Sunday, 18 December 2016

“မွေးနေ့ရှင်၏နာမတော်”

ဤလောက၌လူ တယောက်မွေးလာပြီဆိုလျှင်
၊နေ့နာမ်ကို အမှီပြုပြီး၊ ခင်ပွန်း တပ်လေ့ရှိ
သည်။ အမည် နာမ မရှိသောလူ သားဟူ၍မရှိ။
 တချို့နာမည်များမှာ အခိျန်ရာသီများ ကိုကြည့်
ပြီး မှည့်ကြသည်။ ကျွန်ုပ်တူတစ်ယောက် မုန်
တိုင်းကျနေသော ကာလမှာမွေး၍“ ခိုမိူ” (မုန်
တိုင်းတေ့ွသူ) ဟုမှည့်ထားသည်။ တချို့ကရာ
သီပန်းများကို အမှီပြုပြီးမှည့်ကြသည်။ မလီလီ၊
မနှင်းဆီ၊မချယ်ရီ စသဖြင့်မှည့်ခေါ်ကြသည်။ တချို့မှာ၊ 
ဇာတိသွေး၊ ဇာတိမာန်၊မျိုးချစ် စိတ်များကို ထင်ပေါ်အောင် နာမည်ပေးကြပြန်သည်။ အာဇာနည်၊ရဲကျော်သူ၊ သူရမြင့်မောင်၊ မောင်မျိုးချစ် စသဖြင့်မိမိဂုဏ်ရာ ထူးများကို ထုတ်ဖော်ပြီး မှည့်ခေါ်ကြသည်။

သို့သော် အရှင်ယေရှု မှာမူ မွေးဖွါးပြီးမှ၊ နာမည်များမှည့်ခေါ် သည်မဟုတ်ပါ။ မမွေးဖွါးမှီနှစ်ပေါင်း များစွာကတည်းကပင်၊ ဘယ်မှာမွေးမည်၊ ဘယ်လိုမွေးမည်၊နာမည် ဘယ်လိုမှည့်မည်ကိုကြိုတင် ဟောကိန်းထုတ် ထားခဲ့လေသည်။ အရှင်ယေရှု ၏နာမများသည် သူ၏ဂုဏ်တော်များ ကိုဖေါ်ညွှန်းလျက်ရှိသည် (၇၄၀-၆၈၀ B .C.) အတွင်းပရောဖက်ဟေရှာယ ကကယ်တင်ရှင် ယေရှုမွေးလာမည့် အကြောင်းကြိုတင် မရောဖက်ပြုခဲ့သည်။

ပဌမ နာမတော် သည် “အ့ံသြဘွယ်” ဖြစ်သည်။ အံ့သြဘွယ်၏ဆိုလိုရင်း အဓိပ္ပါယ်မှာ“Supernatural” (တရားသူကြီး ၁၃း၁၈)။ သဘ၀ထက်လွန် ကဲသောဟူ၍ဖြစ်သည်။ အရှင်ယေရှုလုပ်ဆောင် ချက်များကိုကြည့်လျှင် လေမုန်တိုင်း ကိုငြိမ်းစေခြင်း(မာကု၄း၃၉) ရေပေါ်မှာလမ်း လျှောက်ခြင်း(မဿဲ၁၄း၂၆)၊ နတ်ဆိုးများကိုနုင်ထုတ်ခြင်း(၅း၁-၁၀)၊ ကန်းသောသူ ကိုမြင်စေခြင်း (ယော၉း၁-၇) သေသောသူ ကိုရှင်စေခြင်း (ယော၁၁း၄၃-၄၄)မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့်လူထု ငါးထောင်ကျော် ကိုကျေွးမွေးနိုင်ခြင်း(မဿဲ၁၄း၁၉-၂၁) တို့သည် (Supernatural power) သဘာ၀ထက် လွန်ကဲသော တန်ခိုးများသာဖြစ်လေသည်။

ဒုတိယ နာမတော် မှာ “တိုင်ပင်ဘက်” ဖြစ်သည်။ တိုင်ပင်ဘက်။ အဓိပ္ပါယ်မှာ (adviser) အကြံအ ဉာဏ်ပေးနိုင် သူဖြစ်သည်။ တန်းခိုးတော်၊ ဉာဏ်တော်နှင့်ပြည့်စုံ၍ မှားသောနှင့် မှားစေသောသူတို့ ကိုပိုင်တော်မူ၏။ တိုင်ပင်မှုး မတ် တို့ကိုဘမ်းဆီး သိမ်းသွားတော်မူ၏။ တရားသူကြီးတို့ ကိုရူးးသွပ်စေတော်မူ၏။ တိုင်းနိုင်ငံတို့ကို ချီးမြောက်၍တ ဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ ကိုကျယ်စေခြင်းငှာ ၄င်း၊ပြုတော်မူ၏(ယောဘ ၁၂း၁၆-၁၇,၂၃)။ ထာ၀ရဘုရားသည်၊ ငါတို့၏တရား သူကြီးဖြစ်တော်မူ၏။ ထာ၀ရဘုရား သည်ငါတို့ပညတ် တရားရှင်ဖြစ်တော်မူ၏ (တရားသူကြီး ၃၃း၂၂)။

အရှင်ယေရှု၏နာမသည် တိုင်ပင်ဖက်ဖြစ်သည် ဟုဆိုရာ၌၊ထိုနာ မပိုင်ရှင်ပုဂ္ဂိုလ်သည်၊ ယနေ့၊မနေ့နောင်ကာ လအသက်ရှင် လျက်ရှိသောကြောင့်၊ အဘယ်သို့သောအ မှု့ကိစ္စမျိုးမဆို တိုင်ပင်ဆွေးနွေး ၍ရသည်။ အဖြေမှန်ရရန်၊ အောင်မြင်အောင် လုပ်နိုင်သောတန်ခိုးနှင့်နည်း လမ်းများကို လည်းပေးပိုင်သော အရှင်ဖြစ်သည်။ ထို့ကြောင့်ဒါ၀ိဒ်မင်းကြီးသည် စစ်မတိုက်မှီ၊စစ် တိုက်လျှင်အောင်မည် ရံှုးမည်ကိုဘုရား ရှင်အားတိုင် ပင်လေ့ရှိပါသည်။(၁ရာ ၂၉း၈)။ ထိုအတူယုဒ ဘုရင်ယေရုဖတ်သည် လည်းစစ်မူအတွက် ဘုရားသခင်ကို တိုင်ပင်ခဲ့သည်။(၃ရာ ၂၂း၁၅-၂၈)။

ချစ်သောဓမ္မမိတ်ဆွေ… သင်သည်၊အမူကစ္စ အ၀၀အတွက် ဆုံးဖြတ်ချက်မချမှီ၊ ဘုရားသခင်ကို ယေရှုနာ မဖြင့်တိုင်ပင် ဆွေးနွေးနိုင်ပါသည်။ ဘုရားသခင်ထံမှ တိကျသောအဖြေရမှ သာလုပ်ဆောင်ပါ။

တတိယ နာမတော် “တန်ခိုးကြီးသောဘုရားသခင်” ။ အဓိပ္ပါယ််မှာ တုနိုင်းလို့မ ရသောဘုရားသခင်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးသောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ကြောက် မက်ဘွယ်သောဘုရား၊ လူမျက်နှာကိုမထောက်၊ တံစိုးကိုမစားဘဲ၊ မိဘမရှိသောသူငယ်မုတ်ဆိုး မဘက်၌တရားစီရင်၍၊ဧည့် သည်အာဂန္တုတို့ကိုစုံမက် သဖြင့်၊အ၀တ်အစား တို့ကိုပေးသနားသော ဘုရားဖြစ်တော်မူ၏(တ၇ား ၁၀း၁၇-၁၈)။ အရာခပ်သိမ်းကို တတ်နိုင်တော်မူသော ဘုရားဖြစ်ကြောင်း ကိုဖေါ်ပြထားပါသည်။ ထို့ကြောင့်မိတ်ဆွေ အနေဖြင့်လက် ရှိကြုံတွေ့နေသော၊ပြသနာ အခက်ခဲများအတွက် ယေရှုနာမဖြင့် ဆုတောင်းပါက၊ဧကန်မုချ အဖြေရပေလိမ့်မည်။

စတုတၳနာမတော် “ထာ၀ရအဘ” 
ဆိုလိုရင်းအဓိပ္ပါယ်မှာ၊ မပြောင်းမလဲတည်ရှိတော်မူသော၊ ထာ၀ရအဘဟုအဓိပ္ပါယ်ရှိသည်။ တဖန်ကျမး်စာလာသည်ကား၊ အိုထာ၀ရဘုရားကိုယ်တော် သည် ရှေးဦးစွာ၌မြေကြီးကိုတည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း၊ လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။ ထိုအရာတို့သည်ပျက်စီးခြင်း သို့ရောက်သော်လည်း ကိုယ်တော်သည်အမြဲတည်တော်မူ၏(ဟေဗြဲ ၁း၁၀-၁၂)။ ခပ်သိမ်းသောငါတို့၏ အဘဖြစ်တော်မူသော ဘုရားသခင်တဆူ တည်းရှိတော်မူ၏(ဧဖက် ၄း၆)။ အိုထာ၀ရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏ရှေ့ကာလမှစ၍ ကျွန်ုပ်တို့ကိုရွေးနှုတ်သော ဘု၇ားဖြစ်တော် မူ၏(ဟေရှာယ ၆၃း၁၆)။

 ထို့ကြောင့် ယေရှုနာမတော်သည် ထာ၀ရအ ဘဖြစ်သောကြောင့် ကောင်းကင် သတ္တဝါ၊မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော တသတ္တဝါ၊ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည်၊ ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍၊ ယေရှုခရစ်သည်၊ သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်၀န်ခံသဖြင့် ခမည်းတော်ဘုရား သခင်၏ဘုန်းအသရေတော် ကိုထင်ရှားစေကြမည် အကြောင်းတည်း(ဖိလိပ္ပိ ၂း ၁၀-၁၁)။သို့ဖြစ်၍အရာခပ်သိမ်းအပေါ်မှာ၊ အခွင့်အာဏာ၊ အုပ်စိုးခြင်းတန်ခိုးရှိတော်မူသော၊ယေရှုခရစ်ကို၊ကိုးကွယ်ကြကုန်အံ့။

ပဉ္စမနာမတော် “ငြိမ်သက်ခြင်းအရှင်” ဆိုသည်မှာ၊ယေရှုခရစ်တော်ကိုယ်တိုင်က၊ ငြိမ်သက်ခြင်းကိုပေးပိုင်သောအရှင်ဖြစ်သည်ဟုဆိုလိုသည်။ လူနှင့်ဘုရားသခင်သည်၊အာဒံ၏ကျူးလွန်ခြင်းကြောင့် ရန်သူဖြစ်ခဲ့ပြီး(ရောမ ၅း၁၀)။ သန့်ရှင်းသောဘုရားနှင့်သင့်မြတ်အောင်လူသည်မတတ်နိုင်(ဂလာတိ၃း၁၃)။ သို့သော်ဘုရားသခင်သည် ယေရှုခရစ်အားဖြင့်ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့်မိဿဟယဖွဲ့စေတော်မူ၏(၂ကော၅း၁၈)။ ထို့ကြောင့်ငါတို့သည် ယုံကြည်ခြင်းရှိ၍ဖြောင့်မတ်ရာ သို့ရောက်လျှင်ငါတို့ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့ တော်၌ငြိ်မ်သက်ခြင်း ကိုခံစားကြ၏(ရောမ ၅း၁)။

ဤငြိမ်သက်ခြင်းသည်၊လောကီ သားတို့ပေးသောငြိမ်သက်ခြင်းမျိုး မဟုတ် ခရစ်တော်ပေးသောငြိမ်သက်ခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်ရောက်သွား သည်တိုင်အောင်၊ကြောက်ရွံ့တုန်လှုပ်စရာမလို။ စိတ်နှလုံးပုူပန်စရာမရှိ။ အပြစ်စီရင်ခြင်းနှင့်လုံး ၀ကင်းလွတ်မည့်ငြိမ်သက်ခြင်းမျိုး၊ ဘယ်အချိန်ဘဲသေသေ၊ ငရဲမကျရတော့ဘူးဟူသော အတွင်းငြိမ်သက်ခြင်းမျိုးဖြစ်လေသည်။ ထို့အပြင်၊ခရစ်တော်ပေးသောငြိမ် သက်ခြင်းကိုရသောသူသည်၊ နောင်ဘ၀အတွက်စိုးရိမ်စရာမရှိသည်သာမက ယခုဘ၊စား၀တ်နေရေး အတွက်လည်းပူပန်စရာမလို။ လိုအပ်သောအချိန်မှာ၊ လိုအပ်သောအရာကို၊ဘုရားသခင်က မစ မည်ကိုစိတ်ချနိုင်သောငြိမ် သက်ခြင်းမျိုးဖြစ်ပါသည်(ယော ၁၄း၂၇)။

အဌမ နာမတော် “ဧမာနွေလ”။ ဆိုလိုသည်မှာ၊ငါတို့နှင့်အတူရှိတော်မူသောဘုရားဖြစ်ပေသည်။ ယေရှုခရစ်သည်၊နေရာ၊ အပိုင်းအခြားတစ်ခုထဲမှာနေသောဘုရားမဟုတ်။ နေရာတိုင်းမှာ၊ငါတို့နှင့်အတူရှိတော် မူသောဘုရားဖြစ်သည်။ ထို့ကြောင့် ဘယ်ဒေသ၊ ဘယ်နေရာမှာ ၊နေထိုင်သည်ဖြစ်စေ၊မိတ်ဆွေနှင့် အတူရှိသောဘုရားဖြစ်သည်။ ဘုရားကျောင်း၌သာ ရှိသောဘုရားမဟုတ်၊ မိတ်ဆွေ၏အလုပ်ခွင်မှာ၊ မိတ်ဆွေ၏ သွားလေရာရာမှာရှိသောဘုရား၊ ထောင်ထဲမှာရောက်သည်ဖြစ်စေ၊ ဆေးရုံမှာနေသည်ဖြစ်စေ၊ လူဆိုးတို့၏လက် ထဲမှာရောက်သည်ဖြစ်စေ၊ မိတ်ဆွေနှင့်အတူရှိသော ဘုရားဖြစ်ပေသည်။ ထို့ကြောင့် အရှင်ယေရှု၏နာမတော်၊အာနိ သင်ကိုသိပြီဆိုလျှင်၊ သစ္စာနှင့်ပဌနာပြုကြည့်ပါ။ ထာ၀ရဘုရားသည်၊ ပဌနာပြုသောသူ အပေါင်း၊ သစ္စာနှင့်တကွပဌနာပြုသောသူ အပေါင်းတို့၏အနီးအ ပါး၌ရှိတော်မူ၏(ဆာလံ ၁၄၅း၁၈)။

ချစ်စွာသောဓမ္မမိတ်ဆွေ….ယခုနှစ် ခရစ်တော်၏မွေးနေ့၊ ဒီဇင်ဘာ(Christmas)မှာ မွေးနေ့ရှင်၏နာမများကို သိခွင့်ရလို့ကျေးဇူးတော်ကြီးလှပါ၏။ ဤအချိန်ခါသမ ယမှာပျော်ပွဲရွှင်ပွဲ အသောက်အစားဖြင့်အချည်းနှီး အချိန်မကုန်စေဘဲ၊ပျောက်ဆုံး ၀ိညာဉ်ကယ်တင်ရေးအတွက် အသုံးပြုပါ။ မွေးနေ့ရှင်၏အမည်နာမ၊အာနိသင်၊ အကျိုးကျေးဇူးများကိုဖော်ပြခဲ့ပြီ။
လူသည်၊ကိုယ့်အားကိုကိုး စားသောသတ္တဝါဖြစ်၏။ သူတပါးအကူအညီကိုရယူဘို့၊ သိက္ခာကျသည်ဟုထင်တတ်သော လူစားမျိုးဖြစ်သည်“ရသလား”ဟုမေးလျှင် မရ- ဒါလည်း ရတယ်-ရတယ်”ဟူ၍ ဟန်ဆောင်တတ်သော သတ္တဝါဖြစ်သည်။

အမှန်မှာလူ၏တတ်စွမ်းနိုင်ခြင်း သည်အကန့်အသတ်ရှိ၏။ (ဥပမာ)ဆယ်ပေခုန်နိုင်သူရှိသော်လည်း ပေ၁၀၀၀ခုန်နိုင်မည့် သူမရှိပါ။ထို့ကြောင့်လူသည်၊ မတတ်နိုင်သောအရာမှာ၊ မစမည့်သူ၊ကူမမည့်သူ၊ ကယ်တင်မည့်သူကိုရှာရပေလိမ့်မည်။
ချစ်သောဓမ္မမိတ်ဆွေ ၊နောင်ရေးအတွက်စိတ် ပူနေပါသလား?။ ဒါမှမဟုတ် မိမိကုသိုလ်၊ အကျင့်သီလအားဖြင့်ကောင်း ရာရောက်ဘို့မသေချာ၊ မရေရာဖြစ်နေပါသလား။

မိတ်ဆွေအတွက် သတင်းကောင်းတခုပါးချင်ပါသည်။ ထိုသခင် (ယေရှု)၏နာမတော်မှတပါး၊ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက်လူတို့တွင်မပေါ်မရှိဟုကျမ်းစာကဆို၏(တ ၄း၁၂)။ သခင်ယေရှု၏နာမသည် အပါယ်ငရဲမှကယ်တင်နိုင်သော“တခုတည်းသော နာမတော်”ဖြစ်ပါ၏။
လူအပေါင်းတို့ကိုအစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကိုဌနာပြုသော သူရှိသမျှတို့သည် ကယ်တင်မူခြင်း သို့ရောက်ရကြလတံ့(ရောမ ၁၀း၁၂-၁၃)။

ချစ်သောဓမ္မမိိတ်ဆွေ….အရှင်ယေရှု၏နာမကို သိရုံနှင့်မပြီးပါ။ကိုယ်တိုင် ယုံကြည်ခြင်းနှင့်အသုံးချပါ။သစ္စာဖြင့်ပဌနာပြုကြည့်ပါ။ ဧကန်အမှန်အကျိုးတစုံတခုရရှိပေလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည်သင်တို့အပေါင်း၌ရှိစေသတည်း။(အာမင်)…

Friday, 7 October 2016

တစ်ရွာမပြောင်း သူကောင်းမဖြစ်

        တစ်ရွာမပြောင်းသူကောင်းမဖြစ်ဟူ
သော စကားကို လေ့လာဆင်ခြင်ကြပါစို့။
ဤတွင်ပြောင်းရွှေ့ တိုင်း၊ သူကောင်းမဖြစ်
သလို ပြောင်းရွှေ့ရခြင်းကြောင့်ကောင်းစား
သွားသောသူများလည်း ရှိကြောင်းကို လက်
တွေ့ရော ကျမ်းရဲ့အထောက်အထားအား
ဖြင့်ပါ သိရှိရပါသည်။

        တစ်နေရာတွင် မိမိစီးပွားရေး အခြေအနေ မလှသောအခါ အခြားတစ်နေရာသို့  

ပြောင်းဖို့ လူတစ် ချို့က ဆုတောင်းခိုင်းလေ့ရှိတတ်ပါသည်။ ထိုသို့ ဆု
တောင်းပေးသည့်အခါ ပြောင်းရွှေ့သွားသူများထဲတွင်
ကောင်းစားသူများရှိသကဲ့သို့ ပျက်စီးသွားသူများလည်း ရှိနေပါသည်။

        သမ္မာကျမ်းစာတွင်ကြည့်လျှင် တရားသူကြီး အုပ်စိုးသောကာလ၌ ယုဒပြည်၊
ဗက်လင်မြို့သား ဧလိ မလက်သည် မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်သို့
ထွက်သွားလေ၏။ သူ့၏မယားအမည် ကား နောမိ၊ သားနှစ်ယောက်အမည်ကား မဟာလုန်၊
ခိလုန်ဖြစ်သည်။ မောဘပြည်ရောက်ပြီး မကြာမီ ဧလိမ လက်သည် သေလေ၏။
(၁၀)နှစ်ခန့်ကြာသောအခါ သားနှစ်ယောက်သည် သေ၍ မိခင်ဖြစ်သူ နောမိသည် လည်း
ခင်ပွန်းမရှိဖြစ်ရှာရသည်။ သားလည်းမရှိ ဒုက္ခ အတိ ခိုကိုးရာမရှိဘဝ
ရောက်ခဲ့လေ၏။

        အဘယ့်ကြောင့်နည်း။၊ တစ်ရွာမပြောင်း သူကောင်းမဖြစ် ဟု
ဆိုရိုစကားကိုယုံစားပြီး နောမိတို့ မိသားစုက ယုဒပြည်မှ မောဘပြည်သို့
ပြောင်းသွား ခြင်းလား၊။ သူတို့သည် လူ့စကားကို ယုံ၍ လင်ဆုံး၊
သားတွေလည်းဆုံး ဖြစ်ခဲ့ရလေပြီ။

        နောက် မိသားစုတစ်စုကို ကြည့်ကြပါစို့။ အာဗြံဟံ၏ မိသားစုမူကား၊
ဘုရားသခင်၏ စကားကို ယုံကြည်လျှက် ခါရန်မြို့မှ ခါနန်ပြည်သို့ ပြောင်းရွှေ့
လာရသည်။ ထို့ကြောင့် အမှန်တစ်ကယ်ကောင်းစား ခဲ့လေသည်။ သူသာမက
သားစဉ်မြေးဆက်ကောင်း ကြီးများစွာ ခံစားရလေသည်။ အာဗြံဟံသည် မယုံ
ကြည်သူတို့၏ နေရာ၌ နေထိုင်ရသော်လည်း ပျက်စီး ခြင်းမရှိ။ ထိုနေထိုင်ရာ
မြေကြီးမဆန့်သည့်တိုင် သူမတူ နိုင်လောက်အောင် ြွကယ်ဝချမ်းသာလာ၏ (က ၁၃း၆)။

        အာဗြံဟံ၏ အမျိုးဖြစ်သော ရှောလမုန်မင်းကြီး ၌လည်း ရွှေ၊ ငွေပေါြွကယ်၍
သူသောက်သုံးသော ဖလားနှင့် လေဗနုန်နန်းတော်၌ ရှိသမျှတို့သည် ရွှေဖြစ် ၏။
ရှင်ဘုရင်ထံ သုံးနှစ်တစ်ခါ တာရှုသငေ်္ဘာသည် ပြန်လာ၍ ရွှေ၊ ငွေ၊
ဆင်စွယ်များကို ဆောင်ခဲ့တတ်၏။ ထိုသို့ ရှောလမုန်သည်
မြေကြီးပေါ်မှာရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်များစွာ
လွန်ကဲစွာ နဲ့ ချမ်းသာ၏ (၃ရာ ၁၀း၂၁-၂၂)။

        ရွှေအကြောင်းကို သမ္မာကျမ်း၌ မြောက်များစွာ ဖတ်ရှုသော်လည်း
ကိုယ်တိုင်ရွှေတုံး၊ ရွှေချောင်းများကို ကျွနု်ပ်မမြင်ဖူးပါ။ သို့သော်
မကြာမီက ဘုရားကို ကြောက်ရွံ့ရိုသေသော ယုံကြည်သော မိသားစုတစ်စု နှင့်
မိတ်သဟာယဖွဲ့ရင်း သူ၏ အလုပ်ခွင်ပန်းထိမ် လုပ်ငန်းကို ကြည့်ရှုခွင့်ရခဲ့ရာ ရွှေချောင်း များ ဝင်းဝင်းတောက်နေသည့် လှပမှုအား ရှုမောမိဘူးပါ သည်။

        ယေရှုခရစ်ကို ယုံကြည်သူများ ကောင်းကင် ရွှေလမ်းပေါ်မှာ နှင်းပြီး ရွှေအိမ်၌
နေရမည့်အကြောင်း သတိရမိသည်။ ထိုညီအစ်ကို မိသားစုသည် တောင် ကြီးမှ
မန္တလေးသို့ ပြောင်းရွှေ့လာပြီး ကောင်းကြီး မင်္ဂလာနှင့် ြွကယ်ဝလျှက်
ရှိနေပေသည်။ ကျမ်းစာ၌ မှတ်တမ်းတင်ထားသော ဧလိမလက်နှင့် အာဗြံဟံ
မိသားစုတို့သည်လည်း မိမိ၏ ဇာတိချက်မြှုပ် နေရာမှ အခြားတိုင်းပြည်သို့
ပြောင်းရွှေ့ခြင်း တူကြသော်လည်း တစ်ဦးက ကောင်းစားပြီး၊ တစ်ဦးကပျက်စီး
သွား ကြောင်း ကျွန်တော်သတိပြုဆင်ခြင်မိပါသည်။

ဆင်ခြင်နှလုံးသွင်းရန်
        ကျွနု်ပ်တို့ အယောက်စီတိုင်းသည်လည်း ဤ ကမ်ဘာလောကမှ တစ်နေ့နေ့တွင်
မပြောင်းလျှင်လည်း ဧကန်မုချပြောင်း သွားကြရပေမည်။ ပြောင်းရမည့်
နေ့ရက်အချိန်ကို အတိအကျ မသိရှိရသော်လည်း တစ် နေ့ ဧကန်မုချရောက်လာမည်ဟု
နှုတ်ကပတ် တော်က သတိပေးထားပါသည်။ ဤလောကသည် အကျွနု်ပ်တို့ အတွက်
ထာဝရနေရမည့်နေရာ မဟုတ်ခဲ့ပါ။

        ဆာလံဆရာ ဒါဝိဒ်မင်းက အကျွနု်ပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏ဟု
ဝန်ခံထားသည် (ဆာ ၁၁၉း၁၉)မှန်ပါသည်။ ကျွနု်ပ်တို့သည် ဤ လောက၌ ခေတ္တခဏသာ
နေထိုင်နေကြရပါမည်။ လူ သားတိုင်း ဝေးလှသော တိုင်းပြည်တစ်ပြည်သို့ အစု
လိုက်၊ အပြုံလိုက် တစ်နေ့ ပြောင်းရွှေ့ကြရလိမ့်မည်။ သို့သော်
လူသားအားလုံးက တစ်နေရာတည်း ရောက် သွားကြမည်မဟုတ်ပါ။ လမ်းခွဲသွားရမည့်နေရာ
နှစ် နေရာရှိနေပါသည်။

        ထိုနေရာတို့မှာ ငရဲနှင့်ကောင်းကင်ဘုံဆိုသည့် တစ်နေရာဆီသို့
သွားရောက်ကြဖို့ ရှိနေသည်။ မိတ် ဆွေ၊ ထိုသို့ပြောင်းရွှေ့သော ဧလိမလက်တို့
မိသားစု သည် ပျက်စီးခြင်းသို့ ရောက်သွားသကဲ့သို့ လူအချို့ သည်
ထာဝရဒုက‹္ခဆင်းရဲခံရာ အပါယ်ငရဲ မီးအိုင်သို့ ရောက်ရှိကြပါလိမ့်မည်။

