Friday, 26 February 2016

နှလုံးသားမှန်ကန်ပါစေ

ဒံယေလအနာဂတ္တိကျမ်းကိုကြည့်မည်ဆိုပါက
ဘုရားသခင်လူမျိုးတော်မဟုတ်ဘဲနှင့် 
ဘုရားကိုသိခွင့်ရှိကြောင်း နားလည်ရ သလို ဘုရားသခင်၏လူမျိုးတော်ဖြစ်ပါလျက်နှင့် ဘုရားသခင်ကိုအလေးမထားဘဲ အသက်ရှင် သူများလည်း ရှိကြောင်းတွေ့ရသည်။ ဘုရားသခင်သည် မည်သူ့ကိုမျှမျက်နှာမလိုက်ပါ။ ဘုရားသခင်သည် မိမိလူမျိုးမဟုတ်ေ သာ်လည်း သူ့ကိုသိလိုပါကသိခွင့်ပေးကြောင်း၊ လူမျိုးတော်ဖြစ်ပြီး ဘုရားသခင်အကြောင်းကို များစွာသိလျက်နှင့် လျစ်လှူ ရှုအသက်ရှင် 
မှုကြောင့် အကျိုးခံစားခွင့်ရှုံး ကောင်းကို ဆင်ခြင်ပါက ဘုရားသခင်သည်သစ္စာတရားနှင့်လည်းကောင်း၊ သမ္မာတရားနှင့် လည်းကောင်း၊ ဖြောင့်မတ်စွာတုန့်ပြန်ကြောင့်၊ ကျွနု်ပ် တို့တွေ့မြင်နားလည်ရပေသည်။
နေဗုခဒ်နေဇာ
(ဒံ၊ ၄)တွင် နေဗုခဒ်နေဇာအမည်ရှိသော မင်းကြီးတစ်ပါးကိုတွေ့ရသည်။ ထိုမင်းကြီးသည် ယင်းအချိန်ကာလကသြဇာ တန္ခိုး အလွန်ကြီးထွားနေသော ဧကရာဇ်တစ်ပါးဖြစ်သည်။ ထိုမင်းကြီးသည် တစ်ပါးအမျိုးသားဖြစ်သော်လည်း ဘုရားသခင်၏ လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးကို ကောင်းစွာသိတော်မူသည်။ နေဗုခဒ်နေဇာမင်းကြီးသည် ဘုရားသခင်နှင့်ပတ်သက်၍ မြေတပြင်လုံးအရပ်ရပ်၌နေလျက် ဘာသာစကားအမျိုးမျိုးကို ပြောသောလူမျိုးတကာတို့အား သူကိုယ်တိုင်တွေ့မြင် ခံစားရေသာ ထာဝရဘုရား၏ ကြီးမြတ်တော်မူခြင်းကို သက်သေခံပါသည်။ ထာဝရဘုရားသည် အံ့သြဖွယ်ဖြစ်ကြောင်၊ တန်ခိုးတော်ကြီးမားကြောင့်၊ ဘုရားရှင်၏နိုင်ငံတော်သည် ထာဝရဖြစ်သည်သာမက အာဏာတော်သည် ကမBာအဆက်ဆက် တည်ကြောင်းသက်သေခံပါသည်။

