Tuesday, 29 December 2015

သဘာဝသစ်သက်သေ

သခင်ခရစ်တော်ဘုရား လက်ဝါးကပ်
တိုင်၌အသေခံခဲ့ခြင်းသည် ကျွနု်ပ်တို့
လူသားထုတစ်ရပ်လုံးအတွက် အပြစ်လွတ်ခြင်းအခွင့်ရဖို့ရန်ဖြစ် သည်။
 တရားဉပဒေအရကြည့်ပါကအပြစ်
ကျူးလွန်သောသူကိုပြစ်ဒဏ်စီရင်ရ
စမြဲဖြစ်သည်။ အပြစ်နှင့်အလျောက် ထိုက်တန်သောအပြစ်ကိုမစီရင်ပါက တရားမျှတသည်ဟုမဆိုနိုင်ပါ။ ဤသည်ကား တရားစီရင်ခြင်း၏ သဘောသဘာဝပေတည်း။ လူတွင်မြင်နိုင်သောအပြစ်ကျူးလွန်မှုထက် မမြင်နိုင်သော
အပြစ်ကျူးလွန်မှုက သာလွန် များပြားလှပေသသည်။ အပြစ်ဟူသမျှသည် ဗီဇသဘောမှအရင်းခံဖြစ်ပေါ်လာပြီး ထိုအပြစ်၏အခကား သေခြင်း ပြစ်ဒဏ်ပင် ဖြစ်သည်။ သို့သောလူသည်ဘုရားသခင်ကျေနပ်စေရန် အပြစ်၏အခသေခြင်းဒဏ်ကို ဆပ်ဖို့ရန်ကားမတတ်နိုင်ပေ။ သို့ဖြစ်၍ အပြစ်၏အခသေခြင်းဒဏ်ကို 
တရားမျှတစွာဆပ်ပေးရန် အဘယ်အပြစ်မှမရှိသည့် တစ်ပါးတည်းသောသားတော် သခင်ယေရှုကို ဤလောကသို့စေလွှတ်၍ လက်ဝါးကပ်တိုင်၌ အသေခံစေပြီး ကျွနု်ပ်တို့၏ကိုယ်စား ပြစ်ကြွေးဆပ်ခဲ့သည်။ ဤနည်းအားဖြင့် လောကီသားအားလုံး၏ အပြစ်ကိုဆပ်ပေးသည့်အမှုမှာ တုနှိုင်းမရသော ဘုရားရှင်၏မေတ္တာနှင့် ကျေးဇူးပြုခြင်းပေတည်း။
သားဖြစ်စေပါ
ဘုရားရှင်၏စုံလင်သောမေတ္တာနှင့် အပြစ်လွတ်ပေးသောကျေးဇူးတရားကို လူ့သဘာဝုပ်စိတ်ဖြင့် ကျွနု်ပ်တို့ နားမလည်နိုင်ပါ။ ထိုမေတ္တာကို နားလည်ဖို့မှာ ကျွနု်ပ်တို့တစ်ဉီးချင်းစီသည် ဘုရားရှင်၏သားဖြစ်ဖို့ လိုအပ်ပါသည်။ (သု၊၂၇း၁)တွင် နက်ဖြန်နေ့ကိုအမှီပြု၍ မဝါကွားဖို့ရန် နှုတ်ကပတ် တော်က သတိပေးသွန်သင်ထားပါသည်။ နက်ဖြန်နေ့၌ မည်သို့ဖြစ်မည်ကိုကျွနု်ပ်တို့မသိနိုင်ပါ။ ဤလောကကြီးထဲမှာ အချိန်မရွေး ကျွနု်ပ်တို့ထွက်ခွာသွား နိုင်ပါသည်။ အပြစ်ကြောင့် သေခြင်းဒဏ်သင့်နေသော လူသားများအဖို့ ဘုရားရှင်ထံတော်မှ အပြစ်လွှတ်ခြင်းကျေးဇူးကို မခံစားရဘဲဤေလာကမွ မထွက်ခွာသွားစေလို။ သို့မဟုတ်လျှင် အကျွနု်ပ်တို့၏ တမလွန်အရေးသည် မတွေးဝံ့စရာပင်။ အပြစ်ဒဏ်စီရင်ခြင်းမှ လွတ်မြောက်ပြီး စိတ်အေးဖို့ရန်မှာ ကျွနု်ပ်တို့တစ်ဉီးချင်းစီအနေဖြင့် ဘုရားရှင်၏သားသမီးဖြစ်မှသာ စီတ်ချစရာရှိပါသည်။