        အဖအာဗြဟံသည်ကား ကောင်းသော နေရာ အရပ်သို့ ပြောင်းရွှေ့သွားရသကဲ့သို့
လူအချို့သည် အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းရာ ထာဝရသုချမ်းသာ ဘုံသို့
ပြောင်းရွှေ့ကြရမည်။ ထိုနေရာ၌ ဝမ်းနည်းခြင်း မရှိ။ ဆင်းရဲခြင်းမရှိ။
ငိုေြွကးခြင်းမရှိ။ ထာဝရဝမ်း မြောက်ရွှင်လန်းခြင်းရှိရာ နေရာအရပ်ဖြစ်သည်။ ဤ
လောကမှ ထွက်ခွာပြီး စံနေရမည့် ထိုအိမ်တော် သည် သစ်သားဖြင့် မလုပ်ဘဲ
ရွှေသားစစ်စစ်ဖြင့် ကျောက် မျက်များ ခင်းကျင်းပေးထားသော လမ်း၊ ရွှေစင်ဖြင့်
ဆောက်လုပ်ထားသော ရွှေအိမ်တော်ဖြစ်သည်။

 ထို အရပ်၌ ယေရှုခရစ်တော်ကို
ယုံကြည်လက်ခံ သော သူတိုင်း ထာဝရစိုးစံနေကြရမည်။ သို့ဖြစ်၍ ဘုရား
သခင်၏သားတော် သခင်ယေရှုခရစ်အား ယနေ့ မိမိ ၏ ကယ်တင်ရှင်အဖြစ်
ယုံကြည်လက်ခံကြပါမှ ဤ လောကမှ ဘဝပြောင်းသွားသည့်အခါ ထိုနေရာအရပ် ဒေသ၌
ဝင်စားစံမြန်းနိုင်ပါသည်။

        မည်သူမဆို ရွှေစင်ကိုလိုချင်လျှင် ရွှေဆိုင်သို့ သွားရောက်ငွေပေးချေ၍
ဝယ်ယူရပါမည်။ သို့သော် ထိုရွှေအိမ်တော်သို့
ပြောင်းရွှေ့နေထိုင်စံမြန်းလိုပါလျှင် ဘာအဖိုးအခကိုမျှ ပေးစရာမလိုဘဲ
မည်သူမဆို အခု ပင် အခမဲ့ဖြင့် ဝင်ရောက်နိုင်ပါကြောင်းကို ဓမ္မမိတ်ဆွေ အား
မေတ္တာဖြင့် အသိပေးဝေငှလိုက်ပါသည်။
    Rev. Dr. ပေါလ်ခေကျိုင်း

Thursday, 15 September 2016

သင်၏ ဇနီးသည်ကို အစဉ်ပျော်ရွှင်စေမည့် နည်းလမ်း (၇)ခု


( 7 - Ways to Make Your Wife Happy)
သင်သည် “အောင်မြင်သော အိမ်ထောင်ဦးစီး၊
 အောင်မြင်သော လုပ်ငန်းရှင် (သို့) အောင်မြင်
 သော ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ရန် ရည်မှန်း
ထားသည်” ဟု ဆိုလျှင် သင့် ရည်မှန်းချက်
 ပြည့်ဖို့ရန် အဓိက အထောက်အကူပေးမည့်
ပုဂ္ဂိုလ်မှာ သင်၏ဇနီးသည်ပင် ဖြစ်ပေသည်။
သင့်ဇနီသည် အစဉ်ပျော်ရွှင်အောင် သင်ကိုယ် 
တိုင် လုပ်ဆောင်ပေးမှသာ သူသည်လည်း သင့်အတွက် အကောင်း ဆုံး ပါရမီ ဖြည့်ဘက် ပုဂ္ဂိုလ် ဖြစ်လာပေမည်။ သည်အခြေခံမူကို သတိပြုကျင့်သုံးဖို့ လိုအပ်ပါသည်။

အိမ်ထောင်ရေး ကမောက်ကမဖြစ်လျှင် (သို့) ပြိုကွဲသွားလျှင် သင့်မိသားစုတစ်ခုလုံးသာမက သင့်လုပ်ငန်းကိုပင် ထိခိုက်နစ်နာ စေတတ်ပါသည်။ သည့်အတွက်ကြောင့် သင့်ဇနီးသည်ကို အစဉ် ပျော်ရွှင်အောင် ထားရမည်ဟု ကျွန်တော်ဆိုလိုခြင်း ဖြစ်သည်။ သည်အကြောင်းအရာနှင့် ပတ်သက်ပြီး သမ္မာကျမ်းစာကို အခြေပြုထားသည့် အကြံပြုချက် (၇)ချက်ကို ေ၀ငှသွားပါမည်။

(၁) မွေးနေ့လက်ဆောင် (သို့) အခါအားလျော်စွာ လက်ဆောင်တစ်ခုခုပေးပါ
         (Give your wife a gift occasionally)
    “လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ဖြစ်၍ မျက်နှာပြုလေရာရာ၌ အောင်တတ်၏” (သုတ္တံ ၁ရး ၈)။
    သင့်ဇနီးသည်ကို အစဉ်ပျော်ရွှင်စေလိုလျှင် အခါအားအခွင့် သင့်သလို လက်ဆောင်တစ်ခုခု ပေးအပ်ပါ။ နေ့စဉ်ဈေးဖိုး ပေးရုံ၊ လစာအပ်ရုံမျှဖြင့် တာ၀န်ကျေပြီဟု မယူဆပါနှင့်။

သူမ နှစ်သက်သည့် အစားအစာ (သို့) အသုံးအဆောင်တစ်ခုခုကို မွေးနေ့၌သော်လည်းကောင်း၊ ချစ်သူများနေ့၌သော်လည်း ကောင်း၊ မင်္ဂလာနှစ်ပတ်လည်နေ့၌ သော်လည်းကောင်း၊ သင့်လျော်သည့်နေ့ တစ်ရက်ရက်၌ သော်လည်းကောင်း ပေးအပ်နိုင်သည်။ သည်လိုအပြုအမူက သင့်ဇနီသည်ကို ပျော်ရွှင်၀မ်းမြောက်စေ သည့် အရာတစ်ခုဖြစ်ပါသည်။ သင့်ထံမှ လက်ဆောင်သက်သက်ကိုသာ ရရှိခြင်းမဟုတ်။ သင်၏ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းကို ရရှိခြင်းဟု ဇနီးဖြစ်သူက မှတ်ယူတတ်ပါသည်။ 

 (၂) အတူတကွ ဆုတောင်းသည့် အလေ့အထကို ပျိုးထောင်ပါ
               (Practice a habit of praying together)
    “တစ်ဖန် ငါဆို ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်း တူ၍ ဆုတောင်းလျှင် တောင်းသမျှသော ဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော် သည် ပေးတော်မူလတံ့” (မဿဲ ၁၈း၁၉)။

    အိမ်ထောင်ရေးအဆင်မပြေမှုများဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ နှစ်ဦးသဘောတူ ဆုတောင်းချိန်မရှိခြင်းပင်ဖြစ်သည်။ သည်အချက်ကို သတိပြုမှတ်သားပြီး သင့်ဇနီးသည်နှင့်အတူ သဘောတူလျက် ဆုတောင်းနိုင်မည့်အချိန်ကို သတ်မှတ်ထားရှိဖို့ လိုအပ်သည်။ 
    ဆုတောင်းချိန်ဆိုပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကျေးဇူးတော်ချီးမွမ်းပေးခြင်း၊ ဆုတောင်း ကောင်းကြီးပေးခြင်းအားဖြင့် နှစ်ဦးစလုံး၏ ၀ိညာဉ်ရေးရာကို တည်ဆောက်ပေးနိုင်သည်။ သည်တင် သာမက စည်းလုံးညီညွတ်ခြင်း၊ ချစ်ခြင်းမေတ္တာ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေ သည်။

(၃) အများရှေ့တွင် ချီးမွမ်းစကားဆိုပါ 
(Give her a compliment publicly)
    “ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ့်ထက် ချီးမြှောက်ကြလော” (ရောမ ၁၂း၁၀)။
    ဇနီးသည်၏ ကျွမ်းကျင်မှု (သို့) ကူညီထောက်မမှု တစ်ခုခုနှင့် ပတ်သက်ပြီး ချီးမွမ်းစကား တစ်ခုခုကို မိမိ၏ မိတ်ဆွေများရှေ့ တွင် ပြောဆိုခြင်းအားဖြင့် သူမကို ပိုမို၀မ်းမြောက်ကြည်နူးစေ ပါသည်။ ဇနီးသည်အပေါ် ဆုံးမပြစ်တင်ခြင်းကိုမူ လူများရှေ့ တွင် မပြုဘဲ ဆိတ်ကွယ်ရာ၌သာ ပြုအပ် သည်။ ဒေါသဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းမျိုးကိုမူကား လုံး၀ရှောင်ကြဉ်ရမည်။

    ခင်ပွန်းသည်အတွက် မည်မျှပင် အပင်ပန်းခံ ဆောင်ရွက်ပါစေ၊ ခင်ပွန်းသည်ပြောသော ချီးမွမ်း ဂုဏ်ပြုခြင်းစကားကို ကြားရသည်နှင့်ပင် အမောပြေသွားတတ်သည်မှာ ဇနီးသည်တို့၏ သဘာ၀ပင် ဖြစ်သည်။ သည်လိုဆိုလျှင် “အလုပ်တွေ ဖိခိုင်းပြီး နောက်မှ ချီးမွမ်းလိုက်မယ်” လို့ စိတ်မကူးပါနှင့်။ “ရိုးသားသောစိတ်၊ ကျေးဇူးတင်တတ်သောစိတ်ဖြင့် ချီးမွမ်းစကားဆိုဖို့” ပြောလိုခြင်းဖြစ်သည်။

(၄) အိမ်မှု ကိစ္စများကို ကူညီလုပ်ဆောင်ပေးပါ 
(Help her in doing house-works)
    “ထမ်းရွက်စရာ ၀န်ချင်းတို့ကို အချင်းချင်း ကူညီး၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရား ကို ကျင့်ကြလော့” (ဂလာတိ ၆း၂)။ 
    “အိမ်မှုကိစ္စသည် အမျိုးသမီးများနှင့်သာ သက်ဆိုင်သည်” ဟူသောစိတ်သော စိတ်ထားမျိုး မထားပါနှင့်၊ အိမ်သန့်ရှင်းရေး၊ ချက်ပြုတ်ခြင်း၊ ပစ္စည်းများတတ်ဆင်ခြင်း၊ ပြုပြင်ခြင်းနှင့် သယ်ယူခြင်း စသည်တို့တွင် လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။ တတ်နိုင်သမျှ ကလေးများကို ကူညီထိန်းပေး ဖို့လည်း လိုအပ်သည်။ ဇနီးသည် မီးဖွားသည့် အခါမျိုး၊ ဆေးဝါးကုသမှု ခံယူရသည့် အခါမျိုးတွင် အိမ်မှုကိစ္စများကို ဇနီးသည်ကိုယ်စား တာ၀န်ယူဆောင်ရွက်နိုင်ရမည်။

(၅) မိသားစုနေ့ကို သတ်မှတ်၍ အပန်းဖြေပါ 
(Fix the date for family recreation)
“ကိုယ်တော်ကလည်း တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ၊ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏” (မာကု ၆း ၃၁)။
အိမ်ထောင်ဦးစီးဖြစ်သူသည် တစ်ပတ်လျှင် တစ်ရက်ကို မိသားစုအတွက် အချိန်ပေး သင့်သည်။ သင်းအုပ်ဆရာများအတွက်မူကား တနင်္လာနေ့သည် အနားယူရန်နှင့် မိသားစုအတွက် အချိန်ပေးသည့်နေ့ ဖြစ်ရမည်။

မိမိအလုပ်၊ မိမိရုံးနှင့်သာ တစ်နှစ်လုံးရှုပ်နေပြီး မိသားစုကို လျစ်လျူရှုထားတာမျိုး မဖြစ်စေရန် သတိပြုရမည်။ အခြားသော အလုပ်ကိစ္စမပါဘဲ မိသားစု ၀င်များသာ ပါ၀င်သော အပန်းဖြေ အစီအစဉ် တစ်ခုကို အနည်းဆုံး (၁)နှစ်တစ်ခါပြုလုပ်သင့်သည်။ ပင်လယ်ကမ်းခြေ တစ်ခုခုသို့ သွားခြင်း (သို့) တောင်ပေါ်မြို့ လေးတစ်မြို့ မြို့ သို့သွားခြင်း၊ စသည့်နည်းအားဖြင့် အလုပ်၌ အိမ်၌ ပင်ပန်း နွမ်းနယ်ခဲရသမျှကို ခဝါချ အပန်းဖြေနိုင်သည်။ အဲသည်နေရာမှာ ဘာအလုပ်ကိစ္စကိုမျှ မစဉ်းစား၊ မဆွေးနွေးဘြ အရသာရှိရှိ စားသောက်၊ လေကောင်းလေသန့် ၀၀ရှုပြီး အိပ်ရေး၀၀ အိပ်စက်၍ အနားယူ အပန်းဖြေလိုက်ပါ။ နောက်ပြီး အဲသည်နေရာမှာ သဘာ၀အလှအပ ရှုခင်းတွေကို ကြည့်ပြီး ဘုရားသခင်၏ ဂုဏ်တော် ကျေးဇူးတော်တွေကို ချီးမွမ်းလိုက်ပါ။

သည်အရာကို လက်တွေ့ အကောင်အထည်ဖော်ဖို့့ သင့်ရဲ့ ပြက္ခဒိန်မှာ ကြိုတင် Plan ချထားပြီး ဆုတောင်းပြင်ဆင်ထားဖို့ လိုလိမ့်မည်။ သည်အစီအစဉ်ကို သင့်ဇနီးသည်အား ပြောကြည့်ပါ။ “အဲဒါ-ဘယ်တော့ သွားမှာလဲဟင်” ဆိုပြီး အဲ့သြ၀မ်းမြောက်သည့် အမူအထာနှင့် သင့်ကို ကြည့်ပြီး တုန့် ပြန်ပါလိမ့်မည်။

(၆) သင်၏ ဂရုစိုက်မှု ကြင်နာမှုတို့ကို ဖော်ထုတ်ပြသပါ 
       (Express your care and loving-kindness to her)
    “အချင်းယောကျ်ားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ သင်တို့သည် လည်း ကိုယ့်ခင်ပွန်းကို ချစ်ကြလော့” (ဧဖက် ၅း ၂၅)
အမျိုးသားများသည် အိမ်ထောင်မကျမှီတွင် မိမိလက်ထပ်ယူမည့်သူအား အဘယ်မျှလောက် ဂရုစိုက်သည်၊ ကြင်နာသည် ဆိုသည်ကို နည်းမျိုးစုံဖြင့် ဖော်ပြတတ်ကြသည်။ “သိပ်ကို (Romantic) ဖြစ်တယ်” လို့တောင် အပြောခံရသည်။ သို့သော် အိမ်ထောင်ကျပြီး နောက်တွင်ကား ဂရုစိုက်မှု၊ ကြင်နာမှုတို့ကို ဖော်ပြရာတွင် အလွန်ပင် အားနည်းတတ်ကြသည်။

 ဥပမာ ပြောရလျှင် လမ်းလျှောက် သည့်အခါ အတူတူယှဉ်၍ (သို့) လက်ချင်းဆက်၍ မလျှောက်ခြင်း၊ Church တက်ရာတွင်လည်း အတူတူထိုင်ခွင့်ရှိလျက် သီးခြားဆီထိုင်ခြင်း၊ ဇနီးဖြစ်သူက အပင်ပန်းခံအချိန် ကုန်ပြီး ထမင်းဟင်း ကောင်းကောင်း ချက်ကျေွးသော်လည်း ကျေးဇူးတင်ကြောင်းမပြောခြင်း၊ အပြင်ထွက်လျှင် ဘယ်သွား မည်ဆိုသည်ကို မပြောခြင်း၊ ခရီးထွက်နေစဉ်အတောအတွင်း ဖုန်းမဆက် ခြင်းစသည်တို့ ဖြစ်သည်။

    ဆိုရွားသည့် အပြုအမူ များမှာ ဇနီးသည်နောက်ကွယ်တွင် အပျော်အပါး ရှာဖွေခြင်း၊ Night Club တက်ခြင်း၊ ညစ်ညမ်းစာပေ / ရုပ်ရှင်များအားဖြင့် အချိန်ဖြုန်းခြင်း၊ သောက်စားမူယစ်ခြင်း စသည့်တို့ဖြစ်သည်။ သည်အရာအားလုံးက ဇနီးသည်၏ စိတ်ခံစားမှုကို ထိခိုက်စေနိုင်သည့်အရာများ ဖြစ်၏။ အဲသည် အပြုအမူတွေကို ရှောင်ကြဉ် ရုံမျှမက မိမိဇနီးသည်ကို ချစ်ကြောင်း၊ တန်ဖိုးထား ကြောင်းနှင့် ဂရုစိုက်ကြောင်းကို ဖေါ်ပြသည့် အပြုအမူများကို ဖေါ်ထုတ်ပြသဖို့ရန် လိုအပ်ပါသည်။

(၇) ဇနီးသည် နုပျိုကျန်းမာစေရန် ကူညီဆောင်ရွက်ပေးပါ 
(Take care of her physical health)
“အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ သင်သည် အရာရာ၌ ကောင်းစား ခြင်းနှင့် ကျန်းမာခြင်း ရှိမည်အကြောင်း ငါဆုတောင်း၏” (၃ယော၊ ၁း၂)
သင်၏ဇနီးသည် နုပျိုကျန်းမာစေရန်အတွက် တာ၀န်အရှိဆုံး ပုဂ္ဂိုလ်မှာ “သင်” ပဲ ဖြစ်ပါသည်။ သင့်ကို ယုံကြည်စိတ်ချ၍ ဇနီးသည်၏ မိဘများက သမီးဖြစ်သူကို သင့်လက်ထဲသို့ အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ သင့်ဇနီးသည်သည် အလွန်အမင်း ပိန်လှီခြင်း (သို့) အဆမတန်၀လွန်ခြင်း ဖြစ်နေလျှင် သင်၏ ကြည့်ရှုစောင့်ရှောက်မှု လစ်ဟင်းနေပြီဟု ဆိုနိုင်သည်။

မိမိ၏ဇနီးသည် အပျိုတုန်းကကဲ့သို့ လှပနိုင်တော့မည်မဟုတ်ဟု သဘောထားပြီး သူ့ကို လျစ်လျူရှုမထားဖို့ သတိပြုပါ။ ဇနီးသည်အမြဲ နုပျိုလှပနေစေရန် ကူညီပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေစီစဉ်ပေးပါ။ 
မကျန်းမမာဖြစ်ပါက ယုံကြည်ခြင်းဖြင့် ဆုတောင်းပေးခြင်း၊ လိုအပ်ပါက ဆေးဘက်ဆိုင်ရာ အကူအညီပေးခြင်းတို့အားဖြင့် ပကတိကျန်းမာသူဖြစ်ရန် ဆောင်ရွက်ပေးရမည်။

ဖော်ပြပါ အချက်တွေကို သတိပြုလုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်သော ခွန်အားတန်ခိုးကို သန့်ရှင်းသော၀ိညာဉ်တော်ဘုရားထံမှ တောင်းခံပါ။ သည်အချက်တွေကို် သင်လုပ်ဆောင်နေသမျှ ကာလပတ်လုံး သင့်ဇနီးသည်သည် သင့်အားဖြင့် ၀မ်းမြောက်ရွှင်လန်းနေမှာ သေချာသည်။

 သည်တင်မက သင်နှင့် သင့်ဇနီးသည်တို့၏ သာယာချမ်းမြေ့ ဖွယ်သော အိမ်ထောင်၏ ပုံသက်သေအား ဖြင့် သင်၏လုပ်ငန်းခွင်ဆိုင်ရာ စွမ်းရည်သည်လည်း အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိနေလိမ့်မည် ဖြစ် ပါသည်။ 
        ၊ အိမ်ထောင်ရှင်အမျိုးသားများကို ဂုဏ်ပြုလျက် ၊

Rev. သိန်းသန်းထွန်း

Thursday, 8 September 2016

ထူးချွန်သူတို့ လျှောက်လှမ်းရာလမ်း

The Road to Excellence   
မကြာသေးမီ အချိန်မှစ၍ ဘုရားသခင်သည် ပြင်း
ပြသော ဆာငတ်တောင့်တမှုရှိသည့် လူတို့ အား
အရှိန်အဟုန်ဖြင့် ပြုစုတည်ဆောက် ပေးလျက်ရှိ
ပါသည်။ ထိုလူတို့အား ဘုရားသခင်နှင့် နက်ရှိုင်း
 စွာ ရင်းနှီးသိကျွမ်းလိုသူများ၊ ဘုရားသခင် သူ တို့အား ဖြစ်စေလိုသည့်အတိုင်း ဖြစ်ရန် ဆန္ဒ
ပြင်းပြသူ များ၊ တရားဟောပလ္လင်မှာ၊ သာသနာ
ကွင်းထဲမှာ၊ မိမိနေအိမ်မှာ၊ မိမိရုံးငှါန (သို့) ကိုယ်တော်စေလွှတ် သည့် မည်သည့်နေရာမှာ မဆို၊ ကိုယ်တော်အတွက် ထူးချွန်ပြောင်မြောက်စွာ အစေခံလိုသူများပင် ဖြစ်လေသည်။

     သည်လို ပုဂိ္ဂုလ်တွေကို လူတွေက “ရောင့်ရဲကျေနပ်မှုမရှိတဲ့လူတွေ၊ ကောင်းကင်ဘုံကို အေး အေးဆေးဆေးနဲ့ မသွားခြင်တဲ့လူတွေ” လို့ပြောကောင်း ပြောမည်။ အမှန်စင်စစ် သူတို့တွေက တမန်တော် ပေါလု ပြောသည့်အတိုင်း အထက်အရပ်မှ ဆုကိုရဖို့အတွက် ပျင်းနေသူများ ဖြစ်သည်။ သည်ထက် ပိုပြိး လေးလေးနက်နက် ပြောရလျှင် သူတို့သည် အမြင့်မားဆုံး အောင်မြင်မှု ပန်းတိုင်ဆီသို့ သွားရာလမ်းပေါ်၌ ရှိနေကြခြင်းပင် ဖြစ်သည်။

သင်ကော - အဲသည်အထဲမှာ ပါပါသလား? ဟုတ်ကဲ့ဟု ဆိုပါက ကျွနု်ပ်အနေနဲ့ သင့်အား အောင်မြင်စွာ ပန်း၀င်နိုင်သည့် အပြေးသမားကဲ့သို့ ဆွဲဆောင်ပေးမည့် စကားတစ်ခွန်းကို ေ၀ငှလိုပါ သည်။ အဲဒါကတော့ … “ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပထမ ဦးစားပေးပါ။” (Put the word first) ဆိုတာပဲ ဖြစ်သည်။ 
သင့်အနေနဲ့ ထူးချွန်ထက်မြက်သည့် ဧဝံဂေလိဆရာတစ်ဦး (သို့) ဘုရားသခင်၏ အမှုတော် မြတ်၌ ပါ၀င်လျက်ရှိသည့် ပထမတန်းအဆင့် အင်ဂျင်နီယာတစ်ဦး ဖြစ်ဖို့ ပန်းတိုင် ထားရှိပါက ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ပေါ်ထွန်းလာသည့် ဉာဏ်ပညာ (Wisdom) ဖြစ်ပြီး ထိုအရာကပင် သင့်အား ပန်းတိုင်ဆီသို့ အရောက်ပို့ပေးလိမ့်မည် ဖြစ်သည်။ သည်အရာကား … ရှောလမုန်မင်းကြီး … ၊ သူက သုတ္တံ ၄း ၅-၉ ကို ရေးသားသည့် အချိန်၌ ကျွနု်ပ်တို့အား နားလည်စေလို သည့် အကြောင်းအရာပင် ဖြစ်သည်။

“ပညာကို ဆည်းပူးလော့။ ဉာဏ်ကို ဆည်းပူးလော့။ သတိမလိစေနှင့်။ ငါ၏ နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။ ပညာကို မစွန့်နှင့်။ သူသည် သင့်ကို ထိန်းသိမ်းလိမ့်မည်။ သူ့ ကို ချစ်လော့။ သင့်ကို စောင့်မ လိမ့်မည်။ ပညာသည် အမြတ်ဆုံးသောအရာ ဖြစ်သည်။ ပညာကို ဆည်းပူးလော့။ ဆည်းပူးသမျှသော ဥစ္စာတို့တွင် ဉာဏ်ကို ဆည်းပူးလော့။
 သူ့ ကို အမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက် လိမ့်မည်။ သူ့ ကို ဖက်ရမ်းလျှင် ဂုဏ်အသရေကို ပေးလိမ့်မည်။ သင်၏ ခေါင်းကို တင့်တယ် သော ဦးရစ်နှင့် ပတ်ရစ်၍ ဘုန်းကြီးသော သရဖူကို အပ်နှံလိမ့်မည်။” (သု၊ ၄း ၅-၉)။ 
ယေရှုကလည်း သည်အရာကို ပြောလိုသည့်အတွက်ကြောင့် “ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။” ဟု ဆိုခဲ့သည် (မဿဲ ၆း ၃၃)။

သင့်အနေနဲ့ တကယ်ပဲ နှုတ်ကပတ်တော်ကို ပထမ ဦးစားပေးမည်ဟု ဆုံးဖြတ်ပါက ကျမ်းစာကို မိနစ်အနည်းငယ် အကြာလောက် အပေါ်ယံကြော ဖတ်တာထက် ပိုပြီး လေးလေးနက်နက် လုပ်ဆောင် ဖို့ လို လိမ့်မည်။ သင့်နှလုံးသားနှင့် ဦးနှောက်၌ နှုတ်ကပတ်တော် အစဉ်ပြည့်၀နေဖို့ နေ့ရော … အာရုံထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်တွေကို အကြိမ်ကြိမ် အခါခါ ပို့လွှတ်နေရမည်။

“ဟိုး … နေပါဦး၊ ဒီမှာ ညီအစ်ကို ခုပ်(ပ်)လန်း၊ ခဗျၤား ပြောတာ သိပ်မလွန်လွန်းဖူးလား?” သင့်အနေနဲ့ သည်လို မေးကောင်း မေးမည်။ …. ဟုတ်ကဲ့၊ ကျွန်တော် ရှင်းပြပါမည်။ တေးဂီတ (Music) ဘာသာရပ်ကို အထူးပြုယူထားသော ကောလိပ် ကျောင်းသား တစ်ဦးကို မေးကြည့်ပါ။ သူ့အနေနဲ့ တစ်နေ့ (လေး)နာရီ ခန့် လေ့ကျင့်ရမည်။ အိုလံပစ်ပွဲမှာ ရေခဲပြင် လျောစီးပြိုင်ပွဲ ၀င်သူတွေအတွက် ဆိုလျှင် တစ်နေ့ (၆)နာရီမှ (၈)နာရီထိ လေ့ကျင့်ရပါသည်။ ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ သူတို့၏ ပန်းတိုင် ဖြစ်သော အောင်မြင်မှု သရဖူ ဆွတ်ခူးနိုင်ရေးအတွက် သူတို့ဘ၀ကို လုံး၀ဥဿုံ အပ်နှံထား ခြင်းကြောင့် ဖြစ်သည်။