ဗေသရှာဇာ
(ဒံယေလ၊ ၅)တွင် နေဗုခဒ်နေဇာမင်းကြီး၏သားတော် ဗေလရှာဇာကို ကျွနု်ပ်တို့တွေ့ရပြန်သည်။ ဗေလရှာ ဇာမင်းသည် ဖခမည်းတော်၏ သက်သေခံချက်အရ ဘုရားသခင်၏ အကြောင်းကို ကြားဖူးသော်လည်း ဘုရားသခင်ကိုမသိသေးသောသူဖြစ်သည်။ သူသည် မှူးမတ်တစ်ထောင်ကိုခေါ်၍ ကြီးစွာသောပွဲကို ကျင်းပကာ စပျစ်ရည်ကိုသောက်ရာတွင် ဗိမာန်တော်မှသိမ်းယူရရှိသည့် ရွှေဖလား၊ ငွေဖလားတို့ကိုအသုံးပြုကြောင်းတွေ့ရသည်။ ထိုအခါလူ၏လက်ဖျားသည်ပေါ်လာ၍ နံရံတွင် အက္ခရာတင်ရေးသားသည် ကိုဗေလရှာဇာတွေ့မြင်သောအခါ ကြီးစွာတုန်လှုပ်စိုးရိမ်ပူပန်စိတ်ဖြစ်လေသည်။ သို့နှင့် ပညာရှိအပေါင်းကိုခေါ်၍ အနက်အဓိပ္ပါယ် ပြောစေသော်လည်း မည်သူမျှမဖေါ်နိုင်သဖြင့် နောက်ဆုံးတွင် ဖခမည်းတော်လက်ထက်က ချီးမြောက်ခံရသည့်ဒံယေလကိုခေါ်၍ အနက်ဖေါ်စေ သည့်အခါ ဒံယေလကဘုရားသခင်သည် ကိုယ်တော်ကိုချိန်ခွင်၌ချိန်သည့်အခါ လျော့ကြောင်းတွေ့မြင်သည်ဟု ဖေါ်ပြပါသည်။

ဘုရားသခင်သည် လူသားတိုင်း၏နှလုံးသားကို ရှုမှတ်ကာချိန်တွယ်တော်မူပါသည်။ မင်းဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ၊ အမှုတော် ောဆင်ဖြစ်စေ၊ စီးပွါးရေးသမားဖြစ်စေ၊ လူအမျိုးမျိုးတို့အားချိန်တွယ်တော်မူပါသည်။ ဗေလရှာဇာသည် ဘုရားသခင်၏ချိန်တွယ်ခြင်း ခံရသည့်အခါ လျော့နေသဖြင့် အသက်တော်ရုတ်သိမ်းခြင်းခံရ၍ နိုင်ငံတော် အား မေဒိလူ၊ ပေရသိလူတို့အား ဘုရားသခင်အပ်ပေး တော်မူခဲ့လေသည်။

မိရှိုးဖလာ
ဤအဖြစ်အပျက်ကိုဆင်ခြင်ပြီး ခရစ်ယာန်မိဘများ မှဆင်းသက်လာကြသောခရစ်ယာန် သားသမီးများအား သတိပေး လိုပါသည်။ မိဘများထံမှ ဘုရားသခင်၏ အသက်ရှင်ခြင်းသက်သေကို ကိုယ်တွေ့မခံစားရသေးပါကသတိပြုပါ။ မိဘများထံမှ ကြားရ သောဘုရားသခင်သည် အမှန်တကယ်အသက်ရှင်ကြောင်းသက်သေရဖို့ရန် မြည်းစမ်းခေါ်ကြည့်ပါဟု တိုက်တွန်း လိုပါသည်။ ဘုရားသခင်၏ကယ်တင်ခြင်းတရားသည် လူတိုင်းအတွက်ဖြစ်ပါသည်။ ဘုရားသခင်က အကြောင်း ကိုနှလုံးသား ဖြင့်ဆင်ခြင်နေသူ တိုင်းအား ဘုရားသခင်က သက်သေပေးပါသည်။ ဉီးစွာဘုရားသခင် အကြောင်းသိဖို့လိုပါသည်။ ထိုနောက်မှ နှလုံးသားနှင့်ဆင်ခြင် လျှင် ဘုရားသခင်ကကိုယ်တွေ ့သက်သေခံစားစေမည်ဖြစ်သည်။

သို့ဖြစ်၍ သားသမီးများသည် မိဘထံမှဘုရားသခင် အကြောင်းပြောကြားချက်ကိုကြား ရသည့်အခါအလေးထားပါ။ ထိုကြားရသောစကားမှန်ကြောင်း သက်သေရှာပါက နှုတ်ကပတ်တော်သည် သက်သေဖြစ်ပါသည်။ ဘုရားသခင် လူတိုင်းကိုချစ် သနားတော်မူသောကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းတရားနှင့် သခင်ယေရှု အသက်ရှင်ကြောင်းကို အမှုတော်ဆောင်များစွာ အားဖြင့် အတိအလင်းသတိပေးဖေါ်ပြနေပါသည်။ ထိုစကားကိုအေလးမထားဘဲ ပယ်ရှားမည်ဆိုပါက ကျွနု်ပ်တို့သာလျှင်အကျိုး ဆုံးရှုံး ကြပေလိမ့်မည်။

