံးသူတွေသာ ဖြစ်ခဲ့သည်။ ယခုတော့ ကြည့်ပါ။ သူဘာတွေလုပ်ခဲ့ပြီလဲ။

ဒီကနေ့တော့ ကျွန်မတို့ ကျွန်မတို့၏ အိပ်မက်ထဲမှာ ရပ်နေကြပြီ။ သင်လည်း ဘုရားသခင်ထံ၌ ဆက်လက်ကိုးစားပြီး ကိုယ်တော်အား နာခံနေမည်ဆိုပါက မကြာသောတစ်နေ့တွင် သင့်အိပ်မက်ထဲ မှာ သင်ကိုယ်တိုင် ရပ်နေလိမ့်မယ်ဆိုတာ လုံးဝသေချာပါသည်။
Rev. သိန်းသန်း

ဝန်ခံချက်။     ။ ၂၀၀၂ ခုနှစ် July လထုတ် Believer’s Voice of Victory စာစောင်မှ Gloria Copeland ၏ ဆောင်းပါးအား မြန်မာဘာသာသို့ ပြန်ဆိုခြင်းဖြစ်သည်။ 



Saturday, 4 March 2017

နုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ခြင်း

‘ဘုရားသခင်၏ နုတ်ကပတ်တော်ကို
ဆင်ခြင်အောက်မေ့ခြင်း’သည်အရာ
က ယောရှုခေတ်ကာလ၌ အောင်မြင်
မှုအတွက် သော့ချက်တစ်ခု ဖြစ်ခဲ့သည်။
 ယနေ့ခေတ် အတွက်လည်း သည်အ
ချက်က မှန်ကန်နေဆဲပင် ဖြစ်သည်။
၀မ်းနည်းစရာက သည်သော့ချက်ကို
လူများအစုက မသိရှိကြခြင်းပင် ဖြစ်
သည်။ ဟုတ်ကဲ့။ ကျွန်တော်တို့တွေ

 နုတ်ကပတ်တော်ကို ဖတ်ရှုပါသည်။ တရားဟောဆရာတွေရဲ့ ဟောကြား ချက်ကိုလည်း နားထောင်ပါသည်။

 အတူတကွပင် ဆွေးနွေးကြသေးသည်။ သို့သော်နားထောင် ဖတ်ရှုခဲ့သည့် သမ္မာတရားတွေကို ဆင်ခြင်အောက်မေ့ခြင်း ပြုကြပါရဲ့လား? မပြုကြပါ။ ကျွန်တော်တို့ အများစုက ဘယ်လိုဆင်ခြင်ရမည် ဆိုသည်ကိုပင် မသိကြခြင်းဖြစ်သည်။ ဆင်ခြင်အောက်မေ့ခြင်း (Meditation)ကို လျစ်လျူရှုမိသည့်အတွက် ကျွန်တော်တို့ ယုံကြည်သူတွေ ဆုံးရှုံးမှုနှင့် ကြုံတွေ့ နေရခြင်း ဖြစ်သည်။

အမှန်စင်စစ် ‘ဆင်ခြင်အောက်မေ့ခြင်း’ ဟူသည် ကျွန်တော်တို့တွေ ထင်သည့်အတိုင်း ခက်ခဲနက်နဲ လှသည့်အရာမဟုတ်။ သမ္မာကျမ်းစာက ပြောနေသည့် ‘ဆင်ခြင်အောက်မေ့ခြင်း’ ဆိုသည့် အဓိပ္ပါယ်မှာ ဘုရားသခင်၏ နုတ်ကပတ်တော်ကို စဉ်းစားခြင်းနှင့် စိတ်ထဲ၌ ရုပ်လုံးဖော်ခြင်း (Visualization) ကို ပြောနေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ကျမ်းပိုဒ်တစ်ပိုဒ်ကို စိတ်ထဲ၌ စဉ်းစားတွေးခေါ်ပြီး၊ ၄င်းကျမ်းပိုဒ် ၌ပါရှိသော သမ္မာတရားက ကျွနု်ပ်တို့၏ ပတ်၀န်းကျင်အခြေအနေပေါ်၌ လုံး၀အုပ်စိုး လွှမ်းခြုံသွားသည် အထိအကြိမ်ကြိမ် ရှုမှတ်ခြင်း ဖြစ်သည်။

ဆင်ခြင်အောက်မေ့ခြင်းသည် ကျွနု်ပ်တို့ အတွက် အလွန်အရေးကြီးလှသည်။ အကြောင်းမှာ ဤအရာ လောက်အခြား ဘယ်အရာကမျှ ကျွနု်ပ်တို့ အသက်တာကို အကျိုးသက်ရောက်နိုင်ခြင်း မရှိသော ကြောင့် ဖြစ်သည်။ ၄င်းသည် ကျွနု်ပ်တို့၏ စိတ်အတွေးအခေါ်ကို ကွဲပြားခြားနားသွားအောင် လုပ်နိုင်စွမ်း ရှိသည်။ အာဗြဟံအကြောင်း တစ်ချက်ကြည့်လိုက်ပါ။ ကျွန်တော်ဘာကို ဆိုလိုချင်သလဲ ဆိုတာ သင် သဘောပေါက်ပါလိမ့်မည်။ 
ဘုရားသခင်က အာဗြဟံ (အာဗြံ)အား သားပေးမည်ဟု ကတိပေးသည့်အချိန်၌ အာဗြဟံအသက် အတော်ကြီးနေပြီ။

သူ့မယား စာရဲကလည်း တစ်သက်လုံး အမြုံမ ဖြစ်ပြီး ကလေးမွေးဖွားနိုင်မည့် အသက်အရွယ်ကိုပင် အတော်လေး လွန်လာခဲ့ပြီ။ သည်အဖိုးကြီးနဲ့ အဖွားကြီး လင်မယားနှစ်ယောက် သူတို့ကိုယ်သူတို့ ဘယ်လိုမြင်ကြမလဲ။ ၄င်းတို့အနေနှင့် အားလုံးလက်မြှောက် အရှုံးပေးလိုက်ပြီ။ ဟုတ်ပါသည်။ သူတို့၏ကျွန် ဒမာသက်မြို့သား ဧလျာဇာကိုပင် သူတို့၏ အမွေခံဖြစ်ဖို့ စီစဉ်ပြီးလေပြီ။ သည်အချိန်မှာ ဘုရားသခင်က အာဗြဟံနှင့် စာရဲအား သားပေးမည်ဟု ပြောလာသည့်အခါ အာဗြဟံအနေနှင့် ဘယ်လိုမှ သူ့အာရုံထဲ မမြင်နိုင်ခြင်း ဖြစ်သည်။ သည်သတင်းစကားက သူ့အတွေးအခေါ်နှင့် လုံးလုံးဆန့်ကျင် နေသည်။

သူ့စိတ်ထဲ သည်လိုရုန်းကန်နေရခြင်းကို ဘုရားသခင် သိတော်မူသည့်အတွက် နုတ်ကတိ တစ်ခု တည်းနှင့် ပြောပြီး ထားခဲ့သည်မဟုတ်။ ကိုယ်တော်ရှင်က တစ်စုံတစ်ခုလုပ်ပေးခဲ့ရသည်။ ‘အာဗြံ ကို ပြင်သို့ ထုတ်ဆောင်တော်မူ၍ မိုးကောင်းကင်ကို မျှော်ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏ အမျိုးအနွယ်သည် ထိုသို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏ …. အာဗြံသည် ထာ၀ရဘုရားကို ယုံကြည်သည်ဖြစ်၍ …’ (ကမ်ဘာ၊ ၁၅း ၅-၆)။

ဘုရားရှင်က အာဗြံအား မြုံနေသည့် လူအိုကြီးတစ်ယောက်အဖြစ် သူ့ကိုယ်သူ မြင်တွေ့စေဖို့ရန် အလိုမရှိပါ။ သူ့ကတိတော်အတိုင်း ပြည့်စုံလာမည်ဖြစ်ကြောင်း ဖော်ပြသည့် ပုံရိပ်သစ်ကို စိတ်အာရုံ ထဲ၌ စွဲမှတ်ထင်စေဖို့ရန် လုပ်ဆောင်ပေးခဲ့သည်။ အာဗြံကောင်းကင်ကို ကြည့်ပြီး ကြယ်တွေကို ကြိုးစားပြီး ရေတွက်မိမည်။ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေမည့် ကြယ်လေးများကို ရေတွက်ကြည့် နေရင်းနှင့် သူ့သားမြေးမြစ်တို့၏ မျက်နှာလေးများကို မြင်ယောင်မိလိမ့်မည်။ သူ့နှလုံးသား၏ မျက်စိကို ဘုရားသခင်၏ ကတိတော်တို့နှင့် ဖြည့်လိုက်ခြင်းပင် ဖြစ်သည်။

သည့်နောက်ပိုင်း အာဗြံနှင့် စာရဲတို့၊ သူတို့အမြင်တွေ ေ၀ဝါးသွားသည့်အခါ ဘုရားသခင်က သူတို့ စိတ်ထဲ၌ အမြဲစွဲထင်စေမည့် အရာတစ်ခုကို ထပ်မံလုပ်ပေးခဲ့သည်။ ၄င်းမှာ သူတို့အား နာမည် အသစ်ဖြင့် မှည့်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ အာဗြဟံ - လူမျိုးများစွာတို့၏ အဖ၊ စာရာ - လူမျိုးများစွာ တို့၏ မိခင် ဟူ၍ ဖြစ်သည် (ကမ်ဘာ၊ ၁၇း ၅၊ ၁၅၊ ၁၆)။ ကတိတော်အတိုင်း သူလုပ်ဆောင် ပေးမည် ဖြစ်ကြောင်း ဘုရားသခင်က ၄င်းတို့အား အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။ သည်လို သူတို့တွေ တစ်ယောက်နှင့်တစ်ယောက် ခေါ်ထူးနေကြခြင်းအားဖြင့် ဘုရားကတိတော်ကို အစဉ်သတိရနေဖို့ဖြစ် သည်။ ထိုအချိန်မှစ၍ ၄င်းတို့နှင့် ဘုရားကတ်ိတော်စကားသည် ထပ်ချပ်မကွာ အတူရှိလာသည်။ ၄င်းတို့ဘ၀နှင့် ထပ်တူကျည့်အရာ ဖြစ်လာသည်။

သည်အရာကိုပင် ‘ဆင်ခြင်အောက်မေ့ခြင်း’ ဟုခေါ်ဖြစ်သည်။ ၄င်းသည် အလွန်ပင်ထူးခြားပြီး တန်ခိုး ပါသောအရာ ဖြစ်သည်။ ဘုရားသခင်ပေးထားသော ကတိတော်များကို အာရုံစူးစိုက်ခြင်းအားဖြင့် အာဗြဟံအသက်တာ၌ အံ့သြဖွယ်နိမိတ်လက္ခဏာ ဖြစ်လာသကဲ့သို့ သင့်အသက်တာ၌လည်း အံ့သြ ဖွယ် အလုပ်လုပ်လာမည် ဖြစ်သည်။ 
‘ဘယ်လို! - ဘယ်လို!’ ဟုတ်ကဲ့။ ကျွန်တော်တစ်ခု ဥပမာပြပါမည်။ သင့်အနေနှင့် ပေးလှူဖို့ ဆန္ဒရှိ သော်လည်း သင့်ဘဏ္႑ာရေး အခြေအနေက ချွတ်ချုံကျနေသည် ဆိုပါစို့။ ၂ကော၊ ၉း ၈ ၌ ပါရှိသော ဘုရားသခင်၏ ကတိတော်ကို အကြိမ်ကြိမ် ဆင်ခြင်နှလုံးသွင်းပါ။