ဘုရားနှင့်တရား
တရားကြောင့်အပြစ်ဒဏပိမချိအောက်ခံစားနေရပါက ဘုရားရှင်ထံတော်သို့လာကြဖို့ရန သတိပေးလိုပါသည်။ ဘုရားနှင့်တရားသည် အလွန် ကွာခြင်းပါသည်။ တရားသည်အသက်မရှိ၊ ထိုက်တန်သည့်အတိုင်း ပြစ်ဒဏ်စီရင်ခြင်းခံရ မည်ဖြစ်ကြောင်း သတိပေးခြင်းဖြစ်ပါသည်။ ဘုရားမွာမူ အသက်ရှင်တော်မူသည်သာမက မေတ္တာနှင့်ကွယ်ဝပြီး အပြစ်လွှတ်ပေး ဖို့ရန်စောင့်မျှော်နေသောအရှင်ဖြစ်သည်။ မနက်ဖြန်ကိုမဆိုထားဘဲ တဒင်္ဂခဏ အချိန်ကိုပင်မပိုင်သော ကျွနု်ပ်တို့လူသားများ သည် တရားကြောင့်ရင်လေးဖွယ်ကောင်းလှသည့် အသက်တာအခြေအနေမှန်ကို သိမြင်သဘောပေါက်ပါက မေတ္တာနှင့် အပြစ်လွှတ်ဖို့ ပြင်ဆင်စောင့်မျှော်နေသည့်အသက်ရှင်တော်မူသောဘုရားရှင်ထံတော်သို့ပြန်လာရပေမည်။

သင်္ခါရသက်
(ဆာ၊ ၁၀၃း၁၅-၁၆)၌ လူသည်တဒင်္ဂရှင်သန်ရသောသင်္ခါရသက်နှင့် လှုပ်ရှားုန်းကန်နေရသောသတ္တဝါဖြစ်ပြီး ထိုအသကကိုတခဏသာ ရှင်သန်သောမြက်ပင်နှင့် ပုံပမာခိုင်းနှုန်းထားပါသည်။ ထို့ပြင်လေတိုက်သည်နှင့် ေကွလွင့်တတ်သော မြက်ပင်နှင့် ပမာပြုထားပါသည်။ ကျွနု်ပ်တို့၌ဝါကြား စရာမာန္မာနတက္စရာ အကြောင်းစိုးစိမျှမရှိပါ။ အသက်နှစ်(၇၀)မက (၈၀)တိုင်ရှင်သန်ရသော်လည်း တဒင်္ဂသာဖြစ်ပါသည်။ ထိုကြောင့်ဤ သင်္ခါရဘဝ မှထာဝရရှင်သန်နိုင်ရန် ယနေ့အသက်ရှင်စဉ်၌ အနာဂတ်ကာလအတွက်ကြိုတင်ပြင်ဆင်သင့်လှပေသည်။ မမြဲသောလောကီအရာများပေါ်၌ ဉီးစားထား ကာအသက်မရှင် သင့်ဘဲ ထာဝရကာလ၏ အာမခံချက်ကိုခံစားနိုင်ဖို့ရန် ကျွနု်ပ်တို့တစ်ဉီးချင်းစီသည် ဘုရားရှင်အပေါ်၌သာ အမှီပြုရမည် ဖြစ်သည်။

ကျွနု်ပ်၏ဘုရား
သခင်ယေရှုကိုယုံကြည်သောသူသည် ထာဝရဘုရားလငြိမ်သက်ခြင်း၏သက်သေကို စိတ်နှလုံးအတွင်း၌ အမှန်ပင် ခံစားရပါသည်။ ဘုရားရှင် သည်လောကီသားတိုင်း၏ဘုရားဖြစ်ကြောင်းသိုံမျှဖြင့်သင့်အသက်တာ၌ အကျိုးမခံစား ရနိုင်ပါ။ ထိုဘုရားရှင်သည် ကျွနု်ပ်၏ဘုရား၊ သင်၏ဘုရားဖြစ်ဖို့ လိုအပ်ပါသည်။ သို့မှသာကျွနု်ပ်တို့သည် ဘုရားရှင်၏ မေတ္တာကို အတွင်းနှလုံးသားဖြင့်နားလည်ပြီးချစ်နိုင်မည်ဖြစ်သည်။ (ရောမ၊ ၈း၂၈)တွင် ဘုရားရှင် အားချစ်သောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် ဘုရားရှင်နှင့်စပ်ဆိုင်၍ ဘုရားရှင်ကိုအမှန်တကယ်ချစ်လျှင် အသက်တာ၌တွေ့ကြုံခံစား ရသောအခြေအနေတိုင်းသည် ကျွနု်ပ်တို့အကျိုးအတွက် ဘုရားရှင်ကိုယ်တိုင်အခွင့်ပေး၍ တွေ့ကြုံစေသောအရာများ ဖြစ်ကြောင်းနားလည်နိုင်မည် ဖြစ်သည်။ထိုသို့နားလည်မည်ဆိုပါက မည်သို့သောအခြေအနေမျိုးကို ကြုံတွေ့ရစေကာမူ စိတ်ပျက်ညဉ်းညူမည်မဟုတ်ဘဲ အခြေအနေတိုင်း၌ ဝမ်းမြောက်နိုင်ပေမည်။

