Friday, 14 February 2014

ချစ်သူများနေ့ အကြောင်း

       
ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော် ကာလက ဖြစ်ပြီး ရောမ စစ် ဘုရင် တိ့ု သွေး ဆူနေခိျန် ဖြစ်ပါ တယ်။ စစ် တိုက် ဖို့သာ အချိန် တိုင်းတွေးနေပြီး ရောမ အင်ပါ ယာကို ကြီး သထက် ကြီးအောင် ဖန္တီးပါ တယ်။ စစ် တိုက်လေလေ စစ္သား လိုလေလေ၊ စစ္သား လိုလေလေ၊ ယောင်္ကျားတွေ ကို စုဆောင်း ရေလေလ၊ ယောင်္ကျားလေးတွေ စစ်ထဲဝင် တာ များလေလေ၊ အမျိုး သမီး တွေကို လွမ်းလေလေ၊ အမျိုးသမီးနဲ့ မိသားစုကို လွမ်းလေလေ၊ အိမ်ပြန် ချင်လေလေ၊ အစရွိ သဖြင့် သံယော ဇဉ်နှောင် ကြိုးပေါင်း မ်ား စွာကြောင့် စစ်မှာ ခရီး မရောက် ဘူးလို့ အင်ပါ ယာကြီး ထင် ယူဆပါတယ်။
 
         ဒီတော့ အကောင်း ဆုံးက သံယောဇဉ်
ဖြတ်ခြင်း ပါပဲ။ ယောင်္ကျား ဆိုတာ စစ်တိုက်ဖို့မွေးတယ်။ ချစ်ဖို့၊ သံယောဇဉ် တွယ်မဟုတ်ဘူးဆိုတဲ့ တစ်ယူသန် တဲ့ ဆုံးဖြတ်ချက်နဲ့ တိုင်းပြည်မှာ မချစ်ရ၊ မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ အစရွိတဲ့ ရူးကြောင်ကြောင် ဥပေဒမ်ားကို ထုတ်ပါတယ်။ ဥပေဒက ရူးကြောင်ပေမယပ့် လုပ်ရပ်ကတော့ ကြောက်စရာ ကောင်း ပါတယ်။ ချစ်တာ၊ကြိုက်တာ၊ မင်္ဂလာဆောင်တာ တွေ့ရင် ဆောင်ပေးသူရော၊ ချစ်ကြသူရော၊ အောင်သွယ် သူရော အားလုံးကို သေဒဏ်ပေးပါတယ်။
 
         ဒီတော့ ဘယ္သူမွ မင်္ဂလာမဆောင်ရဲ၊ မချစ်ရဲတော့ဘူးလို့ အုပ်ချုပ်သူတို့က ထင်ပါတယ်။ အမှန်တော့ ထင်သလိုမဟုတ်ပါဘူး။ ငိုက်မရှက်၊ ငတ်မရှက် ပြီးတော့ ကြိုက်မရှက်ဆိုတဲ့ စကားပုံအတိုင်း ကြိုက်နေကြသူ၊ ချစ်နေကြသူတွေကို မတားနိုင်ပါဘူး။
အောင်သွယ်လုပ်ပေး၊ မင်္ဂလာဆောင်ပေးတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး Valentine ကလည်း အဆင်သင့် ရှိနေတော့ တိတ်တိတ်ပုန်း မင်္ဂလာပွဲက ရောမမှာ ခေတ်စားလာပါတယ်။ ဒီတော့ Valentine ဆိုတာ လူချစ်လူခင်ပေါတဲ့ ဘုန်းတော်ကြီး ဖြစ်လာပါတယ်။ ဒီသတင်းကို တစ်နေ့တော့ အုပ်ချုပ်သူတွေ သိမယ်ဆိုတာကိုလည်း Valentine က ထည့်တွက် ပြီးသား ဖြစ်ပါတယ်။
 
         တစ်နေ့ Valentine ကို ရောမ စစ်သည်တို့လာဖမ်း ပါတယ်။ နေ့စဉ်နှိပ်စက် မွု ကြောင့် သေလုနီးနီးဖြစ်နေပါပြီ။ သေဒဏ်ပေးခါနီးတစ်ရက်တော့ သူ့သမီးဆီကို Your Valentine ဆိုတဲ့ စာလေးပဲ ရေးထားတဲ့ ကဒ္ကေလး ပို့ပါတယ်။ ထောင်စောင့်ကလည်း Valentine ကို သနားပြီး ကူညီတဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ အေဒီ ၂၆၉၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကျတော့ သေဒဏ်ချမှတ်ခံရပြီး ကွယ်လွန် သွားပါတော့တယ်။
 
          ဒီတော့ Valentine သေဆုံးမှုအတွက် ရောမမြို ့ကြီးတစ်ခုလုံး ဝမ်းနည်းကြပြီး သမိုင်းမှာ မေ့မရတဲ့ နေ့လေး ဖြစ်ခဲ့ပါတယ်။ Valentine ကွယ်လွန်ပြီးနောက် ရောမမှာ စစ်လိုလားကြမေယ့် မချစ်ရ၊မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ ဥပေဒကေတာ့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ် သွားပါတယ်။
ဒီတော့ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရောက်တော့ ချစ်သူနှစ်ဦးကြား၊ ချစ်ကြသူကြား တွေ့ဆုံအောင် အသက်ပေးလို့ ကြိုးစား စွမ်းဆောင် ဖန်တီးပေးခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကို ဂါရဝပြု၊ လွမ်းဆွတ်တဲ့ အနေနဲ့ Valentine ကဒ္မ်ား ပို့ကြပါတယ်။ From your valentine ဆိုပြီး ကဒ်ပို့တဲ့ ယဉ်ကျေးမှုက ခေတ်စားလို့လာပါတယ်။ ခရစ်ဘာသာဝင်တွေ မှာတင်မဟုတ်တော့ပဲ ကမ်ဘာအနှံ့မှာ အသိအမှတ်ပြုတဲ့နေ့ အထိမ်း အမှတ်လေး ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တိုင်းမှာ ချစ်သူတို့ လက်ဆောင်လဲလှယ်ခြင်း၊ မုန့်ကျွေးခြင်း၊ ကဒ်ပေးခြင်း၊ ပါတီပြဲ ပြုလုပ်ခြင်း အစရှိသဖြင့် ယဉ်ကျေးမှုအမျိုးမျိုး ပေါ်ထွန်းလာ ပါတယ်။ ချောကလပ် ပေးတာဟာလည်း Valentine's Day ရဲ ့ အထိမ်းအမှတ် ဖြစ်လာပါတယ်။
 
      ယနေ့အချိန်မှာ Valentine's Day ကို ကမ်ဘာအနှံ့မှာ များသောအားဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပလေ့ ရှိကြောင်း သိရပါတယ်။
--
Ref: wiki

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....