‘သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုး အစဉ်ရှိ၍ ကောင်းသောအကျင့် အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည့်အကြောင်း၊ အမျိုးစုံသော မင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ၏’။
သည်ကတိတော်ကို ဆင်ခြင်စဉ်းစားဖို့ရန် အချိန်ယူပါ။ သင့်အနေနှင့် လိုအပ်နေသူ တစ်စုံတစ်ယောက် အား ချက်လက်မှတ်ပေးနေပုံကို စိတ်ထဲ၌ ရုပ်လုံးဖော်လိုက်ပါ။

 ထိုပုံရိပ်အတိုင်း စတင်ပြီး သရုပ်ပြပါ။ ၀ိညာဉ်တော်က ဦးဆောင်သည့်အခါတိုင်း သင်ပေးအပ်နိုင်သမျှ ပေးပါ။ အစပထမတွင် အနည်းငယ် လောက်သာ ဖြစ်မည်။ သို့သော် ကိစ္စမရှိ။ သင့်အထဲ၌ ၄င်းပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားရမည်။ သင့်ကိုယ်သင် ရက်စက်စွာ ပေးကမ်းနေသူတစ်ဦးအဖြစ် မြင်ပါ။ သင့်စိတ်အာရုံ၌ ချက်လက်မှတ် များကို တစ်စောင်ပြီး တစ်စောင် ရေးနေပုံကို အကြိမ်ကြိမ် စွဲမှတ်ထင်စေပါ။

ထိုသို့ အကြိမ်ကြိမ် လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်၏ ကတိတော်သည် သင့်အတွက် အမှန်တကယ် ရှုပ်လုံးပေါ်လာပြီး ထင်ရှားလာမည်။ သင်၏ ယုံကြည်ခြင်းလည်း တိုးပွားလာမည် ဖြစ်သည်။ 
‘ဒီမှာ ညီအစ်ကို ခုပ်လန်း - ကျွန်တော် စိတ်ကူးယဉ်နေရမယ်လို့ ခင်ဗျား ဆိုလိုတာလား’ ဟုတ်ပါသည်။ သည်အရာကိုပဲ ကျွန်တော် ပြောနေခြင်းဖြစ်သည်။

 ဘုရားသခင်၏ နုတ်ကပတ်တော်က ဖော်ပြသည့် အရာကို စိတ်ကူးထဲ၌ ပုံဖော်၍ မြင်ခြင်းဖြစ်သည်။ သင့်စိတ်ကူးအာရုံသည် အလွန်အံ့သြဖွယ်ရာ ကောင်းသောအရာဖြစ်ကြောင်း သင် သိပြီမဟုတ်လော။ မှုန်ဝါးဝါးမျှော်လင့်ခြင်း လောက်နှင့်သာ သင် အသက်ရှင်နေလျှင် ဘာမှထူးထူးခြားခြား ဖြစ်လာမည်မဟုတ်။ တိကျသေချာပြီး ကြည်လင်ပြတ်သား သည့်ပုံရိပ် သင့်မျက်စိပဲ မြင်လာဖို့ အင်မတန် အရေးကြီးလှပေသည်။

စိတ်အာရုံထဲ၌ မြင်လာအောင် ရုပ်လုံးဖော်ခြင်းနှင့် ပတ်သက်ပြီး ကျွန်တော် ပထမဆုံး သင်ယူခဲ့ပုံကို ပြောပြချင်သည်။ ထိုအချိန်တုန်းက ကျွန်တော်က ကျွန်တော်တို့ကျောင်း ဘောလုံးအသင်း၏ တိုက်စစ် မှူးတစ်ဦး။ တစ်နေ့ ကျွန်တော်အိပ်ယာထဲလှဲနေရင်း စိတ်ထဲ၌ ရုပ်လုံးဖော်နေမိသည်။ ကျွန်တော့်စိတ် အာရုံထဲ၌ ကျွန်တော်သည် ဘောလုံးကွင်း၏ မြက်ခင်းစိမ်းပေါ်မှာ ရောက်နေသည်။ ကျွန်တော်တို့ အသင်းနှင့် အခြားပြိုင်ဘက်အသင်းတို့ ယှဉ်ပြိုင်ကစား နေကြသည်။ ဟော - ကျွန်တော်ဆီ ဘောလုံး ရောက်လာပြီ၊ ဂိုးရှေ့ကို ကျွန်တော်ဆွဲသွားပြီ။

 တစ်ဖက်အသင်း၏ နောက်တန်းလူများ ဖျက်ထုတ်နေ ကြသည့် ကြားမှာပင် ကျွန်တော် ဘောလုံးကို ကျင်လည်စွာ ထိန်းထားပြီး ဂိုးတိုင်ထဲသို့ ကန်သွင်းလိုက် သည်။ ‘ဂိုး - ဂိုး’ ….. ။ ပရိတ်သတ်က အော်ဟစ်သြဘာပေးကြသည်။ အပိုင် ဂိုး ရသွားပြီ။ သည်ပုံကို ကျွန်တော့်အာရုံထဲ စွဲမှတ်စေရန် အကြိမ်ကြိမ် ကျွန်တော် လေ့ကျင့်ပါသည်။ 
ကျွန်တော် သတိပေးပါရစေ။ သည်လို အတွေးပုံရိပ်ကို လေ့ကျင့်ရာ၌ တစ်ခါတစ်ရံ ခက်ခဲမှု ရှိနိုင် သည်။ အထူးသဖြင့် ဆန့်ကျင်ဘက် ပုံရိပ်ဟောင်းတွေက နှောင့်ယှက်နေသော အချိန်၌ ဖြစ်သည်။

နှစ်အတန်ကြသောအချိန်က ဖြစ်သည်။ ကျွန်တော့် ခန္ဓာကိုယ်အလေးချိန် အလွန်များနေသည့်အချိန်။ ကိုယ်အလေးချိန် လျော့ချခြင်းနှင့် ပတ်သက်ပြီး စာအုပ်အတော်များများ ကျွန်တော် ဖတ်ပြီးပြီ။ စာအုပ်အားလုံး လိုလိုကပင် အကြံပြုထားသည်မှာ ‘သင့်ကိုယ်သင် ဆလင်းဘော်ဒီ (သွယ်သွယ်လျလျ ခန္ဓာကိုယ်) အဖြစ် မြင်ပါ’ ဟူ၍ ဖြစ်သည်။ ကျွန်တော်ကြိုးစားကြည့်သည်။ မရ။ ကျွန်တော့်မျက်စိကို မှိတ်သည့်အခါတိုင်း ‘၀၀တုတ်တုတ်ခန္ဓာကြီး’ ပဲ မြင်နေသည်။ ကျွန်တော့်ခန္ဓာကိုယ် အလေးချိန် အမှန်တကယ် လျော့ကျလာသည့်တိုင် ကျွန်တော့် စိတ်အတွင်း၌ မြင်ရသည့်ပုံရိပ်ကြီးက ပြောင်းလဲ သွားခြင်းမရှိ။

 သည်လိုနဲ့ပဲ နဂိုခန္ဓာကိုယ် အလေးချိန် ပြန်ရောက်ခဲ့ရသည်။ နောက်ဆုံးတော့ ကျွန်တော် အစာရှောင်ဆုတောင်း၀င် လိုက်သည်။ ကျွန်တော့် စိတ်ထဲရှိနေသည့် ပုံရိပ်ဟောင်းကို အောင်မြင်နိုင် သည်အထိ ဘုရားသခင်၏ နုတ်ကပတ်တော်အပေါ်၌ အထပ်ထပ် ဆင်ခြင်နှလုံးသွင်း လိုက်သည်။ 
အဘယ်ကြောင့် ကျွနု်ပ်တို့အထဲ၌ ရှိသည့်ပုံရိပ်ဟောင်းကြီးကို ပြောင်းလဲဖို့ ခက်ခဲရသနည်း။

အကြောင်း မှာ ကျွနု်ပ်တို့က ၄င်းပုံရိပ်ကြီး ကြီးထွားလာဖို့ရန် အချိန်အများကြီးပေးခဲ့သောကြောင့် ဖြစ်သည်။ သည်ပုံရိပ်ဟောင်းကြီးက ဘယ်လောက်ပဲ ဒုက္ခပေးပါစေ၊ ကိစ္စမရှိ။ ဘုရားသခင်၏ ကောင်းချီး မင်္ဂလာ ကို အမှန်တကယ် အပြည့်အ၀ ခံစားလိုလျှင် သည်ပုံရိပ်ဟောင်းကြီး ပျောက်သွားဖို့အတွက် တစ်ခုခု တော့ ကျွနု်ပ်တို့ လုပ်ရပေမည်။

ကျွနု်ပ်တို့အနေဖြင့် ‘မှားယွင်းသော အတွေးအခေါ်များနှင့် ဘုရားသခင်ကို သိသောပညာကို ဆီးတားသော မာန်မာနစိတ်ရှိသမျှတို့ကို ဖမ်းသွားချုပ်ထားလျှက် ခရစ်တော်၏စကားကို နားထောင် သေရမည်’ ဖြစ်သည် (၂ကော၊ ၁၀း ၅)။ ကျွနု်ပ်တို့အနေဖြင့် ‘လောကီပုံသဏ္႑ာန်ကို မဆောင်ဘဲ စိတ် နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္႑ာန် ပြောင်းလဲခြင်းသို့ ရောက်ရမည်’ (ရော၊ ၁၂း ၂)။

ဘုရားသခင်၏ နုတ်ကပတ်တော်ကို စိတ်ထဲ၌ ရုပ်လုံးဖော် မြင်ယောင်ခြင်းအကြောင်း ယုံကြည်သူတွေ ကို ကျွန်တော်ပြောပြသည့်အခါ သူတို့က သည်အရာတွေကို အတော်လေး သတိရှိရှိနဲ့ နားထောင်ကြ ပါသည်။ သူတို့က ‘ဒါတွေဟာ အပေါင်းလက္ခဏာ အတွေးအခေါ် (သို့မဟုတ်) သာမာန်ထက် ထူးကဲ တဲ့ ဆင်ခြင်အောက်မေ့ခြင်းပဲ’ လို့ သတ်မှတ်ကြသည်။

စာတန်မာရ်နတ်သည် ယောရှုမှတ်စာ၌ ပါရှိသည့် ‘နုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ခြင်း’ အကြောင်းကို ဖယ်ထုတ်ပြီး လူတွေကို ဆုံးရှုံးခြင်းထဲ ဆွဲချဖို့ လုပ်ဆောင်နေပါသည်။ တန်ခိုးအစွမ်း ထက် လှသည့် ဤလျှို့၀ှက်ချက်ကို လူတွေဆီသွားမှာ သူမလိုလားပါ။ သူသည် သမ္မာတရားကို ခိုးယူထားသည့် သူခိုးဖြစ်သည်။

