Wednesday, 29 January 2014

စစ်မှန်သောကိုးစားမှု (Dr.တင်မောင်ထွန်း)

          လောကကြီးတွင် ကောင်းသောအကျိုးရလဒ်ခံစားရ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပြီးအသက်ရှင်ကြသူများရှိ သလို စာတန်၏ဖိစီးနှိပ်စက်ချုပ်ကိုင်မှုကိုခံစားကြရကာ အမှောင်ဖုံးလွှမ်းလျက် ဘဝအဓိပ္ပါယ်ကင်းမဲ့စွာ အသက်ရှင်နေကြသူများလည်း ရှိပေသည်။ မည်သို့ဆိုစေကာမူ လူသားများအတွက် ဝမ်းမြောက်စရာသတင်းစကားမှာဘုရားသခင်သည် အသက်ရှင်တော်မူသည် သာမက မနေ့၊ ယနေ့၊ နောင်ကာလတိုင် ပြောင်းလဲခြင်းမရှိ၊ ထာဝရအသက်ရှင်နေခြင်းပေတည်း။ ထိုအရှင်ကား သခင်ယေရှုပင် ဖြစ်သည်။ ဤအကြောင်းကိုသိရှိသူများရှိသလို၊ မသိရှိကြသေးသူများလည်းများစွာရှိနေကြပေသည်။

သန့်ရှင်းတို့၏သက်သေ
        လောကတွင် ဘုရားသခင်၏ရှေ့တော်၌ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူတစ်စုံတစ်ဦးမျှမရှိကြောင်း နှုတ်ကပတ်တော် ကသတိပေးဖေါ်ပြထားပါသည်။ သို့သော်တစ်ပါးတည်းသောသားတော်သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူနှင့် သန့်ရှင်းသူအရာကိုခံစားရရှိဖို့ရန် ဘုရားသခင်ကပြင်ဆင်ပေးထားပါသည်။ သခင်ယေရှုအားဖြင့် ဖြောင့်မတ်သူနှင့် သန့်ရှင်းသူအရာ ကိုကျွနု်ပ်တို့ခံစားရရှိပြီးသည့်အချိန်တွင် ကျွနု်ပ်တို့က ခေါ်သောအခါ ကိုယ်တော်သည်ထူးတော်မူပါသည်။ ကျွနု်ပ်တို့ဆင်းရဲဒုက္ခ တွေ့ကြုံရသည့်အခါတွင် ကိုယ်တော်ကချမ်းသာပေးတော်မူပါသည်။ ထိုမျှမကအခြားသောသူများအတွက် ပတၳနာပြုပေးနိုင်သော အခွင့ကိုလည်းကျွနု်ပ်တို့ရရှိပါသည်။ ဖြောင့်မတ်သူ၊ သန့်ရှင်းသူအရာကို ကျွနု်ပ်တို့ရရှိသည်နှင့် နေ့စဉ်အသက်တာ၌ ဤသက်သေ အဖြာဖြာကိုလက်တွေ့ခံစားကြရပါသည် (ဆာ၊၄း၁-၃)။

မယုံကြည်သူ၏ဆိုးကျိုး
         သခင်ယေရှုကိုအသက်တာ၌မရရှိထားသူသည် ဘုရားသခင်၏လက်ဝယ်တွင်မရှိဘဲ စာတန်၏အုပ်စိုးမှုအောက တွင်ရှိပါ သည်။ ထိုသူများအားစာတန်က စိတ်ကြိုက်ချယ်လှယ်ချုပ်ကိုင်နိုင်ပါသည်။ စာတန်သည်မုသာ၏အဖဖြစ်၍ လောကီသားအပေါင်း တို့ကိုနည်းအမျိုးမျိုးဖြင့် ယနေ့လိမ်လည်လှည့်ဖြားလျက်ရှိပါသည။ အထူးသဖြင့် ဘုရားသခင်ကို မသိရှိမကိုးကွယ်အောင်၊ သခင်ယေရှု ကိုယုံကြည်လက်ခံခြင်းမပြုအောင်လှည့်ဖြားပါသည်။ ယနေ့ဤလောကတွင် ကရင်လူမျိုးတို့၏ဘုရား၊ အင်္ဂလိပ်လူမျိုးတို့၏ဘုရား ဟူ၍သီးခြားမရှိပါ။ ဘုရားသခင်တစ်ဆူတည်းရှိပါသည်။ သခင်ယေရှုကို ယုံကြည်လက်ခံခြင်းအားဖြင့်သာ တစ်တူတည်းသောဘုရား သခင်အားကျွနိုပ်တို့သိရှိ၍ မှန်ကန်သောကိုးကွယ်မှု ကိုပြုနိုင်ကြ မည်ဖြစ်သည်။

