Friday, 29 July 2016

ထာ၀ရအသက်

ထာ၀ရအသက်လမ်းကို သမ္မာကျမ်းစာက တိကျ
စွာဖော်ပြထားပါသည်။ ပထမအနေနှင့် ကျွနု်ပ်တို့
သည် ဘုရားသခင်ကိုဆန့်ကျင်သောအပြစ်သား
ဖြစ်ကြောင်းကို အသိအမှတ်ပြုရမည်။ “အဘယ်
ကြောင့်နည်း ဟူမူကား၊ လူအပေါင်းတို့သည် ဒုစ
ရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်
ကြပြီ။” (ရော၊၃း၂၃)။ ကျွနု်ပ်တို့ လုပ်ဆောင်ခဲ့သော
 အရာဟူသမျှသည် ဘုရားသခင်ကို ၀မ်းနည်းစေခဲ့

သည်။

ထို့ကြောင့်ကျွနု်ပ်တို့သည် အပြစ်ဒဏ်ခံထိုက်သူ များဖြစ်သည်။ ကျွနု်ပ်တို့၏ အပြစ်အားလုံးက ထာ၀ရဘုရားသခင်ကို ဆန့်ကျင်သောကြောင့် ကျွနု်ပ်တို့သည် ထာ၀ရ အပြစ်ဒဏ်ကို ခံထိုက်သောသူများဖြစ်သည်။ “အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာ၀ရအသက်ပေတည်း။” (ရော၊ ၆း၂၃)

သို့သော် အပြစ်ကင်းမဲ့သော သခင်ယေရှုခရစ်တော်(၁ပေ၊၂း၂၂)၊ ထာ၀ရဘုရားသခင်၏ သားတော်(ယော၊၁း၁,၁၄) သည် လူ့ဇာတိကိုခံယူပြီး ကျွနု်ပ်တို့၏ ပြစ်ကြွေးအားလုံးကိုပေးဆပ်ရန် အသေခံခဲ့ပါသည်။ “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူ သည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏” (ရော၊ ၅း၈)။ သခင်ယေရှုခရစ်တော်သည် ကားတိုင်ပေါ်တွင် အသေခံ၍ (ယော၊ ၁၉း၃၁-၄၂)၊ ကျွနု်ပ်တို့ခံထိုက်သောအပြစ်ကြွေးအားလုံးကို သူ ယူဆောင်သွားခဲ့သည် (၂ကော၊ ၅း၂၁)။ သုံးရက်မြောက် သောနေ့တွင် သူသည် သေခြင်းမှထမြောက်၍(၁ကော၊၁၅း၁-၄) သူသည် အပြစ်တရားနှင့် သေခြင်းတရားကို အောင်မြင်ခဲ့ ကြောင်းသက်သေပြခဲ့သည်။ “သခင်ယေရှုခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကြီးစွာသော ဂရုဏာတော်နှင့်အညီ ငါတို့ကို တဖန်သွားစေတော်မူ၏။(၁ပေ၊၁း၃)။

ယုံကြည်ခြင်းအားဖြင့် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့၏အပြစ်မှ `ရုန်းထွက်နိုင်၍ ကယ်တင်ခြင်းရရှိရန် ခရစ်တော်ထံသို့ ပြန်လှည့်လာ၍ရပါသည်။ (တ၊၃း၁၉)။ ကျွနု်ပ်တို့သည် ခရစ်တော်ကို ယုံကြည်၍ သူသည် ကားတိုင်ပေါ်တွင် ကျွနု်ပ်တို့၏ အပြစ်ကြွေးအားလုံးပေးဆပ်ရန် အသေခံသည်ဟု ယုံကြည်ကိုးစားလျှင် ကျွနု်ပ်တို့သည် အပြစ်လွှတ်ခြင်းအခွင့်ရရှိပြီး ကောင်း ကင်နိုင်ငံတော်ကို အမွေခံရမည်ဖြစ်သည်။ “ဘုရားသခင်၏သားတော်ကိုယုံကြည်သော်သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာ၀ရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင် အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယော၊ ၃း၁၆)။

 “အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့် ၀န်ခံ၍ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” (ရော၊ ၁၀း၉)။ ကားတိုင်တော်ပေါ်တွင် ခရစ်တော်ပြုခဲ့သော အမှုကိုယုံကြည်ကိုးစားခြင်းသာလျှင် ကောင်းရာသုခဘုံသို့ ပို့ဆောင်ပေးနိုင်သော လမ်းသွယ်ဖြစ်သည်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း သို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ် ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရအခွင့်မရှိ” (ဧ၊ ၂း၈၊၉)။

မိတ်ဆွေသည် သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ်လက်ခံလိုလျှင် ဤသို့ဆုတောင်းပါ။ ယုံကြည်ခြင်းမရှိပဲ ဤ ဆုတောင်းကိုရွတ်ဆိုခြင်းသည်အားဖြင့်ဖြစ်စေ၊ တခြားဆုတောင်းခြင်းကို မြွက်ဆိုခြင်းအားဖြင့် မိတ်ဆွေသည် ကယ်တင်ခြင်း မရရှိနိုင်ပါ။ ခရစ်တော်က အပြစ်မှကယ်တင်ခဲ့သည်ဟု ယုံကြည်မှသာလျှင် ကယ်တင်ခြင်းရရှိနိုင်ပါသည်။ ဤဆုတောင်း ခြင်းသည် ဘုရားသခင်ကို ယုံကြည်ကြောင်းဖော်ပြသော ဆုတောင်းခြင်း၊ ဘုရားသခင်ပြင်ဆင်ပေးသော ကယ်တင်ခြင်းအတွက် သူ့ကို ကျေးဇူးတင်စကားပြောခြင်းသာဖြစ်သည်။ “ကိုယ်တော်ရှင်ဘုရားသခင်၊ ကျွနု်ပ်သည် ကိုယ်တော်ကိုပြစ်မှား၍ သေခြင်း ပြစ်ဒဏ်ကိုခံထိုက်သောသူဖြစ်ကြောင်းကို ကျွနု်ပ်သိရှိပါ၏။ သို့သော် သခင်ယေရှုခရစ်တော်သည် အပြစ်ကြွေးအားလုံးကို ယူဆောင်သွားခဲ့ပါ၏်။

 သခင်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကျွနု်ပ်သည် အပြစ်လွတ်ခြင်းအခွင့်ရခဲ့ပါ၏။ ကျွနု်ပ်သည် အပြစ် ဒုစရိုက်ကို ကျော်ခိုင်းပြီး ကယ်တင်ခြင်းရရှိနိုင်ရန် ကိုယ်တော်ကို ယုံကြည်ကိုးစားပါ၏။ ကိုယ်တော်၏ အံ့သြဖွယ်ရာ ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းတရားဖြစ်သော ထာ၀ရအသက်ရှင်ခြင်း ဆုကျေးဇူးအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏။! အာမင်!

