Friday, 29 August 2014

နာမည်မသိထင်ရှားခဲ့သူများ

၁။ ကျမ်းစာထဲတွင် နာမည်ပင်မသိရဘဲ၊ သူတို့၏ လုပ်ဆောင်ချက်ကိုသာ သိရေသာသူ အချို့ကို ရှာဖွေတွေ့ရှိရသည်။ သူတို့၏ လုပ်ဆောင်ချက်များမှာ အလွန်ပင် မှတ်တမ်း၀င်ခဲ့သလို၊ ယနေ့ယုံကြည်သူ မိတ်ဆွေများအတွက်ပါ စံထားရလောက်သော သာဓကများအဖြစ် အသက်ရှင်ခဲ့ကြသည်။ ဘုရားဘုန်းတော်အတွက် နာမည် ပင်မသိလိုက်ရပါ။ ဒါပေမဲ့ ထူးခြားသော အပြုအမူများအတွက် နမူနာယူစရာ ဖြစ်ခဲ့ရသည်။

ဗိုလ်ချုပ်နေမန်အိမ်မှ ကျွန်မိန်းခလေး
    စစ်တိုက်ရာမှ ဖမ်းဆီးခေါ်ဆောင်လာသော ဣသေရလ အမျိုးသမီးငယ်လေး
ပင် ဖြစ်သည်။ ဗိုလ်ချုပ်ကြီး၏ နေအိမ်တွင် အိမ်မှုကိစ္စများကို လုပ်ဆောင်ပေးရ သောထိုခောတ် ထိုအချိန်အခါက ကျွန်မိန်းခလေးပင် ဖြစ်သည်။ အိမ်ရှင် ဗိုလ်ချုပ်ကြီးအတွက် နူနာပျောက်ဖို့ရန် လမ်းညွှန်ပေးသည်။ သူ၏လမ်းညွှန်မှုက သူ့အမျိုးအ တြက္သာမက၊ ဣသရေလပြည်တွင်ရှိသော ဘုရားလူ (ပရောဖက်) ရှိကြောင်းကို သိစေသည်။ တိုင်းတပါးသား၊ လူမျိုးခြားဖြစ်သော ဗိုလ်ချုပ်ကြီးပင်လျှင် ထာ၀ရဘု ရားကို သိလာရသည်။ ဘုရားဘုန်း ထင်ရှားရပေသည်။ အိမ်တွင်အစေခံ ကျွန်ဖြစ်ပေမဲ့ သူ့သခင်အတွက် စိတ်ထားမှန်ကန်စွာနှင့် (စေတနာ) လုပ်ဆောင်ခဲ့ပြီး ကူညီ လမ်းပြခဲ့သော ထိုကျွန်မိန်းခလေးကား နာမည်ပင်မသိလိုက်ရပါ။ သူ၏လုပ်ဆောင်ချက်က ဗိုလ်ချုပ်ကြီးနေမန် နူနာရောဂါ ပျောက်ကင်းသွားခြင်းပင် ဖြစ်၏။

    ယေန့ မိတ်ဆွေနှင့် ကျွနု်ပ်လည်း နာမည်ကောင်းရဖို့နှင့် ဘုရားဘုန်းတော်ထင်ရှားဖို့ ဘယ်အရာက အရေးကြီးပါသလဲ၊ သင်ကကျွနု်ပ်အား ဆင်ခြေ ပေးကောင်း ပေးမည်။ " ဘုရားဘုန်းတော်ထင်ရှားရင် ကျွနု်ပ်လည်း နာမည်ရမှာပေါ့ " လို့သင်ပြောလိမ့်မည်။ ဒီအချက်ကိုလည်း ကျွနု်ပ်သင့်အားမငြင်းဆိုပါ။ သို့သော် ဘုရားဘုန်း တော်အတွက် တချို့လူတွေမှာ မြောင်းထဲခဏ၊ ချောင်ထဲထိုးထားခံရသော သူများရှိသည်။ ထိုသူများအတွက် အားမငယ်မိရန် ဤဆောင်းပါးက ရည်ရွယ်ပါသည်။
၂။ ယနေ့ခောတ်အချိန်အခါမှာ သူများတိုင်းတပါး သားမ်ားထံ သွားရောက်အလုပ် လုပ်ရသည်က ကျွနု်ပ်တို့မြန်မာပြည်က လူများစွာပါသည်။ ထိုအထဲမွာမွ ယုံ ကြည်သူများစွာလည်း (ဣသေရလ) ကျွန်မိန်းခလေးအား နမူနာယူသင့်သည်။ ဘယ်လိုစိတ်ထားနှင့် သင်လုပ်ဆောင်နေသလဲ။ ငွေရဖို့၊ လကုန်လျှင်လစာရဖို့၊ (OT) မ်ားမ်ားရဖို့ ဒါတွေဘဲ သင်စဉ်းစားနေသလား။ သင်၏အိမ်ရှင် အလုပ်ရှင်အား သင်ဆုတောင်းပေးဘူး ပါသလား။ သူ ကိုယ်တော်နဲ့တွေ့ဖို့ သင်စဉ်းစားဘူးပါသလား။ ဗိုလ်ချုပ်နေမန်အိမ်က ကျွန်မလေးကတော့ လိုအပ်လာလျှင် ဘုရားနှင့်မိတ်ဆက် ပေးခဲ့သည်။ သင်ရောစဉ်းစားပြီးပြီလား။
 
