Wednesday, 30 March 2016

စစ်မှန်သောဘုရားနှင့် စစ်မှန်သော ယုံကြည်သူ

ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတတ်ရန်
လူ့သဘာဝအသိတရားဖြင့် မလုံလောက်ပါ။
 အကြောင်းမှာ လူ့သဘာဝ အသိတရားသည်
 ဘုရားရှင်၏လုပ်ဆောင်မှုကိုနားမလည်နိုင်သော
ကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသည်စစ်မှန်
သောကျေးဇူး တော်ချီးမွမ်းခြင်းကိုပြုနိုင်ရန် စိတ်
ဝိညာဉ်အသက်ရဖို့၊ စိတ်ဝိညာဉ်ရှင်သန်ဖို့လိုပါ
သည်။ (ယော၊ ၁၄း၆)တွင် ယေရှုက “ငါသည်
လမ်း ခရီး၊ သမ္မာတရားနှင့် အသက်ဖြစ်
သည်”ဟုဖေါ်ပြပါသည်။ လူသည်ရုပ်နှင့်နာမ်တွဲဘက်အသက်ရှင်နေသောပုထုဇဉ်သား ဖြစ်သည်။ ရုပ်နှင့်နာမ်တွဲဘက်၍ ရှင်သန်နေသောအချိန်သည် လူ့ဘဝသက်တမ်းဖြစ်သည်။

သင်္ခါရနှင့် ထာဝရ
လူသည် ငွေကြေးဥစ္စာကြွယ်ဝနေစေကာမှု တစ်နေ့သေရမည်သာဖြစ်သည်။ ရုပ်သည်သင်္ခါရဖြစ်၍ ထာဝရရှင်သန်ရန် မဖြစ်နိုင်ချေ။ လူသည်သေဆုံးသွားသော်လည်း ဘဝမပြီးဆုံးသွားဘဲ လူ၌ရှိသောနာမ်ပိုင်းသည် မပျောက်ပျက်နိုင်သောကြောင့် ထာဝရခရီးကိုဆက်ရဦးမည်ဖြစ်သည်။ ဤသည်ကိုသိကြသူများက တမလွန်အတွက်စဉ်းစားကာ၊ အမျိုးမျိုးသောနည်းဖြင့် အာမခံချက်ရဖို့ ပြင်ဆင်အသက်ရှင်ကြသည်။

ခရစ်တော်သည် အသက်ဖြစ်တော်မူသည်။ (ဗျာ၊၁း၁၇)တွင် ခရစ်တော်သည် အဦးဆုံးသောသူနှင့်နောက်ဆုံးသူဖြစ်ကြောင်းဖေါ်ပြထားပါသည်။ အချို့သောသူများက လူ့ဇာတိခံယူခဲ့သောသက်တော်စဉ်ကို ကြည့်ကာခရစ်တော်၏အသက်တော်မှာ(၃၃)နှစ်သာဖြစ်သည်ဟု ယူဆကြသည်။ အကယ်စင်စစ်ခရစ်တော်၏ အသက်တော် သည်မကုန်ဆုံးနိုင်ပါ။ ထာဝရကာလတိုင်အောင် ရှင်သန်တည်ရှိသော အရှင်ဖြစ်ပါသည်။ သို့ဖြစ်၍ ခရစ်တော်အားဖြင့်သာလျှင် စစ်မှန်သောအာမခံချက်နှင့် အသက်ကိုရနိုင်မည်ဖြစ်သည်။

