Thursday, 7 April 2016

ကျေးဇူးသိမှတ်၍ ချစ်တတ်သောစိတ်


လူ့အသိုင်းအဝိုင်းကိုကျွနု်ပ်တို့သတိပြုဆင်ခြင်ကြည့်
မည်ဆိုပါက ကျေးဇူးတရားကင်းမဲ့သောလူအချို့ကို
တွေ့ရပေမည်။ ကျေးဇူးတရားကင်းမဲ့ရခြင်းမှာ တစ်
ချို့ကကျေးဇူးမှန်းမသိ၍ဖြစ်သည်။ မိမိအပေါ်တဖက်
လူက စေတနာမေတ္တာစိတ်နှင့် အကောင်းဆုံး ပြုပြင်
ပေးသော်လည်း မိမိ၏အလိုဆန္ဒမျှော်လင့်ချက်နှင့်မ
ကိုက်ညီသည့်အခါ အပြစ်တင်တတ်သည်။ ဝေ
ဖန်ရှုတ်ချ တတ်သည်။ ထိုသို့သောသူ၏အသက်
တာ၌ဝမ်းမြောက်ခြင်းမရှိနို်််င်ပေ။ ဤကဲ့သို့သော
သူကို လူ့အသိုင်း အဝိုင်းတွင် တွေ့ကြုံရသည်မှာ 
ဓမ္မတရာ တရားတစ်ခု ပင်ဖြစ်သည်။

နောက်ဆုံးသောကာလ
နောက်ဆုံးသောကာလတွင် ရှိမည့်လူတို့၏ စိတ်နေသဘောထားများကို သမ္မာကျမ်းစာကကြိုတင် သတိပေးဖေါ်ပြထား ပါသည်။ (၂တိ၊၃း၂)။ ထိုကာလ၌ လူတို့သည်ကိုယ့်ကိုကိုယ်ချစ်သောသူ၊ ကျေးဇူးမရှိသောသူ၊ မေတ္တာခေါင်းပါးသောသူများဖြစ်မည် ဟု ဝိညာဉ်တော်ကအတိအလင်းပြောထားသည့်အတိုင်း ယနေ့လူများစွာတို့သည် ထိုသဘောဖြင့် အသက်ရှင်နေကြသည်ကိုတွေ့ ရသည်။

မိဘများကသားသမီးများအပေါ်အကောင်းဆုံးစေတနာစိတ်ဖြင့် မေတ္တာပြပံ့ပိုးကြသော်လည်း သားသမီးများက ထိုကျေးဇူးကိုမသိမှတ်ဘဲရှိကြသည်။ မိဘကတတ်နိုင်သည်၊ မတတ်နိုင်သည် ကိုမသိ၊ မိမိလိုချင်သည့်အရာကိုသာပမာဏပြုကြသည်။ ကျေးဇူးတရားကို သိတတ်သောသူနှင့် ကျေးဇူးတရား ကိုမသိတတ် သောသူ၏ သဏ္႑န်သည် သူ၏မျက်နှာသွင်ပြင်၌ပင် ကွာခြားပေါ် လွင့်ရုံသာမက အတွင်းနှလုံးသား၏ ဝမ်းမြောက်ခြင်း၌ လည်းများစွာခြားနားလှပါသည်။

ကျေးဇူးပြုခြင်းခံရသော်လည်း
အနူရောဂါသည်(၁ဝ)ဦးကို သခင်ခရစ်တော်ကကျေးဇူးပြုသဖြင့် ဆယ်ဦးစလုံးအနူရောဂါသည် ဘဝမှလူကောင်း ဘဝသို့ ရောက်ရှိသွားကြပါသည(လု၊ ၁၇)။ ‚င်းတို့သည် လူ့အသိုင်းအဝိုင်း၏ဝိုင်းပယ်မှုကိုခံနေရသည့်ဘဝမှ လွတ်မြောက်ရသည့်အတွက် မဖေါ်ပြနိုင်လောက်အောင်ဝမ်းမြောက်ခြင်းကိုခံစားကြရသည်။

 သို့သော် မိမိတို့ခံစားရသည့် ကျေးဇူးတရားကို လူအားလုံးကမသိမှတ်ကြပါ။ ထိုသူများထဲမှတစ်ဦးသာလျှင် သခင်ခရစ်တော် ထံသို့ပြန်လာ၍ မိမိအပေါ် ပြုခဲ့သော ကျေးဇူးအတွက် ကျယ်သောအသံနှင့် ကိုယ်တော့်ရှေ့တော်၌ချီးမွမ်းကြောင်းတွေ့ရသည်။ လူဆယ်ဦးတွင် တစ်ဦးသာ လျှင်ဘုရားသခင်၏ ကျေးဇူးတရားကိုသိမှတ်ပါသည်။ ကျန်ကိုးဦးမှာ ကျေးဇူးပြုမှုကိုအတူတကွခံကြရသော်လည်း ကျေးဇူးတရားကိုသိမှတ်တုန့်ပြန်ခြင်းမရှိကြပါ။

