Thursday, 17 April 2014

Happy Easter to you All!

လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Ruth Dillow ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ ပင်တဂွန်စစ်ဌါနချုပ် မွ သတင်းဆိုးတစ်ခုကို မမျှော်လင့်ဘဲကြားလိုက်ရတယ်။ သတင်းကတော့ သူရဲ့ချစ်လှစွာသောသား Clayton Carpenter ဟာ ကူ၀ိတ် နိုင်ငံရဲ့ စစ်မြေပြင်မှာ မြေမြှပ်မိုင်း နင်းမိပြီး သေဆုံးသွားတယ်ဆိုတဲ့ သတင်းပါဘဲ။ Ruth Dillow ဟာ ကြားလိုက်ရတဲ့ သတင်းဆိုးကြောင့် သုံးရက်တိတိ ငိုကြွေးခဲ့ရပါတယ်၊ သုံးရက်တိတိ မိတ်ဆွေ၊ ဆွေမျိုး များရဲ့ နှစ်သိမ့်ခြင်း အားပေးခြင်းတို့ကို ခံယူရရှိခဲ့ရပါတယ်။ ဒါပေမယ့် သုံးရက်မြောက်နေ့မှာ တယ်လီဖုန်းမြည်လာပြီး သူ၏သားဖြစ်သူက အေမ ကျွန်တော်မသေဘူး၊ ကျွန်တော်အမေ့သား Clayton ပါ၊ အမေကြားရတဲ့သတင်းထဲက သေသွားတဲ့သူက သားမဟုတ္ဘူး၊ အခြားတစ်ယောက်ပါ ဟု ဖုန်းထဲမှ သားဖြစ်သူ၏ နှုတ်ဆက်သံကို ကြားလိုက်ရသောအခါ၊ သူမသည် ချက်ချင်း သူ့နားကိုပင် မယုံကြည်နိုင်ခဲ့ပါ၊ သို့သော် သားဖြစ်သူ၏အသံကို သူမဘယ္လိုမွ မမှားနိုင်ပါ။
စက္ကန့်ပိုင်းအတွင်းပင် သားဖြစ်သူ မသေသေးကြောင်း အခိုင်အမာသိရှိနားလည်သွားချိန်တွင် သူမ၏ပျော်ရွှင်မှုကြောင့် ကခုန်၊ ရယ်မောလျက် သူမ၏သုံးရက်တာ ၀မ်းနည်းပူဆွေးမှုမှသည် ဘ၀တစ်လျှောက်လုံးအတွက် အပျော်ဆုံးနေ့ တစ်နေ့ဖြစ်သွားခဲ့သည်။ ထိုနေ့တွင် သူမဘယ်လောက်ပျော်ရွင်ခဲ့ရသည်ကို ဘယ်သူမှနားလည်၊ ခံစားပေးနိုင်မှာ မဟုတ်ပါဘူး ဟု သူ၏ပျော်ရွှင်မှုကို ပြန်လည်ဖွင့်ဟခဲ့သည်။


ဓမ္မသစ်ကျမ်းကို ဖတ်ရှုနားလည်ပြီး ခရစ်တော်ကို ချစ်တဲ့ ယုံကြည်သူတိုင်းအတွက် Ruth Dillow ရဲ့ပျော်ရွှင်မှုမျိုးကို ခံစားဘူးကြသူများဖြစ်ပါတယ်။ ခရစ်တော်ရဲ့ လက်တော်နဲ့ ဖဝါးတော် မ်ားကို ကားတိုင်ပေါ်မှာ ရက်ရက်စက်စက် သံမှိုနဲ့ ရိုက်ပြီး နံရိုးတော်ကို လှံတံနဲ့ ထိုးလိုက်တဲ့ အချိန်မှာ ခရစ်တော်ရဲ့ မိခင်၊ သူ့ကိုချစ်တဲ့ နောက်လိုက်တပည့်တွေ ဘယ်လောက်ထိအောင် ပူဆွေးသောက၊ ၀မ်းနည်းနာကျင်မှုကို ခံစားရမလဲဆိုတာပြောမပြလည်း နားလည်နိုင်ပါတယ်။ ဒါပေမယ့် သုံးရက်မြောက်သောနေ့မှာ ခရစ်တော်ကို ဂူသွင်းမြှပ်နှံတဲ့ နေရာကို မယ်တော်နှင့် အမျိုးသမီးအချို့သွားရောက်တဲ့အခါ၊ ဂူကိုပိတ်တဲ့ ကျောက်တုံးကြီး မရှိတော့တဲ့အပြင် အထဲကို၀င်ကြည့်တော့ ခရစ်တော်ရဲ့ အလောင်းလည်းမရှိတော့ပါဘူး၊ တစ်ချိန်တည်းမှာဘဲ ကောင်းကင်တမန်များ ပေါ်လာပြီး ခရစ်တော် ထမြောက်ပြီဖြစ်ကြောင်း မယ်တော်နှင့် အမျိုးသမီးများကို ပြောပါတယ်။ မိတ်ဆွေ ခရစ်တော်ဟာ သေခြင်းကို အောင်မြင်ပြီး သင်္ချိုင်းတွင်းမှ ပြန်လည်ထမြောက်ခဲ့တဲ့ အရှင်ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဟာ ကျွန်တော်တို့အတွက် ဘယ်လိုပြောင်းလဲမှု ဖြစ်စေပါသလဲ?