သေသောသူကိုပင်အစိုးရသည်
ခရစ်တော်သည်ဘုရားသည် ခရစ်ယာန်ဟုတ်သောသူ၊ ခရစ်ယာန်မဟုတ်သေးသောသူအားလုံးနှင့် သက်ဆိုင်သော အရှင် ဖြစ်သည်။ ထို့ကြောင့်ခရစ်တော်နှင့် စပ်ဆိုင်သောအသက်ကို မည်သူမဆိုခံစားနိုင်ခွင့်ရှိပါသည်။ (ယော၊၁၁)တွင် ခရစ်တော်သည် သေလွန်သောသူကိုပင်အစိုးရ၍ တန်ခိုးနှင့်ရှင်ပြန်စေတော်မူကြောင်းတွေ့ရသည်။ လာဇရု အမည်ရှိသောသူတစ်ဦးသည် ဖျားနာ၍ သောဆုံးသွားပြီးသည့်နောက် လေးရက်ရှိသည့်အချိန်တွင် ခရစ်တော်က “လာဇရု ထွက်၍လာလော့”ဟု မိန့်တော်မူသည့်အခါ သေလွန်ပြီးနောက်လေးရက် တိုင်သင်္ဂြိုဟ်ခြင်းခံရပြီးသောသူသည် အသက်ကိုရ၍ ထမြောက်လာကြောင်းတွေ့ရသည်။

 ထိုအရှင် သည်ယုံကြည်၍ သေလွန်သူများကိုနောက်ဆုံးသောနေ့တွင် အမိန့်တော်နှင့် ထမြောက်စေမည်ဖြစ်ကြောင်း နှုတ်ကပတ်တော်၌ ဖေါ်ပြထားပါသည်။ ထိုအချိန်တွင် ယုံကြည်သူများသာ ထမြောက်ခြင်းတွင် ပါဝင်မည်ဖြစ်ပြီး မယုံကြည်သောသူများမှုကျန်ရစ်ခဲ့မည်ဖြစ်သည်။ ယုံကြည်သူနှင့်မယုံကြည်သူကိုလူက ခွဲခြားမသိနိုင် သော်လည်း နှလုံးကျောက်ကပ်ကိုစစ်တော်မူသောအရှင်က သိတော်မူသည်။

သမ္မာတရား
သမ္မာတရားဟူသည် မှန်ကန်မှုရှိသည်သာမက ကောင်းမြတ်ခြင်း၊ ကျေးဇူးပြခြင်းတည်းဟူသော သုံးဖြာသောဂုဏ်ပုဒ်နှင့် တွဲဘကနေပေသည်။ သမ္မာတရား၏အရှင်ဖြစ်သောဘုရားရှင်သည် မှန်သောဘုရားလည်းဖြစ်ပေသည်။ ထိုဘုရားရှင်သည် အပြစ်ကြွေးမိလေးနေမှုကြောင့်သေခြင်း ကိုကြောက်နေရသောလူသားများအားကယတင်ရန် ကားတိုင်တွင် အသေခံခဲ့ပါသည်။

သို့သော်သုံးရက်မြောက်သောနေ့တွင် သေခြင်းတရားကိုအောင်မြင်၍ ရှင်ပြန်ထမြောက်ခဲ့ပြီး ယနေ့အသက်ရှင်လျက်ရှိသောဘုရား ဖြစ်ပါသည်။ ဤတရားစကားကိုကြားသိပြီး ယုံကြည်မှသာ ဘုရားရှင်ထံမှ အပြစ်လွတ်ခြင်းကျေးဇူးကို ကျွနု်ပ်တို့ခံစားနိုင်မည်ဖြစ်သည် (ရော၊ ၁ဝး၁၁)။ ထိုတရားစကားကိုယုံကြည်နိုင်ရန် စစ်မှန်သောနောင်တစိတ်ရှိဖို့လိုပါသည်။

ကျွနု်ပ်တို့သည်အပြစ်သားဖြစ်၍ တမလွန်တွင် အပါယ်ငရဲ၌ ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်းနှင့် အပြစ်သား ဘဝမှလွတ်မြောက် ရန်ကြိုးစား၍ မရနိုင်ကြောင်းနှင့် အပြစ်သားဘဝမှလွတ်မြောက်ရန်ကြိုးစား၍ မရနိုင်ကြောင်း ရှေးဦးစွာသိရှိဝန်ခံပြီးနောက် ဘုရားရှင်သာ မစကယ်တင်နိုင်ကြောင်းဝန်ခံဖို့လိုပါသည်။

