Thursday, 25 February 2016

ကောင်းကင်ဘဏ္ဍာ

သံချေးပိုးရွဖျက်ဆီး၍၊ သူခိုးထွင်းဖောက် ခိုးယူရာ မြေကြီးပေါ်မှာ 
ဘဏ္႑ကိုမဆည်းပူးကြနှင့်၊ သံချေးပိုးရွ မဖျက်ဆီး၍၊ သူခိုးမထွင်းမဖောက်မခိုးမယူရာကောင်းကင်ဘုံ၌ ဘဏ္႑ာကိုဆည်းပူးကြလော့၊ အကြောင်းမူကား အကြင် အရပ်၌ သင်တို့၏ဘဏ္႑ာ ရွိ၏။ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏ (မဿဲ၊ ၆း၁၉-၂၀)။
အထက်ကျမ်းပိုဒ်ကို သဘောပေါက်ခံယူပါက
ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ကောင်းကင်သို့ရောက်နေမည်ဖြစ်သည်။ ဤအရာသည်အံ့သြစရာအကြောင်းဖြစ်ပါသည်။ လူဆိုသည်မှာဘဝမြင့်သည်ကိုနှစ်သက်ကြပါသည်။ ယနေ့ဘဝမြင့်ရန်ထက် မိမိ၏စိတ်နှလုံးကိုဘုရားသခင်ထံမှန်ကန်စွာအပ်နှံထားပါက လောကကြီးသည်ပူပြင်းကြမ်းတမ်းနေပါစေ၊ အေးချမးစွာနေထိုင် သွားရမည်ဖြစ်ကြောင်း လက်တွေ့ကျကျဝေငှလိုပါသည်။ ဤဝေငှချက်ကိုလိုက်လျှောက်ခြင်းဖြင့် ကောင်းချီး မင်္ဂလာအပြည့်အဝ ခံစားရ မည်ဖြစ်ကြောင်းအာမခံပါသည်။ သို့သော်ဒေသနာတော် ကိုကြားလျက်နှင့်ယုံကြည် လိုက်လျှောက်မှု မရွိပါက မိမိအတွက်အ ရံှုးသာ ဖြစ်ပါလိမ့်မည်။ ယနေ့အများ အားဖြင့်ကြားလျက်နှင့် ယုံဖို့ခက်ခဲနေကြသူများ ရှိသည်မှာ ဝမ်းနည်းစရာ ပင်ဖြစ်ပါသည်။

လောကီဘဏ္႑ာနှင့်ကောင်းကင်ဘဏ္႑ာ
သံချေးပိုးရွဖျက်ဆီးနိုင်သော လောကဘဏ္႑ာကို လူအများဆည်းပူးတတ်သည့်သဘောသည် လက်တွေ့ကျသလို သဘာဝ လည်းကျပါသည်။ သို့သော်သမ္မာကျမ်းစာက သံချေးပိုးရွမဖျက်ဆီးနိုင်သည့်ကောင်းကင်ဘဏ္႑ာတည်းဟူသော ဘုရားရှင်၏ဘဏ္႑ာ ကိုဆည်းပူးရန်ဖေါ်ပြထားပါသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ဘဏ်သည်အာမခံချက်မရှိပါ။

ထိုနည်းတူ ရွှေငွေဉစ္စာသည်လည်းအလျဉ်းမသင့်လျှင်ဆုံးံှုး၍ ကုန်ခမ်းသွားတတ်ပါသည်။ ကောင်းကင်ဘဏ္႑ာ ကိုဆည်း ပူးထားသူသည်လောက၌အသက်ရှင် စဉ်အခါ ပူပြငးမှုများခံစားရသော်လည်း စိတ်နှလုံးကကောင်းကင်ဘုံ သို့ရောက်နေသဖြင့် အကျိုးကျေးဇူးခံစားရပါသည်။ ဤအကြောင်းအရာအပေါ်အခြေခံ၍ဘုရားသခင်၏ ဘဏ်တည်းဟူသော ကောင်းကင်နိုင်ငံ၏ဘဏ် တွင်ကောင်းကင်ဘဏ္႑ာကိုလက်တွေ့ကျကျ မည်သို့ဆည်းပူးသိုထားရမည်အကြောင်း ဝေငှချင်ပါ သည်။