သင့်အတွက်လည်း ဤကဲ့သို့ပင်ဖြစ်သည်။ သင့်အနေနဲ့ ၀ိညာဉ်ရေးရာနယ်ပယ်မှာ တကယ်ပဲ ထူးချွန်ထက်မြက်သူ တစ်ဦး ဖြစ်လိုပါက ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် နှုတ်ကပတ်တော်အတွက် လုံး၀ဥဿုံ ဆက်ကပ်အပ်နှံရပေမည်။ အထူးသဖြင့် လေ့ကျင့်မှု သင်တန်း၏ အစပိုင်းမှာ ဖြစ်သည်။

သင့်စိတ်အာရုံထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ခုပြီး တစ်ခု စိမ့်၀င် ထိုးဖောက် ဖို့ရန်အတွက် ဓမ္မသစ်ကျမ်းစာ အသံသွင်း တိတ်ခွေများ (သို့) ၀ိညာဉ်တန်ခိုး ဘိသိက် ပြည့်၀သော ကျမ်းစာ အခြေပြု တရားဟော တိတ်ခွေများ နားထောင်ဖို့ လိုအပ်လှသည်။ ဆိုလိုတာက သင်သွားရာ လမ်းသို့ နားကြပ် ကက်ဆက် (သို့) CD စက်လေး တစ်ခု ဆောင်သွားရမည်။ သင့်အနေနဲ့ လက်တစ် ဖက်က မုတ်ဆိတ်ရိတ် ဂျုတ်ဓါးကို ကိုင်ပြီး အခြားတစ်ဖက်က CD စက်လေးကို ကိုင်ထားရတာလေး ဖြစ်လိမ့်မည်။

 ဒါမှမဟုတ် သင်၏ ကားထဲမှာ ကက်ဆက် ဖွင့်ထားမည်။ အဆုံးစွန် ပြောရလျှင် သင်၏ အိပ်ယာဘေးမှာ သင်၏ CD စက်ကို နိုးစက် အဖြစ်ပင် ထားရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သင့် တစ်ကိုယ်လုံး (ခန္ဓာ၊ စိတ်၊ ၀ိညာဉ်) ကို နှုတ်ကပတ်တော်ဖြင့် ရွှဲစိုနစ်မြုပ်သည်အထိ နည်းမျိုးစုံ သုံးပြီး ပြုလုပ်ရမည်။

သည်လိုလုပ်ဖို့က သိပ်မလွယ်မှန်း ကျွန်တော်သိပါသည်။ သို့သော်လည်း သင့်အနေနဲ့ ယေရှုခရစ်တော်၏ မဟာစေခိုင်းချက်ကြီး (The Great Commission) ပြီးပြည့်စုံဖို့ ဆန္ဒပြင်းပြသည်ဟု ဆိုလျှင် ဇွဲလုံ့လ ရှိရပေမည်။ စာတန်က သင့်ကို အမြဲ ဆန့်ကျင် နှောက်ယှက်မှာ ဖြစ်သည်။ သည့်အတွက်ကြောင့် “တိုက်ပွဲ၀င်ရန် ကောင်းစွာ ပြင်ဆင်ထားပါ” လို့ပဲ ကျွန်တော် ပြောချင် သည်။ အကယ်၍ ကျွနု်ပ်သည် သင်၏ တပ်မှုးဖြစ်ပြိး ရက်စက်ကြမ်းကြုတ်သည့် ရန်သူများရှိရာ စစ်မြေ ပြင်သို့ သင့်ကို စေလွှတ်မည်ဆိုပါက အထက်ပါအတိုင်းပဲ ပြောရမည်ဖြစ်သည်။

သင့်ကိုယ်သင် လေ့ကျင့် ပြင်ဆင်မှု မရှိဘဲ စာတန်၏ အင်အားစုကြီးနှင့် ရုတ်တရက် ရင်ဆိုင် တိုက်ပွဲ ၀င်ရလျှင် ဘယ်လိုအခြေအနေ ဖြစ်သွား နိုင်တယ်ဆိုတာ သင် ကောင်းစွာ နားလည် သဘော ပေါက်နိုင်ပါလိမ့်မည်။

သင်သည် ရှေ့ တန်းစစ်မျက်နှာ၌ ရှိသော ဘုရားသခင်၏ စစ်သည်တော် တစ်ဦးဖြစ်ကြောင်း မမေ့ပါနှင့်။ သင့်ကို အစွမ်းကုန် တိုက်ခိုက် ဖျက်ဆီးမည့် ရန်သူများကို သင် ရင်ဆိုင်ရမည်။ သူသည် မီးစက်လက်နက်နှင့် သင့်ကို ပစ်မည်။ သင့်ကို တွန်းချဖို့ ငရဲ၏ တမန်ကို စေလွှတ်မည်။ သင်ကျရှုံးဖို့ နည်းမျိုးစုံကို အသုံးပြုလိမ့်မည်။ သို့သော်လည်း မကြောက်ပါနှင့်။ သင့်ကိုယ်သင် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် လက်နက် တပ်ဆင်ပြီး အသင့်ပြင်ထားနိုင်ပါသည်။ သင့်ရှေ့ ၌ ဟန့်တားသော ရန်သူမှန်သမျှကို သင် ချေမှုန်းနိုင်ပါလိမ့်မည်။ သင်သည် အောင်ပွဲရ စစ်သူရဲတစ်ဦး ဖြစ်မှာ သေချာပါသည်။

အရာရာ တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်အခါသမယ၌ ဘုရားသခင်အတွက် ထူးချွန်ထက်မြက်သော ပုဂိ္ဂုလ်များဖြစ်ဖို့ရန် ဘုရားရှင်ကိုယ်တိုင် ရွေးကောက်ထားသော သင်နှင့် အခြားသူများအတွက် ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွနု်ပ် ချီးမွမ်းပါမည်။

သင့်ကိုယ်သင် လေ့ကျင့် သင်တန်းပေးဖို့ ကျွနု်ပ်တိုက်တွန်းလိုပါသည်။ သင့်အသက်တာ၌ ရသမျှအခိျန် အားလုံးကို အသုံးပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပါ။ လေ့လာပါ။ ကျက်မှတ်ပါ။ နားထောင်ပါ။ ဆင်ခြင် နှလုံးသွင်းလျက် လက်တွေ့ လိုက်လျှောက်ပါ။ မိမိကိုယ်ကို မညာမတာ အဆုံးစွန် ဆက်ကပ်အပ်နှံမှု ပြုပါ။
 အသက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပထမ ဦးစားပေးပါ။ များမကြာမှီ အချိန်၀ယ် ခန်းနားထယ်ဝါလှသည့် အောင်မြင်မှုတွေ၊ ဆုသရဖူတွေ၊ တပွေ့ တပိုက်ကြီးနဲ့ သင် ပြုံးပျော်နေလိမ့်မည်ဆိုတာ ယုံကြည်စိတ်ချပါ မိတ်ဆွေ။

(Rev. သိန်းသန်းထွန်း)


Friday, 2 September 2016

ပညာရှိသောသူ၏ ဂုဏ်အင်လက္ခဏာများ

Characteristics of a wise person
၁။ ပညာရှိသောသူသည် ကာလအချိန်ကိုလည်း
ကောင်း၊ စီရင်ရသော အခွင့်ကိုလည်းကောင်း၊
သိမြင်သောသူ ဖြစ်သည် (ဒေသနာ ၈း၅)။
၂။     ပညာရှိသောသူသည် မိမိ၏ အနာဂတ်အ
တွက် ကြိုတင်ပြင်ဆင်သောသူ ဖြစ်သည် (သုတ္တံ
 ၆း၆-၈)။ 
၃။     ပညာရှိသောသူသည် မိမိသွားရမည့်လမ်းကို
 သိသူဖြစ်သည် (သုတ္တံ ၁၄း၈)။
၄။      ပညာရှိသောသူသည် မိမိသွားရာလမ်းကို
စေ့စေ့ကြည့်ရှု ဆင်ခြင်သောသူ ဖြစ်သည် (သုတ္တံ  ၁၄း၁၅)။

၅။     ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်သည် (သုတ္တံ ၁၄း၁၆)။ 
၆။     ပညာရှိသောသူသည် မိမိသိသောအရာကို ထုတ်ဖော်ဝါကြွား၍ မပြောဆိုတတ် (သုတ္တံ ၁၂း၁၃)။ 
၇။     ပညာရှိသောသူသည် သတိပေးသောစကားကို နားထောင်တတ်၏ (သုတ္တံ ၁၃း၁၀)။
၈။     ပညာရှိသောသူသည် ဆုံးမသောစကားကို ဂရုပြုတတ်၏ (သုတ္တံ ၁ရး၁၀)။ 
၉။     ပညာရှိသောသူသည် အရာရာကို စေ့စေ့စပ်စပ် ကျင့်ဆောင်တတ်၏ (ဧဖက် ၅း၁၅)။

၁၀။     ပညာရှိသောသူသည် ဘုရားစကားကို ကြားရုံမျှမက နားထောင်တတ်၏ (မဿဲ ရး၁၄)။ 
၁၁။     ပညာရှိသောသူသည် မိမိနှုတ်ကို ချုပ်တည်းတတ်သူ ဖြစ်၏ (သုတ္တံ ၁၀း၁၉)။ 
၁၂။     ပညာရှိသောသူသည် ဒေါသအမျက်ကို လွှဲရှောင်တတ်၏ (သုတ္တံ ၂၉း၈)။
၁၃။     ပညာရှိသောသူ၏ လျှာသည် အနာရောဂါိုပင် ပျောက်ကင်းစေတတ်၏ (သုတ္တံ ၁၂း၁၈)။
၁၄။     ပညာရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏ (သုတ္တံ ၁၄း၃)။
၁၅။     ပညာရှိသောသူ၏ နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏ (သုတ္တံ ၁၅း၇)။
၁၆။     ပညာရှိသောသူသည် စိတ်ရှည်သူ ဖြစ်၏ (သုတ္တံ ၁၄း ၂၉)။

၁၇။     ပညာရှိသောသူ၏ လျှာသည် ပညာအတတ်ကို နှစ်သက်တတ်၏ (သုတ္တံ ၁၅း၂)။ 
၁၈။     ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောသူသည် ခွန်းအားတိုးပွားတတ် ၏ (သုတ္တံ ၂၄း၁၅)။ 
၁၉။     ပညာရှိသောသူသည် (ပျောက်ဆုံး) ဝိညာဉ်များကို ရသောသူ ဖြစ်၏ (သုတ္တံ ၁၁း၃၀)။
၂၀။     ပညာရှိသောသူသည် အကြီးအ့ကဲခေါင်းဆောင်တို့၏ နှစ်သက်ခြင်းကျေးဇူးကို ခံယူ၏ (သုတ္တံ ၁၄း၃၅)။

၂၁။     ပညာရှိသောသူ၏ သွန်သင်ဆုံးမမှုသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက် စမ်းရေတွင်းဖြစ်၏ (သုတ္တံ ၁၃း၁၄)။ 
၂၂။     ပညာရှိသောသူသည် အရာရာကို သမ္မာသတိဖြင့် ပြုမူတတ်၏ (သုတ္တံ ၁၃း ၁၆)။ 
၂၃။     ပညာရှိသောသူ၏ နားသည် ပညာစကားကို ရှာတတ်၏ (သုတ္တံ ၁၈း ၁၆)။
၂၄။     ပညာရှိသောသူသည် သိပ္ပံသရဖူကို ဆောင်းတတ်၏ (သုတ္တံ ၁၄း ၁၈)။ 
၂၅။     ပညာရှိသောသူသည် မြွေကဲ့သို့ လိမ္မာ၍ ချိုုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိ၏ (မဿဲ ၁၀း၁၆)။
၂၆။     ပညာရှိသောသူသည် ကောင်းကင်မျက်နှာကျက်၏ အရောင်အဝါကဲ့သို့ အစဉ်အမြဲ ထွန်းလင်း လိမ့်မည် (ဒံယေလ ၁၂း၃)။

ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားသော “ပညာရှိသောသူ” ဆိုသည်မှာ လောက ပညာ၊ ဘွဲဒီဂရီကို မြောက်မြားစွာ ပိုင်ဆိုင်ရရှိထားသော သူများကို ဆိုလိုခြင်း မဟုတ်ပါ။  
ကျွနု်ပ်တို့သည် ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်နှင့် အရှင်သခင်အဖြစ် ယုံကြည် ကိုးကွယ်၍ ခရစ်တော်၌ ရှိပြီဆိုလျှင် ခရစ်တော်သည် ကျွနု်ပ်တို့၌ ပညာ၊ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်း၊ ဖြစ်တော်မူ၏ (၁ကော၊ ၁း၃၀)။ တစ်နည်းဆိုရသော် ကျွနု်ပ်တို့သည် ခရစ်တော်အားဖြင့် “ပညာရှိများ” ဖြစ်ကြသည်။

ထာဝရဘုရားကို ကြောက်ရွံ့ ၍ သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသောသူသည် ဘုရားရှေ့ တွင် ဉာဏ်ပညာနှင့် ပြည့်စုံသော “ပညာရှိ” ဖြစ်ပါသည်။ ထို့ကြောင့် “ပညာရှိသောသူ” ဟူသော နေရာတွင် မိမိနာမည်ကို ထည့်၍ ယေရှုနာမ၌ အကြိမ်ကြိမ်အခါခါ ဝန်ခံမြွက်ဆိုခြင်းဖြင့် မိမိ၏ ဝိညာဉ်ရေးရာနှင့် စိတ်ဓါတ်ရေးရာကို ဧကန်အမှန် မြှင့်တင်ပေးနိုင်ပါလိမ့်မည်။ 
(Rev. သိန်းသန်းထွန်း)

Friday, 29 July 2016

ထာ၀ရအသက်

ထာ၀ရအသက်လမ်းကို သမ္မာကျမ်းစာက တိကျ
စွာဖော်ပြထားပါသည်။ ပထမအနေနှင့် ကျွနု်ပ်တို့
သည် ဘုရားသခင်ကိုဆန့်ကျင်သောအပြစ်သား
ဖြစ်ကြောင်းကို အသိအမှတ်ပြုရမည်။ “အဘယ်
ကြောင့်နည်း ဟူမူကား၊ လူအပေါင်းတို့သည် ဒုစ
ရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်
ကြပြီ။” (ရော၊၃း၂၃)။ ကျွနု်ပ်တို့ လုပ်ဆောင်ခဲ့သော
 အရာဟူသမျှသည် ဘုရားသခင်ကို ၀မ်းနည်းစေခဲ့

သည်။

ထို့ကြောင့်ကျွနု်ပ်တို့သည် အပြစ်ဒဏ်ခံထိုက်သူ များဖြစ်သည်။ ကျွနု်ပ်တို့၏ အပြစ်အားလုံးက ထာ၀ရဘုရားသခင်ကို ဆန့်ကျင်သောကြောင့် ကျွနု်ပ်တို့သည် ထာ၀ရ အပြစ်ဒဏ်ကို ခံထိုက်သောသူများဖြစ်သည်။ “အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာ၀ရအသက်ပေတည်း။” (ရော၊ ၆း၂၃)

သို့သော် အပြစ်ကင်းမဲ့သော သခင်ယေရှုခရစ်တော်(၁ပေ၊၂း၂၂)၊ ထာ၀ရဘုရားသခင်၏ သားတော်(ယော၊၁း၁,၁၄) သည် လူ့ဇာတိကိုခံယူပြီး ကျွနု်ပ်တို့၏ ပြစ်ကြွေးအားလုံးကိုပေးဆပ်ရန် အသေခံခဲ့ပါသည်။ “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူ သည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏” (ရော၊ ၅း၈)။ သခင်ယေရှုခရစ်တော်သည် ကားတိုင်ပေါ်တွင် အသေခံ၍ (ယော၊ ၁၉း၃၁-၄၂)၊ ကျွနု်ပ်တို့ခံထိုက်သောအပြစ်ကြွေးအားလုံးကို သူ ယူဆောင်သွားခဲ့သည် (၂ကော၊ ၅း၂၁)။ သုံးရက်မြောက် သောနေ့တွင် သူသည် သေခြင်းမှထမြောက်၍(၁ကော၊၁၅း၁-၄) သူသည် အပြစ်တရားနှင့် သေခြင်းတရားကို အောင်မြင်ခဲ့ ကြောင်းသက်သေပြခဲ့သည်။ “သခင်ယေရှုခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကြီးစွာသော ဂရုဏာတော်နှင့်အညီ ငါတို့ကို တဖန်သွားစေတော်မူ၏။(၁ပေ၊၁း၃)။

ယုံကြည်ခြင်းအားဖြင့် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့၏အပြစ်မှ `ရုန်းထွက်နိုင်၍ ကယ်တင်ခြင်းရရှိရန် ခရစ်တော်ထံသို့ ပြန်လှည့်လာ၍ရပါသည်။ (တ၊၃း၁၉)။ ကျွနု်ပ်တို့သည် ခရစ်တော်ကို ယုံကြည်၍ သူသည် ကားတိုင်ပေါ်တွင် ကျွနု်ပ်တို့၏ အပြစ်ကြွေးအားလုံးပေးဆပ်ရန် အသေခံသည်ဟု ယုံကြည်ကိုးစားလျှင် ကျွနု်ပ်တို့သည် အပြစ်လွှတ်ခြင်းအခွင့်ရရှိပြီး ကောင်း ကင်နိုင်ငံတော်ကို အမွေခံရမည်ဖြစ်သည်။ “ဘုရားသခင်၏သားတော်ကိုယုံကြည်သော်သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာ၀ရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင် အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယော၊ ၃း၁၆)။

 “အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့် ၀န်ခံ၍ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” (ရော၊ ၁၀း၉)။ ကားတိုင်တော်ပေါ်တွင် ခရစ်တော်ပြုခဲ့သော အမှုကိုယုံကြည်ကိုးစားခြင်းသာလျှင် ကောင်းရာသုခဘုံသို့ ပို့ဆောင်ပေးနိုင်သော လမ်းသွယ်ဖြစ်သည်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း သို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ် ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရအခွင့်မရှိ” (ဧ၊ ၂း၈၊၉)။

မိတ်ဆွေသည် သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ်လက်ခံလိုလျှင် ဤသို့ဆုတောင်းပါ။ ယုံကြည်ခြင်းမရှိပဲ ဤ ဆုတောင်းကိုရွတ်ဆိုခြင်းသည်အားဖြင့်ဖြစ်စေ၊ တခြားဆုတောင်းခြင်းကို မြွက်ဆိုခြင်းအားဖြင့် မိတ်ဆွေသည် ကယ်တင်ခြင်း မရရှိနိုင်ပါ။ ခရစ်တော်က အပြစ်မှကယ်တင်ခဲ့သည်ဟု ယုံကြည်မှသာလျှင် ကယ်တင်ခြင်းရရှိနိုင်ပါသည်။ ဤဆုတောင်း ခြင်းသည် ဘုရားသခင်ကို ယုံကြည်ကြောင်းဖော်ပြသော ဆုတောင်းခြင်း၊ ဘုရားသခင်ပြင်ဆင်ပေးသော ကယ်တင်ခြင်းအတွက် သူ့ကို ကျေးဇူးတင်စကားပြောခြင်းသာဖြစ်သည်။ “ကိုယ်တော်ရှင်ဘုရားသခင်၊ ကျွနု်ပ်သည် ကိုယ်တော်ကိုပြစ်မှား၍ သေခြင်း ပြစ်ဒဏ်ကိုခံထိုက်သောသူဖြစ်ကြောင်းကို ကျွနု်ပ်သိရှိပါ၏။ သို့သော် သခင်ယေရှုခရစ်တော်သည် အပြစ်ကြွေးအားလုံးကို ယူဆောင်သွားခဲ့ပါ၏်။

 သခင်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကျွနု်ပ်သည် အပြစ်လွတ်ခြင်းအခွင့်ရခဲ့ပါ၏။ ကျွနု်ပ်သည် အပြစ် ဒုစရိုက်ကို ကျော်ခိုင်းပြီး ကယ်တင်ခြင်းရရှိနိုင်ရန် ကိုယ်တော်ကို ယုံကြည်ကိုးစားပါ၏။ ကိုယ်တော်၏ အံ့သြဖွယ်ရာ ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းတရားဖြစ်သော ထာ၀ရအသက်ရှင်ခြင်း ဆုကျေးဇူးအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏။! အာမင်!

Tuesday, 19 July 2016

ရှောက်လှမ်း ချီတက်ခြင်း

Stepping to Your Vision
    အမှုတော်ဆောင်တစ်ဦး သို့မဟုတ် ခေါင်းဆောင်
တစ်ဦးအတွက် အရေးကြီးဆုံးသောအရာ တစ်ခုမှာ
ဘုရားရှင်အပ်နှင်းထားသည့် ရူပါရုံပန်းတိုင်ဆီသို့ အ
ရောက်လှမ်းချီ တက်ခြင်းပင် ဖြစ် သည်။ ခေါင်းဆောင် တစ်ဦးနှင့်တစ်ဦး ရူပါရုံတူညီနိုင်မည် မဟုတ်သော်လည်း ရူံပါရုံသို့ ရောက်ရှိလိုသူတိုင်း သတိပြုရမည့် အခြေခံမူ
များမှာမူ အတူတူပင် ဖြစ်ပါသည်။ ၄င်းအခြေခံမူများကို ယောရှုမှတ်စာ အခန်းကြီး (၁)၌ တွေ့ ရှိနိုင်ပါသည်။

၁။ နောက်လိုက် သို့မဟုတ် တပည့်အရင်ဖြစ်ပါ (Be a Follower, First)
    “ထာ၀ရဘုရား၏ကျွန် မောရှေသည် အနိစ္စရောက်သောနောက် မောရှေလက်ထောက် နုန်၏ သား ယောရှုအား ထား၀ရဘုရား …”(အငယ်၊ ၁)
    ဘုရားသခင်၏လူ မောရှေ အနိစ္စရောက်သွားသည်နှင့် မောရှေ၏လက်ထောက် (သို့) နောက် လိုက် တပည့်ရင်းဖြစ်သော ယောရှုအား ဘုရားသခင်က စကားပြောလာပါသည်။ ဘုရားသခင်က အခြားသူများကို စကားမပြောပါ။ ယောရှုကိုသာ ပြောဆိုလာပါသည်။ အကြောင်းမှာ ၄င်းအချိန်အခါ၌ မောရှေကဲ့သို့ ဣသရေလလူများကို ဦးဆောင်နိုင်သည့် အရည်အချင်းရှိသူမှာ ယောရှုဖြစ်နေသော ကြောင့်တည်း။

    ယောရှုသည် ‘ခေါင်းဆောင်’ မဖြစ်ခင်၊ မောရှေ၏ ‘နောက်လိုက်တပည့်’ အဖြစ် နှစ်ပေါင်း (၄၀) ဖြစ်ခဲ့ရသည်။ ကျွနု်ပ်တို့သည် ဘုရားရှင်အပ်နှင်းထားသည့် ရူပါရုံဆီသို့ အရောက်လှမ်းချီတက်ရာ၌ လိုအပ်သည့် ပညာ၊ ၀ိညာဉ်ဘိသိက် နှင့် စွမ်းရည်တို့ကို ရရှိရန် ကျွနု်ပ်တို့ ရှေ့ ၌ရှိသော ခေါင်းဆောင် ကြီးများ၏ အသက်တာနှင့် ဆက်ကပ်မှုကို စံနမူနာထား သင်ယူကြရမည်။ ခေါင်းဆောင်မှုအတွက် အကောင်းဆုံး စံနမူနာဖြစ်သော ယေရှုခရစ်တော်ကို စေ့စေ့ကြည့်ရှုရမည် (ဟေဗြဲ၊ ၁၂း ၁-၂)။
    ‘ခေါင်းဆောင်မှု’ ဟူသည် နေ့ချင်းညချင်း ရရှိလာသည့် အရာမဟုတ်။ ဘုရားသခင်၏ ပုံသွင်း ပြုပြင်မှုကို နှစ်ပေါင်းများစွာ ခံယူပြီးမှသာလျှင် ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာနိုင်သည်ကို သတိပြုရမည်။

၂။ အဆင်သင့် ဖြစ်ပါ (Be ready)
“ငါ၏ ကျွန် မောရှေသည် အနိစ္စရောက်လေပြီး။ သို့ဖြစ်၍ သင်နှင့် သင်၌ပါသော ဤလူအပေါင်း တို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဘက်သို့ ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသော ပြည်ကို ၀င်စားကြလော့” (အငယ် ၂)။ 
ခေါင်းဆောင်ကြီးမောရှေ သေဆုံးသွားသော်လည်း ဘုရားသခင်၏ ရူပါရုံသည် သေဆုံးသွား ခြင်း မရှိပါ။ အကယ်စင်စစ် ခေါင်းဆောင်မှုဟူသည် ဘုရားသခင်၏ ရူပါရုံကို အကောင်အထည်ဖော်ဖို့ ရန် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်း ကူးပြောင်းပေးရသည့်အရာ ဖြစ်သည်။ မောရှေ မရှိတော့ပြီ ဖြစ်သော်လည်း ဘုရားအလုပ်ကို ဆက်လုပ်ရန်အတွက် ယောရှု ရှိပါသည်။ 
ကျွနု်ပ်တို့ သတိပြုရမည့်အချက်မှာ ‘ခေါင်းဆောင်မှု အမွေကို သွေးသားတော်စပ်မှုအားဖြင့် မရနိုင်’ ဟူသည့်အချက်ပင် ဖြစ်သည်။ ဘုရားသခင်၏ အစေကိုခံရန် အသင့်ပြင်ဆင်ပြီးသူကိုသာ ဘုရားသခင်က ခေါင်းဆောင်အဖြစ် ရွေးကောက်ခန့်ထားပါသည်။

ယောရှုအား ဣသရေလလူမျိုးများနှင့်အတူ ယော်ဒန်မြစ်ကို ဖြတ်ကူးဖို့ရန် ဘုရားသခင် မိန့်ဆိုခဲ့သည့် အချိန်၌ ယောရှုအဆင်သင့် ဖြစ်နေပါသည်။ ဘုရားရှင်မိန့်ဆိုပြီး (၃)ရက်အတွင်းမှာပင် ယော်ဒန်မြစ်ကို ဖြတ်ကူးနိုင်ခဲ့ပါသည်။ ခေါင်းဆောင်ဟူသည် အမြဲအဆင်သင့်ရှိသူး ဖြစ်ရမည်။ သတိ၀ိရိယနှင့် ပြည့်စုံပြီး ၀ိညာဉ်ရေးရာ၌ နိုးကြားနေသူ ဖြစ်ရမည်။ ‘ ကြိုတင်ပြင်ဆင် အောင်ပွဲ၀င်’ ဆိုသည့်အတိုင်း ယနေ့ကျွနု်ပ်တို့အားလုံး ‘ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်း’ အတွက် အဆင် သင့်ဖြစ်နေသူများ ဖြစ်ရမည်။