ချစ်သောမိတ်ဆွေ - အလွန် အစွမ်းတန်ခိုး ကြီးမားလှသည့် ‘နုတ်ကပတ်တော်ကို ဆင်ခြင်အောက် မေ့ခြင်း’ အားဖြင့် အနှောက်အယှက် ပေးနေသည့် ပုံရိပ်များအား အနိုင်ယူ ပြောင်းလဲလိုက်ပါ။ ယောရှု ကဲ့သို့ပင် သင်သည်လည်း အောင်မြင်မှု၏ လျှို့၀ှက်ချက်ကို တွေ့ရှိလာမည်ဖြစ်သည်။

 Rev. သိန်းသန်း









၀န်ခံချက် - ၂၀၀၅ ခုနှစ် မေလထုတ်
Believer’s Voice of Victory စာစောင်မှ ဆရာကြီး Kennet Copeland ၏ ဆောင်းပါးအား မြန်မာ ဘာသာသို့ ဆီလျော်အောင် ပြန်ဆိုခြင်းဖြစ်သည်။ 

Saturday, 25 February 2017

ကျေးဇူးတော် - GRACE

ဘုရားသခင်၏ ကျေးဇူးတော်အကြောင်းရှင်းလင်း
စွာ နားလည်သဘောပေါက်ခြင်းသည် သန့်ရှင်းစင်
 ကြယ်သော အသက်တာနှင့် အောင်မြင်သော အ
သက်တာ၏ အဓိကသော့ချက်တစ်ခုဖြစ်ကြောင်း
ကျွန်မယုံကြည်ပါသည်။ သည်ကနေ့ ယုံကြည်သူ
အတော်များများ ဘုရားသခင်၏ ကျေးဇူးတော် အ
ကြောင်း နားလည်သဘောပေါက်မှု မရှိကြသော
ကြောင့် ပြသနာတွေနဲ့ပဲ လုံးခြာလည်နေကြ ပါသည်။
ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း ကျွနု်ပ်တို့ 
စတင်သဘောပေါက်လာသည်နှင့်အမျှ ကျွနု်ပ်တို့အ
သက်တာ၌ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာမည်
ဖြစ်ပါသည်။

တကယ်တော့ ‘ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း’ သိနားလည်ဖို့က ရှုပ်ထွေးခက်ခဲလှသည့် အရာ မဟုတ်။ အလွန်ပင် ရိုးစင်းလှပါသည်။ လွယ်ကူရိုးစင်းလွန်း၍ပဲ လူအတော်များများ လွဲချော်နေ ကြခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ၌ ပါရှိသည့် ကယ်တင်ခြင်း၊ ၀ိညာဉ်တော်နှင့် ပြည့်၀ခြင်း၊ ဘုရားရှင်နှင့် နက်ရှိုင်းစွာ မိတ်သဟာယပြုခြင်း၊ အောင်မြင်သောအသက်တာ၊ သည်အရာတွေအားလုံး ဘုရားသခင်၏ ကျေးဇးတော်အပေါ်၌သာ အခြေပြုထားပါသည်။

အတိုင်းထက်အလွန် ကြွယ်၀လှသော ကျေးဇူးတော် (Grace if so much more …)
ကျေးဇူးတော်ဟူသည် ‘မထိုက်တန်ပဲ ခံစားရသော အခွင့်ထူး’ (Unmerited Favor of God) ဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်ထက် ပိုမိုလေးနက်လှပါသည်။ ၄င်းသည် အသက်တာကို အန္တရာယ်ပြုနေသော မကောင်းဆိုးဝါးအားလုံးကို အောင်မြင်စွာ ခြေမှုန်းနိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်လည်း ဖြစ် သည်။ သည်အရာအတွက် ကျွနု်ပ်တို့ အဖိုးအခပေးစရာ မလိုပါ။ ကျွနု်ပ်တို့အားလုံး အောင်းခြင်းထဲ၌ လျှောက်လှမ်းဖို့နှင့် ခမည်းတော်ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေဖို့အတွက် ယေရှုက လက်ဝါး ကပ်တိုင်၌ အဖိုးအခ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

ယာကုပ် ၄း ၆ ၌ ‘ထို၀ိညာဉ်တော်သည် သာ၍များသော ကျေးဇူးကို ပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့် ချသောသူတို့အား ကျေးဇူးပြုတော်မူ၏’ ဟု လာသတည်း။ ဘုရားသခင်၏ အကူအညီမပါဘဲ သန့်ရှင်းသောအသက်တာကို ကျွနု်ပ်တို့ မလျှောက်လှမ်းနိုင်ဟု ၀န်ခံလျက် နှိမ့်ချခြင်းဖြင့် ကိုယ်တော့်ထံ ချဉ်းကပ်ပါက ကျွနု်ပ်တို့၏ အသက်တာ ကဏ္႑ပ်တိုင်းအတွက် အောင်မြင်စွာ လျှောက် လှမ်းရန် လုံလောက်သည့် ကျေးဇူးတော်ကို ပေးတော်မူမည် ဖြစ်သည်။

ကျွန်မအသက်တာ၌ အခက်အခဲ အတာအဆီး အတော်များများကို ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့်ပဲ အောင်းမြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါသည်။ ကျွန်မခွန်အားနဲ့ ကျွန်မ ကြိုးစားခဲ့မိတာကိုလည်း သတိရမိပါသည်။ ကိုယ့်ကိုယ်ကို ပိုပြီး ကောင်းလာအောင်၊ ၀ိညာဉ်အသီးတွေ သီလာအောင် ကြိုးစား ခဲ့သည်။

 ဒါတင်မက ကြိုးစားပြီး ဆုတောင်း၊ ကျမ်းစားဖတ်သည်။ ဇနီးကောင်းတစ်ယောက်နှင့် မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ အတွက်လည်း ကြိုးစားခဲ့သည်။ အရာရာကို မိမိခွန်အားဖြင့် ကြိုးစားခဲ့ သော်လည်း နောက်ဆုံး၌ ‘အချည်းနှီးဖြစ်ခြင်း’ နှင့်ပဲ အဆုံးသတ်ခဲ့ရသည်။ ဂလာတိ ၃း ၁၀ ၌ ပညတ်တရား၏ အကျင့်အားဖြင့် ကြိုးစားနေသောသူသည် စိတ်ပျက်ဖွယ်ရာနှင့်သာ အဆုံးသတ်ရ လိမ့်မည်ဟု ပြောထားပါသည်။ အဓိပ္ပါယ်က ဘုရားသခင်နှင့် မှန်ကန်စွာ ဆက်သွယ်နိုင်ဖို့အတွက် ပညတ်တွေ၊ စည်းကမ်းတွေနဲ့ပဲ ကြိုးစားနေပါက အချည်းနှီး ဖြစ်ခြင်းနှင့်သာ ကြုံတွေ့ရမည် ဖြစ်ပါ သည်။
 
တစ်နေ့ပြီးတစ်နေ့ (Day By Day)
‘ခရစ်တော်နှင့် သဏ္ဌာန်တူလာခြင်းဖြစ်စဉ်’ ထဲ၌ ကျွနု်ပ်တို့ တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းနေကြခြင်း ဖြစ်သည်။ သည်အရာကိုပဲ သန့်ရှင်း စင်ကြယ်စေခြင်း ဖြစ်စဉ် (Sanctification) ဟု ခေါ်ခြင်းဖြစ်သည်။ ကျွနု်ပ်တို့အတော် များများ ဖိလိပိ္ပ ၂း ၁၂ ကို ရင်းနှီးကြပြီး ဖြစ်လိမ့်မည်။ ‘ကိုယ်ကို ကယ်တင်ခြင်းငှာ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့’။ သည်ကျမ်းပိုဒ်ကို လူအတော်များများ လွဲမှားစွာ အဓိပ္ပါယ်ဖွင် ဆိုနေကြသည်။

 ‘ကျွနု်ပ်တို့၏ ကယ်တင်ခြင်းအတွက် ကျွနု်ပ်တို့ ကိုယ်တိုင် ကြိုးစားအားထုတ်မှ ရမည်’ ဟု ဆိုနေခြင်း မဟုတ်။ ကယ်တင်ခြင်းဆိုသည်မှာ အခမဲ့လက်ဆောင် တစ်ခု ဖြစ်သည် (ဧဖက် ၂း ၈-၉)။ သည်မှာ ဆိုလိုသည်က ဘုရားသခင်ဖြစ်စေလိုသည့် အသက်တာရောက်ဖို့အတွက် ၀ိညာဉ်တော် နှင့် ပူးပေါင်းဆောင်ရွက် ရမည်ဟု ပြောနေခြင်းဖြစ်သည်။ ကျွနု်ပ်တို့ ခွန်အားအပေါ် မဟုတ်ဘဲ၊ ဘုရားရှင်၏ ခွန်အားအပေါ် အမှီပြုရမည့်အကြောင်း အငယ် (၁၃)၌ တွေ့ရပါသည်။

 ‘အကြောင်းမူကား သင်တို့သည် အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့် ကျင့်စေခြင်းငှာလည်းကောင်း၊ သင်တို့အထဲ၌ စေတနာတော် အားဖြင့် ပြုပြင်တော်မူသော သူကား ဘုရားသခင်ပေတည်း’။ 
ကျွနု်ပ်တို့တတွေ မြေကြီး ခန္ဓာနှင့် အသက်ရှင်နေသမျှ ကာလပတ်လုံး ပြီးပြည့်စုံခြင်းဆိုသည်ကို ရရှိနိုင် မည်မဟုတ်သော်လည်း ၀ိညာဉ်တော်ဘုရား၏ ပုံသွင်း ပြုပြင်မှုကို နေ့စဉ်ခံယူလျက် ကိုယ်တော်နှင့် အတူ ပူပေါင်းလုပ်ဆောင်နေရမည် ဖြစ်သည်။ ဆိုလိုသည်က နေ့စဉ်နှင့်အမျှ သစ်လွင်လတ်ဆတ် သော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံယူနေရမည်။ ကျေးဇူးတော်ဟူသည် မန္နမုန့်နှင့် အလား သဏ္ဌာန်တူပါသည်။

 မနေ့က ကျေးဇူးတော်သည် ယနေ့အတွက် လုံလောက်မှုမရှိပါ။ ယနေ့အတွက် အသသစ်သောကျေးဇူးတော် လိုအပ်သည်။ သို့ဆိုလျှင် ၄င်းကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။ အလွန်ပင် လွယ်ကူပါသည်။ ရိုးရိုးလေးတောင်းခံခြင်းဖြင့် လက်ခံရရှိနိုင်ပါသည်။ “ထို့ကြောင့် ငါတို့သည် သနား ခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကိုလည်းကောင်း၊ ခံရမည် အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးတော်ပလ္လငသို့ တိုး၀င်ချဉ်းကပ်ကြကုန်အံ့” (ဟေဗြဲ ၄း ၁၆)။

