Saturday, 21 February 2015

ယေရှုခရစ်၏ လောကကိုအောင်မြင်နည်း

        ချစ်သောမိတ်ဆွေ တမန်တော် ပေါလုက ငါ တို့စစ်တိုက်၍ သုံးစွဲသောလက် နက်သည် ဇာတိ မြို့ရိုး၊မြို့ပြတို့ကို ဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏ ဟူ၍မိန့်ဆိုခဲ့ဘူးပါသည် (၂ကော၊ ၁၀း၄-၅)။ ထို့ကြောင့် ခဲယမ်း၊ မီးကျောက်ဖြင့် မတတ်နိုင် သော အမှုကို၊မမြင်နိုင် သော ဘုရားသခင်၏ မေတ္တာ တန်ခိုးအားဖြင့် အောင်မြင်နိုင်ကြလေပြီ။ ပညာရှိတစ်ပါးက ပြောဘူးပါသည်။ မိမိကို ရိုက်ပုတ်သူအား ပြန်၍ ရိုက်ပုတ်လျှင်၊ ရန္သူ၌ တိုက် ခိုက် သတ်ပုတ် လိုသော စိတ္သေဘာကို နှိုးဆွ ပေးရာ ရောက်၏။ ပြန်၍ မရိုက်ပုတ်ဘဲ ထွက်ပြေး ပြန်လျှင်၊ နိုင်လိုမင်း ထက်ပြုလိုသော စိတ္ကို နှိုးဆွ ပေးရာ ရောက်၏။ သို့သော် မိမိတို့၏ တစ်ဖက်ပါးကို ပုတ္သူ အား၊ အျခား တစ်ဖက်ကိုလှည့်ခံလျှင် မူကား၊ရန်သူ့ အတွင်းရှိ သိမ်မွေ့နူးညံ့သော သဘောတို့ကို နှိုးဆွ၍ ပေးလိမ့်မည်။
ဤနည်းဖြင့်သာ အောင်မြင် ခြင်းကို ရရှိနိုင်သည်။


        တစ်နေ့သ၌ကုရေနေ ပြည်သားရှိမုန်သည်ခံရ မည့် ဆင်းရဲကို မမျှော်လင့်ဘဲ
တောအရပ်မှမြို့သို့ ခေတ္တ အလည်ရောက်လာ၏။ သို့သော် မြို့သို့ ရောက် သောအခါဘုမသိ၊ဘမသိနှင့်သူ့ ကိုဆွဲငင်ကြပြီး လျှင်သူ့ပခုံးပေါ်၌ကားတိုင်ကြီး ကို တင် ၍ ထမ်းခိုင်းကြလေ ၏။ ရှိမုန်အဘို့မှာ ဤမတရားမှုကြီးသည် တွေးမိတိုင်း၊ တွေးမိတိုင်း၊ နာကြည်းဘွယ် ကောင်းလှ၏။ ရောမစစ် သားတို့သည် ဂုဏ္သေရ ယုတ်နွမ်းမည်စိုး၍ မိမိတို့ အမျိုးသားချင်းတို့ကို မထမ်းခိုင်း။ ဒေါသထွက်လျက်နေ သော ယုဒလူမျိုးတို့ကို ထမ်းခိုင်းလျှင်လည်း ဆူပူဆန္ဒပြ မွာစိုး၍ မထမ်းခိုင်း။ 
       ထို့ ကြောင့် ယုတ်ညံ့သော အမျိုး၊ မျက်နှာငယ်ရှာသောအာဖရိကနယ်သားကို ထမ်းခိုင်း လျှင် မည်ကဲ့သို့မျှ ရန်တုန့်ပြန်နိုင်မည်မဟုတ်ဟုသဘောထားလျက် လူ တိုင်းရွံ့ရှာ သော လက်ဝါးကပ် တိုင်ကို ရှိမုန်အားအတင်းအဓမ္မထမ်းခိုင်းကြခြင်း ဖြစ် ဟန္တူ သည်။ လူကိုလည်း နှိပ်စက်၊ လူမျိုး၏ ဂုဏ် သိက္ခာ ကိုလည်း ဖ်က္ဆီးရာ ရောက် သော ကြောင့် ရှိမုန်၏ နှလုံးထက်၌ ဤအမှုအရာ၏ ဓါးခုတ်ချက် တော် တော် နက်ပေလိမ့်မည်။ ထိုနေ့၌ ရှိမုန်သည်တပင်တပန်း တောင်ကုန်းပေါ်သို့ တက်လှမ်းနေစဉ် အရှင်ယေရှု၏ ရှက်ကြောက်၊နစ်နာမှုမှ၊ မေတ္တာအောင်ပွဲအဖြစ်သို့ ပြောင်းလဲလိုက်ပုံကိုမျက်ဝါးထင်ထင်မြင်ရချေပြီ။ ရှိမုန် သည် ထိုသို့ မြင်ရာမှ ရုတ် တရက်အလင်းရ၍ အတွင်း သေဘာ ပြောင်းလဲပြီးလျှင် ကားတိုင်ကို အားရ ဝမ်း သာထမ်းခဲ့လေသည်။ ဝမ်းနည်းစိတ်ပျက်စရာကြီးကို အောင်မြင်ခြင်း ဖြစ်စေခဲ့ လေပြီ။
        ကျွနု်ပ်တို့မှာလည်း ရှိမုန်ကဲ့သို့ ကြုံကြိုက်တတ် သူများဖြစ်သည်။ ကျွနု်တို့ နေ ရပ်ဖြစ်သော အိမ်ဂေ ဟာမွ ပျော်ရွှင်စွာ အပြင်သို့ ထြက္သြားရာ၌ သာယာ သော လောကကြီးကို ရှုလျက် ဝမ်းသာအားရဖြစ်နေ စဉ် ရုတ်တရက်ဝမ်းနည်း ပူဆွေး ဘွယ်သော အဖြစ်မျိုး ပေါ်လာတတ်၏။ မမျှော်လင့်ဘဲ ထိုကဲ့သို့အကြောင်းထွေထွေ ထူးထူး ပေါ်ပေါက်လာ၍ ကျွနု်ပ်တို့ ပခုံးပေါ် သို့ လေးလံသော ကားတိုင်ကြီး သက် ရောက်လာ တတ်၏။ ကိုယ်နှင့်မဆိုင်သော ကားတိုင်ကြီးကို ထမ်းလျက် ကရာနီ ကုန်းပေါ်သို့ တပင်တပန်းတက် လှမ်းရကြ၏။ သို့သော် ကျွနု်ပ်တို့သည် ရှိမုန်ကဲ့သို့ အမှုမျိုးကြုံလာပါက ဒုက္ခကိုသုခဖြစ်အောင် ပြုလုပ် နိုင်ကြပေမည်။ ရှိမုန်သည် ကား တိုင်ကို ထမ်းရသော တခဏကြောင့်သခင်ယေရှုနှင့် တွေ့ကြုံရသဖြင့် လူမျိုး၏ နစ္နာခ်က္ကို ပြောင်းလဲ၍လူမျိုး၏ ကောင်းကျိုးကို ပြုပြင်ပျိုးထောင်နိုင်သော သတိ္တကိုမိမိကိုယ်တိုင် သာမက၊ သူ့လူမျိုးတို့ကိုပါ ရရှိစေခဲ့လေ သည်။
        အင်္ဂလိပ်လူမျိုးဖြစ်သောစာသင်ဆရာမ အမျိုးသမီးတစ်ဦး ရန်ကုန်တွင်ရှိခဲ့ ဘူး၏။ တက္ကသိုလ် ကျောင်းထွက်ဖြစ်၍ အနာဂတ်အတွက် တိုးတက္စရာ အလား အလာမ်ားစြာရွိ၏။ သို့သော် သူ့အနာဂတ် အတွက် အောင်မြင်ရန်လမ်းစ ပွင့်လန်း မည်ဆဲဆဲ၊ မွှေးရနံ့သင်းထုံသော ပန်းကို လေရိုက်၍ ချွေသကဲ့သို့ သူ့ကိုယ်၌ ကုဋ္ဌနူနာစတင်၍ဖြစ်ကြောင်း သိရရှာသည်။ ဤကြောက်မက်ဖွယ်သော ရောဂါကို ဝှက်၍ မထား နိုင်။ ကျောင်းမှ ခွင့်ယူ၍ ဆေးကုသလေသည်။ သက္သာ သလိုလို ရှိသော်လည်း ရောဂါအမြစ်မပြတ်သဖြင့်၊ တဖန်ပေါ်လာပြန်ရာ ယခုအခါမွ လူဖြစ်ရံှုး ကြောင်း အတပ်သိရတော့သည်။ ယခုအခါ ကျောင်းမှ ထွက်၍ပြန်လမ်းမ
