Tuesday, 29 March 2016

လူသစ်နှင့် ဘုရားသခင်၏ အလိုတော် NEW LIFE AND THE WILL OF GOD

ခရစ်တော်၌လူသစ် အခန်း (၁၆)
လူ့ဇာတိကိုခံပြီး လောကမှာ နေထိုင်ခဲ့စဉ်အချိန်
ခရစ်တော်က ငါသည် ကိုယ့်အလိုသို့ လိုက်ခြင်း
ငွာ ကောင်းကင်မှဆင်းသက်သည် မဟုတ်၊ ငါ့ကို
 စေလွှတ်တော်မူသော သူ၏အလိုကို လိုက်ခြင်းငှာ
 ဆင်းသက်၏ လို့ မိန့်ဆိုခဲ့ပါတယ် (ယော၊၆း၃၈)။
 ကိုယ်တော်ဟာ ခမည်းတော်ရဲ့ အလိုတော်ကို
ဆောင်ဖို့သက်သက် လောကပေါ်ကို ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ စိတ်နှလုံးတော်ထဲမှာရှိတဲ့ အကြံအစည်တော်နဲ့ အလိုတော်ကို ပြည့်ဝစေရေးသာလျှင် သူ့ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်တာကြောင့် ငါ့ကို စေလွှတ်တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးစေခြင်းအမှုသည် ငါစားစရာဖြစ်၏ လို့လည်း မိန့်တော်မူခဲ့တာ ဖြစ်ပါတယ် (ယော၊၄း၃၄)။

လူဟောင်းဘဝမှာ လူဟာ မိမိဆန္ဒရဲ့ ကျေးကျွန်ဖြစ်ပါတယ်။ မိမိဆန္ဒပြည့်ဝစေရေးအတွက် ကြိုးစားရုန်းကန် လှုပ်ရှားနေကြရပါတယ်။ လူသစ် ဖြစ်လာသူအတွက်ကျတော့ ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်စွမ်းဖို့သာ အဓိကဖြစ်လာပါတော့တယ် (၂ကော၊ ၅း၁၄-၁၅)။

(က) ယုံကြည်ခြင်းအကျင့်သည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်
ခရစ်ယာန်ဘာသာဝင် အမ်ားစုက ဘုရားသခင်ရဲ့ အလိုတော်ကို မသိနားမလည်ကြပါ။ သဘောလည်းမပေါက်ကြပါ။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း အသက်ရှင်ခြင်းဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းကို တလွဲတချော် ဖြေဆိုတတ်ကြပါတယ်။ ခရစ်တော်က သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သော သူသာလျှင် ဝင်ရလိမ့်မည် လို့ မိန့်တော်မူခဲ့ပါတယ် (မဿဲ၊ ၇း၂၁)။ ဆိုလိုတာကေတာ့ ဘုရားက ဘာအလိုတော်ရှိသလဲဆိုတာကို သေသေချာချာ သိပြီး အလိုတော်ကို လက်တွေ့ဖြည့်စွမ်းဖို့ပါပဲ။

ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်စွမ်းနိုင်ဖို့ ဘာလုပ်ရမလဲလို့ လူတွေက မေးလာတဲ့အခါ ကိုယ်တော်က ဘုရားသခင် စေလွှတ် တော်မူသော သူကိုယုံကြည်ခြင်း အကျင့်ကား အလိုတော်နှင့် ညီသောအကျင့်တည်းလို့ ပြန်ပြောခဲ့ပါတယ် (ယော၊၈း၂၈-၂၉)။ ဒါကြောင့် လူတစ်ယောက်အနေနဲ့ သခင်ခရစ်တော်ကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် ယုံကြည်လိုက်ခြင်းဟာ ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်စွမ်းရာ ရောက်ပါတယ်။ ဒါဟာ ပထမဦးဆုံးနဲ့ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။