သန့်ရှင်းသော အသက်တာ ဘယ်လိုဖြစ်လာပါ့မလဲ? ဆိုပြီး ကျွနု်ပ်တို့ စိုးရိမ်နေဖို့ ဘုရားသခင် အလို မရှိပါ။ ကိုယ်တော်အလိုရှိသည်က သန့်ရှင်းခြင်းကို လေ့လာဆည်းဖူးနေဖို့နှင့် အပြစ်ကို ပေါ့ပေါ့ဆဆ သဘောမထားဖို့ပဲ ဖြစ်သည်။ ကျေးဇူးတော်ဟူသည်အပြစ်လုပ်ဖို့ လိုင်စင်မဟုတ်။ အပြစ်လုပ်ဖို့အတွက် ကျေးဇူးတော်ကို ပေးထားခြင်းမဟုတ် (ရော၊ ၅း ၁၅)။ အပြစ်ကို အောင်းမြင်ဖို့အတွက် ပေးအပ်ထား ခြင်းဖြစ်သည်။ သန့်ရှင်းစွာ အသက်ရှင်ခြင်း၏ လျှို့၀ှက်ချက်မှာ ဘုရားသခင်လုပ်ဆောင်ပေးသော အပိုင်းနှင့် ကျွနု်ပ်တို့ လုပ်ဆောင်ရမည့် အပိုင်းကို နားလည်သဘောပေါက်ခြင်းပင် ဖြစ်သည်။

၀ိညာဉ်တော်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း (Co-operating with the Holy Spirit)
သည်အရာက အောင်မြင်သောအသက်တာအတွက် သော့ချက်ပင်ဖြစ်သည်။ ၀ိညာဉ်တော် ဘုရား သည် ကျွနု်ပ်တို့အား သမ္မာတရားကို ဖွင့်ပြပေးသူနှင့် ကျွနု်ပ်တို့ ဘာအမှားလုပ်နေသည်၊ အမှန်က ဘယ်ဟာဖြစ်သည်ကို ဖော်ပြပေးသူ ဖြစ်သည်။ ကိုယ်တော်က အမှန်ကို ညွှန်ပြပေးသည့်အခါ ကျွနု်ပ်တို့အနေနှင့် ကိုယ်တော်၏ ကျေးဇူးတော်ကို ခံယူပြီး ချီးမွမ်းခြင်းနှင့် ၄င်းအရာကို လက်တွေ့ လုပ်ဆောင်လိုက်ဖို့ပဲ ဖြစ်သည်။

ကျေးဇူးတော်ဟူသည် ကျွနု်ပ်တို့အပေါ်သို့ အလိုအလျောက် ကျလာသည့်အရာ မဟုတ်။ ကျွနု်ပ်တို့က ရွေးယူရမည့်အရာ ဖြစ်သည်။ ဘုရားရှင်ညွှန်ပြသည့်အရာကို သူ၏ကျေးဇူးတော်မပါဘဲ ကျွနု်ပ်တို့ လုပ်ဆောင်ပါက အချည်းနှီးပင်ပန်းမှုနှင့်သာ ကြုံတွေ့ရမည်။ ကျွနု်ပ်တို့သည် အရာရာကို ကိုယ်တော် ၏ ကျေးဇူးတော်အားဖြင့် လုပ်ဆောင်သည့်အခါ ပို၍ သန့်ရှင်းစင်ကြယ်သော အသက်တာ၌ အသက်ရှင်လာနိုင်မည် ဖြစ်သည်။ အမှန်စင်စစ် စစ်မှန်သော သန့်ရှင်းစင်ကြယ်ခြင်းဟူသည် ၀ိညာဉ် တော်နှင့် ကျွနု်ပ်တို့ ပူးပေါင်းဆောင်ရွက်မှု၏ သက်သေထင်ရှားခြင်းပင် ဖြစ်သည်။

ဘုရားသခင်နှင့် ထိတွေ့ဆက်သွယ်ခြင်း (Being Plugged into God)
ဘုရားသခင်နှင့် ထိတွေ့ဆက်သွယ်ထားခြင်းက ကျွနု်ပ်တို့၏ ယုံကြည်ခြင်းကို ရှင်သန်လှုပ်ရှားစေ ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ယုံကြည်ခြင်းဖြင့် လက်ခံရယူနိုင်သည်။ ကျွနု်ပ်တို့ လူ့ သဘာ၀က ဘုရားကျေးဇူးတော် မပါဘဲ သန့်ရှင်းစင်ကြယ်ဖို့ ကြိုးစားတတ်ခြင်း ဖြစ်သည်။ သည် အရာက အလွန်ပူအိုက်သည့်နေ့၌ လေပန်ကာကို မီးပလပ်မထိုးဘဲ လည်အောင်ကြိုးပမ်းနေခြင်း နှင့်တူ၏။ သင့်အနားမှာ ပန်ကာတွေ ဘယ်နှလုံးပဲရှိရှိ၊ မီးပလပ်မထိုးပါက သင်ချေွးတစ်လုံးလုံးနဲ့ပဲ ရှိနေ မည်ဖြစ်သည်။ ဘုရားသခင်နှင့် ကျွနု်ပ်တို့ ဆက်သွယ်မှုသည်လည်း ထိုးနည်းတူပင် ဖြစ်သည်။

ကျွနု်ပ်တို့နေနဲ့ အောင်မြင်မှုနည်းဗျူဟာများ၊ နိယာမများ၊ ဖော်မြူလာများ၊ ဘယ်လောက်သိသိ ဘာမှအကောင်အထည်မဖော်နိုင်ပဲ ဖြစ်နေနိုင်သည်။ ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်း၊ အပေါင်းလက္ခဏာနှင့် ၀န်ခံခြင်း၊ ဒါတွေအားလုံးက ပန်ကာတွေလိုပဲ ဖြစ်သည်။ ကျွနု်ပ်တို့၏ ယုံကြည်ခြင်းက ပန်ကာခလုတ်လို ဖြစ်မည်။ သို့သော် ဘုရားသခင်၏ ကျေးဇူးတော်တည်းဟူသော ပါဝါလိုင်းကို ပလပ်မထိုးသရွေ့ ကျွနု်ပ်တို့၏ နည်းလမ်းအားလုံးက ဘာမှအသုံးမည်မဟုတ်ပေ။ အောင်မြင်ခြင်းဟူသည် ကျွနု်ပ်တို့၏ နည်းဗျူဟာ၌ ရှိသည်မဟုတ်။ ဘုရားသခင်၌သာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ပါဝါလိုင်းနှင့် အမြဲထိတွေ့ ဆက်သွယ်ထားဖို့ လိုပါသည်။

သန့်ရှင်းခြင်းကို မှီအောင်လိုက်ခြင်း (Pursuing Holiness)
သန့်ရှင်းခြင်းပါရမီကို မှီအောင်လိုက်ခြင်းဟူသည် တစ်ကြိမ်တစ်ခါသာ ပြုရမည့်အမှုအရာ မဟုတ်။ တစ်သက်တာ ပတ်လုံး အမြဲမပြတ်လုပ်ဆောင်ရမည့် ဖြစ်စဉ်တစ်ခုဟု ဆိုနိုင်သည်။ တစ်ကြိမ်တစ်ခါ တည်းဖြင့် ပြီးပြည့်စုံသည့် သန့်ရှင်းခြင်းကို ကျွနု်ပ်တို့ ရရှိနိုင်မည်မဟုတ်ပါ။ ၄င်းသည် တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ရမည့်ဖြစ်စဉ် (Step – by – Step Process) ပင် ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်အပေါ် အမှီမပြုဘဲ မိမိခွန်အားဖြင့်သာ ကြိုးစားနေလျှင် ကျွနု်ပ်တို့ ကျရှုံးမည်သာ ဖြစ်သည်။ အပြစ်နှင့် ညစ်ညူးနေသော မြို့ထဲမှ သန့်ရှင်းခြင်းမြို့တော်သို့ ခရီးပြုလိုပါက ကျေးဇူးတော် အေ၀းပြေးလမ်းမကြီးဖြင့်သာ သွားရမည်။ သည့်ပြင် အခြားလမ်းမရှိပါ။

လူ့ခွန်အား၊ လူ့ကြိုးစားအားထုတ်မှုအစား ဘုရားသခင်၏ ကျေးဇူးတော်နယ်ပယ်ထဲ၌သာ လျှောက် လှမ်းဖို့ သင့်ကို ကျွန်မအားပေးချင်ပါသည်။ ကိုယ်တော်၏ မစထောက်ပံ့မှုက အတိုင်းအဆမရှိပါ။ ကျေးဇူးတော်ကို အမှီပြုပြီး လျှောက်လှမ်းသူတိုင်း လိုအပ်သမျှ အရာခပ်သိမ်းကို ကြွယ်၀စွာ ရရှိခံစား ရမည်။

ဘုရားသခင်က ကျွနု်ပ်တို့အား သာမာန် ‘ရိုးရိုးကျေးဇူးတော်’ ကို ပေးအပ်ခြင်းမဟုတ်။ အလွန်ကြွယ်၀ ပြည့်စုံသော ကျေးဇူးတော်ကို ပေးအပ်နေခြင်းဖြစ်သည်။ သည်အရာအတွက် သင် ၀မ်းမြောက်ပါ။ အဲသည်အရာအပေါ်မှာ မှီတည်ပါ။ ကိုယ်တော်၏ အတိုင်းအဆမဲ့သော ကျေးဇူးတော်က သင့်ဘ၀ အတွက် အကောင်းဆုံးသောအရာများကို ဆောင်ကြည်းပေးလာမည်ဆိုတာ သင် ယုံကြည်စိတ်ချ နိုင်ပါသည်။ “ငါ့ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏” (၂ကော၊ ၁၂း ၉)။

Rev. သိန်းသန်း

၀န်ခံချက်။ ။ ၂၀၀၆ ခုနှစ် February လထုတ် “Enjoying Every Day Life” စာစောင်မှ Joyce Meyer ၏ Grace; Unmerited Favor and so much more ဆောင်းပါးအား မြန်မာဘာသာသို့ ဆီလျှော်အောင် ပြန်ဆိုခြင်းဖြစ်သည်။

Saturday, 18 February 2017

လုံခြုံစွာ နေရသောအခွင့် Dwell in Safety

သည်ကနေ့ ကမ္ဘာကြီးကို ကြည့်သည့်အခါ
 နေ့စဉ်နဲ့အမျှ ဆိုသလိုပဲ ဘေးဒုက္ခအန္တရာယ်
ဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့လျက် ရှိသည်ကို
 တွေ့ရပါသည်။ သတင်းမီဒီယာတွေထဲမှာ
 လေမုန်တိုင်းတိုက်ခတ် ခြင်း၊ မြေငလျင်လှုပ်
ခြင်း၊ ရေကြီးခြင်းနှင့်အကြမ်းဖက်တိုက်ခိုက်ခံ
ရခြင်း စသည့် သတင်းဆိုးတွေကိုပဲ စဉ်ဆက်
မပြတ် ကြားသိတွေ့မြင်နေရပေသည်။ သခင်
ခရစ်တော် ဒုတိယအကြိမ် ပြန်လည်ကြွလာဖို့ 
အလွန်နီးကပ်နေပြီဆိုတဲ့ အတိတ်နိမိတ်တွေပဲ ဟု ကောက်ချက်ချ ပြောဆိုနိုင်သည်။ သိပ်ကို မှန်လှပါ သည်။ သည်လိုဆိုလျှင် ယုံကြည်သူ ဘုရားသားသမီးတွေအတွက် ဤကမ္ဘာကြီးပေါ်မှာ လုံခြုံစွာနေရ သောအခွင့် ရွိပါဦးမလားဟု သင် မေးကောင်းမေးမည်။ ဟုတ်ကဲ့။ ရှိပါသည်ဟုပဲ ၀မ်းသာအားရစွာနဲ့ ကျွန်တော် ဖြေပါမည်။

