Tuesday, 6 October 2015

အချစ် ဆိုသည်မှာ

အချစ်ဘယ်နှစ်မျိူးရှိသနည်း။ ဘယ်လိုအချစ်မျိူးနဲ့ ချစ်ရမှာလည်း။ကိုယ်နှင့် အမျှချစ်ပါဆိုတာ ဘယ်လိုလည်း။
ကျနော်က အချစ်ဆရာကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ မေးနေကြတာတွေကသိသင့်ပေတယ်။

အချစ်ဆိုတာ Love is blind. အချစ်မှာ မျက်စေ့ မရွိပါ ဆိုတဲ့ ရူးပေါပေါ အတွေးအခေါ်မျိူးမဟုတ်ဘူး။ အချစ်ဆိုတာ တကယ်တော့ relationship လို့ခေါ်တဲ့ လူလူချင်းဆက်ဆံဆက်နွယ်တဲ့ သံယောဇဉ်မျိူးလည်းဖြစ်ပေတယ်။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် အချစ်ကို သိထားဘို့လိုပေတယ်။ ဘယ်လိုချစ်မှာလဲ။ ဘယ်လိုအချစ်ခံမှာလည်းကတော့ ကာယကံရှင်နဲ့သာဆိုင်ပါတယ်။
အချစ်အမျိူး အစားမ်ား
ဗုဒ္ဓယဉ်ကျေးမှု စာပေတွေမှာတော့ အချစ်ကို ၂ မျိူးခွဲပြလေ့ရှိတာတွေ့ရပေမဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတော့ မတွေ့ပါ။ ၁၅၀၀ အချစ်ကို ပူလောင်တဲ့ အချစ်လို့ ပြောဆိုနေကြပြီး။ ၅၂၈ ကိုတော့ အေးမြတယ်လို့ဆိုလေ့ရှိပါတယ်။ ၁၅၀၀ အချစ်လို့ ခေါ်နေတာကတော့ ဖိုမအချစ်ကိုဆိုလိုဟန်ရှိပြီး။ ၅၂၈ အချစ်ကိုတော့ မောင်နှမအချစ်လို့ အကြမ်းအားဖြင့်ခွဲထားတာကို ယဉ်ကျေးမှုစာပေတွေ၊ သီချင်း၊ ဂီတ၊ ကဗျာတွေအားဖြင့်သာတွေ့ရပေတယ်။ ဒါကြောင့် လူတိုင်းနဲ့ မကင်းတဲ့ အချစ်ကို ဗုဒ္ဓဒေသနာဆရာတွေက ဒုက္ခလို့ မြင်ပေတာပဲ။

ဆိုးတာက နီးစပ်ရာစာပေယဉ်ကျေးမှုမှာတော့ အချစ်ကို Love လို့ ရောပြီးဘာသာပြန်ပြောဆို သုံးစွဲလေ့ရှိတာမို့ အချစ်အမျိူးအစားခွဲပြဘို့ ခက်ပေတယ်။ တဏှာပေမနဲ့ ချစ်ခြင်းကိုခွဲဘို့ ဆိုပြန်တော့လည်း ခက်လှပေတယ်။ ကျနော့်အနေနဲ့ ဘာသာရေးဘက်ကို စောင်းပေးရေးတာမျိူး သင်ကြားခြင်းဆန်ဆန်ရေးတာမျိူးထက် တကယ့် လူသားဆန်ဆန်တွေ့မြင်သွားပြီး ကိုယ်တိုင် ဘယ်လိုလျောက်သင့်တယ်ဆိုတာမျိူးကို ပိုမြင်စေချင်လို့ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ မြင့်မားတဲ့ ဂရိစာပေယဉ်ကျေးမှု ကေန ထုတ္ထားတဲ့ အချစ်နဲ့ ပါတ်သက်ဆက်နွယ်တဲ့ အမျိူးအစားတွေကို ဝေငှပေးချင်ပါတယ်။ အချစ်ဆိုတာကို အမျိူးအစားခွဲပြတာပေါ့လေ။