 ရွိ သော လမ်းပေါ်သို့ ရောက်ရရှာတော့ သည်။ မိမိ၌ စွဲကပ်နေသောနူနာကိုစိတ်မှ ပယ် ဖျောက်သော်လည်း မပျောက်နိုင်။ တစ်နေ့သ၌ ထို ဆရာမသည်အခန်းထဲမှ ထြက္သြား၍ နှစ်မိုင်ကျော် ကွာဝေးသော ကုဋ္ဌနူနာရုံသို့လျှောက်၍သွား၏။ အနူ ရုံဝင်းအပြင်၌ ထိုင်လျက် အတန်ကြာအောင် စဉ်းစား နေသေး၏။ 
    ဤနေရာ၌အဝင်လမ်းသာရှိသည်။အထွက် လမ်းကားမရှိ။ ဆုတောင်းပဌနာကို ရွတ်ဆို လျက်ဝင်သွားရှာသည်။ ထိုဆုတောင်း ပဌာနာ ဖြင့် စိတ်ပျက် ဝမ်းနည်းခြင်း အစား၊ဝမ်း မြောက်အောင်မြင်ခြင်းကို ရရွိ လေသည်။ လူကောင်းတို့ကိုပညာသင်ပေး ခွင့်မရှိလျှင် လူနူတို့ကို သင်ပေးတော့မည် လူနူတို့ ကို၊ စာပေပို့ချပေး ရုံသာမက ဓမ္မဂီတ တီးဝိုင်းကို ဖွဲ့၍ သံစုံသီချင်းများကို ပါ သင် ပေးလေသည်။ ထိုအခါက်မွ တစ်ခါဘူးမျှ မခံစားဘူးသော ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်း၊ ရွှင်လန်း ခြင်းများကို ခံစားရလေသည်။ထိုဆရာမသည်လူနူများ ကိုသာ၊ သင်ကြားနေသည်မဟုတ်။    
       ကျွနု်ပ်တို့ အားလုံးကိုလည်း ယခုအချိန်အထိသွန်သင်လမ်းပြလျက် ရွိ၏။ ပန်း ချီကားဟူသမျှ၌ အလင်းကိုဖော်လို လျှင်အမှောင်ပိုင်းရှိသကဲ့သို့ ဤဆရာမေလး၏ တောက်ပ သော ဝိညာဉ်ပါရမီပေါ်ပေါက်လာရန် ရောဂါတည်း ဟူသော အမှောင် ကြီးကို ခံယူ၍လာရသည်။ ဤသို့ သောအမှောင်ထုကြီးအထဲမှနေ၍ သူတစ်ပါးကို သွန်သင်နိုင်မှ တကယ့်သွန်သင်ခြင်းကိုပေးနိုင်မည်။ ထိုအချိန်ရောက်မှ သူတပါးကို အသိတရား၊ ဗဟုသုတ ပေးရုံသာမကအရှိတရားတည်းဟူသော ပြောင်းလဲ ခြင်းကို ပေးနိုင်ပေမည်။
        ဤအခြင်းအရာကား အောင်မြင်ခြင်း၏ ထင် ပေါ်သော အဆစ်အပိုင်းမျှ သာ ဖြစ်သည်။ထိုသို့ ထင်ထင်ပေါ်ပေါ် မဟုတ်သော်လည်း မထင်မရှား၊ လူမသိ သူမ သိသောအောင်ပွဲပေါင်းများစွာရှိလျက်ပင်။ရုပ်ခန္ဓာကို ဝေဒနာဖြစ်စေသည့် ကားတိုင် ထက်၊ စိတ်ဝေဒနာကို ဖြစ်စေသော ကားတိုင် သည်ကား သာ၍ပင် အခံရ ခက် လေ၏။
