Wednesday, 2 March 2016

တမလွန်အာမခံချက်

လူသည်စဉ်းစားဆင်ခြင်တတ်သောသတ္တ
ဝါဖြစ်သည်။ သို့သော်စဉ်စားဆင်ခြင်မှုတိုင်း
သည်လူကို မင်္ဂလာဖြစစေသည် မဟုတ်ပါ။
 ဘုရားရှင်အကြောင်းနှင့်ပတ်သက်သော အခါ
 နှုတ်မှဖွင့်ဟမပြောသော်လည်း နှလုံးသားထဲမှ
 စဉ်းစားဆင်ခြင်ရုံမျှဖြင့် မင်္ဂလာရှိပါသည်။
 လောကကြီး၏ပြောင်း လဲနေသောနေရေး၊ ထိုင်ရေး၊ စားသောက်ရေးကိစ္စများကိုစဉ်းစားပါလျှင်မူ
စိတ်အေးချမ်းငြိမ် သက်မှုမရှိနိုင်သည့်အပြင် အိပ်၍ပင်ပျော်လိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ လောကအရာများသည် အစဉ်ပြောင်းလဲနေသော ကြောင့်ဖြစ်သည်။ ဘုရားရှင်မူကားဘယ်သောအခါမျှပြောင်းလဲခြင်းမရှိသလို ထာဝရအသက်ရှင် သောကြောင့် အစဉ်အမှီပြုကိုး စားနိုင်ပါသည်။ ဘာသာတရားနှင့် ပတ်သက်၍လူတစ်ဦးနှင့်တစ်ဦးဆွေးနွေးကြသည့်အခါ ရံဖန်ရံခါအငြင်းပွားနိုင်သော်လည်း ဘုရားရှင်နှင့်ပတ်သက်၍ ဆွေးနွေးလျှင်မူကား ဘုရားဟူသည်တစ်ဆူတည်းသာရှိကြောင်း သေဘာတူဝန္ခံကာ ကွဲပြားမှုမရှိကြောင်း တွေ့ရသည်။

အဦးဆုံးနှင့်နောက်ဆုံးသောသူ
(ဗ်ာ၊ ၁း၁၇-၁၈)တွင် ဘုရားရှင်သည်အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်သလို ကမ်ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံကြောင်း ဖေါ်ပြပါရှိပါသည်။ ဤကမ်ဘာမြေကြီး၌ လူသားဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိမီဘုရားသခင်ရှိနှင့်ပါသည်။ ထို့ပြင် နောက်ဆုံးသောနေ့ရက်၌ ဤကမ်ဘာမြေကြီးနှင့်လူသား၍ တစ်စုံတစ်ဦးမျှမရှိတော့ လျှင်လည်း ဘုရားရှင်သည်ဆက်လက်တည်ရှိနေ မည်ဖြစ်ပါသည်။ ဤလောကကြီးတွင် ဘာသာတရားအမျိုးမျိုး၊ သွန်သင်ချက်အမျိုးမျိုးသော်လည်း စစ်မှန်သောဘုရားရှင်သည် တစ်ပါးတည်းရှိပါသည်။ လူသားတိုင်းအတွက်ကွဲပြား ခြားနားခြင်းမရှိပါ။ ထိုဘုရားရှင်သည် ဦးစွာအသေခံတော်မူပြီးနောက် သေခြင်း ကိုအောင်လျက်ရှင်ပြန်ထမြောက်တော် မူသည်ဖြစ်၍ ကမ်ဘာအဆက်ဆက်အသက်နှင့်ပြည့်စုံသောအရှင်ဖြစ်ပါသည်။ သို့ဖြစ်၍ လူသားအပေါင်းတို့ကိုအစိုးရသလို အကျိုးအပြစ်ကိုစီရင်ပိုင်သောအရှင်လည်းဖြစ်ပါသည်။ ကျွနု်ပ်တို့လူသားများအနေဖြင့် နေ့စဉ် အသက်ရှင်ကြရာတွင် ကုသလတရားနှင့်ညီသောအသက်ရှင်မှုအတွက် စိုးရိမ်စရာမရှိသော်လည်း၊ အကုသလတရားအရအသက် ရှင်သူတို့မှာကား လွတ်လမ်းမရှိသည့်အပါယ်ငရဲတွင် ကမ်ဘာအဆက်ဆက်ပူလောင်းပြင်းပြစွာဒုက္ခဝေဒနာခံစားကြရမည်ဖြစ်၍ ကျွနု်ပ်တို့၏ အသက်ရှင်မှုကို ပြန်လည်သတိပြုဆင်ခြင်သင့်ပါသည်။