၁ကော ၁၅း၂ တွင် အထက္က ငါဟောပြော သည်အကြောင်းများကို သင်တို့ သည် အကျိုးမဲ့မယုံဘဲ စိတ်စွဲလန်းလျှင်၊ ထိုဧဝံဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ ဟုဖော်ပြသည်။ တဖန်
၁ကော ၁၅း၃-၇ တွင် ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
ကေဖသည် ကိုယ်တော်ကိုမြင်ပြီးမှ၊ တကျိပ်နှစ်ပါးသောသူတို့သည် မြင်ရကြ၏။
ထိုနောက် ညီအစ္ကိုငါးရာမက၊ တပြိုင်နက်မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။
ထိုနောက် ယာကုပ်မြင်ရ၏ ဟုရေးသားထားသည်။
တဖန် ၁ကော ၁၅း၅၁-၅၂ တွင် နက်နဲသောအရာတခုကို ငါပြဦးမည်၊ ငါတို့ရှိသမျှ သည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန် သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည် ဟုတွေ့ရသည်။ 

တမန်တော်ရှင်ပေါလု ဖော်ပြသကဲ့သို့ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကြောင့် အရာခပ်သိမ်းတို့သည် အရင်ကနှင့်မတူ ပြောင်းလဲကုန်ကြလေပြီ။ ယုတ်ရွအဆုံး ကားတိုင်နှင့်သင်္ချိုင်းဂူ တို့အပေါ်လူသားတို့၏အမြင်များပင်လျှင် သခင်ယေရှု၏ ထမြောက်ခြင်းနောက်ပိုင်းတွင် ပြောင်းလဲသွားခဲ့သည်။

ခရစ်တော်ရှင်ပြန်ထမြောက်ခြင်း မဖြစ်ခင် လက်ဝါးကားတိုင် ဟူသည် အမင်္ဂလာ၊ သေခြင်း၏အမှတ် လက္ခဏာဖြစ်ရုံမက အဆိုးဆုံးသော သေခြင်း၊ ကွပ်မျက်ခြင်းခံရသောနေရာဖြစ်သည်။ ထို့ကြောင့် ရောမအင်ပါယာအတွင်းတွင် ရောမနိုင်ငံသားတစ်ဦးကို လက်ဝါးကားတိုင်ပေါ်တွင် ကွပ်မျက်ခြင်းကို တားမြစ်ပိတ်ပင်ထားသည်။ လက်ဝါးကားတိုင်သည် အနိမ့်ဆုံးသောသူ၊ ကျွန်၊ ရောမအင်ပါယာ၏ ရန်သူများအတွက် ကွပ်မျက်ရာအဖြစ် သတ်မှတ်ထားသည်။ သို့သော် အမင်္ဂလာဖြစ်ပါသည် ဆိုသော ထို လက်ဝါးကားတိုင် သည်ယနေ့ စိတ်ချမ်းမြေ့မှုကို ပေးနိုင်စွမ်းသော လက္ခဏာ အဖြစ် ယုံကြည်သူရော မယုံကြည်သူများပါ နားကပ်၊ ဆွဲကြိုး မွအစ ပုံစံအမျိုးမျိုးဖြင့် အမြတ်တနိုးထားသော၊ မျှော်လင့်ခြင်းကိုပေးသော၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုအမှတ်ရစေသော အမှတ်အသားတစ်ခု ဖြစ်နေသည်။

ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်းအမှုမဖြစ်ပွါးခင်တွင် ဂူသင်္ချိုင်း ဟူသည် လူ့ဘ၀၏ လမ်းဆုံး၊ နိဂုံးပြုရာ နေရာဖြစ်ခဲ့သည်။ သို့သော် ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ယနေ့ထို ဂူသင်္ချိုင်းသည် သေခြင်း၏အခြားသော တဖက်ခြမ်း၌ရှိသည့် ပိုမိုအဓိပ္ပါယ်ရှိသော၊ စစ်မှန်သော၊ ထာ၀ရဖြစ်သော ဘ၀၏ အစ၊ ထာ၀ရပျော်ရွှင်ခြင်းတည်းဟူသော နိဗ္ဗန် ၏ နိဒန်းအဖြစ် ယုံကြည်သူခရစ်ယာန်တိုင်းက ခံယူကြပေသည်။ ထာ၀ရ ပျော်ရွှင်မှုရှိရာ မရောက်မချင်း လောဘ၊ ဒေါသ၊ မောဟ တွေရဲ့စေစားရာနောက် မမောမပန်း လိုက်လျှောက်နေကြရတယ်မဟုတ်လား။ Dale Even ဆိုသူက ဟိုး..အေ၀းမှာမြင်ရတဲ့ တဲ့တန့် ရောင်ခြည်ရဲ့ ခြေရင်းမှာရှိတဲ့ ရွှေအိုးကိုရှာဖွေဖို့ ကျွန်တော့် ဘ၀ရဲ့ အချိန်တော်တော်များများကို အသုံးပြုခဲ့မိတယ်၊ နောက်ဆုံး အဲဒီရွှေအိုးကို တဲ့တန့်ရောင်ခြည်ရဲ့ ခြေရင်းမှာ မတွေ့ဘဲ၊ ကားတိုင်ရဲ့ ခြေရင်းမှာတွေ့ခဲ့ရတယ် ဟု ဆိုခဲ့သည်။

ကျွန်တော်တို့ဟာ လောကကြီးမှာ ရှင်သန်ခဲ့တဲ့ကာလတစ်လျှောက်လုံး ကျွန်တော်တို့အတွက် အရေးကြီးတယ် လို့ ယူဆ ခံယူထားတဲ့ အရာ၀ထၳုတွေရဲ့နောက်ကို တကောက်ကောက်လုံးပမ်းရှာဖွေကြတယ်။ ဒါပေမယ့် သေခြင်းဆိုတဲ့တရား၊ သေခြင်းရဲ့အခြားတဖက်မှာ လျှောက်လှမ်းတွေ့ကြုံရမယ့် တရားတွေနဲ့ အပေးအယူလုပ် ရတော့မယ်ဆိုရင် ကျွန်တော်တို့ဘ၀အတွက် အင်မတန်အရေးကြီးပါတယ်လို့ ခံယူသတ်မှတ်ထားတဲ့၊ လုံးပမ်းရှာဖွေထားတဲ့ လောကအရာ၀ထၳုတွေဟာ ဘာမှအရေးပါတဲ့အရာတွေ မဟုတ်တော့ပါဘူး။ မိတ်ဆွေစီးတဲ့ကားကောင်း၊ မိတ်ဆွေနေတဲ့ အိမ်ကြီးတွေက ထာ၀ရလျှောက်လှမ်းရမယ့် အခြားသောတဖက်ကို ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးကိုမှ မဖန်တီးပေးနိုင်ပါဘူး။