အပြစ်သားဘဝမှ
ဘုရားရှင်သည် လူသားတစ်ယောက်စီတိုင်းအပေါ်တွင် တူမျှစွာကျေးဇူးပြုပါသည်။ သို့သော်ဘုရားသခင်၏ ကျေးဇူးတရား ကိုလူတိုင်းမှတ်ကြပါ။ နေ့စဉ်အသက်မွေးလောက်သောအစာကို ဘုရားရှင်ချပေး၍ဝလင်စွာစားနေရခြင်းသည် ဘုရားရှင်၏ကျေးဇူး တော်ကြောင့်ဖြစ်ပါသည်။ သို့သော် လူအချို့ကဘုရားရှင်ကိုပေးခြင်းကြောင့်မဟုတ်၊ မိမိတို့လုပ်မှမိမိတို့စား ရသည်ဟု ကျေးဇူးတရားကို မသိမှတ်ဘဲဆိုကြပါသည်။ သေချာစွာဆင်ခြင်ကြည့်ပါက အလုပ်လုပ်နိုင်ရန်လို အပ်သော ခွန်အားနှင့် ကျန်းမာခြင်း ကိုဘုရားပေးထားကြောင်းသူတို့မသိကြပါ။

ကျန်းမာခြင်းသည် ဘုရားပေး၍ကျွနု်ပ်တို့ရ နေခြင်းဖြစ်သည်။ ထို့ပြင်နေ့စဉ်ဘေးမသီ ရန်မခဘဲ လုံခြုံဘေးကင်းစွာသွား လာနိုင်ခြင်းသည် ကျွနု်ပ်တို့ကို ဘုရားရှင်ကွယ်ကာ ပေးနေ၍ ဖြစ်သည်။ သာ၍ကြီးမားသော ကျေးဇူးမှာ အပြစ်သားဘဝမှလွတ်မြောက်၍ အပါယ်သို့မလားရတော့ခြင်း ပင်ဖြစ် သည်။

ကျွနု်ပ်တို့လူတစ်ယောက်စီတိုင်းသည် နေ့စဉ်၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသောကံသုံးပါးပြစ်မှား၍ ဒုစရိုက်ကို ကျူးလွန်နေကြသူများဖြစ်သည်။ သို့ဖြစ်၍အပြစ်တရား၏ အခသေခြင်းဟူသည့်အတိုင်း နောက်ဆုံးတွင်အပါယ်လား ကြမည့်သူများ ဖြစ်ကြသည်။ သို့သော်ဘုရားရှင်က လူကိုချစ်သနား၍ အပါယ်မှလွတ်ဖို့အရေးသခင်ယေရှုကို ကျွနု်ပ်တို့၏ ကိုယ်စားကားတိုင်၌ အသေခံကာအပြစ်ကြွေးများဆပ်ပေးစေပြီးဖြစ်သည်။ ထိုကြောင့်သခင်ယေရှုကိုယုံကြည်ရုံမျှဖြင့် ကျွနု်ပ်တို့ အားအပါယ်မှလွတ်မြောက် ခွင့်ပေးခဲ့ပါသည်။ ထိုကျေးဇူးထက်သာ၍ကြီးမားသောကျေးဇူးမရှိတော့ပေ။ မိတ်ဆွေအနေနှင့် ထိုကျေးဇူးတရားကိုဘုရားရှင်ထံမှ ခံစားရရှိပြီလား၊ မရရှိသေးပါက ယခုပင်သခင်ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ရယူခံစားနိိုင်ပါသည်။

ချစ်သောစိတ်နှင့်ပေးပါ
(မဿဲ၊၂၆း၆-၁၃)တွင်၊ လူနူတစ်ဦး၏အိမ်၌ကိုယ်တော်ရှိနေစဉ်တစ်ချိန်ကအလွန်ဆိုးခဲ့ဖူးသောမိန်းမတစ်ဦးသည် မိမိ၌ရှိ သည့်အဖိုးများစွာထိုက်သောဆီးမွှေးကျောက်ဖြူခွက်တစ်လုံးကိုခွဲ၍ ကိုယ်တော့်အပေါ်၌သွန်းလောင်းချကြောင်းတွေ့ရသည်။ ထိုမိန်းမသည် မိမိအပေါ်ကိုယ်တော်ပြုသောကျေးဇူးတရားကိုသိမှတ်၍ ကိုယ်တော်ရှင်အားချစ်သောစိတ်နှင့်မိမိ၌ရှိသည့် အကောင်းဆုံးသောအရာကိုပေးခြင်းဖြစ်ပါသည်။ သို့သော်တပည့်တော်တို့သည် ထိုမိန်းမပြုသောအမှုကိုနားမလည်၍ ထိုဆီမွှေးကိုအဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု အပြစ်တင်လျက် ဒေါသစိတ်နှင့် ဆိုကြသည်။