မရဏာကိုအစိုးရသောအရှင်
လူသည်အခြားသောသူအား မုသားစကားကိုသုံးလျက် အဖြစ်မှန်ကိုဖုံးကွယ်ရနိုင်သော်လည်း ဘုရားရှင်နှင့်မိမိ၏ကိုယ့် ကိုယ်ကိုယ်သိစိတ်ကိုမှု၊ ဆိုးမှုကိုနှလုံးသားကသိမှတ်စမြဲဖြစ်သည်။ ဘုရားရှင်သည် လောကဓာတ်နှင့် လောကဓာတ်အရာများကို ဖန်ဆင်းသောအရှင်ဖြစ်သလို မရဏာနှင့် မရဏာနိုင်ငံတော်ကိုလည်း အစိုးရတော်မူသော အရှင်ဖြစ်ပါသည်။ ဘုရားရှင်သည် မြည်းစမ်း၍သိမှတ်ခံသောဘုရားဖြစ်သလို နှလုံးသားနှင့်တမ်းတ၍ တွေ့လိုသောသူ တိုင်းအားအတွေ့ခံသောဘုရားရှင်လည်းဖြစ် ပါသည်။ ထိုအခွင့်အရေးကို လောကီအသက်ရှင်နေစဉ်၌ ပင်ခံစားနိုင်ပါသည်။ တစ်ဖက်မှလည်း ဘုရားရှင်သည် မတရားသောသူ တို့၏လမ်းဆုံးကိုသိသလို ဖြောင့်မတ်သောသူတို့၏ လမ်းဆုံးကိုလည်း သိမှတ်တော်မူပါသည်။ မတရားသောသူသည် မိမိပြုခဲ့သော ဒုစရိုက်များ၏ ဆိုးကျိုးကြောင့် တမလွန်၌အပါယ်လား ရမည်ဖြစ်ကြောင်း မနောအာရုံကအသိပေးမှုကြောင့် ကြိုတင်သိရှိနိုင်လေသည်။ သို့ဖြစ်၍ သေအံ့ဆဲဆဲအချိန်တွင် ရုန်းကန်၍ဆောက်တည်ရာမရဖြစ်တတ်သည်ကို ကျွနု်ပ်တို့တွေ့မြင်ဖူးကြပါသည်။ ကျွနု်ပ်တို့ တစ်ဦးစီအား ထိုသို့သောအဖြစ်ဆိုးမျိုးမှ လွတ်မြောက်စေရန် ဘုရားရှင်အလိုတော်ရှိပါသည်။ ကျွနု်ပ်တို့အနေနှင့် နှစ်ပေါင်းများစွာ ခရစ်ယာန်တစ်ဦးအဖြစ်အသက်ရှင်ခဲ့ကြသော်လည်း၊ တမလွန်နှင့်ပတ်သက်သည့်အာမခံချက်အကြောင်းကိုစဉ်းစားသည့်အခါ ဇဝေဇဝါဖြစ်နေပါက ကိုယ်တော်အသက်ရှင်ကြောင်းသက်သေကို အသက်တာ၌လက်တွေ့ခံစားနိုင်ရန် နာမတော်မြတ်၌ ခေါ်၍မြည်းစမ်းနိုင်ပါသည်။ မြည်းစမ်းပါရန်လည်းတိုက်တွန်းလိုပါသည်။

ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏
ဘုရားရှင်သည် ကျွနု်ပ်တို့တစ်ဦးစီတိုင်းကို ထာဝရမေတ္တာနှင့် ချစ်တော်မူသောအရှင်ဖြစ်ပါသည် (၁ယော၊ ၃း၁၆)။ ကျွနု််ပ်တို့ အပေါ်ထားရှိသည့် ကိုယ်တော်၏ မေတ္တာကိုနှုတ်ဖြင့်ဖွင့် ဟပြောထားသောကျမ်းစကားအရသာမဟုတ်ဘဲ လက်တွေ့သက်သေဖြင့် သိမြင်ခံစားနိုင်ါပသည်။ ထိုအရှင်သည် ကံကြွေး၊ ဝဋ်ကြွေးများကြောင့်အပါယ်လားရမည့်အဖြစ်ဆိုးမှ ကျွနု်ပ်တို့လူသားများအား ကယ်လွှတ်ဖို့ရန် ကားတိုင်ထက်တွင် အသက်တော်ကိုစွန်၍ အသေခံခဲ့ပါသည်။ သို့သော်သေခြင်း၌လမ်းဆုံး၍ ကျွနု်ပ်တို့အား မျှော်လင့်ချက်ကင်းမဲ့စေခဲ့သည်မဟုတ်ချေ။ သုံးရက်မြောက်သောနေ့တွင် သေခြင်းကိုအောင်မြင်၍ ရှင်ပြန်ထမြောက်ခဲ့သောကြောင့် ထာဝရကာလတိုင်ယုံကြည်စိတ်ချနိုင်သောဘုရားရှင်ဖြစ်ပါသည်။


ကိုယ်တော်ထံမှ အပြစ်လွတ်ခြင်းကျေးဇူးကိုခံစားခြင်းဖြင့် အကူသလတရားအရ အပါယ်လားရမည့်ဆိုးကျိုးမှ လွတ်မြောက် ရန်အတွက်၊ မိမိ၏အပြစ်များကိုနောင်တရ၍ ကိုယ်တော်ထံသို့လာပါ။ မိမိ၏အမှားများအတွက် ကိုယ်တော့်ရှေ့တွင်ဝန်ချတောင်း ပန်၍ ကိုယ်တော်ကိုယုံကြည်လာက်ခံပါ။ သို့ပြုပါကလောကီအသက်ရှင်စဉ်အချိန်၌ပင် တမလွန်အတွက်အာမခံစိတ်ချမှုကို ခံစားရကာ နှလုံးသား၌ဝမ်းမြောက်နိုင်မညဖြစ်ပေသည်။ ယနေ့အချို့သောခရစ်ယာန်များ အား တမလွန်နှင့်ပတ်သက်သည့် အာမခံချက်အကြောင်းမေးမြန်းသောအခါ၊ တိကျရေရာသောအဖြေကို မပေးနိုင်သော ခရစ်ယာန်များစွာရှိကြပါသည်။ တစ်ချို့သူများက ဘုရားရှင်သနားလျှင်တော့ ရမည်ဟုဖြေတတ်ကြပါသည်။ အမှန်တွင်လူသားများအပေါ်ဘုရားရှင်ကသနားတော် မူပြီးဖြစ်ပါသည်။ လက်ဝါးကပ်တိုင်တရားသည် လူသားများအပေါ်ထားရှိသည့် ဘုရားရှင်၏သနားခြင်းသက်သေဖြစ်ပါသည်။

ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏
ဘုရားရှင်သည် ကျွနု်ပ်တို့တစ်ဦးစီတိုင်းကို ထာဝရမေတ္တာနှင့်ချစ်တော်မူသောအရှင်ဖြစ်ပါသည် (၁ယော၊ ၃း၁၆)။ ကျွနု်ပ်တို့ အပေါ်ထားရှိသည့်ကိုယ်တော်၏မေတ္တာကို နှုတ်ဖြင့်ဖွင့်ဟပြောထားသော ကျမ်းစကားအရ သာမဟုတ်ဘဲ လက်တွေ့သက်သေဖြင့် သိမြင်ခံစားနိုင်ပါသည်။ ထိုအရှင်သည် ကံကြွေး၊ ဝဋ်ကြွေးများကြောင့် အပါယ်လားရမည့်အဖြစ်ဆိုးမှ ကျွနု်ပ်တို့လူသားများအား ကယ်လွှတ်ဖို့ရန် ကားတိုင်ထက်တွင်အသက်တော်ကိုစွန့်၍ အသေခံခဲ့ပါသည်။ သို့သော်သေခြင်း၌လမ်းဆုံး၍ ကျွနု်ပ်တို့အားမျှော် လင့်ချက်ကင်းမဲ့စေခဲ့သည်မဟုတ်ချေ။ သုံးရက်မြောက်သောနေ့တွင် သေခြင်းကိုအောင်မြင်၍ ရှင်ပြန်ထမြောက်ခဲ့သောကြောင့် ထာဝရကာလတိုင်ယုံကြည်စိတ်ချနိုင်သော ဘုရားရှင်ဖြစ်ပါသည်။