ထိုသို့သိရှိဝန်ခံပြီးမှ စစ်မှန်သော နောင်တစိတ်နှင် ဘုရားရှင်ထံပြန်လာ၍ ကားတိုင်ပေါ်တွင် သခင်ယေရှုပြုပေးခဲ့သောအမှုကိုယုံကြည်လက်ခံပါက တမလွန်တွင် အပါယ်ငရဲသို့ လားစရာမလိုေတော့သည့် အပြင် အပြစ်လွတ်ခြင်းအခွင့်နှင့်အတူ ထာဝရအသက်ကို ရရှိမည်ဖြစ်သည့်အပြင် အပြစ်လွှတ်ခြင်းအခွင့်နှင့်အတူ ထာဝရအသက် ကိုရရှိမည်ဖြစ်သည်။ ထိုသို့ယုံကြည်လက်ခံသူသည် ဘဝသစ်ကိုရရှိရုံမက သဘာဝသစ်၏ သက်သေကိုပါ အသက်တာ၌ထိတွေ့ ခံစားရမည်ဖြစ်သည်။

ယုံကြည်သူအမျိုးမျိုး
(ဗျာ ၂၂း၂)တွင် ဘုရားသခင်၏ရွှေမြို့တော်၌ အသက်ပင်ရှိရာ ထိုအသက်ပင်သည် အသီး၁၂ မျိုးကိုသီး၍ အသီးကို လည်းလတိုင်းပေးတတ်ကြောင်းဖေါ်ပြထားပါသည်။ ထိုအပင်၏အရွက်သည် လူအမျိုးမျိုးတို့၏ အနာရောဂါကိုငြိမ်းစေကြောင့် သိရရှိရပါသည်။ ယနေ့ခရစ်ယာန်ဘောင်ထဲတွင် ယုံကြည်သူများသည် အသက်ပင်၏အရွက်ကိုစားသကဲ့သို့ ခံစားရသောအနာ ရောဂါဝေဒနာအမျိုးမျိုး အတွက်ဆုတောင်းသည့်အခါ ပျောက်ကင်းခြင်း သက်သေကိုခံစားကြရသည်။

 အချို့ကဤသက်သေကို အကြောင်းပြု၍ ကိုယ်တော်ရှင်အားဘုရားဖြစ်ကြောင်း ယုံကြည်ကြည်သည်။ သို့သော် ဤယုံကြည်ခြင်းသည် လုံလောက် ပြည့်စုံသောယုံကြည်ခြင်းမဟုတ်သေးချေ။ ဤအဆင့်၌သာရပ်တန့်သွားပါက ထာဝရကာလနှင့် အမျိုးအစားထဲတွင် အကျုံးဝင် သွားကြပေမည်။ သခင်ယေရှုက ထိုလူစားမျိုးအား “သင်တို့သည် သခင်သခင်ဟု ငါ့ကိုခေါ်ကြသော်လည်း သင်တို့ကိုငါအလျှင်း မသိ၊ ငါ့ထံမှ ဖယ်သွားကြ”ဟု မိန့်တော်မူပါသည်။

အချို့သူတို့သည် နှစ်ပေါင်းကြာမြင့်စွာခရစ်ယာန်ဖြစ်လျက်အသင်းတော်တွင်လည်းကောင်း၊ အဖွဲ့အစည်းအသီးသီးတွင် လည်းကောင်း၊ အဓိကနေရာမှပါဝင်အမှုဆောင်ခဲ့ကြသော်လည်း ကိုယ်တော်၏ အသိအမှတ်ပြုခြင်း ကို မခံရကြသည်မှာ မည်မျှအကျိုး ရှုံးပါသနည်း။ ကျွနု်ပ်တို့၏အသက်တာတွင် အနာရောဂါငြိမ်းခြင်း သက်သေကိုခံစားရ သည့်အဆင့်မှ၊ အပြစ်လွှတ်ခြင်းခံရသည့် အဆင့်အထိ ရှေ့ဆက်တက်လှမ်းသွားဖို့လိုပါသည်။