ရံဖန်ရံခါ ကိုယ်တော်ကိုချစ်သောစိတ်နှင့် ကျွနု်ပ်တို့အကောင်းဆုံးလုပ်ဆောင်သော်လည်းကောင်း၊ ရှိသမျှကိုပေး သော်လည်း၊ လူအများကနားလည်ချင်မှနားလည်ပေမည်။ လူအများနားလည်သည်၊ နားမလည်သည်မှာအရေးမကြီးပါ။ ကိုယ်တော်နားလည်ဖို့ ရန်သာ၍အရေးကြီးပါသည်။ ထိုမိန်းမ၏ကျေးဇူးသိသောစိတ်၊ ချစ်သောစိတ်နှင့်လုပ်ဆောင်ခြင်းကို ကိုယ်တော်ရှင်သိမြင်ကာချီးမွမ်း ပြောဆိုရုံမက မြေတပြင်လုံး၌ဧဝံဂေလိတရားဟောပြောရာတွင် ထိုမိန်းမပြုသော အမှုကိုကြားပြောရလိမ့်မည်ဟု မိန့်တော်မူပါသည်။ ကိုယ်တော်သည် ကျွနု်ပ်တို့၏ကျေးဇူးသိသောသဘောနှင့် ချစ်၍ပြုတော်မူ သမျှကိုလက်ခံ၍ ကောင်းချီးပေးပါသည။ ကိုယ်တော်၏ ကျေးဇူးတရားကိုသိသောသဘောနှင့်လုပ်ဆောင်လေလေ၊ ကိုယ်တော် ထံမှကျေးဇူးပြုမှုကိုခံစားရလေလေ ဖြစ်ပါလိမ့်မည်။

မေတ္တာသက်သေ
ကျေးဇူးပြုခြင်းသည် မေတ္တာရှိခြင်း၏သက်သေလက္ခဏာတစ်ပါးဖြစ်သည်။ မေတ္တာသဘာဝသည် ဘုရားသခင် ထံတော်မှ လာခြင်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်ကိုယ်တော်တိုင်က ချစ်ခြင်းမေတ္တာဖြစ်ပေသည်။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးဖြစ်သူတိုင်းတွင် ချစ်နိုင်သောမေတ္တာဗီဇကိုဘုရားသခင် ထံမှရရှိထားကြပါသည်။ သို့သော် အာဒံ၏ဇာတိ သဘာဝကဖုံးအုပ်ထား၍ ကျွနု်ပ်တို့မချစ်နိုင်ပါ။ ထိုကြောင့် ချစ်နိုင်ဖို့ဘုရားသခင်ထံမှ ခွန်အားတောင်းခံပါ။ ဘုရားရှင်၏ မစမှုကိုရသည့် အခါ အချင်းချင်းအပေါ်တွင် ချစ်သောစိတ်နှင့် ကျေးဇူးပြုပါ။

ထို့ပြင် မိမိအပေါ်ကျေးဇူးပြုသူများကို မေတ္တာရှင်ဘုရားကို ကျေးဇူး ကန်းရာရောက်ပါသည်။ ထိုကြောင့် ဘုရားရှင်၏မစမှုအားဖြင့် မိမိကိုယ်တိုင် အခြားသူများကို ကျေးဇူးပြုသည်သာမက မိမိအပေါ် ကျေးဇူးပြုသူများကိုလည်း ကျေးဇူးမကန်းမိရန် သတိပြုရပေမည်။ ယနေ့ကျေးဇူးတရားကိုမသိမမှတ်ဘဲ အသက်ရှင်နေကြသူ များစွာ ထဲတွင် ကျေးဇူးတရားကိုသိမှတ်၍ တုန့်ပြန်အသက်ရှင်ခြင်းအားဖြင့် ဘုရားရှင်၏ မေတ္တာသဘာဝကိုထပ်ဆင့်ပြန့်ပွါးစေပါမည့် အကြောင်း မေတ္တာနှင့်အသိပေး ဝေငှလိုက်ပါသည်။

Dr.တင်မောင်ထွန်း-တရားဒေသနာ

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....