ဇိဒုန်ပြည်ဇရတ္တမြို့မှမုဆိုးမ( ၃ရာ ၁၇ း ၁-၂၄ )
    ထိုခောတ်ထိုအချိန်က ဇိဒုန်ပြည်မှာ မုဆိုးမအများရှိကြမည်။ သို့သော်လည်း ဇရတ္တမြို့မှ ထိုမုဆိုးမတစ်ဦးတည်းသာလျှင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးမှ (၃နှစ်ခွဲ) လွတ်မြောက်ခဲ့သည်။ နာမည်ကားမသိရ၊ သူ၏လုပ်ဆောင်ချက်က မုန့်ညက်လက်တဆုပ်စာနှင့် ဆီအနည်းငယ်ကို ဧလိယအား အကုန်ပေးခဲ့သည်။ သူ၏ယုံ ကြည်ခြင်းကား အားကြီးလှပေသည်။ ဒီနေရာမှာ သင်နှင့်ကျွနု်ပ်ဆိုလျှင် ဘယ်လိုဖြေရှင်းမလဲ မိတ်ဆွေ။ ကျွနု်ပ်သဘောအား အမှန်အတိုင်း၀န်ခံရပါလျှင် ကျွနု်ပ်မပေး နိုင်ပါ။ တစ်ပြည်လုံး အစာအဟာရ ခေါင်းပါးနေသည့် ကာလဖြစ်နေသည်။ ဘယ္သူ့ဆီမွာမွ် စားစရာအပိုမရှိပါ။ ချေးယူ၍လည်းမရ။ အစာခေါင်းပါးခြင်း ကာလကလည်း (၃)နှစ်(၆)လ ဆိုတော့ ကျွနု်ပ်ဘယ်လိုမျှ ပေးနိုင်လိမ့်မည် မဟုတ်ပါ။
 
    ဒါပေမဲ့ ကျမ်းစာကတော့ ရှင်းလင်းစွာ ပြောထားပါတယ်။ " မစိုးရိမ်နှင့်။ ငါ့အဘို့မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ " (၃ရာ ၁၇း၁၃)။ ဦးစားပေး လုပ်ရမှာက ဘုရားအတွက် အရင်လုပ်ရမယ်။ ယနေ့ကျွနု်ပ်တို့လည်း ဦးစားပေးမမှားဖို့ သင်ခန်းစာရလိုက်ပါတယ်။
၃။ ဤမုဆိုးမ၏ ယုံကြည်ခြင်း၊ ဦးစားပေးမှန်ကန်ခြင်းက ယနေ့အမှုတော်မြတ်တွင် ပါ၀င်နေသော ယုံကြည်သူတိုင်းအတွက် နမူနာယူစရာပင်ဖြစ်သည်။ နာမည် ကားမသိလိုက်ရပါ။ လုပ်ဆောင်ချက်ကား ယနေ့တိုင် ထင်ကျန်နေဆဲဖြစ်သည်။ ယေန့ ယုံကြည်သူများပင်လျှင် မုဆိုးမ၏ယုံကြည်ခြင်းကို မမှီနိုင်ပါ။ ဘုရားဘုန်းတော် ထင်ရှားဖို့သာ အဓိကကျန်ရစ်ခဲ့သည်။ နာမည်ရလိုခြင်း၊ နေရာရလိုခြင်းက အရေးမကြီးပါမိတ်ဆွေ။ လုပ်ဆောင်ချက်များက ရွှေငွေ၊ ကျောက်ကောင်းအဖြစ်၊ ဘုရားရှေ့ မှာထင်ကျန်ရစ်ဖို့ အရေးကြီးလှသည်။
 
