Tuesday, 29 December 2015

သဘာဝသစ်သက်သေ

သခင်ခရစ်တော်ဘုရား လက်ဝါးကပ်
တိုင်၌အသေခံခဲ့ခြင်းသည် ကျွနု်ပ်တို့
လူသားထုတစ်ရပ်လုံးအတွက် အပြစ်လွတ်ခြင်းအခွင့်ရဖို့ရန်ဖြစ် သည်။
 တရားဉပဒေအရကြည့်ပါကအပြစ်
ကျူးလွန်သောသူကိုပြစ်ဒဏ်စီရင်ရ
စမြဲဖြစ်သည်။ အပြစ်နှင့်အလျောက် ထိုက်တန်သောအပြစ်ကိုမစီရင်ပါက တရားမျှတသည်ဟုမဆိုနိုင်ပါ။ ဤသည်ကား တရားစီရင်ခြင်း၏ သဘောသဘာဝပေတည်း။ လူတွင်မြင်နိုင်သောအပြစ်ကျူးလွန်မှုထက် မမြင်နိုင်သော
အပြစ်ကျူးလွန်မှုက သာလွန် များပြားလှပေသသည်။ အပြစ်ဟူသမျှသည် ဗီဇသဘောမှအရင်းခံဖြစ်ပေါ်လာပြီး ထိုအပြစ်၏အခကား သေခြင်း ပြစ်ဒဏ်ပင် ဖြစ်သည်။ သို့သောလူသည်ဘုရားသခင်ကျေနပ်စေရန် အပြစ်၏အခသေခြင်းဒဏ်ကို ဆပ်ဖို့ရန်ကားမတတ်နိုင်ပေ။ သို့ဖြစ်၍ အပြစ်၏အခသေခြင်းဒဏ်ကို 
တရားမျှတစွာဆပ်ပေးရန် အဘယ်အပြစ်မှမရှိသည့် တစ်ပါးတည်းသောသားတော် သခင်ယေရှုကို ဤလောကသို့စေလွှတ်၍ လက်ဝါးကပ်တိုင်၌ အသေခံစေပြီး ကျွနု်ပ်တို့၏ကိုယ်စား ပြစ်ကြွေးဆပ်ခဲ့သည်။ ဤနည်းအားဖြင့် လောကီသားအားလုံး၏ အပြစ်ကိုဆပ်ပေးသည့်အမှုမှာ တုနှိုင်းမရသော ဘုရားရှင်၏မေတ္တာနှင့် ကျေးဇူးပြုခြင်းပေတည်း။
သားဖြစ်စေပါ
ဘုရားရှင်၏စုံလင်သောမေတ္တာနှင့် အပြစ်လွတ်ပေးသောကျေးဇူးတရားကို လူ့သဘာဝုပ်စိတ်ဖြင့် ကျွနု်ပ်တို့ နားမလည်နိုင်ပါ။ ထိုမေတ္တာကို နားလည်ဖို့မှာ ကျွနု်ပ်တို့တစ်ဉီးချင်းစီသည် ဘုရားရှင်၏သားဖြစ်ဖို့ လိုအပ်ပါသည်။ (သု၊၂၇း၁)တွင် နက်ဖြန်နေ့ကိုအမှီပြု၍ မဝါကွားဖို့ရန် နှုတ်ကပတ် တော်က သတိပေးသွန်သင်ထားပါသည်။ နက်ဖြန်နေ့၌ မည်သို့ဖြစ်မည်ကိုကျွနု်ပ်တို့မသိနိုင်ပါ။ ဤလောကကြီးထဲမှာ အချိန်မရွေး ကျွနု်ပ်တို့ထွက်ခွာသွား နိုင်ပါသည်။ အပြစ်ကြောင့် သေခြင်းဒဏ်သင့်နေသော လူသားများအဖို့ ဘုရားရှင်ထံတော်မှ အပြစ်လွှတ်ခြင်းကျေးဇူးကို မခံစားရဘဲဤေလာကမွ မထွက်ခွာသွားစေလို။ သို့မဟုတ်လျှင် အကျွနု်ပ်တို့၏ တမလွန်အရေးသည် မတွေးဝံ့စရာပင်။ အပြစ်ဒဏ်စီရင်ခြင်းမှ လွတ်မြောက်ပြီး စိတ်အေးဖို့ရန်မှာ ကျွနု်ပ်တို့တစ်ဉီးချင်းစီအနေဖြင့် ဘုရားရှင်၏သားသမီးဖြစ်မှသာ စီတ်ချစရာရှိပါသည်။

ဘုရားနှင့်တရား
တရားကြောင့်အပြစ်ဒဏပိမချိအောက်ခံစားနေရပါက ဘုရားရှင်ထံတော်သို့လာကြဖို့ရန သတိပေးလိုပါသည်။ ဘုရားနှင့်တရားသည် အလွန် ကွာခြင်းပါသည်။ တရားသည်အသက်မရှိ၊ ထိုက်တန်သည့်အတိုင်း ပြစ်ဒဏ်စီရင်ခြင်းခံရ မည်ဖြစ်ကြောင်း သတိပေးခြင်းဖြစ်ပါသည်။ ဘုရားမွာမူ အသက်ရှင်တော်မူသည်သာမက မေတ္တာနှင့်ကွယ်ဝပြီး အပြစ်လွှတ်ပေး ဖို့ရန်စောင့်မျှော်နေသောအရှင်ဖြစ်သည်။ မနက်ဖြန်ကိုမဆိုထားဘဲ တဒင်္ဂခဏ အချိန်ကိုပင်မပိုင်သော ကျွနု်ပ်တို့လူသားများ သည် တရားကြောင့်ရင်လေးဖွယ်ကောင်းလှသည့် အသက်တာအခြေအနေမှန်ကို သိမြင်သဘောပေါက်ပါက မေတ္တာနှင့် အပြစ်လွှတ်ဖို့ ပြင်ဆင်စောင့်မျှော်နေသည့်အသက်ရှင်တော်မူသောဘုရားရှင်ထံတော်သို့ပြန်လာရပေမည်။

သင်္ခါရသက်
(ဆာ၊ ၁၀၃း၁၅-၁၆)၌ လူသည်တဒင်္ဂရှင်သန်ရသောသင်္ခါရသက်နှင့် လှုပ်ရှားုန်းကန်နေရသောသတ္တဝါဖြစ်ပြီး ထိုအသကကိုတခဏသာ ရှင်သန်သောမြက်ပင်နှင့် ပုံပမာခိုင်းနှုန်းထားပါသည်။ ထို့ပြင်လေတိုက်သည်နှင့် ေကွလွင့်တတ်သော မြက်ပင်နှင့် ပမာပြုထားပါသည်။ ကျွနု်ပ်တို့၌ဝါကြား စရာမာန္မာနတက္စရာ အကြောင်းစိုးစိမျှမရှိပါ။ အသက်နှစ်(၇၀)မက (၈၀)တိုင်ရှင်သန်ရသော်လည်း တဒင်္ဂသာဖြစ်ပါသည်။ ထိုကြောင့်ဤ သင်္ခါရဘဝ မှထာဝရရှင်သန်နိုင်ရန် ယနေ့အသက်ရှင်စဉ်၌ အနာဂတ်ကာလအတွက်ကြိုတင်ပြင်ဆင်သင့်လှပေသည်။ မမြဲသောလောကီအရာများပေါ်၌ ဉီးစားထား ကာအသက်မရှင် သင့်ဘဲ ထာဝရကာလ၏ အာမခံချက်ကိုခံစားနိုင်ဖို့ရန် ကျွနု်ပ်တို့တစ်ဉီးချင်းစီသည် ဘုရားရှင်အပေါ်၌သာ အမှီပြုရမည် ဖြစ်သည်။

ကျွနု်ပ်၏ဘုရား
သခင်ယေရှုကိုယုံကြည်သောသူသည် ထာဝရဘုရားလငြိမ်သက်ခြင်း၏သက်သေကို စိတ်နှလုံးအတွင်း၌ အမှန်ပင် ခံစားရပါသည်။ ဘုရားရှင် သည်လောကီသားတိုင်း၏ဘုရားဖြစ်ကြောင်းသိုံမျှဖြင့်သင့်အသက်တာ၌ အကျိုးမခံစား ရနိုင်ပါ။ ထိုဘုရားရှင်သည် ကျွနု်ပ်၏ဘုရား၊ သင်၏ဘုရားဖြစ်ဖို့ လိုအပ်ပါသည်။ သို့မှသာကျွနု်ပ်တို့သည် ဘုရားရှင်၏ မေတ္တာကို အတွင်းနှလုံးသားဖြင့်နားလည်ပြီးချစ်နိုင်မည်ဖြစ်သည်။ (ရောမ၊ ၈း၂၈)တွင် ဘုရားရှင် အားချစ်သောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် ဘုရားရှင်နှင့်စပ်ဆိုင်၍ ဘုရားရှင်ကိုအမှန်တကယ်ချစ်လျှင် အသက်တာ၌တွေ့ကြုံခံစား ရသောအခြေအနေတိုင်းသည် ကျွနု်ပ်တို့အကျိုးအတွက် ဘုရားရှင်ကိုယ်တိုင်အခွင့်ပေး၍ တွေ့ကြုံစေသောအရာများ ဖြစ်ကြောင်းနားလည်နိုင်မည် ဖြစ်သည်။ထိုသို့နားလည်မည်ဆိုပါက မည်သို့သောအခြေအနေမျိုးကို ကြုံတွေ့ရစေကာမူ စိတ်ပျက်ညဉ်းညူမည်မဟုတ်ဘဲ အခြေအနေတိုင်း၌ ဝမ်းမြောက်နိုင်ပေမည်။

ယုံကြည်ခြင်းအားဖြင့်

ချစ်သောဓမ္မမိတ်ဆွေ ့ ့ ့ ့ အထက်တွင်ဖေါ်ပြခဲ့သည့်အကြောင်းအရာကိုသဘောပေါက်နားလည်ပါက ကျွနု်ပ်တို့သည် အပြစ်သားဖြစ်ပြီး အပြစ်ကြောင့်သေခြင်းဒဏ်သင့်နေကြောင်းဝန်ခံပါ။ အပြစ်ဒဏ်မှလွတ်ဖို့ရန် ကျွနု်ပ်တို့မတတ်နိုင်၍ သခင်ယေှုကိုယ်တော်တိုင် အပြစ်ေကွးကိုကားတိုင် ၌အသေခံခြင်းအားဖြင့်ဆပ်ပေးခဲ့ပြီးဖြစ်သည်သာမက သုံးရက်မြောက် သောနေ့တွင် သေခြင်းကိုအောင်မြင်၍ ရှင်ပြန်ထမြောက်ခဲ့ပြီ။ ထိုပြင့် ထိုအရှင်သည် ယနေ့လည်းအသက်ရှင်တော်မူသဖြင့် ထိုအရှင်ကိုမိမိ၏ ကယ်တင်ရှင်အဖြစ်ယုံကြည်ပြီး အသက်တာ၌လက်ခံပါက ဖေါ်ပြပါသက်သေကို အခြားသူ များခံစားရ သကဲ့သို့ ကျွနု်ပ်တို့ကိုယ်တိုင်ခံစားလာရပေမည်။ ထိုသဘာဝသစ်၏ သက်သေကို ခံစားရသောသူအချင်းချင်းသည်လည်း တစ်ဉီးနှင့်တစ်ဉီး အတွင်းဝိညာဉ်အားဖြင့် ဆက်သွယ်နားလည်ကာ မိတ္သဟာယ ပြုနိုင်ပေမည်။

သဘာဝသစ်သက်သေ
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည် အပြစ်လွှတ်ခြင်းကိုခံစားရသည်သာမက ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကိုလည်း ရပါသည် (၁ ယော၊၅း၁၀)။ ထိုသူသည်သာဘုရားရှင်နှင့်အဆက်ရှိသော ပုဂ္ဂိုလ်ဖြစ်ပြီးသဘာဝ သစ်၏သက်သေကိုရရှိထားုံမကဒုက္ခဆင်းရဲတွင်း၌ ဝမ်းမြောက်နိုင်ပါသည်။ ထိုသူသည်ခရစ်တော်ကိုယုံကြည်၍ လောကီ အကျိုးစီးပွားဆုံးံှုးရစေကာမူ စိတ်မပျက်ပါ။ သို့ဖြစ်ပါ၍ ဤသဘာဝသစ်၏ သက်သေကို ကျွနု်ပ်တို့ကိုတိုင်ရရှိခံစားဖို့ရန် ဘုရားရှင်သည် သခင်ယေှုအားဖြင့်ပြင်ဆင်ပေးထားပြီးဖြစ်သည်။ ထိုအသက်သစ်ကိုမိတ်ဆွေမခံစားရသေး ပါက ယခုပင် သခင်ယေှုအားဖြင့်ပြင်ဆင်ပေးထားပြီးဖြစ်သည်။ ထိုအသက်သစ်ကိုမိတ်ဆွေမခံစားရသေးပါက ယခုပင်သခင်ယေှုကို မိမိ၏ကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံခြင်းအဖြင့် ခံစားရရှိနိုင်ကြောင်း မေတ္တာနှင့်သတိပေးဝေငှလိုက်ရပါသည်။

