Monday, 24 August 2020

ဘုရားသခင်ရှိကြောင်း သိရှိခြင်း TO KNOW EXISTENCE OF GOD

ခရစ်တော်၌လူသစ် အခန်း (၃)

လူသားများအနေဖြင့် ဘုရာသခင်ရှိကြောင်းကို ဖော်ပြရန် အထူးခက်ခဲလှပါသည်။ သို့သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်က နည်းလမ်းအမျိုးမျိုးဖြင့် ကိုယ်တော်ရှိတော်မူကြောင်းကို ဖော်ပြလျက်ရှိနေ ပါသည်။ ဘုရားသခင်အမှန်တကယ်ရှိကြောင်း အောက်ပါအချက်အလက်များအားဖြင့် သိရှိနိုင်ပါသည်။

၁။ ဖန်ဆင်းထားသောအရာများအားဖြင့် သိနိုင်ခြင်း
(WE KNOW GOD THROUGH HIS CREATION)
ယနေ့ ကျွနု်ပ်တို့ မြင်တွေ့နေရသော မိုးကောင်းကင်၊ နေ၊ လ၊ ကြယ်၊ တို့မှစ၍ တိရစ္ဆာန်၊ တော၊ တောင်၊ ဥစ်ပင်၊ ရေမြေသဘာဝအားလုံးတို့ကို ကြည့်ခြင်းအားဖြင့် ထိုအရာတို့ကို ဖန်ဆင်းသောအရှင် ဘုရား သခင် ရှိကြောင်းကို သိရှိနိုင်ပါသည်။ အရာခပ်သိမ်းကို ဖန်ဆင်းသောသူသည် ဘုရားသခင်ဖြစ်တော်မူ၏ (က၊၁း၁။ ဟေ၊၄၀း ၂၈း သု၊ ၈း၂၂-၃၁)။

၂။ ယေရှုခရစ်တော်အားဖြင့် သိနိုင်ခြင်း (WE KNOW GOD THROUGH JESUS CHRIST)
ြုရားသခင်က မိမိကိုယ်ကို ထုတ်ဖော်၍ ပြသခြင်းငှာ မိမိသားတော်ကို လောကသို့ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်လောက်က လူ့ဇာတိကို ခံယူစေ၍ စေလွှတ်ခဲ့ပါသည်။ ယေရှုခရစ်တော်ဟု အမည် ရပါည်။ ထိုသခင်ယေရှုခရစ်တော်အားဖြင့် ဘုရားအကြောင်းကို လူတို့သိရှိ နားလည်သဘောပေါက်နိုင် ကြပါ သည်။
ကျမ်းစာလာသည်ကား “ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ရှိသော တစ်ပါးတည်းသော သားတော်(ယေရှု)သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ” ဟု ဖော်ပြထားပါ သည် (ယော၊၁း၁၈)။ ယေရှုဟူသော အမည်နာမ၏ အဓိပ္ပါယ်မှာ “လူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူ” ဖြစ်ပါသည် (မဿဲ၊၁း၂၁)။ ထာဝရဘုရား၏ ဘိသိက်ခံဘွဲ့နာမမှာ “ခရစ်တော်” ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ “ကယ်တင်ရှင်” ဖြစ်ပါသည် (လု၊၂း၁၁)။
ယေရှုခရစ်တော်သည် ဘုရားသခင်နှင့် တလုံးတဝတည်းဖြစ်ခြင်း (ယော၊ ၁၀း၃၀)။
ယေရှုခရစ်တော်သည် သေခြင်းကိုအောင်မြင်၍ ရှင်ပြန်ထမြောက်တော်မူခြင်း (ယော၊၁၁း၂၅။ ၅း၂၆။
၆း၃၉-၄၀)။
ယေရှုခရစ်တော်သည် သေသောသူကို ရှင်ပြန်စေခြင်း (ယော၊ ၁၁း၄၃-၄၄)။
ယေရှုခရစ်တော်သည် ကောင်းကင်မှဆင်းသက်၍ အသက်ကိုပေးသော အသက်မုန့်ဖြစ်ခြင်း (ယော၊
၆း၃၃)။