        ဤကဲ့သို့ စိတ်ထဲ၌ ကျိတ်၍သာခံနေကြရ သော သူတို့တွင် စိတ်ဆင်းရဲနေ ကြသောသူများမှာ ခင်ပွန်းစစ်စစ်ကို လိုချင်လျက်နှင့်မရနိုင်သူများ ဖြစ်ပေ လိမ့်မည်။ လူဖြစ်လာကတည်း ကပင်စိတ်နှလုံးအတွင်း၌ မေတ္တတရားပါလာခြင်းသည် ဓမ္မတာ ပင်ဖြစ်သည်။ အိမ်ထောင်ဟူ၍တည်လာစကတည်းက လိုလား တောင်းတသော အရာတစ်ခုသည် သားသမီးများဖြစ်၏။ ဤသို့သားသမီးအရင်းများမရှိသမျှ ကာလ ပတ်လုံး စိတ္တသုခအဘယ်မှာရှိမည်နည်း။
        တစ်ခါက အမျိုးသမီး တစ်ယောက်သည် လင်ဝတ်၊ သားဝတ်နှင့်ပြည့်စုံသည့် ဂုဏ်အ ရည်အချင်းနှင့် ပြည့်စုံ၏။ သို့လျက်နှင့်ခင်ပွန်းယောကျာ်း မရ။ ထို့ကြောင့် ယုယပိုက်ထွေး၊ ကျွေးမွေးပြုစုရန် သားသမီး ရနိုင်ခွင့်မရှိ။ အခြားသော အမျိုးသမီးများ၏ ရင်ခွင်၌ သားငယ်ပိုက် ထွေးထားသည်ကို မြင်လိုက်ရလျှင်၊ ထိုမိန်းမစိတ်၌ နှလုံး သားကို ရဲရဲတောက်နေသော သံတံကျင်ဖြင့် လျှိုထိုးသ ကဲ့သို့ရှိ၏။ ထိုဝေဒနာ ဆိုးကြီးကိုနှစ်ပေါင်းများစွာ ခံရရွာ၏။ သူတစ်ပါးကို အမြဲကူညီ ဖေးမလျက် ရှိသော်လည်းစိတ် နှလုံးထဲ၌ ဆာလောင် မွတ်သိပ်သော ဝေဒနာကို ခံစားလျက်ရှိ သည်။
        တနေ့သ၌ ထိုအမျိုးသမီးသည် ဧဝံဂေလိ တရားကို ကြားနာရပြီး အမှောင် တိုက်မှ၊အလင်းတိုက်သို့ သူ့၏ဝိညာဉ်သည် မွေးဖွားပြောင်းလဲ လာခဲ့လေသည်။
ထိုနေ့မှစ၍၊ ဝိညာဉ်၌ မွေးဖွားလာသော ဝိညာဉ်သားသမီးများကို ပြုစုပျိုးထောင် သည့် တာဝန္ကို ထမ်းရွက်ရလေသည်။ ထိုသားသမီး တို့ကို ပြုစုရသော ဒုက္ခ ဆင်းရဲဟူသမျှကို ဆင်းရဲဟူ၍ မအောက် မေ့ဘဲ ချမ်းသာခြင်း တစ်မျိုးဖြစ်၍ လာ လေသည်။ မြင့်မြတ်သောစိတ်ထားနှင့် ခံရေသာ ဆင်းရဲကား၊စစ်မှန် သော ချမ်း သာပင်ဖြစ်၏။ ဝမ်းနည်းနေမည့်အစား၊ သူတစ်ပါး၏ ဆင်းရဲခြင်းကို မည်သို့ နှစ်သိမ့် သက္သာ စေနိုင်မည်နည်းဟု ကြံစည်ဖန်တီးကာသာနေ၏။ သူမ ပြုစုပျိုးထောင် နေသော သားသမီးမ်ားကား ရုပ်ခန္ဓာ၏ ကာမရာဂမွ မွေးဖွားလာသော သားသမီး များမဟုတ်။ စိတ်ဝိညာဉ်၏ ဆင်းရဲခြင်းမှ ပေါက်ဖွားလာသော သားသမီးများဖြစ်၏။    