Henry Garrity ဆိုသူရေးသားသော Portraits of Perseverance ဆိုသော စာအုပ်တွင် တစ်ခါက Carl ဆိုသူတစ်ယောက်သည် အလွန်ချမ်းသာသော သူဌေးတစ်ယောက်ဖြစ်ရာ၊ အလွန်ကြီးသော အိမ်နှင့် မြေကွက်များကို ပိုင်ဆိုင်သည်ဟုဆိုသည်။ သူ၏အနှစ်သက်ဆုံး အချိန်ဖြုံးနည်း တစ္ခုမွာ မြင်းစီးရင်း သူပိုင်ဆိုင်သည့် မြေကွက် မ်ားကို လျှောက်ကြည့်ကာ၊ သူ၏ပိုင်ဆိုင်မှုများအပေါ် ကြည်နူးပီတိဖြစ်ခြင်းဖြစ်သည်။

တစ်နေ့ Carl သည် မြင်းစီးရင်း သူ၏မြေကွက် တစ်နေရာရှိ တဲကလေးတစ်ခုတွင် ငှားရမ်းနေထိုင်သော Han ဟုအမည်ရသည့် လယ်သမားတစ်ယောက် ကိုတွေ့သည်။ နေ့လယ်စာ စားချိန်ဖြစ်ပြီး Han သည် သစ်ပင်တစ်အောက် အရိပ်တွင် စားပွဲသေးသေး တစ်လုံးနှင့် နေ့လယ်စာစားရန်အတွက် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းနေသည်။ Carl က Han ၏နေ့လည်စာကို ကြည့်လိုက်ရာ ပေါင်မုန့်ကြမ်းများနှင့် ချီစ် အနည်းငယ်ကိုသာ တွေ့သဖြင့်၊ အဲဒီ အစားအစာ ကလေးအတွက်နဲ့များ ကျေးဇူးတော်ချီးမွမ်းနေရသေးတယ် ဟု နာခေါင်းရှုံ့ ကာ ကဲ့ရဲ့ပြောဆိုလိုက်သည်။ Han က ဒီအစားအစာ ဟာ ကျွန်တော့်အတွက် လုံလောက်တယ်၊ ဘုရားသခင်ပေးထားတဲ့ အစားအစာ ဖြစ်တယ်ဟုပြန်ပြောသည်။

Han ၏ ပြန်လည်ချေပပြောဆိုမှု မည်သို့မျှ နားလည်နိုင်စွမ်း ရှိပုံမရသော Carl သည် ရုတ်တရက် လည့်ပြန်မည် ပြုစဉ် Han က နေပါအုန်း. . . ကျွန်တော်ညက မက်တဲ့ အိမ်မက်ကလေးပြောချင်သေးတယ်၊ ညကကျွန်တော့် အိမ်မက်ထဲမှာ အလွန်လှပတဲ့ နေရာတစ်ကိုရောက်သွားပြီး ဒီည မင်းနေထိုင်တဲ့လွင်ပြင် တစ်ခုလုံးမှာ အချမ်းသာ ဆုံးသူ သေမယ် လို့ ကျွန်တော့်ကိုပြောသွားတယ် ဟု ပြောပြသည်။

Carl က အိမ္မက္ဆိုတာ မက်ချင်တိုင်းမက်တာပါ ဟုမကျေမချမ်းပြောလိုက်သည်။ သို့သော် အပြန်လမ်း တစ်လျှောက်လုံး Han ၏စကားက သူ၏အတွေးအာရုံအားလုံးကို စိုးမိုးတွယ်ညှိလာသည်။ အိမ်ရောက်သော အခါ လက်သုံးတော်ဆရာ၀န် အားအမြန်ဆုံးခေါ်ပြီး Han ပြောပြသော အိမ်မက်များကို ပြန်ပြောပြပြီး သူ၏အတွေးအာရုံတစ်ခုလုံးကို ဖမ်းဆွဲချုပ်ကိုင်နေသော စိုးရိမ်ပူပန်မှုကို ပြောကာ တစ်ကိုယ်လုံး ကျန်းမာရေးစစ်ဆေးခိုင်းသည်။ ကျွန်တော် ဒီည တကယ်သေမယ်လို့ ထင်ပါသလား ဟု အကြိမ်ကြိမ်မေးမြန်းသည်။ စစ်ဆေးမှု ပြီးသောအခါ ဆရာ၀န္က ကျန်းမာရေးအခြေအနေကောင်းကြောင်း ဘာမွ်စိတ္ပူစရာ မရှိကြောင်း ပြောပြသည်။

နောက်တစ်ရက်မနက် အိပ်ယာမှ ထသောအချိန်တွင် အိမ်တံခါးခေါက်သံကြားရသဖြင့် သွားဖွင့်ရာ၊ ဆင်းရဲသား လယ်သမားလေး Han တစ်ယောက် ညကဆုံးသွားကြောင်း တစ်စုံတစ်ယောက်က သတင်းပို့လာသည်။ ဟုတ်ပါတယ်. . . Han တစ်ယောက် အိမ်မက်ထဲမှာ ကောင်းကင်သားပြောသွားတဲ့ အချမ်းသာဆုံးသူဌေးဆိုဒါ သူကိုယ်တိုင်ဖြစ်မှန်းမသိ ဖြစ်နေပါတယ်။ လောကမှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက်များနေပါစေ၊ အဖဘုရားသခင်အတွက်တော့ အချမ်းသာဆုံးသူဖြစ်ချင်မှဖြစ်မှာပါ။ ဘုရားပေးတဲ့ အရာတွေနဲ့ ကျေနပ် နှစ်သိမ့်နိုင်သောသူသာလျှင် ဘုရားသခင်အတွက် အချမ်းသာဆုံးသောသူပါ။

ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်က လောကအရာများသည် အရေးကြီခဲ့ပါတယ်.. ဒါပေမယ့် အခုတော့ ဘာမျှမဟုတ်တော့ပါ။

ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်က သေခြင်းတရားဟာ လူ့ဘ၀ကြီးရဲ့ အဆုံး၊ နိဂုံးဖြစ်ခဲ့ပါတယ် ဒါပေမယ့် အခုတော့ ထာ၀ရရှင်သန်ခြင်းရဲ့ နိဒါန်းပါ။

ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်က လူ့လောကကြီးဟာ ဆင်းရဲခြင်း၊ ဒုက္ခ၊ သုက္ခ များနဲ့ ပြည့်နဲ့နေတဲ့ ကမ္ဘာဖြစ်ခဲ့ပါတယ် ဒါပေမယ့် အခုတော့ လောကအရာ တွင်ဘာမျှမပိုင်ဆိုင်သောသူပင်လျှင် မျှော်လင့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း များနဲ့ပြည့်၀တဲ့ ဘ၀ကို ပိုင်ဆိုင်သောသူများဖြစ်လေကြပြီ . . .။

စာဖတ်သူအပေါင်း သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပျော်ရွှင်၀မ်းမြောက်စွာဖြင့် ရရှိခံစားရပြီး သခင်ယေရှုနှင့်အတူ ပြန်လည် ရှင်ပြန်ထမြောက်သောသူ အသီးသီးဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း.

Happy Easter to you All.
သောင်းနိုး

Melvin Newland ၏ Easter what a difference! ကို ကိုးကားထားပါသည်။
Calvary Burmese Church မှကူးယူပါသည်..

Wednesday, 16 April 2014

ယေရှုခရစ်တော်သည် အဘယ်သူနည်း WHO IS JESUS CHRIST?

သခင်ခရစ်တော်သည် လူသားမ်ားအား အပြစ်နွံတွင်းမှ ကယ်တင်ခြင်းတည်းဟူသော မဟာအမှုတော် မြတ်ကြီးကို ဆောင် ရွက်နိုင်ရေးအတွက် အပျိုကညာစစ်ဖြစ်သူ မာရိ၏ ဝမ်း၌ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ပဋိသနေ္ဓယူပြီး ဖွားမြင်ခြင်းကိုခံကာ လူ့ဖြစ်အင်ဖြင့် လောကသို့ကြွဆင်း လာခဲ့သူဖြစ်ပါသည်။ ခမည်းတော် ဘုရားသခင်၏ တစ်ပါးတည်းသော သား အနေနှင့် ခမည်းတော်၏ အလိုကို ဆောင်ရန် ဆင်းသက် လာခဲ့ခြင်းဖြစ်ခဲ့ပါသည်။
အပြစ်ရှိသောလူသားများကို ကယ်တင်ရန် ဘုရားသခင်က မိမိ၏ တစ်ပါးတည်းသော သားတော် (ယေရှု)ကို လောကသို့စေလွှတ်တော်မူကြောင်း (ယော၊၃း၁၆)တွင် ဖော်ပြထားပါသည်။ သားတော်၏ နာမတော် မွာ ယေရှုခရစ်တော် (JESUS CHRIST) ဖြစ်ပါသည်။ ယေရှု ၏ အဓိပ္ပါယ်မှာ လူတို့ကို အဖြစ်မှကင်္ယ ချွတ်မည့်သူ ဟူ၍ဖြစ်ပြီး ခရစ်တော် ဆိုသည်မှာ
ဘိသိက်ခံဘွဲ့နာမ ဖြစ်ပါသည်။

(က) ယေရှုခရစ်တော်သည် ဘုရားဖြစ်ကြောင်း (GOD THE SON JESUS CHRIST)
ယေရှုခရစ်တော်သည် မည်သည့်အရာမျှမရှိမီ အစဦးကတည်းကပင် ရှိနှင့်ပြီးဖြစ်ကြောင်း ကျမ်းစာ၌ တိက်စြာ ဖော်ပြထားပါသည်။ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏၊ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရွိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ဤလောကသို့ ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကို ပေးသူဖြစ်သတည်း (ယော၊ ၁း၁-၉)။ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍-- (ယော၊ ၁း၁၄) စသည်ဖြင့် ဖော်ပြ ထားရာတွင် နှုတ်ကပတ်တော်ဟူသည်မှာ ယေရှုခရစ်တော်ကို ရည်ညွှန်းထားခြင်း ဖြစ်ပါသည်။
ခရစ်တော်သည် အစအဦး၌ ရှိသူဖြစ်ကြောင်း၊ ဘုရားသခင်နှင့်အတူ ရှိခဲ့ကြောင်း၊ ကိုယ်တော်တိုင်လည်း ဘုရားဖြစ်ကြောင်း၊ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူ ဖြစ်ကြောင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

- ယေရှုခရစ်တော်က ငါသည် ဤေလာက၏ အလင်းဖြစ်တော်မူ၏ (ယော၊၈း၁၂)။
- ယေရှုက ငါသည် လမ်းခရီး ဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏ (ယော၊၁၄း၆)။
- ယေရှုက ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သော အခွင့်တန်ခိုး ရွိသမွ်ကို
ငါခံပြီ (ယော၊ ၂၈း၁၈)။
- သူ၏နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်
ခြင်းအရှင်ဟု ခေါ်ရမည်။ တန်ခိုးကြီးသော ဘုရားသခင်ဖြစ်သည် (ဟေ၊ ၉း၆)။
- ယေရှုနှင့် ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည် (ယော၊ ၁၀း၃၀။ ၁၇း၁၁၊၂၁)။
- ယေရှုက ငါအမှန်ဆိုသည်ကား အာဗြဟံမဖြစ်မီ ငါဖြစ်၏ ဟု မိန့်တော်မူ၏ (ယော၊ ၈း၅၈)။
- ယေရှုသည် မနေ့၊ ယနေ့၊ ဗနာင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏ (ဗြဲ၊ ၁၃း၈)။