လူတိုင်းဟာ ချစ်တယ်ဆိုပေမဲ့ ချစ်တာချင်းကြတော့ မတူဘူး။ လူသားဆန်ဆန် ဘယ်လိုချစ်မိနေလည်းဆိုတာကိုတောင် ဖုံးအုပ်ထားပြီး ကိုယ်ကျိူးစွန့် အနစ်နာခံပြီး ချစ်တယ်ဆိုတာမျိူး ပြချင်ကြ ပြောချင်ကြတာပိုများပေတယ်။ ပြောချင်တာက ဘာသာရေးထက် လက်တွေ့ဆန်တဲ့ အချစ်ကို မြင်သွားအောင်ပြောဘို့ သင်ဘို့ မလိုဘူးလို့ ယူဆနေကြတာ ခက်ပေတယ်။ ကိုယ်တိုင်လည်း မလျောက်နှိုင်ကြပဲ သူတပါးကိုယ်လိုက်လျောက်စေချင်တာ အတ္တကြီးလွန်းနေတာမျိူးနဲ့ မထူးပါဘူး။ သဘောကတော့ ကိုယ်တိုင်မပေးပဲ သူများကိုပဲပေးဘို့သင်ရင် ကိုယ့်ရဲ့ ဦးတည်ချက်ကဘာလဲ သိသာပါတယ်။ ကိုယ်တိုင်လည်းပေးကမ်းတတ်ပြီး သူများကိုလည်း ပေးကမ်းဘို့သင်တာမျိူးကိုဆိုလိုတာပါ။ ဒီတော့ ကိုယ်တိုင်ဘယ်လို ချစ်ပြီး သူများကို ဘယ်လို ချစ်ရမှာလည်းဆိုတာသိဘို့ လိုမယ်ထင်ပါတယ်။
ဘယ်လို ချစ်ကြမှာလည်း....

Eros Love (Passionate Love)
romantic love လို့ညွန်းရမယ်ထင်ပါရဲ့။ တကယ်တော့ ဒီအခ်စ္က အရွယ်နဲ့ ပါတ်ဝန်းကျင်ကသင်ကြားပေးလိုက်ခြင်းကနေဖြစ်လာတဲ့ အချစ်ပါပဲ။ ဒီအချစ်ထဲမှာ ကြီးမားတဲ့ တပ်မက်မှုပါတယ်။ အာရုံ ငါးပါးနဲ့ ခံစားချင်တဲ့ စိတ်ပါတယ်။ ရင်းနှီးကြွမ်းဝင်မှုပါတယ်။ ရိုးရိုးလေးပြောရရင် မိမိဆန္ဒကိုဦးစားပေးပြီး "ချစ်တယ်" လို့ပြောတာမျိူးပါ။ ဥပမာ အနေနဲ့ပြောရရင် တွေ့ဘို့ချိန်းတာမျိူးပါ။ တဘက်သားဆန္ဒကို သိပ်ထည့်မတွက်ပဲ ကိုယ်တွေ့ချင်တဲ့ ဆန္ဒကိုပဲ ဦးစားပေးတာမျိူးပေါ့။ မတွေ့ရမနေနှိုင်ဖြစ်နေတာဘာကြောင့်လည်းလို့ တွေးကြည့်ပေါ့။ ဒါကို Passionate Love လို့ ညွန်းရင် ပိုသင့်တော်မယ်ထင်ပါတယ်။ စိတ်ခံစားမှုကိုဦးစားပေးတာမျိူးပါပဲ။ ပြောင်းလဲတတ်ပေတယ်။ ရိုးရိုးချစ်နေရာကနေ လိင်စိတ်များပြီးချစ်တာမျိူးထိ ဖြစ်တတ်ပေတယ်။ အလိုမကျရင် နောက်တယောက်ထပ်ရှာဘို့ ဝန်လေးမှာမဟုတ်ပေဘူး။ ဒီလိုအချစ်မျိူးကို ဆိုးလိုက်လေလို့ပြောလို့မရသလို ကောင်းတယ်လို့လည်း ညွန်းလို့ မဖြစ်နိူင်ပါဘူး။ လိင်စိတ်နဲ့ ရင်းနှီးကြွမ်းဝင်မှု ဆိုတဲ့ တုန့်ပြန်မှုပေါ်မှာလည်းတည်နေတတ်တာမျိူးပါပဲ။ စိတ်လှုပ်ရှားမှု၊ အတွေ့အထိခံစားမှု စတာတွေအပေါ်မှာ တည်မှီပြောင်းလည်းတတ်ပေတယ်။