ကိုယ်တော်ထံမျ အပြစ်လွတ်ခြင်းကျေးဇူးကိုခံစားခြင်းဖြင့် အကုသလတရားအရ အပါယ်လားရမည့်ဆိုးကျိုးမှ လွတ်မြောက် ရန်အတွက် မိမိ၏အပြစ်များကိုနောင်တရ၍ ကိုယ်တော်ထံသို့လာပါ။ မိမိ၏ အမှားများအတွက်ကိုယ်တော့်ရှေ့ တွင် ဝန်ချတောင်း ပန်၍ ကိုယ်တော်ကို ယုံကြည်လက်ခံပါသည်။ သို့ပြုပါက လောကီအသက်ရှင်စဉ်အချိန်၌ပင် တမလွန်အတွက် အာမခံစိတ်ချမှု ကိုခ္စံားရကာ နှလုံးသား၌ဝမ်းမြောက်နိုင်မည်ဖြစ်ပေသည်။ ယနေ့အချို့သောခရစ်များအား တမလွန်နှင့်ပတ်သက်သည့်အာမခံချက် အကြောင်းမေးမြန်းသောအခါ၊ တိကျရေရာသောအဖြေကို မပေးနိုငသောခရစ်ယာန် များစွာရှိကြပါသည်။ တချိုသောသူများက ဘုရားရှင်သနားလျှင်တော့ရမည်ဟု ဖြေတတ်ကြပါသည်။ အမှန်တွင်လူသားများ အပေါ်ဘုရားရှင်က သနားတော်မူပြီးဖြစ်ပါသည်။ လက်ဝါးကပ်တိုင်တရားသည်လူသားများအပေါ်ထားရှိသည့် ဘုရားရှင်၏ သနားခြင်းသက်သေဖြစ်ပါသည်။

သဗေ္ဗညုတဉာဏ်တော်ရှင်
အချို့သောသူများသည် နှလုံးသားဘုရားကို ဦးထိပ်ထားလေးစားပြီးမှ လုပ်ဆောင်မှုမှားတတ်ကြသည်လည်း တွေ့ရသည် (တမန်၊ ၉)။ ရှောလုသည် သခင်ခရစ်တော်နှင့် မထိတွေ့မီ ဘာသာတရားဘက်၌ စိတ်အားထက်သန်သူတစ်ဦး ဖြစ်ပါသည်။ သူသည် နှလုံးသားကဘုရားကိုတမ်းတ၍ ဦးထိပ်ထားသော်လည်း သဗေ္ဗညုတဉာဏ်တော်ရှင်ဘုရား ဖြစ်တော်မူသည့်အတိုင်းရှောလု၏ နှလုံးသားကိုသိမျတ်၍ ဒမာသက်မြို့သို့သွားသောလမ်းတွင် သူ့အားအတွေ့ခံပြီးစကား ပြောပါသည်။ ရှောလုသည်ကိုယ်တော်နှင့် ထိတွေ့ပြီးသည့်နောက် ပေါလုအမည်သစ်ကိုရသကဲ့သို့ သူ့နှလုံးသားမှ ရိုးသားစွာမှားယွင်းမှုကို ဘုရားရှင်ကတည့်မတ်ပေးပါသည်။ ကိုယ်တော်နှင့် ထိတွေ့ပြီးနောက် ပေါလုသည် တစ်ချိန်ကမိမိနှိပ်စက်ညှဉ်းပန်းခဲ့သောသူတို့နှင့်အတူ ကိုယ်တော့်အကြောင်းကို ရဲဝံ့စွာဟောပြောသက်သေခံသူဖြစ်လာပါသည်။ ထို့နည်းတူကျွနု်ပ်တို့၏ အသက္တာ၌ လုပ်ဆောင်မှုများမှားနေသည်ကအရေး မကြီးပါ။ ဘုရားရှေ့တွင် နှလုံးသားမှန်ကန်မှုရှိဖို့အရေးကြီးပါသည်။ နှလုံးသားမှန်ကန်မည်ဆိုပါက တမန်တော်ကြီးရှင် ပေါလုနည်းတူ ဘုရားရှင်၏ တည့်မတ်ပေးမှုကိုခံရကာ ကိုယ်တော့်အတွက် အသုံးရသောသူများဖြစ်လာကြမည်ဖြစ်ကြောင်း မေတ္တာနှင့်အသိပေး ဝေငှလိုက် ရပါသည်။

Dr.တင်မောင်ထွန်း - တရားဒေသနာ

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....