ယုံကြည်ခြင်းအားဖြင့်

ချစ်သောဓမ္မမိတ်ဆွေ ့ ့ ့ ့ အထက်တွင်ဖေါ်ပြခဲ့သည့်အကြောင်းအရာကိုသဘောပေါက်နားလည်ပါက ကျွနု်ပ်တို့သည် အပြစ်သားဖြစ်ပြီး အပြစ်ကြောင့်သေခြင်းဒဏ်သင့်နေကြောင်းဝန်ခံပါ။ အပြစ်ဒဏ်မှလွတ်ဖို့ရန် ကျွနု်ပ်တို့မတတ်နိုင်၍ သခင်ယေှုကိုယ်တော်တိုင် အပြစ်ေကွးကိုကားတိုင် ၌အသေခံခြင်းအားဖြင့်ဆပ်ပေးခဲ့ပြီးဖြစ်သည်သာမက သုံးရက်မြောက် သောနေ့တွင် သေခြင်းကိုအောင်မြင်၍ ရှင်ပြန်ထမြောက်ခဲ့ပြီ။ ထိုပြင့် ထိုအရှင်သည် ယနေ့လည်းအသက်ရှင်တော်မူသဖြင့် ထိုအရှင်ကိုမိမိ၏ ကယ်တင်ရှင်အဖြစ်ယုံကြည်ပြီး အသက်တာ၌လက်ခံပါက ဖေါ်ပြပါသက်သေကို အခြားသူ များခံစားရ သကဲ့သို့ ကျွနု်ပ်တို့ကိုယ်တိုင်ခံစားလာရပေမည်။ ထိုသဘာဝသစ်၏ သက်သေကို ခံစားရသောသူအချင်းချင်းသည်လည်း တစ်ဉီးနှင့်တစ်ဉီး အတွင်းဝိညာဉ်အားဖြင့် ဆက်သွယ်နားလည်ကာ မိတ္သဟာယ ပြုနိုင်ပေမည်။

သဘာဝသစ်သက်သေ
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည် အပြစ်လွှတ်ခြင်းကိုခံစားရသည်သာမက ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကိုလည်း ရပါသည် (၁ ယော၊၅း၁၀)။ ထိုသူသည်သာဘုရားရှင်နှင့်အဆက်ရှိသော ပုဂ္ဂိုလ်ဖြစ်ပြီးသဘာဝ သစ်၏သက်သေကိုရရှိထားုံမကဒုက္ခဆင်းရဲတွင်း၌ ဝမ်းမြောက်နိုင်ပါသည်။ ထိုသူသည်ခရစ်တော်ကိုယုံကြည်၍ လောကီ အကျိုးစီးပွားဆုံးံှုးရစေကာမူ စိတ်မပျက်ပါ။ သို့ဖြစ်ပါ၍ ဤသဘာဝသစ်၏ သက်သေကို ကျွနု်ပ်တို့ကိုတိုင်ရရှိခံစားဖို့ရန် ဘုရားရှင်သည် သခင်ယေှုအားဖြင့်ပြင်ဆင်ပေးထားပြီးဖြစ်သည်။ ထိုအသက်သစ်ကိုမိတ်ဆွေမခံစားရသေး ပါက ယခုပင် သခင်ယေှုအားဖြင့်ပြင်ဆင်ပေးထားပြီးဖြစ်သည်။ ထိုအသက်သစ်ကိုမိတ်ဆွေမခံစားရသေးပါက ယခုပင်သခင်ယေှုကို မိမိ၏ကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံခြင်းအဖြင့် ခံစားရရှိနိုင်ကြောင်း မေတ္တာနှင့်သတိပေးဝေငှလိုက်ရပါသည်။

Dr.တင်မောင်ထွန်း-တရားဒေသနာ (၃၀-၈-၉၇)နေ့


No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....