၃။ ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသူ ဖြစ်ပါ (Be a person of Faith)
    “မောရှေအား ငါကတိရှိသည်အတိုင်း သင်တို့နင်းသမျှသောမြေကို သင်တို့အား ငါပေးမည်” (အငယ် ၃)။ ဘုရားရှင်က ယောရှုနှင့် ဣသရေလလူမျိုးများအား ‘ သင်တို့နင်းသမျှသောမြေ ’ ကို ‘သင် တို့အား ငါပေးမည်’ ဟု မိန့်ဆိုပါသည်။ ဘုရားရှင် ကတိထားရာမြေ (Promised Land) ကို ၀င်စားဖို့ ရန် ယုံကြည်ခြင်းဖြင့် စတင်ခြေလှမ်းရမည် ဖြစ်ပါသည်။

    ယောရှုအနေနဲ့ ခါနာန်မြေကို ဆင်ကန်းတောတိုး ချဉ်းနင်း၀င်ရောက်ခြင်း မဟုတ်ပေ။ ဘုရားရှင်က မောရှေအားဖြင့် ပြုခဲ့သော ကတိတော်အတိုင်း ယုံကြည်ခြင်းဖြင့် ၀င်ရောက်ခြင်း ဖြစ် သည်။ ကျွနု်ပ်တို့သည် ဘုရားဗျာဒိတ်တော် မရဘဲ ဂမူးရှူးထိုး လုပ်ဆောင်ခြင်းကို ရှောင်ရှားရမည်။ ဘုရားသခင်း၏ စေခိုင်းချက်နှင့် ကတိတော်ကို တိကျစွာ လက်ခံရရှိပြီး စတင်အကောင်အထည်ဖော် လုပ်ဆောင်ခြင်းအားဖြင့်သာ ကျွနု်ပ်တို့သည် ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသူ ဖြစ်လာနိုင်သည်။

    အင်္ဂလိပ်စကားပုံ တစ်ခုရှိပါသည်။ ‘မိုင်တစ်ထောင် ခရီးကို သွားခြေတစ်လှမ်းအားဖြင့် အစပြုရ မည်’ ( A journey of a thousand miles begins with a step) ခေါင်းဆောင်တစ်ဦးသည် မိမိအား အပ်နှင်းထားသော ရုပါရုံကို ပြည့်စုံစေဖို့ရန် ယုံကြည်ခြင်းဖြင့် လက်တွေ့ စတင်အကောင်အထည် ဖော် ရမည်။ ယနေ့ကမ်ဘာ့အကြီးဆုံး အသင်းတော်ကို တည်ထောင်သူ ကိုရီးယားမှ ဒေးဗစ်ယောင်ဂီချို (David Yonggi Cho) သည် သူ၏ ပထမဆုံးအသင်းတော်ကို သူအပါအ၀င် လူ(၅)ဦးနှင့် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၄။ တိကျသေချာသောသူ ဖြစ်ပါ (Be a person of Specific)
    “တော်ကြီးမှစ၍ လေဗနုန်တိုင်အောင်လည်းကောင်း၊ ဥဖရမြစ်ကြီးမှစ၍ ဟိတ္တပြည် တစ် လျှောက်လုံးပါလျက် နေ၀င်ရာဘက် ပင်လယ်ကြီးတိုင်အောင်လည်းကောင်း၊ သင်တို့နယ်အပိုင်း အခြား ဖြစ်ရမည်’ (အငယ် ၄)။

    ကတိတော်မြေ၏ နယ်နမိတ်ကို ဘုရားရှင်က တိကျစွာ ကြိုတင်သတ်မှတ် ပေးပါသည်။ ယောရှုအနေနဲ့ သူဦးဆောင်၍ ၀င်ရောက်သိမ်းပိုက်ရမည်။ နယ်ေြမြ၏ အကျယ်အ၀န်းကို တိတိကျကျ သိဖို့ရန်မှာ အလွန်ပင် အရေးကြီးလှပါသည်။ အကြောင်းမှာ ထိုမြေကို ဣသရေလအမျိုးအနွယ် အသီးသီးအား ေ၀၍ အမွေပေးရမည် ဖြစ်သောကြောင့်တည်း (၁း ၆)။

    ခေါင်းဆောင်ဖြစ်သူသည် မိမိအား ဘုရားသခင်စေခိုင်းသည့်အရာကို တိတိကျကျ သိရမည်။ ထိုသို့ သိဖို့ရန် အချိန်များစွာ ဆုတောင်းဆက်ကပ်ပြီး ဘုရားသခင်၏ အသံတော်ကို စူးစိုက်နား ထောင်ရမည်။ နောက်လိုက်များအား သူရရှိသော ရူပါရုံအကြောင်း ရှင်းလင်းစွာ ပြောဆိုနိုင်သူ ဖြစ် ရမည်။ စေ့စပ်သေချာ၍ ပြတ်သားစွာ လုပ်ဆောင်တတ်သော သူ၏ စကားကိုသာ လူများက နာထောင် ကြမည် ဖြစ်သည်။ 

၅။ ဘုရားသခင်အတူပါရှိကြောင်း သေချစေပါ 
    (Be sure that God is with you)
    “သင့်အသက် တည်သည်ကာလပတ်လုံး သင့်ရှေ့ ၌ အဘယ်သူမျှ မခံမရပ်နိုင်ရာ။ မောရှေနှင့် အတူ ငါရှိသကဲ့သို့ အသင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကို ပစ်၍ မထား” (အငယ် ၅)။ 
    ယောရှုအနေနဲ့ မောရှေအားဖြင့် ဘုရားသခင်ပြုခဲ့သော နိမိတ်လက္ခဏာ၊ အံ့သြဖွယ်အမှုများကို တွေ့ မြင်ခဲ့ရပြီး ဖြစ်သည်။ မောရှေသည် သာမာန်လူသားတစ်ဦးသာ ဖြစ်သော်လည်း၊ ဘုရားသခင် သူနှင့်အတူ ရှိသည့်အခါ ကြီးမားအံ့သြဖွယ်အမှုများကို ပြုခဲ့ပါသည်။ ယခုဘုရားသခင်က ယောရှုအား ‘ငါသည် သင်နှင့်အတူ ရှိမည်’ ဟု တိုက်ရိုက်ပြောဆို ကတိပေးနေသည်မှာ မည်မျှအားရကျေနပ်ဖွယ် ကောင်းသောအရာ ဖြစ်ပါသနည်း။

    ဘုရားသခင်အပ်နှင်းထားသော ရူပါရုံပြည့်စုံဖို့ရန် ဘုရားသခင် အတူပါရှိမှသာ ဖြစ်နိုင်ပေသည်။ ယောသပ်နှင့်အတူ ဘုရားသခင် ရှိတော်မူသောကြောင့် သူပြုလေရာရာ၌ အောင်မြင်မှု ရခဲ့ပါသည် (က၊ ၃၉း ၂-၃)။ ဒါ၀ိဒိနှင့် ဘုရားသခင်အတူရှိတော်မူသောကြောင့် သိုးကျောင်းသားဘ၀မှ ရှင်ဘုရင်ဖြစ် သည်အထိ ပြုလေသမျှ အောင်မြင်ခဲ့ပါသည် (၁ရာ၊ ၁၈း ၁၄)။ 
    ကျွနု်ပ်တို့သည် မောရှေကဲ့သို့ ‘ကိုယ်တော် ကျွနု်ပ်တို့နှင့်အတူ မကြွလျှင် ကျွနု်ပ်တို့ကို ဤ အရပ်မှ မသွားပါစေနှင့်’ ဟု ဆုတောင်းသင့်ပါသည် (ထွက်၊ ၃၃း ၁၅)။ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဘုရားသခင်အတူပါရှိခြင်း၏ သက်သေကို ရရှိမှသာ စီမံကိန်း (သို့) အလုပ်တစ်ခုခုကို စတင်ရပါမည်။ 

၆။ အားယူ၍ ရဲရင့့်ပါ (Be Strong and courageous)
    “…. အားယူ၍ အလွန်ရဲရင့်ခြင်း ရှိလော့” (အငယ် ၆)
    “ …. အားယူ၍ ရဲရင့်ခြင်း ရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်” (အငယ် ၉)
“ …. အာယူတော်မူပါ။ ရဲရင့်ခြင်း ရှိတော်မူပါဟု ယောရှုအား ပြန်လျှောက်ကြ၏” (အငယ် ၁၈)
ယောရှုအနေနဲ့ အခြေအနေတွေကို ကြည့်ပြီး ကြောက်ရွံ့ ခြင်း၊ စိတ်ပျက်ခြင်း ဖြစ်နိုင်သည်။ ယေရိခေါမြို့ ရိုးတံတိုင်းကြီး၊ ထွားကြိုင်းသန်စွမ်းသော လူ့ ဘီလူးကြီးများ၊ အင်အားကြီးမားလှသည့် စစ်တပ်ကြီးများနှင့် လျှံကျနေသော ယော်ဒန်မြစ်ရေ၊ သည်အရာတွေက သူ့ အတွက် ကြောက်ရွံ့ ခြင်း၊ စိတ်ပျက်ခြင်းကို ဖြစ်စေနိုင်သည်။ သည်အတွက်ကြောင့်ပဲ ဘုရားသခင်က ‘အားယူ၍ ရဲရင့်ခြင်းရှိပါ’ ဟု သုံးကြိမ်တိုင်တိုင် ပြောဆိုအားပေးပါသည် (အငယ် ၆၊ ၇၊ ၉)။ ဣသရေလလူတို့ကလည်း တစ်ကြိမ် ပြောဆိုကြောင်း တွေ့ ရပါသည် (အငယ် ၁၈)။

ခေါင်းဆောင်ဟူသည် ခွန်အား၊ ရဲစွမ်းသတိ္တနှင့် ပြည့်စုံရမည်။ အထူးသဖြင့် ၀ိညာဉ်ခေါင်း ဆောင်သည် ၀ိညာဉ်တော်၏ ဘိသိက်တန်ခိုး၊ စိတ်ဓာတ်ကြံ့ ခိုင်မှုနှင့် ပြည့်စုံသူ ဖြစ်ရမည်။ ကျမ်းစာက “သခင်ဘုရားအားဖြင့်လည်းကောင်၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြလော့’ဟု မိန့်ဆိုိထားပါသည် (ဧဖက် ၆း ၁၀)။

စာတန်မာရ်နတ်သည် ကျွနု်ပ်တို့အား လွယ်လွယ်ကူကူနှင့် အရှုံးပေးလိမ့်မည် မဟုတ် ပါ။ သည်အတွက်ကြောင့်ပဲ ကျွနု်ပ်တို့သည် သခင်ဘုရားနှင့် များများအချိန်ယူ မိတ်သဟာယဖွဲ့ ရမည်။ ထိုသို့သောအားဖြင့် ကျွနု်ပ်တို့သည် တန်ခိုးတော်အရှိန်နှင့် ပြည့်စုံသူများ၊ ရဲစွမ်းသတိ္တနှင့် ပြည့်၀သူများ ဖြစ်လာပြီး စာတန်မာန်နတ်ဆိုး၏ နည်းပရိယာယ်နှင့် လုပ်ရပ်များကို အနိုင်ယူချေမှုန်း နိုင်မည်ဖြစ် ပေသည်။

၇။ နှုတ်ကပတ်တော်အတိုင်း နာခံလုပ်ဆောင်သူ ဖြစ်ပါ
     (Be careful to do according to His Word) 
“ကြံစည်လေသမျှအတိုင်း အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ယာ ဘက် လက်၀ဲဘက်သို့ မလွှဲနှင့်” (အငယ် ၇)။
“ထိုပညာတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောင့်ခြင်းအလို့ငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲ မနေ။ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်” (အငယ် ၈)။

ယောရှုအသက်တာ၌ ပြုလေသမျှ အောင်မြင်ခြင်း၏ သော့ချက်ကို ဤနေရာ၌ ကျွနု်ပ်တို့ တွေ့ ရှိရပါသည်။ ၄င်းမှာ ကျမ်းစာကို နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်ခြင်းနှင့် ကျမ်းစာအတိုင်း နာခံအသက်ရှင် ဖြင်းနှင့် ကျမ်းစာအတိုင်း နာခံအသက်ရှင်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်ပေးခဲ့သော ဤနိယာမတရား သည် ကမ်ဘာ့ဦးမှာ စ၍ ယနေ့ထိတိုင် ပြောင်းလဲခြင်း မရှိသေးပါ။ ‘ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ခြင်း၊ ၀န်ခံပြောထုတ်ခြင်း၊ ဆင်ခြင်အောက်မေ့ခြင်း၊ ထိုနှုတ်ကပတ်တော်
အတိုင်း သတိပြုအသက်ရှင်ခြင်း’ သည်အရာတွေက အောင်မြင်မှုပန်းတိုင်ဆီသို့ ပို့ဆောင်ပေးမည့် သော့ချက်များဖြစ်ကြောင်း ၀ိညာဉ်ခေါင်းဆောင်တိုင်း နားလည်သဘောပေါက် ရမည်။

    ၀ိညာဉ်ခေါင်းဆောင်သည် လောက၏ စံနှုန်းအတိုင်း အသက်ရှင်သူ မဖြစ်ရ။ သမ္မာကျမ်းစာ အား စံထား၍ အသက်ရှင်ရမည်။ ရူပါရုံပန်းတိုင်ဆီသို့ အရောက်လှမ်းချီတက်ရာတွင် သမ္မာကျမ်းစာ၏ စည်းမျဉ်းဥပဒေများ၊ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်မှသာ အောင်မြင်မှုကို အလျင်အမြန် ဆွတ် ခူးနိုင်မည်ဖြစ်ကြောင်း နှိုးဆော်ေ၀ငှ လိုက်ရပေသည်။



Rev. သိန်းသန်းထွန်း

Wednesday, 6 July 2016

စုံလင်သော ပေးကမ်းစွန့်ကြဲခြင်း

အိုးပေါက်ထဲ ရေမဖြည့်နှင့်
                ကျှွန်ုပ်တို့ဝိညာဉ်ဖခင်ဆရာတော်
ဦးတင်မောင်ထွန်း က ပြောဘူးပါသည်။ ပေး
ကမ်းခြင်း နှင့် ပတ်သက်လျှင် သမ္မာ သတိရှိ
ရှိပေးတတ်ဖို့လိုကြောင်း မိန့်မှာခဲ့ ဘူးပါသည်။
 တချို့လူများဟောပေးသလောက် အကျိုး မဖြစ်
ဘဲ ပေးလေလေ၊ယိုလေ လေ၊ တောင်းလေလေ
 စသဖြင့် သံသရာလည်နေသူများလည်းရှိပါသည်။
ပေးပြီးသူ့အတွက် အကျိုးဖြစ် ထွန်း၊ တည်ဆောက်
လာလျှင် ကောင်းပါသည်။
သို့သော် ပေးသလောက် အကျိုးမဖြစ်ဘဲ အကျိုးယုတ် သွားလျှင် ထပ်မံမပေး သင့်ပါ။
ထိုသို့သော သူတို့သည် အိုးပေါက်ထဲ ရေဖြည့် သကဲ့သို့
အချည်းနှီးဖြစ်ကြောင်း ဆရာကြီးက ဝေငှဘူး ပါသည်။

မည်သူကို ပေးရမည်နည်း။
        သို့ဖြစ်လျှင် ပေးကမ်းသောအခါ မည်သူကို ပေးရမည်နည်း။ ဘုရားသခင်ကို
ပေးရမလား။ လူတွေ ကို ပေးရမလား။ လူဟုဆိုရာ၌ အမှုတော်ဆောင်လား၊ မုဆိုးမလား၊
ယုံကြည်သူဆင်းရဲသားလား၊ မယုံကြည်သူ ဒုက္ခသည်လားစသည်ဖြင့်
ဝေခွဲပိုင်းခြားသိရန် လိုပါ သည်။
        ကျွနု်ပ်တို့ပိုင်ဆိုင်သော ဥစ္စာ၊ ဘဏ္႑ာ၊ အချိန်၊ အစွမ်းသတိ္တနှင့်ပညာများကို
ပုဂ္ဂိုလ်တစ်ဦး တစ် ယောက်အား ပေးကမ်းအပ်နှံခြင်း မပြုမှီ ထိုပုဂ္ဂိုလ် သည်
မည်သူမည်ဝါဖြစ်ကြောင်း အရင်သိဖို့ လိုအပ်ပါ သည်။

လေဝိတို့အား ပေးပါ
        (ဥပမာ) ဣသရေလလူတစ်မျိုးသည် ဆယ်ဘို့ တစ်ဘို့ကို ဘုရားအိမ်တော်သို့
ယူဆောင်လာသော အခါ၊ လေဝိသားများက အသုံးပြုရမည်ဖြစ်သည်။ လေဝိသားတို့သည်
ပရိသတ်စည်းဝေးရာတဲတော်အမှု ကို ဆောင်ရွက်သောကြောင့် သူတို့အမွေခံစရာ၊
™ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့ တစ်ဘို့ကို ငါပေးပြီ (တော ၁၈း၁၂) ဟု
ထာဝရဘုရားမိန့်မှာခဲ့ သည်။ ဤသို့ လေဝိသားတို့ကို ဆယ်ဘို့တစ်ဘို့
ပေးရမည်ဟု ဘုရားမိန့်မှာလျက်နှင့် စေတနာမေတ္တာ နှင့် လေဝိအမျိုးမဟုတ်သော
ဗင်္ယာမိန်အမျိုး၊ ဂဒ်အမျိုး တို့အား ပေးကမ်းပါက မိန့်မှာချက်နှင့်
လွှဲချော် သွား သည့်အတွက် ဘုရားသခင်လက်ခံ နှစ်သက်မည် မဟုတ်ချေ။

        ထို့ကြောင့် ပေးကမ်းစွန့်ကြဲသည့်အခါ စေတ နာရှိရုံနှင့်မပြီး၊
ပေးရမည့်ပုဂ္ဂိုလ်မှန်ကန်ဘို့ အရေး ကြီးပါသည်။ ဓမ္မဟောင်းÝ၌ မိန့်မှာခဲ့သော
ဘုရားသခင် ၏ အိမ်တော် (မာလခိ ၃း၁၀) ဆိုသည်မှာ ယနေ့ ဓမ္မသစ်ကာလအတွက်
အသက်ရှင်သော အသင်း တော်ကို ဆိုလိုသည် (၁တိ၃း၁၅)။ ချစ်သော မိတ်ဆွေ သင်၏
ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်၏ အိမ်တော်၊ အသက်ရှင်သော အသင်းတော်ရှိ (သြမည
ေါငေည) အမှု ဆောင် ယဇ်ပုရောဟိတ်များကို ပေးပါ သလား။ သို့ဖြစ်Õ၍
ထာဝရဘုရားရှင်အား ဆယ်ဘို့ တစ်ဘို့ကို ပေးသောအခါ အသက်ရှင်သော အသင်းတော်၌
အမှု တော်ဆောင်ဘို့ စားစရာရှိစေဖို့ ပေးရမည်။ ဆယ်ဘို့ တစ်ဘို့ကို
အဆောက်အဦး ဆောက်လုပ်ဖို့စသည့် အခြားကိစ္စရပ်များ၌ မသုံးရပါ။

ထာဝရဘုရားကိုပေးခြင်း
        လေဝိသားယဇ်ပရောဟိတ်တို့သည် ဣသ ရေလလူတို့ထံမှရသော ဆယ်ဘို့တစ်ဘို့ကို ထာဝရ
ဘုရားအား မိမိတို့ခံစားခဲ့သော အဘို့ထဲမှတဘို့ ပြန်ပေးရမည်။ တဖန်မောရှေအား
ထာဝရဘုရားက သင်သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ သင်တို့ အမွေခံစရာဖို့
ငါပေးသော ဣသရေလအမျိုး သားတို့ ၏ ဥစ္စာဆယ်ဘို့တစ်ဘို့ကို သင်တို့သည်
ခံယူသော အခါ ထိုအဘို့၏ ဆယ်ဘို့တစ်ဘို့ကို ထာဝရဘုရား အား
ပူဇော်သက္ကာပြုရမည်။ ထို့ကြောင့် ယနေ့အသင်း တော်ရှိ
အမှုတော်ဆောင်များသည်လည်း မိမိတို့ ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်အား
ပေးရပါလိမ့်မည်။ (ဝတ် ၂၆း၃၀၊ တော ၁၈း၂၅-၂၆)။

မုဆိုးမနှင့် ဆင်းရဲသားများကိုပေးရမည်။
        တတိယနှစ်တွင် သိမ်းသော ဆယ်ဘို့တစ်ဘို့ ကိုမူ၊ မြို့ထဲမှာ သိုထားရမည်။
လေဝိသား သင်တို့ နေရာ အရပ်၌ရှိသော တပါးအမျိုးသား၊ မိဘမရှိသော သူငယ်၊
မုဆိုးမများတို့သည် ဝစွာစားရကြမည်။ ဤသည်မှာ နှစ်စဉ်နှစ်တိုင်းမဟုတ်၊
သုံးနှစ်တကြိမ် ဤသို့ဝေမျှခွင့်ရှိကြောင်း တွေ့ရ၏ (တရား ၁၄း၂၇-၂၉)။

        သို့ဖြစ်၍ ယနေ့ကျွနု်ပ်တို့က ငါဘုရားသခင်ကို ပေးတာပဲ စေတနာရှိရှိ
ပေးလိုက်ရင်ပြီးတာပဲရတဲ့ လူက ဘာဘဲလုပ်လုပ်၊ သူနဲ့ဘုရားနှင့်သက်ဆိုင်တယ်
ဆိုပြီး ပစ္စလက်ခပ်မပေးသင့်ပေ။ အမှန်မှာ ကျွန်တော် တို့က ပေးလိုက်သောသူသည်
သမ္မာကျမ်းစာက သွန် သင်ဖော်ပြခဲ့သော ဘုရားပေးခိုင်းသည့် ပုဂ္ဂိုလ်ဟုတ်
မဟုတ် စဉ်းစားစိစစ်ပြီးမှ ပေးလှူသင့်ပါသည်။

စေတနာမှန်သော်လည်း
        ကျွနု်ပ်တို့ပေးလိုက်သော သူသည် ဘုရားလူ မဟုတ်ဘဲ ဘိန်းစားအရက်သမား
သစ္စာမရှိ သဖြစ်နေ ပါက အဆိပ်ပင် ရေလောင်းသလိုဖြစ်သွားပေလိမ့် မည်။
        ဤနေရာ၌ ကျွနု်ပ်အတွေ့အကြုံကို တစ်ခု ပြောပြချင်ပါသည်။ တစ်ခါက
ကျွနု်ပ်မိခင် အသက်ရှင် စဉ် ရှမ်းပြည်ကျိုင်းတုံမှ ချင်းတောင်ကို
စောင်နှင့်ငွေ ကျပ် (၅၀ဝ၀)ကို လူကြုံနှင့် စိတ်စေတနာရှိ ရှိပါးလိုက် ရာ
အမေထံမှာ စောင်သာရောက်သွားပြီး ငွေကျပ် (၅၀ဝ၀)မှာ ထိုသူက
လမ်းမှာအရက်သောက်၊ ဖဲရိုက် နှင့် ကုန်သွားကြောင်း နောက်မှသိရ၏။

ကျွနု်ပ်သည် စေတနာနှင့်ပါးလိုက်သော ငွေမှန်ကန်သော်လည်း သစ္စာမရှိ၊
ပစ္စည်းပါးသင့်သော ပုဂ္ဂိုလ်မရောက်တော့ ပါ။ ထို့ကြောင့် ယုံကြည်သူ မိတ်ဆွေ၊
ယနေ့ဘုရားပေး ထားသောကောင်းကြီးများထဲမှ အလှူငွေကို ဘယ်သူ အား ပေးနေပါသလဲ။
ပေးလိုက်သော ပုဂ္ဂိုလ်မှာ ဘုရားလူမဟုတ်ခဲ့ရင် ထိုငွေသည် ကောင်းကင် စာရင်း
၌ မဝင် အဘအိမ်တော်သို့ရောက်မည် ဘုရား လူ မဟုတ်ခဲ့ရင် ထိုငွေသည်
ကောင်းကင်စာရင်း၌ မဝင်၊ အဘအိမ်တော်သို့ရောက်မည် မဟုတ်ချေ။

သူဆင်းရဲပျောက်အောင်
        သင်၏ လက်ကို သူ့အဘို့ကျယ်ကျယ်ဖွင့်၍ သူ၏ ဆင်းရဲပျောက်အောင် ချေးငှားရမည်
(တရား ၁၅း၈)။ သူတောင်းစားတစ်ယောက်ကို နေ့စဉ်ထမင်း တစ်ထုပ်ပေးနေရုံနှင့်
သူ၏ ဆင်းရဲပျောက်မည်မဟုတ် ပေ။ လမ်းဘေးမှာ ဆင်းရဲသား သူတောင်းစားများကို
သနားပြီး ငွေ ငါးကျပ်၊ တစ်ဆယ် ပေးနေရုံနှင့် သူတို့
ဆင်းရဲပျောက်မည်မဟုတ်ပါ။ သို့ရာတွင် ဤသို့ ပေးကမ်းခြင်းသည်
မပေးသည်နှင့်စာလျှင်သာ၍ ကောင်းသော်လည်း ထိုသူ၏ ဆင်းရဲခြင်းသည်မကုန်
မပျောက်သေးပါက စုံလင်သော ပေးကမ်းခြင်းဟု မခေါ်ဆိုနိုင်ပါ။

အဓိပ္ပါယ်ဖွင့်ဆိုပုံက
        တခါက ပဲနွယ်ကုန်းရှိ အသင်းတော် သင်းအုပ် ဆရာတပါးက
ဤပေးကမ်းခြင်းကျမ်းပိုဒ်နှင့် ပတ်သက် ၍ အနက်အဓိပ္ပါယ်ကို
အလွဲဖွင့်မိသဖြင့် စေတနာ သည် ဝေဒနာဖြစ်ခဲ့ကြောင်း ပြောပြေလေသည်။ ဖြစ်ပုံ
ကတော့ သူတို့အနီးအနားရှိ မယုံကြည်သူတစ်ယောက် ကို ခရစ်တော်၏
သတင်းကောင်းဝေငှပြီး သူဘုရား ကျောင်းလာရန် ခရီးဝေးသည်က တစ်ကြောင်း၊ စား
ဝတ်နေရေး ခက်ခဲမှုကြောင့်လည်းကောင်း၊ သူ့ကိုမစ သည့်အနေဖြင့်
မြင်းလှည်းလေးတစ်စီးကို အသင်း တော်က ပြင်ဆင်ဝယ်ပေးပါသည်။

