Saturday, 27 February 2016

ခရစ်တော်နှင့် ထိတွေ့ကြသူများ

မေတ္တာဟူသည် လူသားတို့၏နှလုံး သားအတွင်း
မှပေါ်ထွက်လာသောခံစားချက်ဖြစ်သည်။
 မေတ္တာရှိမှသာလူ တစ်ဉီးနှင့် တစ်ဉီးပေါင်း ဖက်၍
သဟာ ယပြုနိုင်သည်။ တပ်မက်ခြင်းသည် မေတ္တာ
မဟုတ်ပါ။ တပ်မက်ခြင်းစွဲ လမ်းခြင်းဖြစ် လာပြီး
ထိုစွဲလမ်းခြင်းမှ တဏှာသို့ကူးစက် သွားသည့်
အခါ မင်္ဂလာမဖြစ်ဘဲ အမင်္ဂလာ အကျိုးကွင်းဆက်
ကိုခံစား ရနိုင်ပေသည်။
ဘုရားဟူသည် ထာဝရကာလအသက်ရှင်သော
ပုဂ္ဂိုလ်တော်ဖြစ်သည် သာမက မေတ္တာရှင်ဖြစ်သည်။ ထိုပြင် အရာခပ်သိမ်းကို တပ်စွမ်းသော အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော အရှင်လည်းဖြစ်ပါသည်။

တရားမွ်တေသာဘုရား
ဘုရားရှင်သည် လူသားတိုင်းကိုတရားမျှတစွာဖန်ဆင်းထားသည်။ တစ်ဉီးကိုရုပ်ဆိုး၍ တစ်ဉီးကို ရုပ်လှစေရန် သော်လည်းကောင်း၊ တစ်ဉီးကိုပိန်၍ တစ်ဉီးကိုဝစေဖို့ရန်သော်လည်းကောင်း၊ တစ်ကိုလိမ္မာ၍တစ်ဉီးကိုမိုက်မဲဖို့ရန် သော်လည်းကောင်း၊ ဘုရားသခင်မဖန်ဆင်းထားပါ။ ထိုသို့ကွဲပြားခြားနား၍ အခြေအနေမတူခြင်းမှာ ဘုရားရှင်၏လုပ် ဆောင်ချက်ကြောင့်မဟုတ်ပါ။ လူတစ်ဉီးစီ၏ မိမိသဘောကျရွေးချယ်အသက်ရှင်မှုကြောင့်သာဖြစ်ပါသည်။ ဘုရားရှင် သည် လူသားများ၏အတွက် အကောင်းဆုံးကိုသာလုပ်ဆောင်ပေးပါသည်။ လူသားများ၏အပြစ်အတွက် ကားတိုင် ထက်တွင် အေသခံ၍ အပြစ်ကြွေးကိုပေးဆပ် ရုံမွ်မက သုံးရက်မြောက်သောနေ့တွင်သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပါ သည်။ ယနေ့ ခရစ်တော် အသက်ရှင်ကြောင်း သက်သေရလိုပါက နှလုံးသားမှတမ်းတ၍မြည်း စမ်းခေါ်ကြည့်နိုင်ပါသည်။ ထိုသို့ပြုပါက ကိုယ်တော်သည် အသက်ရှင်၍ ကောင်းမြတ်တော် မူသောအရှင်ဖြစ်ကြောင်းကို လက်တွေ့သက်သေ ခံစား ရပေလိမ့်မည်။

မဆီလျော်သောကောင်းချီး
(လု၊ ၇း၁-၁၀)တွင် တပ်မှူးတစ်ဉီးရှိသည်။ သူသည်ခရစ်တော်၏သတင်း ကိုကြားသိထားသူဖြစ်ပါသည်။ ထိုနည်းတူ ယနေ့ခရစ်တော် ၏ကောင်းမြတ်ခြင်းသတင်း စကားကိုကြားသိသူများစွာပါရှိသည်။ ကောင်းသည့်သတင်း စကားသည် ကြားသိရုံမျှဖြင့် မလုံလောက်ပါ။ ကြားသည့်အတိုင်း လက်တွေ့မြည်း စမ်းကြည့်ဖို့ရန် လိုအပ်ပါသည်။ ထိုသို့ပြင်ဆင်ရာတွင် ရံဖန်ရံခါ လူ့သဘာဝ ရုပ်စိတ်အရ ကောင်းသည်ဟုမမြင်သလို မခံစားနိုင်သောအခြေအနေများ လည်းရှိပါသည်။ တပ်မှူး သည်ကိုယ်တော်၏ ကောင်းမြတ်ကြောင်းသတင်းကိုမြည်းစမ်းနိုင်ဖို့ရန် သူချစ်သောငယ်သား တစ်ဉီးသည် ဖျားနာ၍ သေလုနီးပါးအခြေအနေတွင်ရှိပါသည်။ တပ်မှူးသည် ကိုယ်တော်ထံသို့လူ ကိုစေလွှတ်၍ မိမိကျွန် အားချမ်းသာပေးရန် ကြွလာပါမည် အကြောင်းတောင်း ပန်ခဲ့ပါသည်။ တပ်မှူးသည်ကိုယ်တော်၏ ကောင်းချီးကို ခံစးရရန် လူ့သဘာဝအတွေး၌ မဆီလျော်ဟု ထင်မြင်ရသော အခြေအနေအားဖြင့် ကိုယ်တော် ကပြင် ဆင်ပေးခဲ့ပါသည်။

နှိမ့်ချသောသဘောရှိပါ
တပ်မှူး၏အကူအညီတောင်းခံမှုကို ကိုယ်တော်သည်လက်ခံ၍ သူ့ထံသို့ကြွလာပါသည်။ သူ့အိမ်နှင့်မနီးမဝေး သို့ ရောက်သောအခါ တပ်မှူးသည်မိမိအဆွေတို့ကိုစေလွှတ်၍၊ ကျွနု်ပ်၏အိမ်အမိုးအောက် သို့ကြွဝင် ခြင်းကျေးဇူးကို မခံထိုက်ပါ။ ကိုယ်တော့်အမိန့်တော်တစ်ခွန်းရှိလျှင် ငယ်သားသည်ချမ်း သာရလိမ့်မည်ဟု လျှောက်ထားစေပါသည်။ တပ်မှူး၏အသက်တာကိုဆင်ခြင်ကြည့်ပါက သူသည်တပ် မှူးဖြစ်သော်လည်း နှိမ့်ချသာ သေဘာရီ ရုံသာမက ကိုယ်တော် ကိုရိုသလေးစားပြီး ဉီးထိပ်ထားသော သူဖြစ်ကြောင်းကျွနု်ပ်တို့သိနိုင်ပါသည်။

ယနေ့မိ ရိုးဖလာ ခရစ်ယာန်မြောက် များစွာတို့သည် ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိရမည်ကို သိလျက်နှင့် ရိုသလေးမြတ်ခြင်းမရှိဘဲ အသက်ရှင်နေကြသည်။ တပ်မှူးသည် ခရစ်ယာန်မ ဟုတ္သလို ယုဒလူလည်းမဟုတ် ပါ။ တစ်ပါးအမျိုးသား သက်သက်သာဖြစ်သည်။ သို့သော် နှလုံးသားနှင့် ကိုယ်တော်ကို ရိုသေလးစား၍ ယုံကြည်ကိုးစား သူဖြစ်သည်။ ကိုယ်တော်သည် နှလုံးသားနှင့်ကိုး စားတောင့်တမှု ကိုသိမြင်တော်မူသော အရှင်ဖြစ်၍ တပ်မှူး၏ ယုံကြည်ခြင်း အားအသိအမှတ်ပြုကာ မိမိ၏နောက်တော်သို့ လိုက်သော သူများအား ဤမျှလောက်ယုံကြည်ခြင်းဖြင့် ကိုးစားသောသူကို ဣသေရလ အမျိုး၌မိမိမတွေ့ ဘူးသေးကြောင်း မိန့်တော်မူ ပါသည်။ တပ်မှူး၏ယုံကြည်ကိုးစားမှုကြောင့် သူ၏ငယ်သားသည် အနာမှထမြောက်၍ ကျန်းမာခြင်းကျေးဇူးကို သခင်ဘုရားထံမှခစားခဲ့ရပါသည်။

စကားသက်သက်သာမဟုတ်ပါ
 ခရစ်တော်၏ ဧဝံဂေလိတရားသည် စကားသက်သက် မဟုတ်ပါ။ တန်ခိုးနှင့်တွဲဖက်၍ ကိုယ်တော်ရှင် ကိုယ်တော် တိုင်ကသက်သေ ထူပြီး လက်တွေ့ ကျသည့်ခံစား ချက်ဖြစ်သည်။ ယနေ့ခရစ်ယာန်များစွာ တို့သည် ကိုယ်တော် အသက်ရှင် ကြောင်းလက်တွေ ့သက်သေမရှိဘဲစကားသက် သက္ကိုသာ ကြားနေကြရ သည်မှာ ဝမ်းနည်း ဖွယ် ကောင်းလှပေသည်။ အဘယ်ကြောင့်နည်း။ အသက္တာ ၌ကြုံတွေ့ကြရ သည့်အခက် အခဲပြဿဿနာ များ၌ ကိုယ်တော့် ကိုနှလုံးသား နှင့် မြည်းစမ်းကိုစား မှုမရှိ၍ဖြစ်သည်။