(ခ) ယေရှုခရစ်တော်၏ ဂုဏ်အင်္ဂါလက္ခဏာများ
(POTENTIAL CHARACTERISTICS OF JESUS CHRIST)
ယေရှုခရစ်တော်သည် ဘုရားဖြစ်ကြောင်း အောက်ဖော်ပြပါ ဂုဏ်အင်္ဂါများ ပြည့်စုံခြင်းကြောင့် ဖြစ်သည် ကို သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။
- ယေရှုခရစ်တော်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲသောအရှင် ဖြစ်သည် (ဗြဲ၊ ၁၃း၈)။
- ယေရှုခရစ်တော်သည် အရာအားလုံးကို တတ်နိုင်သောအရှင် ဖြစ်သည် (လု၊ ၈း၂၄။ မဿဲ၊၂၈း၁၈)။
- ယေရှုခရစ်တော်သည် ထာဝရတည်ရှိသူဖြစန၏ (မိက္ခာ၊၅း၂။ ယော၊၈း၅၈။ ကော၊၁း၁၇။ ဗျာ၊၁း၈)။
- ယေရှုခရစ်တော်သည် နေရာတိုင်း၌ရှိသောအရှင်ဖြစ်၏ (မဿဲ၊၁၈း၂၀။ မဿဲ၊၂၈း၂၀။ ယော၊၁း၄၈။ ၃း၁၃)။
- ယေရှုခရစ်တော်သည် အရာအားလုံးကို သိမြင်သောအရှင်ဖြစ်၏(မဿဲ၊၂၄း၃-၃၁။ မာကု၊၁၁း၂-၆၊ ယော၊
၂း၂၄၊၂၅။ လု၊၅း၂၂)။
- ယေရှုခရစ်တော်သည် အပြစ်နှင့်ကင်းစင်သောအရှင်ဖြစ်၏(လု၊၂၃း၄။ လု၊၂၃း၄၁၊၄၇။ ယော၊၈း၄၆။ ၁၈း၃၈)။
- ယေရှုခရစ်တော်သည် သန့်ရှင်းမွန်မြတ်သောအရှင် ဖြစ်၏ (မာ၊၁း၂၄။ ယော၊၁၉း၄။ ၁ပေ၊၂း၂၂။ တ၊၄း၃၀)။
- ယေရှုခရစ်တော်သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသော အရှင်ဖြစ်၏ (ယော၊၁၅း၁၃။ ရော၊၅း၈။ ၁ယော၊၃း၁၆)။
- ယေရှုခရစ်တော်သည် သစ္စာနှင့်ပြည့်ဝသောအရှင် ဖြစ်သည် (၂တိ၊၂း၁၃)။
- ယေရှုခရစ်တော်သည် အသက်ဖြစ်၏ (ယော၊၁၄း၆။ ၁ယော၊၅း၁၂)။
- ယေရှုခရစ်တော်သည် သနားကြင်နာမှုနှင့် ပြည့်ဝသောအရှင် ဖြစ်သည် (တိတု၊၃း၅။ မဿဲ၊၁၄း၁၄၊၁၅၊၃၂။
မာ၊ ၆း၃၄)။
- ယေရှုခရစ်တော်သည် သေသောသူကို ရှင်ပြန်ထမြောက်စေသောအရှင် ဖြစ်၏ (ယော၊၁၁း၁၅။ ယော၊၁၁း၄၃-
၄၄)။

(ဂ) ခရစ်တော်ပြုသော အံ့ဩဖွယ်နိမိတ်လက္ခဏာများ
(MIRACLES PERFORMED BY CHRIST)
ယေရှုခရစ်တော်ဘုရားသည် လောကအသက်ရှင်စဉ်တွင် အံ့ဩဖွယ်နိမိတ်လက္ခဏာအမျိုးမျိုး လုပ် ဆောင်ခဲ့သည်ကို သမ္မာကျမ်းစာတွင် ဖော်ပြထားလျက်ရှိပါသည်။ ဤအံ့ဩဖြယ္မ်ား ပြုလုပ်ခြင်းသည်လည်း သူသည်ဘုရားဖြစ်ကြောင်းကို ပြသခြင်း ဖြစ်ပေသည်။
- ရေကို စပျစ်ရည် ဖြစ်စေခြင်း (ယော၊၂း၁-၁၁)။ (ပထမဦးဆုံးပြုသော နိမိတ်လက္ခဏာ)။
- လူပေါင်းငါးထောင်အား မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် ကျွေးပြီး ၁၂တောင်းကျန်ကြွင်းစေခြင်း
(မဿဲ၊၁၄း၁၅။ လု၊၉း၁၀-၁၇။ ယော၊၆း၁-၁၄၊ မာကု၊၆း၃၇-၄၅)။
- လေမုန်တိုင်းနှင့် လှိုင်းတံပိုးကို ငြိမ်းစေခြင်း (မဿဲ၊၈း၂၆-၂၇၊ မာကု၊၁း၂၃-၂၇။ မာကု၊၁း၁၂-၁၃)။
- နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း (မဿဲ၊၈း၂၈-၃၂။ ၉း၃၂-၃၃။ မာကု၊၁း၂၃၊၂၇။ မာကု၊၅း၁၂-၁၃)။
- အနာရောဂါအမျိုးမျိုးကို ပျောက်စေခြင်း
- မျက်စိကန်းသူကို မြင်စေ၏ (မဿဲ၊၉း၂၇-၃၁။ ၂၀း၂၉-၃၄)။
- ၁၂တိုင်တိုင် စွဲခဲ့သော သွေးသွန်ရောဂါကို ပျောက်ကင်းစေသည် (မဿဲ၊၉း၁၈-၂၂။ မာကု၊၅း၂၅-၃၄)
- ၃၈နှစ်ပတ်လုံး ရောဂါစွဲသူအား ချက်ချင်း ကျန်းမာခြင်းပေးခဲ့သည် (ယော၊၅း၅-၉)။
- နူနာစွဲသောသူကို ချက်ချင်းကျန်းမာခြင်းပေးသည် (ယော၊၈း၁-၂)။
- ခြေလက်သေနေသူကို ကျန်မာခြင်းပေးသည် (ယော၊၈း၅-၈)။
-- သေသောသူကိုပင် ရှင်ပြန်ထမြောက်စေခြင်း။
- လာဇရုကို ရှင်ပြန်ထမြောက်စေခြင်း (ယော၊၁၁း၄၃-၄၄)။
- မုဆိုးမသားကို ထမြောက်စေခြင်း (လု၊၇း၁၁-၁၇)။
- သေသောမိန်းမငယ်ကို ရှင်ပြန်ထမြောက်စေခြင်း (မဿဲ၊၉း၁၈-၂၆)။ ကိုယ်တော်တိုင်ရှင်ပြန်
ထမြောက်ခြင်း (၁ကော၊၁၅း၄။ ရော၊၁း၄)။ (အကြီးမားဆုံးသော အံ့ဖွယ်နိမိတ်လက္ခဏာဖြစ်သည်)။