 ရည်ရွယ် ချက်မှာမိသားစု စားဝတ်နေရေး ပြဿနာဖြေရှင်းဘို့နှင့် သူတို့မိသားစုအားလုံး
တနင်္ဂနွေနေ့ပုံမှန်ဘုရား ကျောင်းရောက်စေချင်လို့ဖြစ်ပါသည်။ သို့သော် ထိုသူ
သည် မြင်းလှည်းရပြီး (၆)လလောက် အကြာမှာ မြင်း ကိုလည်း ဂရုမစိုက်၊
မြင်းလှည်းလည်း မမောင်းတော့ သည်သာမက ဘုရားကျောင်းလဲ ရောက်မလာတော့ ချေ။

ထိုအခါ စိုးရိမ်တကြီးနှင့် လိုက်လံစုံစမ်းကြည့် သည့်အခါ
မြင်းနှင့်မြင်းလှည်းကို ပေါင်နှံရောင်းစားခဲ့ပြီး မိသားစုနှင့်ထွက်ပြေး
နယ်ပြောင်းသွားကြောင်း သိရပါ သည်။ နောက်မှအသင်းတော်က သိရှိ၍ နောက်ထပ်
ငွေပေးချေပြီး မြင်းနှင့်လှည်းကို ရွေးခဲ့ရကြောင်း ကျွနု်ပ် အား
ပြောပြလေသည်။ ဓမ္မမိတ်ဆွေတို့၊ ကျွနု်ပ်တို့သည် တချို့သူတို့အား
ကူညီမစခဲ့သော်လည်း စေတနာနှင့် မတန်သူများ ရှိလေသည်။ သူဆင်းရဲပျောက်အောင်
ရည်ရွယ်ပြီးကူညီသော်လည်း ဆင်းရဲမပျောက်သည် သာမက ပေးသမျှမြင်းရယ်၊
မြင်းလှည်းနှင့် သူမိသားစု ပါ ခြေရာဖျောက်ကြောင်း ကျေးဇူးမတင်ကြသည် သာမက
နောက်ပိုင်းတွင် ကျွန်တော်တို့ကိုပါ ဝေဖန်ပြစ် တင်ခဲ့ကြောင်း
ကြားသိရသည်စသည်ဖြင့် သင်းအုပ် ဆရာက ဝေငှသက်သေခံပါသည်။

ပေါက်သောအိုးဖာပါ
        ချစ်သောမိတ်ဆွေ ကျွနု်ပ်တို့ မြန်မာလူမျိုးများ
ဆိုရိုးစကားတစ်ခုရှိခဲ့ဘူးပါသည်။ ]]ခြေနှစ်ချောင်း လူသတ္တဝါကို
မကယ်ကောင်း}} ဟူသတည်း။ ကျွနု်ပ် မျက်မြင် ကိုယ်တွေ့တစ်ခုရှိပါသည်။
ရန်ကုန်မြို့ ရေကူးရပ်ကွက်ရှိ ဒေါ်ဒေါ်ကြီးတို့အိမ်မှာ တပည့်တော် ဖြစ်
သင်တန်းတက်နေစဉ် ဖြစ်ပါသည်။ ဒေါ်ဒေါ်ကြီး သည် အလွန်သနား ကြင်နာတတ်သော
အဒေါ်ဖြစ်ပါ သည်။ တစ်နေ့ ဆေးသမားများ သူ့အိမ်ရောက်လာပြီး တညတာ
အိပ်ခွင့်တောင်းလေသည်။ ဒေါ်ဒေါ်ကြီးက သနား၍ ထမင်းလည်းကျွေး အိပ်ခွင့်လည်းပေး
အ ကောင်းဆုံပြုစုခဲ့ပါသည်။ သို့သော် မိုးလင်းသည့်အခါ ခြေရာလည်းပျောက်
ရေလည်းနောက်ဆိုသကဲ့သို့ ခြင်ထောင်လည်းပျောက်လူလည်း ပျောက်သွားလေ သည်။

ထိုသူတို့ကို နောက်တစ်ကြိမ်မတွေရတော့ပါ။ ထိုသို့သော သူများကို
ပေးကမ်းရခြင်း ပြုစုရခြင်းသည် အိုးပေါက်ထဲမှာ ရေဖြည့်နေခြင်းသာဖြစ်လေသည်။
ထို့ကြောင့် ထိုသို့သောသူတို့ကို မပေးမှီ ပေါက်နေသော အိုးကို
ဖာပေးသင့်သည်။ ဆိုလိုသည်မှာ သူတို့အသက် တာ ဘုရားသခင်နှင့် မှန်ကန်အောင်
ဧဝံဂေလိတရား သက်သေခံသွန်သင်ရမည်။ အသက်တာပြောင်းလဲ မှန်ကန်လာပြီးမှ
ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဆက် လက်မေတ္တာပြပေးကမ်းသင့်ပါသည်။

ပေတရု၏ ပေးကမ်းနည်း
        တခါက တင့်တယ်ဟူသည့် တံခါးမှာ အမြဲ တောင်းစားလေ့ရှိသော အမိဝမ်းတွင်းကပင်
ခြေမစွမ်း သည့် လူတစ်ယောက်ကိုတွေ့သော ယောဟန်နှင့် ပေတရုသည် ရွှေငွေမပေးပါ။
ပေတရုကလည်း ငါ၌ ရွှေငွေမရှိ။ ရှိသည့်အရာကို သင့်အားငါပေးမည်။
နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍ လှမ်းသွားလော့ဟုဆိုလျှက်
ထိုသူ၏ လကျာ် လက်ကို ဆွဲချီြွကသောအခါ အကောင်းပကတိ ဖြစ် သွားလေ၏ (တ၃း၆-၈)။
ထိုသူသည် သွားလျက်၊ ခုန် လျက် ဘုရားသခင်ကို ချီးမွမ်းလျက်
တမန်တော်တို့နှင့် အတူ ဗိမာန်တော်သို့ ဝင်လေ၏ (တ ၃း၈)။

 ဤသည် မှာမှန်ကန်သော ပေးကမ်းနည်းဖြစ်ပါသည်။ ဤသူ တောင်းစားသည် နောက်တဖန် မတောင်းစား
တော့ ပါ။ သူ၏ ဆင်းရဲခြင်းသည် ဧကန်အမှန်ပျောက် လေပြီ။ ထို့ကြောင့်
ကျွနု်ပ်တို့သည် ဆင်းရဲသား၊ မုဆိုးမ၊ ဒုက္ခသည်များကို ရုပ်ပိုင်းဆိုင်ရာ
ပစ္စည်းများမပေးကမ်း မှီ နာမ်ပိုင်းဆိုင်ရာအတွင်း ဝိညာဉ်ကို ပြောင်းလဲ
အသက်ရှင်အောင် ကူညီလုပ်ဆောင်ပေးပြီးမှ ရုပ်ပိုင်း
လိုအပ်ချက်များပေးကမ်းမှသာလျှင် မှန်ကန်သွားမည် ဖြစ်ကြောင်း
နှလုံးသွင်းသင့်ပါသည်။

စိတ်သဘောထား
        ပေးကမ်းသောအခါ လူကိုပေးသည်မဟုတ်။ ဘုရားသခင်ကို ပေးကမ်းခြင်းသာဖြစ်သည်။
လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသော စိတ်နှင့် မလှူရ၊
မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ။ အ ကြောင်းမူကား စေတနာစိတ်နှင့်
လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ ပေးတိုင်း
လှူတိုင်းဘုရားသခင်ကို ရည်စူးပြီး စေတနာစိတ်နှင့် စွန့်ကြဲရန်ဖြစ်သည်
(၂ကော ၉း၇)။

မည်သူကို ပေးရမည်နည်း။
        ကျွနု်ပ်တို့ ပိုင်ဆိုင်သော ဥစ္စာဘဏ္႑ာများအထဲ တွင် ဆယ်ဘို့တစ်ဘို့မဟုတ်သော
အရာများကို မည်သူ အားပေးရမည်နည်း။ အထူးသဖြင့် ယုံကြည်သူ (မြသည ေါငေည)
ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲကြရမည်။ နောက်မှ တတ်နိုင်ပြီး
စေတနာစိတ်ရှိက မယုံကြည်သူ ဒုက္ခဆင်းရဲဖြစ်နေသော သူများကိုလည်းပေးနိုင်သည်။
ထို့ကြောင့် ငါတို့သည် အဆင်သင့်သည့်အတိုင်း ယုံ ကြည်ခြင်း၏ အိမ်သူ၊
အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျှက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြု
ကြကုန်အံ့ (ဂလာ ၆း၁၀)။

        သို့ဖြစ်၍ မိမိကိုယ်တိုင်က ပေးလှူသောအခါ ရုပ်ပိုင်းဆိုင်ရာကိုသာ
ပေးလှူခြင်းမဖြစ်စေဘဲ မိမိခန္ဓာ၊ စိတ်၊ ဝိညာသ်ကို ဘုရားသခင်အား
ဆက်ကပ်ပေးလှူ ပြီးမှ မိမိဥစ္စာကို ပေးလှူရပါမည်။ ထို့ကြောင့် ဘုရား သခင်၏
အလိုတော်နှင့်လည်းကောင်း မိမိတို့ကို မိမိတို့ လှူကြ၏ (၂ကော ၈း၅)ဟူသော
မာကေဒေါနိပြည်ရှိ အသင်းတော်များ၏ ပေးလှူခြင်းနည်းစနစ်သည် စစ်
မှန်စုံလင်သော ပေးလှူနည်းဖြစ်ကြောင်း မေတ္တာဖြင့် ဝေငှလိုက်ပါသည်။

နာမတော်မြတ်၌ - ညီအစ်ကိုပေါလ်ခေကျိုင်း


Sunday, 19 June 2016

ဇာတိနှင့် ၀ိညာဉ်ကြားမှ စစ်ပွဲ

The War For Man’s Soul
ကျွနု်ပ်တို့သည် တိုက်ပွဲအတွင်း၌ ရှိသည်’
ဟု သမ္မာကျမ်းစာက ပြောပါသည်။ ကျွနု်ပ်
တို့ ဒုတိယမွေးခြင်းခံရသည့်အခါ ကျွနု်ပ်
တို့၏ စိတ်၀ိညာဉ်ထဲသို့ ဘုရားသခင်၏
စိတ်သဘော သဘာ၀ စတင် ၀င်ရောက်
လာသည်။ ကျွနု်ပ်တို့၏ ၀ိညာဉ် (Spirit)
သည် လုံး၀ဥဿုံ အသစ်ပြုပြင်ပြောင်းလဲ

မှု ပြုရန်အတွက် စတင်သည့် အဆင့်မှာပဲ ရှိသေးသည်။ သည်အခါမှာ ‘၀ိညာဉ်’ နှင့် ‘စိတ်’ အကြား လွန်ဆွဲပွဲ (သို့မဟုတ်) စစ်ပွဲက စတင်လာသည်။

ကျွနု်ပ်တို့၏ ၀ိညာဉ်က ဘုရားအလိုတော်အတိုင်း လုပ်ဆောင်ချင်သည်။ သို့သော် ကျွနု်ပ်တို့၏ စိတ် (အသိစိတ်၊ ဆန္ဒစိတ်နှင့် ခံစားစိတ်)က ကိုယ့်သဘောအတိုင်း ကိုယ်လုပ်ချင်သည်။ သည်လွန် ဆွဲပွဲ (သို့) တိုက်ပွဲအကြောင်း ရှင်ပေါလုက (ဂလာတိ ၅း ၁၇) ၌ ရှင်းရှင်းလင်းလင်း ပြောဆိုထားသည်။

 ‘အကြောင်းမူကား ဇာတိပကတိနှင့် ၀ိညာဉ်ပကတိသည် တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်သောအလို ရှိကြ ၏။ တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်ဘက်ဖြစ်၍ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ ’ ။ 
ဟုတ်ပါသည်။ ယုံကြည်သူတိုင်း သည်တိုက်ပွဲနှင့် ရင်ဆိုင်ရသည်ကို သိရှိဖို့ အလွန်အရေးကြီး သည်။ တစ်ချိန်မဟုတ် တစ်ချိန် ခန္ဓာသွေးသားနှင့် ဇာတိစိတ်တို့၏ တပ်မက်မှုများနောက် လိုက်ပါဖို့ရန် သွေးဆောင် ဖြားယောင်း ခံရတာမျိုး ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်းမရှိသည့် အတွေးအာရုံတွေ၊ စိတ်ဆန္ဒတွေ၊ စိတ်လှုပ်ရှားထကြွမှုတွေ၊ လူတိုင်းမှာ ရှိတတ်သည်။ သည်အရာ တွေက ကျွနု်ပ်တို့အထဲ၌ ကျိန်း၀ပ်လျက် ရှိသည့် ၀ိညာဉ်တော်နှင့် အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက် ရှိပေသည်။

အထူးသဖြင့် ကျွနု်ပ်တို့အနေနဲ့ တစ်စုံတစ်ရာကို ဆုံးဖြတ်ဖို့ ကြုံလာသည့် အချိန်အခါမျိုးမှာ ‘ဘုရားသခင်ကို မဲပေးမလား’ ဒါမှမဟုတ် ‘ရန်သူကို မဲပေးမလား’ တစ်ခုခုတော့ ကျွနု်ပ်တို့ ရွေးချယ်ရ လိမ့်မည်။ အခြေခံကျကျ ပြောရမည်ဆိုပါက ကျွနု်ပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည့်အတိုင်း လုပ်ဆောင်ဖို့ ရွေးချယ်လျှင် ဘုရားသခင်ကို မဲ ပေးခြင်း ဖြစ်ပြီး၊ ငြိမ်သက်ခြင်း အကျိုးကို ခံရလိမ့်မည်။ သို့မဟုတ် မိမိဇာတိအလိုဆန္ဒအတိုင်း လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့လျှင် ရန်သူကို မဲ ပေးလိုက်ခြင်း ဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှုနှင့် ရင်ဆိုင်ဖို့သာ ရှိတော့သည်။ 

ခမည်းတော်ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ပါ။ အပြစ်နှင့် မဟုတ်
(Fellowship with the Father – Not Your Sin)
    ‘အပြစ်သည် သေဆုံးခြင်း မရှိ။ သို့သော် ကျွနု်ပ်တို့သည် အဖြစ်အတွက် သေဆုံးနေသူ ဖြစ်ရ မည်’ ဟူသော အသက်တာကို ပြောင်းလဲပေးနိုင်သည့် သမ္မာတရားတစ်ခုကို ကျွန်မ တွေ့ ရှိခဲ့သည်။ သည်သမ္မာတရားကို (ရောမ၊ ၆း ၁၀-၁၁)၌ တွေ့ ရှိနိုင်သည်။ ‘ခရစ်တော်သည် အသေခံတော် မူရာမှာ ဘုရားသခင်အဖို့ (ခမည်းတော်နှင့် အဆက်မပြတ် မိတ်သဟာယဖွဲ့ ဖို့) ရှင်တော်မူ၏။ ထိုနည်း တူ သင်တို့သည် အပြစ်တရားနှင့်ဆိုင်သော အရာ၌ကား အသေဖြစ်သည် ဟူ၍လည်းကောင်း၊ ဘုရားနှင့် ဆိုင်သောအရာ၌ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည် ဟူ၍လည်ကောင်း၊ ကိုယ်ကို ကိုယ် ထင်မှတ်ကြလော’။

    စိတ်၀င်စား ဖွယ်ရာပင်။ မိတ်သဟာယဖွဲ့ ခြင်း ဟူသောစကား၏ အဓိပ္ပါယ်မှာ ‘ရင်းနှီးကျွမ်း၀င် သော သူနှစ်ဦး အတူရှိခြင်း၊ အပြန်အလှန် တွဲဖက်ခြင်း၊ ပေါင်းဖော်ခြင်း ဖြစ်ပါသည်။ သင်နှင့် ကျွနု်ပ် သည် ခမည်းတော်ဘုရားနှင့် မိတ်သဟာယ ဖွဲ့ လျှင်ဖွဲ့ သို့မဟုတ် အပြစ်နှင့် မိတ်သဟာယ ဖွဲ့ လျှင်ဖွဲ့ တစ်မျိုးမျိုးသော လုပ်ဆောင်နိုင်ပေသည်။

    သို့ဆိုလျှင် ကျွနု်ပ်တို့သည် အပြစ်နှင့် မည်သို့မိတ်သဟာယဖွဲ့ သနည်း? ကျွနု်ပ်တို့၏ ကျဆုံးမှု များကိုသာ အာရုံစူးစိုက်နေလျှင် ကျွနု်ပ်တို့သည် အပြစ်နှင့် မိတ်သဟာယဖွဲ့ နေပြီ ဖြစ်သည်။ ထပ်မံရှင်း ပြပါမည်။ ကျွနု်ပ်တို့အနေနှင့် မှားယွင်းခဲ့သည့် အပြစ်အတွက် နောင်တရပြီ ဖြစ်သော်လည်း မိမိမှား ယွင်းခဲ့သည် အပြစ်အပေါ်၌သာ ဆက်လက်အာရုံစူးစိုက်နေပါက ဘုရားသခင်၏ အပြစ်ခွင့်လွှတ်ခြင်းကို ငြင်းပယ်နေခြင်းသဘော သက်ရောက်သည်။ သည်အရာသည်ပင် အပြစ်နှင့် မိတ်သဟာယဖွဲ့ ခြင်း ဖြစ်သည်။ သည်စကားက ပြင်းထန်ကြမ်းတမ်းလှသည်ဟု ထင်ရသော်လည်း အမှန်တရားပင် ဖြစ် သည်။

    ကျွန်မ အပြစ်တစ်ခု လုပ်မိခြင်းသည့်နောက် ဘုရားသခင် ခွင့်လွှတ်ဖို့ တောင်းလျှောက်ခဲ့သော် လည်း ထိုအပြစ်အကြောင်း ပြန်စဉ်းစား၍ ၀မ်းနည်းနေမိသည့် အကြိမ်ပေါင်း မည်မျှရှိကြောင်း ကျွန်မ သင့်ကို ပြောမပြနိုင်တော့ပါ။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ဖို့ရန် မထိုက်တန်ဟု ကိုယ့်ကိုကိုယ် ခံစားနေမိ၏။ စာတန်က ကျွန်မနား ကပ်ပြီး - ‘ဒီမှာ -မင်းက အပြစ်ကျူးလွန်ပြီး ဘယ်လို ဘုရားနဲ့ မိတ်သဟာယ ဖွဲ့ နိုင်မလဲ’ လို့ ပြောသည်။ ကျွန်မ စာတန်စကားကို နားယောင်ပြီး ဘုရားနျင့် မိတ်သ ဟာယ ဖွဲ့ ဖို့အတွက် ထိုက်တန်သော သူတစ်ဦးဖြစ်ရန် ကြိုးစားနေမိ၏။ သို့သော်လည်း ကြိုးစားသမဆ သဲရေကျသာ ဖြစ်ခဲ့ရ၏။ ကျွန်မအတော်လေး စိတ်သက်သာရာ ရလာသည့် အချိန်မှာပဲ နောက် အမှားတစ်ခုကို ကျူးလွန်မိ ပြန်သည်။ သည်လိုနဲ့ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကြီးနဲ့ပဲ တ၀ဲလည် လည် ရှိနေခဲ့ရသည်။

    ကျွန်မ တစ်သက်တာမှာ မေ့မရနိုင်သည့် နေ့တစ်နေ့လို့ပဲ ပြောရမလား။ ဟုတ်ပါသည်။ တစ်မနက် ကျွန်မ ခုံပေါ်မှာ ထိုင်ရင်း ဘ၀မှာ ကြုံတွေ့နေရသည့် ပြသနာတွေ ကျွန်မကိုယ်တိုင် ပြုပြင်ပြောင်းလဲရမည့် အရာတွေအကြောင်း စဉ်းစားနေမိသည်။ သည်အချိန်မှာ သန့်ရှင်းသော ၀ိညာဉ် တော် ဘုရားက စကားပြောလာသည်။ ‘JOYCE ရယ်၊ မင်းရဲ့ အားနည်းချက်တွေ၊ ကျဆုံးမှုတွေနဲ့ပဲ မိတ်သဟာယဖွဲ့ နေမှာလား။ ဒါမှမဟုတ် ငါနဲ့ မိတ်သဟာယ ဖွဲ့ မှာလည်း’။

    အဲသည်နေ့မှာပင် ကျွန်မ နားလည်သဘောပေါက် လိုက်သည်။ ကျွန်မတို့သည် ကိုယ်တော့် အတွက် ပြသနာတုံးတွေ မဟုတ်ပါ။ ကျွန်မတို့၏ နေ့စဉ် စဉ်းစားတွေးခေါ်ခြင်း၊ စကားပြောဆိုခြင်းတွေ ကို ကျွန်မတို့မပြုမီကပင် ကိုယ်တော်က ကြိုတင်သိပြီး မှတ်တမ်းတင်ထား ပါသည်။ (ဆာ၁၃၉း၂ ၊ ၄ ၊ ၁၆)ကိုကြည့်ပါ။ သို့ပေမယ့်လည်း ကိုယ်တော်က ကျွန်မတို့၏ အခြေအနေကို မကြည့်ဘဲ ကျွန်မတို့အား ချစ်မြတ်နိုးဆဲပင် ဖြစ်သည်။ ကျွန်မတို့၏ တာ၀န်မှာ ကိုယ်တော်၏ မေတ္တာနှင့် လက်ခံပေးမှုကို ရွေးချယ် ရယူဖို့သာ ဖြစ်ပြီး ထိုက်တန်သူတစ်ယောက် ဖြစ်ဖို့ရန် ကြိုးစားနေမှုကို ရပ်စဲပစ်လိုက်ဖို့ပဲ ဖြစ်သည်။

သင်၏ အာရုံစူးစိုက်မှုကို ပြောင်းလဲခြင်းဖြင့် သင်၏ အပြုအမူကို ပြောင်းလဲပစ်နိုင်သည် 
(When You Change Your Focus, You’ll Change Your Behavior)
သင့်အနေနဲ့မေးကောင်းမေးမည်။ ဒီမှာ Joyce ကျွန်တော့်အပြုအမူတွေ မှားယွင်းနေတယ်ဆိုရင် ပြုပြင် ရမယ်ပာုတ်လား၊ ပာုတ်ပါသည်။ ဒါပေမယ့်လို့သင့်ရဲ့ ကျရှုံးမှုတွေ၊ အားနည်းချက်တွေကိုပဲ အာရုံစူးစိုက် နေလျင်တော့ အခြအနေက ဆိုးသထက် ဆိုးလာဖို့သာ ရှိသည်။ သင်၏ အာရုံစူးစိုက်မှုအတိုင်း သင်၌ အကျိုးသက်ရောက်မှု ရှိနေမည်။ (Where your attention goes, the power flows) သည် အရာကို စွဲစွဲမြဲမြဲ မှတ်ထားပါ။

 မိမိရဲ့ အားနည်းချက်တွေနဲ့ ပဲ မိတ်သဟာယဖွဲ့ နေသမျှ ကာလပတ်လုံး ကျွနု်ပ်တို့ ဆက်လက် ကျရှုံးနေမှာ ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကိုသာ အာရုံပြု ထားမည်။ ခရစ်တော်၌ ကျွနု်ပ်တို့သည် ဖြောင့်မတ်သူများဖြစ်သည်ဟု ခံယူပြီး ကိုယ်တော်နှင့် ဆက်လက် မိတ်သဟာယဖွဲ့ နေလျှင် ကျွနု်ပ်တို့သည် ဖြောင့်မတ်စွာ ပြုကျင့်ဖို့ အစပြုမိပြီး ဖြစ်သည်။ ကျွနု်ပ်တို့ ဘာတွေ မှားခဲ့သလဲ? (သို့) ကျွနု်ပ်တို့အား ဖြားယောင်းသွေးဆောင်တတ်သည့် အဖြစ်ကိုပဲ ဆင်ခြင်နေဖို့ မဟုတ်။ ကျမ်းစာက ‘ကျွနု်ပ်တို့ကို ကျဆင်းစေသည့် အရာမှန်သမျှကို မကြည့်ဘဲ ယုံ ကြည်ခြင်းကို အစဦးစီရင်၍ စေ့စပ်စုံလင်စေတော်မူသော သခင်ယေရှုကိုသာ စေ့စေ့ထောက်ရှုရမည်’ ဟု ပြောထားပါသည် (ဗြဲ၊ ၁၂း ၂)။

    ကျွနု်ပ်တို့၏ ခွန်အားဖြင့် ဇာတိစစ်ပွဲကို အောင်မြင်နိုင်မည်မဟုတ်ကြောင်း ကျွန်မပြောခဲ့ပြီး ဖြစ်သည်။ တကယ်ပဲ ကျွနု်ပ်တို့ ကိုယ်ကို ကျွနု်ပ်တို့ မပြောင်းလဲနိုင်ပါ။ ပြောင်းလဲနိုင်သည့် အစွမ်းတန်ခိုး ကို ဘုရားသခင်ကသာ ပေးစွမ်းနိုင်သည်။ ကျွနု်ပ်တို့၏ တာ၀န်ကား ထိုဘုရားသခင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့သာ ဖြစ်တော့်သည်။ (ဖိလိ၊ ၂း ၁၂-၁၃ကို ကြည့်ပါ) ကျွနိုပ်တို့၏ အားနည်းချက် များကို အောင်မြင်ဖို့ရန်အတွက် ဘုရားသခင်ကို ကိုးစားခြင်း၊ ကိုယ်တော်၏ ပြုပြင်ပေးမှုကို ယုံကြည်ခံယူခြင်း၊ မှန်ကန်သည့် ရွေးချယ်မှုတွေပြုဖို့ ကိုယ်တော့်ထံမှ ဉာဏ်ပညာနှင့် ခွန်အားကို တောင်းခံခြင်း၊ သည်နည်းလမ်းတွေမှ လွဲ၍ အခြားနည်းလမ်း မရှိပေ။

သင်၏ စိတ်နှလုံးနှင့် နှုတ်ကို သမ္မာတရားနှင့် ဖြည့်ပါ
(Fill Your Mind and Mouth with Truth)
    ကဲ - ဟုတ်ပါပြီ။ ကျွနု်ပ်တို့ အပြစ်လုပ်မိသည့်အခါ ဘာဆက်လုပ်ရမည်နည်း? ဟုတ်ကဲ့၊ နှုတ်ကပတ်တော်က ပြောသည့်အတိုင်း လုပ်ဆောင်ရပါမည်။ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ပါ။ မှားခဲ့မိသည့်အရာတွေအတွက် ၀န်ချတောင်းပန်ပါ။ ကိုယ်တော်၏ ခွင့်လွှတ်ခြင်း ဆေးကြောပေးခြင်းကို တောင်းခံပါ။ ပြီး ယုံကြည်ခြင်းဖြင့် လက်ခံပါ။ ပြီးသည့်နောက် ဆက်လက်ပြီး ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့ ပါ။

    ဘုရားသခင်၏ အမှုတော်ကို ကျွန်မ (၂၈)နှစ်လုံးလုံး အားကြိုးမာန်တက် ဆောင်ရွက်ခြ့ပါသည်။ သို့ပေငြားလည်း ယခုအချိန်ထိ ကျွန်မမှာ အားနည်းချက်တွေ၊ ကျရှုံးမှုတွေ ရှိနေဆဲ ဖြစ်သည်။ သို့သော် သည်အရာတွေအပေါ်မှာ အာရုံမဲပုဖို့ ကျွန်မ သင်ယူခဲ့ရပြီးပြီ။ နှုတ်ကပတ်တော်က ပြောသည့် အတိုင်းပင် နေ့စဉ်နေ့တိုင်း ကျွန်မ ၀န်ခံပါသည်။

    ‘ဘုရားသခင်ရှေ့ တော်၌ ကျွနု်ပ်သည် ခရစ်တော်အားဖြင့် ဖြောင့်မတ်သောသူ ဖြစ်သည်။ ကျွနု်ပ်သည် ခရစ်တော်၏ အသွေးတော်အားဖြင့် သန့်ရှင်းစင်ကြယ်သောသူ၊ ရွေးချယ်ခွဲထားသောသူ ဖြစ်သည်။ ကျွနု်ပ်သည် ဘုရားသခင်၏ ဘိသိက်ပေးခြင်း၊ အသိအမှတ်ပြုခြင်းကို ခံရသောသူ ဖြစ်သည်။ ကိုယ်တော့်ထံတွင် ကျွနု်ပ်အတွက် အကောင်းဆုံးသော အကြံအစည် ရှိသည်။ ကျွနု်ပ်အသက်တာ၌ ပြောင်းလဲရမည့်အရာ များစွာရှိသည်။ သည်အရာတွေကို ကျွနု်ပ်ခွန်အားနဲ့ မပြောင်းလဲနိုင်။ ကျွနု်ပ်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့် မျက်မှောက်တော်ထဲ၌ အသက်ရှင် နေသည့်အတိုင်း ကျွနု်ပ်အား ဘုန်းကြီးခြင်းတစ်ခုမှ တစ်ခသို့ ပြောင်းလဲစေရန် ကိုယ်တော် လုပ်ဆောင် နေသည်’။

    သည့်နောက်မှာ ကိုယ်တော် ကျွန်မကို ပြောင်းလဲပေးနေကြောင်း ယုံကြည်စိတ်ချဖို့နှင့်၊ တစ်ပါး သူတွေရဲ့ အကျိုးကို ပြုစုပေးသူဖြစ်ဖို့ ကိုယ်တော့်ထံမှ ခွန်အားတောင်းခံပါသည်။ အခြားသူများ အတွက် ကောင်းသောအမှုများ ပြုလုပ်ပေးခြင်းသည်လည်း ကျွနု်ပ်တို့၏ ဆိုးသွမ်းသော ဇာတိစိတ်၊ ဆန္ဒများအား အောင်မြင်စေသည့် နောက်ထပ် သော့ချက်တစ်ခု ဖြစ်သည်။

    ရောမသြဝါဒစာ အခန်းကြီး ၆၊ ၇၊ ၈ ကို အကြိပ်ကြိမ် ဖတ်ရှုလေ့လာပြီး ဆင်ခြင်နှလုံးသွင်းဖို့ ကျွန်မ သင့်ကို လေးလေးနက်နက် တိုက်တွန်းချင်ပါသည်။ ထိုနှုတ်ပတ်တော်ထဲမှာ ဖော်ပြထားသည့် ခရစ်တော်၌ရှိသော သင်၏ အရိုက်အရာ၊ အခွင့်အရေး၊ စတာတွေကို သင် နားလည်သဘောပေါက် လာသည်နှင့်အမျှ အပြစ်တရား၏ လွှမ်းမိုးချုပ်ကိုင်ခြင်းမှ အစဉ်လွတ်ကင်းပြီး လွတ်မြောက်ခြင်း အစစ်အမှန်ကို လက်တွေ့ ကျကျ ရရှိခံစားရမယ်ဆိုတာ သိပ်ကို သေချာလှပါသည်။ 
Source: The War For Man’s Soul By Joyce Meyer; Enjoying Everyday Life; 0ct, 2004.