 ပြဿနာအခက် အခဲကြုံသည့်အခါ လူ့နည်းလူ့ဟန်ဖြင့်သာ ဖြေရှင်းနေကြသည်။ ခရစ်ယာန်မ ဟုတ်သော်လည်း ကိုယ်တော်အသက် ရှင်၍အရာခပ်သိမ်းကို တတ်စွမ်းနိုင်ကြောင်းကြားရ ရုံဖြင့် အခက်ခဲ ပြဿနာကြုံ သည့်အ ခါနှလုံး သားနှင့်ကိုယ်တော်ကို တမ်းတအော်ဟစ်မှုကြောင့် လက်တွေ့သက်သေ ရရှိခံစားကြရသူများ စွာရှိပါသည်။ ကိုယ်တော်သည် မည်သူ့ကိုမျှ မျက်နှာမလိုက်ပါ။ သို့သော်နှလုံး သား၏ တောင့်တမှု ကိုမူသိရှိတုန့်ပြန် ကာမစကူ ညီသော ဘုရားဖြစ်သည်။

ကျေးဇူးသိတတ်သောသဘော
ယနေ့အချိန်ကာလ၌၊ ကျေးဇူးပြုသော သူများကို ကျေးဇူးပြုခြင်းခံ ရသူများက ကျေးဇူးကို မသိမမှတ်ဘဲ၊ ကျေးဇူး ကနးကြသော သူများစွာရှိကြောင်း ကျွနု်ပ်တွေ့ရပါသည်။ သခင်ခရစ်တော်ထံသို့ အတိတ္ကအ ကျင့်ဆိုးကို ကျင့်ကြံခဲ့သော အမျိုးသမီး တစ်ဉီးရောက် လာပါသည်။ သူသည်တစ်ချိန် ကဆိုး ခဲ့သော်လည်း ကိုယ်တော်၏ ကျေးဇူး ကြောင့်နောင်တရကာ မိမိ၌ရှိသော ဆီးမွှေးကျောက်ဖြူခွက်ဖြင့် ကိုယ်တော့် အားကျေးဇူး တုန့်ပြန်ဖို့ရန် ရောက်လာ ခဲ့ခြင်းဖြစ်သည်။ ထိုမိန်းမ၏ နှလုံးသား မှကျေးဇူး တင်သော သဘောဖြင့်ပြု သည့်အမှုကို ကိုယ်တော်အား ခေါ်ဖိတ်သော ဖါရိရွဲ ကမသိပါ (လု၊ ၇ း ၃၇)။

ကိုယ်တော် ၏ကျေးဇူးပြုမှုကို ခံစားရပြီး နှလုံးသားမှကျေးဇူးတင်သော သဘောဖြင့်တုန့်ပြန်မှုတိုင်းကို ကိုယ်တော်က သိမှန်၍လက် ခံပါသည်။ ထိုနည်းတူကျွနု်ပ်တို့ဉည်လည်း ယခုဘဝ၊ နောင်ဘဝအတွက် အပြစ်ခွင့်လွှတ် ခြင်းနှင့် အာမခံ ချက်ကိုကိုယ်တော် ထံမှရရှိခံစားကြရ သူများပီပီ ကိုယ်တော်၏ ကျေးဇူးတရား ကိုသိမှတ်လျက် အသက်တာသစ်၌ ကိုယ်တော်၏ စကားတော် ကိုနာခံခြင်းဖြင့် အသက်ရှင် သင့်ကြပေသည်။


ပေးကမ်းစွန့်ကြဲခြင်းသက်သေ
(တ၊၁၀)တွင်ခရစ်ယာန် မဟုတ်သော တပ်မှူးတစ်ဉီးကို တွေ့ရသည်။ သူသည် ဘုရားရှင် ကိုမသိသော်လည်း ဘုရားကိုရည်စူး ၍ကြောက်ရွံ့ခြင်းရှိသည်သာမက လူတို့အားများ စွာသောစွန့်ကြဲခြင်းကိုပြုသည်။ ထို့အပြင်ဘုရားကို ရည်စူး၍ အစဉ် ဆုတောင်းကြောင်းတွေ့ရ သည်။ သူ၏နှလုံးသားမှဘုရား ကိုရည်စူး၍ ပြုတော်မူသောအမှုကို ဘုရားရှင်သည်သိမှတ် ၍သူ့အား အတွေ့ခံခဲ့ပါသည်။ ဘုရားရှင်သည် မျက်နှာမလိုက်ပါ။ ဘုရားသခင် ကိုရည်စူး၍ ပေးကမ်းစွန့်ကြဲခြင်းအမှု၊ ကူညီမစေသာ အမှုရှိသမျှကို ဘုရားရှင်သိမှတ်၍ ကောင်းချီးပေးပါသည်။

သို့ဖြစ်၍ ကျွနု်ပ်တို့ ၏အသက် တာ၌ ကိုယ်တော်ကိုမသိမမြင်။ ကိုယ်တော်၏သက်သေ ကိုမခံစားရသေးဘဲဖြစ် နေလျှင် နှလုံးသားနှင့် ကိုယ်တော် ကိုတမ်းတ မြည်းစမ်းကြည့်ပါ။ ကိုယ်တော်ကမိမိအသက်ရှင်ကြောင်း သက်သေထူ၍ မစ ကူညီပါလိမ့်မည်။ ကိုယ်တော်၏ကျေးဇူးပြုသက်သေထူမှုကို အသက္တာ၌ခံစားရပါက ကျေးဇူးတင်သော သဘောဖြင့် ဆက်၍ ကိုယ်တော်ရှင်၏ အလိုတော်အတိုင်းနာခံအ သက်ရှင်ပါက အသက္တာ၌ ထူးကဲသောအတွေ့ အကြုံနှင့်ကောင်းချီး မင်္ဂလာ အမျိုးမျိုးကို ခံစားကြရမည်ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှ လိုက်ရပါသည်။

 Dr.တင်မောင်ထွန်း-တရားဒေသနာ

Friday, 26 February 2016

နှလုံးသားမှန်ကန်ပါစေ

ဒံယေလအနာဂတ္တိကျမ်းကိုကြည့်မည်ဆိုပါက
ဘုရားသခင်လူမျိုးတော်မဟုတ်ဘဲနှင့် 
ဘုရားကိုသိခွင့်ရှိကြောင်း နားလည်ရ သလို ဘုရားသခင်၏လူမျိုးတော်ဖြစ်ပါလျက်နှင့် ဘုရားသခင်ကိုအလေးမထားဘဲ အသက်ရှင် သူများလည်း ရှိကြောင်းတွေ့ရသည်။ ဘုရားသခင်သည် မည်သူ့ကိုမျှမျက်နှာမလိုက်ပါ။ ဘုရားသခင်သည် မိမိလူမျိုးမဟုတ်ေ သာ်လည်း သူ့ကိုသိလိုပါကသိခွင့်ပေးကြောင်း၊ လူမျိုးတော်ဖြစ်ပြီး ဘုရားသခင်အကြောင်းကို များစွာသိလျက်နှင့် လျစ်လှူ ရှုအသက်ရှင် 
မှုကြောင့် အကျိုးခံစားခွင့်ရှုံး ကောင်းကို ဆင်ခြင်ပါက ဘုရားသခင်သည်သစ္စာတရားနှင့်လည်းကောင်း၊ သမ္မာတရားနှင့် လည်းကောင်း၊ ဖြောင့်မတ်စွာတုန့်ပြန်ကြောင့်၊ ကျွနု်ပ် တို့တွေ့မြင်နားလည်ရပေသည်။
နေဗုခဒ်နေဇာ
(ဒံ၊ ၄)တွင် နေဗုခဒ်နေဇာအမည်ရှိသော မင်းကြီးတစ်ပါးကိုတွေ့ရသည်။ ထိုမင်းကြီးသည် ယင်းအချိန်ကာလကသြဇာ တန္ခိုး အလွန်ကြီးထွားနေသော ဧကရာဇ်တစ်ပါးဖြစ်သည်။ ထိုမင်းကြီးသည် တစ်ပါးအမျိုးသားဖြစ်သော်လည်း ဘုရားသခင်၏ လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးကို ကောင်းစွာသိတော်မူသည်။ နေဗုခဒ်နေဇာမင်းကြီးသည် ဘုရားသခင်နှင့်ပတ်သက်၍ မြေတပြင်လုံးအရပ်ရပ်၌နေလျက် ဘာသာစကားအမျိုးမျိုးကို ပြောသောလူမျိုးတကာတို့အား သူကိုယ်တိုင်တွေ့မြင် ခံစားရေသာ ထာဝရဘုရား၏ ကြီးမြတ်တော်မူခြင်းကို သက်သေခံပါသည်။ ထာဝရဘုရားသည် အံ့သြဖွယ်ဖြစ်ကြောင်၊ တန်ခိုးတော်ကြီးမားကြောင့်၊ ဘုရားရှင်၏နိုင်ငံတော်သည် ထာဝရဖြစ်သည်သာမက အာဏာတော်သည် ကမBာအဆက်ဆက် တည်ကြောင်းသက်သေခံပါသည်။