Ludus Love (Game-playing Love)
ဒါကိုတော့ ဟန်ဆောင်ချစ် လို့ခေါ်ရင် သင့်တော်မယ်ထင်ပါရဲ့။ ကိုယ့်အတွက်လိုအပ်လို့ ချစ်တာမျိူးပေါ့။ ဗမာလိုဆိုရင် ပွဲတက်မယား လိုဟာမျိူးပါ။ ရုပ်ပြအနေနဲ့ ထားတာမျိူးပါပဲ။ ကိုယ်နဲ့ သင့်တော်တယ်ထင်လို့ ချစ်တယ် ဆိုတာမျိူးပါပဲ။ ရင်ခုန်ပြီးချစ်တာမျိူးမဟုတ်ပေမဲ့ ပန်းတိုင်တူကိုလက်တွဲလျောက်တာမျိူးလည်းဖြစ်နေတတ်တယ်။ ရင်းနှီးမှု ကြွမ်းဝင်မှုလည်းရှိနေတတ်တာပါပဲ။ မြင်အောင်ပြောရရင် အကြောင်းမတိုက်ဆိုင်လို့ ကွဲရရင်လည်း လွမ်းကျန်ရစ်မှာတော့ မဟုတ္ဘူး။ ဆိုလိုတာက ရိုးမြေကျချစ်တယ်ဆိုတာမျိူးတော့မဟုတ်ဘူး။ တွေ့ရင် ချစ်လိုက်မယ်။ မတွေ့ရလည်း အကြောင်းတော့မဟုတ်ဘူး ဆိုတာမျိူးပါ။

Storge Love (Friendship Love)
မိတ်ဆွေချစ်ကို အခြေခံပြီးဖြစ်လာတဲ့ အချစ်မျိူးပေါ့။ အဖေါ်အနေနဲ့ ချစ်တာမျိူးကိုဆိုလိုတာပါ။ အတူတကြ မျှဝေခံစားမယ်ဆိုတဲ့ စိတ်တော့ရှိပေတယ်။ ရင်းနှီးကြွမ်းဝင်မှုလို့ပြောတဲ့ ကိုယ်ရောစိတ်ရော မျှဝေခံစားတာကြတော့ နည်းတတ်တယ်။ ဆိုလိုတာက မိမိရဲ့ ရှုံးနိမ့်မှုကိုဝှက်ထားတတ်တယ်။ ပျော်ရွင်မှုအောင်မြင်မှုကိုကြတော့ ထုတ်ဖေါ်ပြောတတ်ပေလိမ့်မယ်။ ဒီအချစ်မျိူးဟာ ချစ်သူနဲ့ အခ်စ္ခံရသူရဲ့ ဆက်ဆံရေးမှာ လုံးလုံတည်နေတတ်တယ်။ ဒီအချစ်မျိူးက လက်ထပ်ပေါင်းသင်းဘို့မသင့်တဲ့ အချစ်မျိူးဖြစ်ပေတယ်။ အဲဒီအချစ်နဲ့ လက်ထပ်ပေါင်းသင်းမယ်ဆိုရင် လက်ထပ်သူ ၂ ဦးကြားမှာ ဆက်ဆံရေးက မိခင်နဲ့သား။ ဖခင်နဲ့ သမီး ချစ်ခြင်းနဲ့ တူနေတတ်တာမျိူးမို့ပါပဲ။ ဆိုလိုတာက ရင်ခုန်တဲ့ အခ်စ္မပါဘူး။ တက်ကြွတဲ့ချစ်ခြင်းမရှိဘူး။ သွေးအေးသွားပြီး ချစ်ခြင်းပျောက်သွားနှိုင်ပေတယ်။

Pragma Love (Logical Love)
~~~~~~~~~~~~~~~~~