Dr.တင်မောင်ထွန်း-တရားဒေသနာ (၃၀-၈-၉၇)နေ့


Monday, 28 December 2015

တခါမျှမလိုက်သေးသောလမ်း

ချစ်သောဓမ္မမိတ်ဆွေ.
         ၂၀၁၅-ခုနှစ်၊ တစ်နှစ်ပါတ်လုံးကွယ်ကာစောင့်မတော်မူ၍
၂၀၁၆ -နှစ်သစ်ရောက်အောင် ပို့ဆောင်တော်မူသော၊ အရှင်တို့၏သခင်၊ ဘုရားရှင်၏ ဂရုဏာတော်အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းခြင်း ရှိစေသတည်း။ 
        နှစ်ဟောင်းကုန်၍ နှစ်သစ်ထဲရောက်လာပြီဆိုလျှင်၊ လူတိုင်း၏စိတ်ထဲမှာ၊ တစ်မျိုး စီခံစားချက်ရှိကြပါသည်။ လွမ်းသလိုလို၊ ဆွေးသလိုလို၊ တစ်စုံတစ်ခုခုလိုနေသလိုခံစား ချက်ရှိကြပါသည်။ တချို့မှာမူ ၂၀၁၅ - ဒီဇင်ဘာလ(၁)ရက်ရောက်ပြီဆိုလျှင် ပျော်ရွှင်မြူး တူးကခုန်လျှက်၊ အော်ဟစ်နေသူများလည်းရှိလိမ့်မည်။ တချို့မှာမူ၊ နှစ်သစ်ကိုစောင့် ကြိုဆိုရင်းနှစ်ဟောင်း
အတွက်အတု်ိးဖြင့်သောက်စား၊ မူးယဇ်နေသူများလည်းရှိလိမ့်မည်။ 
        တချို့ခရစ်ယာန်ဘာသာ၀င်တို့မှာမူ၊ ဘုရားကျောင်းထဲမှာစည်းေ၀းလျှက်၊ နောက် ဆုံးပွဲတော်မင်္ဂလာ၊ ညစာစားပွဲကိုကျင်းပလျှက်ရှိပါသည်။ ထိုညမှာအပြစ်ဟောင်းများကို နောင်တရလျှက်၊ မျက်ရည်ဖြင့်အပြစ်၀န်ချတောင်းပန်နေသည်ကိုတွေ့ရပေမည်။ 
     သို့သော်၀မ်းနည်းစရာကောင်းသည်မှာ၊ ဇန်နဝါရီလ(၄)ရက်မြန်မာပြည်လွတ်လပ်ရေးနေ့ ရောက်ပြီဆိုလျှင်၊ခါတိုင်းသောက်နေကျအရက်၊ ခါတိုင်းသောက်နေကျဆေးလိပ်၊ ခါတိုင်းစားနေကျကွမ်းယာများကို နှစ်သစ်မှာတဖန် ပြန်လည်စားသောက်ကြသည် ကိုတွေ့ရပေမည်။ တနည်းအားဖြင့်ပြောလျှင်၊ ထိုသူတို့၏အသက်တာသည်နှစ်ဟောင်း မှနှစ်သစ်သို့ အလီလီကူးပြောင်းခဲ့သော်လည်း ခွေးမြီးကောက်ကျီတောင့်စွပ်သကဲ့သို့၊ နှစ်ကူးတုန််းသာအသစ်ဖြစ်သော်လည်း၊ မကြာမှီခါတိုင်းလိုပဲ၊ သောက်မြဲသောက်၊ စားမြဲ စားနေကြလေသည်။ 
        ချစ်သောဓမ္မမိတ်ဆွေ. ၂၀၁၅ -ခုနှစ်မည်သို့ဖြစ်ခဲ့သည်မဆို၊ နှစ်ဟောင်းထဲကအတွေ့အကြုံ အဖြစ်အပျက်များကိုပြန်လည်စားမြုံ့ပြန်နေဘို့ ဘုရားသခင်အလိုတော်မရှိပါ။ တမန်တော်ရှင်ပေါလုကငါပြုသောအမှုတစ်ခုဟူမူကားနောက်ကျသောအရာတို့ကိုမမှတ်ပဲ၊ရှေ့၌ရှိသော အရာတို့ကိုကမ်းလှမ်း၍ ယေရှုခရစ်အားဖြင့်ဘုရားသခင်သည်အရှေ့အရပ်မှခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကိုရခြင်းငှါပန်းတုံး တိုင်သို့ငါသည်လိုက်ပြေး၏(ဖိလိပိ္ပ၊ ၃း၁၃-၁၄)။ ထို့ကြောင့်နှစ်ဟောင်းမှာဆုံးရှုံးခဲ့သောငွေကြေး မ်ား၊ အခြားသူများကမိမိအပေါ် မတရားအနိုင်ကျင့်ခြင်းများ၊ သေဆုံးခဲ့သောမိသားစုများ လူတဦးတယောက်အပေါ်မှာ၊ မုန်းတီးခြင်း၊ ခါးသီးခြင်းများကိုမေ့ပစ်ဖို့အလိုတော်ရှိသည် အတိုင်းမေ့ပစ်ကြပါစို့။ ဖြစ်ပြီးတာတွေဖြစ်ပါစေ၊ဘုရားအခွင့်မရှိပဲ၊ဘယ်အရာမှာမှ၊မိမိတို့အပေါ်မှာ၊ မရောက်လာနိုင်ပါ။ ဖြစ်သမျှမိမိတို့အကျိုးအတွက်သာ၊ဘုရားသခင်ပြင်ဆင်ပေးနေသည်ဟု မှတ်ယူ ကြပါစို့။(ရောမ ၈း၂၈) 
        ချစ်သောဓမ္မမိတ်ဆွေ၊.. ရှင်ယာကုပ်က၊ ကျွနု်ပ်တို့အားသတိပေးသောစကား ကိုမှတ်သားစေလိုပါသည်။ ယနေ့ နက်ဖြန်ဤမည်သောမြို့သို့သွားကြကုန်အံ့ဟုဆိုတတ် သောသူတို့၊ နားထောင်ကြလော့။ နက်ဖြန်နေ့၌အဘယ်သို့ဖြစ်မည်ကိုမသိကြ။သင်တို့အသက်သည်အဘယ်သို့သောအရာဖြစ်သနည်း၊ ခဏထင်ရှားပြီးမှကွယ်ပျောက်တတ်သော အခိုးငွေ့ဖြစ်၏(ယာကုပ် ၄း၁၃-၁၄)။ နက်ဖြန်နေ့ကိုအမှီပြု၍မဝါကြွားနှင့်။တရက်အတွင်း တွင်အဘယ်သို့ဖြစ်လိမ့်မည်ကိုမသိနိုင်(သုတ္တံ ၂၇း၁)။ 
        ချစ်သောဓမ္မမိတ်ဆွေ..၊နှစ်သစ်မှာမိမိအသက်တာကိုပြန်လည်စမ်းစစ်ပါ။လူ၏အ ကြံအစည်၊လူ၏စီမံကိန်း၊အတွေးအခေါ်လုပ်ဆောင်ချက်များသည် ဘုရားအခွင့်မရှိပါက အချည်းအနှီးသက်သက်သာဖြစ်ကြောင်းနားလည်စေချင်ပါသည်။ ယောဘကဤသို့ဆု တောင်းပါသည်။ ငါ့အသက်သည်လေသက်သက်ဖြစ်ကြောင်းကိုအောက်မေ့တော်မူပါ။ (ယောဘ၇း၁၇) ဆာလံဆရာဒါ၀ိဒ်ကဤသို့စပ်ဆိုပါသည် ကျွနု်ပ်အသက်တာကို တမိုက်မျှသာ ခန့်ထားတော်မူပြီ။ ကျွနု်ပ် အရွယ်သည်ရှေ့တော်၌ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏ အကယ်စင်စစ် လူမည်သည်ကား လူ၏ အထွဌ်သို့ရောက်သော်လည်း၊ အနတ္တသက်သက်ဖြစ်ပါ၏(ဆာလံ၃၉း၅) ဘုရားသခင်၏လူမောရှေက အကျွနု်ပ်၏နေ့ရက်ကာလသည်မီးခိုးကဲ့သို့ကုန်တတ်ပါ၏။ 
(ဆာလံ ၁၀၂း၂) ။မှန်ပါ၏ချစ်သောမိတ်ဆွေမိမိပါးစပ်မှရှုထုတ်လိုက်သောမီးခိုးကိုကြည့်ပါ။ မကြာမှီလေထဲမှာပျောက်ကွယ်သွား သည်ကိုတွေ့ရပေလိမ့်မည်။ ထို့ကြောင့်မီးခိုးကဲ့သို့ ဖြစ်သောမိမိအသက်တာမကုန်မှီ၊ အသက်ရှင်သောဘုရားကိုအောက်မေ့သင့်ပါပြီ။ ဆာလံဆရာက လူသည်အငွေ့နှင့်တူပါ၏။လွန်သွားတတ်သောအရိပ်ကဲ့သို့ဖြစ်ပါ၏ (ဆာလံ ၁၄၄း၄)။ မှန်ပါ၏။ ချစ်သောမိတ်ဆွေ မနက်ပိုင်းမှာနေထွက်၍ရှည်လျားသော သစ်ပင်၏ အရိပ်ကိုကြည့်ပါ။ နေမင်းကြီးတိမ်ဖုံး သွားသောအခါအရိပ်များလည်း ပျောက်ကွယ် သွားကြောင်းတွေ့ရပေမည်။ ထို့အတူကျွနု်ပ် တို့၏အသက်၀ိညာဉ်ကိုအစိုးရ၍ချုပ်ထားနိုင်သော သူလူတယောက်မျှမရှိ။သေချိန် ရောက်သော အခါ၊ တန္ခိုးမရွိ။(ဒေသနာ၈း၈)။ချစ်သောမိတ်ဆွေ၊ ဤဆောင်းပါးရေးနေချိန်ပင်လျှင်၊ မြန်မာပြည် မွ ဖုန်းလာ၍အမျိုးသမီးအသက် (၆၀)နှစ် တစ်ဦး၊အမျိူးသားအသက်(၄၅)နှစ်တစ်ဦး၊ဒီဇင် ဘာ(၂၆)ရက်၊ (၂၇)ရက်နေ့တွင်သေ ဆုံးသွားကြောင်းသတင်းများရရှိပါသည်။ ဒီဇင်ဘာ (၂၅)ရက်မှ (၃၁)အကြား၊ ဘယ် နှစ်ယောက်ဤလောကမှထွက်သွားဦးမည်နည်း။နှစ်သစ်ကိုမ၀င်ရပဲအချိန်မရွေး ကျွနု်ပ်တို့ သေနိုင်ပါသည်။ မိတ်ဆွေ၏အသက်၀ိညာဉ်သည် မိတ် ဆွေ၏လက်၌မရှိပါ။ဘုရားရှင်၏ လက်တော်၌ရှိကြောင်းသတိရအောက်မေ့လျက်၊ အ သက်ရှင်တုန်း၊ သခင်ဘုရားနှစ် သက် တော်မူသောအရာသည်အဘယ်အရာဖြစ်သည်ကို သင်ကြစို့။(ဧဖက်၅း၁၀)။ 
တစ်ခါမျှမလိုက်သေးသောလမ်း။ 
        ချစ်သောဓမ္မမိတ်ဆွေများ၊.. ယခုနှစ်၂၀၁၁ နှစ်သည်၊တစ်ခါမျှမလိုက်သေးသော လမ်းကဲ့သို့ဖြစ်ပါသည်။ ၂၀၁၁ခုနှစ်၊ဇန်နဝါရီ(၁)ရက်၊ ဒီဇင်ဘာ(၃၁)ရက်အတွင်းဘာတွေ၊ကြုံတွေ့မည်၊ဘာတွေဖြစ်လာမည်ကို၊ အဘယ်သူမျှခန့်မှန်းကြိုတင်ဟောကိန်း မထုတ်နိုင်ပါ။ မနက်ဖြန်ပင်လျှင်ဘာဖြစ်လာမည်ကိုမပြောနိုင်ပါ။ 
        တခါက က္ကသရေလလူတို့သည်အဲဂုတ္တုပြည်ကျွန်ခံရာမှလွတ်လာပြီးနှစ်ပေါင်း (၄၀)ကြာ၊ တောထဲမှာလှည့်လည်လျှက်နေကြ၏။ ယခုအချိန်မှာ၊ရှိတိ္တမ်မြို့မှပြောင်း၍ယောဒန်မြစ်ကို မကူးမီမြစ်နား တွင်စားခန်းချကြ၏။ သုံးရက်စေ့သောအခါတပ်မှူးတို့သည် တပ်တလျှောက်လုံးသို့သွား၍သင်တို့ ဘုရားသခင်ထာ၀ရဘုရား၏ပဠိညာဉ်သေတ္တာကို၄င်းသေတ္တာထမ်းသောယဇ်ပရောဟိတ်လေ၀ိ သားတို့ကို၄င်းမြင်လျှင်သင်တို့သည်နေရာပြောင်း၍လိုက်ရကြမည်။သေတ္တာတော်နှင့်သင်တို့စပ်ကြား အတောင်နှစ်ထောင်ခြား၍ခရီးကွာေ၀းစေရမည်။ လိုက်ရသောလမ်းကိုသိမည်အကြောင်းသေတ္တာတော်အနီးသို့မချဉ်းပဲလိုက်ရကြမည်။ ဤလမ်းသို့သင်တို့သည် တခါမျှမလိုက်ကြသေးဟုလူအပေါင်းတို့ အား မွာထား တော်မူ၏။(ယောရှု ၃း၁-၄) 
        ပထမအချက်အနေဖြင့်က္ကသရေလလူတို့၏ရှေ့ဆုံးမှာပဠိညာဉ်သေတ္တာသွားသကဲ့သို့လာမည့်နှစ်သစ်မှာ၊ ဘာပဲလုပ်လုပ်၊ဘုရားသခင်ကိုရှေးဦးစွာတိုင်ပင်ပြီးလုပ်ဆောင်ပါ။ဘာမဆိုမလုပ်မှီ..ဘုရားသခင်အ လိုတော်ရှိ၊မရှိသက်သေအရင်ဆုံးရှာပါ။ အရာရာမွာ ဘုရားကိုဦးထိပ္ထားပါ၊ ဦးစားပေးပါ။ ကိုယ်ကဘုရားရှေ့ကိုမရောက်ပါစေနှင့်။ တခါက အရှင်ယေရှုရှေ့မှာရောက်နေသော ရှင်ပေတရုကို ကိုယ်တော်သည်မျက်နှာတော်ကို လှည့်၍အချင်းရန်သူ(စာတန်)ငါ့နောက်သို့ဆုတ်လော့။သင်သည်ငါတိုက်မိ၍လဲစရာ အကြောင်းဖြစ်၏။ ဘုရားသခင်၏အရာကိုစိတ်မစွဲလန်း၊လူတို့၏အရာကိုသာစွဲလန်း သည်ဟု မိန့်တော်မူ၏(မဿဲ ၁၆း၂၃)။ ချစ်စွာသောဓမ္မမိတ်ဆွေ၊ ကျွနုပ်တို့သည်လည်း ရှင်ပေတရုကဲ့သို့ ဘုရားသခင်ကိုရှေ့မှာထားမည့်အစား(ဝါ)ဘုရားအလိုတော်ကိုဦးစား ပေးမည့်အစား မိမိအလို၊ မိမိဆန္ဒကိုထိပ်ဆုံးမှာထားနေပါသလား။ သို့ဖြစ်လျှင်ကျွနု်ပ်တို့သည်ဘုရားသားဖြစ်လျှက်ဘုရားရန်သူစာတန် ဖက်တော်သားဖြစ်လျှင် ခရစ်တော်ဘုရား အတွက်တိုက်မိ၍လဲစရာခလုတ်ကန်သင်းဖြစ်သွားပေလိမ့်မည်။ 
        ဒုတိယအချက်..အနနှင့် ယဇ်ပရောဟိတ်နှင့် လေ၀ိသားတို့သည် ပရိတ်သတ်ရှေ့ မှာသွားသကဲ့သို့ ကျွနု်ပ်ဦးဆောင်သူများ၊ဓမ္မဆရာ၊သင်းအုပ်ဆရာ၊ဧဝံဂေလိဆရာ၊သင်း ထောက်လူကြီးများတို့ သည်ဘုရားသခင်၏ သိုးတော်စုကိုထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်း ရသောကြောင့်မဟုတ်၊မစင်ကြယ်သောစီးပွားရေးကို တပ်မက်သောကြောင့်မဟုတ်ပဲ၊အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြရမည်။ အသီးသီးအုပ်သောအသင်းတော် တို့ကို အာဏာထား၍အစိုးတရပြုသည်မဟုတ်ပဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြ သောသူဖြစ်ရကြမည်။(၁ပေ ၅း၂-၃)ဆိုလိုသည်မှာ အသင်းတော်၌ဦးဆောင်သူသည်ကျမ်းစာဖတ်ခြင်းအရာမှာ၄င်း၊ ဆုတောင်းခြင်းအရာမှာ၄င်း၊သက်သေခံဟောပြောခြင်း အရာမှာ၄င်း၊ သည်းခံခြင်း၊နှိမ့်ချခြင်းအရာမှာ၄င်း၊ ယုံကြည်သူအသင်းသားများရှေ့မှာ ပုံသက်သေကောင်းပြသနိုင်သူဖြစ်ရပါမည်။ ယုံကြည်သူ၊အသင်းသူ/သားများထက် သာလွန်ရပါမည်။ 
        တတိယအချက်..အနေဖြင့် ယုံကြည်သူ၊အသင်းသားများသည် မိမိကိုအုပ်သော သူတို့၏စကားကိုနားထောင်၍ နှိမ့်ချလျှက်နေရကြမည်။(၁ပေ ၅း၁၇) ဆိုလိုသည်မှာအသင်းသူ/သားများသည်သင်းအုပ်ဆရာ၊ ဓမ္မဆရာများထက်ပညာရှိသည်ဖြစ်စေ၊ ဥစ္စာရှိ သည်ဖြစ်စေ၊ သင်းအုပ်တို့၏စကားကိုနားထောင်ရပါမည်။ ဘယ်ကိစ္စမဆိုဘုရားသခင်၏ အလိုတော်ကိုပိုင်းခြား၍ မသိပါကနှိမ့်ချသောစိတ်နှင့်သင်းအုပ်တို့နှင့်တိုင်ပင်ပြီးဆွေးနွေး ရပါမည်။ ထိုသို့သောစိတ်သဘောဖြင့်အသက်ရှင်ပါက ယခုသွားရမည့်တခါမျှမလိုက် သောနှစ်သစ်လမ်းခရီးမှာလုံခြုံစွာလျှောက်လှမ်းနိုင်လိမ့်မည်။ 
        စတုတၳအချက်..အနေဖြင့်ပဠိညာဉ်သေတ္တာနှင့်ပရိတ်သတ်တို့သည်အတောင်နှစ်ထောင် (ပေပေါင်း၃၀၀၀) အကွာမှလိုက်ရကြမည်။သို့မှသာလျှင်ပဠိညာဉ်သေတ္တာကိုမြင်ပြီးဘုရားလမ်းပြသည့် အတိုင်းလျှောက်လှမ်းတတ် ပေလိမ့်မည်။အကယ်၍ပရိတ်များ ပဠိညာဉ်သေတ္တာနှင့်အနီးကပ်လိုက်ပါကရှေ့ကလူများကာဆီးထားသဖြင့်နောက်ကလူ များမမြင်ပဲ လမ်းမှားပေလိမ့်မည်။ 
        ပဉ္စမအချက်..အနေဖြင့်လာမည့်နှစ်သစ်မှာဘုရားသခင်၏အံ့သြဘွယ်လက်တော် ကိုမြင်နိုင်မည့် အကြောင်းကိုယ်ကိုကိုယ်သန့်ရှင်းစွာအသက်ရှင်ရပါမည်။ ယောရှုကလည်းသင်တို့သည် ကိုယ်ကိုကိုယ်သန့်ရှင်းစေကြလော့၊ အကြောင်းမူကားနက်ဖြန်နေ့၌ထာ၀ရဘုရားသည်အံ့သြဘွယ်အမှုတို့ကို သင်တို့တွင်ပြုတော်မူမည်ဟု လူများတို့အားမှာထားတော်မူ၏။(ယောရှု ၃း၅) 
        ချစ်သောဓမ္မမိတ်ဆွေ..က္ကသရေလလူတို့အနေဖြင့်မကြာမှီယောဒန်မြစ်ကြီးကိုဖြတ် ကူးပြီးခါနန်ပြည်ကို၀င်စားပေတော့မည်။ သို့သော်ထိုအချိန်မှာမြစ်ရေသည်လျှံလျက်ရှိ၏။ လှေဖြင့်ကူး၍မရ။ ပင်လယ်နီကိုဖြတ်ကူးသည်နည်းတူမြစ်ရေကိုနှစ်ခြမ်းကွဲအောင်လုပ် တော့မည်မဟုတ်ပေ။ 

မောရှေသည်လည်းသေဆုံးခဲ့ပြီ။ ထို့ကြောင့် ဘုရားသခင်၏အံ့သြ ဘွယ်ရာလက်တော်သာ သူတို့နှင့်အတူမရှိပါက ယောဒန်မြစ်ကြီးကိုဖြတ်ကူး၍ရမည်မ ဟုတ်ပေ။ ဤသို့အံ့သြဘွယ်မြင်ဖို့ အရင်ဦးဆုံးလိုအပ်ချက်မှာ အသက်တာသန့်ရှင်းဘို့ ဖြစ်ပါ၏။ သန့်ရှင်းခြင်းပါရမီမရှိလျှင် ထာ၀ရဘုရားကိုမဖူးမမြင်ရ။(ဟေဗြဲ ၁၂း၁၄) ထိုနည်းတူစွာကျွနု်ပ်တို့အသက်တာသည်လည်းသန့်ရှင်းစွာအသက်ရှင်ဖို့လိုပါသည်။ မိတ်ဆွေ၌ရှိသောဒုစရိုက်အပြစ်များကိုနောင်တရလျှက် ၀န်ချတောင်းပန်၍ စွန့်ပစ်သော သူမူကားဂရုဏာတော်ကိုခံရလိမ့်မည်။(သုတ္တံ ၂၈း၁၃) ချစ်သောမိတ်ဆွေ ဘုရားသခင် ၏အံ့သြဘွယ်လက်တော်ကိုနှစ်သစ်မှာတွေ့မြင်လိုပါက အရက်၊ဆေးလိပ်၊ကွမ်းယာ၊ 
လောင်းကစား၊ မတရားသောမေထုန်ပြုခြင်း၊ သူတပါးအပေါ်အနိုင်အထက်ပြုခြင်းများ ကိုပယ်ရှားကြပါစို့။ (ဧဖက် ၄း၂၀-၂၅။ ၅း၃-၄)။ သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်း မူကားငါသည်သန့်ရှင်းတော်မူသောကြောင့်သင်တို့သည်လည်းသန့်ရှင်းခြင်းရှိကြလော့ ဟု ကျမ်းစာလာသတည်း။(၁ပေ ၁း၁၅-၁၆) 
        ချစ်စွာသောဓမ္မမိတ်ဆွေ၊.. နိဂုံးအနေဖြင့်မှာကြားပါရစေ၊ လူတွေကိုကြည့်ပါ၊ နှစ်သစ်ရောက်ပြီဆိုလျှင် အ၀တ်အစားအသစ်၊ နာရီအသစ်၊ အသုံးအဆောင်ပစ္စည်း အသစ်၊ ချမ်းသာသောသူများက ကားအသစ်၊အိမ်အသစ်၊အခြားဘာသာ၀င်ထဲမှ ချမ်းသာသူများမှာမူ နှစ်သစ်မှာအမျိုးမျိုးသော အသစရှာ်ကြပြန်သည်။ ဤသို့ဖြင့် အရာရာကို အသစ်၊အသစ်ဖြစ်အောင်ရှာဖွေ၀ယ်ယူသည်မှာ အပြစ်ဟူ၍မဆိုလိုပါ။ သို့သော် ယုံကြည်သူများအတွက် ဘုရားရှင်သည်ဘယ်အရာကိုအသစ်ဖြစ်စေချင်မည်နည်း၊ ဘယ်အရာကိုဘုရားရှင်သည် မိတ်ဆွေအားတောင်းဆိုမည်နည်း။ ငါ့သားသင့်နှလုံးကို ငါ့အားပေးလော့၊ (သုတ္တံ ၂၃း၂၆) မှန်ပေ၏၊ မိတ်ဆွေ၌ရှိသောကျောက်နှလုံးကိုထုတ်၍ဘုရားရှင်အားပေးပါကဘုရားရှင်သည်စိတ်နှလုံးအသစ်ကိုပေးမည်။ သေဘာအသစ္ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲကကျောက်နှလုံးကိုနှုတ်၍အသားနှလုံးကိုပေးမည်၊ ငါ့၀ိညာဉ်ကိုသင်တို့အထဲသို့သွင်းပေးသဖြင့်သင်တို့သည်ငါ၏တရားလမ်းသို့လိုက်၍ငါစီ ရင်တော်မူချက်တို့ကိုစောင့်လျှောက်ကြလိမ့်မည်။(ယေဇကျေလ ၃၆း၂၆) 
        ချစ်စွာသောဓမ္မမိတ်ဆွေ၊.. လူမည်သည်ကားခရစ်တော်၌ရှိလျှင် အသစ်ဖန်ဆင်း သောသတ္တဝါဖြစ်၏၊ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခပ်သိမ်းသောအရာ တို့သည်အသစ်ဖြစ်ကြပြီ၊(၂ကော ၅း၁၇)၊ ထို့ကြောင့်ဤနှစ်သစ်မှာခရစ်တော်၌ရှိသောသတ္တာဝါအသစ်ဖြစ်လျှက်တခါမျှမလိုက်ဘူးသေးသော 

နှစ်သစ်လမ်းခရီးကိုအသက်တာသန့်ရှင်းစွာ အသက်ရှင်၍ဘုရားသခင်နှင့်၄င်း၊ယုံကြည်သူများနှင့်၄င်း အတူတူမိတ်သဟာယဖွဲ့လျှက် တိုတောင်းသောအသက်တာကိုဘုရားသခင်ထံတော်ဆက်ကပ်လျှင်သင့်ကိုစွန့်တော်မမူ၊ ပစ်ထားတော်မမူ၊မစိုးရိမ်နှင့်၊ယောရှုနှင့်က္ကသရေလလူမျိုးများဘုရားသခင်အံံ့သြဘွယ်ရာ လက်တော်တန်ခိုးဖြင့်ယောဒန်မြစ်ကိုဖြတ်ကူး၍ခါနန်ပြည်ကို၀င်စားသကဲ့သို့ကျွနု်ပ်တို့ သည်လည်း(၂၀၁၆)နှစ်သစ်တစ်နှစ်ပါတ်လုံးအောင်မြင်စွာကျော်ဖြတ်လျှက်ကြွယ်၀ 
သောကောင်းကြီးမင်္ဂလာနှင့်ပြည့်၀စေကြောင်းဆုမွန်ကောင်းတောင်းရင်းနိဂုံးချုပ်အပ် ပါသည်။

Rev.Dr.ပေါလ်ခေကျိုင်း ၏ဆောင်းပါး.... ဖေါ်ပြခြင်းဖြစ်ပါသည်....