Tuesday, 19 July 2016

ရှောက်လှမ်း ချီတက်ခြင်း

Stepping to Your Vision
    အမှုတော်ဆောင်တစ်ဦး သို့မဟုတ် ခေါင်းဆောင်
တစ်ဦးအတွက် အရေးကြီးဆုံးသောအရာ တစ်ခုမှာ
ဘုရားရှင်အပ်နှင်းထားသည့် ရူပါရုံပန်းတိုင်ဆီသို့ အ
ရောက်လှမ်းချီ တက်ခြင်းပင် ဖြစ် သည်။ ခေါင်းဆောင် တစ်ဦးနှင့်တစ်ဦး ရူပါရုံတူညီနိုင်မည် မဟုတ်သော်လည်း ရူံပါရုံသို့ ရောက်ရှိလိုသူတိုင်း သတိပြုရမည့် အခြေခံမူ
များမှာမူ အတူတူပင် ဖြစ်ပါသည်။ ၄င်းအခြေခံမူများကို ယောရှုမှတ်စာ အခန်းကြီး (၁)၌ တွေ့ ရှိနိုင်ပါသည်။

၁။ နောက်လိုက် သို့မဟုတ် တပည့်အရင်ဖြစ်ပါ (Be a Follower, First)
    “ထာ၀ရဘုရား၏ကျွန် မောရှေသည် အနိစ္စရောက်သောနောက် မောရှေလက်ထောက် နုန်၏ သား ယောရှုအား ထား၀ရဘုရား …”(အငယ်၊ ၁)
    ဘုရားသခင်၏လူ မောရှေ အနိစ္စရောက်သွားသည်နှင့် မောရှေ၏လက်ထောက် (သို့) နောက် လိုက် တပည့်ရင်းဖြစ်သော ယောရှုအား ဘုရားသခင်က စကားပြောလာပါသည်။ ဘုရားသခင်က အခြားသူများကို စကားမပြောပါ။ ယောရှုကိုသာ ပြောဆိုလာပါသည်။ အကြောင်းမှာ ၄င်းအချိန်အခါ၌ မောရှေကဲ့သို့ ဣသရေလလူများကို ဦးဆောင်နိုင်သည့် အရည်အချင်းရှိသူမှာ ယောရှုဖြစ်နေသော ကြောင့်တည်း။

    ယောရှုသည် ‘ခေါင်းဆောင်’ မဖြစ်ခင်၊ မောရှေ၏ ‘နောက်လိုက်တပည့်’ အဖြစ် နှစ်ပေါင်း (၄၀) ဖြစ်ခဲ့ရသည်။ ကျွနု်ပ်တို့သည် ဘုရားရှင်အပ်နှင်းထားသည့် ရူပါရုံဆီသို့ အရောက်လှမ်းချီတက်ရာ၌ လိုအပ်သည့် ပညာ၊ ၀ိညာဉ်ဘိသိက် နှင့် စွမ်းရည်တို့ကို ရရှိရန် ကျွနု်ပ်တို့ ရှေ့ ၌ရှိသော ခေါင်းဆောင် ကြီးများ၏ အသက်တာနှင့် ဆက်ကပ်မှုကို စံနမူနာထား သင်ယူကြရမည်။ ခေါင်းဆောင်မှုအတွက် အကောင်းဆုံး စံနမူနာဖြစ်သော ယေရှုခရစ်တော်ကို စေ့စေ့ကြည့်ရှုရမည် (ဟေဗြဲ၊ ၁၂း ၁-၂)။
    ‘ခေါင်းဆောင်မှု’ ဟူသည် နေ့ချင်းညချင်း ရရှိလာသည့် အရာမဟုတ်။ ဘုရားသခင်၏ ပုံသွင်း ပြုပြင်မှုကို နှစ်ပေါင်းများစွာ ခံယူပြီးမှသာလျှင် ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာနိုင်သည်ကို သတိပြုရမည်။

၂။ အဆင်သင့် ဖြစ်ပါ (Be ready)
“ငါ၏ ကျွန် မောရှေသည် အနိစ္စရောက်လေပြီး။ သို့ဖြစ်၍ သင်နှင့် သင်၌ပါသော ဤလူအပေါင်း တို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဘက်သို့ ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသော ပြည်ကို ၀င်စားကြလော့” (အငယ် ၂)။ 
ခေါင်းဆောင်ကြီးမောရှေ သေဆုံးသွားသော်လည်း ဘုရားသခင်၏ ရူပါရုံသည် သေဆုံးသွား ခြင်း မရှိပါ။ အကယ်စင်စစ် ခေါင်းဆောင်မှုဟူသည် ဘုရားသခင်၏ ရူပါရုံကို အကောင်အထည်ဖော်ဖို့ ရန် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်း ကူးပြောင်းပေးရသည့်အရာ ဖြစ်သည်။ မောရှေ မရှိတော့ပြီ ဖြစ်သော်လည်း ဘုရားအလုပ်ကို ဆက်လုပ်ရန်အတွက် ယောရှု ရှိပါသည်။ 
ကျွနု်ပ်တို့ သတိပြုရမည့်အချက်မှာ ‘ခေါင်းဆောင်မှု အမွေကို သွေးသားတော်စပ်မှုအားဖြင့် မရနိုင်’ ဟူသည့်အချက်ပင် ဖြစ်သည်။ ဘုရားသခင်၏ အစေကိုခံရန် အသင့်ပြင်ဆင်ပြီးသူကိုသာ ဘုရားသခင်က ခေါင်းဆောင်အဖြစ် ရွေးကောက်ခန့်ထားပါသည်။