(၃) သမ္မာကျမ်းစာအားဖြင့် သိနိုင်ခြင်း (WE KNOW GOD THROUGH THE HOLY BIBLE)
သမ္မာကျမ်းစာတော်မြတ်က ဘုရားသခင်ရှိကြောင်းကို တိတိကျကျ ဖော်ပြထားပါသည်။ ထိုကျမ်းစာ သည် ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းတော်မူသောအားဖြင့် ရေးသားထားသော စာအုပ်ဖြစ်ပါသည် (၂တိ၊၃း၁၆)။လူသားများ၏ ဉာဏ်ပညာ၊ အတွေးအခေါ်၊ အယူအဆအားဖြင့် ရေးသားထားခြင်းမဟုတ်။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားများ ဖြစ်ပါသည်။
သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် အလွန်ထူးခြားသော စာအုပ်ဖြစ်ပါသည်။ ပျောက်ပျက်သွားခြင်း မရှိဘဲ ဘာသာစကားအမျိုးမျိုးဖြင့် ပြန်ဆိုပြီး ရောင်းရအကောင်းဆုံး အစ်အုပ်ဖြစ်ခြင်း၊ ကျမ်းစာ၏ကြိုတင် ဖော်ပြခက်များ မှန်ကန်ပြည့်စုံလာခြင်း၊ လူသားတို့၏ စိတ်နှလုံးကို ပြုပြင်ပြောင်းလဲ စေနိုင်ခြင်း၊ တိကျပြတ် သားသော ကတိတော်များပေးထားခြင်း၊ ကမ္ဘာ့သမိုင်း နှင့်ကိုက်ညီခြင်း၊ ရှေးဟောင်းသုတေသန ပညာရှင်တို့၏ ရှာဖွေတွေ့ရှိချက်များမှ ခိုင်လုံသောအထောက်အထားများရှိနေခြင်း၊ စသည်တို့က သမ္မာကျမ်းစာသည် ထူးခြား သော စာအုပ်ဖြစ်ကြောင်းဖော်ပြလျက်ရှိပါသည်။

(၄) ဘုရားဟူသော ဝေါဟာရရှိနေခြင်းဖြင့် သိနိုင်ခြင်း
(ALL MEN PRONOUNCE “GOD” IN THEIR OWN DIALECTS TO SHOW THAT
GOD IS IN EXISTANCE)
လူမျိုးအလိုက် ဘာသာစကားအမျိုးမျိုး ကွဲပြားခြားနားနေကြသော်လည်း ဘာသာစကားတိုင်းတွင် ဘုရား ဟူသော ဝေါဟာရသည် အဓိကအကျဆုံးအခန်းကဏ္ဍတွင် ပါဝင်နေသည်မှာ ထင်ရှားလှပါသည်။ မှန်သော ဘုရားဖြစ်သည့် မိမိတို့ကို ဖန်ဆင်းသည့် သခင်အား မတွေ့နိုင်ကြသောကြောင့် မိမိတို့ လက်လှမ်းမီရာ ကို ဘုရားအဖြစ်ကိုးကွယ်နေကြခြင်း ဖြစ်ပါသည်။ (ဥပမာ -– လဘုရား၊ နေဘုရား၊ သစ်ပင်ဘုရား၊ ကျောက်ဘုရား၊ တောင်ဘုရားစသည်ဖြင့်)။

(၅) ပိုင်ဆိုင်သူကို စဉ်းစား ကြည့်ခြင်းဖြင့် သိနိုင်ခြင်း
(WE KNOW GOD THROUGH CONCEPTION OF THE SOLE OWNER)
ဗလာကပေါ်ရှိမည်သည့်အရာကိုမဆို ပိုင်ဆိုင်သူနှင့် အုပ်စိုးသူရှိနေသည်ကို တွေ့ရပေသည်။ အိမ်မှစ၍ အတွင်း၌ရှိသော အိမ်ထောင် ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းအားလုံးကို ပိုင်ဆိုင်သူ၊ တာဝန်ယူထိန်းသိမ်း နေသူရှိနေသလို မော်တော်ကား၊ မီးရထား၊ လေယာဉ်ပျံစသည့် ယာဉ်အမျိုးမျိုးကိုလည်း ပိုင်ဆိုင်သူ၊ ထိန်ချုပ် မောင်းနှင်နေသူတို့ရှိနေသည် ဖြစ်ရာ ဤလောက စင်္ကဝြဠာတစ်ခုလုံးကိုလည်း ပိုင်သအုပ်စိုး ထိန်ချုပ်နေသူ မရှိဘဲ မဖြစ်နိုင်ပါ။
ကမ္ဘာမြေကြီးအပါအဝင် စကြဝဠာအတွင်းရှိနေ၊ လ၊ ကြယ်နက္ခတ်အားလုံး သူ့လမ်းကြောင်းနှင့်သူ စနစ်တကျ သွားလာလည်ပတ်နေသည်မှာ အံ့ဩဖွယ်ရာဖြစ်ပါသည်။ ဤအချက်သည်ပင်လျှင် စကြဝဠာတစ်ခု လုံးကို ဖန်ဆင်းပိုင်သအုပ်စိုး ထိန်းချုပ်နေသော ဘုရားရှိသည့်အကြောင်း ဖော်ပြနေသည့် အချက်ဖြစ်ပါသည်။ ထို့ကြောင့် အခြေအမြစ်ကျကျ စဉ်းစားဆင်ခြင်ကြည့်ပါက ဘုရားသခင်ရှိကြောင်းကို အလွယ်တကူပင် သိရှိနား လည်း သဘောပေါက်နိုင်ပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....