ဆင်းရဲသောမုဆိုးမ ( ဗိမာန်တော်ထဲမှ ) ( လုကာ ၂၁ း ၁-၄ )
    ဆင်းရဲသောမုဆိုးမ၏ ဒင်္ဂါးနှစ်ပြားကား၊ အလှူရှင်အားလုံးထဲတွင် သာ၍သွန်းချကြောင်း ယေရှုပြောခဲ့ပါသည်။ " အခြားသောသူအများထက် သာ၍သွန်းချပြီး " ဟု မှတ်ချက်စကားပြောခဲ့ပါသည်။ ထိုမုဆိုးမကားနာမည် မသိရပါ။ သူများထက် " သာ " တယ်ဆိုတာတော့ ယေရှုပြောခဲ့ပါတယ်။ ယေန့ သင်နှင့်ကျွနု်ပ်လည်း ယုံ ကြည်သူဖြစ်ပြီး ကိုယ္လိုသူလို လူဘဲဖြစ်နေသလား။ သူမ်ားထက္သာတဲ့ နေရာရောက်ပြီလား။ စဉ်းစားစရာပါ။ သူမ်ားထက္သာမွ ယေရှုက မှတ်ချက်ပြုမှာ မိတ်ဆွေ။ သူများနဲ့တန်းတူဆိုရင် သင်ဟာ ( ၀ိညာဉ်ရေးမှာ ) နောက်ကျနေသူဘဲမှတ်ပါ မိတ်ဆွေ။
 
    ဒီနေ့ ယုံကြည်သူတွေအားလုံးထဲမှာမှ သင့်ကို " သာ " တဲ့နေရာကို ယေရှုရောက်စေချင်တယ်။ အားလုံးထက် ထူးခြားစေချင်တယ်။ ဘုရားရှေ့မှာ၊ ဘုရားရဲ့မျက် မှောက်တော်ရှေ့မှာ ဖြစ်တယ်။ အုတ်ရောရော ကျောက်ရောရော ဘ၀ကို ဘုရားကသင့်ကို မလိုချင်ဘူး။ ပူရင်ပူ၊ အေးရင်အေး၊ နွေးနွေးလေးတော့ မဖြစ်စေချင်ပါဘူး။ အဲဒါကဘုရားရဲ့ သေဘာပါဘဲ။
ယနေ့ကျွန်တော်တို့က သူများတွေထက်လည်း မထူးခြား။ ထူးထူးခြားခြား ဖြစ်စေချင်တယ်ဆိုတာ သိရပါမယ်။ ၀ိညာဉ်ရေးရာပိုင်းမှာရော လောကစည်းစိမ် ကြွယ်၀မှုအ ပိုင်းမှာရော သိသိသာသာ ထင်ရှားစေချင်တယ်။ ဒါမွ ဘုရားသားသမီးရဲ့ဘုန်းတော် ထင်ရှားတာကို လူတွေအားလုံးမြင်ဖို့ဖြစ်တယ်။ တစ်နှစ်လာလည်းဒီအတိုင်း၊ နောက်တစ်နှစ်လာလည်း ဒီအတိုင်းတော့ ဘုရား မဖြစ်စေချင်ပါ။
၄။ မုဆိုးမကေတာ့ အားလုံးထက်သာတဲ့ သင်ခန်းစာကို ပေးသွားခဲ့တယ်။ နာမည်မကျန်ခဲ့ပါ။ လုပ်ဆောင်ချက်ကတော့ မမေ့နိုင်စရာပါ မိတ်ဆွေ။