ယောရှုအား ဣသရေလလူမျိုးများနှင့်အတူ ယော်ဒန်မြစ်ကို ဖြတ်ကူးဖို့ရန် ဘုရားသခင် မိန့်ဆိုခဲ့သည့် အချိန်၌ ယောရှုအဆင်သင့် ဖြစ်နေပါသည်။ ဘုရားရှင်မိန့်ဆိုပြီး (၃)ရက်အတွင်းမှာပင် ယော်ဒန်မြစ်ကို ဖြတ်ကူးနိုင်ခဲ့ပါသည်။ ခေါင်းဆောင်ဟူသည် အမြဲအဆင်သင့်ရှိသူး ဖြစ်ရမည်။ သတိ၀ိရိယနှင့် ပြည့်စုံပြီး ၀ိညာဉ်ရေးရာ၌ နိုးကြားနေသူ ဖြစ်ရမည်။ ‘ ကြိုတင်ပြင်ဆင် အောင်ပွဲ၀င်’ ဆိုသည့်အတိုင်း ယနေ့ကျွနု်ပ်တို့အားလုံး ‘ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်း’ အတွက် အဆင် သင့်ဖြစ်နေသူများ ဖြစ်ရမည်။

၃။ ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသူ ဖြစ်ပါ (Be a person of Faith)
    “မောရှေအား ငါကတိရှိသည်အတိုင်း သင်တို့နင်းသမျှသောမြေကို သင်တို့အား ငါပေးမည်” (အငယ် ၃)။ ဘုရားရှင်က ယောရှုနှင့် ဣသရေလလူမျိုးများအား ‘ သင်တို့နင်းသမျှသောမြေ ’ ကို ‘သင် တို့အား ငါပေးမည်’ ဟု မိန့်ဆိုပါသည်။ ဘုရားရှင် ကတိထားရာမြေ (Promised Land) ကို ၀င်စားဖို့ ရန် ယုံကြည်ခြင်းဖြင့် စတင်ခြေလှမ်းရမည် ဖြစ်ပါသည်။

    ယောရှုအနေနဲ့ ခါနာန်မြေကို ဆင်ကန်းတောတိုး ချဉ်းနင်း၀င်ရောက်ခြင်း မဟုတ်ပေ။ ဘုရားရှင်က မောရှေအားဖြင့် ပြုခဲ့သော ကတိတော်အတိုင်း ယုံကြည်ခြင်းဖြင့် ၀င်ရောက်ခြင်း ဖြစ် သည်။ ကျွနု်ပ်တို့သည် ဘုရားဗျာဒိတ်တော် မရဘဲ ဂမူးရှူးထိုး လုပ်ဆောင်ခြင်းကို ရှောင်ရှားရမည်။ ဘုရားသခင်း၏ စေခိုင်းချက်နှင့် ကတိတော်ကို တိကျစွာ လက်ခံရရှိပြီး စတင်အကောင်အထည်ဖော် လုပ်ဆောင်ခြင်းအားဖြင့်သာ ကျွနု်ပ်တို့သည် ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသူ ဖြစ်လာနိုင်သည်။

    အင်္ဂလိပ်စကားပုံ တစ်ခုရှိပါသည်။ ‘မိုင်တစ်ထောင် ခရီးကို သွားခြေတစ်လှမ်းအားဖြင့် အစပြုရ မည်’ ( A journey of a thousand miles begins with a step) ခေါင်းဆောင်တစ်ဦးသည် မိမိအား အပ်နှင်းထားသော ရုပါရုံကို ပြည့်စုံစေဖို့ရန် ယုံကြည်ခြင်းဖြင့် လက်တွေ့ စတင်အကောင်အထည် ဖော် ရမည်။ ယနေ့ကမ်ဘာ့အကြီးဆုံး အသင်းတော်ကို တည်ထောင်သူ ကိုရီးယားမှ ဒေးဗစ်ယောင်ဂီချို (David Yonggi Cho) သည် သူ၏ ပထမဆုံးအသင်းတော်ကို သူအပါအ၀င် လူ(၅)ဦးနှင့် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၄။ တိကျသေချာသောသူ ဖြစ်ပါ (Be a person of Specific)
    “တော်ကြီးမှစ၍ လေဗနုန်တိုင်အောင်လည်းကောင်း၊ ဥဖရမြစ်ကြီးမှစ၍ ဟိတ္တပြည် တစ် လျှောက်လုံးပါလျက် နေ၀င်ရာဘက် ပင်လယ်ကြီးတိုင်အောင်လည်းကောင်း၊ သင်တို့နယ်အပိုင်း အခြား ဖြစ်ရမည်’ (အငယ် ၄)။

    ကတိတော်မြေ၏ နယ်နမိတ်ကို ဘုရားရှင်က တိကျစွာ ကြိုတင်သတ်မှတ် ပေးပါသည်။ ယောရှုအနေနဲ့ သူဦးဆောင်၍ ၀င်ရောက်သိမ်းပိုက်ရမည်။ နယ်ေြမြ၏ အကျယ်အ၀န်းကို တိတိကျကျ သိဖို့ရန်မှာ အလွန်ပင် အရေးကြီးလှပါသည်။ အကြောင်းမှာ ထိုမြေကို ဣသရေလအမျိုးအနွယ် အသီးသီးအား ေ၀၍ အမွေပေးရမည် ဖြစ်သောကြောင့်တည်း (၁း ၆)။

    ခေါင်းဆောင်ဖြစ်သူသည် မိမိအား ဘုရားသခင်စေခိုင်းသည့်အရာကို တိတိကျကျ သိရမည်။ ထိုသို့ သိဖို့ရန် အချိန်များစွာ ဆုတောင်းဆက်ကပ်ပြီး ဘုရားသခင်၏ အသံတော်ကို စူးစိုက်နား ထောင်ရမည်။ နောက်လိုက်များအား သူရရှိသော ရူပါရုံအကြောင်း ရှင်းလင်းစွာ ပြောဆိုနိုင်သူ ဖြစ် ရမည်။ စေ့စပ်သေချာ၍ ပြတ်သားစွာ လုပ်ဆောင်တတ်သော သူ၏ စကားကိုသာ လူများက နာထောင် ကြမည် ဖြစ်သည်။ 