        သူမတာဝန္ကား ထိုဝိညာဉ်သူငယ်တို့အား ပြုစုကျွေးမွေးရန်ဖြစ်၏။ သူမ သည် ဒုက္ခဆင်းရဲကိုယူ၍ သုခချမ်းသားဖြစ်အောင်ပြုလုပ်ချေပြီ။
        လူ့ဇာတိစိတ်၏ သတိ္တအင်အားတို့ကို ပျောက်ကင်းအောင် ဖျောက်ဖျက်၍ မရ။ မြင့်မြတ်ရာ စိတ်သဘောမျိုးသို့ ပြောင်းလဲမှသာရနိုင်ကြောင်း စိတ္တဗေဒပညာ ရှင်များက ဆိုပါသည်။ ဖိုမ ဇာတိစိတ်ဓါတ် သတိ္တမျိုးကို ကဗျာ၊လင်္ကာနှင့် သူတစ်ပါး အကျိုးကို ဆောင်ရွက်တတ်သည့် စိတ်မျိုးဖြစ်အောင်ပြောင်းလဲ ပေးနိုင် သည်ဟု ဆိုသည်။ ဤသဘောသည် ကောင်းပေ၏။ ကျွနု်ပ်တို့လည်းနှစ်ခြိုက်ပါ၏။ သို့သော် အမြင့်မြတ်ဆုံးသော စိတ်အဖြစ်သို့ပြောင်းလဲပေးနိုင် မှသာလျှင် လောကုတ္တရာ စိတ်သို့ ပြောင်းစေနိုင်ပေမည်။
       ဤသို့ပြောင်းလဲပေးရာ၌ လောကဓါတ်ပညာ အားဖြင့် မဟုတ်။ ခရစ်တော်၏
ဧဝံဂေလိတရာအားဖြင့်သာ ဖြစ်နိုင်သည်။ အလိုမပြည့်၍ စိတ်နှလုံးထဲမှာပဋိပက္ခ ဆန့်ကျင်ဘက်ဇာတိစိတ်သဘောကို အရှင် ယေရှုသည် ယူ၍ ကိုယ်တော်၏ ကား တိုင် ၌ရိုက်သတ်လျက် အသစ်ဖန်ဆင်းပြီးသော အခါ ဘုရားသခင်နိုင်ငံ တော်ကျယ် ပြန့်ဖို့ အသုံးပြု တော်မူသည်။
        ဇာတိစိတ်သဘောကိုကားတိုင်၌ ချိုး ဖဲ့ပြီးလျှင် ဘုရားသခင်၏ မေတ္တာကိုထို သူ၏ စိတ်နှလုံးထဲ၌သွန်းလောင်းလိုက်သောအခါ ထိုသူ၏ စိတ်နှလုံးသည်အပိတ် အဆို့၊ အချုပ်အချယ်၊ အလျှင်းကင်းလျှက်၊ လွှတ်ခြင်းအခွင့်ကို ရကြလေသည်။
        ရန်မူလိုသောစိတ်မှ မေတ္တာထောက်လျက်ခွင့်လွတ်သောသဘော၊ ကြောက် ရွံ့ခြင်းဇာတိစိတ်မှ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်း၊ ကိလေသာစိတ်မှ သူ တစ်ပါးအတွက် အနွံအတာခံနိုင်ခြင်းသဘော၊ မိမိကိုယ္ကို ချစ်တတ်သော သေဘာ မွ သူတစ်ပါးအား ချစ်နိုင်သည့်သဘော၊ သွေးသားဆွေမျိုးများကိုသာ ချစ်တတ် ကြသော သေဘာမွ ဝိညာဉ်ညီအစ်ကို မောင်နှများအား ခ်စ္တတ္လာ ခြင်းများ အဖြစ်သို့ ပြောင်းလဲလာသည်။