မြည်းရှင် ( ဗက်ဖာဂေရွာ၊ သံလွင်တောင်ခြေအနီး ) (မဿဲ ၂၁း၁-၃ )
    အမည်အရင်းမသိရသော သံလွင်တောင်ခြေရွာကလေး (ဗက်ဖာဂေ) ရွာရှိသူတစ်ယောက်ဖြစ်သည်။ " သခင်အလို " ရှိသည့်ဟူ၍ တပည့်တော်နှစ်ယောက်က ပြောလိုက်သည်နှင့် ချက်ခြင်းပေးလိုက်သည်။ သူကားဘယ်သူမှန်းမသိ။ သခင်ကို နေ့၊ ရက်၊ လ များစွာစောင့်စားနေသူပါပေ။ နေ့စဉ်၊ နာရီတိုင်း သခင်အတွက် ဘာပေးရမလဲဆိုတာ စဉ်းစားနေတဲ့သူဖြစ်တယ်။ ငါ့သခင်အတွက် ငါဘာမှမလုပ်ဆောင် ပေးရသေးပါလား။ တစ်ခုခုတော့ သခင်တောင်းဆိုလာလျှင် ငါလုပ်ပေးချင် လိုက္တာဟု စဉ်းစားနေသောသူမှသာ သခင်တောင်းဆိုလာချိန်တွင် " ချက်ခြင်း " ပေးလိုက်နိုင်မည်သာ ဖြစ်သည်။ ထိုသို့ သခင်အတွက် မစဉ်းစားဘဲ မေ့လျော့နေ လျှင် " ချက်ခြင်း " ပေးလိုက်နိုင်မှာ မဟုတ်ပါ။ သူကိုးကွယ်တဲ့သခင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း သူသိတယ်။ ဒါကြောင့်နေ့စဉ်ရက်ဆက် မျှော်လင့်နေတယ်။ တစ်ခုခုသခင်အတွက် လုပ်ဆောင်ဖို့ဖြစ်ဖြစ်၊ နောက်တော်လိုက်ဖို့ဘဲဖြစ်ဖြစ် သူပြင်ဆင်ထားပြီးသား ဖြစ်တယ်။ ဒါကြောင့်သခင်အလိုရှိတယ်လို့ ပြောလိုက်တာနဲ့ " ချက်ခြင်း " ထပြီးလုပ်ဆောင်တော့တာဘဲ။
    ကျွနု်ပ်တို့ရော သခင်အတွက် မေ့လျော့နေလား၊ ဘာတစ္ခုခု လုပ်ဆောင်ခဲ့ပြီးပြီလဲ။ လုပ်ဆောင်ဖို့ရန် အသင့်အနေအထား ရှိပြီလား။
 
၅။ သခင်တောင်းဆိုလာလျှင် " ချက်ခြင်း " ထပြီးလုပ်ဆောင်နိုင်မလား။ ဒီအရာတွေက ကျွနု်ပ်တို့အတွက် အရေးကြီးတယ် မိတ်ဆွေ။ လောကမှာသင့်ကို ဘုရား က တစ်ခုဘဲခိုင်းချင်ရင် ခိုင်းမယ်။ သင့်ဘက်က လုပ်ဆောင်ဖို့အတွက် အသင့်ပြင်ထားဖို့က အရေးကြီးတယ် မိတ်ဆွေ။ ကိုယ်တော်ခေါ်ပြီဆို " ချက်ခြင်း " လုပ်ဆောင် နိုင်ဖို့က အရေးကြီးတယ်။ အဲဒီအတွက် အချိန်တိုင်း၊ နာရီတိုင်း၊ စက္ကန့်တိုင်း ကိုယ်တော်အတွက် စဉ်းစားနေဖို့လိုတယ်။ ကိုယ်တော်အတွက် အချိန်ပေးထားဖို့လိုတယ်။ ပြင်ဆင်ထားဖို့လိုတယ်။
 
    မြည်းရှင်က နာမည်မသိလိုက်ရပေမဲ့ လုပ်ဆောင်ချက်က ထင်ရှားလှပေတယ်။ ယေန့ ယုံကြည်သူမိတ်ဆွေများအနေနဲ့ လူတွေကသင့်ကို သိချင်မှသိမယ်။ သင် မြောင်းထဲရောက်နေရင် ရောက်နေမယ်။ ခဏတာဘဲ သင်ရောက်နေပါမယ်။ သင့်ကိုဘုရားက နောက်ချေးပုံထဲကနေ ချီးမြှောက်ပါလိမ့်မယ်။ သင့်ရဲ့လုပ်ဆောင်ချက်သာ ဘုရားရှေ့မှာ ထင်ရှားပါစေ၊ သင့်ကိုဘုရားကတစ်နေ့ ချီးမြှောက်ပါလိမ့်မယ်။ နာမည်ရလိုခြင်း၊ နေရာရလိုခြင်း၊ ထင်ပေါ်ကျော်ကြားလိုခြင်း၊ မျက်နှာရလိုခြင်း အားလုံး ဟာလူတွေ ကြိုက်နှစ်သက်ကြပါတယ်။ ဒါတွေဟာ ဘုရားသဘောမဟုတ်ပါဘူး။ ဒီလောက်ဆိုလျှင် ကျွနု်ပ်ပြောလိုသည့်အချက်ကို မိတ်ဆွေသိနေလောက်ပါပြီး။ 

ထွန်းဇော်

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....