၅။ ဘုရားသခင်အတူပါရှိကြောင်း သေချစေပါ 
    (Be sure that God is with you)
    “သင့်အသက် တည်သည်ကာလပတ်လုံး သင့်ရှေ့ ၌ အဘယ်သူမျှ မခံမရပ်နိုင်ရာ။ မောရှေနှင့် အတူ ငါရှိသကဲ့သို့ အသင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကို ပစ်၍ မထား” (အငယ် ၅)။ 
    ယောရှုအနေနဲ့ မောရှေအားဖြင့် ဘုရားသခင်ပြုခဲ့သော နိမိတ်လက္ခဏာ၊ အံ့သြဖွယ်အမှုများကို တွေ့ မြင်ခဲ့ရပြီး ဖြစ်သည်။ မောရှေသည် သာမာန်လူသားတစ်ဦးသာ ဖြစ်သော်လည်း၊ ဘုရားသခင် သူနှင့်အတူ ရှိသည့်အခါ ကြီးမားအံ့သြဖွယ်အမှုများကို ပြုခဲ့ပါသည်။ ယခုဘုရားသခင်က ယောရှုအား ‘ငါသည် သင်နှင့်အတူ ရှိမည်’ ဟု တိုက်ရိုက်ပြောဆို ကတိပေးနေသည်မှာ မည်မျှအားရကျေနပ်ဖွယ် ကောင်းသောအရာ ဖြစ်ပါသနည်း။

    ဘုရားသခင်အပ်နှင်းထားသော ရူပါရုံပြည့်စုံဖို့ရန် ဘုရားသခင် အတူပါရှိမှသာ ဖြစ်နိုင်ပေသည်။ ယောသပ်နှင့်အတူ ဘုရားသခင် ရှိတော်မူသောကြောင့် သူပြုလေရာရာ၌ အောင်မြင်မှု ရခဲ့ပါသည် (က၊ ၃၉း ၂-၃)။ ဒါ၀ိဒိနှင့် ဘုရားသခင်အတူရှိတော်မူသောကြောင့် သိုးကျောင်းသားဘ၀မှ ရှင်ဘုရင်ဖြစ် သည်အထိ ပြုလေသမျှ အောင်မြင်ခဲ့ပါသည် (၁ရာ၊ ၁၈း ၁၄)။ 
    ကျွနု်ပ်တို့သည် မောရှေကဲ့သို့ ‘ကိုယ်တော် ကျွနု်ပ်တို့နှင့်အတူ မကြွလျှင် ကျွနု်ပ်တို့ကို ဤ အရပ်မှ မသွားပါစေနှင့်’ ဟု ဆုတောင်းသင့်ပါသည် (ထွက်၊ ၃၃း ၁၅)။ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဘုရားသခင်အတူပါရှိခြင်း၏ သက်သေကို ရရှိမှသာ စီမံကိန်း (သို့) အလုပ်တစ်ခုခုကို စတင်ရပါမည်။ 

၆။ အားယူ၍ ရဲရင့့်ပါ (Be Strong and courageous)
    “…. အားယူ၍ အလွန်ရဲရင့်ခြင်း ရှိလော့” (အငယ် ၆)
    “ …. အားယူ၍ ရဲရင့်ခြင်း ရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်” (အငယ် ၉)
“ …. အာယူတော်မူပါ။ ရဲရင့်ခြင်း ရှိတော်မူပါဟု ယောရှုအား ပြန်လျှောက်ကြ၏” (အငယ် ၁၈)
ယောရှုအနေနဲ့ အခြေအနေတွေကို ကြည့်ပြီး ကြောက်ရွံ့ ခြင်း၊ စိတ်ပျက်ခြင်း ဖြစ်နိုင်သည်။ ယေရိခေါမြို့ ရိုးတံတိုင်းကြီး၊ ထွားကြိုင်းသန်စွမ်းသော လူ့ ဘီလူးကြီးများ၊ အင်အားကြီးမားလှသည့် စစ်တပ်ကြီးများနှင့် လျှံကျနေသော ယော်ဒန်မြစ်ရေ၊ သည်အရာတွေက သူ့ အတွက် ကြောက်ရွံ့ ခြင်း၊ စိတ်ပျက်ခြင်းကို ဖြစ်စေနိုင်သည်။ သည်အတွက်ကြောင့်ပဲ ဘုရားသခင်က ‘အားယူ၍ ရဲရင့်ခြင်းရှိပါ’ ဟု သုံးကြိမ်တိုင်တိုင် ပြောဆိုအားပေးပါသည် (အငယ် ၆၊ ၇၊ ၉)။ ဣသရေလလူတို့ကလည်း တစ်ကြိမ် ပြောဆိုကြောင်း တွေ့ ရပါသည် (အငယ် ၁၈)။

ခေါင်းဆောင်ဟူသည် ခွန်အား၊ ရဲစွမ်းသတိ္တနှင့် ပြည့်စုံရမည်။ အထူးသဖြင့် ၀ိညာဉ်ခေါင်း ဆောင်သည် ၀ိညာဉ်တော်၏ ဘိသိက်တန်ခိုး၊ စိတ်ဓာတ်ကြံ့ ခိုင်မှုနှင့် ပြည့်စုံသူ ဖြစ်ရမည်။ ကျမ်းစာက “သခင်ဘုရားအားဖြင့်လည်းကောင်၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြလော့’ဟု မိန့်ဆိုိထားပါသည် (ဧဖက် ၆း ၁၀)။

စာတန်မာရ်နတ်သည် ကျွနု်ပ်တို့အား လွယ်လွယ်ကူကူနှင့် အရှုံးပေးလိမ့်မည် မဟုတ် ပါ။ သည်အတွက်ကြောင့်ပဲ ကျွနု်ပ်တို့သည် သခင်ဘုရားနှင့် များများအချိန်ယူ မိတ်သဟာယဖွဲ့ ရမည်။ ထိုသို့သောအားဖြင့် ကျွနု်ပ်တို့သည် တန်ခိုးတော်အရှိန်နှင့် ပြည့်စုံသူများ၊ ရဲစွမ်းသတိ္တနှင့် ပြည့်၀သူများ ဖြစ်လာပြီး စာတန်မာန်နတ်ဆိုး၏ နည်းပရိယာယ်နှင့် လုပ်ရပ်များကို အနိုင်ယူချေမှုန်း နိုင်မည်ဖြစ် ပေသည်။

၇။ နှုတ်ကပတ်တော်အတိုင်း နာခံလုပ်ဆောင်သူ ဖြစ်ပါ
     (Be careful to do according to His Word) 
“ကြံစည်လေသမျှအတိုင်း အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ယာ ဘက် လက်၀ဲဘက်သို့ မလွှဲနှင့်” (အငယ် ၇)။
“ထိုပညာတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောင့်ခြင်းအလို့ငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲ မနေ။ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်” (အငယ် ၈)။

