Monday, 28 March 2016

လူသစ်နှင့် သက်သေခံခြင်း NEW LIFE AND WITNESSING

ခရစ်တော်၌လူသစ် အခန်း (၁၅)
ဘုရားသခင်ဟာကယ်တင်ပိုင်တဲ့ဘုရား၊
ချစ်ခြင်းမေတ္တာနဲ့ပြည့်ဝတဲ့ဘုရား၊ဖြောင့်
မတ်တိကျတဲ့ဘုရားဖြစ်တယ်ဆိုတဲ့အ
ကြောင်းကိုသက်သေပြဖို့အတွက်ကျွန်
တော်တို့(ပြောင်းလဲပြီးသူ)တွေကို လော
ကမှာ ဆက်လက်နေထိုင်ခွင့် ပေးထားတာ
 ဖြစ်တယ်။ ခရစ်တော်ရဲ့အကြောင်းကို
တန်ခိုးနဲ့သက်သေခံရမှာ ဖြစ်ပါတယ်။
တမန်၊၁း၈မှာ-“သင်တို့သည် မြေကြီးစွန်း
တိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်”လို့ ကိုယ်တော်ပြောခဲ့တဲ့ စကားဟာ ကျွန်တော်တို့အားဖြင့် ဒီခေတ်၊ ဒီအချိန်အခါမှာ ပြည့်စုံလာရမှာ ဖြစ်တယ်။

(က) သတင်းစကားကြားပြောခြင်း
ေ၇ာမ-၁း၁၄-၁၆ယုံကြည်သူတိုင်း တရားဟောတတ်ဖို့ မဖြစ်နိုင်ပါ။ သို့သော်လည်း ယုံကြည်သူတစ်ဦးအနေနဲ့ ခရစ်တော်ရဲ့ ကယ်တင်ခြင်းအကြောင်းကို မပြောပြတတ်စရာ အကြောင်းမရှိပါ။ ကိုယ်တိုင်ကြားရတဲ့အတိုင်း သူတစ်ပါးကို ပြန်ပြောဖို့သာ ဖြစ်ပါတယ်။ လူတွေကို ဘုရားက ချစ်တဲ့အကြောင်း၊ လူဟာ အပြစ်သားဖြစ်တဲ့အကြောင်း၊ ခရစ်တော်က လူ့ရဲ့အပြစ်ကို ဖြေရှင်းပေးပြီး လူကို အပြစ်သားဘဝက ကယ်တင်ခဲ့တဲ့အကြောင်း သတင်းကောင်းကို ကြားပြောခြင်းဟာ ထိရောက်သော သက်သေခံခြင်း ဖြစ်ပါတယ်။

(ခ) အမိန့်တော်ကို နာခံခြင်း
မာ-၁၆း၁၅-၁၆ယ မဿဲ-၂၈း၁၉-၂၀ သင်တို့သည် လောကီနိုင်ငံအရပ်ရပ်သို့ သွား၍ ဧဝံဂေလိတရားကို ဟောကြားလော့လို့ ခရစ်တော်က အမိန့်ပေးထားပါတယ်။ ဒါကြောင့် ဧဝံဂေလိတရား (ခရစ်တော်၏ ကယ်တင်ခြင်း သတင်ကောင်း)ကို ပြောပြဖြန့်ဝေခြင်းဟာ ခရစ်တော်ရဲ့ အမိန့်တော်ကိုနာခံခြင်း ဖြစ်ပါတယ်။ လူဟောင်းဘဝမှာ စာတန်ရဲ့ အမိန့်ကိုနာခံခဲ့သလို လူသစ်ဖြစ်ပြီးတဲ့တောက်လည်း ခရစ်တော်ရဲ့ အမိန်တော်ကို နာခံရင်း သတင်းကောင်းကို ဖြန့်ဝေနေရမှာ ဖြစ်ပါတယ်။