ကြောင်းကျိူးဆီလျော်မှုရှိတဲ့ အချစ်မျိူးကိုဆိုလိုတာဖြစ်တယ်။ ကျမ်းစာမှာပါတဲ့ Philos Love နဲ့ဆင်တူမို့ တခါထည်း ရောပြောသွားမယ်။ အကြောင်းပြချက်ရှိနေတတ်တဲ့ အချစ်မျိူးပါ။ လှလို့၊ ပညာတတ်လို့၊ ငွေရှိလို့၊ ဂုဏ်ရှိလို့ စတာတွေအပေါ်မှာ တည်နေတတ်တာမျိူးပါပဲ။ တဘက်လူအပေါ်မှာ စိတ်ဝင်စားစရာ တခုခုရှိနေတတ်ပြီး နောက်ဘာဖြစ်လာမှာလည်းဆိုတဲ့ အပေါ်မှာလည်းတည်နေတတ်တယ်။ ဘာနဲ့ တူသလဲဆိုရင် ပင်လယ်မှာရှိနေတဲ့ လှိုင်းလုံးတွေနဲ့တူတယ်။ ဆိုလိုတာက လှိုင်းလုံးကပျောက်မသွားဘူး ဒါပေမဲ့ လှိုင်းမှာ မြင့်တက်ခြင်းရှိနေသလို နိမ့်ကျသွားတဲ့ အခြေအနေ ၂ ရပ်လုံးရှိနေတာမျိူးပေါ့။ အခြေအနေက တဝက်၊ သစ္စာတရားကတဝက်ဆိုတဲ့ ရပ်တည်ချက်မျိူးပါပဲ။ ဒါပေမဲ့ ဒီအချစ်မျိူးက အဆောက်အဦးဆောက်တာမျိူးနဲ့လည်း တူတယ်။ အပေးအယူမျှနေသရွေ့ တဖြေးဖြေးမြင့်တက်လာတတ်ပေတယ်။ တဖြေးဖြေးခိုင်မာလာတတ်တယ်။ အခြေခိုင်လေ အဆောက်အဦးကောင်းလေမျိူးပါ။ လိုအပ်ချက်နဲ့ ဖြည့်စည်းပေးနိူင်မှု ကိုက်ညီရင် အဆင်ပြေပါတယ်။ သေဘာက အစားကောင်းကြိုက်တဲ့သူနဲ့ အချက်အပြုတ်ကောင်းသူ။ ငွေရှာကောင်းသူနဲ့ ထိမ်းသိမ်းတတ်သူ။ အံဝင်ခွင်ကျနေရင် ချောမွေ့မှာပါပဲ။ ဟန်ဆောင်ရင်တော့ နိဂုံးမလှနှိုင်ဘူးပေါ့။

Mania Love (Possessive Love)
~~~~~~~~~~~~~~~~~~
ဒုက္ခကို လက်ပြခေါ်တဲ့ အချစ်မျိူးပါ။ မှီခိုချင်စိတ်ကြောင့် ခ်စ္မိတဲ့ အချစ်မျိူး။ မနာလိုစိတ်ကြောင့် ရယူမိတဲ့ အချစ်မျိူးတွေပါပဲ။ အတော်ကိုကြောက်စရာကောင်းပေတယ်။ တခါတေလမွာ မိမိစိတ်ကိုမိမိ မသိလိုက်ပဲ လိုချင်မှုအားကြီးပြီး ရအောင်ကို ယူလိုက်တာမျိူးပေါ့။ မြင်အောင်ပြောရရင် ကိုယ်စိတ်ဝင်စားတဲ့ အချိန်မှာ စိတ်ဝင်စားတဲ့သူက တခြားတယောက်ကို ချစ်နေတာမျိူး ကို မနာလိုစိတ်နဲ့ အတင်းလိုက်ပြီး ချစ်နေမိတတ်တယ်။ ကိုယ့်ဘက်ပါလာအောင်အတင်းစွဲဆောင်မိနေတတ်တယ်။ တကယ်လည်းရရော စိတ္က လုံးဝပြောင်းသွားပါလေရော။ အတော်ကို ကြောက်စရာကောင်းပေတယ်။ ကိုယ်တိုင်က မနာလိုမှုအပေါ်မှာပဲ အခြေခံထားတော့ တဘက္သားရဲ့ အားနည်းချက်တွေကိုပဲ ပုံကြီးချဲ့ စည်းရုံးတာပေါ့လေ။ ဒီအခ်စ္က တဘက်ပဲခံရတာမဟုတ်ဘူး။ ပြုသူရော အပြုခံရသူပါ ဒုက္ခရောက်ရတယ်။ ပြုသူကိုရော အပြုခံရသူကိုယ်တိုင်ရော သေချာသိနေဘို့လိုတယ်။ အားကိုးချင်စိတ်လွန်ကဲတယ်၊ မှီခိုချင်စိတ်လွန်ကဲတယ်ဆိုရင်လည်း ဒီအချစ်အမျိူးအစားထဲမှာပါတယ်။ ထင်သလိုဖြစ်မလာရင် ရွာပတ်တော့တာပေါ့လေ။ ရွာပတ်တယ်ဆိုတဲ့ စကားက တော်တော်ဆိုးတယ် ရွာထဲကမထွက်နိူင်ပဲ ဒုက္ခဖြစ်နေတာလေ။ တခုခုအပေါ်မှာစွဲလမ်းသွားတဲ့ ချစ်ခြင်းပါ။ အပြောအပေါ်မှာစွဲလမ်းသွားတာမျိူး၊ ရူးသွပ်သွားတာမျိူးပါ။ ဆိုလိုတာက ပိုင်ဆိုင်လိုမှုတခုထဲကိုဦးစားပေးလိုက်တာမျိူးပေါ့။ ဖြစ်လာမဲ့ အန္တာရာယ်ကိုလုံးဝကိုမမြင်တော့ဘူးဆိုတဲ့ ရူးသွပ်တာမျိူးပါ။ အချစ်လို့ေတောင်ပြောရခက်ပေတယ်။ ဒီအချစ်မျိူးက အစွန်းရောက်မုန်းတီးနာကျဉ်းမှုကိုပဲသွားပါလိမ့်မယ်။ ဒီလိုအချစ်မျိူးနဲ့ကြုံရင် နောက်ထပ်ချစ်ဘို့ကိုတောင် မလွယ်တော့ဘူးပေါ့။

Agape Love ( Selfless Love)
~~~~~~~~~~~~~~~~~
ချစ်တယ် ဆိုတဲ့ ထဲမွာ အမွန်မြတ်ဆုံးနဲ့ အချစ်ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်တဲ့ အဆင့်ပေါ့။ လွယ်တော့မလွယ်ဘူး။ Selfless လို့ခေါ်တဲ့ အတ္တကင်းကင်းချစ်မိတာမျိူးပေါ့။ ဘာတခုမွ ရယူလိုစိတ်မရှိ။ ဘာတုန့်ပြန်မှုကိုမှလည်း မမျှော်ကိုးပဲ ချစ်မိသွားတာမျိူးပါ။ ကိုယ်ချစ်တဲ့သူစိတ်ချမ်းသာဘို့ အရာရာ အနှစ်နာခံချစ်တာမျိူးပါ။ အနစ်နာခံတယ်လို့ကို စိတ်ထဲမှာမဖြစ်ပဲ အဲဒီအပေါ်မှာကို ကျေနပ်နေတာမျိူးပေါ့။ ကိုယ့်အပေါ်မှာ နာကျဉ်းစရာကောင်းလောက်အောင်လုပ်သွားတာတောင် မနာကျဉ်းပဲချစ်နေတာမျိူးပါ။ လျော့သွားတာမျိူး တိုးလာတာမျိူး ရှိနေမှာမဟုတ်ဘူး။ တသတ်မှတ်ထဲ အမြင့်ဆုံးအချစ်နဲ့ ချစ်နေမှတော့ လိုမှမလိုတော့တာပဲလေ။ ဆင်းရဲသွားလို့ အချစ်မလျော့၊ ချမ်းသာလာလို့ အချစ်မတိုး။ ကောင်းလာလို့ပိုမချစ်၊ ဆိုးသွားလို့ နောက်မဆုတ်၊ ကျန်းမာနေလို့ပိုချစ်တာမျိူးမဟုတ်သလို ချူချာသွားလို့ မချစ်နိူင်တော့တာမျိူးမဟုတ်ပေဘူး။ ဘုရားအချစ်နဲ့ နှိုင်းလေ့ရှိတာမို့ စိတ်ကူးယဉ်ဆန်တယ်လို့ထင်ကောင်းထင်မှာဖြစ်ပေမဲ့ လူမှာလည်း အဲလိုအချစ်မျိူးရှိပါတယ်။ အနစ်နာခံတယ်ဆိုပေမဲ့ ကိုယ့်အားနည်းချက်ကြောင့် မဟုတ်ပေဘူး။ ဆိုလိုတာက ကိုယ်က ဆင်းရဲလို့၊ ရုပ်ဆိုးလို့၊ ကျန်းမာရေးမကောင်းလို့ နောက်ဆုတ်ပေးတာမျိူး မဟုတ္ဘူး။ ကိုယ်တိုင်က အသာစည်းရပေမဲ့ သူ့စိတ်ချမ်းသာမှုကိုဦးစားပေးတာမျိူးပါ။ ကိုယ်သာတာကိုပေးချင်တာမျိူး မဟုတ်သလို။ ကိုယ်အားနည်းလို့နောက်ဆုတ်ပေးတာမျိူးလည်းမဟုတ်ဘူး။ အလျားအနံမရှိသလို။ အသွားအပြန်ကိုလည်း မှော်လင်းနေတာမဟုတ်ဘူး။ တကယ်တော့ ဒီလိုအချစ်မျိူးကို ကိုယ်ံရဲ့ အားသာချက်အပေါ်မှာ ရပ်တည်ပြီးစဉ်းစားရင် တွေ့ဘို့မလွယ်ဘူး။ သိဘို့လည်းမလွယ်ဘူး။ ကိုယ်ကျိူးမငဲ့ချစ်တာမို့ သိဘို့ မြင်ဘို့တောင်အတော်ခက်တယ်။

အချစ်တွေကို ခွဲပြတယ်ဆိုတာ
ကိုယ်က ဘယ်လိုချစ်မိတယ်ဆိုတာကိုသိနေဘို့ လိုအပ်သလို။
ကိုယ့်ကို ဘယ်လိုချစ်တယ်ဆိုတာလည်း ရှင်းအောင်သိနေဘို့လိုတယ်လေ။
လူတိုင်းမှာ အတ္တရှိနေတာမို့ ကိုယ်ကပဲချစ်တယ်လို့ ထင်နေတတ်တာမျိူးပါ။
ကိုယ့်အချစ်ကိုတော့ "Agape Love" လို့ထင်နေတတ်ပြီး သူများကိုတော့ တခြားအချစ်နဲ့ပါလို့ ထင်နေတတ်ပေတယ်။ ဒါကြောင့် တကယ်ပဲ ကိုယ့်နှလုံးသားကိုစစ်ဘို့လိုသလို အချိန်ယူလေ့လာဘို့လိုပါလိမ့်မယ်။

အချစ်ဆိုတာ စိတ်ကူးယဉ်နေရမဲ့ အရာမဟုတ္ဘူး။ လက်တွေ့ဆန်ရမှာဖြစ်တယ်။
လက်တွေ့ဆန်တယ်ဆိုတာ အပြောတွေအပေါ်မှာသရုပ်ခွဲတာမဟုတ်ဘူး။ မြင်သာတဲ့ အပြုအမူကို သေချာတဲ့ အထောက်အထားနဲ့ ချိန်ကြည့်တာပဲဖြစ်တယ်။

ကျနော့်ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်ရှိနေတာကတော့ ကိုယ်ချစ်တဲ့ အချစ်နဲ့ အမျိူးတူတာပဲ ရတတ်ပါလိမ့်မယ်။ စိတ်ကူးမယဉ်ပါနဲ့ စိုက်တဲ့ အတိုင်းပဲရိတ်ရမှာပါ။ ငှက်ပျောပင်စိုက်ပြီး ပန်းသီးစားချင်လို့တော့ မရဘူး။ ဆိုလိုတာက ကိုယ်ပေးတာနဲ့ တန်တာပဲရမယ်။ ကိုယ်က အပေါစားပေးပြီး အကောင်းစားတွေလိုချင်လို့တော့ မရနိူင်ဘူး။
တန်ဘိုးထားချစ်နိူင်ကြပါစေ။ ။
Alex
https://www.facebook.com/alexandar.tun/posts/750533441719194 မှကူးယူပါသည်။



No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....