ဗေသရှာဇာ
(ဒံယေလ၊ ၅)တွင် နေဗုခဒ်နေဇာမင်းကြီး၏သားတော် ဗေလရှာဇာကို ကျွနု်ပ်တို့တွေ့ရပြန်သည်။ ဗေလရှာ ဇာမင်းသည် ဖခမည်းတော်၏ သက်သေခံချက်အရ ဘုရားသခင်၏ အကြောင်းကို ကြားဖူးသော်လည်း ဘုရားသခင်ကိုမသိသေးသောသူဖြစ်သည်။ သူသည် မှူးမတ်တစ်ထောင်ကိုခေါ်၍ ကြီးစွာသောပွဲကို ကျင်းပကာ စပျစ်ရည်ကိုသောက်ရာတွင် ဗိမာန်တော်မှသိမ်းယူရရှိသည့် ရွှေဖလား၊ ငွေဖလားတို့ကိုအသုံးပြုကြောင်းတွေ့ရသည်။ ထိုအခါလူ၏လက်ဖျားသည်ပေါ်လာ၍ နံရံတွင် အက္ခရာတင်ရေးသားသည် ကိုဗေလရှာဇာတွေ့မြင်သောအခါ ကြီးစွာတုန်လှုပ်စိုးရိမ်ပူပန်စိတ်ဖြစ်လေသည်။ သို့နှင့် ပညာရှိအပေါင်းကိုခေါ်၍ အနက်အဓိပ္ပါယ် ပြောစေသော်လည်း မည်သူမျှမဖေါ်နိုင်သဖြင့် နောက်ဆုံးတွင် ဖခမည်းတော်လက်ထက်က ချီးမြောက်ခံရသည့်ဒံယေလကိုခေါ်၍ အနက်ဖေါ်စေ သည့်အခါ ဒံယေလကဘုရားသခင်သည် ကိုယ်တော်ကိုချိန်ခွင်၌ချိန်သည့်အခါ လျော့ကြောင်းတွေ့မြင်သည်ဟု ဖေါ်ပြပါသည်။

ဘုရားသခင်သည် လူသားတိုင်း၏နှလုံးသားကို ရှုမှတ်ကာချိန်တွယ်တော်မူပါသည်။ မင်းဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ၊ အမှုတော် ောဆင်ဖြစ်စေ၊ စီးပွါးရေးသမားဖြစ်စေ၊ လူအမျိုးမျိုးတို့အားချိန်တွယ်တော်မူပါသည်။ ဗေလရှာဇာသည် ဘုရားသခင်၏ချိန်တွယ်ခြင်း ခံရသည့်အခါ လျော့နေသဖြင့် အသက်တော်ရုတ်သိမ်းခြင်းခံရ၍ နိုင်ငံတော် အား မေဒိလူ၊ ပေရသိလူတို့အား ဘုရားသခင်အပ်ပေး တော်မူခဲ့လေသည်။

မိရှိုးဖလာ
ဤအဖြစ်အပျက်ကိုဆင်ခြင်ပြီး ခရစ်ယာန်မိဘများ မှဆင်းသက်လာကြသောခရစ်ယာန် သားသမီးများအား သတိပေး လိုပါသည်။ မိဘများထံမှ ဘုရားသခင်၏ အသက်ရှင်ခြင်းသက်သေကို ကိုယ်တွေ့မခံစားရသေးပါကသတိပြုပါ။ မိဘများထံမှ ကြားရ သောဘုရားသခင်သည် အမှန်တကယ်အသက်ရှင်ကြောင်းသက်သေရဖို့ရန် မြည်းစမ်းခေါ်ကြည့်ပါဟု တိုက်တွန်း လိုပါသည်။ ဘုရားသခင်၏ကယ်တင်ခြင်းတရားသည် လူတိုင်းအတွက်ဖြစ်ပါသည်။ ဘုရားသခင်က အကြောင်း ကိုနှလုံးသား ဖြင့်ဆင်ခြင်နေသူ တိုင်းအား ဘုရားသခင်က သက်သေပေးပါသည်။ ဉီးစွာဘုရားသခင် အကြောင်းသိဖို့လိုပါသည်။ ထိုနောက်မှ နှလုံးသားနှင့်ဆင်ခြင် လျှင် ဘုရားသခင်ကကိုယ်တွေ ့သက်သေခံစားစေမည်ဖြစ်သည်။

သို့ဖြစ်၍ သားသမီးများသည် မိဘထံမှဘုရားသခင် အကြောင်းပြောကြားချက်ကိုကြား ရသည့်အခါအလေးထားပါ။ ထိုကြားရသောစကားမှန်ကြောင်း သက်သေရှာပါက နှုတ်ကပတ်တော်သည် သက်သေဖြစ်ပါသည်။ ဘုရားသခင် လူတိုင်းကိုချစ် သနားတော်မူသောကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းတရားနှင့် သခင်ယေရှု အသက်ရှင်ကြောင်းကို အမှုတော်ဆောင်များစွာ အားဖြင့် အတိအလင်းသတိပေးဖေါ်ပြနေပါသည်။ ထိုစကားကိုအေလးမထားဘဲ ပယ်ရှားမည်ဆိုပါက ကျွနု်ပ်တို့သာလျှင်အကျိုး ဆုံးရှုံး ကြပေလိမ့်မည်။

နှလုံးသားမှန်ပါစေ
အသက်တာတွင်လုပ်ဆောင်မှုမည်မျှမှားနေပါစေ၊ နှလုံးသားမှန်ပါကဘုရား၏ သက်သေကိုခံစားရပြီ ဘုရားသခင်ကို တွေ့မြင်နိုင်ပါသည်။ (တ၊၉)တွင် ရှောလုသည်အသင်းတော်ကိုညင်းဆဲပြီး ယုံကြည်သူများအား နှောင့်ယှက်သူဖြစ်သော်လည်း နှလုံးသားကဘုရားသခင်ကို တမ်းတရည်စူးပြီးပြုနေခြင်းဖြစ်သဖြင့် ဘုရားသခင်ကအတွေ့ခံပါသည်။ ဒမာသက်မြို့သို့သွားသော လမ်းတွင် ရှောလုသည်သခင်ခရစ်တော်နှင့်ထိတွေ့ပြီး၊ မိမိဆန့်ကျင်ဘက်ပြုနေသောသခင်ယေရှု ကိုယုံကြည်လက်ခံ၍ အသက် တာပြောင်းလဲမှုရကာ အသင်းတော်၏အကျိုးပြုစုသူ၊ ဘုရားသခင်၏အကြောင်းကိုရဲဝံ့စွာ သက်သေခံ သူဖြစ်လာပါသည်။

ယနေ့သိပ္ပံပညာကို အခြေထားလျက် နှုတ်ကပတ်တော်မှားကြောင့် သက်သေရှာကြသူတို့သည် အဆုံး၌ နှုတ်ကပတ်တော် မှန်ကြောင်း၊ ဘုရားသခင်သည်ယနေ့တိုင်အသက်ရှင်၍ လူတို့ကိုကယ်တင်တော်မူကြောင်းသိရှိ ဝန်ခံခဲ့ကြပါသည်။ ထိုနည်းတူ (ကမ်ဘာ၂၇၊၂၈)တွင် ဣဇက်၏သားဧသောနှင့် ယာကုပ်နှစ်ယောက်ရှိကြသည့် အထဲမှသားကြီးဧသောသည် မိဘထံမွ ဘုရားသခင် အကြောင်းကြားရသော်လည်း ဘုရားတရားကိုအေလးမထား မိုမသေပြုကာအသက်ရှင်ခဲ့၍ ကောင်းချီးမင်္ဂလာဆုံးရှုံး ခဲ့ရသည်။ သားငယ်ယာကုပ်မှာမူမိဘထံမှကြားရသမျှကို အလေးထားစဉ်ထားအသက်ရှင်မှုကြောင့် ကိုယ်တွေ့သက်သေနှင့်တကွ ဘုရားသခင် ထံမှကောင်းချီးမင်္ဂလာကိုခံစားခဲ့ရသည်။ သို့ဖြစ်၍ ကျွနု်ပ်တို့အနေနှင့် ဘိုးဘြား၊ မိဘစဉ်ဆက်ကြားခဲ့ကြားရသောသွန်သင်ချက် စကားများအပေါ် ယုံကြည်နိုင်ဖို့ရန် သက်သေရလိုပါက ကိုယ်တိုင်မြည်းစမ်း၍ခေါ်ကြည့်ပါ။ နှလုံးသားကိုတွေ့မြင်သောဘုရားရှင်၏ သက်သေပြုထင်ရှားမှုကို ကိုယ်တိုင်အံ့သြဖွယ်ထိတွေ့ခံစားရမည်ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

