Thursday, 27 March 2014

ထာဝရအာမခံချက်-

              အတိတ္ကာလ၌ မိမိကောင်းမြတ်ကြောင်း သက် သေထူသောဘုရားသည် ယနေ့တိုင်ပြောင်းလဲ ခြင်းမရှိပါ။ အတိတ်ကာလတွင် လူကို ကျေးဇူးပြု၍ ကွယ် ကာသောဘုရား၏ ကောင်းမြတ်မှုကို ယနေ့ပစ္စုပ္ပန်ကာ လတွင် ကျွနု်ပ်တို့ခံစား ရမွသာ အနာဂါတ်ကာလတွင် ဘုရားရှင်အပေါ် စိတ္ခ် စြာ အမှီပြုအသက်ရှင်နိုင် မည်ဖြစ်သည်။ယနေ့ ပစ္စုပ္ပန်ကာလ၌ ဖြစ်ပျက်မည့်အရာ များ၊ ကမ္ဘာနှင့်အဝှမ်း တွေ့ကြုံရမည့် အခြေ အနေများကို သမ္မာကျမ်း စာတော် မြတ်၌ ရှေးနှစ်ပေါင်း များစွာကပင် ကြိုတင်၍ ပရောဖက်ပြုထားချက်များရှိပါ သည်။ ငလျင်လှုပ် မည့် အကြောင်း၊ အစာခေါင်းပါး မည့်အကြောင်း၊ ကာလနာ များပြားမည့်အကြောင်း ကြိုတင်ဟောကြားထားချက်များသည် ယနေ့အချိန်တွင် ပြည့်စုံလာသလို ပြည့် စုံနေဆဲဖြစ်ပါသည်။
      ကမ္ဘာအရပ်ရပ်၌ ငလျင်လှုပ်ခြင်းသတင်းနှင့် လူမြောက်များစွာ အသက်ဆုံး ရုံးသည့် သတင်းဆိုးများကို ကျွနု်ပ်တို့ကြားနေရသည်။ ထို့အတူ ကမ္ဘာအရပ်ရပ်၌ စားနပ်ရိက္ခာဖူလုံရန် ကမ္ဘာ့ခေါင်းဆောင်အသီးသီးတို့က ကြိုးစားကြံစည် လုပ်ဆောင်နေသည့်ကြားက အစာခေါင်းပါး၍ အငတ်ပြဿနာကြုံ နေရသည့် လူပေါင်းများစွာအကြောင်း ကျွနု်ပ်တို့ကြားနေကြ ရသည်။ထို့အတူ ထူးဆန်းသည့် ကာလနာရောဂါအမျိုးမျိုးကို ခံစားရကာ အသက်ဆုံးရှုံးနေကြသည့်သတင်းများကိုလည်း နေ့စဉ်ကြားသိနေကြရသည်။

      ဤအခြေအနေအရပ်ရပ်သည် သမ္မာကျမ်းစာတွင် ဘုရားကြိုတင်ပြောထား သည့် စကား တော်အတိုင်း ပြည့်စုံလာနေကြောင်း ပြသသောသက်သေများပင် ဖြစ်ပါသည်။ လူသားတိုင်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် မလြဲ မသွေကြုံတွေ့ရမည့် အမှုမှာ သေခြင်းဖြစ်သည်။ အဘယ်ကြောင့် လူသည်သေရပါသနည်း။ တစ်ချို့က ရောဂါကြောင့်ဟု ပြောကြသည်။ တစ်ချို့က အသက်အရွယ်အိုမင်းမစွမ်း၍ဟု ဆို ကြသည်။ ဤသို့ဆိုသော် အသက်အရွယ်နုပျိုသူများသည်လည်းသေကြသည် ကို မည်သို့ နားလည်ရမည်နည်း။အပြစ်တရား၏အခကား သေခြင်းပေတည်း ဟု သမ္မာကျမ်းစာတော်မြတ်က အတိအလင်းပြောထား ပါသည်(ရောမ၊၆း၂၃)။