နှလုံးသားမှန်ပါစေ
အသက်တာတွင်လုပ်ဆောင်မှုမည်မျှမှားနေပါစေ၊ နှလုံးသားမှန်ပါကဘုရား၏ သက်သေကိုခံစားရပြီ ဘုရားသခင်ကို တွေ့မြင်နိုင်ပါသည်။ (တ၊၉)တွင် ရှောလုသည်အသင်းတော်ကိုညင်းဆဲပြီး ယုံကြည်သူများအား နှောင့်ယှက်သူဖြစ်သော်လည်း နှလုံးသားကဘုရားသခင်ကို တမ်းတရည်စူးပြီးပြုနေခြင်းဖြစ်သဖြင့် ဘုရားသခင်ကအတွေ့ခံပါသည်။ ဒမာသက်မြို့သို့သွားသော လမ်းတွင် ရှောလုသည်သခင်ခရစ်တော်နှင့်ထိတွေ့ပြီး၊ မိမိဆန့်ကျင်ဘက်ပြုနေသောသခင်ယေရှု ကိုယုံကြည်လက်ခံ၍ အသက် တာပြောင်းလဲမှုရကာ အသင်းတော်၏အကျိုးပြုစုသူ၊ ဘုရားသခင်၏အကြောင်းကိုရဲဝံ့စွာ သက်သေခံ သူဖြစ်လာပါသည်။

ယနေ့သိပ္ပံပညာကို အခြေထားလျက် နှုတ်ကပတ်တော်မှားကြောင့် သက်သေရှာကြသူတို့သည် အဆုံး၌ နှုတ်ကပတ်တော် မှန်ကြောင်း၊ ဘုရားသခင်သည်ယနေ့တိုင်အသက်ရှင်၍ လူတို့ကိုကယ်တင်တော်မူကြောင်းသိရှိ ဝန်ခံခဲ့ကြပါသည်။ ထိုနည်းတူ (ကမ်ဘာ၂၇၊၂၈)တွင် ဣဇက်၏သားဧသောနှင့် ယာကုပ်နှစ်ယောက်ရှိကြသည့် အထဲမှသားကြီးဧသောသည် မိဘထံမွ ဘုရားသခင် အကြောင်းကြားရသော်လည်း ဘုရားတရားကိုအေလးမထား မိုမသေပြုကာအသက်ရှင်ခဲ့၍ ကောင်းချီးမင်္ဂလာဆုံးရှုံး ခဲ့ရသည်။ သားငယ်ယာကုပ်မှာမူမိဘထံမှကြားရသမျှကို အလေးထားစဉ်ထားအသက်ရှင်မှုကြောင့် ကိုယ်တွေ့သက်သေနှင့်တကွ ဘုရားသခင် ထံမှကောင်းချီးမင်္ဂလာကိုခံစားခဲ့ရသည်။ သို့ဖြစ်၍ ကျွနု်ပ်တို့အနေနှင့် ဘိုးဘြား၊ မိဘစဉ်ဆက်ကြားခဲ့ကြားရသောသွန်သင်ချက် စကားများအပေါ် ယုံကြည်နိုင်ဖို့ရန် သက်သေရလိုပါက ကိုယ်တိုင်မြည်းစမ်း၍ခေါ်ကြည့်ပါ။ နှလုံးသားကိုတွေ့မြင်သောဘုရားရှင်၏ သက်သေပြုထင်ရှားမှုကို ကိုယ်တိုင်အံ့သြဖွယ်ထိတွေ့ခံစားရမည်ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

 Dr.တင်မောင်ထွန်း-တရားဒေသနာ

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....