(ဃ) ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း (RESURRECTION OF JESUS CHRIST)
ဃရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို က်မ္စာ၌ (၁၀၄)ကြိမ် ဖော်ပြထားပါသည်။ ခရစ်ယာန်တို့၏ ဝမ်းမြောက်ဖွယ်သတင်းနှင့် ကြွေးကြော်ခြင်းဝါဒသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ပေ တည်း။ လက်ဝါးကပ်တိုင်မှာ သတ်သောယေရှုကို သင်တို့ ရှာကြသည်ကို ငါသိ၏။ ဤအရပ်၌မရှိ။ မိန့်တော် မူသည့်အတိုင်း ထမြောက်တော်မူပြီဟု သမ္မာကျမ်းစာတွင် တိက်စြာ တွေ့ရှိရပါသည် (မဿဲ၊၂၈း၆)။
ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အချက်အလက်များ -
- ယေရှုခရစ်တော်သည် ရှင်ပြန်ထမြောက်သဖြင့် ဂူထဲသို့ ဝင်ကြည့်သောအခါ အလောင်းကို မတွေ့ရပါ
(လု၊၂၄း၃)။
- ကောင်းကင်တမန်တို့က သင်တို့သည်အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့်
ရှာကြသနည်း။ ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ ဟု ဖော်ပြခဲ့ပေသည် (လု၊ ၂၄း၅-၆)။
- ယေရှုသည် သချႋုင်းမှ ထမြောက်ရှင်ပြန်ပြီး ပေတရု၊ မာရိ၊ ယောသပ်တို့နှင့် တွေ့ဆုံစကားပြော၏
(ယော၊၂၀း၂၄-၁၉)။
- ယေရှုသည် တပည့်တော်တို့ စည်းဝေးသည့် နေရာ၌ ကြွလာ၍ အလယ်မှာ ရပ်တော်မူ၏(ယော၊၂၀း၁၉)။
- ပရိသတ်ငါးရာကျော်က ယေရှုကို တစ်ပြိုင်တည်းတွေ့လိုက်ကြ၏ (၁ကော၊၁၅း၆)။
- ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သဂြိုလ်ပြီးမှ
သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏ (၁ကော၊၁၅း၃-၄)။
- ရှင်ပြန်ထမြောက်ပြီးနောက် ရက်ပေါင်း (၄၀)တိတိ အတွေ့ခံတော်မူပြီးလျှင် တမန်တော်တို့အား ကိုယ်ကိုပြ၍
ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူ၏ (တ၊၁း၃)။
ယေရှုခရစ်တော်ဘုရားသည် လောကတွင် အမွန်မြတ်ဆုံးနှင့် လူတိုင်းအလိုအပ်ဆုံး၊ အဓိကအကျဆုံး ပုဂိ္ဂုလ်ဖြစ်သည့် ထာဝရအသက်ရှင်ခြင်းကို ပေးနိုင်ရေးအတွက် သေခြင်းကို အောင်မြင်၍ ရှင်ပြန်ထမြောက်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်မိန့်တော်မူသည်ကား ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံးကြည်၍ အသက်ရှင်သောသူရှိသမျှသည်လည်း သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည် (ယော၊၁၁း၂၅-၂၆)။

(င) ခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွသွားခြင်း (ASCENSION OF JESUS CHRIST)
ရေစ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက် လောတွင် ရက်ပေါင်း (၄၀)နေခဲ့၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မြွက်တော်မူပြီးနောက် အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူစဉ် တမန်တော်တို့နှင့် ပရိသတ်များတို့သည် မိုးပေါ်သို့ မျှော်ကြည့်ကြ၏။ ထိုသို့ ကြည့်ကြစဉ်တွင် အလွန်တောက်ပ ဖြူစင်သော အဝတ်ဖြူ ဝတ်ထားသော ကောင်းကင်တမန်နှစ်ပါး ဆင်းလာ၍ အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်ကြသနည်း။ သင်တို့နှင့် ခွဲ၍ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့ မျက်မှောက်တွင် ကြွတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့ ဟု ပြောဆို၏ (တမန်၊၁း၉-၁၀)။
ယေရှုခရစ်တော်သည် အများလူထုရှေ့မှာ ကိုယ်ခန္ဓာအားဖြင့် ကောင်းကင်သို့ တက်ကြွသည်ကို မြင်ရသည့်အတိုင်း လောကသို့ ဒုတိယအကြိမ် ပြန်ကြွလာတော်မူလတ္တံ့။

Sunday, 13 April 2014

သေခြင်းမဉ္ဇူမာန်ကို အောင်မြင်သောဘုရား

ယုံကြည်သူခရစ်ယာန်များက ထာဝရဘုရားသခင်အား ဝတ်ပြုကိုးကွယ်သည့်အပတ်စဉ် တနင်္ဂနွေနေ့ကို သမ္မာ ကျမ်းစာတော်မြတ်၌ ခုနစ်ရက်တွင် ပထမနေ့အဖြစ်ဖေါ်ပြထားပါသည်။
 ရှေးသန့်ရှင်းသူများက အရှင် ဘုရား၏ နေ့တော် မြတ် ဟုခေါ်ဆိုပါသည်။ တဖန်ထိုနေ့ကို ရှင်ပြန်ထမြောက်တော် မူရာနေ့ဟု လည်း ယုံကြည်သူများက သိမှတ်ခေါ်ဝေါ် ကြပါသည်။ အကြောင်းမှာ သေပြီးနောက် ဘယ်ဘဝရောက်မည် ကိုမသိ၊ သေခြင်းတရားနှင့်ပတ်သက်၍ အဖြေမရှိ၊ သေခြင်းတည်းဟူသော အဖြစ်ဆိုးကြီးထဲမှ လူသားများကိုကယ်တင်ဖို့ရန် သခင်ယေရှုဘုရားသည် လက်ဝါးကပ်တိုင် ထက်၌ အသေခံပြီးသုံးရက်မြောက်သောနေ့ (ခုနစ်ရက်တွင်ပထမနေ့) နံနက်စောစောအချိန်တွင် မဉ္ဇူမာန်ကသေခြင်းကိုအောင်၍ ရှ၍်ပြန်ထမြောက်တော်မူသောကြောင်ြ့ဖစ်သည်။