      ထို့ကြောင့် လူသားတိုင်း သေခြင်း၌ လမ်းဆုံးရသည့်အဓိကအကြောင်းအ ရင်းမှာ အပြစ်ကြောင့်ဖြစ်ပါ သည်။ ဘုရားရှင် တားမြစ်ထားသောအမှုကိုလူသည် နားမထောင်ဘဲ ကျူးလွန်ဖောက်ဖျက်ခဲ့ရာမှ လူ၌အပြစ်တရားဝင်လာခဲ့ပါ သည် (က၊ ၃)။ ထိုအချိန်မှစ၍ လူကိုအပြစ်တရားသည် အစိုးရ၍ကောင်းမှန်းသိလျက် နှင့်မလုပ်နိုင်သလို မကောင်းမှန်းသိလျက် နှင့် မရှောင်နိုင်ဘဲ ဖြစ်ကာဘုရားစ ကားကို ကြားလျက်နှင့် နားမထောင်ခြင်း၏အပြစ်ဒဏ်ကို ကျွနု်ပ်တို့လူသားများ ခံစားခဲ့ရ သည်မှာ ယနေ့တိုင်အောင် ပင်ဖြစ်သည်။ကျွနု်ပ်တို့လူသားများ အပြစ် တရား၏ဖိစီးမှုဒဏ်မှ လွတ်ဖို့ရန် ဘုရားသခင်သည် မိမိ၌ရှိသည့်တစ်ပါးတည်းသော သားတော်ကို အပျိုကညာဝမ်း၌ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဠိသနေ္ဓ တည်စေခဲ့ပါသည်။ ထိုနောက်လူကဲ့သို့အသွေးအသားသဘာဝအပြည့် ဖြင့် လောကအတွင် ဖွားသန့်စင်စေခဲ့ပါသည်။                                       

        ထိုနောက်လောက၌(၃၃)နှစ်တိုင် သက်ရှင်ထင်ရှား၍ လူများနှင့်သွား လာ လျက် ဘုရား၏သဘာဝတော်ကို ဖော်ပြကာ သက်သေထူရှင်သန်ခဲ့ပါသည်။ ရောဂါဝေဒနာသည်အမျိုးမျိုးကိုပျောက်ကင်းစေရုံသာမက သဘာဝတရားများကိုလည်း အမိန့်ပေးတားဆီးကာ လူသားများသိမြင်အောင် သက်သေထူခဲ့ပါသည်။ ထို့အပြင် သေသူကိုပင် ရှင်ပြန်ထမြောက်စေပြီး၊ အပြစ်တရားအောက်၌ ကျွန်ခံ၍နေရသည့် လူသားများ ခံရမည့်အပြစ်ဒဏ်ကို ကားတိုင်ထက်တွင် အသေခံဆပ်ပေးပြီး သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက် ခဲ့ပါသည်။

       ထိုအရှင်ကို ယုံကြည်လက်ခံသူ တိုင်းသည် အပြစ်ကြောင့် သေခြင်းတရားကိုကြောက်နေရသည့်အခြေမှလွတ်၍သေခြင်းတရားနှင့်ရဲဝံ့စွာရင်ဆိုင်ရဲသည့် သဘာဝသစ္ကို နှလုံးသားအတွင်းမှ ရရှိခံစားလာမည်ဖြစ်ပါသည်။ သခင်ယေရှုကိုမိမိ၏အပြစ်မှကယ်တင်သောအရှင်အဖြစ်ယုံကြည်လက်ခံသူတိုင်း၏အသက်တာထဲ၌ ကိုယ်တော်သည် အစဉ်အတူပါရှိ၍ယခုပစ္စုပ္ပန်ဘဝအသက် ရှင်စဉ် တွေ့ကြုံရင်ဆိုင် ရမည့် လောကီဒုက္ခအဖုံဖုံမှ နေ့စဉ်ကယ်မ၍ မိမိ၏လူ ဖြစ်ကြောင်း လောကသားများ အကြားတွင် သက်သေထူကာ ထာဝရ ကာလ တိုင်အောင် ခေါ်ဆောင်သွားမည်ဖြစ်သည်။

      သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် သေခြင်း၏အကြောင်းရင်းကို ကျွနု်ပ် တို့နားလည်သိရှိခဲ့ရပြီ။ သခင်ခရစ်တော် လောကသို့ကြွလာ၍ လူသားများ၏ အပြစ်အတွက်ကားတိုင်၌ အသေခံမည်ဆို သည့် ကြိုတင်ပရောဖက်ပြုချက် လည်း အတိတ်ကာလကပြည့်စုံခဲ့ပြီးဖြစ်သည်။ အတိတ်နှင့်ပစ္စုပ္ပန်တွင် ဘုရားစ ကားတော်နှင့် အညီပြည့်စုံခဲ့သော အရာများ သည် အနာဂါတ် အတွက် ဘုရား ရှင်ကြိုတင်ပြုထားတော်မူသည့်ကတိစကားကိုကျွနု်ပ်တို့ယုံကြည်နိုင်ဖို့ရန်သက်သေသာဓကများဖြစ်ကြသည်။ မကြာမီဤလောကသို့ ခရစ်တော်တစ် ဖန်ပြန်လည်ကြွလာ၍ မိမိအားယုံကြည်သူများကိုကောင်းကင်ဘုံသို့ သိမ်းဆည်းခေါ်ဆောင်သွားမည်ဖြစ်ကြောင်း မိန့်တော်မူချက်ရှိပါသည်။ ကြွလာခါ နီးသည့်အခါ အရပ်ရပ်၌အစာခေါင်းပါးမည်။စစ်မက်ဘေး ထူပြောမည်။ မြေငလျှင်များလှုပ်မည် ဆိုသည့်စကားများ ပြည့်စုံနေပြီဖြစ်၍ သခင်ခရစ်တော် သည်များမကြာမီ အမှန်တကယ်ပြန်လည်ကြွလာတော့မည် ဖြစ်သည်(မ၊ ၂၄း၇-၅၁)။

     သို့ဖြစ်၍ ချစ်သောမိတ်ဆွေ ---- သင်သည် ယေရှုခရစ်တော်ကို ကယ်တင် ရှင် အဖြစ် ယုံကြည် လက်ခံပြီးသူ ဖြစ်ပါသလား။ ယုံကြည် လက်ခံမှုမပြုရသေး ပါက ကိုယ်တော်ကို ယနေ့ပင်၊ ယခုပင် သင်ယုံကြည် လက်ခံနိုင်ပါသည်။ နှုတ် ကပတ် တော်က သခင်ခရစ်တော် ကို ယုံကြည်လက်ခံသောသူသည် ထာဝရ အသက္ကို ရ၏။ အပြစ်စီရင်ခြင်း လည်းမခံရ ဟုပြောပါသည်။ ကိုယ်တော် ကိုယုံကြည်လက် ခံမည့် သူတိုင်းအတွက် သံသရာဝဠ်ဆင်းရဲမှ လွတ်မြောက်၍ အပါယ်လားရမည့်တံ ခါးပိတ်ပြီး ကောင်းကင်ဘုံသို့သွားကြရ မည်ဖြစ်သည်။ သေလွန်ပြီးမှ ထိုအခွင့်အရေးကိုရယူလိုပါကနောက်ကျသွားလိမ့်မည်။(ဟေဗြဲ၊ ၉း၂၇)တွင် လူသည် တစ်ခါ တည်းသေ၍နောက်မှတရား စီရင်ခြင်းကိုခံရမည် ဖြစ်ကြောင်း သတိပေးထားပါ သည်။ 

ထာဝရဘုရားရှင်သည် ကောင်းမြတ်သောဘုရားရှင်ဖြစ်ကြောင်း ဉီးနှောက် အသိဖြင့် ကြားသိနားလည်ရသော်လည်း လက်တွေ့ အသက္တာထဲ၌ ကောင်း မြတ်ကြောင်းသက်သေကို ကျွနု်ပ်တို့ မခံစားရေသးပါက ဘာအကျိုးကျေးဇူး မွရွိ မည်မဟုတ်ပေ။ အတိတ္ကာလက ထာဝရဘုရား၏ တန်ခိုးကြီးမားမှု၊ ကောင်း မြတ်မှုကို အသက္တာ၌ ခံစားရကြသော ဘုရားသခင်ရွေးကောက် သည့် ပုဂ္ဂိုလ် အသီးသီးတို့၏ အတွေ့အကြုံနှင့်သက်သေခံချက်ကို သမ္မာကျမ်းစာတော်မြတ် တွင် ကျွနု်ပ်တို့တွေ့ခဲ့ရသည်။

      ထို့ကြောင့် ယနေ့အသက်ရှင်စဉ် အချိန်၌ ပင်သင့်အသက်တာအတွက်အရေး ကြီးဆုံးဖြစ်သည့် ထာဝရကာလအာမခံချက်ကို အရှင်ယေရှု ထံမွ လက်ခံရ ယူခြင်း အားဖြင့် ပစ္စုပ္ပန်နှင့် အနာဂတ်ကာလစိတ်အေးမှုကို ခံစားနိုင်ပါမည့်အကြောင်း မေတ္တာနှင့် သတိပေးဝေငှလိုက်ရပါသည်။

(ဒေါက်တာ တင်မောင်ထွန်း)