 Dr.တင်မောင်ထွန်း-တရားဒေသနာ

Thursday, 25 February 2016

ကောင်းကင်ဘဏ္ဍာ

သံချေးပိုးရွဖျက်ဆီး၍၊ သူခိုးထွင်းဖောက် ခိုးယူရာ မြေကြီးပေါ်မှာ 
ဘဏ္႑ကိုမဆည်းပူးကြနှင့်၊ သံချေးပိုးရွ မဖျက်ဆီး၍၊ သူခိုးမထွင်းမဖောက်မခိုးမယူရာကောင်းကင်ဘုံ၌ ဘဏ္႑ာကိုဆည်းပူးကြလော့၊ အကြောင်းမူကား အကြင် အရပ်၌ သင်တို့၏ဘဏ္႑ာ ရွိ၏။ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏ (မဿဲ၊ ၆း၁၉-၂၀)။
အထက်ကျမ်းပိုဒ်ကို သဘောပေါက်ခံယူပါက
ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ကောင်းကင်သို့ရောက်နေမည်ဖြစ်သည်။ ဤအရာသည်အံ့သြစရာအကြောင်းဖြစ်ပါသည်။ လူဆိုသည်မှာဘဝမြင့်သည်ကိုနှစ်သက်ကြပါသည်။ ယနေ့ဘဝမြင့်ရန်ထက် မိမိ၏စိတ်နှလုံးကိုဘုရားသခင်ထံမှန်ကန်စွာအပ်နှံထားပါက လောကကြီးသည်ပူပြင်းကြမ်းတမ်းနေပါစေ၊ အေးချမးစွာနေထိုင် သွားရမည်ဖြစ်ကြောင်း လက်တွေ့ကျကျဝေငှလိုပါသည်။ ဤဝေငှချက်ကိုလိုက်လျှောက်ခြင်းဖြင့် ကောင်းချီး မင်္ဂလာအပြည့်အဝ ခံစားရ မည်ဖြစ်ကြောင်းအာမခံပါသည်။ သို့သော်ဒေသနာတော် ကိုကြားလျက်နှင့်ယုံကြည် လိုက်လျှောက်မှု မရွိပါက မိမိအတွက်အ ရံှုးသာ ဖြစ်ပါလိမ့်မည်။ ယနေ့အများ အားဖြင့်ကြားလျက်နှင့် ယုံဖို့ခက်ခဲနေကြသူများ ရှိသည်မှာ ဝမ်းနည်းစရာ ပင်ဖြစ်ပါသည်။

လောကီဘဏ္႑ာနှင့်ကောင်းကင်ဘဏ္႑ာ
သံချေးပိုးရွဖျက်ဆီးနိုင်သော လောကဘဏ္႑ာကို လူအများဆည်းပူးတတ်သည့်သဘောသည် လက်တွေ့ကျသလို သဘာဝ လည်းကျပါသည်။ သို့သော်သမ္မာကျမ်းစာက သံချေးပိုးရွမဖျက်ဆီးနိုင်သည့်ကောင်းကင်ဘဏ္႑ာတည်းဟူသော ဘုရားရှင်၏ဘဏ္႑ာ ကိုဆည်းပူးရန်ဖေါ်ပြထားပါသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ဘဏ်သည်အာမခံချက်မရှိပါ။

ထိုနည်းတူ ရွှေငွေဉစ္စာသည်လည်းအလျဉ်းမသင့်လျှင်ဆုံးံှုး၍ ကုန်ခမ်းသွားတတ်ပါသည်။ ကောင်းကင်ဘဏ္႑ာ ကိုဆည်း ပူးထားသူသည်လောက၌အသက်ရှင် စဉ်အခါ ပူပြငးမှုများခံစားရသော်လည်း စိတ်နှလုံးကကောင်းကင်ဘုံ သို့ရောက်နေသဖြင့် အကျိုးကျေးဇူးခံစားရပါသည်။ ဤအကြောင်းအရာအပေါ်အခြေခံ၍ဘုရားသခင်၏ ဘဏ်တည်းဟူသော ကောင်းကင်နိုင်ငံ၏ဘဏ် တွင်ကောင်းကင်ဘဏ္႑ာကိုလက်တွေ့ကျကျ မည်သို့ဆည်းပူးသိုထားရမည်အကြောင်း ဝေငှချင်ပါ သည်။

ကောင်းကင်ဘဏ္႑ာကိုမည်သို့ဆည်းပူမည်နည်း
လူတိုင်းလူတိုင်း ကောင်းကင်ဘဏ္႑ာကိုလိုချင်ကြမည်ဖြစ်သည်။ ကောင်းကင်ဘဏ္႑ာကိုလိုချင်ပါက နှုတ်ကပတ်တော် သြဝါဒအတိုင်းလိုက်လျှောက်ရန်အရေးကြီးပါသည်။ လောကဘဏ်၌ပင် စည်းကမ်း၊ ကတိနှင့်ရလဒ်ရှိပါသည်။ ဘဏ်၌ထည့်ထား ပါက ကတိပြုထားသည့်အတိုင်း ဘဏ်တိုးပေးသည်။ င်းနောက်လိုအပ်လာပါက အချိန်မရွေး ငွေထုတ်ယူနိုင်ခွင့်ရှိပါသည်။ ဘဏ်တိုးလိုချင်ပါက ထိုင်စဉ်းစားနေ ရုံနှင့်မပြီးဘဲ မိမိ၏ငွေများကို ဘဏ်၌ထည့်သွင်း ထားရန်လိုအပ်ပါသည်။ ၄င်းနည်းတူ ကောင်းကင်ဏ်၌ထည့်ထားရမည့်ဘဏ္႑ာမှာ ယုံကြည်ခြင်းနှင့် အကျင့်သီလဖြစ်ပါသည်။ ၄င်းသီလမှာ မုဆိုးမကိုကြည့် ရှုခြင်း၊ ဆယ်ဖို့တစ်ဖို့ပေးလှူခြင်း၊ အလှူငွေထည့်ဝင်ခြင်း၊ ဧဝံဂေလိသာသနာကိုအးပေးခြင်း စသည့်အရာများဖြစ်ပါသည်။ အဆိုပါသီလများကိုလောက ဘဏ်၌ငွေစုထားသကဲ့သို့ ကောင်းကင်နိုင်ငံဘဏ်တွင်စုထား၍ ရပါသည်။

၄င်းပြင်ဘုရားသခင်စေခိုငးသည့် အတိုင်းဆောင်ရွက်သည့်သီလ၊ ဘုရားနှစ်သက်သည်အတိုင်း ပြောဆိုသက်သေခံ ခြင်း သီလများလည်းရှိပါသေးသည်။ ယနေ့ဘုရားသခင်ပြောခိုင်းသည့် ဧဝံဂေလိစကားကြော်ငြာခြင်း အရာ၌ အားနည်းနေသလားဟု မိမိကိုမိမိပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်။ ဘုရားသခင်အကြောင်းပြောဆိုခြင်း၊ သက်သေခံခြင်း တွင် ကျမ်းစာတတ်ရန်မလိုပါ။ ခရစ်တော်ကိုယုံကြည်ခြင်းဖြင့် မည်သည့်အရာများခံစားရကြောင်း၊ ဆုတောင်းခြင်းဖြင့်ဖြေရှင်းပေး ကြောင်း၏ စသည်တို့ကို သက်သေခံပြောဆိုခြင်းသည် ကောင်းကင်ဘဏ္႑ာစုဆောင်းထားခြင်းဖြစ်ပါသည်။

လောက၌အသက်ရှင်စဉ် ခရစ်တော်အကြောင်း သက်သေခံပြောဆိုခြင်း၊ ပြဿနာနှင့်ကြုံတွေ့ရသည်အခါ သီချင်းဆိုချီး မွမ်းခြင်း၊ ဆုတောင်းခြင်းဖြင့် ရောဂါဝေဒနာများပျောက်ကင်းခြင်း စသည့်အရာများမရှိခဲ့လျှင် ဘဏ်စာရင်း၌ ငွေမစုဆောင်းထား သကဲ့သို့ဖြစ်ပါသည်။ ထိုကြောင့်ယနေ့ယုံကြည်သူတိုင်းအတွက် သက်သေခံပေးသော မင်္ဂလာရှိသည့် အတွေ့အကြုံအမျိုးမျိုးကို ထပ်၍ထပ်ခါခံစားရမည်ဖြစ်သည်။ ဤအကြောင်းကို မုဆိုးမတစ်ယောက်၏ အဖြစ်အပျက်နှင့် လက်တွေ့ကျကျဝေငှချင်ပါသည်။