Tuesday, 6 October 2015

အချစ် ဆိုသည်မှာ

အချစ်ဘယ်နှစ်မျိူးရှိသနည်း။ ဘယ်လိုအချစ်မျိူးနဲ့ ချစ်ရမှာလည်း။ကိုယ်နှင့် အမျှချစ်ပါဆိုတာ ဘယ်လိုလည်း။
ကျနော်က အချစ်ဆရာကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ မေးနေကြတာတွေကသိသင့်ပေတယ်။

အချစ်ဆိုတာ Love is blind. အချစ်မှာ မျက်စေ့ မရွိပါ ဆိုတဲ့ ရူးပေါပေါ အတွေးအခေါ်မျိူးမဟုတ်ဘူး။ အချစ်ဆိုတာ တကယ်တော့ relationship လို့ခေါ်တဲ့ လူလူချင်းဆက်ဆံဆက်နွယ်တဲ့ သံယောဇဉ်မျိူးလည်းဖြစ်ပေတယ်။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် အချစ်ကို သိထားဘို့လိုပေတယ်။ ဘယ်လိုချစ်မှာလဲ။ ဘယ်လိုအချစ်ခံမှာလည်းကတော့ ကာယကံရှင်နဲ့သာဆိုင်ပါတယ်။
အချစ်အမျိူး အစားမ်ား
ဗုဒ္ဓယဉ်ကျေးမှု စာပေတွေမှာတော့ အချစ်ကို ၂ မျိူးခွဲပြလေ့ရှိတာတွေ့ရပေမဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတော့ မတွေ့ပါ။ ၁၅၀၀ အချစ်ကို ပူလောင်တဲ့ အချစ်လို့ ပြောဆိုနေကြပြီး။ ၅၂၈ ကိုတော့ အေးမြတယ်လို့ဆိုလေ့ရှိပါတယ်။ ၁၅၀၀ အချစ်လို့ ခေါ်နေတာကတော့ ဖိုမအချစ်ကိုဆိုလိုဟန်ရှိပြီး။ ၅၂၈ အချစ်ကိုတော့ မောင်နှမအချစ်လို့ အကြမ်းအားဖြင့်ခွဲထားတာကို ယဉ်ကျေးမှုစာပေတွေ၊ သီချင်း၊ ဂီတ၊ ကဗျာတွေအားဖြင့်သာတွေ့ရပေတယ်။ ဒါကြောင့် လူတိုင်းနဲ့ မကင်းတဲ့ အချစ်ကို ဗုဒ္ဓဒေသနာဆရာတွေက ဒုက္ခလို့ မြင်ပေတာပဲ။

ဆိုးတာက နီးစပ်ရာစာပေယဉ်ကျေးမှုမှာတော့ အချစ်ကို Love လို့ ရောပြီးဘာသာပြန်ပြောဆို သုံးစွဲလေ့ရှိတာမို့ အချစ်အမျိူးအစားခွဲပြဘို့ ခက်ပေတယ်။ တဏှာပေမနဲ့ ချစ်ခြင်းကိုခွဲဘို့ ဆိုပြန်တော့လည်း ခက်လှပေတယ်။ ကျနော့်အနေနဲ့ ဘာသာရေးဘက်ကို စောင်းပေးရေးတာမျိူး သင်ကြားခြင်းဆန်ဆန်ရေးတာမျိူးထက် တကယ့် လူသားဆန်ဆန်တွေ့မြင်သွားပြီး ကိုယ်တိုင် ဘယ်လိုလျောက်သင့်တယ်ဆိုတာမျိူးကို ပိုမြင်စေချင်လို့ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ မြင့်မားတဲ့ ဂရိစာပေယဉ်ကျေးမှု ကေန ထုတ္ထားတဲ့ အချစ်နဲ့ ပါတ်သက်ဆက်နွယ်တဲ့ အမျိူးအစားတွေကို ဝေငှပေးချင်ပါတယ်။ အချစ်ဆိုတာကို အမျိူးအစားခွဲပြတာပေါ့လေ။

လူတိုင်းဟာ ချစ်တယ်ဆိုပေမဲ့ ချစ်တာချင်းကြတော့ မတူဘူး။ လူသားဆန်ဆန် ဘယ်လိုချစ်မိနေလည်းဆိုတာကိုတောင် ဖုံးအုပ်ထားပြီး ကိုယ်ကျိူးစွန့် အနစ်နာခံပြီး ချစ်တယ်ဆိုတာမျိူး ပြချင်ကြ ပြောချင်ကြတာပိုများပေတယ်။ ပြောချင်တာက ဘာသာရေးထက် လက်တွေ့ဆန်တဲ့ အချစ်ကို မြင်သွားအောင်ပြောဘို့ သင်ဘို့ မလိုဘူးလို့ ယူဆနေကြတာ ခက်ပေတယ်။ ကိုယ်တိုင်လည်း မလျောက်နှိုင်ကြပဲ သူတပါးကိုယ်လိုက်လျောက်စေချင်တာ အတ္တကြီးလွန်းနေတာမျိူးနဲ့ မထူးပါဘူး။ သဘောကတော့ ကိုယ်တိုင်မပေးပဲ သူများကိုပဲပေးဘို့သင်ရင် ကိုယ့်ရဲ့ ဦးတည်ချက်ကဘာလဲ သိသာပါတယ်။ ကိုယ်တိုင်လည်းပေးကမ်းတတ်ပြီး သူများကိုလည်း ပေးကမ်းဘို့သင်တာမျိူးကိုဆိုလိုတာပါ။ ဒီတော့ ကိုယ်တိုင်ဘယ်လို ချစ်ပြီး သူများကို ဘယ်လို ချစ်ရမှာလည်းဆိုတာသိဘို့ လိုမယ်ထင်ပါတယ်။
ဘယ်လို ချစ်ကြမှာလည်း....

Eros Love (Passionate Love)
romantic love လို့ညွန်းရမယ်ထင်ပါရဲ့။ တကယ်တော့ ဒီအခ်စ္က အရွယ်နဲ့ ပါတ်ဝန်းကျင်ကသင်ကြားပေးလိုက်ခြင်းကနေဖြစ်လာတဲ့ အချစ်ပါပဲ။ ဒီအချစ်ထဲမှာ ကြီးမားတဲ့ တပ်မက်မှုပါတယ်။ အာရုံ ငါးပါးနဲ့ ခံစားချင်တဲ့ စိတ်ပါတယ်။ ရင်းနှီးကြွမ်းဝင်မှုပါတယ်။ ရိုးရိုးလေးပြောရရင် မိမိဆန္ဒကိုဦးစားပေးပြီး "ချစ်တယ်" လို့ပြောတာမျိူးပါ။ ဥပမာ အနေနဲ့ပြောရရင် တွေ့ဘို့ချိန်းတာမျိူးပါ။ တဘက်သားဆန္ဒကို သိပ်ထည့်မတွက်ပဲ ကိုယ်တွေ့ချင်တဲ့ ဆန္ဒကိုပဲ ဦးစားပေးတာမျိူးပေါ့။ မတွေ့ရမနေနှိုင်ဖြစ်နေတာဘာကြောင့်လည်းလို့ တွေးကြည့်ပေါ့။ ဒါကို Passionate Love လို့ ညွန်းရင် ပိုသင့်တော်မယ်ထင်ပါတယ်။ စိတ်ခံစားမှုကိုဦးစားပေးတာမျိူးပါပဲ။ ပြောင်းလဲတတ်ပေတယ်။ ရိုးရိုးချစ်နေရာကနေ လိင်စိတ်များပြီးချစ်တာမျိူးထိ ဖြစ်တတ်ပေတယ်။ အလိုမကျရင် နောက်တယောက်ထပ်ရှာဘို့ ဝန်လေးမှာမဟုတ်ပေဘူး။ ဒီလိုအချစ်မျိူးကို ဆိုးလိုက်လေလို့ပြောလို့မရသလို ကောင်းတယ်လို့လည်း ညွန်းလို့ မဖြစ်နိူင်ပါဘူး။ လိင်စိတ်နဲ့ ရင်းနှီးကြွမ်းဝင်မှု ဆိုတဲ့ တုန့်ပြန်မှုပေါ်မှာလည်းတည်နေတတ်တာမျိူးပါပဲ။ စိတ်လှုပ်ရှားမှု၊ အတွေ့အထိခံစားမှု စတာတွေအပေါ်မှာ တည်မှီပြောင်းလည်းတတ်ပေတယ်။

Ludus Love (Game-playing Love)
ဒါကိုတော့ ဟန်ဆောင်ချစ် လို့ခေါ်ရင် သင့်တော်မယ်ထင်ပါရဲ့။ ကိုယ့်အတွက်လိုအပ်လို့ ချစ်တာမျိူးပေါ့။ ဗမာလိုဆိုရင် ပွဲတက်မယား လိုဟာမျိူးပါ။ ရုပ်ပြအနေနဲ့ ထားတာမျိူးပါပဲ။ ကိုယ်နဲ့ သင့်တော်တယ်ထင်လို့ ချစ်တယ် ဆိုတာမျိူးပါပဲ။ ရင်ခုန်ပြီးချစ်တာမျိူးမဟုတ်ပေမဲ့ ပန်းတိုင်တူကိုလက်တွဲလျောက်တာမျိူးလည်းဖြစ်နေတတ်တယ်။ ရင်းနှီးမှု ကြွမ်းဝင်မှုလည်းရှိနေတတ်တာပါပဲ။ မြင်အောင်ပြောရရင် အကြောင်းမတိုက်ဆိုင်လို့ ကွဲရရင်လည်း လွမ်းကျန်ရစ်မှာတော့ မဟုတ္ဘူး။ ဆိုလိုတာက ရိုးမြေကျချစ်တယ်ဆိုတာမျိူးတော့မဟုတ်ဘူး။ တွေ့ရင် ချစ်လိုက်မယ်။ မတွေ့ရလည်း အကြောင်းတော့မဟုတ်ဘူး ဆိုတာမျိူးပါ။

Storge Love (Friendship Love)
မိတ်ဆွေချစ်ကို အခြေခံပြီးဖြစ်လာတဲ့ အချစ်မျိူးပေါ့။ အဖေါ်အနေနဲ့ ချစ်တာမျိူးကိုဆိုလိုတာပါ။ အတူတကြ မျှဝေခံစားမယ်ဆိုတဲ့ စိတ်တော့ရှိပေတယ်။ ရင်းနှီးကြွမ်းဝင်မှုလို့ပြောတဲ့ ကိုယ်ရောစိတ်ရော မျှဝေခံစားတာကြတော့ နည်းတတ်တယ်။ ဆိုလိုတာက မိမိရဲ့ ရှုံးနိမ့်မှုကိုဝှက်ထားတတ်တယ်။ ပျော်ရွင်မှုအောင်မြင်မှုကိုကြတော့ ထုတ်ဖေါ်ပြောတတ်ပေလိမ့်မယ်။ ဒီအချစ်မျိူးဟာ ချစ်သူနဲ့ အခ်စ္ခံရသူရဲ့ ဆက်ဆံရေးမှာ လုံးလုံတည်နေတတ်တယ်။ ဒီအချစ်မျိူးက လက်ထပ်ပေါင်းသင်းဘို့မသင့်တဲ့ အချစ်မျိူးဖြစ်ပေတယ်။ အဲဒီအချစ်နဲ့ လက်ထပ်ပေါင်းသင်းမယ်ဆိုရင် လက်ထပ်သူ ၂ ဦးကြားမှာ ဆက်ဆံရေးက မိခင်နဲ့သား။ ဖခင်နဲ့ သမီး ချစ်ခြင်းနဲ့ တူနေတတ်တာမျိူးမို့ပါပဲ။ ဆိုလိုတာက ရင်ခုန်တဲ့ အခ်စ္မပါဘူး။ တက်ကြွတဲ့ချစ်ခြင်းမရှိဘူး။ သွေးအေးသွားပြီး ချစ်ခြင်းပျောက်သွားနှိုင်ပေတယ်။

Pragma Love (Logical Love)
~~~~~~~~~~~~~~~~~
ကြောင်းကျိူးဆီလျော်မှုရှိတဲ့ အချစ်မျိူးကိုဆိုလိုတာဖြစ်တယ်။ ကျမ်းစာမှာပါတဲ့ Philos Love နဲ့ဆင်တူမို့ တခါထည်း ရောပြောသွားမယ်။ အကြောင်းပြချက်ရှိနေတတ်တဲ့ အချစ်မျိူးပါ။ လှလို့၊ ပညာတတ်လို့၊ ငွေရှိလို့၊ ဂုဏ်ရှိလို့ စတာတွေအပေါ်မှာ တည်နေတတ်တာမျိူးပါပဲ။ တဘက်လူအပေါ်မှာ စိတ်ဝင်စားစရာ တခုခုရှိနေတတ်ပြီး နောက်ဘာဖြစ်လာမှာလည်းဆိုတဲ့ အပေါ်မှာလည်းတည်နေတတ်တယ်။ ဘာနဲ့ တူသလဲဆိုရင် ပင်လယ်မှာရှိနေတဲ့ လှိုင်းလုံးတွေနဲ့တူတယ်။ ဆိုလိုတာက လှိုင်းလုံးကပျောက်မသွားဘူး ဒါပေမဲ့ လှိုင်းမှာ မြင့်တက်ခြင်းရှိနေသလို နိမ့်ကျသွားတဲ့ အခြေအနေ ၂ ရပ်လုံးရှိနေတာမျိူးပေါ့။ အခြေအနေက တဝက်၊ သစ္စာတရားကတဝက်ဆိုတဲ့ ရပ်တည်ချက်မျိူးပါပဲ။ ဒါပေမဲ့ ဒီအချစ်မျိူးက အဆောက်အဦးဆောက်တာမျိူးနဲ့လည်း တူတယ်။ အပေးအယူမျှနေသရွေ့ တဖြေးဖြေးမြင့်တက်လာတတ်ပေတယ်။ တဖြေးဖြေးခိုင်မာလာတတ်တယ်။ အခြေခိုင်လေ အဆောက်အဦးကောင်းလေမျိူးပါ။ လိုအပ်ချက်နဲ့ ဖြည့်စည်းပေးနိူင်မှု ကိုက်ညီရင် အဆင်ပြေပါတယ်။ သေဘာက အစားကောင်းကြိုက်တဲ့သူနဲ့ အချက်အပြုတ်ကောင်းသူ။ ငွေရှာကောင်းသူနဲ့ ထိမ်းသိမ်းတတ်သူ။ အံဝင်ခွင်ကျနေရင် ချောမွေ့မှာပါပဲ။ ဟန်ဆောင်ရင်တော့ နိဂုံးမလှနှိုင်ဘူးပေါ့။

Mania Love (Possessive Love)
~~~~~~~~~~~~~~~~~~
ဒုက္ခကို လက်ပြခေါ်တဲ့ အချစ်မျိူးပါ။ မှီခိုချင်စိတ်ကြောင့် ခ်စ္မိတဲ့ အချစ်မျိူး။ မနာလိုစိတ်ကြောင့် ရယူမိတဲ့ အချစ်မျိူးတွေပါပဲ။ အတော်ကိုကြောက်စရာကောင်းပေတယ်။ တခါတေလမွာ မိမိစိတ်ကိုမိမိ မသိလိုက်ပဲ လိုချင်မှုအားကြီးပြီး ရအောင်ကို ယူလိုက်တာမျိူးပေါ့။ မြင်အောင်ပြောရရင် ကိုယ်စိတ်ဝင်စားတဲ့ အချိန်မှာ စိတ်ဝင်စားတဲ့သူက တခြားတယောက်ကို ချစ်နေတာမျိူး ကို မနာလိုစိတ်နဲ့ အတင်းလိုက်ပြီး ချစ်နေမိတတ်တယ်။ ကိုယ့်ဘက်ပါလာအောင်အတင်းစွဲဆောင်မိနေတတ်တယ်။ တကယ်လည်းရရော စိတ္က လုံးဝပြောင်းသွားပါလေရော။ အတော်ကို ကြောက်စရာကောင်းပေတယ်။ ကိုယ်တိုင်က မနာလိုမှုအပေါ်မှာပဲ အခြေခံထားတော့ တဘက္သားရဲ့ အားနည်းချက်တွေကိုပဲ ပုံကြီးချဲ့ စည်းရုံးတာပေါ့လေ။ ဒီအခ်စ္က တဘက်ပဲခံရတာမဟုတ်ဘူး။ ပြုသူရော အပြုခံရသူပါ ဒုက္ခရောက်ရတယ်။ ပြုသူကိုရော အပြုခံရသူကိုယ်တိုင်ရော သေချာသိနေဘို့လိုတယ်။ အားကိုးချင်စိတ်လွန်ကဲတယ်၊ မှီခိုချင်စိတ်လွန်ကဲတယ်ဆိုရင်လည်း ဒီအချစ်အမျိူးအစားထဲမှာပါတယ်။ ထင်သလိုဖြစ်မလာရင် ရွာပတ်တော့တာပေါ့လေ။ ရွာပတ်တယ်ဆိုတဲ့ စကားက တော်တော်ဆိုးတယ် ရွာထဲကမထွက်နိူင်ပဲ ဒုက္ခဖြစ်နေတာလေ။ တခုခုအပေါ်မှာစွဲလမ်းသွားတဲ့ ချစ်ခြင်းပါ။ အပြောအပေါ်မှာစွဲလမ်းသွားတာမျိူး၊ ရူးသွပ်သွားတာမျိူးပါ။ ဆိုလိုတာက ပိုင်ဆိုင်လိုမှုတခုထဲကိုဦးစားပေးလိုက်တာမျိူးပေါ့။ ဖြစ်လာမဲ့ အန္တာရာယ်ကိုလုံးဝကိုမမြင်တော့ဘူးဆိုတဲ့ ရူးသွပ်တာမျိူးပါ။ အချစ်လို့ေတောင်ပြောရခက်ပေတယ်။ ဒီအချစ်မျိူးက အစွန်းရောက်မုန်းတီးနာကျဉ်းမှုကိုပဲသွားပါလိမ့်မယ်။ ဒီလိုအချစ်မျိူးနဲ့ကြုံရင် နောက်ထပ်ချစ်ဘို့ကိုတောင် မလွယ်တော့ဘူးပေါ့။