၁) ဘုရားသခင်၏ သားတော်ကို ယုံကြည်သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက္ကို ရ - (ယော၊၃း၁၆။ ၅း၂၄။ ၆း၄၇)။
၂) ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင် စိတ်တော်နှင့် မတွေ့နိုင် (ဗြဲ၊ ၁၁း၆)။
၃) သင်၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ (မာကု၊ ၅း၃၄)။
၄) ခရစ်တော်ကို ယုံကြည်သောသူသည် စေလွှတ်သော ခမည်းတော်ကို ယုံကြည်၏ (မဿဲ၊ ၁၀း၄၀)။
 အာဒံနှင့် ဧဝတို့သည် စာတန်၏ စကားကို ယုံကြည်ပြီး ဘုရားသခင်၏ စကားကိုမယုံကြည်ခြင်းကြောင့် ကျဆင်းသွားခဲ့ရသည် (က၊၃း၂၃)။

(ခ) ပျောက်ဆုံးဝိညာဉ် ကယ်တင်ခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်
ဒုတိယအချက်အနေနဲ့ ဖော်ပြချင်တဲ့ ဘုရားသခင်ရဲ့ အလိုတော်ကတော့ ပျောက်ဆုံးဝိညာဉ်များ ကယ်တင်ခြင်းသို့ ရောက်ရှိဖို့အတွက် ဖြစ်ပါတယ်။ ၁တိ၊၂း၄ မွာ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ ဘုရားသခင် အလိုတော်ရှိ၏ လို့ ဆိုထားပါတယ်။ လူတိုင်း ဘယ္သူမဆို ကယ်တင်ခြင်းဆုကျေးဇူးကို ခံစားရရှိကြဖို့ ဘုရားသခင် အလိုတော်ရှိပါတယ်။

 သူတစ်ပါးတို့၏ စိတ်၊ ဝိညာဉ်ကို ရသောသူသည် ပညာရှိဖြစ်၏ (သု၊ ၁၁း၃၀)။
 သင်တို့သွား၍ လူမျိုးတကာကို ငါ့တပည့်ဖြစ်စေ ... (မဿဲ၊ ၂၈း၁၉)။
(ခရစ်တော်နောက်ဆုံး မွာခဲ့တဲ့စကား)
 လူတစ်ဦး၏ ဝိညာဉ်သည် စကြဝဠာတစ်ခုလုံးထက်မက အဖိုးတန်၏ (လု၊ ၉း၂၅)။
 ဟောပြောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း (ရော၊ ၁၀း၁၄-၁၅)။
(ခရစ်တော်၏ ကယ်တင်ခြင်း သတင်းကောင်းကို ဟောပြောကြေညာခြင်းဖြင့် သူတစ်ပါး၏ ဝိညာဉ်ကို ကယ်တင်ရမည် ဖြစ်သည်။)

(ဂ) ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်
ခရစ်ယာန်အသက်တာရဲ့ ထူးခြားချက်ဟာ ခရစ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခြင်း၊ ချစ်နေခြင်း၊ ဝိညာဉ်တော်နဲ့ ပြည့်ဝနေခြင်း ဖြစ်ပါတယ်။ ကောင်ကင်းပေါ်ကို ပြန်မတက်ကြွခင် ကိုယ်တော်က သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန္ခိုးကို ခံရ၍ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည် လို့ ပြောထားခဲ့ပါတယ် (တမန်၊ ၁း၈)။
တမန်တော် ရှင်ပေါလုကလည်း လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့ လို့ ဧဖက်၊၅း၁၈မှာ ပြောထားပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်ဝမှုမရှိတဲ့ ခရစ်ယာန်တစ်ယောက်ရဲ့ အသက္တာကို ဘုရားသခင်က ထိထိ ရောက်ရောက် အသုံးပြုလို့ မရနိုင်ပါ။

