Thursday, 31 March 2016

သမ္မာတရားနှင့်အညီ တုန့်ပြန်အသက်ရှင်ခြင်း

တရားနှင့်ဘုရားသည် လွန်စွာခြားနားပါသည်။
တရားကိုလူအများနှစ်သက်ကြသည်။ လူအများ
နားလည်၍ ကျင့်ကြံလိုက် လျှောက်ကြသည်။
တရား၏အကျိုးကိုလည်း လက်တွေ့ခံစားရကြပါ
သည်။ သို့သော်တရားသက်သက်နှင့်သာ အ
သက်ရှင်ပြီး ဘုရားကိုအားကိုးဖက်တွယ်ခြင်းမ
ရှိပါက စိတ်ဒုက္ခအမျိုးမျိုးနှင့် ပိလေးမှုများမှသက်
သာရာရမည်မဟုတ်ပါ။ ဘုရားဟူသည်မှာ အ
သက်ရှင်သော သူတစ်ဦး တစ်ယောက်မျှမရှိငြား
လည်း ဘုရးရှင်ကိုအားကိုးခိုလှုံ၍ အသက်ရှင်မည်ဆိုပါက အသက်တာတွင်ကြုံ တွေ့ရသောပြဿနာအခက်အခဲအမျိုးမျိုးတို့တွင် ကိုယ်တော်ရှင်၏စောင့်ထိန်း ကွယ်ကာပို့ဆောင်ခြင်း သက်သေနှင့်ငြိမ်သက်မှုကို လက်တွေ့ခံစားရပေမည်။

ကိုယ်တော်၏အလိုတော်
ဘုရားရှင်သည် ခေတ်ကာလအဆက်ဆက်အသက်ရှင်၍ လူကိုမစကူညီနိုင်သော ပုဂ္ဂိုလ်တော်မြတ်ဖြစ်သည်။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိဖို့ ဘုရားရှင်အလိုတော်ရှိပါသည်(၁တိ၊ ၂း၄)။ကယ်တင်ခြင်း ဟုဆိုရာတွင် ဝဋ်ကြွေးကံပိ၍ တမလွန်အရေးအတွက်စိတ်မအေးဖြစ်နေခြင်းမှ ကျေးဇူးတော်အားဖြင့်ကယ်တင်ခြင်းရဖို့ ဦးစွာလိုအပ်ကြောင်း ပြောနေခြင်းဖြစ်သည်။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကျေးဇူးကိုခံစားနိုင်ဖို့ရန် သမ္မာတရားသိဖို့ လိုအပ်ပြန်ပါသည်။ စားဝတ် နေရေး၊ ပညာရေး၊ စီးပွါးရေးနှင့်လူမှုရေးသာမက သားရေးသမီးရေးကိစ္စများ၌လူသားတို့အတွက် နေ့စဉ်ပိလေးမှုအမျိုးမျိုးမှလွတ် နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သမ္မာတရားကိုသိ၍ သမ္မာတရားနှင့်အညီ သစ္စာရှိစွာတုန့်ပြန်အသက်ရှင်ခြင်းမှလွဲ၍ အခြားမရှိပါ။

ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်
လောက၏ဖိစီးမှုအမျိုးမျိုးမှလွတ်ဖို့ရန် လောကသားများသည် အာရုံငါးပါးကိုအခြေထား၍ မိမိဉာဏ်ကိုအမှီပြုကာ အသက်ရှင်ကြသည်။ ထိုနည်းလမ်းသည် မှန်သယောင်ရှိသော်လည်း သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားရှင်၏အလို တော်မှာ စကားတော်ကို ဓမ္မအာရုံနှင့်နားထောင်၍ နာခံလုပ်သောသူဖြစ်၍ ဘုရားသခင်ထံမှ လက်တွေ့အကျိုးရလဒ် သက်သေကို ခံစားနိုင်ပါသည်။ အာဗြဟံ၏ အသက်တာကို ကျွနု်ပ်တို့ကြည့်မည်ဆိုပါက သူ၏ဇနီးစာရာအားဖြင့် သားကိုရဖို့ရန် ဘုရားရှင်ကတိ ရှိသော်လည်းအချိန်မစောင့်နိုင်ဘဲ ကျွနု်ပ်မကိုယူသောကြောင့် သားဣရှမေလကို ရကြောင်းတွေ့ရသည်။ သမ္မာတရားတည်းဟူ သော ဘုရားစကားကိုပယ်၍ ကိုယ့်ဉာဏ်ကိုအမှီပြုသဖြင့် အခြေအနေမှာအဆင်ပြေသယောင်ရှိသော်လည်း ကျွန်မနှင့်ရသေား သားအတွက် ကြာမြင့်စွာစိတ်သောကရောက်ရကြောင်း တွေ့မြင်ရပါသည်။