Rev. သိန်းသန်းထွန်း

Friday, 10 June 2016

“သင်၏ ၀ိညာဉ်ရေးရာကို ထိန်းသိမ်းစောင့်ရှောက်ရန် လမ်းညွှန်”

Tips to Maintain Your Spiritual Health
    ကျွန်တော်အားလုံးသည် မိမိတို့ ရုပ်ခန္ဓာကို
 ထိန်းသိမ်းစောင့်ရှောက်တတ်ကြသည်။ လူ
တိုင်း မှန်ကြည့်သည်။ ဆံပင်ရှည်လျှင်ညှပ်
သည်။ မကျန်းမမာ မဖြစ်ရအောင် သတိပြုနေ
ထိုင်ကြသည်။ မှန်ပါသည်။ ကျွန်တော်တို့၏
ကိုယ်ခန္ဓာကို ထိန်းသိမ်းစောင့်ရှောက်ရန် အ
ရေးကြီးသည်ဟု ဆိုလျှင် ကျွန်တော်တို့၏
၀ိညာဉ်ရေးအသက်တာကို ထိန်းသိမ်းစောင့်

ရှောက်ဖို့ရန်မူကား ပို၍ပင် အရေးကြီး လှပေသည်။ သည့်အတွက်ကြောင့်ပဲ သင်၏ ၀ိညာဉ်ရေးရာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အကြံပြုချက် အချို့ ကို ေ၀ငှသွားပါမည်။ သည်အကြံတွေအတိုင်း လိုက်နာဆောင်ရွက်လျှင် သင်သည် ၀ိညာဉ်ရေးရာ၌ “ကျန်းမာသန်စွမ်းနေသူ” ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။

၁။ တစ်ရက်လျှင် အနည်းဆုံးနာရီ၀က် (ဖြစ်နိုင်လျှင် တစ်နာရီခန့်) အချိန်ကို သီးသန့် ပယ်ထားပြီး ဘုရားသခင်နှင့် တစ်ဦးချင်းအချိန် (Quiet Time) ယူပါ (ဒံယေလ ၆း၁၀) (မာကု၊ ၁း၃၅)။ ၄င်းသည် သင့်၀ိညာဉ်ရေးအသက်တာ၏ အဓိက ရေသောက်မြစ်ဖြစ်ကြောင်း သတိပြုပါ။

၂။ သင်၏ အတွေးစိတ်ထဲတွင် ညစ်ညမ်းသော အတွေး၊ အနုတ်လက္ခဏာ ဆန်သောအတွေး၊ ခါးသည်းနာကျည်းစေသော အတွေးများ၀င်ရောက်လာလျှင် ချက်ချင်း အာရုံပြောင်းလဲရန် လုပ်ဆောင် ပါ (ဖိလိပိ္ပ ၄း ၈)။ ဥပမာ-- ချီးမွမ်းသီချင်းဆိုခြင်း၊ အသံကျယ်ကျယ်ဖြင့် အဆက်မပြတ် ဆုတောင်းခြင်း၊ သမ္မာကျမ်းစာကို အသံထွက်ဖတ်ရွတ်ခြင်း၊ စသည့်တို့ကို ပြုလုပ်လိုက်ပါ။

၃။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားထံတော်မှ တန်ခိုး၊ ဘိသိက်နှင့် မေတ္တာကို နေ့စဉ်ဒူးထောက်ပြီး တောင်းခံပါ (တမန်တော် ၁း၈၊ ရောမ ၅း၅)။

၄။ သင်အသက်ရှင် လုပ်ကိုင်ဆောင်ရွက်နေသမျှသည် ဘုရားမျက်မှောက်တော်ထဲမှာ ရှိနေကြောင်း အမြဲသတိပြုပါ (သုတ္တံ ၁၅း၃၊ ဆာလံ ၁၃၈း၇)။

၅။ ယေရှုဆိုလျှင် ဘာလုပ်မည်နည်း? What would Jesus Do? (WWJD)
ယေရှုဆိုလျှင် ဘာတွေးမည်နည်း? What would Jesus Think? (WWJT)
ဆိုသည်ကို အမြဲသတိရပြီး ဆုံးဖြတ်၊ ပြောဆို၊ လုပ်ဆောင်ပါ ( ၁ပေ၊ ၂း ၂၁၊ ဖိလိပိ္ပ ၂း ၅)။

၆။ သမ္မာရှိ ကျမ်းပိုဒ်များကို အချိန်အားလပ်တိုင်း ရနိုင်သလောက် အလွတ်ကျက်မှတ်ပါ။ မကြာခဏ ပြန်လည်စဉ်းစား ဆင်ခြင်ပါ။ အလွတ်ပြန်ဆိုပါ (ဆာလံ ၁၊ ယောရှု ၁း ၈)။

၇။ ခရစ်တော်၌ ရှိသော သင်၏အရိုက်အရာ၊ အခွင့်အာဏာနှင့် ရပိုင်ခွင့်များအကြောင်း စဉ်းစား ဆင်ခြင်ပြီး ပြောပါ။ ၀မ်းမြောက်ပါ။ မကြာခဏ ရယ်မောပါ (ဖိလိပိ္ပ ၄း၄)။

၈။ အချိန်အနည်းငယ် ယူပြီး သင်၏အနာဂတ်အတွက် ဘုရားသခင်ဖေါ်ပြသော ရူပါရုံအကြောင်း စဉ်းစား ဆင်ခြင်ပြီး ပြည့်စုံပြီဟု ယုံကြည်လျှက် စိတ်အာရုံထဲ၌ ပုံဖေါ်ပါ (ကမ်ဘာ၊ ၃၀း၃၇-၃၈၊ ဟေဗြဲ ၁၁း၁)။ 
၉။ စာအုပ်စာပေကောင်းများကို မကြာခဏ ဖတ်ရှုလေ့လာပါ။ ၄င်းသည် သင်၏ အတွေးခေါ်နှင့် စိတ်ဓါတ်ရေးရာကို မြှင့်တင်ပေးရုံမက အမြင်ကို ကျယ်စေပါသည် (သုတ္တံ ၄း၅)။

၁၀။ “ကောင်းမှုတစ်ခု၊ နေ့စဉ်ပြု” ဆိုသောစကားအတိုင်း သူတစ်ပါးအတွက် အကျိုးဖြစ်စေသောအရာ တစ်ခုခု (သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ)ကို ပြုလုပ်ပါ (ဟေဗြဲ ၁၃း၁၆)။
၁၁။ တိတ်ဆိတ်သော နေရာ၌ ဘုရားသခင်၏ အသံတော်ကို အာရုံစူးစိုက်ပြီး နားထောင်သည့် အလေ့ အကျင့်ကိုပြုပါ။ သင့်စိတ်နှလုံးထဲ၌ ပေါ်လာသောအရာများကို စာရွက်ပေါ်ချရေးပါ (ဆာလံ ၄၆း၁၀)။ 
(အထူးမှတ်ချက် - သန့်ရှင်း၀ိညာဉ်တော် ဖေါ်ပြသည်ဆိုသော အရာများသည် ကျမ်းစာနှင့် ကိုက်ညီမှု ရှိပါသည်။ ထိုသို့မဟုတ်ပါက ၄င်းသည် ဘုရားသခင်၏ အသံတော်မဟုတ်ကြောင်း သတိချပ်ပါ။)

၁၂။ သင်၏ ယုံကြည်ခြင်း၊ စိတ်ဓါတ်ရေးရာနှင့် ၀ိညာဉ်ခွန်အားကို တိုးပွားစေမည့် ရုပ်ရှင်၊ ဗွီဒီယို၊ သီချင်းခွေ၊ တရားဟောခွေတစ်ခုခုကို မကြာခဏ ကြည့်ရှုနားထောင်ပါ။ ပြီးနောက် ပြန်လည် ဆင်ခြင် သုံးသပ်ပါ (ရောမ ၁၀း၁၇)။

၁၃။ သင်သိရှိထားပြီး လက်တွေ့ ကျင့်သုံးနေသော သမ္မာတရားတစ်ခုခုကို အခြားတစ်ဦးအား ပြန်လည် ေ၀ငှ သက်သေခံပါ (ဟေဗြဲ ၁၀း၁၄-၂၅)။

၁၄။ နှုတ်ကပတ်တော်အပေါ် အခြေပြုလျက် မိမိကိုယ်မိမိ အားပေးတည်ဆောက်သည့် စကားများကို ပြောဆိုပါ။ ၀န်ခံမြွက်ဆိုပါ (ဆာလံ ၁၀၃း ၁-၅)။ ၄င်းကို မိမိတစ်ဦးတည်းရှိသည့်အချိန်/နေရာတွင် မကြာခဏ ပြုလုပ်ပါ။

၁၅။ သင်နှင့် သဘောတူသည့် လူတစ်ဦး (သို့) နှစ်ဦးသုံးဦးနှင့် မကြာခဏ တွေ့ ဆုံပြီး အတူတကွ ဆုတောင်းပါ (မဿဲ ၁၈း ၁၉-၂၀)။ 
    “၀ိညာဉ်ရေးရာ၌ ကျန်းမာသန်စွမ်းသူ များဖြစ်ရန် ဘုရားသခင်၏ ကျေးဇူးတော်သည် ကူမတော် မူပါစေ” (၁ကော၊ ၁၅း၁၀)။ 

Rev. သိန်းသန်းထွန်း

Monday, 6 June 2016

လုပ်ဖော်ဆောင်ဖက်များအတွက် အားပေးနှိုးဆော်ချက်

Words of Encouragement to Fellow-
workers in Christ
ချစ်သော လုပ်ဖော်ဆောင်ဖက်များ ….
    နေကောင်း ကျန်းမာကြပါစေလို့ ခရစ်တော်
၏ မြတ်သောနာမ၌ နှုတ်ခွန်းဆက်လိုက်ပါသည်။
 ဘုရားသခင်၏ ကျေးဇူးတော်အာဖြင့် တစ်နှစ်တာ
ကို ကျော်လွှားခွင့်ရရှိကြမည်ဟု မျှော်လင့်သကဲ့သို
့ အမှုတော်မြတ်၌လည်း သစ္စာရှိစွာ ပါ၀င်ဆက်ကပ်
 နေကြမည်ဟု မျှော်လင့်ပါသည်။
ဘုရားရှင်ပေးအပ်သည့် နှစ်သစ်ထဲသို့ ကျွနု်ပ်တို့ စတင်ခြေလှမ်းကြသည့်အခါ အသစ်သော အောင်မြင်မှုတွေနဲ့အတူ အမှုတော်မြတ်ကို ထမ်းဆောင်နိုင်ကြဖို့အတွက် ရည်စူပြီး အချက်(၄)ချက်ဖြင့် ကျွန်တော်အကြံပြုေ၀ငှ လိုပါသည်။ သည်အချက် (၄)ချက်က ကုလားထိုင်တစ်လုံး၏ ခြေထောက် (၄) ချောင်းသဖွယ် သင့်ကို လုံခြုံစိတ်ချစွာ အနားယူခွင့် ပေးလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိပါသည်။

၁။ ဘုရားရှင်ပေးအပ်ထားသည့် ရှုပါရုံအပေါ်မှာ အာရုံပြုပါ။
    (Focus on the vision God has given you)
    သင့်ကို ဘယ်အမှုအရာအတွက် ဘုရားရှင် ခေါ်ထားသလဲ? သင်၏ ရူပါရုံနှင့် ခေါ်ခြင်း (Your Vision & Calling) က ဘာလဲ? အဲသည်အရာကို အမြဲအာရုံပြု ဆင်ခြင်ရမည်။ သင့်အနေနဲ့ အလုပ်အကိုင်ကောင်းတစ်ခုခု၊ ဒါမှမဟုတ် ငွေကြေးများများရသည့် လုပ်ငန်းတစ်ခုကို ပြောင်းလုပ်ဖို့ သွေးဆောင်ခြင်း ခံရနိုင်သည်။ ဒါက သင့်ကို ပေးအပ်ထားသည့် ရူပါရုံလမ်းကြောင်းမှ သွေဖည်သွားစေ ဖို့ စာတန်၏ လှည့်စားချက်သာဖြစ်ကြောင်း သတိပြုရမည်။ 
    စာတန်က သင့်အား ဘုရားပေး ရူပါရုံကို စွန့်လွှတ်ပြီး ဘာမျှမဟုတ်လှသည့် လောက အောင်မြင်မှု တစ်ခုခုကို ရယူဖို့ လှေကားထောင်ပေးနိုင်သည်။ သင့်အနေနဲ့ ဘုရားသခင်က သင့်အား ဘာလုပ်စေချင်သလဲ? ဆိုသည်ကို သေချာစွာ သိပြီး အဲသည်အရာကိုပဲ ဆုပ်ကိုင်ထားဖို့ ကျွန်တော် တိုက်တွန်း လိုပါသည်။

၂။ ဘုရားသခင်ပေးအပ်သော ရူပါရုံပြည့်စုံဖို့ ဘုရားသခင်ကိုသာ ကိုးစားပါ
(Trust God to fulfill what He has called you to do)
ဘုရားသခင်က သင့်ကို တစ်စုံတစ်ရာ လုပ်ခိုင်းပြိး အဲသည် အမှုအရာပြီးစီးဖို့ ဘာမှ အထောက် အပံ့ မပေးဘူးဆိုလျှင် ဘုရားသခင် မတရားရာကျ လိမ့်မည်။ အဲသည်လိုမျိုး ကိုယ်တော်မလုပ်ပါ။ ကိုယ်တော် ခိုင်းပြီဆိုကတည်းက လိုအပ်သည့်အရာအားလုံး ကိုယ်တော်ထောက်ပံ့ပေးမှာ ဖြစ်သည်။ 
သင့်အနေနဲ့ ဘုရားသခင်ကို ကိုးစားခြင်း၊ ကိုယ်တော့်စကားကို နာခံခြင်း ပြုသမျှကာလပတ် လုံး သူ၏ မျက်နှာသာ ပေးခြင်းနှင့် ထောက်ပံ့ခြင်းက မည်သည့်အခါမှ လျော့နည်းသွားမည် မဟုတ်ပါ။ သင်၏ အမှုတော်လုပ်ငန်း လည်ပတ်ဖို့အတွက် မည်သူ့ကိုမျှ အသနားခံ၊ အကူအညီတောင်းစရာ လိုမည်မဟုတ်ပေ။ ကိုယ်တော်သည် ယေဟောဝါယိယေ ( Jehovah Jireh) ထောက်ပံ့တော်မူသော အရှင်ဖြစ်ကြောင်း ဘယ်တော့မှ မမေ့ပါနှင့်။ အာဗြဟံကို ကြည့်ပါ။ သူ ဘုရားစကားကို နားထောင်ခဲ့ သည့်အတွက် ၄င်း၏ အကျိုးရလဒ်အဖြစ် ကောင်းကြီးမင်္ဂလာ ခံစားခဲ့ရသည် မဟုတ်လော။

၃။ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေပါ
    (Have the fear of God in your heart)
    လူတွေက အပေးအယူလုပ်ပြီး အပြစ်နှင့် ကစားတတ်ကြသည်။ ဘာကြောင့်လဲ ဆိုတော့ ၄င်းတို့ နှလုံးသားထဲ၌ ဘုရားသခင်ကို ကြောက်ရွ့ံ့ ခြင်းမရှိသောကြောင့် ဖြစ်သည်။ အထင်ကရ ဖြစ်သော အမှုဆောင်များ၊ ခေါင်းဆောင်ကြီးများ အဘယ်ကြောင့် အပြစ်ထဲ ကျဆင်းခဲ့ရသနည်း? သူတို့တတွေ အသိပညာ နည်းပါးလို့ပဲလား? မဟုတ်ပါ။ ၄င်းတို့အထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။

    အဗြဟံ အနေနဲ့ ဘုရားစကားကို တကယ်ပဲ နာခံခဲ့ပါသည် အကြောင်းမှာ ဘုရားသခင်ကို သူ ကြောက်ရွံ့ သောကြောင့် ဖြစ်သည် (ကမ်ဘာ၊ ၂၂း ၁၂)။ ယောသပ်သည်လည်း ပေါတိဖာ မယား၏ စုံစမ်းသွေးဆောင်ခြင်းနောက်သို့ လိုက်ပါအရှုံးမပေးခဲ့ပါ။ အကြောင်းက ဘုရားသခင်ကို ကြောက်ရွံ့ သောကြောင့်ပဲ ဖြစ်သည်။ 
    ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေခြင်းက သင့်အား စုံစမ်းသွေးဆောင်ခြင်း (Temptation) အပေါ် အောင်မြင်စွာ ကျော်လွှာနိုင်ခြင်း အခွင့်နှင့် မိမိကိုယ်ကို လှည့်ဖြားခြင်း (Self-deception) အပြစ် မှ ကယ်နုတ်ပေးပါလိမ့်မည်။

၄။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ပါ
(Love God with all your heart)
သင့်အနေနဲ့ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်လျှင် သင့်ဇာတိနှင့် လောကကို ချစ်တော့ မည်။ မဟုတ်။ ကိုယ်တော်၏ ဘုန်းတော်အတွက်သာ ရည်စူးပြီး အရာခပ်သိမ်းကို ကောင်းမွန်စွာဖြင့် သင်ပြုလုပ်ဆောင်ရွက် နေလိမ့်မည်။ ဘုရားကို ချစ်ခြင်းနှင့် ယုံကြည်ခြင်းက သင့်အတွက် မဖြစ်နိုင်ဟု ထင်ရသောအရာ အားလုံးကို စွမ်းဆောင်ပေးလိမ့်မည်။ 
အဲသည် အချိန်အခါ၌ သင်သည် ယေရှုခရစ်ထံ၌ ကောင်းသော စစ်သူရဲ (ဝါ) ခွန်အားကြီးသော စစ်သူရဲ တစ်ဦးဖြစ်နေပြီး ဘုရားသခင် သင့်အတွက် ကြံစည်ထားသမျှအားလုံး ပြည့်စုံလာတာကို မြင်တွေ့ ရပါလိမ့်မည်။

“သင့်အသက်တာနှင့် အမှုတော်လုပ်ငန်းအပေါ် ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာများ သက်ရောက်ပါစေ။”

Rev. သိန်းသန်းထွန်း

Sunday, 29 May 2016

ကောင်းသောဘဏ္႑ာစိုး တစ်ဦးဖြစ်ရန်အတွက် အကြံပြုချက် (၇)ချက်

7 Tips to becoming a good Steward
ခေါင်းဆောင်မှုဆိုင်ရာ ေ၀ငှချက်ဆောင်းပါး
 သည်ကနေ့ ယုံကြည်သူ၊ အမှုတော်ဆောင်
နှင့် ခေါင်းဆောင်များအတွက် အရေးအကြီး
ဆုံး မေးခွန်းတစ်ခုမှာ - “ကောင်သောဘဏ္႑ာ
စိုး တစ်ဦးဖြစ်ရန် မည်ကဲ့သို့ ပြုမူဆောင်ရွက်ရ
မည်နည်း” ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
ဟုတ်ကဲ့၊ သည်အရာနဲ့ပတ်သက်ပြီး နှုတ်က
ပတ်တော်ကို အခြေပြုထားသော အကြံပြုချက်
(၇)ချက်ကို ကျွန်တော်ေ၀ငှသွားပါမည်။

၁။ သင်သည် ပိုင်ရှင်မဟုတ်၊ ထိန်းသိမ်းစောင့်ရှောက်သူသာဖြစ်ကြောင်း သိမှတ်ပါ
    Know that you are not an original owner, just a custodian 
    “ထိုအခါ ထာ၀ရအရှင် ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူ၏” (ကမ်ဘာ၊ ၂း၁၅)။

    ဧဒင်ဥယျာဉ်၏ မူရင်းပိုင်ရှင် အစစ်အမှန်သည် ဘုရားသခင်သာဖြစ်ပြီး လူအာဒံသည် ထိန်းသိမ်းစောင့်ရှောက်သူသာဖြစ်ကြောင်း တွေ့ ရမည်။ သင်သည် အိမ်ထောင်ရှင်တစ်ဦး (သို့) ဘော်ဒါ ကျောင်းအုပ်၊ ကုမ္ပဏီမန်နေဂျာ၊ အစိုးရ ၀န်ထမ်း၊ စီးပွားရေးလုပ်ငန်းရှင်၊ ဓမ္မအမှုတော်ဆောင်တစ်ဦး စသည်ဖြင့် တစ်မျိုးမျိုးဖြစ်မည်။ မည်သည့်အလုပ်တာ၀န်ကို ထမ်းဆောင်ရသူ ဖြစ်ပါစေ၊ တစ်နေ့ ဘုရားသခင်ရှေ့ တွင် သင်လုပ်ဆောင်ခဲ့သည့် အရာအားလုံးအတွက် အစီရင်ခံရမည်ဖြစ်ကြောင်း သတိပြုပါ (၂ကော၊ ၂း၁၀)။ သင်၌ရှိသော သက်ရှိသက်မဲ့၊ မည်သည့်အရာကိုမျှ သင် မပိုင်ပါ။

 ၄င်းအရာအားလုံး၏ မူရင်းပိုင်ရှင်သည် သင်မဟုတ်၊ ဘုရားသခင်သာဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုအရာတစ်ခုစီအားဖြင့် ဘု၇ားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်အတွက် သင့်ကို ထိန်းသိမ်း စောင့်ရှောက်စေခြင်း (ဝါ) စီမံခန့်ခွဲစေခြင်းသာဖြစ်ကြောင်း ဆင်ခြင်သိမှတ်ပါ။

၂။ သမ္မာကျမ်းစာ၏ အခြေခံစည်းမျဉ်းများကို သင်ယူပြီး လိုက်နာကျင့်သုံးပါ။ 
    Learn and practice Biblical principles
    “ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်၊ ငါ့ပညတ်တို့ကို သင်၏နှလုံး စောင့်ရှောက်ပါစေ” (သုတ္တံ ၃း၁)။

    သင်သည် မိသားစုတစ်စု (သို့) လုပ်ငန်းတစ်ခု၊ အသင်းအဖွဲ့ တစ်ခုကို ဦးဆောင်ရသည့်အခါ သမ္မာကျမ်းစာနှင့် မကိုက်ညီသော နည်းစနစ်များ (သို့) လောကီစံသတ်မှတ်ချက်များအတိုင်း လုပ် ဆောင်ခြင်း မပြုမိဖို့ရန် သတိပြုရမည်။ သင်ဦးဆောင်ရသော ကဏ္႑တစ်ခုစီတိုင်းအတွက် သမ္မာ ကျမ်းစာ၏ အခြေခံစသည်းမျဉ်းများကို ရှာဖွေပါ။ မှတ်သားပါ။ ၄င်းတို့ကို လက်တွေ့ ကျင့်သုံးပါ။ လောကတွင် လူကြိုက်များနေသော နည်းစံနစ်များကို သမ္မာကျမ်းစာနှင့် တိုက်ဆိုင်စစ်ဆေးခြင်း မပြုဘဲ ပုံတူကူးချခြင်းမျိုး မပြုလုပ်ပါနှင့်။

၃။ စေတနာစိတ်ဖြင့် အကောင်းဆုံး လုပ်ဆောင်ပါ
     Do Your best with all your heart
    “လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက် သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော” (ကောလောသဲ ၃း၂၃)။