ဘုရားဟူသည်
ဘုရားဟူသည် လူမတတ်နိုင်သောအရာကိုတတ်နိုင်တော်မူသောအရှင်ဖြတ်သည်သာမက ယနေ့၊ မနေ့၊ နောင် ကာလတည်းဟူသော ကာလသုံးပါးစလုံးတွင် မပျောက်မပျက်ထာဝရတည်ရှိတော်မူသော ပုဂ္ဂိုလ်တော် မြတ်ဖြစ်ပေသည်။ ဘုရားတည်းဟူသည် မေတ္တာတော်ရှင်ဖြစ်ုံမျှမက တန်ခိုးတော်သည်လည်း အကန့်အသတ်မရှိ၊ အရာခပ်သိမ်းကို တတ်စွမ်း နိုင်တော်မူသော အရှင်လည်းဖြစ်ရပေမည်။ သခင်ယေှုဘုရားသည် ထိုသို့သော ဂုဏ်ပုဒ်များနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်သည်သာမက မည်သည့်ပုဂ္ဂိုလ်မျှ မကျော်လွှားနိုင်သော မဉ္ဇူမာန်သေခြင်း ကိုအောင်၍ ယနေ့အသက်ရှင်တော်မူသော ဘုရားရှင်ဖြစ်ပေသည်။

ကမ္ဘာလောကတစ်ခုလုံးက လက်ခံအတည်ပြုသုံးစွဲနေရသော ခုနှစ်သက္ကရာဇ်သည် သခင်ယေရှုကိုဗဟိုပြု၍ နှစ်ပိုင်းခွဲခြားထားပါသည်။ သခင်ယေရှု လောကသို့ ကြွလာတောမမူမီအချိန်ကာလကို ခရစ်တော်မပေါ်မီကာလ ဘီစီဟုခေါ်ဝေါ်သုံးစွဲပြီး ခရစ်တော်လောကသို့ကြွလာပြီးသည့်နောက်ပိုင်းကာလကို အေဒီ- (ငါတို့သခင်ဘုရား၏နှစ်)ဟူ၍ ခေါ်ဝေါ်သုံးစွဲပါသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် သခင်ယေရှုဘုရားသည် ကမ္ဘာလောကသားအားလုံးနှင့်သက်ဆိုင် တော်မူသော ဘုရားရှင်ဖြစ်ကြောင်းနာလည်းနိုင်ပါသည်။

အလောင်းမရှိသော ဂူ
ကျွနု်ပ်တို့အပါအဝင် လောကီသားအားလုံးတို့၏ အပြစ်အတွက်သခင်ယေှုသည် လက်ဝါးကပ်တိုင်ထက်တွင် ကိုယ်စားအသေခံသော်လည်း ကိုယ်တော်တိုင်မူကား အပြစ်နှင့်ကင်းစင်တော်မူသော ပုဂ္ဂိုလ်တော်မြတ်ဖြစ်ပါသည်။ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူ ကားငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည့်အကြောင်းတည်း (၂ကော၊ ၅း၂၁)။ ထိုသို့အသေခံပြီးနောက် အလောင်းတော်ကို ကျောက်၌ထွင်းသောသချႋုင်းဂူ၌ သင်္ဂြိုဟ်ခြင်းပြုပါသည်။ ထိုသချႋုင်းဂူသည် ယနေ့တိုင် အရှေ့အလယ်ပိုင်းဒေသရှိအစ္စရေးနိုင်တွင်တည်ရှိပါသည်။ သို့သော် သချႋုင်းဂူသာရှိပြီး အလောင်းတော်သည် ထိုဂူတွင်မရှိတော့ပါ။

အကြောင်းမူကား သေပြီးသည့်နောက်သုံးရက်မြောက်သော (ခုနစ်ရက်တွင် ပထမနေ့ရက်) တနင်္ဂနွေနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သောကြောင့်ဖြစ်ပါသည်။ ကျွနု်ပ်တို့၏ အပြစ်အတွက် သခင်ယေှုဘုရားအသေခံခဲ့ ခြင်းသည် အမှန်ပင်ဖြစ်ပါသည်။ သေပြီးသည့်နောက် သင်္ဂြိုဟ်ခြင်းကိုပြုခဲ့သည်မှာလည်း အမှန်ပင်သက်သေနှင့်တကွရှိ ပါသည်။ ထိုသို့သချႋုင်းဂူ၌အလောင်းတော်ရှိမနေခြင်းက သခင်ယေှုဘုရားသည် သေခြင်းကိုအောင်၍ ရှင်ပြန်ထမြောက် တော်မူသောအရှင်ဖြစ်ကြောင်း မငြင်းနိုင်သည့်သက်သေပင်ဖြစ်ပါသည်။ သခင်ယေှုသည် ယနေ့အသက်ရှင်နေတော်မူ သောပုဂ္ဂိုလ်တော်မြတ်ဖြစ်သောကြောင့် ကျွနု်ပ်တို့သည် သခင်ယေှု၏ကတိစကားများကို ယုံကြည်စိတ်ချစွာ အားကိုးအမှီပြုနိုင်ပါသည်။