လွဲမှားသောကိုးစားမှု
        ယနေ့ ဘုရားသခင်ကိုယုံကြည်ကြသောသားသမီးအချို့တို့သည် ဘုရားသခင်ကိုကိုးစားခြင်းအားဖြင့် လောကီစနစ်၏ ဖိစီးမှုအောက်မှလွတ်မြောက်၍ အောင်မြင်စွာအသက်ရှင်ကြရမည့်အစား စာတန်နှင့်အပေးအယူလုပ်ကာ အသက်ရှင် နေကြသူများ လည်းရှိကြပေသည်။ ဗေဒင်မေးခြင်းမှာ စာတန်ကိုအားကိုးခြင်းဖြစ်၍ ဘုရားရှင်စက်ဆုပ်ရွံ့ရှာသော အမှုများဖြစ်ပေသည်။ ထိုသို့ ပြုမူအသက်ရှင်နေကြသူများမှာ ဘုရားသခင်၏သားသ္မီးဖြစ်လျက်နှင့် ကိုးစားမှုလွဲမှားနေသူများ ဖြစ်သည့်အပြင် ကြီးမြတ်တော်မူ သောဘုရားသခင်၏ဘုန်းနာမကို ရှုတ်ချရာရောက်ပေသည်။ သို့ဖြစ်ပါ၍ ကျွနု်ပ်တို့၏အသက်တာ၌ ထိုသို့လွဲမှားစွာမပြုမိကြဖို့ အထူးသတိပြုအသက်ရှင်သင့်ပေသည်။

ဘုရားသခင်၏နိုင်ငံတော်အမွေမခံရ
         ဘုရားသခင်၏သားသီ္မးများသည် သခင်ယေရှုကိုယုံကြည်ခြင်းကြောင့် ထာဝရကာလနှင့် ဆိုင်သောကောင်းကင် နိုင်ငံဝင် ခွင့်ကိုရရှိကြသော်လည်း လောကီ၌ဘုရားသခင်၏သက်သေထူဖို့ရန် ဘုရားရှင်ကိုတော်တိုင်ပြင်ဆင်တော် မူထားသည့် ဘုရားသခင် ၏နိုင်ငံတော်ထဲမဝင်ရသည်သာမက အမွေကိုလည်းမခံစားကြရပေ။ ထိုသို့သောသူများမှာ နှုတ်ကပတ်တော်၌ဖေါ်ပြထားသည့် အတိုင်း သူ့မယားကိုပြစ်မှားသောသူ၊ မတရားသောမေထုတ်၌မှီဝဲသောသူ၊ ယစ်မျိုးကို သောက်သုံးသောသူများဖြစ်ကြပေသည် (ကလ၊၅း၁၉-၂ဝ)။ ထိုအထဲ၌ မတရားသောနည်းလမ်းဖြင့် စီးပွားရှာကြသူများလည်း ပါဝင်သည်။ ထိုသို့သောအကျင့်၌ အသက်ရှင် ကျင်လည်ကြသူများမှာ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း၏ ပြင်ပတွင်သာရှိပြီး အသက်တာ၌ဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်ခြင်းကို မခံစားကြရပေ။ သို့ဖြစ်၍ ကျွနု်ပ်တို့သည် ဘုရားရှင်၏သားသမီးများဖြစ်လျက်နှင့် စာတန် အလိုကျအသက်ရှင်မှုကြောင့် နိုင်ငံတော်၏ပြင်ပတွင်ရှိနေပြီး ငြိမ်သက်ခြင်း ကင်းမဲ့ကာ စိုးရိမ်ပူပန်နေရသည့်အဖြစ်ဆိုးမှကင်းလွတ် ကြဖို့ သတိပြုအသက်ရှင်နိုင်ကြရန် မေတ္တာနှင့်သတိပေးလိုပါသည်။

နိုင်ငံတော်၏အမွေ
       သခင်ယေရှုကိုယုံကြည်၍ ဘုရားသခင်၏နိုင်ငံတော်အမွေအားလက်တွေ့ခံစားနေကြသူများ၏အသက်တာကို လောကသား များမြင်တွေ့ကြသည့်အခါ အ့ံသြကြရပေသည်။ ထိုသူတို့၏အသက်တာ၌စိတ်ပျက်ညဉ်းညူးသည်ကိုမတွေ့ရ။ ဆင်းရဲဒုက္ခနှင့်ဝေဒနာခံစားနေချိန်တွင်ပင် စိတ်မပျက်ဘဲ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကိုခံစားကြရကာ ဘုရားသခင်၏ ကျေးဇူး တော်သည်ကြီးမားကြောင့်ဝန်ခံ၍ ချီးမွမ်းလျက်အသက်ရှင်ကြသည်ကိုတွေ့ရသည်။ (၁ယော၊ ၄း၄)တွင် ဖေါ်ပြသကဲ့သို့ ကျွနု်ပ်တို့ ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက်သာ၍ ကြီးမြတ်သည်ဖြစ်၍ ကျွနု်ပ်တို့အသက်တာ၌ စိတ်ပျက်အားငယ် စရာမရွိပါ။

        မည်သည့်အခြေအနေမျိုးမဆို ဘုရားသခင်ထံတော်မှ ကျွနု်ပ်တို့ခံစားရသော မေတ္တာကျေးဇူးကို ကျွနု်ပ်တို့နှင့်ကွဲကွာ မသွားစေနိုင်ပါ။ သို့ဖြစ်၍ ကျွနု်ပ်တို့အသီးသီးသည် လောကီစနစ်နှင့် စာတန်၏လှည့်စားမှုအောက် တွင်အသက်ရှင်နေကြခြင်းဖြင့် နိုင်ငံတော်၏ပြင်ပတွင်ရောက်ရှိနေပြီး အမွေမခံစားရသည့်အခြေတွင်ကျင်လည်မနေကြဘဲ ဘုရားသခင်ကိုမှန်ကန်စွာကိုးစားနာခံ အသက်ရှင်ကြခြင်းဖြင့် နိုင်ငံတော်အမွေကိုနေ့စဉ်ခံစားလျက် ဘုရားသခင်၏ ဘုန်းတော်ကိုထင်ရှားစေသူများဖြစ်ရန် မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....