သမ္မာတရား
အမှန်တရားနှင့်သမ္မာတရားသည် တူညီဟန်ရှိသော်လည်း များစွာခြားနားပါသည်။ အမှန်တရားကအပြစ်ပေးနှင့်အ အလျောက်တူညီသည့် တုန့်ပြန်မှုကိုပေးဆပ်ရပါသည်။ သမ္မာတရားမူကား မတရားပြုခံရလျှင်ပင် ဘုရားကိုနာခံသော သဘောနှင့် မေတ္တာထား၍ ခွင့်လွတ်သည်။ သမ္မာတရားသည် ဘုရား၏စကားတော်ဖြစ်၍ လက်တွေ့နာခံတုန့်ပြန်ပါက သက်သေတွေ့မြင် ခံစားရသည်။ သမ္မာတရားကိုကြား၍ လက်တွေ့နာခံသူသည် ငွေကြေးဓနကြွယ်ဝမှုမရှိသော်လည်း ဝလင်စွာစားရသည်။ ဘေးအန္တ ရာယ်ရှိသမျှကို ကြောက်စရာမလိုဘဲ ဘုရားသခင်၏ကွယ်ကာမှုအောက်တွင် လုံခြုံစွာနေရသည်။

 ၄င်းအပြင် လူဆိုးတို့အကြောင်း ကြောင့်စိတ်မပူဖို့ရန် မတရးပြုသောသူတို့ကိုမငြူစူမိရန် လူဆိုးတို့၏ နှောင့်ယှက်မှုကြောင့် စိတ်ပူပန်စိုးရိမ်မိမှဖြစ်သလို မတရားပြုသော သူများကိုတွေ့မိပါကလည်း ငြူစူမိမည်မှဓမ္မာတရား ဖြစ်ပေ သည်။ သို့သော်ဘုရားရှင်၏ အလိုတော်ကထိုသို့မတုန့်ပြန်ဘဲ မည်သည့် အမှုကိစ္စ၌မဆို ဘုရားရှင်ထံအပ်နှံကိုးစားမည်ဆိုပါက ကိုယ်တော်တိုင်စီရင်မည်ဖြစ်ပေသည်။

ပြောင်းလဲခြင်းမရှိ
ပတ်ဝန်းကျင်အခြေအနေသည် အစဉ်ပြောင်းလဲနေသော်လည်း သမ္မာတရားသည်ပြောင်းလဲခြင်းမရှိပါ။ သမ္မာတရးကို စိတ်နှလုံး၌သိုထား၍လက်တွေ့တုန့်ပြန်အသက်ရှင်ကြသူများကို သမ္မာကျမ်းစားတော်မြတ်တွင်သက်သေအနေနှင့်တွေ့နိုင်ပါသည်။ ယောသပ်၊ ဂိဒေါင်နှင့် ဒါဝိဒ်တို့သည် သမ္မာတရားကို သိရုံသာမက၊ သမ္မာတရားနှင့်အညီ လက်တွေ့အသက်ရှင်ခဲ့ကြသူများဖြစ်သည်။ မိမိတို့အပေါ်၌မတရားပြုသောသူများ၊ ပြစ်တင်ဝေဖန်သူများ၊ ရန်ဖက်ပြုသူများကို ဇာတိနှင့်မတုန့်ပြန်ဘဲ သည်းခံခွင့်လွတ၍ ဘုရားရှင်၏တုန့်ပြန်မှုကို အသီးသီးစောင့်စားခဲ့ကြသည်။

သို့အတွက်ကြောင့် ဘုရားရှင်၏ချီးမြှောက်မှုကို ‚င်းအသီးသီးခံစားခဲ့ရကြောင်းတွေ့ရသည်။ ထိုနည်းတူ ကျွနု်ပ်တို့တစ်ဦး ချင်းစီသည်လည်း မိမိတို့အပေါ်မတရားပြုကြသူများ၊ မဟုတ်မတရားဝေဖန်ကဲ့ရဲ့ပြစ်တင်ကြသူများကြောင့် သမ္မာတရားကိုဘေးဖယ် ထားပြီး ဇာတိသဘောဖြင့် တုန့်ပြန်မိခြင်းမရှိရန် ဦးစွာသတိပြုပြီးမှ သမ္မာတရားနှင့်အညီ ဘုရားရှင်လက်ဝယ်တွင် ထိုအမှုများကို အပ်နှံမည်ဆိုပါက နှုတ်ကပတ်တော်၏ပြည့်စုံခြင်းသက်သေကို လက်တွေ့ခံစားရပြီး ပြဿနာများအကြားတွင်ဝမ်းမြောက်ခြင်းရှိ နိုင်မည်ဖြစ်ကြောင်း မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။

Dr.တင်မောင်ထွန်း-တရားဒေသနာ

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....