(ဂ) မိမိအတွင်း၌ ရှိသောအရာကို ဖော်ပြခြင်း
၂ကော-၅း၁၇ လူသစ်ဖြစ်သူတိုင်းဟာ ခရစ်တော်ရဲ့ ဧဝံဂေလိတရား သတင်းစကားကို ကြားနာပြီး ပြောင်းလဲလာတာဖြစ်တဲ့အတွက် ဒီသတင်းစကားက ပြောင်းလဲပြီးသူရဲ့ နှလုံးသားထဲမှာ စွဲငြိတည်ရှိနေပြီးသား ဖြစ်နေပါတယ်။ ဒီလို မိမိအတွင်းမှာ ရှိနေပြီးသားဖြစ်တဲ့အရာကို သူတစ်ပါးသိအောင် ဖော်ပြ ပေးရုံသာ ရှိပါတယ်။

ဒါကြောင့်လည်း ပြောင်းလဲပြီးသူဟာ ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လူမျိုးကိုမဆို ခရစ်တော်ရဲ့ သတင်းကောင်းကို ပြောပြဖို့ အသင့်ဖြစ်နေနိုင်မယ် ဖြစ်ပါတယ်။ မိမိအထဲမှာ ကျိန်းဝပ်နေတဲ့ ဝိညာဉ်တော်ရဲ့ တန်ခိုးနဲ့ ဧဝံဂေလိသတင်းစကားကို ပြောပြကြေညာရမှာ ဖြစ်ပါတယ်။

(ဃ) သူတစ်ပါး၏ စိတ်ဝိညာဉ်ကို ရခြင်း
ရေငတ်နေသူကို ရေတစ်ခွက်တိုက်လိုက်ရုံမျှနဲ့ သူဘယ်လောက်ကျေးဇူးတင်မယ်ဆိုတာ စဉ်းစားပြီး စစ်မှန်တဲ့ မေတ္တာငတ်မွတ်နေသူကို ဘုရား သခင်ရဲ့ မေတ္တာတော်နဲ့ ကယ်တင်ခြင်း သတင်းကောင်းပေးလိုက်ရင် သူ့အနေနဲ့ ဘုရားသခင်ပေါ်မှာရော သတင်းကောင်းပေးသူ အပေါ်မှာပါ ဘယ် လောက်အထိ ကျေးဇူးတင်မယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။
သတင်းကောင်းကို ကြားပြီး သူ့ရဲ့ စိတ်နှလုံးဟာ ဘုရားဘက်ကို ပြန်လှည့်လာပြီဆိုရင် ပျောက်ဆုံးနေတဲ့ ဝိညာဉ်ကို ပြန်ရပြီလို့ မှတ်ယူနိုင် ပါတယ်။ ဒါကြောင့် စာတန်လက်ထဲမှာရှိတဲ့ ဝိညာဉ်တွေကို ခရစ်တော်ရဲ့ ကယ်တင်ခြင်း သတင်းေးကာင်း ပြောပြသက်သေခံခြင်းအားဖြင့် ပြန်လည်ရရှိလာနိုင်မှာ ဖြစ်ပါတယ်။

(င) နိုင်ငံတော် ကျယ်ပြန့်စေခြင်း
သတင်းကောင်းကို ကြားပြီး ယုံကြည်ခြင်းနဲ့ တုန့်ပြန်သူတွေရဲ့ စိတ်နှလုံးထဲကို ခရစ်တော် ဝင်ရောက်ပြီး အုပ်စိုးပါတယ်။ ဒါကြောင့် ကြားနာယုံကြည်သူတွေ များလာခြင်းဟာ နိုင်ငံတော်ကို ကျယ်ပြန့်စေခြင်းဖြစ်ပါတယ်။ ခရစ်တော်၌ လူသစ်ဖြစ်ပြီးသူတွေဟာ ခရစ်တော်ရဲ့ သတင်းကောင်း ကို မိမိရှိတဲ့နေရာ (မိမိ ဘုရားထားတဲ့နေရာ)ကနေ ကြေညာပြောဆို နေရမှာ ဖြစ်ပါတယ်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....