ကောင်းကင်ဘဏ္႑ာ စုဆောင်းထားသူတစ်ဉီး
ပရောဖက်အမျိုးသား၏ မယားတစ်ယောက်သည် ဧလိရှဲထံသို့လာ၍ ကိုယ်တော့်ကျွန်၊ ကျွန်မ၏ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကိုိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမွာအေကွးရှင်သည် ကြ်န္မ၏ သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါလာပါပြီ ဟုေကွးကြော်လေ၏။ ဧလိရွဲ သွားလော့၊ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုး တို့ကိုငှါးယူလော့၊ များစွာသောအိုးတို့ကိုငှါးယူလော့၊၏ ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကိုငှါးယူခဲ့ပြီးမှ အိမ်ထဲသို့ ဝင်၍ တံခါးကိုပိတ်လျက်ဆီကိုလောင်လေ၏။ ထိုမိန်းမသည်လာ၍ ဘုရားသခင်၏လူကိုကြား ပြောလျှင်သူကထိုဆီကိုသြား၍ ရောင်းပြီးလျှင်အကြွေးကိုဆပ်လော့၊ ကြွင်းသောဆီကိုအမှီပြု၍ သင်နှင့်သားတို့သည် အသက်မွေးကြလော့ဟုဆို၏ (၄ရာ၊ ၄း၁-၇)။

အထက်ဖေါ်ပြပါကျမ်းပိုဒ်အရ သေဆုံးသွားသော ပရောဖက်သည် ထာဝရဘုရားကိုကြောက်ရွံ့ိုသေသော သူဖြစ်သည်။ ဆိုပါပရောဖက်သေဆုံးသွားသည့်အခါသားနှစ်ယောက်အား ကျွန်ခံရန်ကြွေးရှင်သည် ပရောဖက်၏ ဇနီးထံလာ ရောက်၍ သူမ၏ယောကျာ်းသည် ထာဝရဘုရားကို ကြောက်ရွံ့ြုပီး ရို သေသောသူဖြစ်ကြောင်းပြောဆိုပါသည်။ ဖခင်ပရောဖက် ကြီးသည် ဘုရားကိုကြောက်ရွံ့ခြင်း၊ ရို သေခြင်းဟူသည်သီလကို ဘဏ္႑ာအဖြစ်စုဆောင်းထားသည့်အတွက် သူသေဆုံးသွား သော်လည်း ကျန်ရစ်သည့်မိန်းမနှင့်သားနှစ်ဉီးမှာ ဒုက္ခထဲမှလွတ်မြောက်၍ ကောင်းချီးခံစားခဲ့ရကြပေသည်။ ပရောဖက်ကြီး ဧလိရွဲက အိမ်နီးချင်း များထံမှလပ်သောအိုးများရနိုင်သရွေ့ငှါးပြီး ၄င်းအိုးများထဲသို့ ဆီကိုလောင်းထည့်ရန် ပြောဆိုသည့် အတိုင်း နားထောင်ခြင်းဖြင့် ဆောင်ရွက်သည့်အခါ အကြွေးဆပ်နိုင် ရုံမျှမက မိသားစု၏အသက်မွေးရန်အတွက် ဖူလုံသွား ကြောင်းတွေ့မြင်ရပါသည်။

၄င်းပရောဖက်သည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်ခြင်းကြောင့် သူ့မိသားစုအတွက်အာမခံချက်ရှိလေသည်။ ထိုကြောင့် ကျွနု်ပ်တို့ဖခင်များအနေဖြင့် ၄င်းပရောဖက်နည်းတူ ဘုရားသခင်ကိုကြောက်ရွံ့ိုသေခြင်းတည်းဟူသော ကောင်းကင် ဘဏ္႑ာကို ဘုရားသခင်ထံဘဏ်စာရင်းဖွင့်စုဆောင်းထားပါက ကျွနု်ပ်တို့၏ဖခင်များသေဆုံးသွားပါလေစေ၊ ကျန်ရစ်သူမိသားစု များအတွက် ကောင်းကင်ဘဏ္႑ာ၏ အာမခံချက်ကိုဆက်လက်ခံစားရမည်ဖြစ်ပါသည်။ ဘုရားသခင်၏ ကောင်းကင်ဘဏ္႑ာသည် လောကဘဏ္႑ာထက်စိတ်ချရပါသည်။ ဤအကြောင်းအရာများကို ယုံကြည်သူတိုင်း စဉ်းစားဆင်ခြင်သင့်သည်သာမက လောကဘဏ္႑ာထက် ဘုရားသခင်၏ ဘဏ္႑ာ၏ကိုစုဆောင်းထားခြင်းတည်းဟူသည့် ဘုရားသခင်အားကြောက်ရွံ့ခြင်း၊ အမှုတော် မြတ်အတွက် ပါဝင်အသက်ရှင်ခြင်း၊ နာမတော်မြတ်၌ပေးလှူခြင်းအပြစ်လွှတ်ခြင်းခံရသည့်ကျေးဇူးတော်ကို အောက်မေ့သတိရခြင်း ဖြင့် လက်တွေ့ကျကျအသက်ရှင်လိုက်လျှောက်နိုင်ပါမည့်အကြောင်း မေတ္တာနှင့်ဝေငှလိုက်ပါသည်။

 Dr.တင်မောင်ထွန်း-တရားဒေသနာ

Tuesday, 23 February 2016

ဘုရားသခင်နှင့်မှန်ကန်မှု

ဘုရားသခင်နှင့် မှန်ကန်မှုကို ရရှိနိုင်ရန် ကျွန်ုပ် တို့သည်
 မွား ယွင်းသော အရာကို ဦးစြာသိ ရှိရန်လိုအပ် သည်။ ဆိုလို ချက်သည် အပြစ် တရားဖြစ်သည်။ လူအပေါငး်တို့သည် လမ်း လွှဲကြပြီ။ တညီ တညွတ် တည်းဆွေးမြေ့ ယိုယွင်းခြင်း ရှိကြ၏။ ကောင်းသော အကျင့်ကို ကျင့်သော သူမရွိ။ တစ်ယောက်မျှမရှိ (ဆာလံ ၁၄း၃)။ ကျွန်ုပ် တို့သည် ဘုရားသခင်၏ အမိန့်တော်ကို တော်လှန် ပုန်ကန် ခဲ့ကြသည်။ ကျွန်ုပ်တို့သည် လမ်းလွှဲသောသိုး 
စုနှင့်တူပါသည်။ (ဟေရှာ၊ ၅၃း၆)။

အပြစ်၏အခသည်သေခြင်းဖြစ်သည်ဟူသော သတင်းသည် သတင်းကောင်းမဟုတ်ပေ။ ပြစ်မှားသော ၀ိညာဉ်ရှိသမျှတို့သည် သေရမည် (ယေဇ၊၁၈း၄)။ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်က ကျွန်ုပ်တို့ကို ကယ်တင်ခြင်းလမ်းသို့ သွေးဆောင်ပို့ဆောင်ခြင်းဟူသောသတင်းသည် သတင်းကောင်းဖြစ်သည်။ သခင်ယေရှုက သူ၏အဓိကရည်ရွယ်ချက်ပန်းတိုင်သည် ပျောက်ဆုံးသော၀ိညာဉ်တို့ကိုရှာဖွေရန်နှင့် ကယ်တင်ရန်အတွက်ဖြစ်သည်။ ဟုကြွေးကြော်ခဲ့သည် (လုကာ ၁၉း၁၀)။ သူသည် ကားတိုင်တော်ပေါ်တွင်အသေခံသောအခါ သူပြောခဲ့သောစကား အမှုပြီးပြီ (ယောဟန် ၁၉း၃၀) သည် သူ၏ရည်၇ွယ်ချက်အားလုံးပြီးစီးသွားခဲ့ကြောင်းကို သခင်ယေရှုကကြွေးကြော်ခဲ့ ခြင်းဖြစ်သည်။

ဘုရားသခင်နှင့်စစ်မှန်သော မိတ်သာဟာရဖွဲ့ခြင်းရှိမှသာလျှင် မိတ်ဆွေသည် အပြစ်ရှိကြောင်း အသိအမှတ်ပြု ရန်အစပြုလာပါလိမ့်မည်။ ထို့နောက် ဘုရားသခင်ထံတော်သို့ သွား၍အပြစ်တရားအတွက် နောင်တရပါလိမ့်မည်(ဟေရှာ၅၇း၁၅) ထို့ပြင်အပြစ်တရားကိုစွန့်ပယ်ရန် ဆုံးဖြတ် ချက်ချနိုင်ပါလိမ့်မည်။ကယ်တင်ခြင်း သို့ရောက်စေခြင်းငှာ နှုတ်ဖြင့်၀န်ခံရ၏ (ရောမ ၁၀း၁၀)။