    အလုပ်တာ၀န်ကို ပုံမှန်လုပ်ဆောင်နေသော်လည်း စိတ်စေတနာမပါတာမျိုး ဖြစ်တတ်ပါသည်။ သည်အချက်နဲ့ပတ်သက်ပြီး ကျွန်တော် အမြဲခွန်အားရသည့် ပုဂ္ဂိုလ်ကတော့ ဓမ္မဟောင်းကျမ်းစာထဲက “ယောသပ်” ဖြစ်သည်။ သူသည် မည်သည့်နေရာ၊ မည်သည့်အလုပ်ကို လုပ်ရသည်ဖြစ်စေ၊ အကောင်း ဆုံး စေတနာဖြင့် လုပ်ပေးခဲ့ကြောင်း တွေ့ ရပါသည်။ ကျွန်တော်တို့လုပ်ရသည့် အလုပ်သည် မည်မျှပင် သေးငယ်ပါစေ၊ စိတ်စေတနာ (နှလုံးသား)ပါလျက် လုပ်ဆောင်ဖို့ လိုပါသည်။ ရှင်ပေါလု တိုက်တွန်း သကဲ့သို့ စိတ်စေတနာဖြင့် အကောင်းဆုံး၊ အပြောင်မြောက်ဆုံး လုပ်ဆောင်လိုက်ပါ။

၄။ သင် တာ၀န်ယူရသည့် လုပ်ငန်းကို ကြီးထွားတိုးတက်လာစေရန် စွမ်းဆောင်ပါ
Attempt to grow your ministry
    “ထိုသို့မရှိသော်လည်း သင်တို့အပေါ်သို့ သန့်ရှင်းသော ၀ိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့ မှစသော ယုဒပြည်၊ ရှမာရိပြည်နှင့် မြေကြီးစွန်း တိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏” (တမန်တော် ၁း၈)။

    သင်၌ အပ်ထားသော အရာအားလုံး ကြီးထွားတိုးတက်လာစေရန်အတွက် ဘုရားသခင် အလိုရှိပါသည်။ ယေရုရှလင်မြို့ ၌ စတင်ခဲသော သခင်ဘုရား၏ သာသနာသည် နှစ်အနည်းငယ် အတွင်းမှာပင် ယုဒပြည်၊ ရှမာရိပြည်နှင့် မြေကြီးစွန်းတိုင်အောင် ရောက်ရှိပျံ့ န့ှံခဲ့ပါသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားက မစကူညိပေးခဲ့ခြင်း ဖြစ်ပေသည်။ တိုးပွားများပြားသည်ဟု ဆိုရာ၀ယ် အရည်အသွေး (Quatity) ပိုင်းသာမက၊ အရေအတွက် (Quantity) ပိုင်းပါ ပါ၀င်ပေသည်။ ရှုပါရုံ ရှိိရုံဖြင့် မလုံလောက်ပါ။ ရှုပါရုံကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုသည့်အရာ (နည်းဗျူဟာ)ကို ရှာဖွေဖော်ထုတ်ရမည်။

၅။ သင်၌ ရှိသော အခွင့် အာဏာကို လုပ်ဖော်ဆောင်ဘက်များအား ခွဲေ၀ပေးအပ်ပါ
     Divide Your authority & Share it to co-workers
    “သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ ကြားရပြီးသော အရာတို့ကို သစ္စာနှင့်ပြည့်စုံ၍ သူတစ်ပါး တို့ကို သွန်သင်ခြင်းငှာ တတ်စွမ်းနိုင်သောသူတို့၌ အပ်ပေးလော့” (၂တိ၊ ၂း၂)။

    အရာအားလုံးကို လုပ်ဆောင်နိုင်သော Super Leader များဖြစ်ဖို့ ကျွန်တော်တို့ကို ရွေးကောက် ထားခြင်းမဟုတ်ပါ။ အရာခပ်သိမ်းကို တတ်သိကျွမ်းကျင်ဖို့ရန်လည်း မလိုအပ်ပါ။ မိမိစွမ်းဆောင်နိုင် သော ကဏ္႑ကိုသာ အကောင်းဆုံး လုပ်ဆောင်ပြီး အခြားကဏ္႑၊ တာ၀န်များကို တတ်စွမ်းနိုင်သော သူတို့အား ခွဲေ၀ပေးရမည်။ ကျွနု်ပ်တို့သာ ဘဏ္႑ာစိုးမဟုတ်ဘဲ ကျွနု်ပ်တို့၏ လုပ်ဖော်ဆောင်ဘက် များသည်လည်း ဘုရားသခင်၏ ဘဏ္႑ာစိုးဖြစ်သည်ကို သိမှတ်လျက် အခွင့်အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားခြင်း မပြုဘဲ ယုံကြည်စိတ်ချစွာ ခွဲေ၀အပ်နှင်းဖို့ရန်လည်း လိုအပ်ပါသည်။

၆။ သင်၏ ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ်၍ လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ပါ
     Avoid manipulation for your personal gain
    “ထိုမှတစ်ပါး ဘဏ္႑ာစိုးမည်သည်ကား သစ္စာရှိရမည်” (၁ကော၊ ၄း၂)

    သင်ရရှိထားသော နေရာ၊ သင်၌ရှိသော အခွင့်အာဏာသည် ဘုရားဘုန်းတော် ထင်ရှားရန်နှင့် သူတစ်ပါးအတွက် အကျိုးပြုရန် ပထမထားပြီး သင်နှင့် သင့်မိသားစု ကောင်ချီးခံစားရန်ကိုမူ နောက်၌ ထားရမည်။ သင်နှင့် သင့်မိသားစု ကောင်းစားရေးအတွက် အသင်းပိုင်၊ အဖွဲ့ ပိုင်ငွေများ၊ ပစ္စည်းဥစ္စာ များနှင့် ရာထူးများနှင့် မရိုးသားသောနည်းဖြင့် ကြိုးကိုင် ချယ်လှယ်ခြင်းမပြုလုပ်မိစေရန် သတိပြုရမည်။ မိမိပိုင် ငွေကြေးနှင့် အသင်းအဖွဲ့ ပိုင်ငွေကြေးကို သီးခြားသတ်မှတ်ထားရှိရမည်။ သင်လုပ်ဆောင်လေ သမျှတို့၌ သစ္စာရှိမှု၊ ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုတို့ ရှိရမည်။ တစ်ခါအလွဲသုံးစားမူကြောင့် တစ်သက် လုံးရရှိခဲ့သော နာမည်ကောင်းကို မဖျက်ဆီးစေရန် သတိဉာဏ်ပညာဖြင့် ပြုမူဆောင်ရွက်ရမည်။

၇။ နှိမ့်ချခြင်း တန်ဆာကို အမြဲဆင်ပါ
     Always clothe yourself with humility
“…အချင်းချင်း တစ်ယောက်အောက် တစ်ယောက် နှိမ့်ချလျှက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြ လော့။ အကြောင်းမူကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့် ချသောသူတို့အား ကျေးဇူးပြုတော်မူ၏” (၁ပေ၊ ၅း၅)။

    လူသည် အောင်မြင်လာသည့်အခါ မာနထောင်လွှားတတ်သော သဘောရှိ၏။ အမှန်စင်စစ် သင်သည် ဘုရားသခင်၏ အစေခံကျွန်တစ်ဦးသာဖြစ်ပြီး ယခုသင်ရှိနေသောနေရာ၊ သင့်လက်၌ရှိသော အခွင့်အာဏာ၊ သင်ပိုင်ဆိုင်သမျှအရာအားလုံး၊ သင်၏ အောင်မြင်မှုဂုဏ်သတင်း၊ သည်အရာတွေ အားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်ကြောင်း အစဉ်အောက်မေ့ပြီး ဘုရားကို ကျေးဇူးတင် ချီးမွမ်းဖို့သာ ဖြစ်သည်။ သင်၏ လုပ်ဖော်ဆောင်ဘကများအပေါ် မောက်မာစွာ ဆက်ဆံခြင်း၊ သင်သည် ၄င်းတို့ထက် သာလွန်မြင့်မြတ်ကြောင်း ပြောဆိုခြင်း၊ ပြုမူခြင်းကို ရှောင် ကြဉ်ပါ။

    ဖော်ပြခဲ့သည့် အချက်(၇)ချက်ကို သန့်ရှင်းသော ၀ိညာဉ်တော် ဘုရား၏ မစမှုဖြင့် သင်လိုက်နာ ဆောင်ရွက်နေသည်ဟု ဆိုလျှင် သင်သည် “ဘရားသခင်ဟ ဘဏ္႑ာစိုးကောင်းတစ်ဦး” အဖြစ် ဘုန်းတော်၊ နာမတော်ကို ထင်ရှားစေသူဖြစ်သည်ဟု ကျွန်တော် အသေအချာ ပြောနိုင်ပါသည်။




Thursday, 26 May 2016

သင်၏အချိန်ကို ပေးအပ်ရမည့် ပုဂ္ဂိုလ် (၇)မျိုး

(Seven kinds of person you need to
 spend time with)
မြေကြီးပေါ်တွင် အသက်ရှင်နေထိုင်လျက်ရှိ
သော ကျွနု်ပ်တို့၏ အသက်တာသည် အချိန်
 အကတ်အသန့်ရှိပါသည်။ ကျွနု်ပ်တော်တို့၏
 အချိန်သက်တမ်းစေ့သည့်အခါ ဤကမ်ဘာမြေ
ကြီးပေါ်ရှိ အရာအားလုံးကို စွန့်လွှတ်ထား ခဲ့
ကြရမည်။ (ဆာလံ ၉၀း ၁၀)အတိုင်း အသက်
 (၇၀)ခန့်နေရမည် ဆိုပါက ရက်ပေါင်း (၂၅၅၅၀)ရက်
သာရှိသည်။ အသက် (၃၀)ပြည့်ပြီးသောသူအတွက် (၁၄၆၀၀)ရက်၊ အသက် (၄၀) ပြည့်ပြီးသော သူအတွက်(၁၀၉၅၀)ရက်၊ အသက်(၅၀)ပြည့်ပြီးသောသူအတွက် (၇၃၀၀) ရက်သာ ကျန်ရှိပေသည်။

    သို့အတွက်ကြောင့် သင့်အသက်တာ၏ ကျန်ရှိသောအချိန်ကို ပညာရှိစွာ စီမံခန့်ခွဲပြီး ပုဂ္ဂိုလ် (၇)မျိုး အတွက် မှန်ကန်စွာ ပေးအပ်၊ အသုံးပြုဖို့ရန်အတွက် ကျွန်တော်ေ၀ငှသွားပါမည်။

၁။ ဘုရားသခင်အတွက် အချိန် (Time for God)
    “အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း မိမိအိမ်သို့ သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ပြတင်းပေါက် ဖွင့်လျက်ပင် အထက်ပြုလေ့ရှိ သည့်အတိုင်း တစ်နေ့ သုံးကြိမ် ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏” (ဒံယေလ၊ ၆း၁၀)။

    ဒံယေလ၏ အသက်တာ၌ ဘုရားသခင်နှင့် အချိန်ယူခြင်းကို မိမိအသက်ထက်ပင် ပို၍ အလေးထား ကြောင်းတွေ့ရှိရမည်။ သင်၏ကယ်တင်ရှင်၊ သင်ကို အသက်ပေးသူ၊ သင့်ကို မစ ထောက်ပ့ံသူ၊ သင်၏ခွန်အား၊ သင်၏မျက်မြင်မရသော အလုပ်ရှင်နှင့် တွေ့ဆုံ မိတ်သဟာယဖွဲ့ ဖို့ရန်အချိန်ကို အလေးအနက်ထားပါသလား? သစ္စာရှိပါသလား? သည်အရာကို Quiet Time (သို့မဟုတ်) ဘုရားနှင့် တစ်ဦးတည်းအချိန်ယူခြင်း (Time alone with God)ဟု ခေါ်ပါသည်။ သမ္မာ ကျမ်းစာထဲရှိ ဓမ္မဟောင်း၊ ဓမ္မသစ်ကာလမှာရော၊ သည်ကနေ့ထိ အသင်းတော် သမိုင်းမှာရော အောင်မြင်သော ခေါင်းဆောင်အားလုံး၏ တူညီသော လျိူ့၀ှက်ချက်တစ်ခုမှာ ဘုရားနှင့် တစ်ဦးချင်း အချိန်ယူခြင်းကို အလေးအနက် ထားခြင်းပင်ဖြစ်သည်။ သည်အတွက်ကြောင့် ဘုရားနှင့် တစ်ဦးတည်း တွေ့ဆုံသောအချိန်သည် သင့်အတွက် အရေးကြီးဆုံးအချိန်ဖြစ်ကြောင်း မှတ်ယူပါ။

၂။ သင့်မိသားစုအတွက်အချိန် (Time for your family)
    “မိမိလူတို့ကို မပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူ မည်သည်ကား၊ ယုံကြည်ခြင်း တရားကို ငြင်းပယ်၏ မယုံကြည်ဘူးသောသူတို့ထက် သာ၍ ယုတ်မာ၏” (၁တိ၊ ၅း၈)။ 
    မိသားစုဟူသည် ဘုရားပေးသော ဆုလာဘ်တစ်ခုဖြစ်၏။ အပြင်လူအားလုံးအတွက် ကောင်းပြီး မိမိ မိသားစုကို မပြုစုသေား ခေါင်းဆောင်သည် သမ္မာကျမ်း၏ သွန်သင်ချက်နှင့် သွေဖည်နေသူ ဖြစ်သည်။

    သင်၏ အချိန်အချို့ကို မိသားစုအတွက် ပေးအပ်ပါ။ မိမိဇနီး (သို့) ခင်ပွန်းသည်၊ သားသမီးများ နှင့် သီးသန့်တွေ့ဆုံ၍ နှုတ်ကပတ်တော် သင်ကြားပေးခြင်း၊ အတူတကွ ကျေးဇူးတော်ချီးမွမ်းခြင်း၊ အတူစားသောက် ခြင်း၊ ဈေး၀ယ်ထွက်ခြင်း၊ ကစားကွင်းသွားခြင်း၊ အပန်းဖြေခရီးထွက်ခြင်း စသည့် အစီအစဉ်များ ပြုလုပ်၍ မိသားစုအတွက် အချိန်ပေးနိုင်သည်။ ဤနည်းများအားဖြင့် မိသားစု၏ ၀ိညာဉ်ရေးရာနှင့် ကဏ္႑စုံကို ပြုစု ပျိုးထောင်ပေးခြင်း ဖြစ်သည်။

၃။ သင့်ကိုယ်တိုင်အတွက် အချိန် (Time for yourself)
    “ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူသည် မိမိကိုယ်မိမိ စောင့်ရှောက်သဖြင့် မာရ်နတ် သည် ထိုသူကို မထိမခိုက်နိုင်ရာ” (၁ယော၊ ၅း၁၈)။ 
သင်သည် ၀ိညာဉ်ရေးရာနှင့် စိတ်ဓာတ်ရေးရာ၌ အစဉ်လန်းဆန်းကျန်းမာနေဖို့ရန်မှာ သင့် ကိုယ်သင် သတိပညာဖြင့် ဂရုပြုစောင့်ရှောက်မှုအပေါ် မူတည်နေပေသည်။ ထိုမျှမက သင်၏ကိုယ်ခန္ဓာ ကျန်မာသန်စွမ်း နေဖို့ရန်လည်း လိုအပ်ပါသည်။ သည့်အတွက်ကြောင့် အခါအားလျော်စွာ အချိန်ပေး၍ သင့်၀ိညာဉ်၊ စိတ်၊ ခန္ဓာ ကျန်းမာရေးကို စစ်ဆေးရမည်။

 အထူးသဖြင့် အသက်(၄၀)ကျော်လာပြီဆိုလျှင် မိမိကိုယ်ခန္ဓာကျန်မာရေးကို မကြာခဏ စစ်ဆေး၍ သင့်လျော်သည့် လေ့ကျင့်ခန်းတစ်ခုခု (ဥပမာ-လမ်းလျှောက်ခြင်း)ကို ပုံမှန် ပြုလုပ်သင့်သည်။ ကိုယ်စိတ်ကျန်းမာရေး ထိခိုက်သည်အထိ အလုပ် ၀န်ပိခြင်းမဖြစ်ရန် ဂရုပြုရမည်။ မိမိအတွက် လိုအပ်သည့် စွမ်းရည်များ (ဥပမာ-ကွန်ပျူတာရိုက်ခြင်း၊ ကားမောင်းဖြင်း) ပြည့်စုံလာရန်အတွက်လည်း လေ့လာသင် ယူမှု ပြုလုပ်ရမည်။

၄။ သင်ရွေးချယ်ထားသော လူစုအတွက်အချိန် (Time for your key people)
    “ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ၄င်း၊ တရားဟောသောအခွင့်၊ အနာရောငါတို့ကို ငြိမ်းစေ၍ နတ်ဆိုး တို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ၄င်း၊ တစ်ကိျပ်နှစ်ပါးသောသူတည်းဟူသော ....တို့ကို ခန့်ထား တော်မူ၏” (မာကု၊ ၃း၁၄-၁၉)။

    ယေရှုခရစ်တော်သည် သူနှင့်အတူ ရှိဖို့ရန်အတွက် တပည့်တော် (၁၂)ပါးကို ရွေးကောက် ခဲ့ပါသည်။ တစ်နည်းဆိုရသော် ယေရှုသည် သူရွေးကောက်ထားသော တပည့်တော် (၁၂)ပါးအတွက် သူ၏အချိန် အများစု ကို ပေးအပ်ပြီး ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။

    ထိုတပည့်တော် (၁၁)ပါးနှင့် ရှင်ပေါလုအားဖြင့် ခရစ်တော်၏ “မဟာစေခိုင်းမှုကြီး”ကို ကမ်ဘာစွန်း ထိတိုင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ သင်၏လုပ်ငန်းကို ပိုမိုထိရောက်အောင်မြင်နိုင်စေမည့် အလားအလာ ရှိသော လူတစ်စုကို ရွေးချယ်လိုက်ပါ။ သင်၏အချိန်ကို သူတို့အတွက် မြှုပ်နှံပါ။ သူတို့ကို ပြုစုပျိုး ထောင်ပြီး လေ့ကျင့်သင်ကြား ပေးပါ။ အလားအလာ မျှော်လင့်ချက်မရှိသော လူတွေအတွက် သင့် အချိန်ကို မဖြုန်းတီးပါနှင့်။
 
၅။ သင်၏ လုပ်ဖော်ဆောင်ဘက်များအတွက် အချိန် (Time for your co-workers / colleagues)
    “ထမ်းရွက်စရာ ၀န်ချင်းတို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရားကို ကျင့်ကြလော့” (ဂလာတိ ၆း၂)။

    ကျွန်တော်တို့သည် ဘုရားသခင်စေခိုင်းသည့် အလုပ်တာ၀န်ကို အသီးသီး ကိုယ်စီ ဆောင်ရွက်ကြ သည့်အခါ လုပ်ဖော်ဆောင်ဘက်အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း၊ အားပေးကူညီခြင်း ပြုဖို့ရန် လိုအပ်ပါသည်။ မိမိနှင့် လူမျိုး၊ ဂိုဏ်းဂန၊ သြဝါဒ ကွဲပြားစေကာမူ ခရစ်တော်၏ မေတ္တာဖြင့် အချင်းချင်း ကူညီစောင့်မမှု ပြုအပ်ပေသည်။

    မိမိအား ကျေးဇူးပြုခဲ့သောသူများကို ကျေးဇူးတုန့်ပြန်နိုင်သော အခွင့်ရှိလျှင် တုန့်ပြန်ပြု အပ်ပေသည် (သု၊ ၃း၂၇)။ လုပ်ဖော်ဆောင်ဘက်နှင့်အတူ ဆုတောင်းခြင်း၊ လက်ဖက်ရည်သောက် မိတ်ဖွဲ့ခြင်း (Tea-fellowship)၊ Seminar အတူတက်ခြင်း၊ အတူတကွ သင်တန်းပို့ချခြင်း၊ ဒေသနာ ေ၀ငှရန် ဖိတ်ကြားခြင်း၊ နေထိုင်မကောင်းဖြစ်သည့်အခါ သွားရောက်ကြည့်ရှု အားပေးခြင်းစသည့်ဖြင့် သင်၏အချိန်ကို အသုံးပြု နိုင်ပေသည်။

၆။ သင်၏ သိုးစု/လူစုအတွက် အချိန် (Time for your sheep)
    “ငါ၏ သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏” (ယောဟန် ၁၀:၁၄)
    ယေရှုခရစ်တော်သည် အကောင်းဆုံးသိုးထိန်းအဖြစ် ကျွနု်ပ်တို့အား စံနမူနာပြခဲ့ပြီး ဖြစ်သည်။ သင်၏ သိုးစု(သို့) လူစုအတွက် အချိန်ကိုလည်းထားရှိဖို့ လိုအပ်ပါသည်။ သင်၏ ဂရုစိုက်ခြင်းကို ခံရသည့် လူစုက သင်၏ခေါင်းဆောင်မှုကို ၀န်ခံလာမည်ဖြစ်သည်။ သင်၏ အသင်းတော် (သို့) ကုမ္ပဏီကို ယခုထက် ပိုမိုအောင်မြင်စေလိုလျှင် အသင်းသူအသင်းသား (သို့) ၀န်ထမ်းများအတွက် သင်၏အချိန်ကို ပိုမိုပေးအပ်ဖို့ လိုသည်။ ဆိုလိုသည်မှာ ၄င်းတို့၏ အခြေခံလိုအပ်ချက်များကို သိမြင်ပြီး ဂရုတစိုက်ဖြင့် တတ်အားသ၍ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ရန် ဖြစ်သည်။

၆။ ပျောက်ဆုံး၀ိညာဉ်များအတွက် အချိန် (Time for the lost Souls)
    “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျှက် ခမည်းတော်၊ သားတော်၊ သန့်ရှင်း သော ၀ိညာဉ်တော်၏ နာမ၌ ဗတိ္တဇံကို ပေးကြလော့” (မဿဲ၊ ၂၈း၁၉)။

    သင်၏ မိသားစု၊ စီးပွားရေးအတွက်နဲ့ပဲ အချိန်ကုန်နေပြီး ပျောက်ဆုံး၀ိညာဉ်များ ကယ်တင်ခြင်း ရရှိရန်အတွက် အချိန်မပေးနိုင်လောက်အောင် အလုပ်မများနေဖို့ သတိပြုပါ။ ကယ်တင်ရှင်ကို မသိသေးသောသူများအတွက် သင်၏အချိန်အချို့ ကို ပေးအပ်ပါ။ ဆိုလိုသည်မှာ ကယ်တင်ရှင်ကို ဆာငတ်နေသူများဆီ အေ၇ာက်သွားပါ။ မေတ္တာပြပါ။ ဧဝံဂေလိတရားကို ဟောပါ။ ဆေးရုံ၊ အကျဉ်းထောင်၊ ရဲဘက်စခန်း၊ အနူရွာ၊ စစ်ရှောင်စခန်း၊ သဘာ၀ဘေးကြုံတွေ့ခဲ့သည့်နေရာ၊ မိဘမဲ့ ဂေဟာ၊ လူအိုရုံ စသည့်နေရာရှိ လူများထံ သွားရောက်ပြီး တတ်နိုင်သလောက် ကူညီမစပါ။ သင်၏ အချိန်ကို ပေးအပ်ပါ။

    “သင်၏ အသက်တာ၌ အချိန်ကို မှန်ကန်စွာ အသုံးပြုတတ်သူ ဖြစ်ဖို့ရန် သန့်ရှင်းသော ၀ိညာဉ်တော် ဘုရား မစပါစေ။

Rev. သိန်းသန်းထွန်း

Monday, 23 May 2016

အသစ်သော အသက်တာ (The New Life)

    ကလေးတစ်ယောက်သည် မွေးဖွားလာချိန်၌
မည်သည့်အရာကိုမျှ မလုပ်ဆောင်တတ်သေးပေ။
 လမ်းမလျှောက် နိုင်သေးသလို၊ စကားလည်း
မပြောနိုင်သေးပေ။ မိမိကိုယ်တိုင် အစားအစာကို
 မစား နိုင်သေးသလို၊ ကိုယ်တိုင် မရှာဖွေတတ်
သေးပေ။ ဗိုက်ဆာသည့်အခါ အနှီးစိုစွဲသွားသည့်
အခါ ငိုကြွေးခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မ
တတ်နိုင်သေးပေ။
    သို့သော် သူသည် တစ်ရက်ပြီး တစ်ရက်ကြီးပြင်း
လာပြီး ပြုံးပြတတ်လာသလို၊ စကားလည်း တစ်ခွန်းစ နှစ်ခွန်းပြောတတ်လာသည်။ အရုပ်ကလေးများနှင့် ဆော့ကစားတတ်လာသလို၊ ကိုယ်တိုင် စားတတ်လာသည်။ ထိုင်တတ်လာသလို၊ တဖြည်းဖြည်း လက်ဘက်ထောက်တွားတတ်လာသည်။

မတ်တပ်ရပ် လမ်းလျှောက်တတ်လာသလို၊ စကားကိုလည်း ပြောတတ် လာပြီး နောက်ဆုံး ပြေးလွှား ဆော့ကစားတတ်လာသည်ထိ ဖြစ်လာသည်။ ဆယ်ကျော်သက်အရွယ်မှ လူပျို၊ အပျိုအရွယ်သို့ ရောက်လာသည်။ ထိုအရွယ်မှာ ချစ်သူရှိလာသည်။ အိမ်ထောင်ကျလာသည်။ ကလေးရလာသည်။ မြေးရလာသည်။ နောက်ဆုံး အိုမင်းရင့်ရော်လာ၍ သေဆုံးချိန်ရောက်လာသည်။ ဤအချိန်မှာ လူ့ ဘ၀ အသက်တာ၏ ကြီးရင့်အဆုံးသတ်ပုံ ဖြစ်သည်။

    ၀ိညာဉ်ရေးရာ ကြီးထွားရင့်ကျက်မှုသည်လည်း ဤကဲ့သို့ပင် ဖြစ်သည်။ ကျွန်ပ်တို့ အားလုံး သည် ကယ်တင်ခြင်းခံရသည့် နေ့မှာ ၀ိညာဉ်ကလေးများသာ ဖြစ်ကြသည်။ ထိုအချိန်မှစ၍ ၀ိညာဉ် ရေးရာ ရင့်ကျက်မှု ခရီးရှည်ကြီးကို နှင်စပြုလာခြင်းဖြစ်သည်။ ဤခရီးရှည် တစ်လျှောက်လုံး လိုအပ်နေ သော ၀ိညာဉ်အစာအဟာရများကို ဘုရားသခင်က သူ၏ချစ်ခြင်းမေတ္တာ စကားတော်အားဖြင့် ပံ့ပိုးပေး သည်။ ထိုအစာအဟာရကို စားသုံးမှသာ ကြီးရင့်သောသူ အဖြစ်သို့လည်းကောင်း၊ ၀ိညာဉ်ကလေးများ မွေးဖွားခြင်း အဆင့်သို့လည်းကောင်း၊ ရောက်ရှိလာနိုင်မည် ဖြစ်သည်။