Agape Love ( Selfless Love)
~~~~~~~~~~~~~~~~~
ချစ်တယ် ဆိုတဲ့ ထဲမွာ အမွန်မြတ်ဆုံးနဲ့ အချစ်ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်တဲ့ အဆင့်ပေါ့။ လွယ်တော့မလွယ်ဘူး။ Selfless လို့ခေါ်တဲ့ အတ္တကင်းကင်းချစ်မိတာမျိူးပေါ့။ ဘာတခုမွ ရယူလိုစိတ်မရှိ။ ဘာတုန့်ပြန်မှုကိုမှလည်း မမျှော်ကိုးပဲ ချစ်မိသွားတာမျိူးပါ။ ကိုယ်ချစ်တဲ့သူစိတ်ချမ်းသာဘို့ အရာရာ အနှစ်နာခံချစ်တာမျိူးပါ။ အနစ်နာခံတယ်လို့ကို စိတ်ထဲမှာမဖြစ်ပဲ အဲဒီအပေါ်မှာကို ကျေနပ်နေတာမျိူးပေါ့။ ကိုယ့်အပေါ်မှာ နာကျဉ်းစရာကောင်းလောက်အောင်လုပ်သွားတာတောင် မနာကျဉ်းပဲချစ်နေတာမျိူးပါ။ လျော့သွားတာမျိူး တိုးလာတာမျိူး ရှိနေမှာမဟုတ်ဘူး။ တသတ်မှတ်ထဲ အမြင့်ဆုံးအချစ်နဲ့ ချစ်နေမှတော့ လိုမှမလိုတော့တာပဲလေ။ ဆင်းရဲသွားလို့ အချစ်မလျော့၊ ချမ်းသာလာလို့ အချစ်မတိုး။ ကောင်းလာလို့ပိုမချစ်၊ ဆိုးသွားလို့ နောက်မဆုတ်၊ ကျန်းမာနေလို့ပိုချစ်တာမျိူးမဟုတ်သလို ချူချာသွားလို့ မချစ်နိူင်တော့တာမျိူးမဟုတ်ပေဘူး။ ဘုရားအချစ်နဲ့ နှိုင်းလေ့ရှိတာမို့ စိတ်ကူးယဉ်ဆန်တယ်လို့ထင်ကောင်းထင်မှာဖြစ်ပေမဲ့ လူမှာလည်း အဲလိုအချစ်မျိူးရှိပါတယ်။ အနစ်နာခံတယ်ဆိုပေမဲ့ ကိုယ့်အားနည်းချက်ကြောင့် မဟုတ်ပေဘူး။ ဆိုလိုတာက ကိုယ်က ဆင်းရဲလို့၊ ရုပ်ဆိုးလို့၊ ကျန်းမာရေးမကောင်းလို့ နောက်ဆုတ်ပေးတာမျိူး မဟုတ္ဘူး။ ကိုယ်တိုင်က အသာစည်းရပေမဲ့ သူ့စိတ်ချမ်းသာမှုကိုဦးစားပေးတာမျိူးပါ။ ကိုယ်သာတာကိုပေးချင်တာမျိူး မဟုတ်သလို။ ကိုယ်အားနည်းလို့နောက်ဆုတ်ပေးတာမျိူးလည်းမဟုတ်ဘူး။ အလျားအနံမရှိသလို။ အသွားအပြန်ကိုလည်း မှော်လင်းနေတာမဟုတ်ဘူး။ တကယ်တော့ ဒီလိုအချစ်မျိူးကို ကိုယ်ံရဲ့ အားသာချက်အပေါ်မှာ ရပ်တည်ပြီးစဉ်းစားရင် တွေ့ဘို့မလွယ်ဘူး။ သိဘို့လည်းမလွယ်ဘူး။ ကိုယ်ကျိူးမငဲ့ချစ်တာမို့ သိဘို့ မြင်ဘို့တောင်အတော်ခက်တယ်။

အချစ်တွေကို ခွဲပြတယ်ဆိုတာ
ကိုယ်က ဘယ်လိုချစ်မိတယ်ဆိုတာကိုသိနေဘို့ လိုအပ်သလို။
ကိုယ့်ကို ဘယ်လိုချစ်တယ်ဆိုတာလည်း ရှင်းအောင်သိနေဘို့လိုတယ်လေ။
လူတိုင်းမှာ အတ္တရှိနေတာမို့ ကိုယ်ကပဲချစ်တယ်လို့ ထင်နေတတ်တာမျိူးပါ။
ကိုယ့်အချစ်ကိုတော့ "Agape Love" လို့ထင်နေတတ်ပြီး သူများကိုတော့ တခြားအချစ်နဲ့ပါလို့ ထင်နေတတ်ပေတယ်။ ဒါကြောင့် တကယ်ပဲ ကိုယ့်နှလုံးသားကိုစစ်ဘို့လိုသလို အချိန်ယူလေ့လာဘို့လိုပါလိမ့်မယ်။

အချစ်ဆိုတာ စိတ်ကူးယဉ်နေရမဲ့ အရာမဟုတ္ဘူး။ လက်တွေ့ဆန်ရမှာဖြစ်တယ်။
လက်တွေ့ဆန်တယ်ဆိုတာ အပြောတွေအပေါ်မှာသရုပ်ခွဲတာမဟုတ်ဘူး။ မြင်သာတဲ့ အပြုအမူကို သေချာတဲ့ အထောက်အထားနဲ့ ချိန်ကြည့်တာပဲဖြစ်တယ်။

ကျနော့်ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်ရှိနေတာကတော့ ကိုယ်ချစ်တဲ့ အချစ်နဲ့ အမျိူးတူတာပဲ ရတတ်ပါလိမ့်မယ်။ စိတ်ကူးမယဉ်ပါနဲ့ စိုက်တဲ့ အတိုင်းပဲရိတ်ရမှာပါ။ ငှက်ပျောပင်စိုက်ပြီး ပန်းသီးစားချင်လို့တော့ မရဘူး။ ဆိုလိုတာက ကိုယ်ပေးတာနဲ့ တန်တာပဲရမယ်။ ကိုယ်က အပေါစားပေးပြီး အကောင်းစားတွေလိုချင်လို့တော့ မရနိူင်ဘူး။
တန်ဘိုးထားချစ်နိူင်ကြပါစေ။ ။
Alex
https://www.facebook.com/alexandar.tun/posts/750533441719194 မှကူးယူပါသည်။



Monday, 29 June 2015

ယေရှုခရစ်၏ လောကကို အောင်နည်း အပိုင်း(၁)

        ချစ်သောမိတ်ဆွေ၊ ဤေလာက၌ အသက် တစ်ရာ မနေရသော်လည်း အမှုတစ်ရာနှင့်
ကြုံတွေ့စ ရာရွိ၏။ သြမည ေါငည ဆရာတချို့၏ ဟောပြောချက်ကို နားယောင်ပြီး၊
ဒုက္ခထဲမှာ တွေဝေနေသော ယုံကြည်သူ မ်ားစြာရွိ၏။ အထက်ပါဆရာတို့၏ ဟောပြောသော
ဒေသနာမှာ ဘုရားသားဖြစ်လျှင် ကျန်းမာရမည်။ ဘုရားသားမှန်လျှင်
ဒုက္ခဆင်းရဲမကြုံရ။ အားလုံးအ ဆင်ပြေနေရမည်။ ထိုဆရာတို့ဟောပြောသည့်အတိုင်း
ဖြစ်မည်ဆိုပါက ဤလောကဆင်းရဲဒုက္ခမှ လွတ်နိုင်စ ရာ အကြောင်းရှိ၏။
သို့သော်လက်တွေ့မှာ အထက်ပါ ဆရာတော်များဟောပြောသည့်အတိုင်း ဖြစ်မလာ။
ဒုက္ခနှင့် ကြုံလာသောအခါ စိတ်ပျက်ဝမ်းနည်းရသည် သာမက ဘုရားသခင်ကိုပါ။
အသားလွတ်အပြစ်တင် ရသည် အခြေထိဆိုးဝါးခဲ့လေသည်။
        ဆရာကြီးများဟောပြောသည့်အတိုင်း ငါတို့ မ်ား ဘုရားသားမဖြစ်သေးတာလား၊
သို့မဟုတ် ဆရာ ကြီးများ၏ ဩဝါဒကမ်ား မှားနေရော့သလား၊ တစ္ခုခု
တော့မှားနေကြောင်း သတိရလာကြလေသည်။ ဤ အခြေအနေထဲမှာ ရောက်နေသော ယုံကြည်သူလူ
တစ်စုများအတွက် ရည်ရွယ်ပြီး ဤဆောင်းပါးအမှတ်
စဉ်(၂)ကိုရေးသားလိုက်ရခြင်းဖြစ်လေသည်။ ဤ ဆောင်းပါးသည် ကျွနု်ပ်ကိုယ်တိုင်
အခေါက်ခေါက် အခါခါဖတ်ရှုလေ့လာခဲ့သော ဒုက္ခပြဿနာ၊ ခရစ် ယာန်အဖြေစာအုပ်ကို
မှီငြမ်းပြီး ရေးသားကြောင်း ရှေးဦးစွာ ဝန်ခံလိုပါသည်။
        ယုံကြည်သူများအကြောင်း မစဉ်းစားမှီ ခရစ် တော်၏ အသက္တာကို ရှေးဦးစွာ
လေ့လာပါမည်။ အရှင်ယေရှုခရစ်သည် ကောင်းကင်မှ ြွကလာသော သခင်ဖြစ်ပါ၏။
        သူသည် ဘုရားစင်စစ်မှ လူ့ဇာတိခံယူလျက် မွေးဖွားခဲ့၏ (ဖိ၂း၆-၇)။
ထိုခရစ်တော်သည် လူ့ဇာတိ အဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွတ်နိုင်သော
အဖခမည်းတော်ထံ ကြီးစွာသော ေြွကးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့်
ဆုတောင်းပဌာနာပြုလျက် ကြောက်ရွံ့စရာအမှု၌ ချမ်းသာရာရခဲ့၏။ ဘုရားသား
မှန်သော်လည်း ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နား ထောင်ခြင်းအကျိုး
အကြောင်းကို သင်တော်မူ၏ (ဟေဗြဲ ၅း၇-၈)။
        ထို့အပြင်အရှင်ယေရှုသည် ဤေလာက၌ ဒုက္ခ မျိုးစုံခံခဲ့လေ၏။ ကျမ်းစာ၌လာသည်ကား
ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်
စက်ခြင်းကိုခံရလေ၏ (ဟေရှာယ ၅၃း၅)။ ထာဝရဘု ရားသည် အရှင်ယေရှုကို
နှိပ်စက်ခြင်းငှာ အလိုတော် ရွိ၍ အနာခံစေတော်၏ (ဟေရှာယ ၅၃း၁၀)။ အရှင်
ယေရှုသည် ဤဒုက္ခမျိုးစုံကို ခံရေသာအခါ မတတ္သာ ၍ သည်းခံနေခြင်းမဟုတ်။
မရုန်းထွက်နိုင်၍ အေလွ်ာ့ ပေးလိုက်ခြင်းလည်းမဟုတ်။ အဖခမည်းတော်၏
အကြံအစည်တော်ပြည့်စုံစေဘို့ရန် ကျေနပ်အားရစွာ ခံရခြင်းဖြစ်လေသည်။
ကျမ်းစာ၌လာသည်ကား မိမိ စိတ်ဝိညာဉ်ခံရသော ဝေဒနာ၏ အကျိုးကို မိမိမြင်
၍အားရလိမ့်မည်။
        သို့သော်ကျွနု်ပ်တို့စောဒကတတ်လေ့ရှိသော အချက်မှာ သခင်ယေရှုထိုသို့
ပြုတော်မူသည်မှာ မှန်၏။ ကိုယ်တော်သည် နာကျည်းဖွယ်သော ရက်စက် မှုကို ခံယူ၍
ဒုက္ခဘဝကို သုခဘဝဖြစ်အောင် ပြောင်း လဲတော်မူသည်မှာ မှန်၏။
သို့သော်ထိုနည်းလမ်းက အရှင်ယေရှု၏ နည်းလမ်းသာဖြစ်သည်။ ကျွနု်ပ်တို့
လိုက်နိုင်သောနည်းလမ်းမဟုတ်ဟူသော အချက်ပေ တည်း။
        အရှင်ယေရှုသည် သူ၏ နည်းလမ်းကို ကျွနု်ပ် တို့ နည်းလမ်းဖြစ်စေတော်မူပြီ။
တမန်တော်ဝတၳု ရွိ တမန်တော်တို့၏ အမှုဆောင်ပုံသည် သခင်ယေရှု ကိုယ်တိုင်
တမန်တော်များအထဲ၌နေ၍ သူ့အမှုတော် ကို ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်လေသည်။
အထူးသဖြင့် ဆင်းရဲဒုက္ခ ခဲရာခဲဆစ်တို့နှင့် ပတ်သက် ၍ တပည့်တော်တို့၏
အမှုသည်ကိုယ်တော်နှင့် ဆက်နွယ်လျက်ရှိ၏။ ထိုတမန်တော်တို့၌ခံရသော
ဆီးတားခြင်းအမှုများသည် အောင်မြင်တိုးတက်ခြင်း များဖြစ်လာ၏။
ဘေးဥပါဒ်များမှ ဥဒါန်းကျူးဧဖွယ်ရာ ဖြစ်လာကုန်၏။
        ဤတမန်တော်ဝတၳုထဲမှ အဖြစ်အပျက်အချို့ ကို ထုတ်နှုတ်၍ ဒုက္ခဆင်းရဲ
အတားအဆီးတို့ကို မည် သို့ မျက်နှာမူရင်ဆိုင်ကြပုံအကြောင်း ဆင်ခြင်ကြည့်
ကြကုန်အံ့။ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော် တို့တက်ကြရာတွင် တင့်တယ်
တံခါး၌ ခြေဆွံသူတစ် ယောက်သည် ထိုင်လျက် ဆီး၍ တောင်းခံ၏။ ထိုအခါ မိမိတို့
အိတ်ကိုလက်ဖြင့် စမ်းကောင်းစမ်းကြလိမ့်မည်။ စမ်းသော်လည်း
ငွေတစ်ပြားတစ်ချပ်မျှ မတွေ့သဖြင့်၊ ငွေကြေးမဲ့ခြင်းတည်းဟူသော
လောကဆင်းရဲခြင်းနှင့် သာ ကြုံနေမြဲရှိလေသည်။ ကျွနု်ပ်တို့သာဆိုလျှင်
ပိုက်ဆံပေးစရာမရှိ၍ ဝမ်းနည်းစွာ ခေါင်းကုတ်ပြီး ထွက်သွားကြလိမ့်မည်။
ပိုက်ဆံမရှိလေခြင်းဟူသော၊ ဒုက္ခဆင်းရဲ၏ နှိပ်စက်ခြင်းကို ခံစားရပေမည်။
မ်ား သော သူတို့ပိုက်ဆံမရှိခြင်းသည် အလွန်ကြီးလေးသော
ဆင်းရဲဒုက္ခကြီးတစ်ခုဖြစ်၏။
        သို့သော် ယောဟန်နှင့် ပေတရုတို့မှာမူ ထိုဆင်း ရဲခြင်းအတွက်
ဝမ်းနည်းကြေကွဲနေမည့်အစား ပိုက္ဆံ မရှိခြင်းကိုပင်
အခွင့်အရေးသဖွယ်ရယူလျက် ]]ငါတို့၌ ရွှေငွေမရှိ။ ရှိသည်အရာကို
ငါတို့ပေးမည်။ နာဇရက်မြို့ သားယေရှု၏ နာမတော်ကြောင့် လှမ်းသွားလော့}} ဟူ
သော အံ့ဩဖြယ္စကားကို မိန့်ဆိုခဲ့လေ၏။ ခြေဆွံသူ သည် ထ၍ လှမ်းသွား၏။
ပေတရုနှင့်ယောဟန်တို့ သည် ငွေမရှိခြင်းဆင်းရဲကို တွေးပြီး ငိုေြွကးကြသည်
မဟုတ်။ ဆင်းရဲဒုက္ခကို ခေါင်းငုံ့ပြီး ခါးစည်းခံနေကြ သည်မဟုတ်။
ဆင်းရဲခြင်းကို လက်နက်သဖွယ်ဆုပ် ကိုင် အသုံးချခဲ့ကြလေသည်။ အကယ်၍
ပေတ ရုနှင့် ယောဟန်တို့၌ ပိုက်ဆံငွေကြေးရှိခဲ့ပါမူ မည်သို့ ဖြစ်မည် နည်း။
သူတောင်းစားကို ပိုက်ဆံတစ်ပြား တစ်ချပ် ပစ်ပေးရုံနှင့် ပြီးကြပေလိမ့်မည်။
        ဤတမန်တော်တို့မှာ ခရစ်တော်ကိုယ်တိုင် ရွေး ချယ်ထားသော
အထူးပုဂ္ဂိုလ်များဖြစ်သောကြောင့် ဥပမာပြုရန် ရှည်ဝေးလှသည်ဟုထင်လျှင် သာမည
အသင်းသားဖြစ်သော သေတဖန္ကို ကြည့်ကြစို့။ သူ သည် လွှတ်တော်၌
စစ်ဆေးခံရသောအခါ တစ်ဖက်မှ နေ၍ လိမ်လည်သက်သေထွက်ဆို ခဲ့ ကြသည်။ သူ့ကို
သေကြောင်း ကြံကြသည်။ သူ့အတွက် အလြန္ခံရ ခက်ပေမည်။ သို့သော် သတေဖန်သည်
ပြစ်မှားသမျှကို ခေါင်းငုံ့ခံနေသည်မဟုတ်။ တုန့်ပြန်အသုံးပြုတော်မူပြီး
သူ့အပေါ် ကျလာသမျှသော မုသားသက်သေ စကား လုံးတိုင်းသည် အလင်းရောင်သဖွယ်
ဖြစ်လာသည်။ သူ့မျက်နှာကို မြင်ရသော သူတိုင်းက ကောင်းကင် တမန်၏ မျက်နှာကို
မြင်ရကြသည်အလား ထင်ရကြ ၏။ သူ့တစ်ဖက်မှ မတရားသက်သေခံလေလေ သူ့ မျက်နှာမှာ
တောက်ပြောင်လေလေဖြစ်၍ နောက်ဆုံး တွင် ကျောက်ခဲဖြင့် ပစ်သတ်ကြလေသည်။
ထို့အပြင် အသက်မထွက်မီ ပစ်သတ်သောသူတို့အပေါ် ထို
အပြစ်ဒဏ်မသက်ရောက်ပါစေကြောင်း မေတ္တာပို့ ဆုတောင်း ပေးသွားသေး၏။
        ထိုပဌာနာသံကို ရှောလုအမည်ရှိသော သူငယ် တစ်ယောက်သည်ကြားလျှင် နှလုံး၌
လြန္စြာ ထိခိုက်၍ နောက်ဆုံး၌ ဒမာသက်မြို့လမ်းတွင် ကိုယ်တော်ရှင်
ခြေရင်းသို့ အသက္တာကို ပုံ၍ အပ်နှံရ လေသည်။ သူ့ကို ပစ်သမျှကျောက်တို့ကို
မေတ္တာ စကားလုံးနှင့် သာချေပခဲ့သောကြောင့် နောင်တွင် တမန်တော်ဖြစ် လာမည့်
ရှင်ပေါ်လုအား ခရစ်တော်အတွက် သူကယ် ဆယ်ခဲ့လေပြီ။ ဤသို့ဖြင့် သတေဖန်သည်
ရန္ကို ရန် ချင်းမတုန့်နှင်းဘဲ မေတ္တာဖြင့် တုန့်ပြန် ခဲ့သောကြောင့်
လောကဓံတရားကို နိုင်နင်းအောင်မြင်၍ နိုင်ငံတော် ပြန့်ပွားရေးအတွက်
မိမိခံရေသာ ဆင်းရဲခြင်းကိုပင် အသုံးပြုချေပြီ။
        သေတဖန္ကို ခဲနှင့်ပေါက်သတ်ပြီးနောက် ခရစ် ယာန်တပည့်တော်တို့သည် ဆက်လက်၍
ညှဉ်းပန်းနှိပ် စက်ခြင်းကို ခံကြရလေသည်။ တပည့်တော်တို့သည် အရပ်ရပ်သို့
ထွက်ပြေးတိမ်းရှောင်ကြရသော်လည်း ကွဲလွင့်ကြသောသူတို့သည်
ဧဝံဂေလိတရားတော်ကို ရောက်ရာလေရာ၌ ဟောပြောကြကုန်၏။ သူတို့ကို
ပျက်စီးစေမည့် အကြံအစည်တော်တည်းဟူသော ပေ ပေါ်၌တင်၍ မတရားသော
အာဏာတန္ခိုး တည်းဟူသော တူ နှင့်ထုလိုက်သောအခါ ဧဝံဂေလိ တရားမီးလျှံသည်
နေရာအနှံအပြား ထွန်းလင်းပြီးသား ဖြစ်သွားလေသည်။ ယုံကြည်သူများကိုယ်တိုင်