ဤအပြစ်၀န်ချတောင်းပန်ခြင်းထဲတွင် ယုံကြည်ခြင်းလည်းပါ၀င်ရမည်။ အထူးသဖြင့် ယုံကြည်ခြင်းသည် သခင်ယေရှု၏ အသေခံခြင်းနှင့် အံ့သြဖွယ်ကောင်းသော ရှင်ပြန်ထမြောက်ခြင်းတို့က သခင်ယေရှုသည် ကယ်တင်ဖြစ်ရန် အရည်အချင်းပြည့်မီစေကြောင်းကို ယုံကြည်ခြင်းဖြစ်သည်။ အဘယ်သို့နည်းဟူမူကား သင်သည် သခင်ယေရှုကိုနှုတ်ဖြင့်၀န်ခံ၍ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည် (ရောမ၊ ၁၀း၉) ။ ယောဟန် ၂၀း ၂၇၊ တမန်၊ ၁၆း၃၁၊ ဂလာ ၂း၁၆၊ ၃း၁၁၊ ၂၆ နှင့် ဧဖက် ၂း၈ -ကဲ့သို့သော ကျမ်းပိုဒ်တို့တွင် ယုံကြည်ခြင်း၏အရေးကြီးမှုတို့ကို ဖော်ပြထားပါသည်။

ဘုရားသခင်နှင့် မှန်ကန်မှုကိုရရှိခြင်းသည် မိတ်ဆွေကိုယ်စား ဘုရားသခင်ပြုခဲ့သောအမှုပေါ်တွင် မိတ်ဆွေ၏ တုံ့ပြန်မှုကိစ္စမျိုးဖြစ်သည်။ သူက ကယ်တင်ရှင်ကို စေလွှတ်ခဲ့ပါသည်။ ထိုကယ်တင်ရှင်က အပြစ်တရားချည်နှောင်ခြင်း မှလွတ်မြောက်ရန် ယဇ်ပူဇော်ခြင်းအမှုကို လုပ်ဆောင်ပေးခဲ့သည် (ယောဟန် ၁း၂၉)။ မိတ်ဆွေအတွက် သူက ကတိ တော်ပေးထားခဲ့ပါသည်။၄င်းသည်ထာ၀ရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက် ရကြလတ္တံ (တမန်တော်၊၂း၂၁)။

နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်းတရားအတွက် အကောင်းဆုံးသော ပုံဥပမာသည် ပျောက်သွားသောသား ဖြစ်သည် (လုကာ ၁၅း၁၁-၃၂)။ သားငယ္က သူ့ခမည်းတော်ပေးသော လက်ဆောင်တို့ကို ရှက်ဖွယ်ကောင်းသော အပြစ်ဒုစရိုက်ထဲ၌ ဖြုန်းတီးခဲ့ပါသည် (အခန်း ငယ် ၁၃)။ သူသည ်မှားယွင်းသောအမှုပြုကြောင်းကို မိမိကိုယ္ကို အသိ အမှတ်ပြုသောအခါ အိမ်သို့ပြန်လာရန် စိတ်ဆုံးဖြတ်ချက်ချခဲ့ပါသည်(အခန်းငယ် ၁၈)။သူသည ္မိမိကိုယ္ကို သားအရာ ရရှိသည်ဟုပင် မတွေးဝံ့ချေ (အခန်းငယ် ၁၉)။ သူသည် ဒုစရိုက်ပြုသောသူအဖြစ် မိမိကိုယ်ကိုသိရှိခဲ့ပါသည်။ ဖခင်ကြီးက အရင်တုန်းကသူ့ကို ပုန်ကန်ခဲ့သော သားငယ်ကိုချစ်ခဲ့ပါသည် (အခန်းငယ် ၂၀)။ သူလုပ်မှားသမျှ အားလုံးကို ခွင့်လွှတ်၍ ပွဲကျင်းပပေးခဲ့ပါသည် (အခန်းငယ် ၂၄)။

ခွင့်လွှတ်ခြင်းနှင့်ကတိတော်အပါအ၀င် ဘုရားသခင်သည် သူ၏ကတိတော်များ စောင့်ထိန်းခြင်းအမှု၌ အလွန် ကောင်းပေသည်။ ထာ၀ရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏ (ဆာလံ၊ ၃၄ း၈)။

မိတ်ဆွေသည် ဘုရားသခင်နှင့် မှန်ကန်မှုကိုရလိုပါက ဤသို့ဆုတောင်းပါ။ ယုံကြည်ခြင်းမရှိဘဲ ဤဆုတောင်း ခြင်းကို မြွွက်ဆိုခြင်းသို့မဟုတ် တခြားဆုတောင်းခြင်းက မိတ်ဆွေကို ကယ်တင်နိုင်မည်မဟုတ်ပေ။ သို့သော် မိတ်ဆွေ သည်အပြစ်နွံထဲမှ ကယ်တင်နိုင်သော ခရစ်တော်ကို ယုံကြည်မှသာလျှင် ကယ်တင်ခြင်းရရှိမည်ဖြစ်ပါသည်။ ဤဆုတောင်းခြင်းသည် မိတ်ဆွေက ဘုရားသခင်ကိုကိုးစားကြောင်းနှင့် သူပြင်ဆင်ပေးထားသော ကယ်တင်ခြင်း တရားအတွက် ကိုယ့််တော့်ကို ကျေးဇူးတင်စကားပြောခြင်းဖြစ်သည်။ ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော့်ကို ပြစ်မှားကြောင်းနှင့်ထိုအပြစ်တရားအတွက်တရားစီရင်ခြင်းပြစ်ဒဏ်ကိုကျွန်ုပ်သည်ခံထိုက်ကြောင်း ကျွန်ုပ်သိပါ၏။
ကျွနု်ပ်မထိုက်သောပြစ်ကြွေးအားလုံးကိုသခင်ယေရှုခရစ်တော်က ယူဆောင်သွား ခဲ့သောကြောင့် ကျွန်ုပ်သည် သခင် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် လွှတ်ခြင်းအခွင့်ရပါ၏။ ကျွနု်ပ်သည် အပြစ်ဒုစရိုက်နွံမှရုန်းထွက ်၍ကယ် တင်ခြင်း ရရှိရန်ကိုယ်တော် ကိုယုံကြည်ကိုးစား ပါ၏။ ကိုယ်တော်၏အံ့သြဖွယ်ကောင်းသောကျေးဇူူးတော်တရားနှင့် ခွင့်လွှတ ်ခြင်းတရား၊ ထာ၀ရအသက်ဆုကျေးဇူးတော်အတွက် ကိုယ်တော်ကို ကျေးဇူတင်ပါ၏!အာမင်!


အာဗြဟံ၏သား

သမ္မာကျမ်းစာကို ကျွနု်ပ်တို့လေ့လာ ဆင်ခြင်သည့်
အခါ အပိုင်း(၂)ပိုင်းတွေ့ရှိနိုင်ပါသည်။ ပထမအပိုင်းမှာ အက္ခရာစာ လုံးဖြင့်ရေးသား ထားသောကျမ်း စကားဖြစ်ပြီး ဒုတိယအပိုင်းမှာ အသက်ရှင်နေသော နှုတ်ကပတ်တော် ဟူ၍ဖြစ်သည်။ ထိုနှစ်ခု၏ တွဲဆက်မှုကို အကျွနု်ပ်တို့ အသက္တာ၌ လက်တွေ့ခံစား သဘောပေါက် ထားဖို့လိုပါသည်။ ပထမဦးစွာအက္ခရာ စာဖြင့်ရေးသား ပြုစုထားသော ကျမ်းစကားကို ကျွနု်ပ်တို့ ကိုယ်တိုင် ဖတ်ရှုရသော် လည်းကောင်း၊ 
မိဘဘိုးဘွားများ၏ ပြောကြားသွန်သင်ချက်အရ သော်လည်းကောင်းသိရှိရပြီးမှ ထိုကျမ်းစကားကို သခင်ယေရှုကိုယ်တိုင် ထပ်ဆင့်အ တည်ပြု၍ ပြောပြချက်အရ အသက္တာ၌ လက်တွေ့ကျကျက သက်သေနှင့်တကွ ခံစားရမွသာ အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။
သက်သေရှိ
နှလုံးသားထဲ၌ တမ်းတသောအရာ၊ နှလုံးသား၌ရှိသောအရာကို အပြင်တွင် သက်သေအဖြစ်ကျွနု်ပ်တို့မြင်နိုင်သည်။ (လု၊၁၉)တွင် ဇကွဲအမည်ရှိအခွန်ခေါင်းတစ်ဦးကိုတွေ့ရသည်။ သူသည်နှလုံးသားထဲက ဘုရားကိုတမ်းတသောသူ၊ ယုံကြည်သောသူ ဖြစ်ကြောင်း သူ၏တုန့်ပြန်မှုကို ထောက်ရှု၍ ကျွနု်ပ်တို့နားလည်ရသည်။ လူ့အပိုင်းမှ ကြည့်လျှင်သူသည်အရပ်ပုသောသူဖြစ်သလို လူအများစကဆုပ်ရွံ့ရှာသော အခွန်ခေါင်းတစ်ဦးလည်းဖြစ်သည်။ တစ်နေ့တွင် သခင်ခရစ်တော်ကြွလာကြောင်း သတင်းကြားလျှင် သူသည်မြင်တွေ့လို၍ သစ်ပင်ပေါ်သို့တတ်ကြည့်ကြောင်းတွေ့ရသည်။ သခင်ယေရှုကသူ့အားတွေ့ရသောအခါ အာဗြဟံ၏သား ဟူ၍ခေါ်ပါသည်။ အကြောင်းမှာ ဇကွဲသည် ဘုရားရှင်ရှေ့တွင် နှစ်သက်ဖွယ်သောသူဖြစ်သည်။ ဘုရားရှင်ရှေ့တော်တွင် နှစ်သက်ဖွယ် ဖြစ်ခြင်းသည် အပြင်သဏ္႑ာန်၏ လုပ်ဆောင်မှု။ လူများ၏သတ်မှတ်မှုနှင့် မသက်ဆိုင်ဘဲ အတွင်းနှလုံးသား၏ယုံကြည်တုန့်ပြန်မှု နှင့်သာ ဆိုင်ပါသည်။