ယောရှုအသက်တာ၌ ပြုလေသမျှ အောင်မြင်ခြင်း၏ သော့ချက်ကို ဤနေရာ၌ ကျွနု်ပ်တို့ တွေ့ ရှိရပါသည်။ ၄င်းမှာ ကျမ်းစာကို နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်ခြင်းနှင့် ကျမ်းစာအတိုင်း နာခံအသက်ရှင် ဖြင်းနှင့် ကျမ်းစာအတိုင်း နာခံအသက်ရှင်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်ပေးခဲ့သော ဤနိယာမတရား သည် ကမ်ဘာ့ဦးမှာ စ၍ ယနေ့ထိတိုင် ပြောင်းလဲခြင်း မရှိသေးပါ။ ‘ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ခြင်း၊ ၀န်ခံပြောထုတ်ခြင်း၊ ဆင်ခြင်အောက်မေ့ခြင်း၊ ထိုနှုတ်ကပတ်တော်
အတိုင်း သတိပြုအသက်ရှင်ခြင်း’ သည်အရာတွေက အောင်မြင်မှုပန်းတိုင်ဆီသို့ ပို့ဆောင်ပေးမည့် သော့ချက်များဖြစ်ကြောင်း ၀ိညာဉ်ခေါင်းဆောင်တိုင်း နားလည်သဘောပေါက် ရမည်။

    ၀ိညာဉ်ခေါင်းဆောင်သည် လောက၏ စံနှုန်းအတိုင်း အသက်ရှင်သူ မဖြစ်ရ။ သမ္မာကျမ်းစာ အား စံထား၍ အသက်ရှင်ရမည်။ ရူပါရုံပန်းတိုင်ဆီသို့ အရောက်လှမ်းချီတက်ရာတွင် သမ္မာကျမ်းစာ၏ စည်းမျဉ်းဥပဒေများ၊ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်မှသာ အောင်မြင်မှုကို အလျင်အမြန် ဆွတ် ခူးနိုင်မည်ဖြစ်ကြောင်း နှိုးဆော်ေ၀ငှ လိုက်ရပေသည်။



Rev. သိန်းသန်းထွန်း

Wednesday, 6 July 2016

စုံလင်သော ပေးကမ်းစွန့်ကြဲခြင်း

အိုးပေါက်ထဲ ရေမဖြည့်နှင့်
                ကျှွန်ုပ်တို့ဝိညာဉ်ဖခင်ဆရာတော်
ဦးတင်မောင်ထွန်း က ပြောဘူးပါသည်။ ပေး
ကမ်းခြင်း နှင့် ပတ်သက်လျှင် သမ္မာ သတိရှိ
ရှိပေးတတ်ဖို့လိုကြောင်း မိန့်မှာခဲ့ ဘူးပါသည်။
 တချို့လူများဟောပေးသလောက် အကျိုး မဖြစ်
ဘဲ ပေးလေလေ၊ယိုလေ လေ၊ တောင်းလေလေ
 စသဖြင့် သံသရာလည်နေသူများလည်းရှိပါသည်။
ပေးပြီးသူ့အတွက် အကျိုးဖြစ် ထွန်း၊ တည်ဆောက်
လာလျှင် ကောင်းပါသည်။
သို့သော် ပေးသလောက် အကျိုးမဖြစ်ဘဲ အကျိုးယုတ် သွားလျှင် ထပ်မံမပေး သင့်ပါ။
ထိုသို့သော သူတို့သည် အိုးပေါက်ထဲ ရေဖြည့် သကဲ့သို့
အချည်းနှီးဖြစ်ကြောင်း ဆရာကြီးက ဝေငှဘူး ပါသည်။

မည်သူကို ပေးရမည်နည်း။
        သို့ဖြစ်လျှင် ပေးကမ်းသောအခါ မည်သူကို ပေးရမည်နည်း။ ဘုရားသခင်ကို
ပေးရမလား။ လူတွေ ကို ပေးရမလား။ လူဟုဆိုရာ၌ အမှုတော်ဆောင်လား၊ မုဆိုးမလား၊
ယုံကြည်သူဆင်းရဲသားလား၊ မယုံကြည်သူ ဒုက္ခသည်လားစသည်ဖြင့်
ဝေခွဲပိုင်းခြားသိရန် လိုပါ သည်။
        ကျွနု်ပ်တို့ပိုင်ဆိုင်သော ဥစ္စာ၊ ဘဏ္႑ာ၊ အချိန်၊ အစွမ်းသတိ္တနှင့်ပညာများကို
ပုဂ္ဂိုလ်တစ်ဦး တစ် ယောက်အား ပေးကမ်းအပ်နှံခြင်း မပြုမှီ ထိုပုဂ္ဂိုလ် သည်
မည်သူမည်ဝါဖြစ်ကြောင်း အရင်သိဖို့ လိုအပ်ပါ သည်။

လေဝိတို့အား ပေးပါ
        (ဥပမာ) ဣသရေလလူတစ်မျိုးသည် ဆယ်ဘို့ တစ်ဘို့ကို ဘုရားအိမ်တော်သို့
ယူဆောင်လာသော အခါ၊ လေဝိသားများက အသုံးပြုရမည်ဖြစ်သည်။ လေဝိသားတို့သည်
ပရိသတ်စည်းဝေးရာတဲတော်အမှု ကို ဆောင်ရွက်သောကြောင့် သူတို့အမွေခံစရာ၊
™ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့ တစ်ဘို့ကို ငါပေးပြီ (တော ၁၈း၁၂) ဟု
ထာဝရဘုရားမိန့်မှာခဲ့ သည်။ ဤသို့ လေဝိသားတို့ကို ဆယ်ဘို့တစ်ဘို့
ပေးရမည်ဟု ဘုရားမိန့်မှာလျက်နှင့် စေတနာမေတ္တာ နှင့် လေဝိအမျိုးမဟုတ်သော
ဗင်္ယာမိန်အမျိုး၊ ဂဒ်အမျိုး တို့အား ပေးကမ်းပါက မိန့်မှာချက်နှင့်
လွှဲချော် သွား သည့်အတွက် ဘုရားသခင်လက်ခံ နှစ်သက်မည် မဟုတ်ချေ။

        ထို့ကြောင့် ပေးကမ်းစွန့်ကြဲသည့်အခါ စေတ နာရှိရုံနှင့်မပြီး၊
ပေးရမည့်ပုဂ္ဂိုလ်မှန်ကန်ဘို့ အရေး ကြီးပါသည်။ ဓမ္မဟောင်းÝ၌ မိန့်မှာခဲ့သော
ဘုရားသခင် ၏ အိမ်တော် (မာလခိ ၃း၁၀) ဆိုသည်မှာ ယနေ့ ဓမ္မသစ်ကာလအတွက်
အသက်ရှင်သော အသင်း တော်ကို ဆိုလိုသည် (၁တိ၃း၁၅)။ ချစ်သော မိတ်ဆွေ သင်၏
ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်၏ အိမ်တော်၊ အသက်ရှင်သော အသင်းတော်ရှိ (သြမည
ေါငေည) အမှု ဆောင် ယဇ်ပုရောဟိတ်များကို ပေးပါ သလား။ သို့ဖြစ်Õ၍
ထာဝရဘုရားရှင်အား ဆယ်ဘို့ တစ်ဘို့ကို ပေးသောအခါ အသက်ရှင်သော အသင်းတော်၌
အမှု တော်ဆောင်ဘို့ စားစရာရှိစေဖို့ ပေးရမည်။ ဆယ်ဘို့ တစ်ဘို့ကို
အဆောက်အဦး ဆောက်လုပ်ဖို့စသည့် အခြားကိစ္စရပ်များ၌ မသုံးရပါ။

ထာဝရဘုရားကိုပေးခြင်း
        လေဝိသားယဇ်ပရောဟိတ်တို့သည် ဣသ ရေလလူတို့ထံမှရသော ဆယ်ဘို့တစ်ဘို့ကို ထာဝရ
ဘုရားအား မိမိတို့ခံစားခဲ့သော အဘို့ထဲမှတဘို့ ပြန်ပေးရမည်။ တဖန်မောရှေအား
ထာဝရဘုရားက သင်သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ သင်တို့ အမွေခံစရာဖို့
ငါပေးသော ဣသရေလအမျိုး သားတို့ ၏ ဥစ္စာဆယ်ဘို့တစ်ဘို့ကို သင်တို့သည်
ခံယူသော အခါ ထိုအဘို့၏ ဆယ်ဘို့တစ်ဘို့ကို ထာဝရဘုရား အား
ပူဇော်သက္ကာပြုရမည်။ ထို့ကြောင့် ယနေ့အသင်း တော်ရှိ
အမှုတော်ဆောင်များသည်လည်း မိမိတို့ ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်အား
ပေးရပါလိမ့်မည်။ (ဝတ် ၂၆း၃၀၊ တော ၁၈း၂၅-၂၆)။

မုဆိုးမနှင့် ဆင်းရဲသားများကိုပေးရမည်။
        တတိယနှစ်တွင် သိမ်းသော ဆယ်ဘို့တစ်ဘို့ ကိုမူ၊ မြို့ထဲမှာ သိုထားရမည်။
လေဝိသား သင်တို့ နေရာ အရပ်၌ရှိသော တပါးအမျိုးသား၊ မိဘမရှိသော သူငယ်၊
မုဆိုးမများတို့သည် ဝစွာစားရကြမည်။ ဤသည်မှာ နှစ်စဉ်နှစ်တိုင်းမဟုတ်၊
သုံးနှစ်တကြိမ် ဤသို့ဝေမျှခွင့်ရှိကြောင်း တွေ့ရ၏ (တရား ၁၄း၂၇-၂၉)။

        သို့ဖြစ်၍ ယနေ့ကျွနု်ပ်တို့က ငါဘုရားသခင်ကို ပေးတာပဲ စေတနာရှိရှိ
ပေးလိုက်ရင်ပြီးတာပဲရတဲ့ လူက ဘာဘဲလုပ်လုပ်၊ သူနဲ့ဘုရားနှင့်သက်ဆိုင်တယ်
ဆိုပြီး ပစ္စလက်ခပ်မပေးသင့်ပေ။ အမှန်မှာ ကျွန်တော် တို့က ပေးလိုက်သောသူသည်
သမ္မာကျမ်းစာက သွန် သင်ဖော်ပြခဲ့သော ဘုရားပေးခိုင်းသည့် ပုဂ္ဂိုလ်ဟုတ်
မဟုတ် စဉ်းစားစိစစ်ပြီးမှ ပေးလှူသင့်ပါသည်။

စေတနာမှန်သော်လည်း
        ကျွနု်ပ်တို့ပေးလိုက်သော သူသည် ဘုရားလူ မဟုတ်ဘဲ ဘိန်းစားအရက်သမား
သစ္စာမရှိ သဖြစ်နေ ပါက အဆိပ်ပင် ရေလောင်းသလိုဖြစ်သွားပေလိမ့် မည်။
        ဤနေရာ၌ ကျွနု်ပ်အတွေ့အကြုံကို တစ်ခု ပြောပြချင်ပါသည်။ တစ်ခါက
ကျွနု်ပ်မိခင် အသက်ရှင် စဉ် ရှမ်းပြည်ကျိုင်းတုံမှ ချင်းတောင်ကို
စောင်နှင့်ငွေ ကျပ် (၅၀ဝ၀)ကို လူကြုံနှင့် စိတ်စေတနာရှိ ရှိပါးလိုက် ရာ
အမေထံမှာ စောင်သာရောက်သွားပြီး ငွေကျပ် (၅၀ဝ၀)မှာ ထိုသူက
လမ်းမှာအရက်သောက်၊ ဖဲရိုက် နှင့် ကုန်သွားကြောင်း နောက်မှသိရ၏။

ကျွနု်ပ်သည် စေတနာနှင့်ပါးလိုက်သော ငွေမှန်ကန်သော်လည်း သစ္စာမရှိ၊
ပစ္စည်းပါးသင့်သော ပုဂ္ဂိုလ်မရောက်တော့ ပါ။ ထို့ကြောင့် ယုံကြည်သူ မိတ်ဆွေ၊
ယနေ့ဘုရားပေး ထားသောကောင်းကြီးများထဲမှ အလှူငွေကို ဘယ်သူ အား ပေးနေပါသလဲ။
ပေးလိုက်သော ပုဂ္ဂိုလ်မှာ ဘုရားလူမဟုတ်ခဲ့ရင် ထိုငွေသည် ကောင်းကင် စာရင်း
၌ မဝင် အဘအိမ်တော်သို့ရောက်မည် ဘုရား လူ မဟုတ်ခဲ့ရင် ထိုငွေသည်
ကောင်းကင်စာရင်း၌ မဝင်၊ အဘအိမ်တော်သို့ရောက်မည် မဟုတ်ချေ။