ထိုသို့ အထုအထောင်ခံရခြင်းကြောင့် သာ၍ရင့်ကျက် သော ခရစ်ယာန်များ
သာ၍စည်းလုံးညီညွတ်သော ယုံကြည် သူများဖြစ်လာကြရလေသည်။ ဘယ်လိုနှိပ် စက်ကြ
မည်နည်းဟူ၍ နှိပ်စက်သူများပင်လျှင် အကြံအိုက် ရချေပြီ။ သို့သော်
နှိပ် လေလေ ထက် လေလေ ရှိကုန်ကြပြီဟူသော ရလာဒ်သာအဖတ်တင် ကျန်ရစ်ခဲ့
လေသည်။ တရားလိုမ်ားသာ အဆုံးကြီးရံှုးလျက် တရားခံမ်ားမွာမူ၊
အောင်ပွဲခံလျက်ရှိကြလေပြီ။
        ချစ်သောမိတ်ဆွေ၊ ဤသို့သောဖြစ်ရပ်မှာ
ဓမ္မကျမ်းတစ်ခုလုံးပြည့်နှက်လျက်ရှိလေပြီ။ ပေါလုနှင့် သိလတို့ကို
ကြည့်ဦးမည်လော။ ထောင်အတွင်း၌ လက်ထိပ်၊ ခြေထိပ်ခတ်လျက်၊ ကျောကုန်း၌ ဒဏ်ရာ
အလျှိုးလျှိုးဖြင့် သွေးများပင် ယိုစီးလျက်ရှိကြ၏။
        ဘယ်အမှုကိုပြု၍ ဤသို့ဆင်းရဲကို ခံကြရသ နည်း။ ဧဝံဂေလိတရားတော်ကို
ဝေငှခဲ့သောကြောင့် အမြင့်မြတ်ဆုံးသော ဆုကျေးဇူးကို အခြားသူတို့အား
ဝေငှခြင်းကြောင့် ဤသို့ ဒုက္ခဆင်းရဲနှင့် ကြုံကြရသည်။ ထိုသို့သော
ဒုက္ခမျိုးကြုံတွေ့ရသောအခါ သူတို့၏ ကိုး ကွယ်ခြင်းသည်
အချည်းနှီးဖြစ်သွားပြီလော။ ဘုရား သခင်သည် သူတို့ကို မကြည့်ရှုဘဲ
မျက်နှာလွှဲသွား ပြီးလော၊ လောက၌ ဘုရားမရွိ တရားမရှိသော ငါတို့ သည်
ဤသို့ဆင်းရဲခြင်းကို ခံရချေသည်ဟု ထိုင်၍ ညည်းညူ နေကြသလော။
ထိုသို့အလျှင်းမဟုတ်ပါ သန်းခေါင်ယံ၌ ပေါလုနှင့် သီလတို့သည် သီးချင်းဆို
ကြ၏။ သီးချင်းကိုပင် သီဆိုကြလေပြီ။ ဤမျှလောက် မတရားခံနေစဉ် နှလုံးသားထဲမှ
ထွက်လာသော သီ ချင်းသံကို ကြားဖူးပါသလား။ ကျေးဇူးတော်ကို ချီးမွမ်း သော
သီချင်းသံသည် ကောင်းကင်အထက်ဘုရားရှင် ထံတော်အပါးသို့ ရောက်သွားသောအခါ
ဘုရားသခင် သည် ကြားတော်မူလျှင်မနေသာ၍ အောက်သံဖြစ် သော ငလျှင်နှင့်
စည်းဝါးလိုက်ပေးတော်မူရလေသည်။ မိုးမလင်းမီ ထောင်မှူးနှင့်မိသားစုသည်
ပြောင်းလဲလာ သောကြောင့် ခရစ်ယာန်အသင်းတော်တစ်ပါး၏ အုတ်မြစ်ကို
တည်ဆောက်နိုင်ပေသည်။ထိုအကျဉ်း သား ပေါလုသည်ထောင်ထဲမှ ဖိလိပ္ပိမြို့ရှိ
အသင်း တော်သို့ ရေးလိုက်သော ဩဝါဒစာ၌ ဝမ်းနည်းသံမ ကြားရဘဲ
ကျေးဇူးတော်ချီးမွမ်းခြင်း ပြည့်လျှံလျက်ရှိ လေသည်။ ပေါလုနှင့်သိလသည်
ဒုက္ခဆင်းရဲကို သည်း ခံရုံနေကြသည်မဟုတ်။ ဖယ်ရှောင်၍ နေကြသည် လည်းမဟုတ်
ဆင်းရဲခြင်းကို ဆွဲကိုင်ယူ၍ အသုံး ပြုကြ လေသည်။
        ဓမ္မသစ်ကျမ်းတွင် ဤသို့သော သက်သေသာဓ ကမျိုး အမ်ားရွိရာမွ ကျွနု်ပ်တို့
ကိုယ်တိုင်တစ်ခါမဟုတ် တစ်ခါကိုယ်တွေ့ကြုံရကြသောအကြောင်း တစ္ခုကို
ထပ်မံတင်ပြလိုပါသည်။ ဘုရားသခင်ထံဆုတောင်း ခြင်းကို ဂါထာတစ်ခုကဲ့သို့
အသုံးချနေသော ဥုံဖွ ပျောက်စေဆရာကြီးအား ဤဖြစ်ရပ်မှန်ဖြင့် သတိပေး
လိုပါသည်။ ထို့အပြင် ဥုံဖွ ပျောက်စေဆရာကြီးများ နောက်သို့
တကောက်ကောက် လိုက်ပါလွယ်သော ယုံကြည်သူ လူသစ်များကိုလည်း သတိပေးနှိုးဆော်
အပ်ပါသည်။
        အကြောင်းမှာ ပေါလုကို နှိမ်နှင်းခြင်းငှာ စာ တန်၏ စေတမန်သဖွယ်
ကိုယ်ခန္ဓာ၌ ဝေဒနာတစ်ခု ရှိကြောင်းသိရသည်။ အမှုတော်ကို ကောင်းမွန်စွာ
ဆောင်ရွက်နိုင်ရန် ဘုရားသခင်သည် ထိုဝေဒနာကို ပျောက်ကင်းအောင်
ကုသပေးသင့်သည်။ ဤေရာဂါမွ ပျောက်ကင်းအောင် ပေါလုသည် သုံးကြိမ်တိုင်တိုင်
ဆုတောင်းခဲ့သည်။ သို့သော် ဘုရားသခင်ထံမှရသော အဖြေသည်
အနာငြိမ်းခြင်းမဟုတ်။ ဘုရားသခင်သည် ဂရုဏာတော်မရှိ။ လစ်လျှူရှုသကဲ့သို့
နေတော်မူ၏။ လူတွေက မတရားညှင်းဆဲသလို ဝေဒနာကလည်း ဖိစီး နှိပ်စက်
ဘုရားသခင်ကလည်း ဂရုမစိုက်ဖြင့် သုံးဌာန ၏ ဖိစီးခြင်းခံရသောအခါ
ပေါလုအနေဖြင့် နှလုံးကြေ ကြဲ စိတ်ပျက်ဝမ်းနည်းရုံသာ ကျန်တော့မည်မဟုတ်
လော။ လူတွက်နည်းဖြင့်တွက်သော် စိတ်ပျက်ခြင်းသို့ သာဆိုက်ပေမည်။
        သို့သော်ထိုသို့မဟုတ် သုံးကြိမ်တိုင်တိုင် ဆု တောင်းသည့် အဆုံး၌ပေါလုအား
ဘုရားသခင်က သင့်ဝေဒနာကို ငါသည် ပပျောက်စေမည်မဟုတ်။ သို့ သော်
ပပျောက်သည်ထက်သာ၍ ကောင်းသော အရာ တစ္ခုကို ငါပေးမည်။ ဤဝေဒနာစွဲနေစဉ်တွင်
သင်၌ အသုံးပြုနိုင်သည် ခွန်အားတန်ခိုးကို ငါပေးမည်။ ငါ၏ကျေးဇူးသည်
သင်အဖို့လုံလောက်ပေ၏။ ခွန်အား နည်းရာ၌ ငါတန်ခိုးသည် စုံလင်သည်ဟု
မိန့်တော် မူ၏။ ဘုရားသခင်၏ သဘောတော် အလိုတော်ကို ပေါလုသည်
သဘောပေါက်နားလည်သောအခါ ရော ဂါရှိလျက်ပင်ထ၍ ဝမ်းမြောက်ရွှင်လန်းခြင်း
ရှိသည်။ ခရစ်တော်အတွက် အားနည်းခြင်း၊ အနာတရပြုခြင်း၊
ညှင်းပန်းနှိပ်စက်ခြင်း၊ ကျဉ်းကျပ်ခြင်းများကို ငါနှစ် သက္စြာ
နာခံပါမည်ဟု ဝန်ခံလေ၏။ အကြောင်းမူ ကား ငါသည်အားနည်းသောအခါ
တန်ခိုးနှင့်ပြည်စုံ ၏ (၂ကော ၁၂း၇-၁၀)။
        ဤေနရာ၌ ပေါလုသည် ဝေဒနာမှ သက္သာ ပျောက်ကင်းခြင်းကို မတွေ့ရသော်လည်း
ဝေဒနာကို အသုံးပြုနိုင်သည့်သာ၍ မြင့်မြတ်သော အခွင့်ထူးကို တွေ့လေ၏။
        အထက်ပါရှင်ပေါလု၏ ဝေဒနာနှင့် ပတ်သက် ၍ ကိုယ်ခန္ဓာကျန်းမာခြင်းပြဿနာကို
ကျွနု်ပ်တို့တိုက် ရိုက်တွေ့ရကြပြီ။ ဘုရားသခင်သည် လူတို့ကို ရောဂါ ဝေဒနာမှ
ချမ်းသာပေးပုံပေးနည်း အမျိုးမျိုးရှိသည်။ သင့်မြတ်သောနေရာဒေသ၊
တိုင်းရင်းဆေး၊ ဓါတ္စာ၊ ခွဲစိတ်ကုသခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း
စသည်တို့မှာ လည်း ဘုရားသခင်၏ နည်းလမ်းများပင် ဖြစ်ကြောင်း ဝန်ခံရပေမည်။
သို့သော် ဤသာမညနည်းလမ်းများ ထက် ထူးကဲ၍ ဘုရားသခင်ကိုယ်တိုင်
တိုက်ရိုက်တို့ ထိလျက် ကျန်းမာစေခြင်းမျိုး ဧကန်မုချရှိကြောင်း
ကျွနု်ပ်တို့ယုံကြည်ပါ၏။ ဤတန်ခိုးမျိုးကိုလောကီပညာ ဖြင့် နားမလည်နိုင်။
ဖော်ပြရှင်းလင်း၍လည်း မတတ် နိုင်သော တန္ခိုးကို တွေ့ထိခံစားသူတိုင်း
ဝန်ခံရကြ၏။
        သို့သော် ဤသို့ဘုရားသခင်၏ အနာငြိမ်းစေ ခြင်းသည်ရှိငြားသော်လည်း
ဘုရားသခင်သည် အမြဲ မပြတ်သုံးတော်မမူကြောင်းကို မှတ်သားရပေမည်။
ဘုရားသခင်ထံမှ တိုက်ရိုက်တို့ထိပြီး အနာငြိမ်းခြင်းမရ သောအခါများ၌
ကျွနု်ပ်တို့၌ ယုံကြည်တရားပျက်ကြရ လေသည်။ ဘုရားသခင်သည်အခါမရွေး တန်ခိုးပြ
လျက် ကုသပေးသည်ဟု မိတ်ဆွေယုံကြည်ခဲ့ပါမူ အနာ မငြိမ်းသောအခါ ဘုရားသခင်အပေါ်
ထင်ယောင် ထင်မှားဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရား ကို
သိထားဖို့လိုအပ်လေပြီ။
        အမှန်စင်စစ်၊ ဘုရားသခင်သည် တစ်ခါတစ်ရံ တိုက်ရိုက်အနာငြိမ်းစေပြီဟု
ကုသပေးတော်မူ၏။ တစ် ခါတစ်ရံမှာ တိုက်ရိုက်အနာငြိမ်းခြင်းမပြုဘဲနေတော်မူ
၏။ ထိုသို့အနာငြိမ်းခြင်းမပြုလုပ်သောအခါ ထိုထက် သာ၍ အကျိုးကြီးသော
ကျေးဇူးတော် တစ်စုံတစ်ရာ ကို ပေးသနားတော်မူလိုသောကြောင့်ဖြစ်၏။ ဤသမ္မာ
တရားကိုသိထားပါက ဝေဒနာတစ်စုံတစ်ခုမှ ချမ်းသာ မရေသာအခါ ဘုရားသခင်အပေါ်
သံသယစိတ်မဝင် နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အသက်ကိုပင် မ နှမြောဘဲ
ပေးခဲ့သောဘုရားမေတ္တာကို စိတ်ချယုံကြည် နိုင်သောကြောင့်ဖြစ်လေသည်။
တစ်ခါတစ်ရံ ဘုရား သခင်သည် ခန္ဓာကျန်းမာခြင်းထက် ဝိညာဉ်ပါရမီနှင့်
ပြည့်ဝလျက် ရင့်ကျက်စေလိုသောအခါ ရောဂါဝေဒနာ မွ ကုသပေးခြင်းမပြုသော်လည်း
သာ၍အကျိုးကြီး သော ဆုကျေးဇူးကို ငါတို့အတွက် ပြင်ဆင်တော်မူ၏။ ထို့ကြောင့်
တမန်တော်ပေါလုက အားနည်းသည့် အ ရာမွာ ခွန်အားနှင့်ပြည့်စုံ၏ဟူ၍
ကျေနပ်နှစ်သက်စွာ သူ့ဝေဒနာကို ဝန်ခံခဲ့လေသည်။
        ထို့ကြောင့် ယုံကြည်သူတိုင်း သတိချပ်ရမည့် အရာတစ္ခုမွာ ဘုရားသခင်သည်
မိတ်ဆွေ၏ ရောဂါ ကို တိုက်ရိုက်တို့ထိပြီး တန်ခိုးတော်ဖြင့် အနာငြိမ်းစေ
နိုင်ပါ၏။ ထိုသို့ အနာငြိမ်းခြင်းကို မပေးခဲ့လျှင် ထိုဝေဒ နာကို
အကျိုးရှိအောင် အသုံးပြုနိုင်သည့် တန္ခိုးကို ပေးလိမ့်မည်။
        ရွှေလင်းယုန်ငှက်ကို ကြည့်ပါ။ မုန်တိုင်းတိုက် ခတ်သောအခါ အတောင်ကိုဖြန့်၍
မုန်တိုင်းအရှိန်ကို ပင်အားပြုလျက်၊ မုန်တိုင်းအထက် လေပြေလေညှင်း
ရှိရာအရပ်သို့ တက်သွားလေ့ရှိ၏။ ထို့အတူ ငါတို့ခရစ် ယာန်များသည်လည်း
ဤဆင်းရဲခြင်းအပေါင်း၏ အ ဟုန်ကိုပင် အားပြု၍ မြင့်မြတ်ရာသို့တက်၍ ဝိညာဉ်
ခွန်အားကို ရရှိနိုင်ကြလေသည်။ ဤသည်သာလျှင် စစ်မှန်သော
လောကကိုအောင်နည်းဖြစ်သတည်း။
        ဘုရားသခင်၏ သားဖြစ်သော မည်သည် ကား လောကကို အောင်တတ်၏။ လောကကို
အောင်ခြင်းအကြောင်းမူကား။ ငါတို့၏ ယုံကြည်ခြင်း ပေတည်း (၁ယော ၅း၄)

                        ခရစ်တော်၏ မေတ္တာ၌(ဇေန)


ယေရှုခရစ်၏ လောကကို အောင်နည်း အပိုင်း(၁)

        ခရစ်တော်ယေရှုနှင့် တပည့်တော်တို့ကို ကြည့် လျှင် သူတို့၌ ထူးခြားစွာ
တက်ြွကလျက်ရှိကြောင်း တွေ့ရမည်။ သူတို့ဟောပြောချက်များသည်လည်း
ရိုးသားပွင့်လင်စွာ ဟောပြောကြသည်။ ဆင်းရဲဒုက္ခနှင့် ပတ်သက်၍ စကားတန်ဆာဆင်၍
လှည့်ပတ်ရှောင် ရှားလျက် ဟောပြောခြင်းမရှိ၊ ဧဝံဂေလိတရားကို
အတည့်အလင်းဟောပြောကြသည်။ ဒုက္ခဆင်းရဲခြင်း မရွိဟု မျက်စိမှိတ်၍
ရှောင်ရှားခြင်းမပြု၊ ကျွနု်ပ်တို့သည် ဘုရားသခင်နှင့်
သဘာဝတစ်ခုတည်းဖြစ်ကြောင့် ဆင်းရဲဒုက္ခရောဂါဝေဒနာမရှိနိုင်ဟူသော အယူဝါဒ
ကဲ့သို့ ဝါြွကားမောက်မော်ခြင်းမရှိ၊ ဖြစ်သမျှသည် ဘုရားအလိုတော်ဖြစ်၍
ခေါင်းငုံ့၍သာခံမည်ဟူ၍ လည်း မသွန်သင်။ ငါ မဟုတ်ဟူသော အနတ္တသက် သက်
အယူအဆကြောင့် ဘဝကို ပယ်ဖြတ်ရမည်ဟု မေဟာ။ ဉာဏစက္ခုကြည်လင်စွာဖြင့်
ဘဝကိုရဲရဲကြီး မျက်နှာမူလျက် ဘဝ၏ ဆင်းရဲဒုက္ခကိုပင် ဆုတ်ကိုင် လျက်
အောင်မြင်ခြင်းရောက်သည်တိုင်အောင် အသုံး ချရမည်ဟု သင်ကြားလေသည်။
        ဤေနရာ၌ အောင်မြင်သော အသက္တာ၊ အောင်မြင်သော ခွန်အားနှင့် မထင်ရှားသော
ဘာသာ ဝါဒဟူသမွ်မွာ ပျောက်ကွယ်သွားကြလိမ့်မည်။ အ ကြောင်းမူကား
အသိမ်ဖျင်းဆုံး၊ အယုတ်ညံ့ဆုံး၊ အ သေးငယ်ဆုံးသော ပိုးမွှားတိရစၦာန်မှစ၍
အမြင့်မြတ် ဆုံးသော သူတော်စင် ပုဂ္ဂိုလ်များအထိ သက်ရှိ သတ္တဝါ
အပေါင်းတို့မှာသာ၍ ပြည့်စုံြွကယ်ဝသော အသက် ချမ်းသာကို
ကြိုးပမ်းရှာဖွေလျက်ရှိသောကြောင့်တည်း။
        ဤသို့ တစ်နေ့တစ်ခြားမြင့်ရာသို့ တိုးတက်ခြင်း တရားကိုယ်ပယ်၍
ဆိုးယုတ်ပျက်စီးခြင်းကို၄င်း၊ ဘေး ရန္ကို ရင်မဆိုင်၊ မတိုက်ဘဲ၊ ဘဝ၏
ဆင်းရဲကို ရှောင် ခွာခြင်းကို၄င်း၊ အစရှိသည့် အယူဝါဒဟူသမွ်မွာ
ပျက်စီးပပျောက်ရန်သာ ရှိလေသည်။ မပပျောက်သေး လျှင် တိမ်ကောမည်ဆဲဆဲ
မေ့ဆေးသဖွယ် ခေတ္တခဏ သက်သာစေသော ဆေးသာဖြစ်လေသည်။
        သို့ရာတွင် သခင်ယေရှုပေးတော်မူသော ဩဝါ ဒကို ဘာသာတရား၌ ထား၍မရ။
အဘယ့်ကြောင့် ဆိုသော ခရစ်တော်၏ တရားသည် တရားသက်သက် မဟုတ် တရားထဲ၌
အသက်ပါသတည်း။ ထို့ကြောင့် ခရစ်တော်၏ တရားသည် ချုပ်ခြင်း၊
ကင်းငြိမ်းခြင်းသ ဘောနှင့် ကွာခြားလှ၏။ ဘဝ၏ စွဲလန်းသော ဆန္ဒကို
ပယ်ဖျောက်ရန် ကိုယ်တော်မိန့်တော်မူသည်မဟုတ်။ ကိုယ်တော်၏ အလိုတော်ကား ဘဝ၏
အမြင့်မြတ်ဆုံး သော အခြေ၌ အသက်ရှင်ကြရန်ဖြစ်သည်။
        ဘဝကို ရွံ့ရှာစပ်ဆုပ်သည့် ဘာသာတရားမျိုး ကား မည်သည်နှင့်တူသည်ကို
ဥပမာကြည့်ကြကုန်အံ့။ တစ်ခါက အလုပ်သမားတစ်ယောက်သည် အြွေကး တင်နေသောကြောင့်
စိတ်ညစ်ရ၏။ စိတ်ညစ်ပြေ အောင် အရက်ကိုသောက်၏။ သို့သော် အမူးပြေသော အခါ
အြွေကးမကြေ။ သာ၍ အြွေကးတင်ဘို့သာရှိ၏။ ဤနည်းအားဖြင့် ဒုက္ခပြဿနာကို
ဖြေရှင်းခြင်းသည် အိပ်မွေ့ချဆေးနှင့်တူလေ၏။ ထိုသို့သော ဘာသာ တရားမ်ား
ရှိနေသောကြောင့် ဘာသာတရားဆိုသည် မွာ တိုင်းသူပြည်သားတို့၏