ကျွနု်ပ်တို့ အထဲ၌ ရှိသော ဘုရား God in us
    ကျွနု်ပ်တို့ကို အသစ်သော အသက်တာ၌ မွေးဖွားစေခဲ့သောသူသည် ကျွနု်ပ်တို့ အထဲ၌ အလုပ်လုပ်တော်မူသော ဘုရားသခင်ပင် ဖြစ်သည်။ တမန်တော် ရှင်ပေါလုက “သင်တို့သည် အလိုရှိ စေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း၊ သင်တို့အထဲ၌ စေတနာတော် အားဖြင့် ပြုပြင်တော်မှုသောသူကား ဘုရားသခင်ပေတည်း” ဟု ပြောပါသည် (ဖိလိ၊ ၂း ၁၃)။ 
    ကျွနု်ပ်တို့မှာ ကောင်းသောအရာကို လုပ်ဆောင်ရန် စိတ်ဆန္ဒနှင့် အစွမ်းခွန်အားမရှိကြောင်း ဘုရားသခင် သိတော်မူ၏။ ထို့ကြောင့် သူ၏ စိတ်နှလုံးတော်ကို ထိတွေ့ စေမည့် အစွမ်းခွန်အားများကို ပေးသနားတော်မူပြီး ဘုရားသခင်၏ မစခြင်းအားဖြင့် အပြစ်တရားကို အောင်မြင်၍ အသက်သော အသက်တာ၌ အသက်ရှင်ကြသည်။

အပြစ်တရားနှင့် ဆိုင်ပြိုင်နေသော ပေါလု
Paul’s Struggle with Sin
    ရောမသြဝါဒစာ ၇း ၁၄ -၂၅ တွင် ရှင်ပေါလုက သူသည် အပြစ်တရားနှင့် လုံးပန်းခဲ့ရကြောင်း ရေးသားထားပါသည်။ ပညတ်တော်ကို လွန်ကျူးခြင်းသည် ဒုစရိုက်ဖြစ်သည် (၁ ယော၊ ၃း ၄)ဟု ကျမ်းစာက ဖော်ပြထားသော်လည်း ရှင်ပေါလုအနေဖြင့် မောရှေ၏ ပညတ်တော်များကို စောင့်ထိန်းနိုင် ခြင်းမရှိခဲ့။ ကြိုးစား၍ စောင့်ထိန်းနေပါသော်လည်း လွန်ကျူးနေရသည်။ 
    ထို့ကြောင့် သူက ‘ငါ့အထဲမှာ ငါ့ဖာတိပကတိ၌ ကောင်းသောအရာ တစ်စုံတခုမျှ မတည် သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သော စိတ်ရှိသော်လည်း ကောင်းစွာ ကျင့်တတ် သောအခွင့်ကို ရှာ၍မတွေ့ နိုင်။ ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်၏’ (ရောမ၊ ၇း ၁၈-၁၉)ဟု ပြောပါသည်။

သူသည် ဘု၇ားသခင်ကို ပုန်ကန်သောသူ တစ်ယောက်တော့ မဟုတ်ပါ။ ဘုရားသခင်ကို ကြောက်ရွံ့ သောသူ၊ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းနှင့် သေက်ရှင်လိုသောသူ၊ ဘုရားဘက်၌ နှစ်ပိုင်းပိုင်းခြင်း ခံရသည်။ သူ၏ အပြင်လူ ဇာတိခန္ဓာကိုယ်က သူ့ ကို တစ်ဖက်သို့ ဆွဲခေါ်နေသကဲ့သို့၊ သူ၏ အတွင်း၀ိညာဉ်ကလည်း တစ်ဖက်သို့ ဆွဲခေါ်လျက်နေသည်။ သူ၏ အတွင်း၀ိညာဉ်က ပညတ်တော်ကောင်းသည်ဟူသော အချက်ကို လက်ခံထားသလို ထိုပညတ် တော်ကိုလည်း စောင့်ထိန်းလို၏။ အပြစ်တရားကိုလည်း ရွံ့ မုန်း၏။ သို့သော်အပြစ်တရားက သူ၏ ကိုယ်အင်္ဂါများ၌ အလုပ်လုပ်နေသည်။

    ရှင်ပေါလု လုံးပန်းခဲ့ရသော အပြစ်တရားသည် လူတိုင်းရင်ဆိုင်ရသော အပြစ်တရားပင် ဖြစ်သည်။ သူက ‘ထိုသို့ ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ မကောင်းသောအကျင့်ကို ကျင့်စေတတ်သောတရားကို ငါတွေ့ ၏။ ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တော်ကို နျစ်သက်၏ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏’ (ရောမ ၇း ၂၁-၂၃)ဟု ဆိုပါသည်။

 ထိုကဲ့သို့ အပြစ်က ကျွနု်ပ်တို့ ကိုယ်အင်္ဂါ၌ ရှိနေသော ကြောင့် ကျွနု်ပ်တို့အထဲ၌ စစ်ပြိုင်ခြင်းရှိ၏။ ဘုရားသခင်ကို ချစ်သော ကျွနု်ပ်တို့၏ ၀ိညာဉ်က သာ၍ မြင့်ရာ ကုန်းမြင့်ပေါ်သို့ မြှင့်တင်ပေးနေသော်လည်း၊ ပျော်မွေ့ ခြင်းကို နှစ်သက်သော ကျွနု်ပ်တို့၏ ကိုယ် ခန္ဓာက အပြစ်တရားကဲ့သို့ ဆွဲခေါ်လျက်နေသည်။ ဘုရားသခင်၏ မစခြင်းကို မခံယူမချင်း အပြစ်တရား က အောင်မြင်စွာ ဖမ်းသွားချုပ်ထားနေမည်သာ ဖြစ်သည်။

ရှင်ပေါလု၏ အော်ဟစ်ငိုကြွေးခြင်း Paul’s Cry
    ရှင်ပေါလုသည် သူ၏ အသက်တာ၌ အပြစ်တရားနှင် ဆိုင်ပြိုင်နေသဖြင့် ‘ငါသည် ငြိုငြင်သော သူ ဖြစ်ပါသည်တကား’ (ရောမ ၇း ၂၄က)ဟု ဟစ်အော်ခဲ့ပါသည်။ ‘ဤအသေကောင် (၀ိညာဉ် သေခြင်း)မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း’ (ရောမ ၇း ၂၄ခ)ဟု ဆက်၍ ငိုကြွေးခဲ့သည်။ ဂရိစကားလုံးက ‘ငြိုငြင်’ ကို ‘ပင်ပန်းခြင်း’ အနက်သဘောဖြင့် ရေးသားခဲ့သည်။

 ထို့ကြောင့် ရှင်ပေါလု သည် ပင်ပန်းသောသူ ဖြစ်ခဲ့ကြောင်း သိရသည်။ သူ့ မှာ အပြစ်တရားနှင့် ဆိုင်ပြိုင်ခြင်းက သူ့ အားခံ နိုင်ရည် နည်းပါးစေခဲ့သည်။ သူ၌ အစွမ်းခွန်အားများ မရှိတော့။ ထို့ကြောင့် သူက ‘အဘယ်သူ ကယ်တင်မည်နည်း’ ဟု ပြင်းစွား ဟစ်အော်ခဲ့ခြင်း ဖြစ်သည်။ သူ၏ မေးခွန်းအတွက် သူကိုယ်တိုင်ကပင် ချက်ချင်းဖြေကြားလိုက်သည်။ ‘ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်ဒ ကျေးဇူးတော် ကြီးလှပေ၏’ ဟူ၍ (ရောမ ၇း ၂၅)။ ရှင်ပေါလု၏ ဆိုးဝါးစွာ အော်ဟစ်ခြင်းနောက်မှာ ၀မ်းမြောက်ပျော်ရွှင်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းက လိုက်လာသည်ကို တွေ့ ရသည်။

အပြစ်တရားနှင့် ဆိုင်ပြိုင်နေသော ကျွနု်ပ်တို့ Our Struggle with Sin
    ခရစ်ယာန်တိုင်း ရှင်ပေါလုကဲ့သို့သော အတွင်းပိုင်း ၀ိညာဉ်တိုက်ပွဲကို ဆင်နွှဲနေကြသည်။ ဒုတိယ မွေးခြင်းခံပြီးပြီးချင်း စာတန်သည် ကျွနု်ပ်တို့ကို ပြန်လည် သိမ်းသွင်းရန် ကြိုးစားနေသည်။ ထို့ကြောင့် ကျွနု်ပ်တို့အားလုံးသည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် ဆိုင်ပြိုင်ကြခြင်းဖြစ်သည်။ ကိလေသာ စိတ်၊ ဝါကြွားခြင်း၊ လောဘ၊ ဒေါသ၊ မောဟ စသည့်အပြစ်တစ်ခုခုနှင့် ဆိုင်ပြိုင်နေကြသည်။ အပြစ် တစ်ခုကို လွန်ကျူးမိတတ်ကြသည်။ ဤအသွေးအသားကို ပိုင်ဆိုင်နေသရွေ့ အပြစ်တရား လွန်ကျူး ခြင်းမှ အပြီးအပိုင် မလွတ်မြောက်နိုင်ပါ။

    သို့သော် ဘုရားသခင်သည် ကျွနု်ပ်တို့ကို ကူညီနေသည်။ ဘုရားသခင်သည် ၀ိညာဉ်တော်အား ဖြင့် ကျွနု်ပ်တို့၏ အတွင်းလူကို ခွန်အားနျင့် မြဲမြံခိုင်ခံ့စေသည် (ဧဖက် ၃း ၁၆)။ စာတန်မာရ်နတ်ရန်ကို အောင်မြင်နိုင်အောင် တန်ခိုးကိုလည်း ပေးတော်မူမည် (ရောမ ၁၆း ၂၀)။ ‘သို့ရာတွင် ငါတို့သည် ကိုယ့်တန်ခိုးကို အမှီပြု၍ ကိုယ့်အလိုအလျောက် တစ်စုံတစ်ခုကို ကြံစည်ခြင်းငှာ တတ်နိုင်တော်မူသည် မဟုတ်။ ဘုရားသခင်ကို အမှီပြု၍သာ တတ်နိုင်ကြသည်’ (၂ ကော၊ ၃း ၅)။ ‘ငါတို့ကို ချစ်တော်မူသော သူ၏ ကျေးဇူးတော်ကြောင့် ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင် ကြ၏’ (ရောမ ၈း ၃၇)။ ဘုရားသခင်သည် ကျွနု်ပ်တို့ အားနည်းခြင်းထဲမှလည်း ကယ်တင်တော်မူ၏။ ကျွနု်ပ်တို့၏ အပြစ်များမှလည်း ကယ်တင်တော်မူ၏။ ကျွနု်ပ်တို့၏ ပြင်းထန်စွာ ငိုကြွေးခြင်းများသည် အောင်မြင်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းသို့ ပြောင်းလဲသွားတတ်သည်။

ကျွနု်ပ်တို့ ဆုံးရှုံးမှုများကို ဘုရားသခင်အသုံးပြု God uses our failures
ယုံကြည်သူအသစ်များအနေဖြင့် အသက်တာ၌ ဟောင်းသော အကျင့်များပြန်လည် ကျင့်တတ် သည်ကို အံ့သြလျက် ၀မ်းနည်းတတ်ကြသည်။ ထိုကြောင့် ကျမ်းစာကဘုရားသခင်၏ အစဉ်အမြဲက ကွယ်ကာမှုကို ခံယူနိင်ရန် ဆုတောင်ပါမည်အကြောင့် သတိပေးနေသည်။ သို့သော် သူတို့အပြစ်များ က သူတို့ကို ဆုံးရှုံးခြင်းထဲသို့ ခေါ်နေသည်ဟု သူတို့ထင်တတ်ကြသည်။ သို့ဖြစ်၍ သူတို့အသက်တာ အတွက် ၀မ်းနည်းတတ်ကြသည်။ ဆုံးရှုးသွားပြီဟု ထင်တတ်ကြသည်။ စာတန်ကလည်း သူတို့အား ‘သင််သည် ကောင်းသောသူမဟုတ်၊ ဆိုးသောသူပဲ၊ အသစ်သော အသက်တာ၌ အသက်ရှင်နိုင်မည် မဟုတ်၊ သင်ကြိုးစားနေခြင်းကို ရပ်တန့်ပေတော့’ ဟူ၍ တိုးတိုးပြောလေ့ ရှိသည်။ သို့သော် စာတန်ပြောသော စကားများ တစ်ခွန်းမျှ မမှန်။ အားလုံး မှားသည်။

ကျွနု်ပ်တို့သည် များသောအားဖြင့် တစ်ချိန်မဟုတ် တစ်ချိန် ဆုံးရှုံးမှုကို ရင်ဆိုင်တတ်ကြသည်။ ထိုအခါ ၀မ်းနည်းကြေကွဲတတ်ကြသည်။ ကိုယ့်ကိုကိုယ် မုန်းသည်အထိ ခါးသီးမှုကို ခံထားတတ်ကြ သည်။ 
သို့သော် ဘုရားသခင်က ကျွနု်ပ်တို့၏ ဆုံးရှုံးမှုများကို အရေးကြီးသော သင်ခန်းစာများ သင်ပေး ရန် အသုံးပြုနေသည်။ ကျွနု်ပ်တို့ ဆုံးရှုံးမှုများအားဖြင့် ကျွနု်ပ်တို့၏ ကန့်သတ်ချက်သဘောကို သိစေသည်။

 ဘုရားသခင်၏ ကျေးဇူးကရုဏာတော်ကို ကျွနု်ပ်တို့ လိုအပ်ကြောင်း သိစေသည်။ ဘုရားသခင်၏ အကူအညီမပါဘဲ သန့်ရှင်းသော အသက်တာဖြင့် အသက်မရှင်နိုင်ကြောင်းကိုလည်း နားလည်စေသည်။ ဘုရားသခင်သာလျှင် ကျွနု်ပ်တို့၏ ၀ိညာဉ်ခွန်အား စီးဆင်းလာရာ နေရာဖြစ် ကြောင်း သဘောပေါက်စေသည်။ ထို့ကြောင့် သူ့ကို အပြည့်အ၀ ယုံကြည်ရန်နှင့် လုံးလုံးအပ်နှံလာရန် တွန်းအားပေးလာသည်။ ဤသို့သောအားဖြင့် ကျွနု်ပ်တို့၏ ဆုံးရှုံးမှုများသည် အသစ်သောအသက်တာ ၌ အောင်မြင်စွာ အသက်ရှင်ခြေလှမ်းနိုင်ရန် လှေကားထစ်သဖွယ် ဖြစ်လာသည်။

ဘုရားသခင်က ကျွနု်ပ်တို့ကို သူ့ ပုံသဏ္ဌာန်နှင့် အညီဖန်ဆင်း
God makes us a copy of Himself
    ဘုရားသခင်သည် အာဒံကို သူ့ ပုံသဏ္ဌာန်နှင့် အညီ ဖန်ဆင်းတော်မူ ခဲ့သည် (က၊ ၁း ၂၇)။ သူ့ လူမျိုးအားလုံးကိုလည်း သူ့ ပုံသဏ္ဌာန်တော်ဖြစ်စေဖို့ အမြဲ အလိုတော်ရှိသည်။ သူ၏ ပြည့်စုံတော်မူ ခြင်း ရှိသမျှနှင့်အညီ ပြည့်စုံစေလိုသည် (ဧဖက် ၃း ၁၉)။ သခင်ယေရှုသည် ကျွနု်ပ်တို့အား ဘုရား ပကတိကို ဆက်ဆံရသောသူဖြစ်ရန် ပြပြင်သောသူများဖြစ်ကြမည်အကြောင်’ ခေါ်တော်မူသည် (၂ ပေ၊ ၁း ၃-၄)။ ကျွနု်ပ်တို့သည် အသစ်သောသူဖြစ်ရန် ပြုပြင်ခြင်းခံရသော သူများဖြစ်ကြသည်။ အကယ်၍ လူသည် ခရစ်တော်၌ ရှိလျှင် ထိုသူသည် အသစ်ပြုပြင်သောသူ ဖြစ်သည်။ သူ၌ ဟောင်းသောအရာရှိ သမျှ ကွယ်ပျောက်၍ အရာခပ်သိမ်းသည် အသစ်ဖြစ်ကြပြီ။ ဤအရာအားလုံးသည် ဘုရားသခင်ထံ တော်မှ ဖြစ်သည် (၂ ကော၊ ၅း ၁၇)။

    ကျွနူ်ပ်တို့အသက်တာကို အသစ်ပြုပြင်ပေးသောသူသည် ဘုရားသခင်ပင်ဖြစ်ကြောင်း သတိပြု ရပေမည်။ ဒုစရိုက်အပြစ်ကြောင့် ကျွနု်ပ်တို့ ၀ိညာဉ်သည် သေလျက်ရှိသော်လည်း ဘုရားသခင်က အသစ်သော အသက်တာကို ခရစ်တော်၌ ပေးတော်မူ၏’ (ဧဖက် ၂း ၅)။ ‘ဘုရားသခင်က ကောင်းသော အကျင့်တို့ ကျင်လည်ရမည်အကြောင်း ကျွနု်ပ်တို့ကို ခရစ်တော်၌ အသစ်သောသူ ဖြစ်စေ၏’ (ဧဖက် ၂း ၁၀)။

 ထိုသို့ ‘ကျွနု်ပ်တို့၌ရှိသော ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဘုရားသခင်သည် ကျွနု်ပ်တို့ တောင်းပန်ကြံစည်သမျှထက် သာ၍သာ၍ များပြားစွာ လုပ်ဆောင်နိုင်တော်မူ၏’ (ဧဖက် ၃း ၂၀)။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကျွနု်ပ်တို့အသက်တာ ဟောင်းကို ကျွနု်ပ်တို့နောက်မှာ ထားရစ်နိုင် ၏။ တန်ခိုးတော်အားဖြင့် နှလုံးသားသစ်၊ သဘောသစ်ကို ရကြ၏ (ဧဖက် ၄း ၂၃)။ တန်ခိုးတော်အားဖြင့် သန့်ရှင်းခြင်း ပါရမီနှင့် ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်း ဘုရားသခင်နှင့် အတူအမျှဖန်ဆင်း သော လူသစ် ဖြစ်ကြ၏ (ဧဖက် ၄း ၂၄)။ ကျွနု်ပ်တို့၏ အသစ်သော မွေဖွားခြင်းက ကျွနု်ပ်တို့၏ အသက်တာဟောင်းနှင့် တမူထူးခြားသော အသက်တာသစ်သို့ ပို့ဆောင်လျက် ရှိသည်။

ခရစ်တော်ကို ယူတင်၀တ်ဆောင်စေသည်
God clothes us with Christ
    ခရစ်တော်၏ ကိုယ်ထဲ၌ ကျွနု်ပ်တို့သည် ဗတိ္တဇံကို ခံသောအခါ ကျွနု်ပ်တို့သည် ခရစ်တော်ကို ယူတင်၀တ်ဆောင်ကြခြင်း ဖြစ်သည် (ဂလာတိ ၃း ၂၇)။ ဘုရားသခင်က အသစ်သော၀တ်ရုံကို ခြုံစေတော်မူခြင်း ဖြစ်သည်။ ကျွနု်ပ်တို့၏ ‘အ၀တ်ဟောင်း၊ အစုတ်’ကို ချွတ်ပေး၍ မှန်သောအသက် တာနှင့် အသက်ရှင်စေသော ၀တ်ရုံအသစ်ကို ၀တ်ခြုံစေတော်မူခြင်း ဖြစ်သည်။ ဤသို့ဖြင့် ကျွနု်ပ်တို့ သည် ခရစ်တော်နှင့် ပတ်ရစ်ခြင်းခံရသူများ ဖြစ်ကြသည်။ ကျွနု်ပ်တို့သည် ခရစ်တော်၌ ဖွက်ထားခြင်း ခံရသူများ ဖြစ်ကြသည် (ဂလာ၊ ၄း ၁၉)။ ‘ယေရှုခရစ်တော်သည် အသက်ရှင်တော်မူကြောင်းကို ငါတို့၌ ထင်ရှားစေတော်မူ၏ (၂ ကော၊ ၄း ၁၁)။ ဤသို့ဖြင့် သူတပါးသည် ကျွနု်ပ်တုို့ကို မြင်သောခါ ကျွနု်ပ်တို့၌ ရှိသော ခရစ်တော်ကို တွေ့ မြင်ကြမည် ဖြစ်သည်။

    ထို့ကြောင့် ရှင်ပေါလုက ‘ယခုအသက်ရှင်သော ငါသည် အကျွနု်ပ် အစစ်အမှန်မဟုတ်။ ခရစ် တော်သည် ကျွနု်ပ်အထဲ၌ ရှင်တော်မူ၏’ (ဂလာ၊ ၂း ၁၉)ဟု ပြောပါသည်။ အကယ်စစ်စစ် ရှင်ပေါလု၌ ခန္ဓာကိုယ်ရှိသေးသည်။ သို့သော် သူ၏ အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်သည်ဟု ပြောပါသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကို ယူတင်၀တ်ဆောင်သော အချိန်မှစ၍ ကျွနု်ပ်တို့၏ အသက်တာ သည် အသစ်သောအသက်တာနှင့် အသက်ရှင်ရန် ခရစ်တော်က လုပ်ဆောင်ပေးသွားသောကြောင့် ဖြစ်သည်။

ဘုရားခင်က ကျွနု်ပ်တို့၏ သဘောထားကို ပြောင်းလဲပေးသည်
God changes our behavior
    ခရစ်ယာန်တစ်ယောက် ဖြစ်လာခြင်းဖြင့် ကျွနု်ပ်တို့၏ ထူးခြားစွာအသက်ရှင်မှု အစပြုလာသည်။ ကျွနု်ပ်တို့အထဲ၌ ဘုရားသခင်ကို အခွင့်ပေးသောအခါ အံ့သြဖွယ်သောအမှုများ အသက်တာ၌ စတင်ဖြစ်လာသည်။ လိမ်လည်သောသူများက မှန်ကန်သောစကားကို စတင်ပြောလာသည်။ မဆင် မခြင် ဒေါနှင့်မောနှင့် ပြောတတ်သူက အမျက်ဒေါသကို ထိန်းတတ်လာသည်။

 ဒေါသနှင့် အော်ဟစ် ငေါက်ငေါ် တတ်ခြင်းမှ သနားကြင်နာခြင်း၊ ချစ်ခြင်းသဘော ရှိလာသည်။ သူခိုးက ခိုးတတ်သော အကျင့်ကို ရပ်တန့်လာသည်။ ဘုရားသခင်သည် ကျွနု်ပ်တို့ကို ချစ်သကဲ့သို့ ကျွနု်ပ်တို့သည်လည်း အချင်းချင်း၏ အပြစ်များကို ခွင့်လွှတ်တတ်လာ ကြသည်။ ဘုရားသခင်သည် ကျွနု်ပ်တို့အား ပို၍ ကောင်းသောသူ ဖြစ်လာရန် သဘောထားအသစ်သို့ တဖြည်းဖြည်း ပြောင်းလဲပေးသည်။

ဘုရားသခင်သည် အလျင်အမြန် ဆောင်ရွက်တော်မမူ 
God doesn’t hurry
    ဘုရားသခင်သည် ထာ၀ရတည်ဆော်မူသော ဘုရားဖြစ်သည်။ ထို့ကြောင့် ကျွနု်ပ်တို့အတွက် ထာ၀ရတည်မြဲသောအရာကို ပြင်ဆင်ပေးနေသည်။ သူသည် မည်သည့်အခါ၌မျှ စိတ်မြန်လက်မြန် မလုပ်ဆောင်ခဲ့။ ကျွနု်ပ်တို့အထဲ၌ သူလုပ်တေသော အလုပ်သည် အင်မတန် အရေးကြီးသည် ဖြစ်၍ မည်သည့်အခါ၌မျှ လျင်မြန်စွာ မလုပ်ဆောင်ပါ။ အချိန်ယူ၍ မှန်မှန်လုပ်ဆောင် ပေးနေသည်။

    သို့သော် ကျွနု်ပ်တို့သည် သည်းခံခြင်း မရှိကြ။ ရေနှစ်ခြင်းခံပြီးပြီးချင်း ၀ိညာဉ်ရေး၌ ရင့်ကျက်သူ ဖြစ်လိုကြသည်။ ခရစ်တော်ကဲ့သို့သော အသက်တာကို ချက်ချင်း လက်ငင်း ရရှိလိုကြသည်။ ဒုက္ခများ နှင့် အသက်တာကြီးထွားခြင်းကို အလိုမရှိကြ။ ကျွနု်ပ်တို့အထဲ၌ ဘုရားသခင်၏ ဖြည်းညှင်းစွာ လုပ်ဆောင်နေခြင်းကို မစောင့်နိုင်ကြပါ။ ထိုကြောင့် ကျွနု်ပ်တို့၏ အဖြည်းဖြည်း ကြီးထွားမှုကို မမြင်နိုင် တော့ဘဲ ဆင်ခြင်တုံတရားကင်းမဲ့ကာ ဆုံးရှုံးပြီဟု ထင်မှတ်တတ်ကြသည်။

    ၀ီစတန်ချာချီ ပြောသကဲသို့ ‘ဘယ်တော့မှ …. ဘယ်တော့မှ …. ဘယ်တော့မှ … အရှုံးမပေး သင့်ပေ’။ ရှင်ပေါလုက ‘သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသော သူသည် ယေရှု ခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျက် ပြုတော်မူမည်ဟု ငါသဘောကျ၏’ (ဖိလိ၊ ၁း ၆)။ ဟု ရေးသားခဲ့သည်။ ဘုရားသခင်က ကျွနု်ပ်တို့ အသစ်မွေးဖွားသောအချိန်မှစ၍ ကျွနု်ပ်တို့အထဲ၌ စတင်အုပ်လုပ်နေပြီး ဖြစ်သည်။

 ထိုအလုပ်သည် ရပ်တန့်သွားခြင်း မရှိပါ။ ယခုလည်း လုပ်ဆောင်နေဆဲ ဖြစ်သည်။ ကျျွနု်ပ်တို့ သေသွားသည်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ သို့မဟုတ် ခရစ်တော်ချီဆောင်ခြင်း နေ့ရက်တိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်သည်။ 
    ထို့ကြောင့် ဘုရားသခင်သည် ကျျွနု်ပ်တို့အထဲ၌ လုပ်ဆောင် နေသောအလုပ် မပြီးစီသေးသဖြင့် သည်းခံ၍ စောင့်ဆိုင်ကြ့င် လိုအပ်သည်။ 

၀န်ခံချက်။ ။ “World English Institute” သင်ခန်းစာ Advanced Book Two, lesson မှ “The New Life” ခေါင်းစဉ်ကို ဆီလျော်အောင် ပြန်ဆိုခြင်း ဖြစ်သည်။ 

မေတ္တာဖြင့် - ပေါလ်ရာလ်မှုန်း