        ထို့ကြောင့် ယုံကြည်သူဘုရားသားများအတွက် အချည်းနှီး၊ အလဟဿ ဖြစ်သောအရာ၊ အရာမရောက်၍ စွန့်ပစ်လိုက်ရသည့် အရာဟူ၍မရွိ။ ဤသို့သော အဖြစ်မျိုးသည် ခရစ်ယာန်အသက်တာ၌သာ တွေ့မြင်နိုင်သည်။ ဆုံးရံှုးခြင်း၊ နစ္နာ ခြင်း၊ ဆင်းရဲဒုက္ခ ဝေဒနာတို့ကိုသာ၍ မွန်မြတ်ရာအဖြစ်သို့ သုံးစွဲနိုင်ကြလေသည်။
ထို့ကြောင့် အရှင်ယေရှုက တပည့်တော်တို့အား အနည်းငယ်မျှ မပျောက်မ ဆုံးစေရန်အကြွင်း အကျန်ရှိသမျှကို ကောက်ကြလော့ဟု မိန့်တော်မူခဲ့လေသည်။ ကိုယ်တော်သည် လူ့ဝိညာဉ်ကိုသာ ကယ်တင် တော်မူသည်မဟုတ်။ ဒုက္ခဆင်းရဲဖိ စီး၍ ကြေမွနေသည့် ဝိညာဉ်အစအန ကလေးများကိုပင် မပျောက်မပျက်ရလေ အောင် သိမ်းဆည်းတော်မူ၏။
            ချစ်သောမိတ်ဆွေ အရာရာကို ဝိညာဉ်မျက်စိ၊ ဝိညာဉ်ရှုထောင့်ဖြင့် ကြည့်တတ်၊ မြင်တတ်မည်ဆိုပါက ခက်ထန်သော စိတ္သေဘာ၊ ကြေကွဲသော စိတ်နှလုံး
သားများအားလုံးသည် ဝိညာဉ်ရေးရာ၌ အသစ်တဖန် စွမ်းအားများသာ ဖြစ်လေသည်။ရောဂါဖိစီးမှုကြောင့် ဆေးရုံရောက်၊ ငွေကုန်ကြေးကျဖြစ်နေရာမှ ခရစ်တော် နှင့်တွေ့ပြီး ရောဂါပျောက်ကင်းလျက်၊ ကုန်ကျသွားသော ငွေများထက်သာ ၍မြတ်သော အသက္တာကို ရေလ၏။ မိမိအိမ်ထောင်ထဲ၌ မ မျှော်လင့်ဘဲ သေခြင်းတရားဝင်လာလျှက် ထိုသေခြင်းအသုဘ အစည်းအဝေးမှ တဆင့် ဝိညာဉ်သေနေသော မိသားစုထဲက အိမ္သားမ်ား၊ ဝိညာဉ်အသက်ရလာ သည်မှာလည်း အမင်္ဂလာထဲမ ှမင်္ဂလာများပင်မဟုတ်ပါလော။ 
   ဆွေမရှိ၊ မျိုးမရှိသည့်အထဲ အိမ်ပါမီးလောင်ပြာကျသွားသော ယုံကြည်သူ အမျိုး သမီးကို ကျွနု်ပ်တွေ့ဖူးလေသည်။ ထိုအမျိုးသမီးက သက်သေခံသည်မှာ အိမ္မီး လောင်သောအခါကျမှ ကျွန်မသည်ဝိညာဉ်ရေးရာ၌ နိုးထမှုဖြစ်လာပြီး သွေးရင်း သားရင်းထက် စုံမက်တတ်သောဝိညာဉ်မောင်နှမ မြောက်များစွာကို ဘုရားပေး ကြောင်း ခံစားလာရလေသည်။
     ယခုဆိုလျှင် ကျွန်မသည် အထီးကျန်မဟုတ်တော့ပါ။ ဘုရားသခင်ပေးသော
ဝိညာဉ်ညီအစ်ကိုများ ရရှိလေပြီ။ ထို့ကြောင့် အိမ်မီးလောင်ရာမှဝမ်းနည်းရသော အဖြစ်မှ သာ၍ မြင့်မြတ်သော ဝိညာဉ်အိမ်တော်သားများကို ရရှိလေသည်။ ထိုသို့သော အကျိုးအပဲ့များကိုပင် ခရစ်တော်သည် တပည့်တော်တို့အား ကောက် သိမ်းရန် မိန့်မှာခဲ့သည် မဟုတ်ပါလော။