ဘုရားသားမဖြစ်ပါ
ယနေ့ခရစ်ယာန်တိုင်း ဘုရားရှင်၏သားသမီးမဖြစ်ပါ။ ထို့အတူအာဗြဟံ၏ သားဖြစ်ခြင်းသည် သွေးသားသဘာဝနှင့် မဆိုင်ဘဲ ကတိတော် အပေါ်ယုံကြည်မှုနှင့်သာ သက်ဆိုင်ကြောင်းတွေ့ရသည်။ ဘုရားရှင်၏စကားကိုကြားသော်လည်း ယုံကြည်မှု မရွိသူ၊ နာခံမှုမရှိသူမြောက်မြားစွာရှိကြပါသည်။ ယုဒလူများသည် ဘုရားရှင်၏စကားတော်ကိုကြားနေလျက်နှင့် မွန္ကန္စြာနား လည်မှုမရှိသဖြင့် ယုံကြည်မှုလည်းမရှိကြချေ။ သို့ဖြစ်၍ ခရစ်တော်ကို ကားစင်တင်သတ်သော သူမ်ားမွာ ယုဒလူများကိုယ် တိုင်ပင် ဖြစ်ကြောင်း ဝမ်းနည်းဖွယ်ရာတွေ့ရသည်။ ဘုရားရှင်၏စကားတော်ကို ကြား၍ဟုတ်မှန် ဖြောင့်မတ်စွာ ကျင့်ကြသူများမျာ အာဗြဟံ ၏သားဖြစ်ကြသည်။ ဘာသာတရားမ်ားက လူသည်မိမိလုပ်ဆောင် မှု၏ကောင်းကျိုးနှင့် ဆိုးကျိုး ရလဒ်ကိုတူမျှစွာပြန်၍ ခံစားရမည် ဖြစ်ကြောင်း မီမောင်းထိုး၍ သတိပေးထားပါသည်။

အချို့က ဘာသာတရားလိုက်စားလျှင် ဘုရားကြိုက်မည်ဟု ယုံကြည်ယူဆပြီး အစွမးကုန်ကျင့်ကြံကြိုးစားလုပ်ဆောင် ကြသည်။ အပြင်သဏ္႑ာန်မှ အစွမ်းကုန်ကြိုးစားမှုပြုတိုင်း ဘုရားရှေ့တော်၌ နှစ်သက်ဖွယ်မဖြစ်ပါ။ နှလုံးကျောက်ကပ်ကိုစစ်တော် မူသော သဗေ္ဗညုတဉာဏ်တော်ရှင်ဘုရးက အပြင်သဏ္႑ာန်ထက်အတွင်းမနော၏ ယုံကြည်တုန့်ပြန်မှုကိုစစ်ကြော၍ သိမှတ်ပါသည်။ နှလုံးကဘုရားကိုတမ်းတကာ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ အစွမ်းကုန်လုပ်ဆောင်လေ သမျှကို ဘုရားရှင်ကလက်ခံသိမှတ်ပါသည်။ (ကမ်ဘာ၊ ၂၇)တွင် ဧသောနှင့် ယာကုပ်ဟူသော ညီအစ်ကို နှစ်ဦးကိုတွေ့ရသည်။ အသွေးအသားအားဖြင့် အာဗြဟံ၏အနွယ်ဖြစ်ပါ လျက်နှင့် ဧသောသည်ကျမ်းစကား ကိုကြားသော်လည်း အေလးမထားဘဲ သားဦးအရာကိုရောင်းစားကြောငး်တွေ့ရသည်။ ထို့အတူလောကကြီးထဲတွင် ကျမ်းစကားကိုကြားရသော်လည်း အလေးမထားသူများစွာရှိကြောင်းတွေ့ရသည်။

အာဗြဟံ၏သားဖြစ်ခြင်း
ဘာသာတရားတိုင်း ကကောင်းတာလုပ်လျှင် ကောင်းသောအကျိုးရလဒ်ကိုခံစားရမည်ဖြစ်ကြောင်းနှင့် မကောင်းသော အမှုကိုပြုပါက မကောင်းသောအကျိုးရလဒ်ကိုခံစားရမည်ဖြစ်ကြောင်း သတိပေး သွန်သင်ပေးထားပါသည်။ ဇကဲ္ခကို အပြင်သဏ္႑ာန် အရကြည့်ပါက မတရားစီးပြါးရွာ သူအျဖစ္လူအမ်ားက စက်ဆုပ်ရွံ့ရှာကြသည်။ သို့သော် နှုတ်ကပတ်တော် ဖေါ်ပြချက်အရကြည့်ပါက သူသည်မတရားသောစီးပွားရှာ သူမဟုတ်ကြောင်းတွေ့ရသည်။ ဇကဲ္ခသည် သူပိုင်ဆိုင်သည့်ဥစ္စာ တစ်ဝက်ကို ဆင်းရဲသောသူတို့ အားပေးကြောင်း၊ အခြားသူတစ်စုံ တစ်ယောက်၏ ဥစ္စာအနည်းငယ်ကိုယူမိလျှင် အထိုအတွက် လေးဆပြန်၍ပေးကြောင်းတွေ့ရသည်။ ဇကဲ္ခသည် သူပိုင်ဆိုင်သည့်ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အားပေးကြောင်း၊ အခြားသူတစ်စုံ တစ်ယောက်၏ဥစ္စာအနည်းငယ် ကိုယူမိလျှင် ထိုအတွက်လေးဆပြန်၍ ပေးကြောင်းတွေ့ရသည်။ ဇကဲ္ခသည် ကောင်းမှုပြုဖို့စဉ်းစားနေသူမဟုတ်ဘဲ လက်တွေ့ပြု ကျင့့်နေသူဖြစ်ကြောင်း နားလည်ရပါသည်။ သို့ဖြစ်၍ သခင်ယေရှုကိုယ်တော်တိုင်က ဇကဲ္ခအား အာဗြဟံ၏သားဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

ကျွနု်ပ်တို့၏အသက်တာ၌ ဘုရားသခင်နှင့်ထိတွေ့ဖို့ရန်အတွက်ဦးစွာတရားသောအမှုနှင့် မတရားသောအမှုကို ကျမ်းစကားဖြင့် ဆင်ခြင်နားလည်ပြီးသည့်နောက် မတရားသောအမှုကို စိတ်ပျက်တတ်ဖို့လိုသည်။ ပြီးမှနှုတ်ကပတ်တော်ကိုကြား၍ လက်တွေ့မြည်းစမ်းကာသက်သေရနိုင်မည်ဖြစ်သည်။ ယနေ့ကျွနု်ပ်တို့အနေဖြင့် ဘုရားသခင် နှင့် တွေ့နိုင်ဖို့ရန်အတွက် ဦးစြာပထမ တွေ့ချင်သောစိတ်ရှိဖို့လိုပါသည်။ တွေ့ချင်သောနှလုံးသားဆန္ဒမရှိပါက ကျမ်းစကားကို ကြားသော်လည်း ပြောင်းလဲခြင်းအသက်တာ ကိုမခံစားနိုင်ပါ။ အကြောင်းမှာတွေ့ချင်သည့်ဆန္ဒစိတ်ရှိသူတို့သာ ဘုရားသခင်ကိုယ်တော်တိုင်က တွေ့နိုင်ဖို့အခွင့်အလမ်းနှင့် အခြေအနေကိုပြင်ဆင်ပေးပြီး အတွေ့ခံပါသည်။