ငြိမ်၀ပ်စွာ အိပ်၍ပျော်ပါမည်။ အကြောင်းမူကား၊ အကျွနု်ပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ်တော်အရှင် ထာ၀ရဘုရားသာလျှင် အခွင်ပေးတော်မူ၏ (ဆာလံ ၄း ၈)။ 
သည်ဆာလံကို ဒါ၀ိဒ်မင်းက စပ်ဆိုခဲ့ခြင်းဖြစ်သည်။ ကျွနု်ပ်တို့သည် ဤကမ်ဘာမြေကြီးပေါ်၌ လုံခြုံစွာနေ ရသောအခွင့် ရှိပါသည်။ သို့သော် ထိုအခွင့်ကို လူ့အစွမ်းအစဖြင့် ကြိုးစား၍ မရနိုင်။ ထာ၀ရ ဘုရားသခင် ပေးအပ်မှသာ ရရှိနိုင်သည်။ သို့ဆိုလျှင် မည်သို့မည်ပုံ ပေးသနည်း? နည်းလမ်းငါးမျိုးဖြင့် ပေးသည့်အကြောင်း ကျွန်တော် ေ၀ငှသွားပါမည်။ 
၁။ ဘုရားသခင်၏ စကားတော်အားဖြင့် (By the word of God)

ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်၀ပ်လိမ့်မည် (သုတ္တံ ၁း ၃၃)။ ဘုရားသခငသည် သူ၏ စကားတော်ကို နားထောင်သောသူ၊ တစ်နည်းအားဖြင့် စကားတော် အတိုင်း အသက်ရှင်သောသူတိုင်းကို ဘေးအန္တရာယ်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ငြိမ်၀ပ်စွာ နေနိုင်သော အခွင့်ကို လိုလားသူတိုင်းသည် မည်သည့်အခြေအနေ၊ အချိန်အခါ၌မဆို ဘုရားစကားကို နာခံ နားထောင်သူ ဖြစ်ရမည်။ (တရားဟောရာ ၂၈း ၁-၁၄)ကို ဖတ်ကြည့်ပါ။ စကားတော်ကို စေ့စေ့ နားထောင်သည့်အခါ ကျွနု်ပ်တို့သည် ဘေးမဲ့လုံခြုံစွာ နေရသည်သာမက ကတိတော်အတိုင်း ကြွယ်၀ သောကောင်းချီးမင်္ဂလာများကို ရရှိလာလိမ့်မည်ဟု ဘုရားရှင်က ကတိပြုထားပါသည်။

၂။ အသွေးတော်အားဖြင့် (By the Blood)
သိုးသငယ်၏ အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏ လက္ခဏာ သက်သေဖြစ်၍ ထိုအသွေးကို ငါမြင်သောအခါ သင်တို့ကို လွန်သွားမည်။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည် ဒဏ်ခတ်သောအခါ ဖျက်ဆီးခြင်းဘေးဥပါဒ်သည် သင်တို့ကို မသင့်မရောက်ရ (ထွက်၊ ၁၂း ၁၃)။ 
ဓမ္မဟောင်းခေတ်က ဣသရေလလူမျိုးများအား အကာအကွယ်ပေးသောအရာမှာ သိုးသငယ်၏ အေသြး ဖြစ်ါသည်။ ယနေ့ ဓမ္မသစ်ခေတ် ယုံကြည်သူများအတွက် လုံခြုံမှုပေးသောအရာမူကား သိုးသငယ်ဖြစ်သော ယေရှုခရစ်တော်၏ အသွေးတော်ပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ မိသားစု၊ အသင်း တော်နှင့် အမှုတော်ဆောင်ခြင်းလုပ်ငန်း၊ အားလုံးတို့အပါ်တွင် အသွေးတော်ဖြင့် ဖြန်းခြင်းကျေးဇူး တော်ကို နေ့စဉ် ခံယူလျက် လုံခြုံစိတ်ချမှုကို ရယူနိုင်ပါသည် (၁ပေ၊ ၁း ၁-၂)။

၃။ နာမတော်အားဖြင့် (By the Name) 
ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ မြွေတိုပကို ဖမ်းကိုင်ကြလတံ့။ သေစေတတ်သောအဆိပ်အတောက်ကို သောက် စားလျှင် ဘေးဥပါဒ်နှင့် ကင်းလွတ်ကြလတ့ံ။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကို တင်၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ၏ (မာကု ၁၆း ၁၇-၁၈)။

ထာ၀ရဘုရား၏ နာမတော်သည် ဓမ္မဟောင်းခေတ် ဣသရေလလူမျိုးများအတွက် လုံခြုံမှု၊ စိတ်ချမှုနှင့် ကာကွယ်မှု ပေးစွမ်းနိုင်သောအရာပင် ဖြစ်သည်။ သုတ္တံဆရာကလည်း ထာ၀ရဘုရား၏ နာမတော် သည် ခိုင်ခဲ့သော ရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေး၀င်သဖြင့် လုံခြုံစါာ နေရကြ၏ ဟု ရေးသားခဲ့သည် (သုတ္တံ ၁၈း ၁၀)။ ဂိဒေါင်နှင့် သူ၏လူ သုံးရာတို့သည် ထာ၀ရဘုရား၏ နာမတော် ကို ကြွေးကြော်လျက် ကျိုင်းကောင်နှင့်အမျှ များပြားလှသော ရန်သူအပေါင်းတို့ကို အနိုင်ယူခဲ့ပေသည် (တရားသူကြီး ၇း ၂၀-၂၁)။ ဒါ၀ိဒ်သည်လည်း ထာ၀ရဘုရား၏ နာမတော်ကို မြွက်ဆိုကြွေးကြော် လျက် ဂေါလျက်ကို အနိုင်ယူချေမှုန်းခဲ့လေသည် (၁ရာ၊ ၁၇း ၄၅-၅၀)။

ယနေ့ကျွနု်ပ်တို့သည် ယေရှုခရစ်တော်၏ နာမတော်ကို နေ့စဉ်ဆွဲကိုင်လျက် ကျွနု်ပ်တို့အား ရန်ပြု နှောင့်ယှက်နေသော မှောင်မိုက်တန်ခိုး၊ စာတန်နတ်ဆိုးနှင့် ၀ိညာဉ်ဆိုးများအပေါ်တွင် အနိုင်ယူ အောင်ပွဲခံနိုင် ပေသည်။

၄။ ၀ိညာဉ်တော်အားဖြင့် (By The Spirit)
ရန်သူသည် ရေလွှတ်မိုးသကဲ့သို့ ၀င်သောအခါ ထာ၀ရဘုရား၏ ၀ိညာဉ်တော်သည် ဆီးတား တော်မူမည် (ဟေရှာယ ၅၉း ၁၉)။ 
သန့်ရှင်းသော ၀ိညာဉ်တော်သည် သုံးပါးတစ်ဆူတွင် တတိယပုဂ္ဂိုလ် ဖြစ်သည်။ ၀ိညာဉ်တော်သည် ကျွနု်ပ်တို့အထဲ၌ နေထိုင်ပြီး ကျွနု်ပ်တို့နှင့်အတူရှိကာ ကျွနု်ပ်တို့အပေါ်၌ ဘိသိက်ပေးသူ ဖြစ်ပါသည်။ ၀ိညာဉ်သည် ကျွနု်ပ်တို့အား နှစ်သိမ့်သူ၊ ကူညီမစသူနှင့် ဘေးအန္တရာယ်မှ အကာအကွယ်ပေးသူ (Protector) ဖြစ်သည်။

ရန်သူကို အောင်မြင်အနိုင်ယူနိုင်သည့် အကြီးမားဆုံးသော တန်ခိုးတော်သည် သန့်ရှင်းသော ၀ိညာဉ်တော်၏ တန်ခိုး ပင် ဖြစ်သည်။ ငြိမ်၀ပ်စွာနေရသော အခွင့်သည်လည်း ၀ိညာဉ်တော်ဘုရား ပေးအပ်မှသာ ရရှိနိုင်သည် (ဟေရှာယ ၆၃း ၁၄)။ ကျွနိုပ်တို့သည် လုံခြုံစိတ်ချစွာ အသက်ရှင်နေထိုင်ဖို့ ရန်အတွက် ၀ိညာဉ်တော် ဘုရားကိုသာ လုံးလုံးလ်ားလ်ား အမှီပြုထားရမည် ဖြစ်ပါသည်။

၅။ ကောင်းကင်တမန်များအားဖြင့် (By the Angels)
ထာ၀ရဘုရားကို ကြောက်ရွံ့သောသူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ္ခ်၍ ကယ်လွှတ်တ်ကြ၏ (ဆာလံ ၃၄း ၇)။
ကျွန်တော်တို့တတွေ သတိမပြုမိသည့်အရာ တစ်စုံတစ်ခုရှိသည်။ ၄င်းမှာ ကျွနု်ပ်တို့ ငယ်စဉ်တောင် ကျေး ကေလးဘ၀မွစ၍ ယနေ့ထိတိုင် ကျွနု်ပ်တို့အား အကာအကွယ်ပေးဖို့ရန်အတွက် ဘုရားသခင် သည် သူ၏ ကောင်းကင်တမန်များကို စေလွှတ်ထားခြင်းပင် ဖြစ်သည်။ မှန်ပါသည်။ ၄င်းတို့သည် ကျွနု်ပ်တို့အား ကူညီစောင့်ရှောက် ပေးနေသည့် အစေခံနံ၀ိညာဉ်များပင် ဖြစ်သည် (ဟေဗြဲ ၁း ၁၄)။

ဤနေရာတွင် သတိပြုရမည့်အချက်မှာ ကောင်းကင်တမန်များသည် ထာ၀ရဘုရားကို ကြောက်ရွံ့ သောသူတို့ကိုသာ ဘေးအန္တရာယ်မှ ကယ်လွှတ်ပေးခြင်း ဖြစ်သည်။ ထာ၀ရဘုရားကို ကြောက်ရွံ့ သောသူ ဆိုသည်မှာ ဒုစရိုက်ကို မုန်းသောသူကို ဆိုလိုခြင်း ဖြစ် (သုတ္တံ ၈း ၁၃)။

ချွင်းချက်
ယုံကြည်သူများ/အမှုတော်ဆောင်များ အနေနှင့် ခရစ်တော်၏ နာမကြောင့် ညှင်းပန်းနှိပ်စက်ခံရခြင်း မာတုရအဖြစ် အသေသတ်ခံရခြင်းမျိုး (သို့မဟုတ်) သဘာ၀ဘေးဒါဏ် တစ်ခုခုကြောင့် ထိခိုက် သေဆုံးမှုမျိုးနှင့်လည်း တစ်ခါတရံ ကြုံတွေ့ရ နိုင်သည်။ ထိုကဲ့သို့သော အချိန်အခါမျိုးတွင် (ရောမ၊ ၈း ၂၈)ကို သတိရပါ။

ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။

အရာအားလုံးသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေဖို့နှင့် ကျွနု်ပ်တို့၏ ကောင်းကျိုးအတွက် ကို ရည်ရွယ်၍ ကိုယ်တော်က ခွင့်ပြုခြင်း ဖြစ်သည်။ ကျွနု်ပ်တို့၏ အသက်တာသည် ကိုယ်တော်၏ လက်တော်ထဲ၌ လုံခြုံစွာ ရှိနေပြီး အဘယ်အရာကမျှ ကိုယ်တော်နှင့် ကျွနု်ပ်တို့ကို မကွာစေနိုင်ကြောင်း ဆင်ခြင်လျက် ခွန်အားယူပါ။

အချုပ်ဆိုသော် ကျွနု်ပ်တို့အား အစဉ်အမြဲ လုံခြုံစွာ နေရသောအခွင့်ကို ပေးသနားတော်မူသော အဘဘုရားသခင်၏ ကျေးဇူးတော်ကို ရေတွက်ချီးမွမ်းလျက် ကောင်းကင် ရွှေပြည်တော် ရောက်သည့်တိုင် ၀မ်းမြောက်ပျော်ရွှင်စွာ ခရီးဆက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်းလိုက် ရပေသည်။

Rev. သိန်းသန်းထွန်း




Saturday, 11 February 2017

ကြွယ်၀ပြည့်လျှံသော အသက်တာ

(Eight Steps to Destination :
Prosperity Overflow)
ဘုရားသခင်က ကျွနု်ပ်တို့အား ရောက်ရှိစေ
ချင်သည့်နေရာ တစ်နေရာ ရှိပါသည်။ ၄င်း
မှာ ကောင်းချီး မင်္ဂလာ ပြည့်လျှံစီးထွက်နေ
သည့် အသက်တာပင် ဖြစ်သည်။ ကျွနု်ပ်တို့
အားလုံး အဲသည်နေရာဆီ ရောက်ဖို့ ဘုရား
ရှင် အလိုတော်ရှိသည်ဟု ကျွနု်ပ်အကြွင်းမဲ့
ယုံကြည်သည်။ ကြွယ်၀ပြည့်စုံခြင်း ဟူ သည်

 ဘုရားသခင်က သူ့မေတ္တာကို ထင်ရှားပြသပေးသည့်အရာ ဖြစ်သည်ဟု ကျွနု်ပ် ယုံကြည် သည်။ ကျွန်တော့်ကို နားလည်မှုမလွဲပါနှင့်။ ကျွန်တော့်အနေနဲ့ ငွေအကြောင်း တစ်ခုတည်းကိုပဲ ပြော နေခြင်း မဟုတ်ပါ။ ကြွယ်၀ပြည့်စုံခြင်းလို့ ပြောသည့်အခါ ငွေလည်းပါတာ မှန်ပါသည်။ သို့သော် သည့်ထက် ပိုပြီး အဓိပ္ပါယ်လေးနက်လှပါသည်။
  
ဘုရားရှင်က သင်၏၀ိညာဉ်၊ စိတ်နှလုံးနှင့် ကိုယ်ခန္ဓာ သုံးပါးစလုံး ကြွယ်၀ပြည့်စုံဖို့ရန် အလိုရှိပါသည်။ ဒါတင်မက သင်လုပ်ဆောင်နေသော အမှုတော်မြတ်လုပ်ငန်း၊ လူမှုဆက်ဆံရေးနယ်၊ အိမ်ထောင်ရေး နှင့် အလုပ်အကိုင်စသည့်ကဏ္႑တို့၌လည်း ကြွယ်၀ပြည့်စုံနေဖို့ရန် အလိုရှိပါသည်။ သူ၏ကတိတော် မြတ်နှင့်အညီ သင့်အတွက် အရာရာ၌ ပိုကောင်းအောင် လုပ်ဆောင်ပေးလိုပါသည်။

ဘုရားရှင်က သူလုပ်ဆောင်ရမည့် အပိုင်းကို လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။ ကျွနု်ပ်တို့အပိုင်းက ဆောင်ရွက်ရမည့်အရာများကိုလည်း အဆင်သင့်ထားပေးပြီး ဖြစ်သည်။ သည်အရာကို ကျွနု်ပ်တို့ နားလည်သဘောပေါက်ခြင်းမရှိပါက ဘုရားရှင် ကျွနု်ပ်တို့အတွက် ထားရှိသည့် ပန်းတိုင်သို့မရောက်ရှိပဲ အသက်တာကုန်လွန် သွားနိုင်သည်။ 
ကြွယ်၀ပြည့်လျှံသော အသက်တာသို့ ရောက်ရှိဖို့ရန်အတွက် အဆင့်(၈)ဆင့်ရှိပါသည်။ အကယ်၍ သင်၏ ရည်မှန်းချက်ပန်းတိုင်သည် ာကွယ်၀ပြည့်လျှံသော အသက်တာသို့ ရောက်ရှိရန် ဖြစ်သည်ဟု ဆိုလျှင် သည်ဖြစ်စဉ် အဆင့်ဆင့်ကို ကောင်းစွာနားလည် သဘောပေါက်ပြီး လေးစားလိုက်နာရမည်။ အဲသည်ဖြစ်စဉ်က သင့်အသက်တာကို ဘယ်လို ထိတွေ့ပြီး အကျိုးသက်ရောက်မှုရှိသည် ဆိုတာကို သေသေချချာ ကြည့်စေချင်ပါသည်။

အဆင့်(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်
Step 1 : The Word of God
‘ဘုရားသခင်၏ နှုတ်ကပတ်တော်’ ဟုတ်ကဲ့၊ ဖြစ်စဉ်အထဲရှိ အရာခပ်သိမ်း၏ အစသည် ဘုရားသခင် နှုတ်ကပတ်တော်ပင် ဖြစ်သည်။ သင်၏ပန်းတိုင်ဖြစ်သော ကြွယ်၀ပြည့်စုံသောအသက်တာသို့ အရောက် လှမ်းဖို့ရန် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့်သာ အစပြုရမည် (ယော၊ ၁း၁) ၌ ‘အစအဦး၌ နှုတ်ကပတ်တော်ရှိ၏’ ဟု ဆိုထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မည်သည့်အခါမျှ ပျက်စီးခြင်းမရှိသည့် မျိုးစေ့ဖြစ်ပြီး အမြဲရှင်သန်သီးပွင့် စေဆာတတ်သည့် သဘာ၀ရှိ သည်။ ၄င်းသည် ကြွယ်၀ပြည့်စုံခြင်း၏ မူလအစအဦး (origin) ပင်ဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာတိုက်သို့သွားရာ ဂိတ်တံခါး၀လည်း ဖြစ်သည်။ နှုတ်ကပတ်တော်မပါဘဲ မည်သည့် နည်းနည်းနှင့်မှ ကြွယ်၀ပြည့်စုံခြင်းကို မရရှိနိုင်ပေ။

ကြွယ်၀ပြည့်စုံခြင်းဟူသည် ငွေ၌အခြေပြုထားသည့် အရာမဟုတ်။ နှုတ်ကပတ်တော်၌ အခြေပြုထား သည့်အရာ ဖြစ်သည်။ ကျွနု်ပ်တို့ ဘယ်လောက်ပင် ပေးလျှပါစေ၊ နှုတ်ကပတ်တော်မျိုးစေ့ဖြင့် အခြေမပြုထားလျှင် ထိုငွေကြေးအတွက် အနာဂတ်ရှိမည် မဟုတ်ပေ။ သည်အရာသည် ဘုရားသခင် ၏ နှုတ်ကပတ်တော်မှာ ဖွင့်ပြသည့်အရာ ဖြစ်သည်။ နှုတ်ကပတ်တော်မျိုးစေ့ ပါမှသာ ငွေကြေးမျိုးစေ့ ကို တိုးပွားစေနိုင်သည်။ ကျွနု်ပ်တို့အတော်များများက နှုတ်ကပတ်တော်မျိုးစေ့ပါဘဲ ငွေမျိုးစေ့ သက်သက်ကိုပဲ စိုက်ကြဲမိကြသည်။ နောက်ခံတန်ခိုးအင်အား တစ်စုံတစ်ခုမျှမရှိဘဲ ငွေကြေးမျိုးစေ့ကို ကြဲမိတတ်ကြသည်။

သည်နေရာမှာ ငွေရေးကြေးရေး၌ တစ်ရှိန်ထိုး ထိုးဖေါက်မှု (Funancial breakthrough) တစ်ခါမှ အတွေ့အကြုံမရှိသော တရားဟောဆရာတစ်ဦးအကြောင်း စိတ်ထဲ၌ မြင်ယောင်ကြည့်ပါ။ အလှုငွေ အိတ် သူ့ဆီလာသောအခါ သူတစ်ခုခုတော့ ထည့်လိုက်လိမ့်မည်။ သို့သော် သူ့အတွက် အခြေအနေ တွေက ဘာမှကောင်းလာတာ မမြင်ရပေ။ ဘာကြောင့်လဲ? အဖြေက သူ့အနေနဲ့ ငွေကြေးမျိုးစေ့ကို ပေးလိုက်သော်လည်း ‘ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ငွေကြေးဆိုင်ရာ ထိုးဖောက်အောင် မြင်ခြင်း’ ဟူသည့် ဖွင့်ပြမှုကို လက်ခံရရှိခြင်း မရှိသောကြောင့် ဖြစ်သည်။ ငွေကြေးမျိုးစေ့သက်သက်ကို သာ စိုက်ကြဲပြီး နှုတ်ကပတ်တော် မျိုးစေ့ မပါသောကြောင့် အချည်းနှီးဖြစ်ရခြင်း ဖြစ်သည်။

သင့်အသက်တာ ကဏ္႑အသီးသီး၌ ကြွယ်၀ပြည့်စုံမှုကို အဆုံးအဖြတ်ပေးသည့်အရာသည် ဘုရား သခင်၏ နှုတ်ကပတ်တော်တည်းဟူသော မျိုးစေ့ပင်ဖြစ်သည်။ ဆရာ၀န်က ‘သင်ဖျားနေတယ်’ လို့ ပြောသည့်အခါ နှုတ်ကပတ်တော်မျိုးစေ့က သင့်ကိုချမ်းသာပေးလိမ့်မည်။ အားလျော့စိတ်ပျက်နေသည့် အခါ ၄င်းက သင့်ကို ခွန်အားပေးလိမ့်မည်။ သင့်အိမ်ထောင်ရေး၌ ပြဿနာတွေနဲ့ ရှုပ်ထွေးနစ်မွန်းနေ ချိန်မှာ ၄င်းက ပြန်လည်ကယ်တင်ပေးလိမ့်မည်။ ကြွယ်၀ပြည့်လျှံသော အသက်တာပန်းတိုင်သို့ လျှောက်လှမ်းရာ ခရီးစဉ်၌ နှုတ်ကပတ်တော်ဖြင့်သာ အစပြုရမည်။