        ဘုရားသားတော်၏ မင်္ဂလာဆောင်ပွဲတော်မှ ဥပမာစကား၌ မင်းကြီးက ဖိတ် ခေါ်လိုက်သော သူတို့သည် အကြောင်းအမျိုးမျိုးပြလျက် မလာဘဲနေကြ၏။ ထိုမင်း ကြီးသည် ဖိတ်ထားသောသူများ မလာသောကြောင့် စိတ်ပျက်လျက်၊ မှိုင်တွေ၍နေ သည်မဟုတ်။ လူကိုစေလွှတ်လျှက်၊ ခြေလက်မသန်စွမ်းသောသူများ၊ မျက်မမြင် ဒုက္ခိတများကို မင်္ဂလာပွဲတော်သို့ ခေါ်တော်မူ၏။ ဤကဲ့သို့ မိမိပထမရည်မှန်းချက်၊
ရည်ရွယ်ချက်အတိုင်း ဖြစ်မလာသောအခါ စိတ်ပျက်ပြီး လက်လျှော့ အရံှုးပေး ရန်မဟုတ်။ သာ၍နက်ရှိုင်းသော ဘုရားသခင်၏ အကြံအစည်ကို ဝန္ခံ၍ ရှာဖွေ လျက် အကောင်အထည် ဖော်ရပေမည်။
        ဦးစွာဖိတ်ကြားခြင်းကို ခံသူတို့မှာ အခွင့်ထူးခံ ရသူများဖြစ်ပါ၏။ သို့သော် သူ တို့ရောက်မလာသောအခါ အေစခံမ်ားကို လွှတ်လျက်၊ တွေ့သမျှလူတို့ကို ခေါ်လာ စေ၏။ အခွင့်ထူးရသောသူတို့ မလာနိုင်ခြင်းအတွက် သာ၍များသောလူတို့ ပွဲတော် သို့ ရောက်လာရန် အခွင့်အရေးတစ်ရပ် ဖြစ်လေ၏။ ထို့ကြောင့် ဤအမှု၌ ရည်ရွယ် ချက်ပျက်သွားသည်ဟု ထင်ရသော်လည်း အကြံအစည်သာ၍ ကျယ်ဝန်းစွာ ထ မြောက်လေသည်။
        အရှင်ယေရှုခရစ်၏ လမ်းစဉ်သည် လွယ်ကူသော လမ်းစဉ်မဟုတ်။ ခဲယဉ်းလျက်နှင့် အောင်မြင်ရာသို့ ရောက်နိုင်သော လမ်းဖြစ်၏။ ရေသာခို၊ အချောင်လိုက် လိုသူ များအတွက်မူကား ဧဝံဂေလိတရား၌ ခိုကိုးရာ တွေ့မည်မဟုတ်။ သို့သော်ဒုက္ခဆင်းရဲ ခံရသော်လည်း အ ရှင်ယေရှုခရစ်၏ ကားတိုင်လမ်းစဉ်အတိုင်း လိုက်နာသောသူအတွက် မူကား လုံ လောက် ခိုင်မာသော အင်အားကြီးတစ်ခုကို စွဲကိုင်မိချေပြီ။
        ချစ်သောမိတ်ဆွေ ဤေလာက၌ အသက်ရှင်နေသ၍ ဒုက္ခ၊ သုခသည် ဒြန္တြဲ လျက် ကြုံရဦးမည်မှာဧကန်မလွဲပေ။ သို့သော် အရှင်ယေရှုခရစ်၏ လောကအောင် နည်းကို မိတ်ဆွေသည် သဘောပေါက်လျှက် လက်တွေ့အသုံးချပါက သင်သည် လည်း ခရစ်တော်နည်းလမ်းအတိုင်း လောကကို ဧကန္မုခ် အောင်နိုင်သူဖြစ် ပေလိမ့်မည်။ (ဒေါက်တာ ပေါလ်ခေကျိုင်း)

ပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန္ခိုး တော် အားဖြင့်