သူဆင်းရဲပျောက်အောင်
        သင်၏ လက်ကို သူ့အဘို့ကျယ်ကျယ်ဖွင့်၍ သူ၏ ဆင်းရဲပျောက်အောင် ချေးငှားရမည်
(တရား ၁၅း၈)။ သူတောင်းစားတစ်ယောက်ကို နေ့စဉ်ထမင်း တစ်ထုပ်ပေးနေရုံနှင့်
သူ၏ ဆင်းရဲပျောက်မည်မဟုတ် ပေ။ လမ်းဘေးမှာ ဆင်းရဲသား သူတောင်းစားများကို
သနားပြီး ငွေ ငါးကျပ်၊ တစ်ဆယ် ပေးနေရုံနှင့် သူတို့
ဆင်းရဲပျောက်မည်မဟုတ်ပါ။ သို့ရာတွင် ဤသို့ ပေးကမ်းခြင်းသည်
မပေးသည်နှင့်စာလျှင်သာ၍ ကောင်းသော်လည်း ထိုသူ၏ ဆင်းရဲခြင်းသည်မကုန်
မပျောက်သေးပါက စုံလင်သော ပေးကမ်းခြင်းဟု မခေါ်ဆိုနိုင်ပါ။

အဓိပ္ပါယ်ဖွင့်ဆိုပုံက
        တခါက ပဲနွယ်ကုန်းရှိ အသင်းတော် သင်းအုပ် ဆရာတပါးက
ဤပေးကမ်းခြင်းကျမ်းပိုဒ်နှင့် ပတ်သက် ၍ အနက်အဓိပ္ပါယ်ကို
အလွဲဖွင့်မိသဖြင့် စေတနာ သည် ဝေဒနာဖြစ်ခဲ့ကြောင်း ပြောပြေလေသည်။ ဖြစ်ပုံ
ကတော့ သူတို့အနီးအနားရှိ မယုံကြည်သူတစ်ယောက် ကို ခရစ်တော်၏
သတင်းကောင်းဝေငှပြီး သူဘုရား ကျောင်းလာရန် ခရီးဝေးသည်က တစ်ကြောင်း၊ စား
ဝတ်နေရေး ခက်ခဲမှုကြောင့်လည်းကောင်း၊ သူ့ကိုမစ သည့်အနေဖြင့်
မြင်းလှည်းလေးတစ်စီးကို အသင်း တော်က ပြင်ဆင်ဝယ်ပေးပါသည်။

 ရည်ရွယ် ချက်မှာမိသားစု စားဝတ်နေရေး ပြဿနာဖြေရှင်းဘို့နှင့် သူတို့မိသားစုအားလုံး
တနင်္ဂနွေနေ့ပုံမှန်ဘုရား ကျောင်းရောက်စေချင်လို့ဖြစ်ပါသည်။ သို့သော် ထိုသူ
သည် မြင်းလှည်းရပြီး (၆)လလောက် အကြာမှာ မြင်း ကိုလည်း ဂရုမစိုက်၊
မြင်းလှည်းလည်း မမောင်းတော့ သည်သာမက ဘုရားကျောင်းလဲ ရောက်မလာတော့ ချေ။

ထိုအခါ စိုးရိမ်တကြီးနှင့် လိုက်လံစုံစမ်းကြည့် သည့်အခါ
မြင်းနှင့်မြင်းလှည်းကို ပေါင်နှံရောင်းစားခဲ့ပြီး မိသားစုနှင့်ထွက်ပြေး
နယ်ပြောင်းသွားကြောင်း သိရပါ သည်။ နောက်မှအသင်းတော်က သိရှိ၍ နောက်ထပ်
ငွေပေးချေပြီး မြင်းနှင့်လှည်းကို ရွေးခဲ့ရကြောင်း ကျွနု်ပ် အား
ပြောပြလေသည်။ ဓမ္မမိတ်ဆွေတို့၊ ကျွနု်ပ်တို့သည် တချို့သူတို့အား
ကူညီမစခဲ့သော်လည်း စေတနာနှင့် မတန်သူများ ရှိလေသည်။ သူဆင်းရဲပျောက်အောင်
ရည်ရွယ်ပြီးကူညီသော်လည်း ဆင်းရဲမပျောက်သည် သာမက ပေးသမျှမြင်းရယ်၊
မြင်းလှည်းနှင့် သူမိသားစု ပါ ခြေရာဖျောက်ကြောင်း ကျေးဇူးမတင်ကြသည် သာမက
နောက်ပိုင်းတွင် ကျွန်တော်တို့ကိုပါ ဝေဖန်ပြစ် တင်ခဲ့ကြောင်း
ကြားသိရသည်စသည်ဖြင့် သင်းအုပ် ဆရာက ဝေငှသက်သေခံပါသည်။

ပေါက်သောအိုးဖာပါ
        ချစ်သောမိတ်ဆွေ ကျွနု်ပ်တို့ မြန်မာလူမျိုးများ
ဆိုရိုးစကားတစ်ခုရှိခဲ့ဘူးပါသည်။ ]]ခြေနှစ်ချောင်း လူသတ္တဝါကို
မကယ်ကောင်း}} ဟူသတည်း။ ကျွနု်ပ် မျက်မြင် ကိုယ်တွေ့တစ်ခုရှိပါသည်။
ရန်ကုန်မြို့ ရေကူးရပ်ကွက်ရှိ ဒေါ်ဒေါ်ကြီးတို့အိမ်မှာ တပည့်တော် ဖြစ်
သင်တန်းတက်နေစဉ် ဖြစ်ပါသည်။ ဒေါ်ဒေါ်ကြီး သည် အလွန်သနား ကြင်နာတတ်သော
အဒေါ်ဖြစ်ပါ သည်။ တစ်နေ့ ဆေးသမားများ သူ့အိမ်ရောက်လာပြီး တညတာ
အိပ်ခွင့်တောင်းလေသည်။ ဒေါ်ဒေါ်ကြီးက သနား၍ ထမင်းလည်းကျွေး အိပ်ခွင့်လည်းပေး
အ ကောင်းဆုံပြုစုခဲ့ပါသည်။ သို့သော် မိုးလင်းသည့်အခါ ခြေရာလည်းပျောက်
ရေလည်းနောက်ဆိုသကဲ့သို့ ခြင်ထောင်လည်းပျောက်လူလည်း ပျောက်သွားလေ သည်။

