Friday, 24 January 2014

ကြိုတင်ပြင်ဆင်ထားကြစို့

      လူတွေက သခင်ယေရှုကို မိမိ ကယ်တင်ရှင်အဖြစ် ယုံကြည်လက် ခံကြသောအခါ သူတို့သည် ဘုရားသခင်နှင့်အတူ မိတ်သာဟာရဖွဲ့ခွင့် ရရွိကာ ထာ၀ရအသက် အတွက် လုံခြုံစိတ်ချမှု ရရှိခြင်းဖြစ်သည်။ ယုဒ၊ ၂၄ ထဲတွင် ထိမိ၍ လဲခြင်းနှင့် ကင်းလွတ်မည် အကြောင်း သင်တို့ကို စောင့်ရှောက် ခြင်းငှါ၄င်း၊ အျပစ္မရွိဘဲ ၀မ်းမြောက်ခြင်းနှင့်ပြည့်စုံ လျက်ရှိသော သင်တို့ကို ဘုန်းအ သရေတော်ရှေ့၌ ဆက္သ ခြင်းငှါ၄င်း တတ်နိုင်တော်မူ၏ ဟုဖော်ပြ ထားပါသည်။ ဘုရားသခင်၏ တန်ခိုးတော်က ယုံကြည်သူ မ်ားကို အပြစ်မပြုရန် စောင့်ထိန်း ကာကွယ်နိုင် စွမ်းရှိသည်။ သူသည် ဘုန်းတန် ခိုးတော်နှင့် မကြွလာမီ သူသည် ကျွနု်ပ်နှင့်အတူပါရှိမည်/မပါရှိမည် ကို ဘုရားသခင်၏ စိတ်တော်ပင်ဖြစ်သည်။ ကျွနု်ပ်တို့နှင့် သက် ဆိုင်မှုမရှိပေ။ ကျွနု်ပ်တို့၏ ထာ၀ရလုံခြုံစိတ်ချမှုသည် ဘုရားသခင် ၏စောင့် ထိန်းကွယ်ကာမှု 
ရလဒ်ဖြစ် သည်။ ကျွနု်ပ်တို့သည် မိမိရရှိသောကယ်တင်ခြင်းတရားကို ကိုယ်တိုင်ထိန်းသိမ်း၍ မရေပ။

         သခင်ယေရှုခရစ်တော်က ထာ၀ရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည်ပျက်ဆီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ္သူမွ် ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကိုငါ၌ အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှထိုသိုးတို့ကို ခမည်းတော်၏လက်မှမနှုတ်မယူနိုင်ရာ (ယော၊၁၀း၂၈-၂၉)။ သခင်ယေရှုနှင့် ခမည်းတော်ဘုရားသခင်က သူ၏လက်ထဲတွင်ယုံကြည်သူများကို ဆုပ်ကိုင်ထားပါသည်။ ခမည်းတော်ဘု ရားသခင်နှင့်သခင်ယေရှု၏လက်မှ မည်သူမည်ဝါက ယုံကြည်သူများကို နှုတ်ယူနိုင်မည်နည်း။

         ဧဖက်၊ ၄း၃၀ တွင် ယုံကြည်သူများသည် ရွေနှုတ်ခြင်းနေ့ရက်တိုင်အောင် တံဆိတ်ခတ်ခြင်းကို ခံခဲ့ကြပါသည် ဟုဖော်ပြထားသည်။ ယုံကြည်သူများသည် ထာ၀ရလုံခြုံစိတ်ချမှုမရှိလျှင် ထိုသူတို့က ထိုတံဆိတ်ခတ်ခြင်းကို ရွေးနှုတ်ကယ်တင်ခြင်းနေ့တိုင်အောင် အမှန်ရှိလိမ့်မည်မဟုတ်ပေ။ ထိုတံဆိတ်ခတ် ခြင်းကို အပြစ်ပြုမိသည့်ချိန်ထိ၊ လမ်းလွှဲသွားသည့်ချိန်ထိ၊ ယုံကြည်ခြင်းကွယ်ပျောက်သွားသည့်ချိန်ထိ အတြက္သာ အကျုံး၀င်မည်ဖြစ်သည်။ ယော၊ ၃း၁၆ ထဲတွင် သခင်ယေရှုခရစ်တော်ကို ယုံကြည်သောသူအ ပေါင်းတို့သည် ထာ၀ရအသက် ရရွိ လိမ့်မည် ဟုဖော်ပြထားပါသည်။ လူပုဂ္ဂိုလ်တစ်ဦးအားထာ၀ရ မသက္ကို ဂတိပေးထားခဲ့ပြီးနောက် ထာ၀ရအသက်ကို ထိုသူထံမှ ပြန်လည်သိမ်းပိုက်လျှင် ထာ၀ရ ကို တဖန် အစပြုလိမ့်မည်မဟုတ်ပေ။ ထိုသို့ဖြစ်လျှင်၊ ထာ၀ရလုံခြုံစိတ်ချမှုသည် မှန်ကန်သောအရာ မဟုတ် တော့ပေ။ သမ္မာကျမ်းစာထဲ၌ ဂတိပြုထားခဲ့သော ထာ၀ရအသက်သည်လည်း မှားယွင်းမှု ရှိပါလိမ့်မည်။

       ထာ၀ရ လုံခြုံစိတ်ချမှုနှင့်ပတ်သက်၍ အကောင်းဆုံးသော ဖြေရှင်းချက်ပေးနိုင်သောကျမ်းပိုဒ်သည် ရောမ၊ ၈း၃၈-၃၉ ဖြစ်ပါသည်။ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တ မန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ့ံသော အရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမွစ၍ အဘယ်နိမိ္မတအရာမျှသည်၊ ငါတို့သခင်ယေရှုခ ရစ်တော်အားဖြင့်ခံရသောဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျ လျက်ရှိ၏။ ကျွနု်ပ်တို့၏လုံခြုံစိတ်ချမှုသည် ရွေးကောက်ခဲ့ပြီးသောသူများအပေါ် ဘုရားသခင်ထားရှိသော မေတ္တာတရားပေါ်တွင် အခြေပြုထားပါသည်။ ကျွနု်ပ်တို့၏ ထာ၀ရလုံခြုံစိတ်ချမှုသည် သခင်ယေရှုခရစ် တော်အားဖြင့် ရရှိပြီး၊ ခမည်းတော်ဘုရားသခင်က ဂတိပြုခဲ့ကာ သန့်ရှင်းသော၀ိညာဉ်တော်က တံဆိတ် ခတ်ထားခဲ့ပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....