ကောင်းကင်ဘဏ္႑ာကိုမည်သို့ဆည်းပူမည်နည်း
လူတိုင်းလူတိုင်း ကောင်းကင်ဘဏ္႑ာကိုလိုချင်ကြမည်ဖြစ်သည်။ ကောင်းကင်ဘဏ္႑ာကိုလိုချင်ပါက နှုတ်ကပတ်တော် သြဝါဒအတိုင်းလိုက်လျှောက်ရန်အရေးကြီးပါသည်။ လောကဘဏ်၌ပင် စည်းကမ်း၊ ကတိနှင့်ရလဒ်ရှိပါသည်။ ဘဏ်၌ထည့်ထား ပါက ကတိပြုထားသည့်အတိုင်း ဘဏ်တိုးပေးသည်။ င်းနောက်လိုအပ်လာပါက အချိန်မရွေး ငွေထုတ်ယူနိုင်ခွင့်ရှိပါသည်။ ဘဏ်တိုးလိုချင်ပါက ထိုင်စဉ်းစားနေ ရုံနှင့်မပြီးဘဲ မိမိ၏ငွေများကို ဘဏ်၌ထည့်သွင်း ထားရန်လိုအပ်ပါသည်။ ၄င်းနည်းတူ ကောင်းကင်ဏ်၌ထည့်ထားရမည့်ဘဏ္႑ာမှာ ယုံကြည်ခြင်းနှင့် အကျင့်သီလဖြစ်ပါသည်။ ၄င်းသီလမှာ မုဆိုးမကိုကြည့် ရှုခြင်း၊ ဆယ်ဖို့တစ်ဖို့ပေးလှူခြင်း၊ အလှူငွေထည့်ဝင်ခြင်း၊ ဧဝံဂေလိသာသနာကိုအးပေးခြင်း စသည့်အရာများဖြစ်ပါသည်။ အဆိုပါသီလများကိုလောက ဘဏ်၌ငွေစုထားသကဲ့သို့ ကောင်းကင်နိုင်ငံဘဏ်တွင်စုထား၍ ရပါသည်။

၄င်းပြင်ဘုရားသခင်စေခိုငးသည့် အတိုင်းဆောင်ရွက်သည့်သီလ၊ ဘုရားနှစ်သက်သည်အတိုင်း ပြောဆိုသက်သေခံ ခြင်း သီလများလည်းရှိပါသေးသည်။ ယနေ့ဘုရားသခင်ပြောခိုင်းသည့် ဧဝံဂေလိစကားကြော်ငြာခြင်း အရာ၌ အားနည်းနေသလားဟု မိမိကိုမိမိပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်။ ဘုရားသခင်အကြောင်းပြောဆိုခြင်း၊ သက်သေခံခြင်း တွင် ကျမ်းစာတတ်ရန်မလိုပါ။ ခရစ်တော်ကိုယုံကြည်ခြင်းဖြင့် မည်သည့်အရာများခံစားရကြောင်း၊ ဆုတောင်းခြင်းဖြင့်ဖြေရှင်းပေး ကြောင်း၏ စသည်တို့ကို သက်သေခံပြောဆိုခြင်းသည် ကောင်းကင်ဘဏ္႑ာစုဆောင်းထားခြင်းဖြစ်ပါသည်။

လောက၌အသက်ရှင်စဉ် ခရစ်တော်အကြောင်း သက်သေခံပြောဆိုခြင်း၊ ပြဿနာနှင့်ကြုံတွေ့ရသည်အခါ သီချင်းဆိုချီး မွမ်းခြင်း၊ ဆုတောင်းခြင်းဖြင့် ရောဂါဝေဒနာများပျောက်ကင်းခြင်း စသည့်အရာများမရှိခဲ့လျှင် ဘဏ်စာရင်း၌ ငွေမစုဆောင်းထား သကဲ့သို့ဖြစ်ပါသည်။ ထိုကြောင့်ယနေ့ယုံကြည်သူတိုင်းအတွက် သက်သေခံပေးသော မင်္ဂလာရှိသည့် အတွေ့အကြုံအမျိုးမျိုးကို ထပ်၍ထပ်ခါခံစားရမည်ဖြစ်သည်။ ဤအကြောင်းကို မုဆိုးမတစ်ယောက်၏ အဖြစ်အပျက်နှင့် လက်တွေ့ကျကျဝေငှချင်ပါသည်။

ကောင်းကင်ဘဏ္႑ာ စုဆောင်းထားသူတစ်ဉီး
ပရောဖက်အမျိုးသား၏ မယားတစ်ယောက်သည် ဧလိရှဲထံသို့လာ၍ ကိုယ်တော့်ကျွန်၊ ကျွန်မ၏ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကိုိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမွာအေကွးရှင်သည် ကြ်န္မ၏ သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါလာပါပြီ ဟုေကွးကြော်လေ၏။ ဧလိရွဲ သွားလော့၊ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုး တို့ကိုငှါးယူလော့၊ များစွာသောအိုးတို့ကိုငှါးယူလော့၊၏ ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကိုငှါးယူခဲ့ပြီးမှ အိမ်ထဲသို့ ဝင်၍ တံခါးကိုပိတ်လျက်ဆီကိုလောင်လေ၏။ ထိုမိန်းမသည်လာ၍ ဘုရားသခင်၏လူကိုကြား ပြောလျှင်သူကထိုဆီကိုသြား၍ ရောင်းပြီးလျှင်အကြွေးကိုဆပ်လော့၊ ကြွင်းသောဆီကိုအမှီပြု၍ သင်နှင့်သားတို့သည် အသက်မွေးကြလော့ဟုဆို၏ (၄ရာ၊ ၄း၁-၇)။