 ကျွနု်ပ်တို့သည် အပြစ်သားဖြစ်၍ ဘုရားသခင်ရှေ့တွင် အသရေပျက်နေကြောင်း၊ အပြစ်ကြောင့် ငရဲသွားရမည်ကိုသိ၍ စိုးရိမ်တုန်လှုပ်ခြင်းရှိရုံသာမက အပြစ်သားဘဝမှလွတ်မြောက်ရန် ကျွနု်ပ်တို့၏ကြိုးစားမှု အစွမ်းဖြင့်မရနိုင်သဖြင့် သခင်ယေရှုကိုယ်တော်တိုင် ကားတိုင်၌အသေခံခြင်းအားဖြင့် ယုံကြည်လက်ခံသည့်အဆင့်အထိရောက်ရ ပေမည်။ သို့မှသာလျှင် ထာဝရအသက်နှင့်တက တမလွန်အရေးစိတ်အေးရဖွယ် အာမခံချက်ကိုရရှိမည်ဖြစ်သည်။

အသက်တာကို ပြင်ဆင်ပါ
ကျွနု်ပ်တို့တစ်ဦးချင်းစီသည် မိမိတို့၏ယုံကြည်ခြင်းအသက်ကို ပြန်လည်ဆင်ခြင်သုံးသပ်သင့်ပါသည်။ ကျွနု်ပ်တို့၏ယုံကြည် ခြင်းသည် အနာရောဂါကင်းပျောက်သည့်အံ့သြဖွယ်နိမိတ်လက္ခဏာကိုမြင်၍ ယုံကြည်ခြင်းလား၊ သို့မဟုတ် ကျွနု်ပ်တို့အတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့သောအရာကို သိပြီးနောက် စစ်မှန်သောနောင်တဖြင့် ခရစ်တော်အား သိရှိယုံကြည်ခြင်းလားဟူသည်ကို မိမိကိုယ်မိမိစစ်ဆေးကြည့်ရန်ဖြစ်သည်။ နောင်တရစရာ အကြောင်းမရှိ သောသူ(၉၉)ယောက်ထက်၊ နောင်တရ၍ ကိုယ်တော် ထံပြန်လာသူတစ်ဦးအပေါ်ကိုယ်တော်သည်သာ၍ ဝမ်းမြောက်ကြောင်း ကျမ်းစာကပြောပါသည်(လု ၁၅း၇)။

စစ်မှနသောယုံကြည်သူသည် သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဒုစရိုက်ကိုမပြုတတ်ကြောင်း(၁ယော ၃း၉)တွင် ဖေါ်ပြထား ပါသည်။ အကယ်၍ အမှတ်တမဲ့ ဒုစရိုက်ကိုပြုမိပါကလည်း အပြစ်ဝန်မချမချင်း သူ့အသက်တာ၌ ဝမ်းမြောက်ခြင်းမရှိနိုင်ပေ။ ဤနည်းဖြင့် မိမိသည်ဘုရားရှင်ရှေ့တော်တွင် စစ်မှန်သောယုံကြည်သူဟုတ်သည်၊ မဟုတ်သည်ကိုစစ်ဆေးနိုင်ပေသည်။

 ထို့ကြောင့် (ဗာ၊ ၂၂း၁၁-၁၂)တွင် မတရားသောသူသည် မတရားသဖြင့် ပြုစေဦး၊ ဖြောင့်မတ်သော သူသည် ဖြောင့်မတ်သောအသက်တာကို ဆက်၍ ရှင်စေဦးဟု အခွင့်ပြုထားပါသည်။ အကြောင်းမှ သခင်ဘုရားသည် မကြာမီကြွလာမည်ဖြစ်ပြီး လူအသီးသီးတို့အား မိမိတို့ အသက်ရှင်မှုနှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးမည်ဖြစ်ကြောင်းကြိုတင်သတိပေးထားသည်ဖြစ်၍ ကျွနု်ပ်တို့တစ်ဦးချင်းစီသည် ဘုရားရှေ့တွင် မိမိတို့၏ နေ့စဉ်အသက်ရှင်မည်သို့ ရှိသည်ကို သတိပြုဆင်ခြင်လျက် အသက်ရှင်သွားကြပါမည့်အကြောင်း မေတ္တာနှင့် အသိပေး ဝေငှလိုက်ရပါသည်။

Dr.တင်မောင်ထွန်း-တရားဒေသနာ

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....