အိပ်မွေ့ချဆေးဖြစ်သည်ဟု ရုရှားပြည်သားများဆိုလေ့ရှိ၏။
        ခရစ်ယာန်ဘာသာကို သည်းခံခြင်း စာရင်း၌ မသွတ်သွင်းနိုင်။
အဘယ့်ကြောင့်ဆိုသော် ခရစ်တော် ၏ တရားသည် ဘဝကို အသစ်တဖန်ပြုပြင်ပြောင်းလဲ
စေနိုင်သော တန်ခိုးရှိလေ၏။ ထို့ကြောင့် ခရစ်ယာန် ဘာသာကို အောင်မြင်သော
အသက် ဟူသော အမည်မှ တစ်ပါးအခြားခေါ်ဝေါ်နိုင်ဘွယ်မရှိ။ ဤခရစ် တော်၏
တရားအားဖြင့် မည်သူမဆို အဆိုး၊ အ ကောင်း၊ တရားနှင့် မတရား၊ ဒုက္ခ၊ သုခ
ရှိသမျှတို့ကို ယူ၍ ရောြွပမ်း ချေဖျက်ပြီးလျှင် အသက်၏ အဟာရ ဖြစ်အောင်
သုံးစွဲနိုင်လေသည်။ လူ၊ တိရစၦာန်၊ သစ်ပင် တို့သည် တူညီသော ဓါတ္သဘာဝမွ
အဟာရကို ရယူ နိုင်ကြသည်။
        သို့ရာတွင် ခရစ်ယာန်များမှာမူ ထိုသို့ သဘာဝ ချင်းတူညီခြင်းသာမက၊
သဘာဝကွဲလွဲသည့် အဆီး အတား၊ အနွံအတာ၊ အဖိအစီးအစရှိသော ကားတိုင် မှလည်း
အဟာရထုတ်နှုတ်၍ သန်စွမ်းကြီးပွားနိုင် သည်။ ခရစ်ယာန်တို့၏ အသက်သည်
အခြားသော အသက်မျိုးနှင့်မတူ။ မည်သည့်လောကဓံနှင့် နှိမ်နင်း ဖ်က္ဆီး၍
မရေသာ အသက်မျိုးဖြစ်၏။ နူးညံ့ပျော့ခွေ သော စိတ်မျိုးမဟုတ်။
        ရှင်ယာကုပ်မိန့်ဆိုသည်အတိုင်း တည်ကြည်၊ ခိုင်ခံ့သော စိတ်မျိုးဖြစ်သည်။
ဘဝကို ကားတိုင်၌တင် ၍ ဒုက္ခကို မျက်နှာမူတတ်သော လူမျိုးဖြစ်သည်ဟု
ဆိုရသော်လည်း ကားတိုင်ကို ရှင်ပြန်ထမြောက်ခြင်း၌ တင်၍ ကြည့်တတ်သောကြောင့်
သုခချမ်းသာကို မျက်နှာမူလျက် ရွှင်လန်းသော လူမျိုးဖြစ်လေသည်။ အမှန်မှာ
ခရစ်ယာန်ဆိုသည်မှာ ကြုံတွေ့သမျှသော ကားတိုင်တို့ကို
ထမြောက်ပွဲ ချည်းဖြစ်စေသည်။
        ဤသို့ အောင်မြင်သော အသက်တာမျိုးကို လူ မျိုးမရွေး၊ ဒေသမရွေး၊ ကာလမရွေး၊
လိုက်နာနိုင်သည့် ပမာဏအလျှောက် နေရာအနှံ့တွေ့မြင်နိုင်လေသည်။
        ဤေနရာ၌ တရုတ်ပြည်၌ ဒုက္ခိတ ကေလးမ တစ်ယောက်အကြောင်း တင်ပြလိုက်ပါသည်။
ထိုဒုက္ခိ တ အမျိုးသမီးသည် ငယ်စဉ်အခါ ကေလးဘဝက ချီပိုး သူများဂရုမစိုက်၍
လက်ပေါ်မှကျသဖြင့် ခါးရိုးကျိုး သွားသူဖြစ်ကြောင်းသိရ၏။ နှစ်ပေါင်းမျာ
စိတ္တို၊ စိတ်ကောက် ၊နှုတ်ကြမ်း၊ ဗွေဆိုး ဖြစ်ခဲ့၏။သူတစ်ပါး
အပြစ်ကြောင့်မိမိမှာ တစ်သက်လုံး လူစဉ်မမှီ ရုပ်ဆင်း ပျက်စီးရသဖြင့်
စိတ်တိုလျှင်လည်း အပြစ်တင်ဘွယ်မ ရှိ။ သို့သော် တစ်နေ့သ၌ မိမိခက်ထန်သော
နှလုံးထဲသို့ ခရစ်တော် ကိန်းအောင်းလာသော အခါမူကား အရာ ခပ်သိမ်း
ပြောင်းလဲ၍ ဘဝသစ်ဖြစ်လာရလေသည်။ ထိုအချိန်မှစ၍ ရွာတစ်ရွာ၌ သာသနာပြု
ဆရာမဖြစ်လာရလေသည်။ ဘုရားသခင်သည် ထိုခြေ မစွမ်းသော ဒုက္ခိတကလေးကို
ခေါ်ယူတော်မူ၍ အောင်မြင်သောတန်ခိုးတော်၏ လက်နက်သဖွယ် အသုံးပြုချေပြီ။ သူမ၏
နောက်ဆုံးအခြေအနေမှာ ဝါး
နှင့် လုပ်သောခွေးခြေကလေးကို တွန်းကာ တွန်းကာ
နှင့် သွားလာရ၏။ထိုခွေးခြေကလေးသည် သူ့ထိုင်ခုံ၊ သူတောင်ဝှေးလည်းဖြစ်၏။
တစ်နေပြီးတစ်နေ့ ခရစ် တော်၏ အသက္သရဖူကို ဆောင်းလျက်၊ တပါးကို
ခရစ်တော်၏မေတ္တာအားဝေငှရာပလ္လင်လည်းဖြစ်၏။
        ချစ်သောမိတ်ဆွေ ဤသို့သော ဒုက္ခိတဘဝ တွင် အောင်မြင်နေသူများ၊ နိုင်ငံတကာ၌
ရှိသကဲ့သို့ လူမျိုးတကာထဲမှာလည်း ရှိကြ၏။ ယနေ့မြန်မာပြည်ရှိ
အမှုတော်ဆောင်များတွင်လည်း အောင်မြင်လျက်ရှိ သော မျက်မမြင်ဆရာ
ဦးသိန်းလွင်၊ ဘုရားရှင်အမှု တော်ဆောင်နေစဉ်တွင် လက်တဖက်ပူဇော်ရသော
ဆရာနောဧတို့ကို ကြည့်လိုက်ပါ။ မျက်စိမြင်သော သူများထက်၄င်း၊
ကိုယ်လက်အင်္ဂါစုံလင်သောသူများ ထက်၄င်း၊ သာ၍ ဝမ်းမြောက်ရွှင်လန်းနိုင်ခြင်း၊
အောင် မြင်နေခြင်းများကို ကြည့်လျှင် သူတို့အထဲ၌ရှိသော ခရစ်တော်၏
တန်ခိုးတော်ကို တွေ့မြင်နိုင်လေသည်။ ဤသို့ဖြစ်ရခြင်းသည် သူတို့၏
ကြိုးစားခြင်းအားဖြင့် မဟုတ်။ ခရစ်တော်ဘုရားကို ကိုးစားခြင်းအားဖြင့်
ဖြစ် ၏။ ထို့ကြောင့် ခရစ်ယာန်တို့၏ အောင်မြင်ခြင်း လျှို့ ဝှက်ချက်မှာ
သူတို့အထဲ၌ ကိန်းဝပ်လျက်ရှိသော ခရစ် တော်ပေတည်း။
        တစ်ချိန်က တရုတ်ပြည်၌ နိုင်ငံခြားသားများကို နှိပ်ကွပ်သည့်အချိန်တွင်
သာသနာပြုဆရာတစ်ဦး၏ အိမ်ထောင်တစ်ခုတွင် မိခင်၊ ဖခင်နှင့်သားသမီးသုံး
ယောက်ကို သတ်ဖြတ်လိုက်ကြလေသည်။ သားလေး ယောက်တို့မှာ မိမိတို့မျက်မှောက်၌
အမိ၊ အဖ၊ ညီ အစ္ကို တစ္စု အသတ်ခံရသည်ကို မြင်ကြ၍ ကိုယ် လွတ်ရုန်း
ထွက်ပြေးသောကြောင့် အသက်ချမ်း သာရာ ရကြလေသည်။
        ထို့နောက် ညီအစ်ကိုလေးယောက် ဆုံစည်း သောအခါ မိမိတို့နစ်နာမှုများအတွက်
မည်သို့တုံ့ပြန် ချေပရမည်နည်းဟု ညီညြတ္စြာ ဆုံးဖြတ်ကြလေသည်။
ထိုသူလေးဦးတို့သည် အမေရိကန်ပြည်သို့ပြန်၍ ပညာ တတ်အောင် သင်ကြားပြီးလျှင်
မိမိတို့မိသားစုကို သတ် ဖြတ်ခဲ့သော တရုတ်လူမျိုးများအတွက် သေသည့်တိုင်
အောင် အမှုဆောင်ရန် ပြဋ္ဌာန်းကြလေသည်။ စိတ် ပြဋ္ဌာန်းသည့်အတိုင်း
ပညာများစုံလင်စွာ ဆည်းပူးပြီး သောအခါ လေးဦးစလုံး တရုတ်ပြည်သို့ ပြန်လာ၍
နှစ်ပေါင်းများစွာ အနွံအတာခံလျက် အမှုတော်ကို ဆောင်ရွက်ကြလေသည်။
        ထိုလေးယောက်အနက် တစ်ယောက်သောသူ အားဖြင့် တရုတ်လူမျိုး 
သည် ခရစ်တော်၏ တပြည့် စစ်ဖြစ်လာလေသည်။ ထို ဒေါက်တာဂျိမ်း(စ်)ရင်၏
လံုံ့လဖြင့် တရုတ်ပြည်ကြီး၌ ပြည်လုံးကျွတ်ပညာသင်ကြားရေးကို
ဖြစ်မြောက်အောင် မြင်အောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် သန်းပေါင်း မ်ား
စွာသော လူတို့သည် စာတတ်ခဲ့ကြလေပြီ။
        အထက်ပါ ညီအစ်ကိုလေးဦးသည် မိမိတို့၏ ဒုက္ခကို သုခဖြစ်အောင် အသုံးချလျက်၊
နစ်နာခြင်းမှ အောင်မြင်လျက် အမြတ်ထုတ်ကြလေသည်။ ဤနည်း သည် ခရစ်တော်၏
အောင်မြင်သော နည်းလမ်းဖြစ် လေသည်။ အထက်ပါဖော်ပြသည့် အသတ္ခံရေသာ
သားအဖငါးယောက်တို့၏ အုတ်ဂူနှင့်ဆက်စပ်လျက် အုတ်ဂူနှစ်ခု ရှိသေး၏။
င်းတို့မှာ ထိုသူငါးဦးတို့နှင့် တစ်ပါတည်း အသတ္ခံရေသာ သာသနာပြု ဆရာမ
ကြီးနှစ်ဦး၏ အုတ်ဂူဖြစ်၏။
        သူတို့၏ မိခင်ကား ဩစတြေးလျတိုက်၌ နေ ထိုင်သော မုဆိုးမဖြစ်လေသည်။
ထိုမုဆိုးမသည် သမီး နှစ်ယောက် အသတ္ခံရေသာ သတင်းကိုကြား ရေသာ အခါ
သာသနာပြုဆရာအဖြစ် စေလွှတ်ချင်သော ဆန္ဒရှိသော်လည်း နောက်ထပ်စေလွှတ်စရာ အ ခြား
သားသမီးမ်ားမရွိ။ ထို့ကြောင့် တရုတ်ပြည်သို့ ကိုယ် တိုင်သွား၍
အမှုတော်ဆောင်ရန်သာရှိသည်ဟု ဆို ကာ ဥစ္စာရှိသမျှ ရောင်းချလျက်
သမီးတို့အသတ်ခံရာ ဒေသသို့ ထွက်သွားလေ၏။ ထိုဒေသ၌ ကျောင်းတစ် ကျောင်းဖွင့်၍
ကလေးတို့ကို ပညာသင်ပေးလေ၏။ တရုတ်ပြည်သို့ သွားသောအခါ အသက်(၆၂)နှစ်ရှိ
ချေပြီ။ အနှစ် နှစ်ဆယ်တိုင်တိုင် အမှုတော်ဆောင်၍ အသက်(၈၂) နှစ်တွင်
ကွယ်လွန် သွားရှာလေသည်။
        ဤအထက်ပါ ကျန်ရစ်သူငါးဦးတို့သည် မိမိတို့ ခံရေသာ နစ်နာမှု၊ ရက်စက်မှု၊
ကြမ်းကြုတ်မှုများ အတွက် အံကြိတ်ပြီး တတွေးတွေး၊ တဆွေးဆွေး မေန ကြ။
ဆင်းရဲခြင်းကို လက်နက်သဖွယ်ဆုပ်ကိုင် အသုံး ပြုလျက်
အကျိုးဆောင်အရာရောက်အောင် အသုံးပြု ကြလေပြီ။ သက်ရောက်လာသည့်အဖြစ်အပျက်၊ အ
ခြေအနေ၊ စက်ရထားကြီး၏ ဆွဲငင်ရာသို့ မလိုက် မ သြားဘဲ၊ င်းရထားပေါ်သို့
တက်ပြီးလျှင် လိုရာစခန်း သို့ရောက်အောင် မောင်းနှင်ကြကုန်၏။ လိုရာစခန်း
သို့ ရောက်လာသောအခါ အဘယ်မျှလောက် ဘုန်း က်က္သေရ ရရှိပေမည်နည်း။
        ချစ်သောမိတ်ဆွေ သင်၌ မမျှော်လင့်ဘဲ ဆင်း ရဲဒုက္ခကျရောက်လာပါက မည်သို့
တုန့်ပြန်မည်နည်း။ အကျိုးမဲ့၊ အကြောင်းမဲ့ဒုက္ခပြဿနာမိမိအပေါ် (ဝါ)
မိမိချစ်သူများအပေါ် (ဝါ) မိမိဥစ္စာအပေါ် ကျရောက် သောအခါ ကျွနု်ပ်တို့သည်
ဝမ်းနည်းကြေကွဲ တတ်ကြ ၏။
        အခါတပါး၌ မျက်နှာဖြူဆရာဝန်တစ်ဦးသည် နှစ်ပေါင်းများစွာ ဒုက္ခခံ၍
ဆေးရုံတစ်ခုကို တည် ထောင်လေ၏။ တရုတ်ပြည်ရှိ ကွန်မြူနစ်ဂိုဏ်းသား မ်ား
ချီတက်လာရာလမ်း၌ ထိုဆေးရုံကို တွေ့သဖြင့် ဖျက်ဆီးကြရာ နောက်ဆုံးတွင်
နံရံသာကျန်ခဲ့လေ သည်။ ဤသို့သောနစ်နာမှုအတွက် စိတ်ကြေအေးငြိမ်း ချမ်းရန်
ခဲယဉ်းပေလိမ့်မည်။ သို့ဖြစ်လျက်နှင့် ထိုခရစ် ယာန်ဆရာဝန်ကြီးသည်
စိတ်ဓါတ်မကျ။ သူ့ဆေးရုံကို ဖျက်ဆီးသော တပ်နောက်သို့ လိုက္သြား၍ ဖ်ားနာ
သော စစ္သားမ်ား၊ ဒဏ်ရာရသော စစ်သည်များကို ကုသပေးလေ၏။
        ဤအချင်းအရာကို စစ်ဗိုလ်ချုပ်ကြီး ချန်ကေ ရှိတ် မြင်သော် မိမိမယားအား
ဤလူမျိုးခြားဆရာဝန် ဟာ သူ့ဆေးရုံကို ဖျက်ဆီးတဲ့လူတွေကို ကြည့်ရှုပြုစု
နေသည်မှာ ဘယ်လိုသဘောမျိုးလဲဟူ၍ ဤသို့မေး၏။ မိမိဇနီးသည်က
ခရစ်ယာန်သဘောပေါ့ဟု ပြန်ပြော လျှင် စစ်ဗိုလ်ကြီးက ဒီလိုဆိုလျှင် ငါလည်း
ခရစ်ယာန် ဖြစ်ရလိမ့်မည်ဟု ဆိုလေ၏။ တရုတ်ပြည်ကြီး အနှံ့အ ပြား
ခရစ်ယာန်များကို မုန်းတီးလျက် နှိပ်ကွပ်လျက် နေသည့် ခေတ်ကြီးတွင်
တရုတ်ပြည်၏ သမ္မတမင်းဖြစ် သော စစ်ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ခရစ်ယာန်
ဖြစ်လာရ ခြင်းသည် ဆရာဝန်ကြီးအထဲမှ ဖြတ်စီးလာသော ခရစ် တော်၏
မေတ္တာတန်ခိုးကြောင့်ပင် မဟုတ်ပါလော။
        ကြမ်းကြုတ်ရက်စက်သော စစ်သားတစ်စုတို့ သည် ဆရာဝန်၏ လုပ်ငန်းတစ်ခုလုံးကို
အခြေအမြစ် ဖြစ်လေသည်။ အဓမ္မဖျက်ဆီးပစ်ကြသော ကာလ၌ ထိုဆရာဝန်သည်
ဘုရားကိုလည်း အပြစ်မတင်၊ လူကို လည်း အပြစ်မတင်၊ ဆင်းရဲဒုက္ခကို
ခေါင်းငုံ့ခံ၍ မေန ထိုဒုက္ခဆင်းရဲကို လက်နက်သဖွယ် အသုံးချတတ်သော ကြောင့်
ကမ်ဘာတွင် တစ်ခါမျှမပေါ်စဖူး ထူးခြားလှသည် ဧဝံဂေလိတရားဟောခွင့် တံခါးကြီးကို
တရုတ်ပြည်၌ လမ်းဖွင့်နိုင်ခဲ့လေပြီ။ ယခုအခါ ထိုဆေးရုံကို အသစ်ပြု
ပြင်လျှက် ဆရာဝန်ကြီးလည်း မိမိလုပ်ငန်းကို မအား မလပ်ဆောင်ရွက်လျက်
ရှိလေပြီ။
        သို့သော် အကျိုးဖြစ်ထွန်းနှုန်းကို တွက်ဆသော် တသက်ပတ်လုံး
အေးအေးချမ်းချမ်းဆောင်ရွက်ခြင်း အကျိုးထက်၊ ဆင်းရဲဒုက္ခကြုံတွေ့ပြီးမှ
ဖြစ်ပေါ်လာ သော အကျိုးကား အဆပေါင်းများစွာ ကြီးမားလေ သည်။
ငြိမ်းငြိမ်းချမ်းချမ်း အမှုတော်ဆောင်နေခြင်း ထက် ခေတ္တခဏဆင်းရဲဒုက္ခပြဿနာ
ကြုံပြီးမှ စီးထွက် လာသော ဝိညာဉ်အရှိန်တန်ခိုးသည်သာ၍ အကျိုးဖြစ်
ထွန်းကားပေသည်။
        ထို့ကြောင့် ချစ်သောမိတ်ဆွေ၊ မိတ်ဆွေ အသက္တာ၌ မည်သို့သော
အခက်ခဲမျိုးနှင့် ရင်ဆိုင် နေရပါသနည်း။ ရောဂါဝေဒနာလား။ ငွေရေးကြေးရေး
လား။ ချစ်သူဆွေမျိုးများသေခြင်းလား၊ သို့မဟုတ် ဥစ္စာ ဆုံးရံှုးခြင်းလား၊
အပေါင်းအသင်းများ၏ စွန့်ပစ်ခြင်း လား၊ ထိုဒုက္ခပြဿနာအလုံးစုံကို
အခွင့်ကောင်းသဖွယ် အသုံးချလျက် ဘုရားသခင်မေတ္တာဖြင့် တုန့်ပြန်ပါက
မိတ်ဆွေသည် ဤေလာကကို အောင်မြင်သူဖြစ်ပေ လိမ့်မည်။
လောကကိုအောင်နိုင်ကြပါစေ။
        နာမတော်မြတ်၌ (ဇေန)


စိုးရိမ်မှု နောက်ကွယ်မှ အားပေးသံ

၁။ အာဗြဟံ သေဆုံးသောအခါ၊ သားဣဇက် သည် ဂေရာချိုင့်၌ တဲဆောက်ပြီး နေလေ၏။ ဂေရာ အမျိုးသား နွားကျောင်းသားတို့ကလည်း၊ ဤရေသည် ငါတို့ ရေဖြစ်သည်ဟု
ဣဇက္ကို နွားကျောင်းသားတို့၏ လုယက်ပြောဆိုကြ၏။ နောက်တဖန် အခြားသော
ရေတွင်းကို တူးပြန်၏။ ထိုရေတွင်းသည်လည်း ထပ္မံ ၍ လုယက်ခြင်းကို ခံရေလ၏။
ထို့ကြောင့် ဣဇက် သည် ထိုအရပ်မှ ဗေရရှေဘ အရပ်သို့ ပြောင်းလေ၏။
        ချစ်သောမိတ်ဆွေ ဣဇက်သည် ဖခင်သေဆုံး ပြီး အားငယ်နေချိန်၌ ယခုကဲ့သို့
သူတစ်ပါးတို့ အနိုင် ကျင့်ခြင်း၊ လုယက်ခြင်းကိုခံရသောအခါ၊ စိုးရိမ်ပူပန်

မိလေ၏။ ထို့ကြောင့် ထာဝရဘုရားသည် ထင်ရှား၏ ငါသည် သင့်အဘ အာဗြဟံ၏