ဘုရားနှင့်တရား
(တမန်၊ ၁း၃)တွင် သခင်ယေရှုသည်သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးသည့်နောက် ကောင်းကင်သို့ မတတ်ကြွမီ တပည့်တော်တို့အား အရက်လေးဆယ်ပတ်လုံး မိမိအသက်ရှင်ကြောင်းကို ခိုင်ခံ့သောသက်သေများ ဖြင့်ပြ တော်မူပါသည်။ ယနေ့မိတ်ဆွေအား ကျမ်းစာသက်သက်ကိုမပြောလိုပါ။ သခင်ယေရှုသည် အမှန်အသက် ရှင်တော်မူ သောဘုရားဖြစ်ကြောင်း သင်သိရှိခံစားလိုပါက သခင်ယေရှု၏နာမ၌ မြည်းစမ်း၍ ခေါ်ကြည့်ပါ။ သင့်အသက်တာ၌ လက်တွေ့သိရှိခံစားကာသက် သေရပေမည်။

တရားဟူသည်မှာအားကိုး၍မရပါ။ အကျိုးရလဒ်ကိုခံစားဖို့ရန် မိမိကိုယ်တိုင်အားထုတ်ကျင့်ကြံရသော အရာပင်ဖြစ်ပါသည်။ သို့သော်ဘုရားဟူသည်ကား ကိုးစား၍ခေါ်ကြည့်ရုံမျှဖြင့် လက်တွေ့သက်သေကိုခံစား စေနိုင် သောပုဂ္ဂိုလ် တော်မြတ်ဖြစ်သည်။

တရားဟူသည် နားလည်သဘောပေါက်ဖို့ရန်ကြိုးစားရှာဖွေရသည်။ ဘုရားဟူသည်ရှာဖွေစရာမလို၊ နှလုံး သား နှင့်တမ်းတရုံမျှဖြင့် ဘုရားရှိကြောင်းသက်သေခံစားရကာ ကိုယ်တော်ကိုတွေ့နိုင်ပါသည်။

ကယ်တင်နိုင်သောနာမ
(တမန်၊ ၄း၁-၁၂) တွင် တမန်တော်တို့သည် သခင်ယေှု၏သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းကို အကြောင်းပြု၍ ဟောပြောဝေငှကြသည်သာမက အံ့သြဖွယ်အမှုအမျိုးမျိုးတို့ကို သခင်ယေှု၏နာမ၌ပြုကြသော ကြောင့် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာနှင့်ယဇ်ပုရောဟိတ်မင်းတို့သည် တမန်တော်တို့အားခေါ်၍ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏နာမအားဖြင့် ဤအမှုကိုပြုကြောင့် မေးမြန်းသည်ကိုတွေ့ရသည်။ အဘယ္သူ၏ နာမအားဖြင့် ဤအမှုကိုပြုကြောင်း မေးမြန်းသည်ကိုတွေ့ရသည်။ ထိုအခါ ပေတုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက် ထပြီးမှ ဤအမှုကိုသေခြင်းမှရှင်ပြန်ထမြောက်တော်မူသော သခင်ယေရှု၏ နာမတော်၌ပြုကြောင်း ပြန်ပြော ပါသည်။ ထို့ပြင် ထိုသခင်ယေရှု၏ နာမမှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု မွက်ဆိုသတိပေးပါသည်။

ထို့ကြောင့်ချစ်သောမိတ်ဆွေ၊ သခင်ယေရှု၏နာမသည် ကျွနု်ပ်တို့ကိုမည်ကဲ့သို့သောအမှုကိစ္စ ပိလေးခြင်း မျိုးမှမဆို ကယ်တင်နိုင်သောနာမဖြစ်ပါသည်။ ကိုယ်ကာယ၌ဝေဒနာခံစားနေရ၍ ကျန်းမာခြင်းရလိုပါ သလား၊ စီးပွါးရေး မအောင်မြင်၍ အောင်မြင်မှုရလိုပါသလား။ စားဝတ်နေရေးပြဿနာပိလေးနေ၍ ထိုခက်ခဲမှုများမှ ကျော်လွှားလိုပါ သလား၊ သေခြင်းနှင့် ပတ်သက်၍အဖြေမရှိသောကြောင့် စိတ်ပင်ပန်းဝန်လေးနေပါသလား၊ ကိုယ်တော်သည် ထိုပြဿနာအခက်အခဲမှလွတ် မြောက်ဖို့ရန် မစပါမည့်အကြောင်း သခင်ယေရှု၏နာမ၌ခေါ်ကြည့်ပါ။ ထိုအချိန်တွင် မိတ်ဆွေ၏အသက်တာ၌ကိုယ်တော်၏ အံ့သြဖွယ်ကယ်မခြင်းသက်သေကို ခံစားရပေမည်။

လတ်တလောခံစားနေရသောပြဿနာများမှ လွတ်မြောက်ခြင်းသက်သေကို ခံစားရပါက ကိုယ်တော်သည် သင့်အားအပါယ်ငရဲမှကယ်တင်သောအရှင်ဖြစ်ကြောင်းယုံကြည်၍၊ သင့်အသက်တာ၌ ထိုအရှင်ကိုလကခံနေရာပေးပါ။ သိဲု့ပုပါက သေပြီးသည့်နောက်မည်သည့် အခြေအနေရောက်မည်ကိုမသိ၊ စိတ်ပူနေရသည့်ဘဝမှ တမလွန်အရေးစိတ် အေးမှုနှင့်ငြိမ်သက်ခြင်းသက်သေကို နှလုံးသား၌ခံစားရပေမည်။ ထိုသို့ခံစားပြီးသည့်နောက် ယုံကြည်သူတို့နှင့်အတူ တစ်စုတဝေးတည်း အသင်းတော်မိတ်ဿဟာယအတွင်း၌ ပေါင်းသင်းဆက်ဆံကာအသက်ရှင်ပါ။ ထိုသို့အသက်ရှင် မည် ဆိုပါက တမလွန်ရေးစိတ်ချမှုအာမခံချက်ကိုသာမက လောကဓံတရား၏ဖိစီးမှုအမျိုးမျိုးတို့မှ လွတ်မြောက်လျက် ဤေလာကထဲ၌ အောင်မြင်သောသူတစ်ဉီးအနေဖြင့် အသက်ရှင်နိုင်မည်ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက်ရ ပါသည်။
Dr.တင်မောင်ထွန်း