အဆင့် (၂) သင်၏ စဉ်းစားတွေးခေါ်ခြင်း
Step 2 : Your Thinking 
သင့်အနေနဲ့ လူတွေကို ‘ဘာကြောင့် ခင်င်္ဗျား ကျမ်းစာ ဖတ်ရတာလဲ’ လို့ မေးကြည့်လျှင် ဖြေအမျိုးမျိုး ပေးလိမ့်မည်။ သို့သော် ‘သင် ဘာကြောင့်ကျမ်းစာဖတရသလဲ’ ဟုဆိုလျှင် ၄င်းသည် သင်၏ စဉ်းစား တွေးခေါ်မှုကို လွှမ်းမိုးအုပ်ချုပ်နိုင်သောကြောင့် ဖြစ်သည်ဟု ကျွန်တော်ပြောပါမည်။ ၄င်းက သင်၌ မည်ကဲ့သို့သော စိတ်သဘောထားရှိရမည်ကို ဖော်ပြပေးပါသည်။ သည်အရာသည် ပန်းတိုင်သို့ ရောက်ရှိရန်အတွက် ဒုတိယအဆင့်ပင် ဖြစ်သည်။

 တစ်နည်းဆိုရလျှင် နှုတ်ကပတ်တော်ကို စဉ်းစား ဆင်ခြင်ခြင်း (သို့) ကြွယ်၀ပြည့်စုံဖို့ရန် စဉ်းစားဆင်ခြင်ခြင်း (Word thinking (or) Prosperos thinking) ဖြစ်သည်။ 
၃ယော အငယ် ၂ ၌ ‘အချင်းချစ်သူ၊ သင်၏ စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ သင်သည် အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏’ ဟုဖော်ပြထားသည်။ သင့်အသက် တာ၏ ကြွယ်၀ပြည့်စုံမှုသည် သင်၏စိတ်နှလုံး အသိစိတ် (mind)၊ ဆန္ဒစိတ် (will) နှင့် ခံစားစိတ် (emotion) ၏ ကြွယ်၀ပြည့်စုံမှုအပေါ်၌ မူတည်နေပါသည်။

သင် စဉ်းစားတွေးထင်သည့်အတိုင်း သင်ဖြစ်လိမ့်မည်။ (You will be as you think) သုတ္တံ ၂၃း ၇ ၌ ‘သူသည် စိတ်ထင်သည့်အတိုင်း ဖြစ်၏’ ဟု ဆိုထားသည်။ အကယ်၍ သင်သည် သင့်စိတ်ထဲ၌ ‘ဘ၀တစ်ခုလုံး ဆင်းဆင်းရဲရဲ နေရမည်’ ဟု စဉ်းစားတွေးထင်လျှင် အဲသည်အတိုင် သင်၌ ဖြစ်လိမ့် မည်။ အကယ်၍ သင်သည် ငွေကြေးအကြပ်အတည်းကို ထိုးဖေါက်အောင်မြင်နိုင်လိမ့်မည်ဟု စဉ်းစား တွေးထင်လျှင် သင်၌ အမှန်ပင် ဖြစ်လိမ့်မည်။ 
သင် ဘယ်လိုတွေးခေါ်နေတယ်ဆိုတာ ယခုပင် ဆန်းစစ်ပါ။ သင်၌ ဆင်းရဲချို့တဲ့မည်၊ ဖျားနေမည်၊ ရှုံးနိမ့်မည်ဆိုသည့် အတွေးကို စဉ်းစားတွေးခေါ်နေပါသလား? သင်၏ အတွေးအခေါ်၌ ဖြစ်နေသော အရာက လွှမ်းမိုးနေသနည်း? ယနေ့ သင့်စဉ်းစားတွေးခေါ်ခဲ့သည်အတိုင်း အကောင်အထည် ပေါ်လာ ခြင်းဖြစ်သည်။ 

အဆင့် (၃) သင်၏ စိတ်ခံစားမှု
Step 3 : Your Emotions
ဘုရားသခင်၏ နှုတ်ကပတ်တော်က သင့်အား မှန်ကန်သော စဉ်းစားတွေးခေါ်မှုပြုရန် ဦးဆောင်ကူညီ ပေးမည်။ ၄င်းစဉ်းစားတွေးခေါ်မှုက သင့်အား နှုတ်ကပတ်တော်နှင့် ညီသော စိတ်ခံစားမှုကို ဖြစ်စေလိမ့်မည်။

စိတ်ခံစားမှုများသည် ဘုရားပေးသည့် လက်ဆောင်တစ်ခုပင် ဖြစ်သည်။ ယေရှုကိုယ်တိုင် စိတ်ခံစားမှု ရှိခဲ့သည်။ ကျမ်းစာက ကိုယ်တော်သည် ကျွနု်ပ်တို့၏ ဆင်းရဲဒုက္ခများကြောင့် ကြင်နာသနားမှုဖြစ်ပေါ် လာသည်ဟု ဖော်ပြထားသည် (ဗြဲ ၄း ၁၅)။ စိတ်ခံစားမှုရှိတာကောင်းပါသည်။ သို့သော် စိတ်ခံစားမှုက ကျွနု်ပ်တို့ကို လုံး၀ထိန်းချုပ် သွားသည်အထိ မဖြစ်အောင်တော့ အမြဲသတိပြုရမည်။

စိတ်ခံစားမှုဟူသည် နာကျင်မှု (သို့) ၀မ်းပမ်းတသာ ပီတိဖြစ်မှု တစ်ခုခုကြောင့် ဖြစ်ပေါ်လာသည့် စိတ်အခြေအနေ တစ်ရပ်ဖြစ်ပြီး သင့်ကို တစ်စုံတရာအတွက် တွန်းအားပေးသည့်အရာ ဖြစ်သည်။ ဘုရားရှင်က သင့်အား စိတ်ခံစားမှုကို ပေးထားသည်မှာ မှန်ပါသည်။ သို့သော် ၄င်းကို ထိန်းချုပ်တတ် ဖို့ သင်မသိပါက သင့်အတွက် မလိုလားအပ်သောအရာများကို ဖြစ်စေနိုင်သည်။

တစ်ခါတစ်ရံ စာတန်မာရ်နတ်က ဘုရားသခင်၏ အလိုတော်လမ်းမှ လွဲချော်သွားစေရန် သင်၏ စိတ်နှလုံးအားဖြင့် သွေးဆောင်ဖျားယောင်း တတ်သည်ကို သတိပြုပါ။ မာရ်နတ်က ယေရှုအား ဂေသရှေမာန်ဥယျာဉ်ထဲ၌ သည်နည်းအတိုင်း ကြိုးစားခဲ့ပါသည်။ ကိုယ်တော်သည် အလွန်စိတ်ပူပန် ညှိုးငယ်ခြင်းရှိသည့်အတွက်ကြောင့် ကိုယ်မှ ထွက်သောချေွးသည် သွေးစက်ခဲကဲ့သို့ ဖြစ်ပေ၏။

 မိမိ၏ စိတ်ခံစားမှုက မိမိကို မလွှမ်းမိုးသွားမည်အကြောင်း ကိုယ်တော်သည် တွန်းလှန်နေခြင်း ဖြစ်သည်။ 
ထိုကဲ့သို့ ကိုယ်တော်သည် ဆန့်ကျင်တွန်းလှန်ရင်း ရှေ့သို့အနည်းငယ်လွန်သွားလျက် ဆက်လက် ဆုတောင်းနေခဲ့သည် (မာ၊ ၁၄း ၃၄ -၃၅)။ သင်၏ စိတ်ခံစားမှုက သင့်အား ဘုရားသခင်၏ အလိုတော်လမ်းမှ လွဲချော်သွားစေရန် လှုံ့ဆော်သည့်အခါ ယေရှုကဲ့သို့ ရှေ့ဆက်လှမ်းပြီး ဘုရားသခင်၏ အလိုတော်ကို ၀န်ခံလျက် ဆုတောင်းပါ။ စိတ်ခံစားမှုနောက်သို့ မလိုက်မပါမိစေရန် သတိပြုပါ။ အမှန်စင်စစ် သင်၏ စိတ်ခံစားမှုကို အနိုင်ယူနိုင်သည့် အခွင့်အာဏာကို ဘုရားရှင် ပေးအပ်ထားပြီး ဖြစ်ပါသည်။ 

အဆင့် (၄) သင်၏ ဆုံးဖြတ်ချက်
Step 4 : Your Decisions
ကျွနု်ပ်တို့၏ စိတ်ခံစားမှုအပေါ်မှာ မည်ကဲ့သို့ ထိန်းချုပ်မည်နည်း ဆိုသည်မှာ အလွန်ပင် အရေးကြီး လှပါသည် အဘယ်ကြောင့်ဆိုသော် ကျွနု်ပ်တို့၏ စိတ်ခံစားမှုအပေါ် မူတည်၍ ဆုံးဖြတ်ချက်များကို ကျွနု်ပ်တို့ချမှတ်တတ်ခြင်းကြောင့် ဖြစ်သည်။ 
ဘ၀ဟူသည် ဆုံးဖြတ်ချက်များနှင့် ပြည့်နေသောလမ်းခရီးတစ်ခု ဖြစ်၏။ (Life is a series of decisions) နေ့စဉ် နံနက်တိုင်း သင်အိပ်ယာထသည်နှင့် ဆုံးဖြတ်ချက်တစ်ခုကို သင်ချရစမြဲဖြစ်၏။ တရားဟောရာကျမ်း ၃၀း ၁၉ အရသင်သည် လွတ်လပ်သောကိုယ်စားလှယ်တစ်ဦး ဖြစ်၏။ အသက်ရှင်ခြင်း (သို့) ကောင်းချီးပေးခြင်း (သို့) ကျိန်ခြင်းတစ်ခုခုကို သင်ရွေးချယ်နိုင်သည်။

  ဘုရား သခင်၏ နှုတ်ကပတ်တော်နှင့် ဆီလျှော်သော ဆုံးဖြတ်ချက်များကို သင်ချမှတ်သည့်အခါ ကောင်းကင် ဘုံသည် သင့်နောက်မှ ရပ်တည်ပေးလိမ့်မည်။ ခိုင်မာသောဆုံးဖြတ်ချက် ချပြီးနောက် ယေရှုခရစ် တော်၏ အစီအစဉ်၌ ကြားဖြတ်၀င်ရောက်လာသူ တရားဇရပ်မှုးယာဣရုအကြောင်း ခဏဆင်ခြင် ကြည့်ပါ။ 
‘ယေရှုသည် ကမ်းတစ်ဖက်သို့ ကူးပြန်၍အိုင်နားမှာရှိတော်မူစဉ် များစွာသော လူအပေါင်းတို့သည် အထံတော်၌ စုေ၀းကြ၏။ ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှုးသည်လာ၍ ကိုယ်တော်ကိုမြင် လျှင် ခြေတော်ရင်း၌ ပျပ်၀ပ်လျက်၊ အကျွနု်ပ်၏သမီးငယ် သေလုပါပြီ။ သို့သော်လည်း ကိုယ်တော် သည် ကြွ၍ သူ့ကိုကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏’ (မာ၊ ၅း ၂၁-၂၂)။