အထက်ဖေါ်ပြပါကျမ်းပိုဒ်အရ သေဆုံးသွားသော ပရောဖက်သည် ထာဝရဘုရားကိုကြောက်ရွံ့ိုသေသော သူဖြစ်သည်။ ဆိုပါပရောဖက်သေဆုံးသွားသည့်အခါသားနှစ်ယောက်အား ကျွန်ခံရန်ကြွေးရှင်သည် ပရောဖက်၏ ဇနီးထံလာ ရောက်၍ သူမ၏ယောကျာ်းသည် ထာဝရဘုရားကို ကြောက်ရွံ့ြုပီး ရို သေသောသူဖြစ်ကြောင်းပြောဆိုပါသည်။ ဖခင်ပရောဖက် ကြီးသည် ဘုရားကိုကြောက်ရွံ့ခြင်း၊ ရို သေခြင်းဟူသည်သီလကို ဘဏ္႑ာအဖြစ်စုဆောင်းထားသည့်အတွက် သူသေဆုံးသွား သော်လည်း ကျန်ရစ်သည့်မိန်းမနှင့်သားနှစ်ဉီးမှာ ဒုက္ခထဲမှလွတ်မြောက်၍ ကောင်းချီးခံစားခဲ့ရကြပေသည်။ ပရောဖက်ကြီး ဧလိရွဲက အိမ်နီးချင်း များထံမှလပ်သောအိုးများရနိုင်သရွေ့ငှါးပြီး ၄င်းအိုးများထဲသို့ ဆီကိုလောင်းထည့်ရန် ပြောဆိုသည့် အတိုင်း နားထောင်ခြင်းဖြင့် ဆောင်ရွက်သည့်အခါ အကြွေးဆပ်နိုင် ရုံမျှမက မိသားစု၏အသက်မွေးရန်အတွက် ဖူလုံသွား ကြောင်းတွေ့မြင်ရပါသည်။

၄င်းပရောဖက်သည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်ခြင်းကြောင့် သူ့မိသားစုအတွက်အာမခံချက်ရှိလေသည်။ ထိုကြောင့် ကျွနု်ပ်တို့ဖခင်များအနေဖြင့် ၄င်းပရောဖက်နည်းတူ ဘုရားသခင်ကိုကြောက်ရွံ့ိုသေခြင်းတည်းဟူသော ကောင်းကင် ဘဏ္႑ာကို ဘုရားသခင်ထံဘဏ်စာရင်းဖွင့်စုဆောင်းထားပါက ကျွနု်ပ်တို့၏ဖခင်များသေဆုံးသွားပါလေစေ၊ ကျန်ရစ်သူမိသားစု များအတွက် ကောင်းကင်ဘဏ္႑ာ၏ အာမခံချက်ကိုဆက်လက်ခံစားရမည်ဖြစ်ပါသည်။ ဘုရားသခင်၏ ကောင်းကင်ဘဏ္႑ာသည် လောကဘဏ္႑ာထက်စိတ်ချရပါသည်။ ဤအကြောင်းအရာများကို ယုံကြည်သူတိုင်း စဉ်းစားဆင်ခြင်သင့်သည်သာမက လောကဘဏ္႑ာထက် ဘုရားသခင်၏ ဘဏ္႑ာ၏ကိုစုဆောင်းထားခြင်းတည်းဟူသည့် ဘုရားသခင်အားကြောက်ရွံ့ခြင်း၊ အမှုတော် မြတ်အတွက် ပါဝင်အသက်ရှင်ခြင်း၊ နာမတော်မြတ်၌ပေးလှူခြင်းအပြစ်လွှတ်ခြင်းခံရသည့်ကျေးဇူးတော်ကို အောက်မေ့သတိရခြင်း ဖြင့် လက်တွေ့ကျကျအသက်ရှင်လိုက်လျှောက်နိုင်ပါမည့်အကြောင်း မေတ္တာနှင့်ဝေငှလိုက်ပါသည်။

 Dr.တင်မောင်ထွန်း-တရားဒေသနာ

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....