ဘုရားဖြစ်၏။ မစိုး ရိမ်နှင့် ငါသည် သင်ဘက်မှာရှိ၏။ ငါသည် ကောင်း
ကြီးပေးမည်။ သင့်အမျိုးအနွယ်ကို များပြားစေမည် ဟု မိန့်တော်မူ၏။ (က၊
၂၆း၂၀-၄)
        ချစ်သော မိတ်ဆွေ သင်သည်လည်း မိဘနှစ် ပါး သေဆုံးပြီးသည့်နောက်၊
အမွေကိစ္စအတွက် စိတ္ပူ နေပါသလား။ ဆွေမျိုးသားချင်းများ၊ ညီအစ္ကို
မောင်နှမများနှင့် အမွေလုယက်ခြင်း၊ တရားစွဲဆိုခြင်း မ်ား ခံနေရပါသလား၊
ထိုအမှုကိစ္စအတွက် စိုးရိမ်နေရ ပါသလား။ ဘုရားသခင်က ဣဇက္ကို ကတိပေးခဲ့ သော
စကားကို နှလုံးသွင်းပါ။ မစိုးရိမ်နှင့် ငါသည် သင်ဘက်မှာရှိ၏။ ငါသည်
ကောင်းကြီးပေးမည်။
၂။ ဧလိယလက်ထက် ဣသေရလ တစ်တိုင်းတစ် ပြည်လုံး၌ မိုးခေါင်ပြီး
စားစရာခေါင်းပါးနေချိန်တွင် ဘုရားသခင်သည် ဧလိယကို ဇိဒုန်ပြည်၊ ဇရတ္တမြို့၌
နေသော မုဆိုးမတစ်ယောက်ထံသို့ စေလွှတ်ခဲ့လေ သည်။ အကြောင်းမှာ ဘုရားသခင်သည်
ထိုမုဆိုးမ အားဖြင့် ဧလိယကို ကျွေးမွေးဖို့ရန် မှာထားသော ကြောင့်ဖြစ်သည်။
သို့သော် မုဆိုးမ၏ လက်ရှိအခြေ အေနကို ကြည့်ပါ။ မုန့်ပြားတစ်ပြားမျှမရှိ၊
အိုးထဲ၌ လည်း မုန့်ညှက် လက်တစ်ဆုပ်၊ ဘူး၌လည်း ဆီအ နည်းငယ်သာရှိ၏။
ကျွန်မနှင့် သားငယ်အတွက် မုန့် ဖတ်၍ စားလိုသော်ငှာင်း၊ စားပြီးမှ သေလို
သောငှာ၄င်း၊ ထင်းစနှစ်ခုကို ခွေပါ၏ ဟု ဧလိယ အား မုဆိုးမက ပြောလေ၏။
(၃ရာ၊၁၇း၁၀-၁၂)
        ထိုအချိန်တွင် ဘုရားသခင်၏ ပရောက်ဖက်မှ ပထမဦးဆုံး ပြောလိုက်သောစကားမှာ
မစိုးရိမ်နှင့်၊ သင်ဆိုသည့်အတိုင်း သွား၍ပြုလော့၊ သို့ရာတွင် ငါ့ အဖို့
မုန့်ပြားငယ် တစ်ပြားကို အရင်လုပ်၍ ယူခဲ့ လော့။ နောက်မှ သင်နှင့်
သင်၏သားငယ် အဖို့ လုပ် လော့။ ထာဝရဘုရားမိန့်တော်မူသည်ကား မြေပေါ်မှ
မိုးရွားစေတော်မမူသည်တိုင်အောင် အိုး၌ ရှိသော မုန့်ညှက် သည်လည်းမကုန်၊
ဘူး၌ရှိသော ဆီသည် လည်း မလျော့စေရ ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလေ၏။
(၃ရာ၊ ၁၇း၁၃-၁၄)
        ချစ်သော မိတ်ဆွေသင်သည်လည်း ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုတ်၊ ကြက်သွန်
ကုန်ခန်းနေမှုအတွက် စိုးရိမ်နေပါသလား၊ ကုန်ဈေးနှုန်း မြင့်တက်နေမှုကို
ကြည့်၍ စိတ်ပူပန်နေပါသလား။ ဘုရားသခင်၏ ကတိတော်ရှိပါသည်။ မစိုးရိမ်နှင့်၊
ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာ ပါ။
နောက်မှ လိုအပ်သော စား၊ ဝတ်၊ နေရေးကို ဘုရားသခင် မစတော်မူလိမ့်မည်။ (မ၊
၆း၃၃)
        မုဆိုမအနေဖြင့် သူနှင့် သားငယ္မစား မ သောက်မီ ဘုရားသခင်၏ လူဖြစ်သော
ဧလိယကို ဦးစားပေး၍ အရင်ဆုံး ကျွေးမွေးခဲ့သည့်အတွက် မိုး ခေါင်နေ
သည့်ကာလပတ်လုံး လောက်ငှစွာစားရလေ သည်။ ထို့အတူ မိတ်ဆွေသည်လည်း ခဲယဉ်းသည့်
ကာလတွင် ဝလင်စွာစားသောက်နိုင်သည့် တစ္ခု တည်းသော နည်းလမ်းမှာ
ဘုရားသခင်ကို ဦးထိပ္ထား ခြင်း၊ ဘုရားသခင်၏ လူမ်ားကို ကျွေးမွေးခြင်းသာ
ဖြစ်ကြောင်း အသိပေးဝေငှလိုပါသည်။
၃။ တစ်ခါက ပရောဖက် ဧလိရှဲလက်ထက်တွင် ရှုရိလူတို့သည် ရှမာရိမြို့ကို
ဝိုင်းထားလေသည်။ နံနက်စောစော၌ ဧလိရွဲ၏။ ကျွန်သည် ထ၍ အပြင်သို့
ထွက်သွားသောအခါ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ စစ်သည်တို့နှင့်
ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိ သည်ဖြစ်၍ အိုသခင်၊ အဘယ်သို့
ပြုရမည်နည်း ဟု ဧလိရွဲအား ဆိုသောအခါ ဧလိရှဲဖြေသောစကားမှာ
မစိုးရိမ်နှင့် ငါတို့ဘက်၌ နေသောသူတို့သည် ရန်သူတို့ ဘက်၌နေသော
သူတို့ထက်သာ၍ မ်ား ပြားကြသည် ဟုဆိုလျက် ဧလိရှဲကျွန်သည် မြင်နိုင် မည့်
အကြောင်း မ်က္စိကို ဖွင့်တော်မူပါဟု ဧလိရွဲ ဆုတောင်းသည့်အတိုင်း
ဘုရားသခင်သည် ထို လုလင်၏ မ်က္စိကို ဖွင့်တော်မူသဖြင့် ဧလိရွဲ
ပတ်လည်၌ရှိသော တောင်တစ်ခုလုံးသည် မီးမြင်း၊ မီးရထားနှင့်
ပြည့်နှက်နေသည်ကို မြင်လေ၏ (၄ရာ၊ ၆း၁၄-၁၇)
        ချစ်သော မိတ်ဆွေ၊ တစ်ခါတစ်ရံသင်သည် လည်း အဖော်မရှိ အထီးကျန်ဆန်လျှက်၊
စိုးရိမ်ဝမ်း နည်းနေပါသလား။ ရှုရိရန်သူကဲ့သို့သော် အခက်အခဲ၊
ပြဿနာဒုက္ခများက မိတ်ဆွေပတ်ပတ်လည်၌ ဝိုင်း ထားခြင်းကို ခံနေရပါသလား။
စာတန်လူတို့၏ တိုက် လှန်ခြင်း၊ ကဲ့ရဲ့ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းကို
ခံနေ ရပါသလား၊ မိတ်ဆွေ၏ စိုးရိမ်မှု နောက်ကွယ်မှ ဘုရား သခင်၏ အားပေးသံကို
နားထောင်ပါ။ မစိုးရိမ်နှင့်။ ငါတို့ဘက်၌ရှိသော သူသည် လောကဘက်၌ရှိသော
သူတို့ထက် ကြီးတော်မူ၏။ (၁ယော၊ ၄း၄)
        ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တဘက်၌
နေနိုင်မည်နည်း။ (ရောမ၊ ၈း၁၃)
        မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏
ဘုရားသခင်သည် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့၏
သစ္စာလကျာ်လက်ဖြင့် ထောက်ပင့်မည် (ဟေရှာယ၊ ၄၁း၁၀)
၄။ တစ်ခါက ဣသရေလလူမျိုးတို့သည် ရန္သူ လက်ထဲကျရောက်ပြီး
အခြားတိုင်းတပါးသို့ ဖမ်းသွား ခြင်းကို ခံရေသာအခါ၊ ပရောက်ဖက်ကြီး ဟေရှာယ
အားဖြင့် ဘုရားသခင်အားပေးသော ကတိတော် စကား မွာ-
        မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနှုတ်ပြီ။ ငါ့နာမ ဖြင့် မှည့်ပြီ။
သင့်ကိုငါဆိုင်၏။ သင်သည် ရေကို လျှောက် သွားသောအခါ သင်နှင့် အတူ ငါရွိ၏။
မြစ်တို့ကို ရှောက်သွားသောအခါ မနစ်မွန်းရ။ မီးကို ချည်းနင်းသောအခါ၌လည်း
မလောင်ရ၊ မီးလွ်ံ လည်း မညှိရ၊ အကြောင်းမူကား ငါသည် သင်၏ ဘုရားသခင်
ထာဝရဘုရား ဖြစ်၏
        ချစ်သောမိတ်ဆွေ၊ သင်သည်လည်း တိုင်းပြည် တာဝန်ထမ်းဆောင်ရင်း
ရှေ့တန်းစစ်မျက်နှာ တစ်နေ ရာရာ သို့ရောက်နေပါသလား။ ရန်သူတို့၏ ထောက်
ချောက်ဆင်ထားသော အန္တရာယ်များ၊ ရေစီးသန်သော မြစ်ချောင်းများ၊ ရေစီးသန်သော
မြစ်ချောင်းများ၊ ထူထပ်သော တောနက်မျက်မဲကြီးထဲသို့ ရောက်နေပါ သလား။
ဤသို့သော ပတ်ဝန်းကျင်အခြေအနေကြောင့် စိုးရိမ်နေပါသလား၊ အထက်ပါဘုရားသခင်၏
အားပေးစကားကို နှလုံးသွင်းပါ။
        ငါသည် သင်၏ ဘုရားသခင်ဖြစ်၏။ သင်တို့ ဆံပင်သည်လည်း
အကုန်အစင်ရည်ထွက်လျက်ရှိ၏။ (မဿဲ၊ ၁၀း၃၀) သင်၏ ခြေရာရှိသမျှကို ရေတွက်
တော်မူသည်မဟုတ်လော။ (ယောဘ၊ ၃၁း၄) အား ယူ၍ ရဲရင့်ခြင်းရှိကြလော့။
မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ဘုရား
သခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို
စွန့်တော်မမူ၊ ပစ်ထားတော်မမူ (တရား၊ ၃၁း၆)
        ချစ်သောမိတ်ဆွေ စိုးရိမ်ခြင်းအားဖြင့် မိမိ အသက္တာကို တတောင်ခန့်မျှ
မတိုးပွားစေနိုင်ပါ။ ထို့ ကြောင့် ဘုရားသခင်က မစိုးရိမ်နှင့်ဟူ၍ အထပ်ထပ်
သတိပေးနေခြင်းဖြစ်လေသည်။ သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်
သင်တို့၌ စိုးရိမ်ခြင်း အမှု ရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့ဟူ၍
တမန် တော် ပေတရုက လည်း မိန့်မှာခဲ့လေသည် (၁ပေ၊ ၅း၇) စိုးရိမ်ခြင်းသည်
ထမ်းရွက်ရသော ဝန်ထုပ်၊ ဝန်ပိုးကဲ့သို့ လေးလံလျက်ရှိသည်။ ထို့ကြောင့်
ဘုရား သခင် ထံတော်ရှေ့တွင်ချထားရန် ဘုရားသခင်က ချစ်သော မိတ်ဆွေတို့အား
တိုက်တွန်းနေခြင်း ဖြစ်လေ သည်။ ထမ်းရွက်ရသော ဝန္ကို ထာဝရဘုရား၌
ချထားလော့။ သင့်ကိုမစတော်မူမည် (ဆာ၊ ၅၅း၂၂)
        ငါ့အပေါ်သို့ လက်တော်ကိုတင်လျက် ကြောက် ရွံ့ခြင်းမရှိနှင့်။ ငါသည်
အဦးဆုံးသောသူ၊ နောက်ဆုံး သောဖြစ်၏။ အသက်ရှင်သောသူလည်း ဖြစ်၏။
ကမ်ဘာအဆက်ဆက် အသက်နှင့်ပြည်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း အစိုးရ၏။
(ဗ်ာ၊ ၁း၁၇-၁၈)
        ချစ်သော မိတ်ဆွေ စိုးရိမ်မှုနောက်ကွယ်မှ ဘု ရားရှင်၏
အားပေးစကားများအားဖြင့် ငြိမ်သက်ခြင်း မ်ား ခံစားနိုင်ကြပါစေ။

                ခရစ်တော်၏ နာမတော်မြတ်၌
                        (ကန)

Saturday, 21 February 2015

ယေရှုခရစ်၏ လောကကိုအောင်မြင်နည်း

        ချစ်သောမိတ်ဆွေ တမန်တော် ပေါလုက ငါ တို့စစ်တိုက်၍ သုံးစွဲသောလက် နက်သည် ဇာတိ မြို့ရိုး၊မြို့ပြတို့ကို ဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏ ဟူ၍မိန့်ဆိုခဲ့ဘူးပါသည် (၂ကော၊ ၁၀း၄-၅)။ ထို့ကြောင့် ခဲယမ်း၊ မီးကျောက်ဖြင့် မတတ်နိုင် သော အမှုကို၊မမြင်နိုင် သော ဘုရားသခင်၏ မေတ္တာ တန်ခိုးအားဖြင့် အောင်မြင်နိုင်ကြလေပြီ။ ပညာရှိတစ်ပါးက ပြောဘူးပါသည်။ မိမိကို ရိုက်ပုတ်သူအား ပြန်၍ ရိုက်ပုတ်လျှင်၊ ရန္သူ၌ တိုက် ခိုက် သတ်ပုတ် လိုသော စိတ္သေဘာကို နှိုးဆွ ပေးရာ ရောက်၏။ ပြန်၍ မရိုက်ပုတ်ဘဲ ထွက်ပြေး ပြန်လျှင်၊ နိုင်လိုမင်း ထက်ပြုလိုသော စိတ္ကို နှိုးဆွ ပေးရာ ရောက်၏။ သို့သော် မိမိတို့၏ တစ်ဖက်ပါးကို ပုတ္သူ အား၊ အျခား တစ်ဖက်ကိုလှည့်ခံလျှင် မူကား၊ရန်သူ့ အတွင်းရှိ သိမ်မွေ့နူးညံ့သော သဘောတို့ကို နှိုးဆွ၍ ပေးလိမ့်မည်။
ဤနည်းဖြင့်သာ အောင်မြင် ခြင်းကို ရရှိနိုင်သည်။


        တစ်နေ့သ၌ကုရေနေ ပြည်သားရှိမုန်သည်ခံရ မည့် ဆင်းရဲကို မမျှော်လင့်ဘဲ
တောအရပ်မှမြို့သို့ ခေတ္တ အလည်ရောက်လာ၏။ သို့သော် မြို့သို့ ရောက် သောအခါဘုမသိ၊ဘမသိနှင့်သူ့ ကိုဆွဲငင်ကြပြီး လျှင်သူ့ပခုံးပေါ်၌ကားတိုင်ကြီး ကို တင် ၍ ထမ်းခိုင်းကြလေ ၏။ ရှိမုန်အဘို့မှာ ဤမတရားမှုကြီးသည် တွေးမိတိုင်း၊ တွေးမိတိုင်း၊ နာကြည်းဘွယ် ကောင်းလှ၏။ ရောမစစ် သားတို့သည် ဂုဏ္သေရ ယုတ်နွမ်းမည်စိုး၍ မိမိတို့ အမျိုးသားချင်းတို့ကို မထမ်းခိုင်း။ ဒေါသထွက်လျက်နေ သော ယုဒလူမျိုးတို့ကို ထမ်းခိုင်းလျှင်လည်း ဆူပူဆန္ဒပြ မွာစိုး၍ မထမ်းခိုင်း။ 
       ထို့ ကြောင့် ယုတ်ညံ့သော အမျိုး၊ မျက်နှာငယ်ရှာသောအာဖရိကနယ်သားကို ထမ်းခိုင်း လျှင် မည်ကဲ့သို့မျှ ရန်တုန့်ပြန်နိုင်မည်မဟုတ်ဟုသဘောထားလျက် လူ တိုင်းရွံ့ရှာ သော လက်ဝါးကပ် တိုင်ကို ရှိမုန်အားအတင်းအဓမ္မထမ်းခိုင်းကြခြင်း ဖြစ် ဟန္တူ သည်။ လူကိုလည်း နှိပ်စက်၊ လူမျိုး၏ ဂုဏ် သိက္ခာ ကိုလည်း ဖ်က္ဆီးရာ ရောက် သော ကြောင့် ရှိမုန်၏ နှလုံးထက်၌ ဤအမှုအရာ၏ ဓါးခုတ်ချက် တော် တော် နက်ပေလိမ့်မည်။ ထိုနေ့၌ ရှိမုန်သည်တပင်တပန်း တောင်ကုန်းပေါ်သို့ တက်လှမ်းနေစဉ် အရှင်ယေရှု၏ ရှက်ကြောက်၊နစ်နာမှုမှ၊ မေတ္တာအောင်ပွဲအဖြစ်သို့ ပြောင်းလဲလိုက်ပုံကိုမျက်ဝါးထင်ထင်မြင်ရချေပြီ။ ရှိမုန် သည် ထိုသို့ မြင်ရာမှ ရုတ် တရက်အလင်းရ၍ အတွင်း သေဘာ ပြောင်းလဲပြီးလျှင် ကားတိုင်ကို အားရ ဝမ်း သာထမ်းခဲ့လေသည်။ ဝမ်းနည်းစိတ်ပျက်စရာကြီးကို အောင်မြင်ခြင်း ဖြစ်စေခဲ့ လေပြီ။
        ကျွနု်ပ်တို့မှာလည်း ရှိမုန်ကဲ့သို့ ကြုံကြိုက်တတ် သူများဖြစ်သည်။ ကျွနု်တို့ နေ ရပ်ဖြစ်သော အိမ်ဂေ ဟာမွ ပျော်ရွှင်စွာ အပြင်သို့ ထြက္သြားရာ၌ သာယာ သော လောကကြီးကို ရှုလျက် ဝမ်းသာအားရဖြစ်နေ စဉ် ရုတ်တရက်ဝမ်းနည်း ပူဆွေး ဘွယ်သော အဖြစ်မျိုး ပေါ်လာတတ်၏။ မမျှော်လင့်ဘဲ ထိုကဲ့သို့အကြောင်းထွေထွေ ထူးထူး ပေါ်ပေါက်လာ၍ ကျွနု်ပ်တို့ ပခုံးပေါ် သို့ လေးလံသော ကားတိုင်ကြီး သက် ရောက်လာ တတ်၏။ ကိုယ်နှင့်မဆိုင်သော ကားတိုင်ကြီးကို ထမ်းလျက် ကရာနီ ကုန်းပေါ်သို့ တပင်တပန်းတက် လှမ်းရကြ၏။ သို့သော် ကျွနု်ပ်တို့သည် ရှိမုန်ကဲ့သို့ အမှုမျိုးကြုံလာပါက ဒုက္ခကိုသုခဖြစ်အောင် ပြုလုပ် နိုင်ကြပေမည်။ ရှိမုန်သည် ကား တိုင်ကို ထမ်းရသော တခဏကြောင့်သခင်ယေရှုနှင့် တွေ့ကြုံရသဖြင့် လူမျိုး၏ နစ္နာခ်က္ကို ပြောင်းလဲ၍လူမျိုး၏ ကောင်းကျိုးကို ပြုပြင်ပျိုးထောင်နိုင်သော သတိ္တကိုမိမိကိုယ်တိုင် သာမက၊ သူ့လူမျိုးတို့ကိုပါ ရရှိစေခဲ့လေ သည်။