ယေရှုခရစ်တော် ဘာလုပ်ခဲ့သလဲ? အငယ် ၂၄ တွင် ကြည့်ပါ။ ‘ကိုယ်တော်သည် သူနှင့်အတူသွား၍’ ဟု ဖော်ပြထားသည်။ သင် သတိပြုမိပါသလား။ ယေရှုသည် လှေပေါ်မှ ဆင်း၍ သူ၏အသက်တာ၌ ရှိသော ဘုရားသခင်၏ အလိုတော်ကို ပြိးပြည့်စုံစေရန် အသင့်ဖြစ်နေပါသည်။ သို့သော် ယာဣရုက ကြားဖြတ်၀င်ရောက် လာသောအခါ ယေရှုသည် သူနှင့်အတူ ကြွသွားတော်မူပါသည်။

အငယ် ၂၈ ကို ဆက်ကြည့်ပါ။ ထိုကဲ့သို့သော အခြေအနေမှာပင် သွေးသွန်နာစွဲသော မိန်းမ တစ်ယောက် ရောက်ရှိလာသည်။ သူမလည်း ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ ‘ငါသည် အ၀တ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်’ ဟုဆိုခဲ့သည်။ ယေရှုအနေနဲ့ ချက်ခြင်း အဲဒီနေရာမှာဘဲ ရပ်ပြိး အနာငြိမ်းပေးခဲ့သည်။ မကြာခင်မှာပဲ ယာဣရုရဲ့ သမီးလည်း ချမ်းသာရာ ရခဲ့ပါသည်။

၄င်းအဖြစ်အပျက် (၂)ခုစလုံး၌ ယေရှုသည်တစ်စုံတစ်ခုသောအရာကို ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။ ဤနေရာ၌ အလွန်တန်ခိုးကြီးသော ၀ိညာဉ်ရေးရာနိယာမတစ်ခုကို တွေ့နိုင်သည်။ ၄င်းမှာ ယေရှုသည် ခမည်းတော်ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆုံးဖြတ်ချက်များ ချမှတ်တန်သောလက်သို့ ကိုယ်တော်၏ အမှုတော်မြတ်နှင့် ဘိသိက်ခြင်းကို လွှဲအပ်ပေးလျက်ရှိသည်ဆိုတာပဲ ဖြစ်သည်။ ထိုအတွက်ကြောင့် သင်သည် ကိုယ်တော်၏အလိုတော်နှင့်ညီသော ဆုံးဖြတ်ချက်များကို ချမှတ် သည့်အခါ ကိုယ်တော်သည် ရပ်တန့်လျက် သင့်ဘက်သို့ လှည့်လျက်၊ သင့်အိမ်၏ ၀န်ထုတ်များ၊ တံပိုးများကို ဖယ်ရှားပေးမည်ဖြစ်သည်။ ဤသည်မှာ အစွမ်းတန်ခိုးထက်လှသော ဆုံးဖြတ်ချက်၏ ရလဒ်ပင်ဖြစ်သည်။

အဆင့် (၅) သင်၏ အပြုအမူ
Step 5 : Your Actions
သင်၏ ဆုံးဖြတ်ချက်များအတိုင်း သင်၏အပြုအမူက ပေါ်လွင်လာလိမ့်မည်။ ‘အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်းဖြစ်သောကြောင့် အသေဖြစ်၏’ (ယာ၊ ၂း ၁ရ) ဟု ဆိုထား၏။ ထိုကြောင့် သင်ဆုံးဖြတ် ထားသည့်အတိုင်း စတင်ပြောဆိုပါ။ သင့်အနေနဲ့ ဒေါ်လာ ၅၀၀ တန် ၀တ်စုံတစ်စုံ ၀ယ်ဖို့ရန် လောလောဆယ် မဖြစ်နိုင်သေးပေးမယ့် သန့်ပြန့်သည့် ၀တ်စုံတစ်စုံလောက် တော့ ၀တ်ပြီး နက်ကတိုင် လှလှတစ်ခု တပ်လိုက်ပါ။ ပြီးတော့ လက်ကိုင်ပဝါတစ်ခုလည်း အိပ်ကပ်ထဲ ထည့်ထားလိုက်ပါ။ ကြွယ်၀ပြည့်လျှံသောအသက်တာထဲမှာ စတင်သရုပ်ပြပါ။ ဘုရားသခင်သည် သင်၏ အမူအရာကို ချိန်ဆလျက်ရှိပါသည် (၁ရာ၊ ၂း ၃)။ ထို့ကြောင့် သင်လုပ်ဆောင်နိုင်သည်ကို စတင် လုပ်ဆောင်ပါ။ 
သင်၏ အမူအရာ၊ အပြုအမူက သင်၏ ယုံကြည်ချက်ကို ပြသနိုင်ပါစေ။

အဆင့် (၆) သင်၏ အကျင့်စရိုက်
Step 6 : Your Habits
သင်၏ အပြုအမူက သင်၏ အကျင့်ဘယ်လိုရှိမယ်ဆိုတာ အဆုံးအဖြတ် ပေးလိမ့်မည်။ နေ့စဉ်နေ့တိုင်း သင်ပြုမူသမျှသည် သင်၏ အလေ့အကျင့် ဖြစ်လာမည်။ ထိုကြောင့်နေ့စဉ် သင်ဘာတွေလုပ်သလဲ (သို့) ပြောနေသလဲ ဆိုတာပြန်လည်ဆန်းစစ်ပါ။ အကြောင်းမူကား သင်ပြုမူပြောဆိုသမျှအတိုင်း သင်၌ ဖြစ်လာမည်။ အကယ်၍ သင်သည် လိမ်ညာပြောပါက လူလိမ်တစ်ဦးဖြစ်လာဖို့ အလားအလာရှိသည်။ အကယ်၍ သင်သည် ညစ်ညမ်းသောရုပ်ပုံများ၊ ရုပ်ရှင်များကြည့်ရှုခြင်းကို တိတ်တခိုးပြုလုပ်ပါက ၄င်းအမူအကျင့်များ သင်၌ စွဲကပ်လာလိမ့်မည်။ ထိုကြောင့် ဘုရားသခင်၏အလိုတော်နှင့် ဆန့်ကျင့် ဘက်ဖြစ်သော အကျင့်စရိုက်များ သင်၌ မစွဲကပ်စေရန် သင်၏အပြုအမူကို သတိပြုထိန်း သိမ်းပါ။

အဆင့် (၇) သင်၏ အကျင့်စာရိတ္တ
Step 7 : Your Character
သင်၏ အကျင့်စရိုက်များက သင်၏စာရိတ္တဘယ်လို ရှိမယ်ဆိုတာ အဆုံးအဖြတ်ပေးလိမ့်မည်။ စာရိတ္တဆိုသည်မှာ လူတွေက သင့်အပေါ် ရှုမြင်သုံးသပ်သည့် အရာတစ်ခုလည်း ဖြစ်သည်။  
သင်၏ စာရိတ္တဘောင်ထက် ပိုလွန်ပြီး သင်ဟာ အမြင့်သို့ ရောက်မလာနိုင်ဘူးဆိုတာ နားလည် သဘောပေါက်ပါ။ နှစ်အတန်ကြာက ကျွနု်ပ်၏ ညီအစ်ကို ကဲနက်(သ်)ခုပ်လန်းပြောခဲ့တာကို သတိရမိ ပါသည်။ အကျင့်စာရိတ္တဆိုတာ မှန်ကန်တဲ့အရာကို မှန်ကန်စွာပြုလုပ်ခြင်းဟု ဆိုပါသည်။ တကယ် တော့ ကျွနု်ပ်တို့ရှိရမည့် အကျင့်စာရိတ္တကတော့ ယေရှုခရစ်တော်၏ အကျင့်စာရိတ္တပင် ဖြစ်သည်။ ကိုယ်တော်၏ အကျင့်စာရိတ္တကဘာလဲ၊ ‘ချစ်ခြင်းမေတ္တာ’ ဖြစ်သည်။ ကျွနု်ပ်တို့သည် အဂါပေ ချစ်ခြင်း မေတ္တာ၌ တည်သော အကျင့်စာရိတ္တကို တည်ဆောက်ရမည်။ သို့မှသာ လူတွေက ထိုမေတ္တာဖြင့်ချစ် တတ်ရန် သင်ယူနိုင်ပေသည်။

အဆင့် (၈) သင်၏ ကံကြမ္မာ
Step 8 : Your Destiny
နောက်ဆုံးပြောရလျှင် သင်၏ အကျင့်စာရိတ္တက သင့်ရဲ့ကံကြမ္မာ ဘယ်လိုဖြစ်မယ်ဆိုတာကို အဆုံး အဖြတ်ပေးလိမ့်မည်။ သင်၏ ခရီးဆုံးပန်းတိုင်က ဘာလဲ? ယော ၁၀ း ၁၀ ၌ ယေရှုက ‘ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အသက်နှင့် ပြည့်စုံစေခြင်းငှာ လာသတည်း’ ဟု ဆိုထားပါသည်။ ကြွယ်၀ပြည့်လျှံ၍ ၀မ်းမြောက်ခြင်းနှင့် ပြည့်စုံသောအသက်တာပင် မဟုတ်ပေလော။

နှုတ်ကပတ်တော်က သင်၏ စဉ်းစားတွေးခေါ်မူကို ထုတ်လွှတ်ပေးသည်။ သင်၏ စဉ်းစားတွေးခေါ်မှုက သင်၏ စိတ်ခံစားမှုကို ထုတ်လွှတ်သည်။ သင်၏ စိတ်ခံစားမှုက ဆုံးဖြတ်ချက်မှတ်ရန် လုပ်ဆောင်ပေး သည်။ ဆုံးဖြတ်ချက်ချခြင်းက အမူအရာကို ဖြစ်ပေါ်စေသည်။ သင်၏ အကျင့်စာရိတ္တက သင်၏ ဘ၀ကံကြမ္မာကို ဖြစ်ပေါ်စေလိမ့်မည်။ သင့်ဘ၀ ဘယ်လို အဆုံးသတ်မလဲ ဆိုသည်က အဲသည်ဖြစ်စဉ် ထဲမှာ သင်ဘယ်အရာကို ဘယ်လိုဆုပ်ကိုင်သလဲအပေါ် မူတည်ပါသည်။

သင်သည် ကြွယ်၀ပြည့်လျှံသော အသက်တာဖြင့် အသက်ရှင်ဖို့ရန် ဘုရားသခင်က ကြံစည်ထားပြီး ဖြစ်သည်။ သင်သည် ကိုယ်ခန္ဓာကျန်းမာခြင်း၊ ငြိမ်သက်ခြင်းအပြည့်ဖြင့် ကြွယ်၀ချမ်းသာသူဖြစ်ရန် ဘုရားသခင်က ရှေးမဆွကပင် ကြံစည်ထားပြီး ဖြစ်သည်။ သင့်ကို ဘုရားရှင်က ပျော်ရွှင်သော လူတစ်ဦးအဖြစ် ခေါ်ထားပြီး ဖြစ်သည်။ သင်၏ အသက်တာ၌ သန့်ရှင်းကြည်လင်စွာဖြင့် ဘုရားရှင်နှင့် မိတ်သဟာယဖွဲ့ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ 
‘ကြွယ်၀ပြည့်လျှံသော အသက်တာ’ ဟုတ်ကဲ့။ အဲသည်အရာက သင့်အတွက် ဤကမ်ဘာမြေပေါ်ရှိ ခရီးဆုံးပန်းတိုင်ပင် ဖြစ်ပါသည်။

Rev. သိန်းသန်းထွန်း