ကိုယ်တော်သိသည်
(ယော၊၁၄)တွင် သခင်ယေရှုက ငါ့ပညတ်တို့ကိုရ၍ စောင့်၍သောသူသည် ငါ့ကိုချစ်သောသူဖြစ်ကြောင်းနှုတ်နှင့် ပြောရုံဖြင့် မပြီးပါ။ လက်တွေ့နာခံလိုက်လျှောက်မှသာပြည့်စုံမည်ဖြစ်သည်။ ထိုသူကိုသာကိုယ်တော်ကသက်သေပေးပါသည်။ ဇကဲ္ခသစ်ပင်ပေါ် တက်သည်ကိုမြင်ပြီးမှ သခင်ယေရှုကအတွေ့ခံသည် မဟုတ်ပါ။ သစ်ပေါ်မတက်မီကပင် ကိုယ်တော်ကနှလုံး နှင့်တမ်းတပြီး နာခံလုပ် ဆောင်နေသောဇကဲ္ခကိုသိပါသည်။ ထိုကြောင့်တွေ့တွေ့ချင်း ဇကဲ္ခကိုနာမည်နှင့်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် ဘုရားစကားဖြစ်၍ သက်သေရှိပါသည်။ ဆယ်ဖို့တစ်ဖို့ကိုသစ္စာရှိစွာပေးပါက နှုတ်ကပတ်တော် နှင့်အညီ ကောင်းချီးများစွာခံစားရပါသည်။ ထို့အတူ နှလုံးသားနှင့်တမ်းတသူကို အတွေ့ခံမည်ဟု ကတိထားတော်မူသောအရှင် သည် ယနေ့တိုင်မပြောင်းလဲဘဲ သစ္စာကတိတည်သောအရှင်ဖြစ်ပါသည်။ ကယ်တင်ခြင်းလမ်းမှာ လူတိုင်းအတွက်ဘုရားရှင်က ပြင်ဆင်ထားခြင်းဖြစ်သော်လညး လူတိုင်းမခံစားကြရပါ။ တရားကိုဆင်ခြင်၍ မိမိလိုအပ်ချက် ကိုသိမြင်ပြီးနောက်မှ ကိုယ်တော့်အား နှလုံးသားနှင့်တမ်းတမျှော်လင့်မည်ဆိုပါက ကိုယ်တော်သည်သိမြင်ပြီး အတွေ့ခံမည်ဖြစ်ကြောင်း မေတ္တာနှင့်အသိပေးဝေငှလိုက်ရ ပါသည်။

Dr.တင်မောင်ထွန်း-တရားဒေသနာ

Friday, 19 February 2016

ပညတ်တော်နှင့်ခရစ်ယာန်

ဤမေးခွန်းကို သိရှိနားလည်ရန်အတွက် အဓိကသော့ချက်သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်သည် ဣသေရလ လူမ်ား များအတွက် ပေးထားခြင်းဖြစ်ပြီး ခရစ်ယာန်များအတွက် ပေး ထားခြင်း မဟုတ်သည်ကို သိရှိခြင်းပင်ဖြစ်သည်။

တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးများက ဘုရားသခင်ကို မည်သို့ နာခံရမည်ကို ၎၊ မည်သို့ 
၀မ်းမြောက် စေရမည်ကို၎င်း ညွှန်ပြပေးသော ပညတ်တော် များဖြစ်ကြ သည်။ (ဥပမာ-ပညတ်တော်ဆယ်ပါး)၊ တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးတို့က ဘုရားသခင်ကို မည်သို့၀တ်ပြုမည်ကို၎င်း၊ မည်သို့ အပြစ်ဖြေရ မည်ကို ၎၊ ညွှန်ပြပေးသော ပညတ်တော်များဖြစ်ကြသည် (ယဇ်ပူဇော်ခြင်းအမှု)။

တချို့သော ပညတ်တော်တို့သည် ဣသေရလ လူမျိုးတို့သည် တခြားသော လူမျိုးတို့နှင့် မတူပဲ တမူထူးခြားသော လူမျိုးဖြစ်ကြောင်းကို ညွှန်ပြပေးသော ပညတ် တော်များ ဖြစ်ကြသည် (အစားအသောက်နှင့် အ၀တ်အ စားနှင့် ပတ်သက်သော ပညတ်တော်)။

ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှသည် ယနေ့ကျွနု်ပ်တို့ အသက္တာ၌ အသုံးပြုရန်အတွက် မဟုတ်ပေ။ ကားတိုင်တော်ပေါ်တွင် ခရစ်တော် အသေခံသောအခါ သူက ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှ ဖျက် သိမ်းသွားခဲ့သည် (ရောမ၊ ၁၀း၀၀၊ ဂလာ၊ ၃း၂၃-၂၅၊ ဧဖက်၊ ၂း၁၅)။

ကျွန်ု်ပ်တို့သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်ကို ကျင့်သုံးမည့်အစား ခရစ်တော်ပေးသည့် ပညတ်တော် ကို အသုံးပြုကြပါသည် (ဂလာ၊ ၆း၂)။ ၎ ပညတ်တော်သည် သင်၏ ဘုရားသခင် ထာ၀ရဘုရားကို စိတ်နှလုံး အကြွင်း မဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ..... ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့် အမွ် ချစ်လော့ (မဿဲ၊ ၂၂း၄၀)။

သို့သော် ယခုခေတ်တွင် ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော်ကို မထီမဲ့မြင်ပြုရန်အတွက် မဆိုလိုပေ။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်တချို့တို့သည် ဘုရားသခင်ကို ချစ်ခြင်း နှင့် ကိုယ်နှင့် စပ်ဆိုင်သော သူကို ချစ်ရန် ဖော်ပြထားသော အချက်များလည်း ပါ၀င်ပါသည်။

ဘုရားသခင်ကို မည်သို့ချစ်ရမည်ကို၎င်း၊ မိမိအိမ်နီးနားချင်းကို မည်ကဲ့သို့ ချစ်ရမည်ကို ၎ သိရှိနိုင်ရန်ဓမ္မ ဟောင်းထဲ၌ရှိသော ပညတ်တော်တို့သည် အလွန်ကောင်းသည့် လမ်းညွှန်တိုင် ပင် ဖြစ်သည်။ ထိုနည်းတူ ယနေ့ခရစ်ယာန်အသက်တာထဲတွင် ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကို အသုံးပြုရမည်ဟု ပြော ဆိုခြင်းသည်လည်း မှန်ကန်မှုမရှိပေ။

ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် လောကနီတိပင်ဖြစ်သည် (ယာကုပ်၊ ၂း၁၀)။ ထိုပညတ်တော် အားလုံးကို ကျင့်သုံးနိုင်သည်။ ပယ်ဖျက်နိုင်သည်။ ယဇ်ပူဇော်ခြင်း လုပ်ဆောင်မှုကဲ့သို့သော ပညတ်တော်မျိုးကို ခရစ်တော်က ပြည့်စုံပေးခဲ့လျှင် ပညတ်တော်အားလုံးကို ပြည့်စုံစေခြင်းပင်ဖြစ်သည်။ ပညတ်တော် တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။

ပညတ်တော်ကို စောင့်ခဲ့သည်မဟုတ် (၁ယော၊ ၅း၃)။ ပညတ်တော် ဆယ်ပါးတို့သည် ဓမ္မ ဟောင်းထဲ၌ရှိသော ပညတ်တော်အားလုံးတို့၏ အချုပ်အခြာပင်ဖြစ်သည်။ ပညတ်တော် ဆယ်ပါးအနက် ကိုးခုတို့သည် ဓမ္မသစ် ကျမ်းထဲတွင် ပြန်လည်ဖော်ပြထားပါသည်။ (ဥပုဒ်နေ့ကို စောင့်ထိန်းရန် ပညတ်များကလွဲ၍)။ ကျွနု်ပ်တို့သည် ဘုရားသခင်ကို ချစ်ခဲ့လျှင် တခြားသော မှားသော ဘုရားတို့ကို ကိုးကွယ်မည်မဟုတ်တော့ပေ။ သို့မဟုတ် ရုပ်ထုများရှေ့တွင် ကိုးကွယ်မည်မဟုတ်တော့ပေ။

ကျွနု်ပ်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကို ချစ်လျှင် သူတို့ကို သင်ပြောမဟုတ်ပေ။ သူတို့ ကို လိမ်ညှာ မည် မဟုတ်ပေ။ သူတို့အပေါ် မတရားမှုတွေ ပြုမည်မဟုတ်ပေ။ ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော် ၏ ရည်ရွယ်ချက်သည် လူသားမ်ားက သခင်ယေရှုကို ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံရန် လိုအပ်ကြောင်း ညွှန်ပြ လိုခြင်း ဖြစ်သည် (ရောမ၊ ၇း၇-၉၊ ဂလာ၊ ၃း၂၄)။

ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် ဘုရားသခင်က လူသားအားလုံးအတွက် အမြဲတမ်းကျင့်သုံးရန် ပေးထားသော ပညတ်တော်မဟုတ်ပေ။ ကျွနု်ပ်တို့သည် ဘုရားသခင်နှင့် ကိုယ်နှင့် စပ်ဆိုင်သော သူတို့ကို ကိုယ်နှင့် အမွ် ချစ်ရပါမည်။ ဤပညတ်တော်နှစ်ပါးအတိုင်း သစ္စာရှိစွာဖြင့် အသက်ရှင်လျှင် ကျွနု်ပ််တို့သည် ဘုရားသခင်တောင်းဆိုသော ပညတ်တော်အားလုံးတို့ကို လိုက်လျောက်အသက်ရှင်ခြင်းပင်ဖြစ်သည်။