ထိုသူတို့ကို နောက်တစ်ကြိမ်မတွေရတော့ပါ။ ထိုသို့သော သူများကို
ပေးကမ်းရခြင်း ပြုစုရခြင်းသည် အိုးပေါက်ထဲမှာ ရေဖြည့်နေခြင်းသာဖြစ်လေသည်။
ထို့ကြောင့် ထိုသို့သောသူတို့ကို မပေးမှီ ပေါက်နေသော အိုးကို
ဖာပေးသင့်သည်။ ဆိုလိုသည်မှာ သူတို့အသက် တာ ဘုရားသခင်နှင့် မှန်ကန်အောင်
ဧဝံဂေလိတရား သက်သေခံသွန်သင်ရမည်။ အသက်တာပြောင်းလဲ မှန်ကန်လာပြီးမှ
ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဆက် လက်မေတ္တာပြပေးကမ်းသင့်ပါသည်။

ပေတရု၏ ပေးကမ်းနည်း
        တခါက တင့်တယ်ဟူသည့် တံခါးမှာ အမြဲ တောင်းစားလေ့ရှိသော အမိဝမ်းတွင်းကပင်
ခြေမစွမ်း သည့် လူတစ်ယောက်ကိုတွေ့သော ယောဟန်နှင့် ပေတရုသည် ရွှေငွေမပေးပါ။
ပေတရုကလည်း ငါ၌ ရွှေငွေမရှိ။ ရှိသည့်အရာကို သင့်အားငါပေးမည်။
နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍ လှမ်းသွားလော့ဟုဆိုလျှက်
ထိုသူ၏ လကျာ် လက်ကို ဆွဲချီြွကသောအခါ အကောင်းပကတိ ဖြစ် သွားလေ၏ (တ၃း၆-၈)။
ထိုသူသည် သွားလျက်၊ ခုန် လျက် ဘုရားသခင်ကို ချီးမွမ်းလျက်
တမန်တော်တို့နှင့် အတူ ဗိမာန်တော်သို့ ဝင်လေ၏ (တ ၃း၈)။

 ဤသည် မှာမှန်ကန်သော ပေးကမ်းနည်းဖြစ်ပါသည်။ ဤသူ တောင်းစားသည် နောက်တဖန် မတောင်းစား
တော့ ပါ။ သူ၏ ဆင်းရဲခြင်းသည် ဧကန်အမှန်ပျောက် လေပြီ။ ထို့ကြောင့်
ကျွနု်ပ်တို့သည် ဆင်းရဲသား၊ မုဆိုးမ၊ ဒုက္ခသည်များကို ရုပ်ပိုင်းဆိုင်ရာ
ပစ္စည်းများမပေးကမ်း မှီ နာမ်ပိုင်းဆိုင်ရာအတွင်း ဝိညာဉ်ကို ပြောင်းလဲ
အသက်ရှင်အောင် ကူညီလုပ်ဆောင်ပေးပြီးမှ ရုပ်ပိုင်း
လိုအပ်ချက်များပေးကမ်းမှသာလျှင် မှန်ကန်သွားမည် ဖြစ်ကြောင်း
နှလုံးသွင်းသင့်ပါသည်။

စိတ်သဘောထား
        ပေးကမ်းသောအခါ လူကိုပေးသည်မဟုတ်။ ဘုရားသခင်ကို ပေးကမ်းခြင်းသာဖြစ်သည်။
လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသော စိတ်နှင့် မလှူရ၊
မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ။ အ ကြောင်းမူကား စေတနာစိတ်နှင့်
လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ ပေးတိုင်း
လှူတိုင်းဘုရားသခင်ကို ရည်စူးပြီး စေတနာစိတ်နှင့် စွန့်ကြဲရန်ဖြစ်သည်
(၂ကော ၉း၇)။

မည်သူကို ပေးရမည်နည်း။
        ကျွနု်ပ်တို့ ပိုင်ဆိုင်သော ဥစ္စာဘဏ္႑ာများအထဲ တွင် ဆယ်ဘို့တစ်ဘို့မဟုတ်သော
အရာများကို မည်သူ အားပေးရမည်နည်း။ အထူးသဖြင့် ယုံကြည်သူ (မြသည ေါငေည)
ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲကြရမည်။ နောက်မှ တတ်နိုင်ပြီး
စေတနာစိတ်ရှိက မယုံကြည်သူ ဒုက္ခဆင်းရဲဖြစ်နေသော သူများကိုလည်းပေးနိုင်သည်။
ထို့ကြောင့် ငါတို့သည် အဆင်သင့်သည့်အတိုင်း ယုံ ကြည်ခြင်း၏ အိမ်သူ၊
အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျှက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြု
ကြကုန်အံ့ (ဂလာ ၆း၁၀)။

        သို့ဖြစ်၍ မိမိကိုယ်တိုင်က ပေးလှူသောအခါ ရုပ်ပိုင်းဆိုင်ရာကိုသာ
ပေးလှူခြင်းမဖြစ်စေဘဲ မိမိခန္ဓာ၊ စိတ်၊ ဝိညာသ်ကို ဘုရားသခင်အား
ဆက်ကပ်ပေးလှူ ပြီးမှ မိမိဥစ္စာကို ပေးလှူရပါမည်။ ထို့ကြောင့် ဘုရား သခင်၏
အလိုတော်နှင့်လည်းကောင်း မိမိတို့ကို မိမိတို့ လှူကြ၏ (၂ကော ၈း၅)ဟူသော
မာကေဒေါနိပြည်ရှိ အသင်းတော်များ၏ ပေးလှူခြင်းနည်းစနစ်သည် စစ်
မှန်စုံလင်သော ပေးလှူနည်းဖြစ်ကြောင်း မေတ္တာဖြင့် ဝေငှလိုက်ပါသည်။

နာမတော်မြတ်၌ - ညီအစ်ကိုပေါလ်ခေကျိုင်း