        အင်္ဂလိပ်လူမျိုးဖြစ်သောစာသင်ဆရာမ အမျိုးသမီးတစ်ဦး ရန်ကုန်တွင်ရှိခဲ့ ဘူး၏။ တက္ကသိုလ် ကျောင်းထွက်ဖြစ်၍ အနာဂတ်အတွက် တိုးတက္စရာ အလား အလာမ်ားစြာရွိ၏။ သို့သော် သူ့အနာဂတ် အတွက် အောင်မြင်ရန်လမ်းစ ပွင့်လန်း မည်ဆဲဆဲ၊ မွှေးရနံ့သင်းထုံသော ပန်းကို လေရိုက်၍ ချွေသကဲ့သို့ သူ့ကိုယ်၌ ကုဋ္ဌနူနာစတင်၍ဖြစ်ကြောင်း သိရရှာသည်။ ဤကြောက်မက်ဖွယ်သော ရောဂါကို ဝှက်၍ မထား နိုင်။ ကျောင်းမှ ခွင့်ယူ၍ ဆေးကုသလေသည်။ သက္သာ သလိုလို ရှိသော်လည်း ရောဂါအမြစ်မပြတ်သဖြင့်၊ တဖန်ပေါ်လာပြန်ရာ ယခုအခါမွ လူဖြစ်ရံှုး ကြောင်း အတပ်သိရတော့သည်။ ယခုအခါ ကျောင်းမှ ထွက်၍ပြန်လမ်းမ
 ရွိ သော လမ်းပေါ်သို့ ရောက်ရရှာတော့ သည်။ မိမိ၌ စွဲကပ်နေသောနူနာကိုစိတ်မှ ပယ် ဖျောက်သော်လည်း မပျောက်နိုင်။ တစ်နေ့သ၌ ထို ဆရာမသည်အခန်းထဲမှ ထြက္သြား၍ နှစ်မိုင်ကျော် ကွာဝေးသော ကုဋ္ဌနူနာရုံသို့လျှောက်၍သွား၏။ အနူ ရုံဝင်းအပြင်၌ ထိုင်လျက် အတန်ကြာအောင် စဉ်းစား နေသေး၏။ 
    ဤနေရာ၌အဝင်လမ်းသာရှိသည်။အထွက် လမ်းကားမရှိ။ ဆုတောင်းပဌနာကို ရွတ်ဆို လျက်ဝင်သွားရှာသည်။ ထိုဆုတောင်း ပဌာနာ ဖြင့် စိတ်ပျက် ဝမ်းနည်းခြင်း အစား၊ဝမ်း မြောက်အောင်မြင်ခြင်းကို ရရွိ လေသည်။ လူကောင်းတို့ကိုပညာသင်ပေး ခွင့်မရှိလျှင် လူနူတို့ကို သင်ပေးတော့မည် လူနူတို့ ကို၊ စာပေပို့ချပေး ရုံသာမက ဓမ္မဂီတ တီးဝိုင်းကို ဖွဲ့၍ သံစုံသီချင်းများကို ပါ သင် ပေးလေသည်။ ထိုအခါက်မွ တစ်ခါဘူးမျှ မခံစားဘူးသော ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်း၊ ရွှင်လန်း ခြင်းများကို ခံစားရလေသည်။ထိုဆရာမသည်လူနူများ ကိုသာ၊ သင်ကြားနေသည်မဟုတ်။    
       ကျွနု်ပ်တို့ အားလုံးကိုလည်း ယခုအချိန်အထိသွန်သင်လမ်းပြလျက် ရွိ၏။ ပန်း ချီကားဟူသမျှ၌ အလင်းကိုဖော်လို လျှင်အမှောင်ပိုင်းရှိသကဲ့သို့ ဤဆရာမေလး၏ တောက်ပ သော ဝိညာဉ်ပါရမီပေါ်ပေါက်လာရန် ရောဂါတည်း ဟူသော အမှောင် ကြီးကို ခံယူ၍လာရသည်။ ဤသို့ သောအမှောင်ထုကြီးအထဲမှနေ၍ သူတစ်ပါးကို သွန်သင်နိုင်မှ တကယ့်သွန်သင်ခြင်းကိုပေးနိုင်မည်။ ထိုအချိန်ရောက်မှ သူတပါးကို အသိတရား၊ ဗဟုသုတ ပေးရုံသာမကအရှိတရားတည်းဟူသော ပြောင်းလဲ ခြင်းကို ပေးနိုင်ပေမည်။
        ဤအခြင်းအရာကား အောင်မြင်ခြင်း၏ ထင် ပေါ်သော အဆစ်အပိုင်းမျှ သာ ဖြစ်သည်။ထိုသို့ ထင်ထင်ပေါ်ပေါ် မဟုတ်သော်လည်း မထင်မရှား၊ လူမသိ သူမ သိသောအောင်ပွဲပေါင်းများစွာရှိလျက်ပင်။ရုပ်ခန္ဓာကို ဝေဒနာဖြစ်စေသည့် ကားတိုင် ထက်၊ စိတ်ဝေဒနာကို ဖြစ်စေသော ကားတိုင် သည်ကား သာ၍ပင် အခံရ ခက် လေ၏။
        ဤကဲ့သို့ စိတ်ထဲ၌ ကျိတ်၍သာခံနေကြရ သော သူတို့တွင် စိတ်ဆင်းရဲနေ ကြသောသူများမှာ ခင်ပွန်းစစ်စစ်ကို လိုချင်လျက်နှင့်မရနိုင်သူများ ဖြစ်ပေ လိမ့်မည်။ လူဖြစ်လာကတည်း ကပင်စိတ်နှလုံးအတွင်း၌ မေတ္တတရားပါလာခြင်းသည် ဓမ္မတာ ပင်ဖြစ်သည်။ အိမ်ထောင်ဟူ၍တည်လာစကတည်းက လိုလား တောင်းတသော အရာတစ်ခုသည် သားသမီးများဖြစ်၏။ ဤသို့သားသမီးအရင်းများမရှိသမျှ ကာလ ပတ်လုံး စိတ္တသုခအဘယ်မှာရှိမည်နည်း။
        တစ်ခါက အမျိုးသမီး တစ်ယောက်သည် လင်ဝတ်၊ သားဝတ်နှင့်ပြည့်စုံသည့် ဂုဏ်အ ရည်အချင်းနှင့် ပြည့်စုံ၏။ သို့လျက်နှင့်ခင်ပွန်းယောကျာ်း မရ။ ထို့ကြောင့် ယုယပိုက်ထွေး၊ ကျွေးမွေးပြုစုရန် သားသမီး ရနိုင်ခွင့်မရှိ။ အခြားသော အမျိုးသမီးများ၏ ရင်ခွင်၌ သားငယ်ပိုက် ထွေးထားသည်ကို မြင်လိုက်ရလျှင်၊ ထိုမိန်းမစိတ်၌ နှလုံး သားကို ရဲရဲတောက်နေသော သံတံကျင်ဖြင့် လျှိုထိုးသ ကဲ့သို့ရှိ၏။ ထိုဝေဒနာ ဆိုးကြီးကိုနှစ်ပေါင်းများစွာ ခံရရွာ၏။ သူတစ်ပါးကို အမြဲကူညီ ဖေးမလျက် ရှိသော်လည်းစိတ် နှလုံးထဲ၌ ဆာလောင် မွတ်သိပ်သော ဝေဒနာကို ခံစားလျက်ရှိ သည်။
        တနေ့သ၌ ထိုအမျိုးသမီးသည် ဧဝံဂေလိ တရားကို ကြားနာရပြီး အမှောင် တိုက်မှ၊အလင်းတိုက်သို့ သူ့၏ဝိညာဉ်သည် မွေးဖွားပြောင်းလဲ လာခဲ့လေသည်။
ထိုနေ့မှစ၍၊ ဝိညာဉ်၌ မွေးဖွားလာသော ဝိညာဉ်သားသမီးများကို ပြုစုပျိုးထောင် သည့် တာဝန္ကို ထမ်းရွက်ရလေသည်။ ထိုသားသမီး တို့ကို ပြုစုရသော ဒုက္ခ ဆင်းရဲဟူသမျှကို ဆင်းရဲဟူ၍ မအောက် မေ့ဘဲ ချမ်းသာခြင်း တစ်မျိုးဖြစ်၍ လာ လေသည်။ မြင့်မြတ်သောစိတ်ထားနှင့် ခံရေသာ ဆင်းရဲကား၊စစ်မှန် သော ချမ်း သာပင်ဖြစ်၏။ ဝမ်းနည်းနေမည့်အစား၊ သူတစ်ပါး၏ ဆင်းရဲခြင်းကို မည်သို့ နှစ်သိမ့် သက္သာ စေနိုင်မည်နည်းဟု ကြံစည်ဖန်တီးကာသာနေ၏။ သူမ ပြုစုပျိုးထောင် နေသော သားသမီးမ်ားကား ရုပ်ခန္ဓာ၏ ကာမရာဂမွ မွေးဖွားလာသော သားသမီး များမဟုတ်။ စိတ်ဝိညာဉ်၏ ဆင်းရဲခြင်းမှ ပေါက်ဖွားလာသော သားသမီးများဖြစ်၏။    
        သူမတာဝန္ကား ထိုဝိညာဉ်သူငယ်တို့အား ပြုစုကျွေးမွေးရန်ဖြစ်၏။ သူမ သည် ဒုက္ခဆင်းရဲကိုယူ၍ သုခချမ်းသားဖြစ်အောင်ပြုလုပ်ချေပြီ။
        လူ့ဇာတိစိတ်၏ သတိ္တအင်အားတို့ကို ပျောက်ကင်းအောင် ဖျောက်ဖျက်၍ မရ။ မြင့်မြတ်ရာ စိတ်သဘောမျိုးသို့ ပြောင်းလဲမှသာရနိုင်ကြောင်း စိတ္တဗေဒပညာ ရှင်များက ဆိုပါသည်။ ဖိုမ ဇာတိစိတ်ဓါတ် သတိ္တမျိုးကို ကဗျာ၊လင်္ကာနှင့် သူတစ်ပါး အကျိုးကို ဆောင်ရွက်တတ်သည့် စိတ်မျိုးဖြစ်အောင်ပြောင်းလဲ ပေးနိုင် သည်ဟု ဆိုသည်။ ဤသဘောသည် ကောင်းပေ၏။ ကျွနု်ပ်တို့လည်းနှစ်ခြိုက်ပါ၏။ သို့သော် အမြင့်မြတ်ဆုံးသော စိတ်အဖြစ်သို့ပြောင်းလဲပေးနိုင် မှသာလျှင် လောကုတ္တရာ စိတ်သို့ ပြောင်းစေနိုင်ပေမည်။
       ဤသို့ပြောင်းလဲပေးရာ၌ လောကဓါတ်ပညာ အားဖြင့် မဟုတ်။ ခရစ်တော်၏
ဧဝံဂေလိတရာအားဖြင့်သာ ဖြစ်နိုင်သည်။ အလိုမပြည့်၍ စိတ်နှလုံးထဲမှာပဋိပက္ခ ဆန့်ကျင်ဘက်ဇာတိစိတ်သဘောကို အရှင် ယေရှုသည် ယူ၍ ကိုယ်တော်၏ ကား တိုင် ၌ရိုက်သတ်လျက် အသစ်ဖန်ဆင်းပြီးသော အခါ ဘုရားသခင်နိုင်ငံ တော်ကျယ် ပြန့်ဖို့ အသုံးပြု တော်မူသည်။
        ဇာတိစိတ်သဘောကိုကားတိုင်၌ ချိုး ဖဲ့ပြီးလျှင် ဘုရားသခင်၏ မေတ္တာကိုထို သူ၏ စိတ်နှလုံးထဲ၌သွန်းလောင်းလိုက်သောအခါ ထိုသူ၏ စိတ်နှလုံးသည်အပိတ် အဆို့၊ အချုပ်အချယ်၊ အလျှင်းကင်းလျှက်၊ လွှတ်ခြင်းအခွင့်ကို ရကြလေသည်။
        ရန်မူလိုသောစိတ်မှ မေတ္တာထောက်လျက်ခွင့်လွတ်သောသဘော၊ ကြောက် ရွံ့ခြင်းဇာတိစိတ်မှ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်း၊ ကိလေသာစိတ်မှ သူ တစ်ပါးအတွက် အနွံအတာခံနိုင်ခြင်းသဘော၊ မိမိကိုယ္ကို ချစ်တတ်သော သေဘာ မွ သူတစ်ပါးအား ချစ်နိုင်သည့်သဘော၊ သွေးသားဆွေမျိုးများကိုသာ ချစ်တတ် ကြသော သေဘာမွ ဝိညာဉ်ညီအစ်ကို မောင်နှများအား ခ်စ္တတ္လာ ခြင်းများ အဖြစ်သို့ ပြောင်းလဲလာသည်။
        ထို့ကြောင့် ယုံကြည်သူဘုရားသားများအတွက် အချည်းနှီး၊ အလဟဿ ဖြစ်သောအရာ၊ အရာမရောက်၍ စွန့်ပစ်လိုက်ရသည့် အရာဟူ၍မရွိ။ ဤသို့သော အဖြစ်မျိုးသည် ခရစ်ယာန်အသက်တာ၌သာ တွေ့မြင်နိုင်သည်။ ဆုံးရံှုးခြင်း၊ နစ္နာ ခြင်း၊ ဆင်းရဲဒုက္ခ ဝေဒနာတို့ကိုသာ၍ မွန်မြတ်ရာအဖြစ်သို့ သုံးစွဲနိုင်ကြလေသည်။
ထို့ကြောင့် အရှင်ယေရှုက တပည့်တော်တို့အား အနည်းငယ်မျှ မပျောက်မ ဆုံးစေရန်အကြွင်း အကျန်ရှိသမျှကို ကောက်ကြလော့ဟု မိန့်တော်မူခဲ့လေသည်။ ကိုယ်တော်သည် လူ့ဝိညာဉ်ကိုသာ ကယ်တင် တော်မူသည်မဟုတ်။ ဒုက္ခဆင်းရဲဖိ စီး၍ ကြေမွနေသည့် ဝိညာဉ်အစအန ကလေးများကိုပင် မပျောက်မပျက်ရလေ အောင် သိမ်းဆည်းတော်မူ၏။
            ချစ်သောမိတ်ဆွေ အရာရာကို ဝိညာဉ်မျက်စိ၊ ဝိညာဉ်ရှုထောင့်ဖြင့် ကြည့်တတ်၊ မြင်တတ်မည်ဆိုပါက ခက်ထန်သော စိတ္သေဘာ၊ ကြေကွဲသော စိတ်နှလုံး
သားများအားလုံးသည် ဝိညာဉ်ရေးရာ၌ အသစ်တဖန် စွမ်းအားများသာ ဖြစ်လေသည်။ရောဂါဖိစီးမှုကြောင့် ဆေးရုံရောက်၊ ငွေကုန်ကြေးကျဖြစ်နေရာမှ ခရစ်တော် နှင့်တွေ့ပြီး ရောဂါပျောက်ကင်းလျက်၊ ကုန်ကျသွားသော ငွေများထက်သာ ၍မြတ်သော အသက္တာကို ရေလ၏။ မိမိအိမ်ထောင်ထဲ၌ မ မျှော်လင့်ဘဲ သေခြင်းတရားဝင်လာလျှက် ထိုသေခြင်းအသုဘ အစည်းအဝေးမှ တဆင့် ဝိညာဉ်သေနေသော မိသားစုထဲက အိမ္သားမ်ား၊ ဝိညာဉ်အသက်ရလာ သည်မှာလည်း အမင်္ဂလာထဲမ ှမင်္ဂလာများပင်မဟုတ်ပါလော။ 
   ဆွေမရှိ၊ မျိုးမရှိသည့်အထဲ အိမ်ပါမီးလောင်ပြာကျသွားသော ယုံကြည်သူ အမျိုး သမီးကို ကျွနု်ပ်တွေ့ဖူးလေသည်။ ထိုအမျိုးသမီးက သက်သေခံသည်မှာ အိမ္မီး လောင်သောအခါကျမှ ကျွန်မသည်ဝိညာဉ်ရေးရာ၌ နိုးထမှုဖြစ်လာပြီး သွေးရင်း သားရင်းထက် စုံမက်တတ်သောဝိညာဉ်မောင်နှမ မြောက်များစွာကို ဘုရားပေး ကြောင်း ခံစားလာရလေသည်။
     ယခုဆိုလျှင် ကျွန်မသည် အထီးကျန်မဟုတ်တော့ပါ။ ဘုရားသခင်ပေးသော
ဝိညာဉ်ညီအစ်ကိုများ ရရှိလေပြီ။ ထို့ကြောင့် အိမ်မီးလောင်ရာမှဝမ်းနည်းရသော အဖြစ်မှ သာ၍ မြင့်မြတ်သော ဝိညာဉ်အိမ်တော်သားများကို ရရှိလေသည်။ ထိုသို့သော အကျိုးအပဲ့များကိုပင် ခရစ်တော်သည် တပည့်တော်တို့အား ကောက် သိမ်းရန် မိန့်မှာခဲ့သည် မဟုတ်ပါလော။
        ဘုရားသားတော်၏ မင်္ဂလာဆောင်ပွဲတော်မှ ဥပမာစကား၌ မင်းကြီးက ဖိတ် ခေါ်လိုက်သော သူတို့သည် အကြောင်းအမျိုးမျိုးပြလျက် မလာဘဲနေကြ၏။ ထိုမင်း ကြီးသည် ဖိတ်ထားသောသူများ မလာသောကြောင့် စိတ်ပျက်လျက်၊ မှိုင်တွေ၍နေ သည်မဟုတ်။ လူကိုစေလွှတ်လျှက်၊ ခြေလက်မသန်စွမ်းသောသူများ၊ မျက်မမြင် ဒုက္ခိတများကို မင်္ဂလာပွဲတော်သို့ ခေါ်တော်မူ၏။ ဤကဲ့သို့ မိမိပထမရည်မှန်းချက်၊
ရည်ရွယ်ချက်အတိုင်း ဖြစ်မလာသောအခါ စိတ်ပျက်ပြီး လက်လျှော့ အရံှုးပေး ရန်မဟုတ်။ သာ၍နက်ရှိုင်းသော ဘုရားသခင်၏ အကြံအစည်ကို ဝန္ခံ၍ ရှာဖွေ လျက် အကောင်အထည် ဖော်ရပေမည်။
        ဦးစွာဖိတ်ကြားခြင်းကို ခံသူတို့မှာ အခွင့်ထူးခံ ရသူများဖြစ်ပါ၏။ သို့သော် သူ တို့ရောက်မလာသောအခါ အေစခံမ်ားကို လွှတ်လျက်၊ တွေ့သမျှလူတို့ကို ခေါ်လာ စေ၏။ အခွင့်ထူးရသောသူတို့ မလာနိုင်ခြင်းအတွက် သာ၍များသောလူတို့ ပွဲတော် သို့ ရောက်လာရန် အခွင့်အရေးတစ်ရပ် ဖြစ်လေ၏။ ထို့ကြောင့် ဤအမှု၌ ရည်ရွယ် ချက်ပျက်သွားသည်ဟု ထင်ရသော်လည်း အကြံအစည်သာ၍ ကျယ်ဝန်းစွာ ထ မြောက်လေသည်။
        အရှင်ယေရှုခရစ်၏ လမ်းစဉ်သည် လွယ်ကူသော လမ်းစဉ်မဟုတ်။ ခဲယဉ်းလျက်နှင့် အောင်မြင်ရာသို့ ရောက်နိုင်သော လမ်းဖြစ်၏။ ရေသာခို၊ အချောင်လိုက် လိုသူ များအတွက်မူကား ဧဝံဂေလိတရား၌ ခိုကိုးရာ တွေ့မည်မဟုတ်။ သို့သော်ဒုက္ခဆင်းရဲ ခံရသော်လည်း အ ရှင်ယေရှုခရစ်၏ ကားတိုင်လမ်းစဉ်အတိုင်း လိုက်နာသောသူအတွက် မူကား လုံ လောက် ခိုင်မာသော အင်အားကြီးတစ်ခုကို စွဲကိုင်မိချေပြီ။
        ချစ်သောမိတ်ဆွေ ဤေလာက၌ အသက်ရှင်နေသ၍ ဒုက္ခ၊ သုခသည် ဒြန္တြဲ လျက် ကြုံရဦးမည်မှာဧကန်မလွဲပေ။ သို့သော် အရှင်ယေရှုခရစ်၏ လောကအောင် နည်းကို မိတ်ဆွေသည် သဘောပေါက်လျှက် လက်တွေ့အသုံးချပါက သင်သည် လည်း ခရစ်တော်နည်းလမ်းအတိုင်း လောကကို ဧကန္မုခ် အောင်နိုင်သူဖြစ် ပေလိမ့်မည်။ (ဒေါက်တာ ပေါလ်ခေကျိုင်း)

ပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန္ခိုး တော် အားဖြင့်