တမန်တော်များလက်ထက်က ဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် -
 ဝိညာဉ်တော်တန်ခိုးနှင့် ဟောပြောသက်သေခံမှုကြောင့် တစ်ရက်တွင်ပင် လူ(၃၀ဝ၀)ပြောင်းလဲခဲ့သည် (တမန်၊ ၂း၁-၄၇)။
 မကျန်းမာသူကို ကျန်းမာစေနိုင်ခဲ့သည် (တမန်၊ ၃း၃-၈)။
 ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရဲရင့်စွာ ဟောပြောကြသည် (တမန်၊ ၄း၃၁)။
 နှိပ်စက်ညှဉ်းပန်းခြင်းကို ခံနိုင်ခဲ့ကြသည် (တမန်၊ ၇း-)။
 အသင်းတော်များ တိုးတက်ပွားများပြီး ဧဝံဂေလိတရား လျင်မြန်စွာ ပျံ့နှံ့ခဲ့သည် (တမန်၊ ၂း၄ရ)။

(ဃ) မိမိအလိုကို ငြင်းပယ်ခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်
ခရစ်ယာန်အသက်တာဟာ မိမိအလိုဆန္ဒအတိုင်း စိတ်ကြိုက် အသက်ရှင်နေတာမဟုတ်ဘဲ မိမိရဲ့အလိုကို ငြင်းပယ်ပြီး ဘုရားသခင်အလိုတော်ကို သာ ဆောင်နိုင်ဖို့အတွက် ဆက်ကပ်အပ်နှံထားတဲ့ အသက်တာဖြစ်ပါတယ်။ ခရစ်တော်က ငါ၌ ဆက်ကပ်လိုသောသူ ဖြစ်လျှင် ကိုယ့်ကိုယ်ကို ငြင်းပယ်ရမည် လို့ မိန့်တော်မူခဲ့ပါတယ် (မဿဲ၊ ၁၆း၂၄။ ၉း၂၃) အရက်၊ ဆေးလိပ်၊ ကွမ်းယာ စတာတွေ သုံးဆောင်တာကအစ တစ်ခြား ကိုယ်ခန္ဓာရဲ့အလို၊ ဇာတိသွေးသားရဲ့အလိုဆန္ဒတွေကို ငြင်းပယ်ရမှာ ဖြစ်ပါတယ်။
ဂလာ၊၅း၂၄ မွာ ခရစ်တော်နှင့် စပ်ဆိုင်သော သူတို့သည် ဇာတိပကတိကိုလည်းကောင်း၊ ဇာတိပကတိစိတ်နှင့် အလိုဆန္ဒကိုလည်းကောင်း လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ လို့ ရှင်းရှင်လင်းလင်းဖော်ပြထားပါတယ်။

 အာဗြဟံသည် မိမိအလိုကို ငြင်းပယ်၍ မိမိဆွေမျိုးများနှင့် တိုင်းပြည်ကို စွန့်ခွါခဲ့သည်။ တစ်ဦးတည်းသောသားကို ပူဇော်ဆက်သခဲ့သည် (ဘုရားက
သားအစား သိုးတစ်ကောင်ကိုသာ ပူဇော်စေခဲ့သည်) (က၊ ၁၂း၁။ ၂၂း၃-၁၄)။
 မိမိအလိုကိုငြင်းပယ်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းရမည် (မဿဲ၊ ၁၆း၂၄)။
 အသက်ရှင်းခြင်းလက္ခဏာနှင့် ပြည့်စုံသောယစ်ကို ဘုရားသခင်အား ပူဇော်ဖို့လိုသည် (ရော၊ ၁၂း၁)။
(မိမိ၏ ခွန်အား၊ ခြေ၊ လက်၊ မ်က္စိ၊ နား၊ ပါးစပ်နှင့် နှလုံးသားအားလုံးကို ဘုရားအတွက် ပေးလှူခြင်း)။
 မိမိအချိန်ကို ဘုရားအားပေးပါ။ အချိန်မနှောင်းမီ ဘုရားအား ဆက်ကပ်ပါ (ဧဖက်၊ ၅း၁၆)။
 သားတော်ကို ငြင်းပယ်သောသူသည် ခမည်းတော်ကိုမသိ။ သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏ (၁ယော၊ ၂း၂၂၊၂၃)။
(မိမိကိုယ္ကိုသာ ငြင်းပယ်ပြီး ခရစ်တော်ကို မငြင်းပယ်မိရန်)။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....